အခန်း ၂၁၇
Vol. 22 Ch. 217
အခန်း ၂၁၇ - မိုက်ခ်ခ်၏ အတွေးများ
မကြာမီမှာပင် ပထမဆုံး ဇမ်ဘီငှက် ပေါ်ပေါက်လာခဲ့သည်။ ၎င်း၏ အတောင်ပံများမှာ စုတ်ပြဲနေပြီး မျက်ဝန်းများမှာ ဖြူလျော့လျက် တောက်ပနေကာ ၎င်း၏ အော်ဟစ်သံက ကောင်းကင်ပြင်တွင် ဖန်ခွက်ကွဲသံကဲ့သို့ ပဲ့တင်ထပ်သွားသည်။
မိုက်ခ်ခ်သည် ရဟတ်ယာဉ်မောင်းတံကို ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်ရင်း ကိုယ်ကို တောင့်တင်းလိုက်မိသည်။
"တောက်စ်... တကယ်ပဲ အစောကြီးကတည်းက ကြုံရတာပဲ" ဟု သူက ရေရွတ်လိုက်သည်။
သို့သော် သူ ပြင်ဆင်ရန် အချိန်ပင်မရလိုက်ဘဲ အိုင်ဗီက သူမ၏ ရိုင်ဖယ်သေနတ်ကို မြှောက်လိုက်ပြီး ဖြစ်သည်။ သေသပ်ပြီး တိကျလှသော ပစ်ခတ်မှုတစ်ခု။ ထိုငှက်သည် ချက်ချင်းပင် ထိမှန်သွားခဲ့ပြီး အောက်ဘက်ရှိ လယ်ကွင်းများဆီသို့ လှည့်ပတ်လျက် ကျဆင်းသွားခဲ့တော့သည်။
မိုက်ခ်ခ်၏ မျက်လုံးများ ပြူးကျယ်သွားရသည်။ သူက အိုင်ဗီ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကောင်းကင်ပြင်ဆီသို့ လျင်မြန်စွာ ပြန်လည်အာရုံစိုက်လိုက်သည်။
နောက်ထပ် ရောက်ရှိလာခဲ့ပြန်သည်။ ယခုအကြိမ်တွင် သုံးကောင် ဖြစ်သည်။ သူတို့၏ အမွှေးအတောင်များမှာ ဖရိုဖရဲဖြစ်နေပြီး သွေးအမည်းရောင်များ စီးကျနေကာ သူတို့၏ ခြေသည်းများမှာလည်း သံမဏိကဲ့သို့ ထက်လှသည်။
ငှက်တွေက အော်ဟစ်လျက် ရဟတ်ယာဉ်ဆီသို့ ဦးတည်ပျံသန်းလာကြသည်။
အိုင်ဗီ့မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး သူမ၏ လက်ချောင်းများက တည်ငြိမ်ဆိတ်ငြိမ်စွာ လှုပ်ရှားသွားခဲ့သည်။
ဒိုင်း။ ဒိုင်း။ ဒိုင်း။ သုံးချက်ပစ်၊ သုံးကောင်လဲ။ ထိုငှက်များသည် ပန်ကာဒလက်များဆီသို့ပင် ရောက်ရှိခြင်းမရှိဘဲ တစ်ကောင်ပြီးတစ်ကောင် ပြုတ်ကျသွားခဲ့ကြတော့သည်။
ကောင်းပြီ။ အနည်းဆုံးတော့ ငါ့ရဲ့ လက်ဖြောင့်ချက်က သံချေးမတက်သေးဘူး။ အကယ်၍ ဆိုင်းလပ်စ် နိုးလာလို့ ငါရုန်းကန်နေရတာကို မြင်ရင် သူ ငါ့အလှည့်မှာ ဘယ်တော့မှ စိတ်အေးလက်အေး အိပ်တော့မှာ မဟုတ်ဘူး
မိုက်ခ်သည် နားထင်မှ ချွေးစက်များ စီးကျလျက် သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်မိသည်။
