← Chapters

အခန်း ၄၈၇

Vol. 49 Ch. 487

အခန်း ၄၈၇

Vol. 49 Ch. 487

အခန်း (၄၈၇) - ညီမလေး.... မင်း အရမ်း ငယ်ပါသေးတယ်

ခရမ်းရောင်မီးတောက်များ ထွက်ပေါ်လာပြီးနောက် ကောင်းကင်နန်းတော်တွင်လည်း အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။

အခြားဂိုဏ်းမှ ရွှေအမြုတေစီရင်စုသခင် အနည်းငယ်သည်လည်း စပ်စုသော အကြည့်များဖြင့် ကြည့်ရှုနေကြသည်။

မာလာဒေဝီက အံ့အားသင့်စွာဖြင့် ဆိုသည်။

"ဒီ နိယာမမီးလျှံရဲ့ စွမ်းအားက အရမ်းကို ရက်စက်ကြမ်းကြုတ်လှတယ်၊ မီးလျှံမဟာမိတ်ဂိုဏ်းရဲ့ ကုရုန်မီးလျှံနဲ့တောင် မယုတ်မလွန် ဖြစ်မယ်ထင်တယ်၊ အစ်ကိုကြီးတို့ ဆေးလုံးစိမ်းချိုင့်ဝှမ်းက အခြေခံကျင့်ကြံသူတပည့်ကို ပေးဖို့အထိ စိတ်ကူးရှိနေတာလား"

မီးလျှံမဟာမိတ်တွင် နိယာမမီးလျှံ ရှိသည်ကို အားလုံး သိကြသည်။ ကုရုန်မီးလျှံသည် ကောင်းကင်နှင့် မြေကြီးကိုပင် လောင်ကျွမ်းနိုင်ပြီး နွေဦးနှင့် ဆောင်းဦးကိုပါ ပြောင်းပြန်လှန်ပစ်နိုင်သည်ဟု ဆိုကြသည်။ မီးလျှံမဟာမိတ်သည် ထိုကုရုန်မီးကို အမှီပြု၍ ကျောက်စိမ်းအိုးနယ်မြေတွင် လက်နက်သွန်းလုပ်သည့် နာမည်ကြီးဂိုဏ်းတစ်ခု ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

ချင်ယွင်ဇီ အနည်းငယ် ပြုံးလိုက်သည်။

"ဒါက ငါတို့ ချီးမြှင့်ထားတာ မဟုတ်ပါဘူး၊ တန်ရန်ကိုယ်တိုင် ရှေးဟောင်းဂူဗိမာန်တစ်ခုကနေ ရခဲ့တာပါ၊ ဒါက သူ့ရဲ့ ကံကြမ္မာပါပဲ"

"ပြီးတော့ ဒီ ကောင်းကင်ခရမ်းမီးတောက်ကို ရတုန်းက အရမ်း အားနည်းနေခဲ့တာပါ၊ မဟုတ်ရင် တန်ရန် အလွယ်တကူ သိမ်းပိုက်နိုင်မှာ မဟုတ်ဘူး"

"နှစ်ပေါင်းများစွာ သွေးထားပေမဲ့ သူ့စွမ်းအားက တတိယအဆင့် မြေအောက်မီးတောက် အသေးစားလောက်ပဲ ရှိပါသေးတယ်၊ ငါတို့ ဆေးလုံးစိမ်းချိုင့်ဝှမ်းအတွက်ကတော့ အသုံးမဝင်တာကြောင့် သူ့ရဲ့ အဓိက မီးတောက်အဖြစ် အောင်မြင်အောင် လုပ်ပေးလိုက်တာပါ"

မာလာဒေဝီ သဘောပေါက်သွားသည်။ နိယာမဲ့မီးလျှံသည် ထူးခြားသော်လည်း ကျောက်စိမ်းအိုးနယ်မြေထဲတွင် လုံးဝ ရှားပါးလှသည့်အရာ မဟုတ်ချေ။ သူမ သိထားသလောက် အမျိုးအစားပေါင်းများစွာ ရှိသေးသည်။ အများစုမှာ အားနည်းကြပြီး နှစ်ပေါင်း ရာနှင့်ချီ၍ စိတ်ချင်းဆက်သွယ်ထားမှသာ အနည်းငယ် အသုံးဝင်လာကြသည်။ မီးလျှံမဟာမိတ်ကဲ့သို့ ကံကောင်းလွန်း၍ ကုရုန်မီးကို အပြည့်အဝ ပိုင်ဆိုင်ထားသူမှာ အလွန် ရှားပါးသည်။

