← Chapters

အခန်း ၁၆၄

Vol. 9 Ch. 164

အခန်း ၁၆၄

Vol. 9 Ch. 164

အပိုင်း(၁၆၄) ပရိယာယ်များသူ နှစ်ဦး

ချန်းရီက သူ၏ပတ်ဝန်းကျင်ရှိ မြူခိုးများကို ထိန်းချုပ်ရန် ကြိုးစားကြည့်ပြီးနောက် ခေါင်းခါရမ်း၏။

ချန်းရီ၏ မီးခိုးမြူများက အခြေခံအားဖြင့်ဆိုရလျှင် သဘာဝလွန် အစွမ်းတစ်မျိုးပင် ဖြစ်သည်။

သို့သော် ဤမြူခိုးများကမူ ပုံမှန်မဟုတ်သော ရာသီဥတုအခြေအနေ တစ်ရပ်သာ ဖြစ်ကြောင်း သိသာထင်ရှားနေသည်။

သူတို့နှစ်ဦးက မူလတန်းကျောင်းမှ ထွက်ပြေးလွတ်မြောက်လာပြီးနောက်ပိုင်း အခြေအနေများကို အနည်းငယ် အပြန်အလှန် မေးမြန်းပြောဆိုကြသည်။

"ခေါင်းဆောင်ချူ... အခု ငါတို့ ဘယ်သူ့ကို အရင်သွားကယ်ကြမလဲ"

အခြားသော အဖွဲ့ဝင်များ ပြန်မရောက်လာသေးသဖြင့် ဒီအတိုင်း ပစ်ထားရန်မှာ သဘာဝမကျပေ။

ချူချယ်၏ မျက်နှာပေါ်တွင် လေးနက်သော အရိပ်အယောင်တစ်ခု ထပ်တိုးလာကာ...

"ထယ်ရှီးကို အရင်ကယ်မယ်... သူက ငါတို့နဲ့ အနီးဆုံးမှာ ရှိတယ်"

ချန်းရီက ချူချယ်၏ ဤဆုံးဖြတ်ချက်အပေါ် မည်သည့်ကန့်ကွက်မှုမျှ မရှိခဲ့ပေ။

စွန်းချန်းချန်းနှင့် နှိုင်းယှဉ်လျှင် ထယ်ရှီးက ပို၍ စိုးရိမ်စရာကောင်းနေသည်မှာ သိသာလှ၏။

ထိုကောင်က တဖြည်းဖြည်းနှင့် ပို၍ ထုံထိုင်းလာကာ အများစုသော အချိန်များတွင် ရုတ်တရက်ဖြစ်ပေါ်လာသည့် အခြေအနေများအပေါ် တုံ့ပြန်နိုင်စွမ်း အားနည်းလွန်းလှသည်။

ယခင်က ချန်းရီက ထယ်ရှီးကို နောက်ချန်နေရစ်ရန် ပြောခဲ့ရာ ထိုကောင်က တကယ်ပင် နောက်ချန်နေရစ်ခဲ့သည်။

ဦးခေါင်းတစ်ခု ရှိနေသေးသော်လည်း ထိုဦးခေါင်းက အနည်းငယ်မျှသာ ပို၍ သန်မာရုံသာ ဖြစ်သည်။

ထုံထိုင်းသည်က ထားလိုက်ပါတော့။ အဆိုးဆုံးက ထိုကောင်၌ ကြင်နာတတ်သော နှလုံးသားတစ်ခု ရှိနေခြင်းပင် ဖြစ်သည်။

ယာဉ်တန်းထဲမှလူများသာ စောင့်ရှောက်မထားပါက ထိုကောင်မှာ အစောကြီးကတည်းက အသက်ရှင်နိုင်မည် မဟုတ်ချေ။

ပုံမှန်အချိန်များတွင်မူ ကြင်နာတတ်ခြင်းက အားသာချက်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပေလိမ့်မည်။

သို့သော် ကမ္ဘာပျက်ကပ်အတွင်းတွင် ကြင်နာတတ်ခြင်းက အားသာချက်တစ်ခု ဖြစ်နေလျှင်ပင် မည်သည့် အကျိုးကျေးဇူးကိုမျှ ယူဆောင်မလာနိုင်သည့်အပြင် အသက်ကိုပင် ဆုံးရှုံးသွားစေနိုင်သည်။