ဆိုင်းလပ်စ်က နှစ်ခြိုက်စွာ အိပ်ပျော်နေသဖြင့် မိမိဘာသာသာ ရုန်းကန်ရလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း အိုင်ဗီသည် သူ ထိတ်လန့်ရန် အချိန်ပင်မရလိုက်ဘဲ အခြေအနေကို အမိအရ ထိန်းချုပ်သွားခဲ့သည်။
နောက်ထပ် ငှက်အုပ်ငယ်များ ဆက်လက်ရောက်ရှိလာခဲ့သော်လည်း အိုင်ဗီကမူ တည်ငြိမ်သော လှုပ်ရှားမှု၊ စူးရှသော ပစ်ခတ်မှုများဖြင့် ဆက်လက်ပစ်ခတ်နေခဲ့သည်။ ဘယ်ငှက်မျှ ပြတင်းပေါက်ကို ခြစ်မိရန်အထိ နီးကပ်စွာ မလာနိုင်ခဲ့ကြပေ။
မိုက်ခ်က သူမကို ခိုးကြည့်လိုက်မိပြီးနောက် ပထမဆုံးအကြိမ်အဖြစ် သူ၏ ရင်ထဲ၌ စိတ်အေးသွားခဲ့ရသည်။
သြော်... သူက ဆိုင်းလပ်စ် ခေါ်လာတဲ့ ဒုက္ခပေးမယ့် မိန်းမတစ်ယောက် မဟုတ်ပါလား။ သူက တကယ့်ကို ထက်မြက်တာပဲ... သေမင်းတမျှ ထက်မြက်တာ။ သူ ဒီမှာ ရှိနေရင်တော့ ဒီခရီးစဉ်က အိပ်မက်ဆိုးတစ်ခု ဖြစ်လာမှာ မဟုတ်တော့ဘူး
ကျန်ရှိသော ခရီးစဉ်မှာ အလွန်ပင် ရိုးရှင်းသွားခဲ့သည်။ အိုင်ဗီ့၏ ကူညီပံ့ပိုးမှုကြောင့် မိုက်ခ်အနေဖြင့် ဘာမှပင် လုပ်ဆောင်ရန် မလိုတော့ပေ။
တဖြည်းဖြည်းနှင့် မိုက်ခ်သည် စိတ်လှုပ်ရှားလာခဲ့သည်။ အိုင်ဗီသည် သူနှင့် အပေးအယူ အလွန်တည့်လှသဖြင့် သူမကို မိမိအဖွဲ့ထဲသို့ပင် စည်းရုံးသိမ်းသွင်းချင်စိတ် ဖြစ်ပေါ်လာခဲ့သည်။
ဆိုင်းလပ်စ် နိုးလာရင်တော့... ငါ သူ့ကို ကူညီဖို့ ပြောရမယ်။ အဲဒီအခါကျရင် ဒီကောင်မလေးက ငါ့ကို ကူညီဖို့ သဘောတူရင် တူလိမ့်မယ်
ကမ္ဘာပျက်ကပ် ကာလအတွင်း လမ်းကြောင်းအားလုံး ပိတ်ဆို့နေပြီး မည်သည့် ဘေးအန္တရာယ်များ ရောက်ရှိလာမည်ကို မည်သူမျှ ကြိုတင်မသိရှိနိုင်ချိန်တွင် အန္တရာယ်အကင်းဆုံး သယ်ယူပို့ဆောင်ရေးမှာ လေကြောင်းလမ်းပင် ဖြစ်သည်။
သူ့ကဲ့သို့ ရဟတ်ယာဉ်မှူးတစ်ဦးအတွက် မိမိဘေးတွင် လက်ဖြောင့်စနိုက်ပါသမားတစ်ဦး ရှိနေရန် လိုအပ်ရုံမျှမက မိမိနှင့် အပေးအယူတည့်ပြီး ရဟတ်ယာဉ်မောင်းရသည်ကို ပိုမိုလွယ်ကူအောင် ပြုလုပ်ပေးနိုင်မည့်သူကို ပိုမိုလိုအပ်ပေသည်။ အိုင်ဗီသည် ထိုအရည်အချင်း အားလုံးနှင့် ပြည့်စုံနေသည်။