"ဒါဆိုရင် အခုနက တန်ရန်ဇီက အချိန်ကို ကွက်တိညှိပြီး ဒီမီးကို သုံးခဲ့တာပေါ့.... ဒါက လျှို့ဝှက်လက်နက်ပဲ"

ချင်ယွင်ဇီ ခေါင်းညိတ်သည်။

"မှန်တယ်၊ အဲ့ဒါက သူ့ရဲ့ ဆေးဖော်လမ်းစဉ်အတွက်ပဲ အကျိုးရှိတာ၊ တိုက်ပွဲအတွက် သုံးဖို့ကတော့ နည်းနည်း အားယူရတာပေါ့"

အခြားသူများ ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ သူဂရုမစိုက်ပေ။ သူ့စကားတွင် အခြားသူများ၏ အာရုံကို တမင်တကာ လျော့ချလိုသည့် ရည်ရွယ်ချက် ရှိနေသည်။

ကောင်းကင်နန်းတော်ရှိ ရွှေအမြုတေစီရင်စုသခင်များကလည်း သူ့မျက်နှာကို ထောက်ထားကာ ဆက်မမေးတော့ချေ။ မည်သို့ပင်ဆိုစေ နိယာမမီးလျှံ တစ်ခုအတွက်နှင့် သူတို့ စိတ်မလှုပ်ရှားကြပေ။

တစ်ဖက်ရှိ လော့ချန်မှာမူ အတော်လေး စိတ်ဝင်စားသွားသည်။ သူသာ နိယာမမီးလျှံ တစ်ခုကို ပိုင်ဆိုင်ခွင့် ရမည်ဆိုလျှင် ဆေးဖော်စပ်ရာ၌ ပို၍ အဆင်ပြေသွားလိမ့်မည်။ သို့သော် ထိုကဲ့သို့ ကောင်းကင်ဘုံ၏ ရှားပါးပစ္စည်းမျိုးမှာ ကျောက်စိမ်းအိုးနယ်မြေတွင် ထွက်ပေါ်လေ့ရှိသော်လည်း အများစုမှာ ဂိုဏ်းကြီးများအတွင်း၌သာ လည်ပတ်နေသည်။ အပြင်လူတစ်ဦး ရရှိရန်မှာ မလွယ်ကူပေ။

အောက်ဘက်တိုက်ပွဲများ တစ်ခဏရပ်နားနေစဉ် ကောင်းကင်နန်းတော်ပေါ်ရှိ စီရင်စုသခင်များ၏ စကားဝိုင်းမှာ ဆက်လက်ဖြစ်ပေါ်နေသည်။

စီရင်စုသခင်ချီတင်းက ချင်ယွင်ဇီအပေါ် မကျေနပ်ချက်ကို ဖော်ပြလိုက်သည်။

"တန်ရန်ဇီရဲ့ ဆေးဖော်စပ်တဲ့ အရည်အချင်းက ဒီလောက် မြင့်မားပြီး မီးတောက်ကိုလည်း ပိုင်ဆိုင်ထားတာ၊ သူက ငါတို့ တန်ရန်တောင်ရဲ့ ဆေးဖော်ပညာရှင်အသင်းကို ဝင်ပြီး ဘိုးဘေးရဲ့ အမွေကို ဆက်ခံဖို့ ပိုသင့်တော်တယ်"

"မင်းတို့ ချင်ယွင်တောင်က သူ့ကို ဂိုဏ်းမျိုးဆက် ဖြစ်စေချင်နေတာ.... အဲ့တာ သူ့ရဲ့ အရည်အချင်းတွေကို အလကား ဖြုန်းတီးပစ်တာပဲ"

