← Chapters

ငရဲဘုံအလား (၂)

Vol. 73 Ch. 1146

ငရဲဘုံအလား (၂)

Vol. 73 Ch. 1146

“နားလည်ပါပြီ”

ရွေ့လျားနေသော ရထားကြီးအနီးရှိ စစ်မြေပြင်တွင် အားဖြည့်ထားသည့် သံမဏိမုဆိုးစွမ်းအားဝတ်စုံကို ဝတ်ဆင်ထားသော လန်ရှောင်ရှန်းသည် သွေးနီရောင် ပိုးကောင်တစ်ကောင်ကို ခြေထောက်ဖြင့် နင်းခြေလိုက်သည်။ သူ့လက်ထဲရှိ မီးနတ်ဘုရားဂတ်တလင်စက်သေနတ်သည် ကောင်းကင်ယံရှိ မိုးပျံသတ္တဝါဆန်းဆီသို့ ကျည်ဆန်မိုးများ ပက်ဖျန်းလိုက်၏။ စက္ကန့်ပိုင်းအတွင်း သွေးနီရောင်မြူများကြားတွင် အရိပ်တစ်ခုသည် လျင်မြန်စွာ ကြီးမားလာပြီးနောက် သူ့ရှေ့တည့်တည့်သို့ ပြုတ်ကျလာသည်။ ထိုသတ္တဝါသည် ၎င်း၏ ပါးစပ်ကြီးကိုဟကာ အာရုံခံလက်တံများဖြင့် တိုက်ခိုက်ရန် ကြိုးစားသော်လည်း သူက ဗုံးတစ်လုံးကို ဟောင်းလောင်းပွင့်နေသော ခံတွင်းထဲသို့ ပေါ့ပေါ့ပါးပါးပင် ပစ်ထည့်လိုက်သည်။ နောက်တစ်စက္ကန့်တွင်တော့— အုန်း — ထိုသတ္တဝါ၏ ဦးခေါင်းသည် သွေးမြူခိုးများအဖြစ် ပေါက်ကွဲထွက်သွားတော့သည်။

“အားလုံး သတိထားကြ လျှပ်စစ်ဗဟိုချက်ထဲကို တိုးဝင်နေတဲ့ သွေးနီရောင်အင်းဆက်တွေကို လျှော့မတွက်နဲ့။ တွေ့တာနဲ့ ချက်ချင်းချေမှုန်းပစ်။ အဲဒါတွေက စွမ်းအားဝတ်စုံရဲ့ စွမ်းအင်ပိုင်းကို စက္ကန့်ပိုင်းအတွင်း ချို့ယွင်းသွားစေနိုင်တယ်၊၊ လူတိုင်းသတိမလွတ်ကြနဲ့”

“ဟုတ်ကဲ့ ကပ္ပတိန်”

သူ့စကားအဆုံးတွင် သံချပ်ကာသံများ ဆက်တိုက်ထွက်ပေါ်လာပြီး လက်နက်အပြည့်အစုံတပ်ဆင်ထားသော စွမ်းအားဝတ်စုံဝတ် စစ်သည်အမြောက်အမြားသည် ပြတ်သားသောခြေလှမ်းများဖြင့် ရှေ့သို့ ချီတက်သွားကြသည်။

လန်ရှောင်ရှန်းသည် မြေပြင်ပေါ်ရှိ သေဆုံးနေသော မိုးပျံသတ္တဝါဆန်းကို တစ်ချက်ကြည့်လိုက်သည်။ ထိုစဉ် သူ၏ အမှောင်စွမ်းအင်ရှာဖွေရေးရေဒါထံမှ စူးရှသောအသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ သူသည် ကောင်းကင်ယံသို့ ချက်ချင်း မော့ကြည့်လိုက်ပြီး လက်ထဲရှိ ဂတ်တလင်စက်သေနတ် မော်တာကို လည်ပတ်ေစလိုက်သည်။

“သတိထားကြ အပေါ်မှာ...”