ချူချယ်က ထယ်ရှီးကို ရှာဖွေရမည့်ကိစ္စအပေါ် လုံးဝ စိုးရိမ်ပူပန်ပုံ မရသည်ကို ရုတ်တရက် သတိထားမိသွားသဖြင့် ချန်းရီက အနည်းငယ် အံ့သြစွာဖြင့် မေးမြန်း၏။

"ခေါင်းဆောင်ချူ... အရင်တုန်းက မင်းရဲ့ ဒီအမှတ်အသားပြုတဲ့ အစွမ်းက လူရှာလို့ရတယ်လို့ မပြောဖူးပါဘူး"

ယခင်က ချူချယ်က သူ၏ အမှတ်အသားပြုခြင်း စွမ်းရည်အကြောင်းကို အကြမ်းဖျင်း ပြောပြခဲ့ဖူးပြီး ပစ္စည်းများကို အမှတ်အသား ပြုလုပ်နိုင်သလို သက်မဲ့အရာများကိုလည်း အမှတ်အသား ပြုလုပ်နိုင်ကြောင်း ဆိုခဲ့သည်။

သို့သော် အမှတ်အသားပြုလုပ်ပြီး လူရှာနိုင်ကြောင်းကိုမူ တစ်ခါမျှ မပြောခဲ့ဖူးပေ။

ကြည့်ရသည်မှာ သူက တစ်ကွက် ချန်ထားခဲ့ခြင်းပင်။

"အဟမ်း... အဟမ်း... ငါ မပြောခဲ့မိဘူးလား... မေ့သွားလို့ နေမှာပါ"

ချူချယ်က အနည်းငယ် အနေရခက်စွာဖြင့် ချောင်းနှစ်ချက် ဟန့်၏။

ချန်းရီက သူ့အား စိုက်ကြည့်နေသည်ကို မြင်သောအခါ ချူချယ်က ဆက်လက် ဖုံးကွယ်ထား၍ မရတော့မှန်း သိလိုက်သဖြင့် ထုတ်ပြောလာ၏။

"ငါ အမှတ်အသား လုပ်ထားတဲ့ ပစ္စည်းမှန်သမျှကို သတ်မှတ်ထားတဲ့ အကွာအဝေး တစ်ခုအတွင်းမှာဆို ငါ အာရုံခံနိုင်တယ်... ဒါပေမဲ့ လူဆိုရင်တော့ အများဆုံး ဆယ်ယောက်ထက် ပိုလို့ မရဘူး"

"မင်းရဲ့ အစွမ်းက တော်တော်လေး မိုက်တာပဲ... ဒီလိုဆို မင်းက လူကိုယ်တိုင် ရေဒါစက်ကြီး ဖြစ်နေပြီပေါ့"

"အဲဒီလို မှတ်ယူလို့ ရပါတယ်"

"ငါတို့ ခေါင်းပေါ်မှာရော အမှတ်အသားတွေ လုပ်ထားသေးလား"

"အဟမ်း... အဟမ်း... ဒါပေါ့"

ချန်းရီ "..."

"နေပါဦး... ဒီအစွမ်းရှိနေမှတော့ မင်းက ဘာလို့ ငါတို့ကို ကျောက်ခဲတွေ ထပ်ပေးရသေးတာလဲ"

ချန်းရီက လက်ထဲရှိ ကျောက်ခဲကို မြှောက်ပြရင်း မေးမြန်း၏။

ချူချယ်က ခေါင်းခါရမ်းပြကာ...

"ဒီအစွမ်းက အမှတ်အသားလုပ်နိုင်တဲ့ အကွာအဝေး ကန့်သတ်ချက် ရှိတယ်... အဲဒီ အကွာအဝေးထက် ကျော်လွန်သွားရင် ငါ အာရုံခံလို့ မရတော့ဘူး"

ထိုအခါမှသာ ချန်းရီက သဘောပေါက်သွားတော့သည်။

"ကျွတ်... ကျွတ်... ခေါင်းဆောင်ချူကတော့ တော်တော်ဟုတ်နေပါလား... ကိုယ့်အဖွဲ့ဝင်တွေကိုတောင် တစ်ကွက် ချန်ပြီး ကာကွယ်ထားသေးတယ်"

"မင်းက တကယ့်ကို ပရိယာယ်များတဲ့ လူကြီးပဲ"