ချင်ယွင်ဇီ ခါးသီးစွာ ပြုံးလိုက်သည်။

"အစ်ကိုကြီး ဒါက ကျွန်တော်တို့ အတင်းအကျပ် လုပ်တာ မဟုတ်ပါဘူး၊ တန်ရန် ကိုယ်တိုင် ရွေးချယ်တာပါ.... နောက်ပြီး လုံရှို့တောင်က အစ်ကိုကြီးလည်း သူ့ကို လိုချင်နေတာပဲ၊ ဘာလို့ ကျွန်တော့်တစ်ယောက်တည်းကိုပဲ အပြစ်တင်နေတာလဲ"

စီရင်စုသခင်ချီတင်း နှုတ်ခမ်းမဲ့လိုက်သည်။

ထိုအဖြေကို သူ မကျေနပ်ကြောင်း ထင်ရှားနေသည်။

လော့ချန် ဤမြင်ကွင်းကို ကြည့်ရင်း ဆေးလုံးစိမ်းချိုင့်ဝှမ်းအကြောင်းကို နားလည်လာသည်။

ဆေးလုံးစိမ်းချိုင့်ဝှမ်းတွင် တောင်ငါးလုံး ရှိသည်။ ယွမ်ဟွာတောင်သည် ပြင်ပလောကနှင့် ဆက်သွယ်ရာ တံခါးပေါက်၊ လော့ကျားတောင်သည် အမျိုးသမီးကျင့်ကြံသူများ၏ နေရာ၊ တန်ရန်တောင်သည် ဆေးဖော်ပညာ ဆက်ခံရာနေရာ၊ လုံရှို့တောင်သည် ကျင့်ကြံသူများ၏ နေရာဖြစ်သည်။ ချင်ယွင်တောင်ကမူ ဆေးလုံးစိမ်းချိုင့်ဝှမ်း၏ ဗဟိုချက် ဖြစ်သည်။ ဆေးလုံးစိမ်းချိုင့်ဝှမ်း ဂိုဏ်းချုပ်နှင့် အကြီးအကဲများသည် ချင်ယွင်တောင်၌ အခြေစိုက်ကာ တာဝန်ထမ်းဆောင်ကြသည်။ ဂိုဏ်းတစ်ခုလုံး၏ လည်ပတ်မှုသည် ချင်ယွင်တောင်၏ ထိန်းချုပ်မှုအောက်တွင် ရှိသည်။

တန်ရန်ဇီကဲ့သို့ အရည်အချင်းရှိသူတစ်ဦးအတွက် တန်ရန်တောင်၊ လုံရှို့တောင်နှင့် ချင်ယွင်တောင်တို့က သူ့အား လုယူနေကြသည်။ တစ်ခုက ဆေးပညာ၊ တစ်ခုက ကျင့်ကြံခြင်း၊ တစ်ခုက အာဏာ ဟု ဆိုနိုင်သည်။ တန်ရန်ဇီသည် ထူးချွန်သော ဆေးဖော်ပညာ အရည်အချင်းရှိပြီး ကျင့်ကြံခြင်း၌သာ စိတ်ဝင်စားသူ ဖြစ်သည့်တိုင် တစ်ဖက်တွင်လည်း ရွှေအမြုတေ ဂိုဏ်းမျိုးဆက်နှင့် အနာဂတ်ဂိုဏ်းချုပ်နေရာကို လိုချင်နေသည်။

ထို့ကြောင့်ပင် ဤ ဂိုဏ်းမျိုးဆက်ပြိုင်ပွဲ၌ သူ့အပေါ် ကန့်သတ်ချက်များစွာ ထားရှိခဲ့ခြင်းဖြစ်သည်။

ပထမပွဲစဉ်တွင် အကူအညီ မယူရ။

ဒုတိယပွဲစဉ်တွင် ကောင်းကင်ခရမ်းမီးတောက် မသုံးရ။

ဤသည်မှာ လုံရှို့တောင်နှင့် တန်ရန်တောင်တို့၏ ကန့်သတ်ချက်များ ဖြစ်သည်။ တန်ရန်ဇီသာ ဂိုဏ်းမျိုးဆက်ရာထူးကို မရရှိခဲ့လျှင် ဤတောင်နှစ်ခုမှ သူ့အား ခေါ်ယူရန် အခွင့်အရေး ရသွားမည် ဖြစ်သည်။ အတိတ်တွင်အမှားလုပ်မိခဲ့သူဖြစ်သလို ဂိုဏ်းမျိုးဆက်ရာထူးကိုလည်း လိုချင်သည့်အတွက် တန်ရန်ဇီ ဤခက်ခဲသော အခြေအနေကို လက်ခံခဲ့သည်။