သူ စကားမဆုံးခင်မှာပင် မီတာအနည်းငယ်အကွာရှိ တိမ်တိုက်များကို ဖောက်ထွက်၍ အတောင်ပံလေးခုပါသော ထူးဆန်းသည့် မွန်စတားအရိပ်ကြီးတစ်ခု ရုတ်တရက်ပေါ်ထွက်လာပြီး လူတိုင်း၏မျက်စိရှေ့တွင် လျင်မြန်စွာ ကြီးမားလာရာ အနည်းဆုံး ဆယ်မီတာခန့်ရှိသည်။ အချိန်ခဏအတွင်းမှာပင် လူအများ၏ သေနတ်ပြောင်းများသည် ထိုအရိပ်ကြီးဆီသို့ တပြိုင်နက်ထဲပေါက်ကွဲထွက်သွားပြီး လေဆင်နှာမောင်းတစ်ခုက သွေးမြူခိုးများကို ရှင်းလင်းပစ်လိုက်သည်။ ကတ္တရာစေးကဲ့သို့ မည်းနက်နေပြီး အစိမ်းရောင်ဇီဝစွမ်းအင်ဒိုင်းဖြင့် တောက်ပနေသော တွန့်လိမ်နေသည့် သတ္တဝါကြီးသည် အောက်သို့ ထိုးဆင်းလာကာ လေကြောင်းရန်ကာကွယ်ရေးအမြောက် တပ်ဆင်ထားသည့် အကြီးစားထရပ်ကားတစ်စီးကို မှောက်လှန်ပစ်လိုက်၏။

ဝုန်း၊၊

ပေါက်ကွဲမှုကြောင့် လူဆယ်ဂဏန်းခန့် လွင့်စင်သွားပြီး ထရပ်ကားသည်လည်း လွင့်ထွက်သွားကာ ဖြည်းညှင်းစွာ ရွေ့လျားနေသော ရထားလမ်းပေါ်ရှိ ရထားတွဲကို သွားရောက်ရိုက်ခတ်မိသည်။ ရထားတွဲဘေးဘက်ရှိ သံချပ်ကာသည် ချက်ချင်းပင် စုတ်ပြဲသွားပြီး ရထားတွဲကို တိမ်းစောင်းသွားစေကာ သံဘီးများမှ မီးပွားများ ပွင့်ထွက်သွားပြီး ထရပ်ကားသည် မြေပြင်ပေါ်တွင် သတ္တုချင်းပွတ်တိုက်သံ အော်မြည်လျက် တိမ်းမှောက်သွားတော့သည်။

“A အဆင့် သွေးနီရောင်သတ္တဝါပဲ… အမြောက်ကြီးတွေသုံး”

လန်ရှောင်ရှန်းသည် ရထားဆီသို့ ပြေးသွားရင်း အော်ဟစ်လိုက်ပြီး သူ၏ခြေထောက်ရှိ ဒေါင်လိုက်တွန်းကန်စနစ်ကို လောင်ကျွမ်းစေကာ ပုခုံးဖြင့် တိုက်၍ ထရပ်ကားကို ဖယ်ရှားပစ်လိုက်သည်။ ဤအချိန်တွင် အနက်ရောင်သတ္တဝါကြီးသည် သူ၏တပ်ဖွဲ့များထံမှ ပစ်အားဒဏ်ကို အံတုနေပြီး ၎င်းအပေါ်ရှိ ဇီဝစွမ်းအင်ဒိုင်းသည် လျင်မြန်စွာ ပျက်စီးသွားသည်။ သို့သော်လည်း ၎င်းသည် သူ့ထံသို့ ရူးသွပ်စွာ တွားလာနေဆဲဖြစ်ပြီး တပိုင်းတစ်စအနီရောင်လေဆာကို မှုတ်ထုတ်ကာ ရထားခေါင်မိုးသုံးခုနှင့် အပေါ်ဘက်ရှိ အမြောက်ပြောင်းများကို ဖြတ်တောက်လိုက်၏။

“သေစမ်း”

လန်ရှောင်ရှန်းသည် အချိန်မီ ငုံ့ရှောင်လိုက်ပြီး နောက်သို့ လှည့်ကြည့်ကာ ဒေါသတကြီးဆဲရေးလိုက်သည်။

“ကျန်းဇီ… ဝမ်လင်း… သောက်ကျိုးနည်းကောင်တွေ ဘယ်ရောက်နေကြတာလဲ”

“လာပြီ”

