← Chapters

ယောက္ခမကြီး လိုက်လာပြီ

Vol. 6 Ch. 284

ယောက္ခမကြီး လိုက်လာပြီ

Vol. 6 Ch. 284

“ဒီစာအုပ်ကိုဖတ်ရင် ညကျရင် စကူးဘတ်မလေးတွေ အိပ်မက်လာပေးတယ်တဲ့။ ဒီရှေး​ဟောင်းစာအုပ်ကိုရဖို့ ပိုက်ဆံတွေအများကြီးသုံးခဲ့ရတာ။ အလုပ်ဖြစ်ပါစေ...”

ဇိမ်ခံကွန်ဒိုတိုက်ခန်းတစ်ခန်းထဲမှာတော့ ထိပ်ပြောင်ပြောင် သက်လတ်ပိုင်းလူကြီးတစ်ယောက်က သားရေမျက်နှာဖုံးနဲ့ ရှေးစာအုပ်ကြီးကို စားပွဲခုံပေါ်ချပြီး ရမ္မက်ခိုးတွေဝေနေတဲ့ မျက်နှာကြီးနဲ့စိုက်ကြည့်နေတယ်။

သူက နာမည်မကျော်ကြားပေမဲ့ ငွေကြေးချမ်းသာတဲ့ မှော်ဆရာတစ်​ယောက်ဖြစ်ပြီးတော့ ဒီစာအုပ်ကို မှောင်ခို လေလံပွဲတစ်ခုကနေရလာတာ။ မှော်ဆရာထိပ်ပြောင်က ရှင်းပြစရာမလိုအောင်ဘဲ နှာဘူးကောင်တစ်ကောင်ဖြစ်ပြီး စကူးဘတ်မျိုးနွယ်စုရဲ့အသက်စွမ်းအင်စုပ်ယူတာကို ခံချင်လို့ အခုလိုလုပ်နေတာပေါ့။

ပုံမှန်မှော်ဆရာတွေကတော့ ဒီစာအုပ်ကိုချပြီး ဝေးဝေး ထွက်ပြေးမှာဆိုပေမဲ့ ထိပ်ပြောင်ကြီးက ဂါထာတချို့ကိုရွတ် အသာအယာလက်နဲ့ပွတ်သပ်ရင်း ဆွဲဖွင့်လိုက်လေရဲ့။

“အို... ငါထားခဲ့တဲ့စာအုပ်က ဒီကိုရောက်နေတာလား။”

ရုတ်တရက် စာအုပ်ထဲကနေ အလင်းတွေဖြာထွက်လာပြီး စကားသံတစ်သံနဲ့အတူ မှော်ဆရာကြီး အဝေးကိုလွင့်စင် ထွက်သွားပါတော့တယ်။ သူခေါင်းထောင်ကြည့်တော့ ခြေသလုံးအထိအောင်ရောက်တဲ့ ခရမ်းရောင်ဆံပင်၊ မာနတွေအပြည့်နဲ့ရေခဲလိုမျက်နှာ၊ တင့်တယ်လှတဲ့ချိုအစုံနဲ့ လှပတဲ့ စကူးဘတ်မိန်းကလေးကိုမြင်လိုက်ရတယ်။

မိန်းကလေးတစ်ယောက်ဆိုပေမဲ့ အရပ်မပုဘဲ ငါးပေ ရှစ်လက်မလောက်။ ပေါင်တံရှည်ရှည်တွေနဲ့ ဝင့်ကြွားစရာ မက်မွန်သီးအစုံကလည်း အဆင်သင့်။ အသားအရေက ဖြူဖျော့နေပြီး နေအထိမခံရတဲ့ အလှလေးလိုမျိုးပေါ့။ အစောပိုင်းကကြားလိုက်ရတဲ့အသံသာ ဒီမိန်းကလေးရဲ့ အသံဆိုရင် အိုင်ဒေါမလေးတွေနဲ့တောင်ယှဥ်လို့ရတယ် ပြောရမလား။

“အ... အလှလေး... ကျွန်တော့်ကို နတ်ပြည်ရောက်အောင် လုပ်ပေးပါ။” ထိပ်ပြောင်ကြီးက အဲဒီမိန်းကလေးကိုလည်း မြင်ရော ခွေးတစ်ကောင်လိိုမျိုး လေးဖက်ထောက်ပြေးပြီး ပေါင်လုံးလေးတွေကိုဖက်ဖို့ကြိုးစားတော့တာပဲ။

“ဟမ့်... ရွံစရာကောင်...”