သူသည် မိမိကိုယ်ကိုယ် ချမ်းသာကြွယ်ဝလာမည့် အခြေအနေကိုပင် စိတ်ကူးယဉ်နေမိတော့သည်။ ချမ်းသာသော ဖောက်သည်များကို သူတို့၏ ဦးတည်ချက်ဆီသို့ ပို့ဆောင်ပေးရင်း အိုင်ဗီသာ မိမိဘေးတွင် ရှိနေပါက တစ်လလျှင် ခရီးစဉ် အကြိမ် ၂၀ ကျော်အထိပင် ပြေးဆွဲနိုင်ပေလိမ့်မည်။
ထိုသို့ဖြင့် တစ်ရက်တာ ကုန်လွန်သွားခဲ့သည်။ အိုင်ဗီသည် မိမိစခန်းနှင့် ဆက်သွယ်မှု ပြတ်တောက်သွားခဲ့ပြီဖြစ်ကြောင်း လွန်ခဲ့သော အချိန်ကတည်းက ခံစားမိထားသည်။ သူမ၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ... သူမ၏ စစ်တပ်က စခန်းကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ရန်သာ ဖြစ်တော့သည်။
ဆိုင်းလပ်စ်သည် ကြာရှည်ပြီး နှစ်ခြိုက်စွာ အိပ်စက်ပြီးနောက် နိုးထလာခဲ့သည်။ မိမိ၏ စိတ်အစဉ်ကို ခြောက်လှန့်နေသော ဖိအားများ ကင်းစင်သွားခြင်းကြောင့်လား အိုင်ဗီက အရာရာကို စီမံနိုင်လိမ့်မည်ဟု ယုံကြည်ထားခြင်းကြောင့်လား မသိရဘဲ သူသည် ထူးခြားစွာပင် ကောင်းမွန်စွာ အိပ်ပျော်ခဲ့သည်။
နိုးနိုးချင်းမှာပင် သေနတ်ပစ်သံတစ်ခုက သူ၏ နားထဲတွင် ပဲ့တင်ထပ်သွားသဖြင့် သူ၏ ရင်ထဲ၌ ထိတ်လန့်သွားခဲ့ရသည်။
သူသည် လျင်မြန်သော လှုပ်ရှားမှုဖြင့် မတ်တတ်ထိုင်လိုက်ပြီး သေနတ်သံထွက်ပေါ်လာရာ အရပ်ဆီသို့ စိုက်ကြည့်လိုက်မိသည်။
သို့သော်လည်း အိုင်ဗီ့၏ အာရုံစိုက်နေသော အမူအရာနှင့် အေးစက်လှသော အရှိန်အဝါကို မြင်တွေ့လိုက်ရသောအခါ သူ၏ ရင်ခုန်သံများ မြန်ဆန်သွားခဲ့ရသည်။
ဝိုး... တို့ရဲ့ ဇနီးလေးက တကယ့်ကို လှတာပဲ... ငါ သူ့ကို နမ်းချင်လိုက်တာ...
မိမိ၏ ခန္ဓာကိုယ်အောက်ပိုင်းမှ တင်းမာမှုနှင့် ပူပြင်းလာမှုကို ခံစားမိသဖြင့် သူသည် မိမိကိုယ်ကိုယ် အတင်းအကျပ် အကြည့်လွှဲလိုက်ရသည်။
မိမိ၏ ကျောပြင်ထက်သို့ စိုက်ကျလာသော ပြင်းပြလှသော အကြည့်ကြောင့် အိုင်ဗီ ခေတ္တမျှ တုံ့ဆိုင်းသွားခဲ့ပြီးနောက် ရုတ်တရက်ဆိုသလို စနောက်လိုသော အတွေးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ချက်ချင်းပင် သူမသည် မိမိ၏ ကျောပြင်နှင့် ခါးလိုင်းကို ဆိုင်းလပ်စ် မြင်တွေ့နိုင်မည့် ထောင့်ဘက်ဆီသို့ ကိုယ်ကို ရှေ့သို့ ကိုင်းညွတ်လိုက်ရာ ဆိုင်းလပ်စ်၏ နှုတ်ခမ်းဖျားမှ ထွက်ပေါ်လာသော အသက်ရှူသံအနည်းငယ်ကို အသေသေချာချာ ကြားလိုက်ရတော့သည်။