ဝုန်း၊၊

စစ်ကြောင်းကြားမှ ခြောက်မီတာခန့် မြင့်မားသော Guardian -S တိုက်ခိုက်ရေးမီကာ နှစ်ခုသည် လျင်မြန်စွာ ရှေ့သို့ တက်လာသည်။ ၎င်းတို့၏ လက်ဝဲဘက်လက်မောင်းရှိ လျှပ်စစ်အမှုန်တန်းအမြောက်သည် မြင့်မားသောအပူချိန်ကြောင့် စူးရှသောအသံကို ထွက်ပေါ်စေပြီး တစ်ခဏအတွင်းမှာပင် အမြောက်နှစ်ချက်ပေါက်ကွဲသွားကာ ဒုတိယအကြိမ် ပစ်ခတ်ရန် ပြင်ဆင်နေသော အတောင်ပံလေးခုပါသတ္တဝါကြီးကို ၆မြှောင်ပုံဖြစ်သွားစေပြီး မြေပြင်ကိုပင် မီးလောင်နေသော လမ်းကြောင်းတစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်သည်။

“မြန်မြန် ရထားတွဲတွေကို ရွှေ့ကြ… ဒီအပိုင်းတွေကို ဖြတ်ထုတ်ဖို့ ပြင်ဆင်”

ပေါင်းစည်းယာဉ်တန်း၏ ဘေးဘက် သံချပ်ကာစုတ်ပြဲနေသော ရထားတွဲတစ်ခုအတွင်းတွင် နှင်းဆီနီအဖွဲ့၏ အဖွဲ့ခေါင်းဆောင် ကျိုးဟုန်ချူသည် သူမ၏လူများကို ပြောင်းရွှေ့ရန် ပြတ်သားစွာ အမိန့်ပေးလိုက်သည်။

“အားလုံး ရှေ့ကို ရွှေ့ကြ… လီလောင်… ဒီနေရာက အမှောင်စွမ်းအင်ထပ်တူပြုကိရိယာထောက်ပံ့မှုကို ဖြတ်တောက်လိုက်”

အုန်း အုန်း အုန်း၊၊

ကီလိုမီတာ ဆယ်ဂဏန်းအကွာသို့ ဆက်တိုက်ပစ်ခတ်နေသော အမြောက်သံများသည် မိုးကြိုးပစ်သံများအလားခံစားရပြီး အပြင်ဘက်ရှိ လူများသည် သွေးနီရောင်မြူခိုးများကြားတွင် အလျင်အမြန်လှုပ်ရှားနေကြရာ ၎င်းတို့၏ လူအင်အားသည် အဝေးသို့ပင် ဆန့်တန်းနေသည်။ ကျိုးဟုန်ချူသည် အပြင်ဘက်တွင် ခြေကျင်ချီတက်နေသော ထူထပ်လှသည့် သံမဏိအစောင့်တပ်ရင်းကို ကြည့်လိုက်သည်၊၊ ထူးဆန်းသော မိုးပျံသတ္တဝါ၏ အလောင်းသည် သွေးမြူခိုးများကို ထုတ်လွှတ်နေဆဲဖြစ်ပြီး သူမက ဆက်လက်အော်ဟစ်နေခဲ့သည်။

“ကလေးတွေကို စောင့်ကြည့်ကြ… ရိက္ခာနဲ့ ကျည်ဆန်ပဲ ယူခဲ့… ကျန်တာ အကုန်ထားခဲ့… အဖွဲ့ရဲ့ ချီတက်မှုကို မနှောင့်နှေးစေနဲ့”

တီ တီ တီ၊၊

ရုတ်တရက် အပြင်ဘက်ရှိ သံမဏိအစောင့်တပ်ရင်းထံမှ အရေးပေါ်သတိပေးသံများ ဆက်တိုက်မြည်ဟည်းလာပြီး ကျိုးဟုန်ချူနှင့် သူမ၏အဖွဲ့သားများသည် တပ်ဖွဲ့အားလုံး ကောင်းကင်ယံသို့ သေနတ်ပြောင်းများလှည့်ထားသည်ကို မြင်လိုက်ရသဖြင့် တစ်ခုခုမှားယွင်းနေပြီဆိုသည်ကို သိလိုက်ကြသည်။

“သတိထားကြ”