စကူးဘတ်မိန်းကလေးက ထိပ်ပြောင်ကို မျက်စောင်း တစ်ချက်ထိုးလိုက်တယ်။ သဘာဝအတိုင်းလှပတဲ့ လက်သည်းရှည်တွေအပြည့်နဲ့ သူ့ညာလက်ကိုလှန်လိုက်ပြီး စွမ်းအင်လှိုင်းတချို့ကို ထုတ်ဖော်လိုက်ပါပြီ။

“အား...” ထိပ်ပြောင်လူကြီးရဲ့ခန္ဓာကိုယ်က နံရံမှာ သွားအကပ် စကူးဘတ်မိန်းကလေးက ဖိနပ်မပါတဲ့ ဗလာခြေကို မြှောက်ပြီး ပေါင်ဂွခြားကို ပြင်းပြင်း ကန်လိုက်တော့တာပါပဲ။

ခွပ်...

အစ်....

ထိပ်ပြောင်ရဲ့ပါးစပ်ထဲကနေ အမြုပ်တွေထွက်လာပြီး မြေပေါ်ကို ခွေခွေလေး ပြုတ်ကျသွားတယ်။ စကူးဘတ် မိန်းကလေးကတော့ အခန်းထဲကနေထွက်ခွာသွားပြီဖြစ်ပြီး မကြာခင်မှာပဲ အပြင်ဘက်ကိုရောက်လာလေရဲ့။

“ဒီတော့ သမီးလေးက ဘယ်မှာနေတာပါလိမ့်။” စကူးဘတ် မိန်းကလေး (ဝါ) လီလစ်က လေထုထဲမှာအနံခံကြည့်တယ်။ စကူးဘတ်တွေမှာက သာမန်နဲ့မတူတဲ့ကိုယ်နံရှိတဲ့အတွက် လီလစ်လိုစွမ်းအားကြီးသူတစ်ယောက်အနေနဲ့ အခုလိုမျိုး အာရုံခံကြည့်ဖို့ မခက်ပါဘူး။

“ဒီမြို့က တော်တော်အနံဆိုးတာပဲ။ လူသားကမ္ဘာကြီးက အရင်တစ်ခါရောက်လာတုန်းကထက် ပိုပြီးညစ်ညမ်းနေပြီ။”

မကြာခင်မှာပဲ လီလစ်က မျက်လုံးကိုပြန်ဖွင့်လိုက်တယ်။ တစ်ပြိုင်တည်းမှာပဲ တစ်ခုခုကိုသတိထားမိသွားပြီး ကြည့်လိုက်တော့ ကလေးမလေးတစ်ယောက်က သူ့အမေလက်ကိုဆွဲပြီး လီလစ်ကိုလက်ညိုးထိုးပြနေတာ။

“မေမေ၊ အဲဒီမမလှလှက ဖိနပ်လည်းစီးမထားဘူး။”

“သမီး၊ သူများကို လက်ညိုးနဲ့မထိုးရဘူး။”

“.....” ဒီတော့မှ လီလစ်က သူ့ခြေထောက်သူငုံကြည့်တယ်။ တင်ပါးဖုံးသာရုံ ဂေါ့သစ်ဂါဝန်အတိုလေးကိုပဲဝတ်ထားပြီး ခြေဗလာနဲ့ဖြစ်နေတာ။ ဒါကြောင့် သူခေါင်းခါလိုက်ပြီး လက်ဖျောက်တစ်ချက်တီးလိုက်ပါပြီ။

စက္ကန့်အနည်းငယ်လောက်ကြာတော့ စတော့ကင်အနက်နဲ့ ဒေါက်မြင့်ဖိနပ်ကို သူဝတ်ထားပြီးသားဖြစ်နေပြီဖြစ်ပြီး ဆံပင်နဲ့ချိုတွေကိုလည်း လူတွေမမြင်ရတော့ပါဘူး။ အဲဒီအစား နက်မှောင်တဲ့ဆံကေသာနဲ့မော်ဒယ်မင်းသမီးလို လှပတဲ့ မိန်းကလေးတစ်ယောက်ကိုသာ မြင်ရတော့တယ်။

....

“ဖြစ်ပြန်ပြီလား....”