ချူချယ်မှာ ချန်းရီ၏ လှောင်ပြောင်မှုကြောင့် အနည်းငယ် ရှက်ရမ်းရမ်းသွားကာ ပြန်လည် ချေပ၏။

"မင်းက ငါ့ကိုများ ပြောရဲသေးတယ်ပေါ့"

"ဝူကျန့်ရှန်းကို သတ်တုန်းက မင်းရဲ့ ကိုယ်ပွားက ဘယ်လိုဖြစ်တာလဲ"

"ပြီးတော့ မင်းရဲ့ မီးခိုးမြူတွေကလည်း အရင်ကထက် အများကြီး ကွာခြားသွားတယ်... အဲဒါကိုလည်း မင်း တစ်ခါမှ ထုတ်မပြောခဲ့ဖူးဘူး"

"ငါ့မှာသာ အမှတ်အသားလုပ်တဲ့ အစွမ်း မရှိဘူးဆိုရင် ဒီနေ့ မင်းကို ရှာတွေ့မှာတောင် မဟုတ်ဘူး"

"မင်းကများ ငါ့ကို ပရိယာယ်များတယ်လို့ ပြောထွက်သေးတယ်ပေါ့"

"ချန်းရီ... မင်းလို ရိုးသားတဲ့ ရုပ်ရည်မျိုးနဲ့ ဒီလိုကိစ္စမျိုး လုပ်လိမ့်မယ်လို့ ငါ မထင်ထားဘူး... မင်းတောင် တစ်ကွက် ချန်တတ်နေပြီပေါ့"

ဒီတစ်ကြိမ်တွင်မူ ချန်းရီမှာ အနည်းငယ် အနေရခက်သွားရသည်။ မည်သူမဆို လူကိုယ်တိုင် မျက်နှာချင်းဆိုင် ဖွင့်ချခံရပါက အနေရခက်သွားမည်မှာ သေချာလှ၏။

"ငါ တမင်သက်သက် မပြောပြတာ မဟုတ်ပါဘူး... အဲဒီအချိန်တုန်းက ဝူကျန့်ရှန်းရဲ့ အစွမ်းကြောင့် ငါ့ကိုယ်ငါ မဖြစ်မနေ ကာကွယ်ခဲ့ရတာပါ"

"ပြီးတော့ အချိန်ကလည်း အရမ်းတိုလွန်းတော့ မမှီလိုက်ဘူးလေ"

သို့သော် ချူချယ်က ချန်းရီကို လွှတ်မပေးသေးဘဲ ဆက်လက် ပြောဆို၏။

"ငါ သိထားသလောက်ဆိုရင် လမ်းစဉ်တစ်ခု အဆင့်တက်တိုင်း အစွမ်း တစ်ခုကနေ လေးခုအထိ ရနိုင်တယ်... အခု မင်းဆီက နှစ်ခုတော့ ပေါ်လာပြီ"

ဤနေရာသို့အရောက်တွင် ချူချယ်က ချန်းရီအား အထက်အောက် စုန်ဆန်ကြည့်ရှုကာ...

"ငါ့ရဲ့ ခန့်မှန်းချက်အရဆိုရင် သဘာဝလွန် လမ်းစဉ်ဖြစ်တဲ့ မီးခိုးတမန်တော် အနေနဲ့ မင်းဆီမှာ နောက်ထပ် အစွမ်းတစ်ခု ကျန်နေသေးတာ သေချာတယ်"

ချူချယ် ဤကဲ့သို့ ခွဲခြမ်းစိတ်ဖြာနေသည်ကို ကြားသောအခါ ချန်းရီ၏ မျက်နှာမှာ အနည်းငယ် စိမ်းဖန့်သွား၏။

ဘယ်သူကများ ကိုယ်ပိုင် လျှို့ဝှက်ချက်လေး အနည်းအကျဉ်း မရှိဘဲ နေမည်နည်း။ ဤအတိုင်းသာ ဆက်သွားနေပါက သူ၏ ဖုံးကွယ်ထားသမျှ အရာအားလုံးကို ချူချယ်က ဖော်ထုတ်သွားတော့မည် ဖြစ်သည်။

ထိုလူက အရင်တုန်းက ဘာအလုပ်လုပ်ခဲ့မှန်း မသိရသော်လည်း သဘာဝလွန် လမ်းစဉ်များနှင့် ပတ်သက်၍ အလွန်တရာ ကျွမ်းကျင်နားလည်နေသည်။