ထိုမျှသာမက လက်ရှိအချိန်တွင် နောက်ဆုံးအဆင့်အထိပင် ရောက်ရှိနေလေပြီ။

မြင်ရသူတိုင်းက “သူဟာ လူစွမ်းကောင်းတစ်ယောက်ပဲ” ဟု မချီးကျူးရ မနေနိုင်လောက်အောင်ပင်။

လော့ချန်တစ်ယောက် မိမိသာ တန်ရန်ဇီနေရာတွင် ဆိုပါက ဤမျှအထိ ရောက်နိုင်မည် မဟုတ်ကြောင်း သိသည်။ ပထမပွဲစဉ်၏ တိုက်ပွဲများမှာပင် ခေါင်းကိုက်စရာ ကောင်းလှသည်။

‘ဒါပေမဲ့.... ငါလည်း သူရောက်နေတဲ့ အခြေတည်နောက်ဆုံးအဆင့်ကို ရောက်ရင် သူ့ထက် နိမ့်ကျမှာမဟုတ်ပါဘူး၊ ကိုယ့်ကိုယ်ကိုယ် ဒီလောက်ကြီး နှိမ့်ချနေစရာ မလိုဘူး’

လော့ချန်သည် တိုက်ခိုက်ခြင်းကို နှစ်သက်သူမဟုတ်ပေ။ သို့သော် ကျင့်ကြံသူများ၏ လောကတွင် စွမ်းအားသည်သာ အခရာဖြစ်၏။ ပြဿနာကို ဖြေရှင်းရန် အမြန်ဆုံးနည်းလမ်းမှာ မိမိလက်ထဲမှ စွမ်းအားကို အသုံးပြုခြင်းပင်။ ပြဿနာကို မဖြေရှင်းနိုင်လျှင်ပင် ပြဿနာ မီးမွှေးလိုက်သူကို ဖြေရှင်းလိုက်ရုံပင်။

လော့ချန်သည် တိုက်ခိုက်ရေးနည်းလမ်းများတွင် အတွေ့အကြုံအနည်းငယ်ရှိပြီးသားဖြစ်သည်။ အနည်းဆုံး ဂိုဏ်းကြီးများ၏ သာမန်တပည့်များထက် မနိမ့်ကျနိုင်ပေ။

....

ဆေးလုံးစိမ်းချိုင့်ဝှမ်း အတွင်း၌....။

"နောက်ဆုံးပွဲစဉ်က မကြာခင် စတော့မယ်"

"ဟုတ်တယ်၊ မကြာခင်မှာ ဆေးလုံးစိမ်းချိုင့်ဝှမ်းရဲ့ ဂိုဏ်းမျိုးဆက်ကို သိရတော့မယ်၊ ငါတော့ စိတ်လှုပ်ရှားလွန်းလို့ လက်တွေတောင် တုန်နေပြီ"

"အစ်ကိုကြီး ဂိုဏ်းမျိုးဆက်နေရာကို ပြန်ရမလား ဒါမှမဟုတ် အစ်မထောင်ကပဲ ကျော်တက်သွားမလား၊ မင်းတို့ ဘယ်သူလို့ ထင်လဲ"

"ပြောစရာလိုလို့လား.... အစ်ကိုကြီးပဲပေါ့၊ အခုထိ ဂိုဏ်းက အကြောင်းပြချက် မပေးသေးဘဲနဲ့ သူ့ရဲ့ ဂိုဏ်းမျိုးဆက် နေရာကို ဖြုတ်ချလိုက်တာ၊ ငါတို့အစ်ကိုကြီး ဒီနှစ်တွေအတွင်းမှာ ကောင်းကောင်း လုပ်ဆောင်နေတာကို ဘာလို့ လူပြောင်းရတာလဲ"