ဝူး၊၊

လေဆင်နှာမောင်း ကျရောက်လာသကဲ့သို့ အုံ့မှိုင်းနေသော ကောင်းကင်ယံရှိ သွေးမြူခိုးများသည် ရှင်းလင်းသွားပြီး ထိုအနက်ရောင် အတောင်ပံလေးခုပါ သွေးနီရောင်သတ္တဝါကြီးများသည် မှုန်မှိုင်းသောအလင်းရောင်ကို ဖုံးကွယ်ကာ ၎င်းတို့ထံသို့ ကြောက်မက်ဖွယ်ကောင်းစွာ ဟိန်းဟောက်ရင်း ပြေးဝင်လာကြသည်။

ကျိုးဟုန်ချူလည်း ကျောရိုးထဲအထိ စိမ့်တတ်သွားပြီး ကြက်သေသေနေသော သူမ၏အဖွဲ့သားများကို လှမ်းအော်လိုက်သည်။

“မြန်မြန်ပြေးကြ”

သို့သော် ဝေဟင်မှ အလုံးအရင်းနှင့် တိုက်ခိုက်မှုကို ရင်ဆိုင်ရသောကြောင့် ရထားပေါ်ရှိ လူများသည် ဆုတ်ခွာရန် ခက်ခဲလှသည်၊၊ ထို့အပြင် ဤသတ္တဝါများသည် သံချပ်ကာများကို ၎င်းတို့၏ လေဆာရောင်ခြည်များဖြင့် ဖြတ်တောက်နိုင်လေသည်၊၊

ရုတ်တရက် ဤအချိန်တွင် မီတာထောင်ပေါင်းများစွာ အကွာအဝေးမှ လေဆာကဲ့သို့ တောက်ပသော အဖြူရောင်မီးလျှံဓားတစ်လက်သည် စစ်မြေပြင်ကို ဖြတ်သန်းသွားသည်။ လေထုသည် စူးရှသော ပေါက်ကွဲသံနှင့်အတူ ပေါက်ကွဲသွားပြီးနောက် စူးရှတောက်ပသော အလင်းရောင်နှင့် အပူလှိုင်းများသည် စစ်မြေပြင်ကို တိုက်ရိုက်ရိုက်ခတ်သွားကာ ရထား၏ စုတ်ပြဲနေသော နေရာကို ဖြတ်သန်းသွားတော့သည်။ မြင့်မားသောအပူချိန်ရှိသော အပူလှိုင်းသည် စစ်မြေပြင်ပေါ်ရှိ နှင်းခဲများကို ချက်ချင်းအရည်ပျော်စေပြီး အနံ့ဆိုးများကိုပင် လွင့်စင်သွားစေသည်။

ကောင်းကင်မှ ထိုးဆင်းလာသော Aအဆင့် သွေးနီရောင်သတ္တဝါကြီးများသည် ယခုအခါ လောင်ကျွမ်းနေသော အလောင်းပုံကြီးများအဖြစ် ပြောင်းလဲသွားပြီး အောက်ရှိ သံမဏိအစောင့်တပ်ရင်း၏ စစ်ကြောင်းထဲသို့ ပြုတ်ကျကာ သဲနှင့် ကျောက်ခဲများကို လွင့်စင်သွားစေသည်။

သေနတ်သံများ ရုတ်တရက် ရပ်တန့်သွားသည်။ လန်ရှောင်ရှန်း မော့ကြည့်လိုက်ရာ အပေါ်ဘက်ရှိ မီးခိုးလုံးများကြားတွင် နာနိုစွမ်းအားဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး ပျံဝဲနေသည်ကို မြင်လိုက်ရသည်။ သူ၏လက်ယာဘက်တွင် ရွှေရောင်လက်ကောက်တစ်ခုရှိနေပြီး သူ၏နောက်တွင် ကြီးမားသော အဖြူရောင်မီးလျှံစက်ဝိုင်းကြီးတစ်ခုသည် လျင်မြန်စွာလည်ပတ်နေကာ နတ်ဘုရားတစ်ပါးဆင်းသက်လာသကဲ့သို့ပင်။