"တော်တော့... ဒီကိစ္စကို ဒီမှာတင် ရပ်လိုက်ရအောင်"

ချန်းရီက အလျင်စလို ပြောဆို၏။

"အေး... ကတိပဲနော်"

သူတို့နှစ်ဦးလုံးက တစ်ဖက်လူ၏ မျက်ဝန်းများအတွင်း၌ မိမိတို့၏ အရိပ်ကို ပြန်လည် မြင်တွေ့နေကြရသည်။

ချန်းရီက သူ၏လက်ထဲရှိ ကျောက်ခဲများ အားလုံးကို လွှင့်ပစ်၏။

ကျောက်ခဲပေါ်ရှိ အမှတ်အသားများကလည်း ချန်းရီ၏ မျက်စိရှေ့တွင်ပင် ပျောက်ကွယ်သွားသည်။

ချူချယ်က အမှတ်အသားများကို ရုပ်သိမ်းသွားခဲ့ခြင်း ဖြစ်ကြောင်း သိသာလှ၏။

"အဟမ်း... အဟမ်း... ခေါင်းဆောင်ချူ... ထယ်ရှီးကို သွားရှာမယ်ဆိုရင်တော့ နည်းနည်း မြန်မြန်လေး လှုပ်ရှားရလိမ့်မယ်"

ချန်းရီက စကားလမ်းကြောင်း လွှဲ၏။

ချူချယ်က ခေါင်းညိတ်ပြကာ...

"ငါ့ရဲ့ အာရုံခံနိုင်စွမ်းအရဆိုရင် ထယ်ရှီးက ငါတို့နဲ့ မိုင် ၆၀ ကျော်လောက် ဝေးနေပြီ"

"ဒီလောက်တောင် ဝေးနေတာလား"

"ဟုတ်တယ်... အဲဒီကောင်က အိမ်မြောင်အမြီးဖြတ်နည်းကို သုံးရမှာ နှမြောနေပုံရတယ်... အဲဒါကြောင့်ပဲ ထူးဆန်းတဲ့အရာတွေရဲ့ လိုက်လံတိုက်ခိုက်တာကို အမြဲတမ်း ခံနေရတာ... ဒါကြောင့် ငါတို့တွေ နည်းနည်း မြန်မြန် လှုပ်ရှားမှ ရမယ်"

ချန်းရီ၏ မျက်နှာတွင်လည်း လေးနက်သော အရိပ်အယောင်များ ပိုမို ထင်ဟပ်လာ၏။

ကမ္ဘာပျက်ကပ် မတိုင်မီကဆိုလျှင် မိုင် ၆၀ ကျော် ခရီးသည် နာရီအနည်းငယ်မျှသာ ကြာမြင့်မည့် အချိန်ပင် ဖြစ်သည်။

သို့သော် ယခုအချိန်တွင်မူ မိုင် ၆၀ ကျော်ဆိုသည်မှာ အလွန်များပြားလှသော အန္တရာယ်များနှင့် မသေချာ မရေရာမှုများကို ကိုယ်စားပြုနေသည်။

ချူချယ်၏ နောက်ထပ်ထွက်ပေါ်လာသော စကားတစ်ခွန်းက ချန်းရီ၏ မျက်နှာကို ချက်ချင်း ဖြူဖျော့သွားစေလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ချေ။

"ဒါကြောင့် ငါတို့ အမြန်ဆုံး သွားမယ်ဆိုရင် အကောင်းဆုံးက တဝူမြို့ကို ဖြတ်သွားရမှာပဲ... ဒါက အမြန်ဆုံး နည်းလမ်းပဲ"

(တဝူမြို့ = မြူခိုးမြို့)

"တဝူမြို့ကို... ဖြတ်သွားရမယ်"

ချန်းရီက သူ၏လျှာပင် အနည်းငယ် ထစ်ငေါ့သွားသကဲ့သို့ ခံစားရ၏။

တောက်... နောက်နေတာတော့ မဟုတ်ပါဘူးနော်။ မြို့တစ်မြို့လုံးကို ဖြတ်သွားရမည်တဲ့လား။

ယခုလေးတင် ဖြတ်သန်းလာခဲ့ရသော ရုံမြို့ကပင် ပြန်တွေးကြည့်တိုင်း ချန်းရီအား အနေရခက်စေခဲ့ပြီး ဖြစ်သည်။

ယခုအချိန်တွင် မြို့တစ်မြို့လုံးကို အမှန်တကယ် ဖြတ်သန်းသွားရမည်တဲ့လား။

ဒါက တကယ့်ကို ရူးသွပ်စရာပဲ။

ချူချယ်က သက်ပြင်းတစ်ချက်ချကာ...