"အစ်ကိုကြီးက အစွမ်းထက်ပါတယ်၊ ဒါပေမဲ့ သူ့အခု နည်းနည်းပင်ပန်းနေပြီ.... ကျွန်တော်တော့ အစ်မထောင်ကို ပိုသဘောကျတယ်"

"ဟုတ်တယ်၊ အစ်မထောင်တို့ မျိုးနွယ်စုရဲ့ အမွေအနှစ်က နက်ရှိုင်းပြီး ခုနစ်ယောက်မြောက်ဂိုဏ်းချုပ်ရဲ့ နောက်မျိုးဆက်မို့လို့ တိုက်ခိုက်နည်းတွေက အားနည်းမှာ မဟုတ်ဘူး"

"ငါတော့ မထင်ဘူး.... အစ်ကိုကြီးမှာ တိုက်ခိုက်နိုင်တဲ့ စွမ်းအား ကျန်သေးတယ်၊ ကောင်းကင်ခရမ်းမီးတောက်ကို ပြန်သုံးလိုက်ရင် အစ်မထောင် ဘာနဲ့ ခုခံမှာလဲ"

"ဒါပေမဲ့ အစ်မထောင်က ဒီနှစ်တွေမှာ မြို့ကြီးတွေရဲ့ တိုက်ခိုက်ရေးစင်မြင့်တွေမှာ အမြဲ လေ့ကျင့်နေတာ၊ အဆင့်က နည်းနည်း နိမ့်ကောင်း နိမ့်နိုင်ပေမဲ့ ကျင့်ကြံခြင်းအဆင့် (၉) ချင်း အတူတူပဲ၊ အစ်ကိုကြီးရဲ့ နည်းလမ်းတွေက လူသိသွားပြီ၊ ဟိုဘက်က ကြိုတင် ပြင်ဆင်ထားလောက်ပြီ၊ ကျွန်တော်ကတော့ အစ်မထောင် အနိုင်ရဖို့ များတယ်လို့ ထင်တယ်"

ဆေးလုံးစိမ်းချိုင့်ဝှမ်းအတွင်း တပည့်ပေါင်း တစ်သောင်းကျော်တို့ အကျိတ်အနယ် ဆွေးနွေးကာ နောက်တစ်ပွဲအတွက် သူတို့၏ အမြင်ကို ဖော်ပြနေကြသည်။

ဘက်ကွဲသူများလည်း ရှိနေကြသည်။

ဤကဲ့သို့ ဆူညံသော ဆွေးနွေးမှုများကြား အချိန်တို့ တရွေ့ရွေ့ ကုန်ဆုံးသွားသည်။

နောက်ဆုံးတွင် တန်ရန်ဇီ၏ အနားယူချိန် ကုန်ဆုံးသွားသည်။

လုံရှို့တောင် အကြီးအကဲက ကာကွယ်ရေးအစီအရင်ကို အသက်သွင်းကာ တိုက်ပွဲ စတင်တော့မည် ဖြစ်ကြောင်း ကြေညာလိုက်သည်။

"ဆက်ခံသူ တန်ရန်ဇီ၊ ဆက်ခံသူ ထောင်ဝမ် တိုက်ခိုက်ရေးစင်ပေါ် တက်ရောက်ကြပါ"

စကားသံ ပျောက်ကွယ်သွားသည်နှင့် လူရိပ်နှစ်ခု တိုက်ခိုက်ရေးစင်ပေါ်သို့ တစ်ပြိုင်နက်တည်း ပျံသန်းသွားသည်။

တစ်ဦးမှာ မျက်နှာက နီရဲနေပြီး မျက်ခုံးကြားတွင် ခရမ်းရောင်အမှတ်အသား ရှိကာ ထူးခြားပြီး အန္တရာယ်ရှိနေပုံပေါ်သည်။ အခြားတစ်ဦးမှာ ဝတ်ရုံများ လေထဲတွင် လှိုင်းထသကဲ့သို့ ဝေ့ဝဲနေကာ တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေသည်။

"အစ်ကိုကြီး၊ ညီမလေးကို ဒီနေ့တော့ နားလည်ပေးပါ"