ဘစ်ဇ်၊၊

အပူလှိုင်းမကုန်ဆုံးသေးမီမှာပင် အပြာရောင်လျှပ်စီးကြောင်းတစ်ခုက ကောင်းကင်ကို ဖြတ်သန်းသွားပြီး ကြီးမားသောဟင်းလင်းပြင်ကို ဖန်တီးလိုက်သည်။ ထို့နောက်တွင် မြင်းမြီးပုံစံ ဆံပင်အမြင့်စည်းထားပြီး သေနတ်ဓားကို ကိုင်ဆောင်ထားသော မိန်းကလေးတစ်ဦးသည် သူမ၏ စွမ်းအားဝတ်စုံရှိ တွန်းကန်စနစ်နှင့် အမှောင်စွမ်းအင်ကိုအသုံးပြုကာ ပုံရိပ်ယောင်တစ်ခုအဖြစ် အရှိန်မြှင့်လိုက်သည်။ သူမ ပေါ်လာပြီးနောက် တိမ်တိုက်များထဲတွင် မြည်ဟည်းသံများထွက်ပေါ်လာပြီး ပြတ်တောက်သွားသော သွေးနီရောင်သတ္တဝါများ မြေပြင်ပေါ်သို့ တဝုန်းဝုန်းကျဆင်းလာတော့သည်။

လုရှင်းချန်က လေထဲတွင် သေနတ်ဓားကို အေးစက်စွာ ကိုင်ဆောင်ထားသော ရှောင်ချင်းနှင့် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ၎င်းတို့သည် ချက်ချင်းပင် မိမိတို့၏ လမ်းကြောင်းများကို အသီးသီးပြင်ဆင်လိုက်ကြပြီး ပြင်းထန်သော အသံလွန်ပေါက်ကွဲသံများနှင့်အတူ အခြားစစ်မြေပြင်များဆီသို့ ပြေးဝင်သွားကြတော့သည်။

တောင်ဘက်ရှိ ကျောက်တုံးနီချောက်ကမ်းပါးကြီး၏ လမ်းကြောင်းသည် ရထားလမ်းဧရိယာ၏ ရှေ့တန်းစစ်မျက်နှာဖြစ်ပြီး ငရဲကဲ့သို့ ပြင်းထန်သော အသားကြိတ်စက်အလား စစ်ပွဲကြီးတစ်ခုပေါက်ကွဲနေသည်။

အင်အား ၁၉,၀၀၀ ရှိသော သံမဏိအစောင့်တပ်ရင်း ၂၂ သည် ဤနေရာတွင် လမ်းကြောင်းလေးခုဖြင့် ရှေ့သို့ ချီတက်နေကြသည်။ တစ်ချိန်တည်းမှာပင် ရထားယာဉ်တန်းနှင့် အသက်ရှင်ကျန်ရစ်သူများကို ကယ်တင်နေသည့် စစ်ကူတပ်ဖွဲ့များထံမှ အင်အား ၁၀၀,၀၀၀ ကျော်ရှိသော ခံစစ်လိုင်းတစ်ခုရှိနေခဲ့သည်။

ဝူး ဝူး၊၊

ထောင်ဂဏန်းမျှရှိသော သံချပ်ကာမော်တော်ယာဉ်အုပ်စုတစ်စုသည် အနီရောင်ဖုန်မှုန့်မုန်တိုင်းကို လွင့်စင်စေကာ သံမဏိအစောင့်တပ်ရင်း၏ စစ်ကြောင်းများကြားတွင် ရူးသွပ်စွာ ဖြတ်သန်းမောင်းနှင်နေကြသည်။ ရှေ့ဆုံးရှိ မွန်းစတားထရပ်ကားကြီးပေါ်တွင် ဆက်သွယ်ရေးကိရိယာကို ကိုင်ဆောင်ထားသော လဲ့ကျန်းသည် သူ၏ကိုယ်တစ်ဝက်ကို ကားခေါင်မိုးပြင်ပသို့ ထုတ်ကာ ကျယ်လောင်စွာ ဆဲဆိုနေခဲ့သည်။

“မအေဘေးတွေ…. ဒီနေ့ပဲ ခြောက်နာရီရှိပြီ အခုထိ မဆုံးနိုင်တော့ဘူးလား။ ကျန်းယွမ် ငါ့ထရပ်ကားက ဆီနဲ့ စွမ်းအင်ကုန်တော့မယ်… မင်း ဘယ်ငရဲရောက်နေတာလဲ”