"ဒါက အမြန်ဆုံး နည်းလမ်းပဲ... တကယ်လို့ ငါတို့တွေ ကွေ့ပတ်သွားမယ်ဆိုရင် အနည်းဆုံး တစ်ဆလောက် ပိုကြာလိမ့်မယ်... ဒါက အနည်းဆုံး ခန့်မှန်းခြေပဲနော်"

"တကယ်လို့ အဲဒီလောက်ကြာမှ ထယ်ရှီးကို ရှာတွေ့မယ်ဆိုရင် ငါတို့တွေ သူ့ကို အရှင်လတ်လတ် ရှာတွေ့နိုင်မယ်လို့ မင်း ထင်လား"

"နေပါဦး... ခေါင်းဆောင်ချူ... မင်းရဲ့ ဒီအမှတ်အသားပြုတဲ့ အစွမ်းက အဖွဲ့(ဂရုချက်) လေးဘာလေး ဖွဲ့လို့ မရဘူးလား... အချင်းချင်းကိုယ်ဘယ်ရောက်နေတယ်ဆိုတာကို မျှဝေတာမျိုးလေ... အားလုံးက ကိုယ့်အသိစိတ်နဲ့ကိုယ် နီးကပ်လာအောင် လုပ်လို့မရဘူးလား"

ချူချယ်က ခေါင်းခါရမ်းပြကာ...

"မရဘူး... အနည်းဆုံးတော့ အခုအချိန်မှာ မရသေးဘူး"

"ဒါပေမဲ့ ချန်းရီ... မင်း အရမ်းကြီး စိုးရိမ်ပူပန်နေစရာ မလိုပါဘူး... မင်းအပါအဝင်ဆိုရင် အခု ငါတို့ဆီမှာ လူလေးယောက်ပဲ ရှိတာ"

"ထူးဆန်းတဲ့အရာတွေရဲ့ တတိယမြောက် စည်းမျဉ်းက လူဦးရေ များလေလေ ထူးဆန်းတဲ့အရာတွေကို ပိုပြီး ဆွဲဆောင်နိုင်လေလေပဲ... ပြောင်းပြန်ပြောရရင် လူဦးရေ နည်းလေလေ ထူးဆန်းတဲ့အရာတွေ ရှာတွေ့ဖို့ ခက်ခဲလေလေပဲ"

ခေါင်းဆောင်ချူ၏ ဤစကားကြောင့် ချန်းရီက အနည်းငယ် စိတ်သက်သာရာ ရသွားသကဲ့သို့ ခံစားရ၏။

"မင်းရဲ့ ဒီထူးဆန်းတဲ့ စည်းမျဉ်းကို အရင်တုန်းက ဘာလို့ တစ်ခါမှ မကြားဖူးတာလဲ"

"ငါ ခုလေးတင် ကောက်ချက်ချလိုက်တာလေ"

ချန်းရီ "..."

"ဒါဆိုလည်း ကောင်းပြီလေ... ငါတို့ အခုပဲ ထွက်ကြမလား"

"ခဏလောက် စောင့်ဦး... ဦးလေးအားပေါင် နည်းနည်းလောက် အနားယူဖို့ လိုနေတယ်... ဘယ်လိုပဲဖြစ်ဖြစ် ဒီလောက်တောင် ကြာနေမှတော့ မိနစ်အနည်းငယ်လောက် ပိုကြာသွားတာကို ဂရုစိုက်နေစရာ မလိုပါဘူး"

"ဦးလေးအားပေါင်... ဟုတ်သားပဲ... အခုထိ ဦးလေးအားပေါင်ကို မတွေ့မိသေးဘူး"

"ဦးလေးအားပေါင် နေမကောင်းဖြစ်နေတယ်"

ကားထဲတွင် လဲလျောင်းနေသော ဦးလေးအားပေါင်ကို ချန်းရီ မြင်လိုက်ရချိန်တွင် တစ်ကိုယ်လုံး အရိုးပေါ်အရေတင် ပိန်ချုံးနေပြီး ဝူကျန့်ရှန်းနှင့်ပင် ယှဉ်နိုင်လောက်သည့် အနေအထား ဖြစ်နေသည်။