ထောင်ဝမ် လက်ကို မြှောက်လိုက်ရာ ဖဲကြိုးမြောက်မြားစွာ သူမ၏ ဝတ်ရုံလက်ထဲမှ ထွက်ပေါ်လာသည်။

ထိုအရာမှာ ထောင်မျိုးနွယ်စု၏ အမွေအနှစ် မှော်ရတနာ လျိုယွမ်ခြုံလွှာပင် ဖြစ်သည်။

ထောင်ဝမ် ငယ်စဉ်ကတည်းက ကိုယ်နှင့်မကွာ သန့်စင်ထားသော အရာဖြစ်သည်။ ထိုရတနာအား သူမ အလိုရှိသလို ထိန်းချုပ်နိုင်သည်။

တန်ရန်ဇီ သူမကို ကြည့်ကာ ဓားရှည်တစ်လက် ထုတ်ယူလိုက်သည်။

ယခုအခါတွင်မူ ထိပ်တန်းမှော်လက်နက် မဟုတ်တော့ဘဲ သူ အမြဲသုံးနေကျ ခရမ်းဓားပျံ မှော်ရတနာ ဖြစ်သည်။

"လာခဲ့"

စကားရှည်ရှည်ဝေးဝေး ပြောဆိုနေခြင်းများ မရှိဘဲ တိုက်ပွဲမှာ ချက်ချင်းပင် စတင်လေတော့သည်။

နောက်တစ်ခဏတွင် ထောင်ဝမ် တိုက်ကွက် ပြောင်းလဲလိုက်သည်။

သူမ ရှေ့သို့ တိုးဝင်ကာ ဖဲကြိုးများ ပစ်လွှတ်လိုက်သည်။ အဆိုပါ ပျော့ပျောင်းသော လက်နက်သည် ယခုအခါ သံမဏိအလား ခိုင်မာထက်ရှလာပြီး မိုးသည်းထန်စွာ ရွာသွန်းသည်အလား တန်ရန်ဇီ၏ ပတ်ပတ်လည်သို့ ဖုံးလွှမ်းလာခဲ့သည်။

သို့သော် တန်ရန်ဇီကမူ တည်ငြိမ်စွာသာ ရှိနေသည်။ သူသည် ဓားပျံကိုပင် အသုံးမပြုဘဲ လက်တစ်ဖက်တည်းဖြင့် ဖဲကြိုးများကို ဖြတ်တောက်ပစ်လိုက်သည်။

ထို ထက်မြက်သော လှုပ်ရှားမှုအတွင်း၌ပင် သူ၏ ဆေးဖော််လမ်းစဉ်နှင့် ဓားလမ်းစဉ်နှစ်ရပ်လုံးအား အဆုံးစွန်ထိ ကျွမ်းကျင်ထားမှုကို ထင်ရှားစွာ မြင်တွေ့နိုင်သည်။

သံဓားဂိုဏ်း၏ ဂိုဏ်းချုပ် ကျိုးစုန်း ရှိနေလျှင်ပင် သူ့အား လေးစားဦးညွတ်ရပေလိမ့်မည်။

နှစ်ဦးသား မှော်ရတနာများကို အသုံးပြု၍ တိုက်ခိုက်နေကြသည်။ စွမ်းအားများမှာလည်း လေထုထဲတွင် မီးပွားများကဲ့သို့ ပေါက်ကွဲလျက်ရှိသည်။

တန်ရန်ဇီသည် ဓားပျံကို ထိန်းချုပ်၍ ခုခံကာကွယ်နေသည်။ သူ၏ လက်ရှိ အခြေအနေအရ အတင်းတိုက်ခိုက်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ခုခံကာကွယ်ပြီး အခွင့်အရေးကို စောင့်နေခြင်းမှာ အကောင်းဆုံး ဖြစ်သည်။

ထိုစဉ်မှာပင် သူ၏ ဓားပျံသည် ဓားအလင်းတန်းကိုးခုအဖြစ် ပြောင်းလဲသွားပြီး ထောင်ဝမ်ကို ဝိုင်းရံလိုက်သည်။

“ညီမလေး.... မင်း အရမ်း ငယ်ပါသေးတယ်”

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

All Chapters