သူမ၏ မျက်ဝန်းထဲတွင် ကျေနပ်အားရသော အရိပ်အယောင်များ ဝင်းပသွားခဲ့သော်လည်း သူမ လှည့်ကြည့်လိုက်သည့် ကာလတွင်မူ ရိုးသားဖြူစင်ဟန်နှင့် အံ့အားသင့်ဟန်ဆောင်ထားသော အမူအရာသာ ကျန်ရှိတော့သည်။
"နိုးပြီလား"
ဆိုင်းလပ်စ်က မျက်လုံးများကို ပိတ်လိုက်ပြီး အသံခပ်တိုးတိုးဖြင့် ရေရွတ်လိုက်သည်။
"မြေခွေးမလေး... တကယ့် မြေခွေးမလေးပဲ ကိုယ့်ကို ဒီလို နှိပ်စက်နေမယ့်အစား ကိုယ့်ရဲ့ ဝိညာဉ်ကိုပဲ ခန္ဓာကိုယ်ထဲကနေ စုပ်ယူသွားလိုက်ပါတော့လား"
အိုင်ဗီက သူမ၏ ရယ်မောလိုစိတ်ကို အောင့်အီးထားရင်း တည်ငြိမ်သော လေသံဖြင့်
"ကျွန်မ မနက်စာ ပြင်လိုက်ဦးမယ် အဲဒီအချိန်အထိ ရှင် သေချာ စောင့်ကြည့်ပေးထားဦး"
ဆိုင်းလပ်စ်က အိုင်ဗီ့ထံသို့ ကိုးလို့ကန့်လန့် အမူအရာတစ်ခု လှမ်းပြလိုက်သော်လည်း သူမက မည်သို့မျှ တုံ့ပြန်ခြင်းမရှိသဖြင့် သူသည် မိမိခန္ဓာကိုယ်အတွင်းမှ ရမ္မက်ဆန္ဒများကို အတင်းအကျပ် ထိန်းချုပ်ရင်း သူမ၏ လက်ထဲမှ ရိုင်ဖယ်သေနတ်ကိုသာ လွှဲပြောင်းရယူလိုက်ရတော့သည်။
ငါ လွန်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို တကယ် နောင်တရမိတယ်... ဒီအတိုင်းဆိုရင်တော့... ငါလည်း တကယ့်ကို ရူးသွားရတော့မှာပဲ သူသည် မိမိ၏ စိတ်ပျက်မှုများကို အနီးနားရှိ ဇမ်ဘီငှက်ထံသို့ ပုံချလျက် တွေးတောနေမိသည်။
ဒိုင်း။
ပြတင်းပေါက်မှတစ်ဆင့် ရဟတ်ယာဉ်အတွင်းသို့ ဝင်ရောက်လာသော အပူလှိုင်းများကြောင့် ဆိုင်းလပ်စ်က မျက်မှောင်ကြုတ်လိုက်မိသည်။
သူ၏ မျက်နှာထက်မှ ချွေးစက်အချို့ စတင်စီးကျလာခဲ့ပြီး လွန်ခဲ့တဲ့ တစ်ရက်လုံးလုံး စောင့်ကြပ်နေခဲ့သည့် အိုင်ဗီကမူ ဘာကြောင့် လန်းဆန်းလျက် ဘာသက်ရောက်မှုမျှ မရှိဘဲ ဖြစ်နေရသည်ကို သူ တွေးတောမရ ဖြစ်နေမိသည်။
အကယ်၍ အိုင်ဗီသာ သူ၏ အတွေးကို ကြားနိုင်ပါက ရယ်မောမိပေလိမ့်မည်။ သူမ၏ စွမ်းအားက အဆင့် ၂ သို့ မြှင့်တင်ပြီးနောက်တွင်မူ သူမ၏ ဘေးပတ်ဝန်းကျင်ရှိ အကာအကွယ်အတားအဆီးက လေထုကို စစ်ထုတ်ပေးပြီး အပူချိန်ကို တည်ငြိမ်နေအောင် ထိန်းညှိပေးထားခြင်း ဖြစ်ပေသည်။