လဲ့ကျန်း၏ ဘုံမဟာမိတ်အဖွဲ့သည် မူလက သမုဒ္ဒရာကို ဖြတ်ကျော်ကာ တောင်ဘက်သို့ ရွှေ့ပြောင်းရာတွင် အာရုဏ်ဦးဗဟိုစင်တာသို့ ပူးပေါင်းခဲ့ခြင်းဖြစ်သည်။ ကော်လိုရာဒိုတိုက်ပွဲတွင် ရထားလမ်းသည် အန္တရာယ်နှင့်ရင်ဆိုင်ခဲ့ရပြီးနောက် သူသည် သူ၏ အင်အား ၃၀,၀၀၀ နီးပါးရှိသော တိုက်ခိုက်ရေးအဖွဲ့ကို ခေါ်ဆောင်ကာ ကယ်ဆယ်ရေးတွင် ပူးပေါင်းခဲ့သည်။ သောင်းနှင့်ချီသော အရပ်သားများသည် အဓိကတပ်ဖွဲ့နောက်သို့ လိုက်ပါကာ ရိက္ခာများကို သယ်ဆောင်၍ ရှေ့သို့ ဆက်လက်ချီတက်ခဲ့ကြရာ ယခုအခါ ဤမြေရိုင်းပြင်တွင် ပိတ်မိနေသော လူပေါင်း ၁၀၀,၀၀၀ ကျော်ရှိသည့် ထောက်ပံ့ကူညီရေးအဖွဲ့ ၃၀ ကျော် ပါဝင်နေပြီဖြစ်သည်။

ဝုန်း ဝုန်း အုန်း၊၊

ပြင်းထန်သော အမြောက်သံများကြားတွင် သွေးနီရောင်မြူခိုးများထဲမှ အခြားယာဥ်တန်းတစ်ဖွဲ့ ထွက်ပေါ်လာသည်။

“ကပ္ပတိန်လဲ့…. ကပ္ပတိန်ကျန်းက ကျောက်တောင်ချိုင့်ဝှမ်းလမ်းကြောင်းကနေ လာနေပြီ… ကျွန်တော်တို့နဲ့ တွေ့ဖို့ ငါးမိနစ်ပဲ လိုတော့တယ်”

ပြောနေသူမှာ အနန္တမဟာမိတ်အဖွဲ့၏ အဖွဲ့ဝင်ဖြစ်ပြီး လောင်ကျွမ်းဖီးနစ်အဖွဲ့မှ ဟယ်လင်ချူးဖြစ်ကာ သူမ၏အဖွဲ့သည် ကျန်းယွမ်နောက်သို့ လိုက်ပါကာ ကယ်ဆယ်ရေးမစ်ရှင်သို့ ပူးပေါင်းခဲ့ခြင်းဖြစ်သည်။

“ငါးမိနစ်”

လဲ့ကျန်းက ဘေးဘက်ထိုင်ခုံတွင် ပြန်ထိုင်လိုက်ပြီး သူ့ရှေ့ရှိ ကွန်ပျူတာစခရင်အသေးအချို့ကို ကြည့်ကာ ခလုတ်တစ်ခုကို နှိပ်လိုက်ရာ စစ်မြေပြင်၏ နောက်ဘက်ရှိ စောင့်ကြည့်ရေးမြင်ကွင်းပေါ်လာသည်။ ထိုနေရာတွင် ကောင်းကင်ယံ၌ မိုးကြိုးမုန်တိုင်းတိမ်တိုက်များစုဝေးနေပြီး ဆူနာမီကဲ့သို့သော မွန်းစတားလှိုင်းလုံးကြီးများသည် ချောက်ကမ်းပါးကို ဖြတ်ကျော်ကာ ပြေးဝင်နေကြပြီး ၎င်းတို့၏ သွေးနီရောင်ဖုတ်ကောင်များနှင့် အဆုံးမရှိသောအင်းဆက်လှိုင်းများက ကြောက်မက်ဖွယ်ကောင်းလှသည်။

“ကပ္ပတိန်… အခြေအနေမကောင်းဘူး…. အမဲလိုက်သတ္တဝါတွေ ရှိနေတယ်… တစ်ကောင်တည်းမဟုတ်ဘူး။ ရှုကျင်းဘက်မှာ ကား ခြောက်စီး ဒါမှမဟုတ် ခုနစ်စီးလောက် အကျဆုံးရှိသွားပြီ”

All Chapters