ဦးလေးအားပေါင်က ချန်းရီကို မြင်သောအခါ မျက်လုံးဖွင့်ကြည့်ရန်ပင် အနည်းငယ် အားယူနေရ၏။

ယခင်က ယာဉ်တန်းထဲတွင် ဩဇာတိက္ကမ ကြီးမားသော ဤအကြီးအကဲမှာ ရက်အနည်းငယ်မျှ မတွေ့ရရုံဖြင့် ဤကဲ့သို့ ဖြစ်သွားလိမ့်မည်ဟု မည်သူကများ ထင်မှတ်ထားခဲ့မည်နည်း။

ရှောင်ဝမ်က ရေနွေးစတင် တည်နေပြီး ဦးလေးအားပေါင်အား ပူပူနွေးနွေး အစားအစာ အနည်းငယ် ချက်ကျွေးရန် ရည်ရွယ်ထားသည်။

ဦးလေးအားပေါင်၏ ဤအခြေအနေကြောင့်သာ မဟုတ်ပါက ချူချယ်ကလည်း ကားရပ်ပေးလိမ့်မည် မဟုတ်ကြောင်း သေချာလှသည်။

"ဦးလေးအားပေါင်... ဒီဒဏ်ကို ခံနိုင်ရည် ရှိပါ့မလား မသိဘူး"

ချူချယ်၏ အသံတွင် အနည်းငယ် ဝမ်းနည်းကြေကွဲနေသည့် အရိပ်အယောင်များ ပါဝင်နေသည်။

ချန်းရီက မည်သည့်စကားမျှ မဆိုဘဲ တိတ်ဆိတ်စွာ နေ၏။

"ထားလိုက်ပါတော့... လူတိုင်းမှာ ကိုယ်စီ ကံကြမ္မာတွေ ရှိကြတာပဲ... ဦးလေးအားပေါင်အနေနဲ့ ဒီလိုအချိန်မျိုးမှာ ဒီလိုအဆုံးသတ်မျိုး ရနိုင်တာကပဲ ထူးဆန်းတဲ့အရာတွေရဲ့ စားသောက်တာကို မခံရတာထက် အများကြီး ကောင်းနေပါပြီ"

"ဒီလိုကိစ္စမျိုးက အနှေးနဲ့အမြန် တစ်နေ့နေ့တော့ ကြုံရမှာပဲ... နောက်တစ်ယောက်က ငါဖြစ်ချင်ဖြစ် မဟုတ်ရင်လည်း မင်းဖြစ်ချင်ဖြစ်လာမှာ"

ချူချယ်၏ စကားများက အလွန်တရာ ပွင့်လင်းလွန်းလှသော်လည်း စကားတစ်ခွန်းမျှ မှားယွင်းနေခြင်း မရှိပေ။

ဤတစ်ကြိမ် တဝူမြို့ကို ဖြတ်သန်းသွားရမည့် ခရီးစဉ်သည် သူတို့နှစ်ဦး၏ အရိုးများ မြှုပ်နှံရာ နေရာပင် ဖြစ်သွားနိုင်ပေသည်။

ဦးလေးအားပေါင်၏ ကျန်းမာရေး ပြဿနာများနှင့် နှိုင်းယှဉ်လိုက်ပါက...

ချန်းရီက တဝူမြို့ကို ဖြတ်သန်းသွားရမည့် ကိစ္စအပေါ် ပို၍ပင် စိုးရိမ်ပူပန်နေမိသည်။

ဒီလိုကိစ္စမျိုးက တကယ့်ကို ရူးသွပ်လွန်းလှသည်။

"ရော့... မင်းအတွက်"

ချူချယ်က စာအုပ်တစ်အုပ်ကို ကောက်ယူကာ ချန်းရီထံသို့ ပေးကမ်းရာ ချန်းရီမှာ အံ့အားသင့်သွားပြီး...

"ဒါက ဘာလဲ"

"ငါ ရေးထားတာ... နာမည်တော့ မပေးရသေးဘူး... မင်း ဖတ်ကြည့်လိုက်... မင်းအတွက် အသုံးဝင်ကောင်း ဝင်လာနိုင်တယ်"

"ဒါက... သဘာဝလွန်ပစ္စည်းလား"

ချန်းရီမှာ အလွန်တရာ ဝမ်းသာသွားတော့သည်။

ဆက်ရန်...

All Chapters