အိုင်ဗီ မနက်စာနှင့်အတူ ပြန်လည်ရောက်ရှိလာသောအခါ ဆိုင်းလပ်စ် ချွေးပြန်နေသည်ကို မြင်တွေ့လိုက်ရသဖြင့် သူမ၏ မျက်ဝန်းများ ဝင်းပသွားခဲ့ပြီး နောက်တစ်စက္ကန့်တွင်မူ ဆိုင်းလပ်စ်သည် ပူပြင်းသော လေထုကို ပိတ်ဆို့ထားသည့် အကာအကွယ်တစ်ခုကို ခံစားလိုက်ရတော့သည်။
အေးမြလှသော လှိုင်းတစ်ခုက သူ့အပေါ်သို့ လွှမ်းခြုံသွားသဖြင့် သူသည် ကျေနပ်အားရစွာ သက်ပြင်းချလိုက်မိသည်။
ဟင်။ ဘာတွေ ဖြစ်နေတာလဲ
ဆိုင်းလပ်စ်သည် ချွေးတလုံးလုံး ဖြစ်နေဆဲဖြစ်သော မိုက်ခ်ကို စိုက်ကြည့်လိုက်ပြီးနောက် မိမိဘေးတွင် မနက်စာကို ဂရုမစိုက်ဟန်ဖြင့် ချထားပေးနေသော အိုင်ဗီ့ထံသို့ အကြည့်ကို လွှဲပြောင်းလိုက်သည်။
သူ၏ မျက်ဝန်းထဲတွင် မသိရသော ခံစားချက်များ ဝင်းပသွားခဲ့ပြီးနောက် မိမိ၏ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိကာ အစားအစာများကို ပျော်ရွှင်စွာ စားသောက်နေတော့သည်။
သူ့ဇနီးက သူ့ကို အပြစ်ပေးနေရင်ကော ဘာဖြစ်လဲ။ အနည်းဆုံးတော့... သူမက သူ့ကို ဂရုစိုက်ပေးတာပဲ မဟုတ်လား။
မနက်စာ စားသောက်ပြီးနောက် ဆိုင်းလပ်စ်က နောက်သို့ မှီလိုက်ပြီး မိုက်ခ်ကို ကြည့်လိုက်သည်။
"အယ်လ်ဗာပြည်နယ်ကို ဘယ်အချိန်မှာ ရောက်မလဲ"
မိုက်ခ်က လျင်မြန်စွာ ပြန်လည်ဖြေကြားခဲ့သည်။
"အကယ်၍ ငါ ဘာနားချိန်မှမယူဘဲ ဆက်တိုက်မောင်းရင်တော့ ရက်ဝက်လောက်ပဲ လိုတော့တယ်"
ဆိုင်းလပ်စ်က တည်ငြိမ်သော အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီ ဒါဆိုရင် ငါပဲ ဆက်ပြီး စောင့်ကြည့်ထားလိုက်မယ်"
နောက်ထပ် ရက်ဝက်ခန့် ကာလအတွင်း ဆိုင်းလပ်စ်သည် လက်ထဲတွင် ရိုင်ဖယ်သေနတ်ကို ကိုင်ဆောင်လျက် ထိုင်နေခဲ့သည်။ သူ၏ မျက်ဝန်းများက ကောင်းကင်ပြင်မှ လုံးဝမခွာခဲ့ပေ။
အိုင်ဗီကလည်း သူ့ကို နှောင့်ယှက်ခြင်းမပြုခဲ့သလို မည်သည့်စကားကိုမျှ စတင်ပြောဆိုခြင်း မရှိခဲ့ပေ။
အဲ့ဒ္အစား သူမသည် ရဟတ်ယာဉ်၏ အခြားတစ်ဖက်ဆီသို့ လျှောက်လှမ်းသွားခဲ့ပြီး မကြာခဏ ပေါ်ပေါက်လာတတ်သော ဇမ်ဘီငှက်များကို ရှင်းလင်းရန် မိုက်ခ်ကို ကူညီပေးခဲ့သည်။
သူတို့၏ အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်မှုကြောင့် မိုက်ခ်သည် အံ့အားသင့်သွားရတော့သည်။