တစ်ဖက်မှာတော့ ဆယ်ဗီက သူမရင်းနှီးတဲ့ ရှေးတိုက်ကြီး တစ်ခုရဲ့ခေါင်မိုးပေါ်မှာနိုးလာတယ်။ ချက်ချင်းဆိုသလို အင်နာနာမွှေထားပြန်ပြီဆိုပြီးသိမိလိုက်ပေမဲ့လို့ တိုက်ပေါ်က ဘယ်လိုပြန်ဆင်းရမလဲမသိတော့ဘူး။

“နင်ဘာလို့ ငါ့ခန္ဓာကိုယ်ကို စိတ်ထင်တိုင်း ယူသုံးနေရတာလဲ။”

ဆယ်ဗီက ကိုက်ခဲနေတဲ့သူ့ခန္ဓာကိုယ်ကို ထိတွေ့လိုက်ရင်း ပြောလိုက်မိပါတယ်။ ဆယ်ဗီရဲ့ခန္ဓာကိုယ်ဟာ လူသား ခန္ဓာကိုယ်အဖြစ်နဲ့ပဲရှိနေသေးတာ။ အင်နာနာလုပ်သလိုမျိုး ဟိုတိုက်ခုန်ကူး ဒီတိုက်ခုန်ကူးလုပ်ဖို့ လေ့ကျင့်ထားတာမျိုး မဟုတ်ပါဘူး။ အကျိုးဆက်အနေနဲ့တော့ သတိပြန်ဝင်တဲ့ အချိန်တိုင်းလိုလိုမှာ ဝေဒနါခံစားနေရတော့တာပါပဲ။

“ငါဒီလိုဖြစ်နေလို့မဖြစ်သေးဘူး... သူဝင်ပူးနေတဲ့အချိန်က တဖြည်းဖြည်းများလာပြီ။ ဒီနှုန်းနဲ့သာဆိုရင် နက်ဆန် ပြန်ရောက်လာတာကိုတောင် ငါမြင်ရပါဦးမလား။”

ဆယ်ဗီက သူ့ရဲ့စိုးရိမ်မှုတွေကို တစ်ကိုယ်တည်းပြောရင်း အရေးပေါ်လှေကားတစ်ခုကိုရှာတွေ့သွားတယ်။ လှေကား လက်ရန်းကိုကိုင်ပြီး တဖြည်းဖြည်းဆင်းလာခဲ့မိပေမဲ့လို့ မထိန်းနိုင်ဘဲ ငိုမိတဲ့အထိပဲ။

“ငါနင့်ကိုချစ်တယ် နက်ဆန်၊ ငါ ပျောက်ကွယ် မသွားချင်သေးဘူး။”

ဟားဟားဟား....

ရယ်သံတစ်ခုကို သူကြားလိုက်ရတယ်။ အဲဒီရယ်သံက သူ့စိတ်ထဲကပါ။ အင်နာနာရဲ့ရယ်သံမှန်းသိလိုက်ရပြီး ဆယ်ဗီ ပိုဒေါသထွက်လာတယ်။

“နင်ဘာရယ်တာလဲ....”

“အဲဒီကောင်လေးက နည်းနည်းစိတ်ဝင်စားစရာ ကောင်းတယ်လို့ ခံစားမိရုံပါပဲ။”

“မကောင်းဆိုးဝါးမ၊ နင်သူနဲ့ဝေးဝေးမှာနေ။”

ဆယ်ဗီက အော်ဟစ်ပြီးပြောလိုက်ပေမဲ့ အင်နာနာကတော့ ရပ်တန့်မသွားခဲ့ပါဘူး။ အဲဲဒီအစား ပိုလို့တောင်အတင့်ရဲ လာခဲ့ပါသေးတယ်။

“နင်... သဝန်တိုနေတာလား။”

“ဟုတ်တယ်၊ နင်ငါ့ခန္ဓာကိုယ်ကို ယူသုံးနေတာရပ်ပြီး သူအနား မကပ်နဲ့တော့။ ဒီလိုမှမဟုတ်ရင် ငါ့ကိုယ်ငါ သတ်သေပစ်လိုက်မယ်။” ဆယ်ဗီက ပြောပြောဆိုဆိုနဲ့ ခွဲစိပိခန်းသုံးဓားကိုယူပြီး သူ့လည်ပင်းကိုထောက်တယ်။

“အားဟားဟားဟား... နင်က ရယ်ရတာပဲ။ ဒီခန္ဓာကိုယ်က ငါ့ရဲ့ခန္ဓာကိုယ်လေ။ နင်နဲ့ငါနဲ့က တစ်​ယောက်တည်းပဲ။ ဒါပေမဲ့ နင်ကတော့ ငါဖန်တီးထားတဲ့အသိစိတ်လေး တစ်ခုပဲ။ နင်သေသွားတိုင်း ငါအစစ်ကပိုပြည့်စုံလာတယ်။ ဒီတော့ လုပ်လိုက်လေ။”

ဆယ်ဗီရဲ့တခြားလက်တစ်ဖက်က ထိန်းချုပ်မှုလွတ်ပြီး ဓားကိုင်ထားတဲ့လက်ကိုကိုင်ကာ လည်ပင်းကိုလှီးဖြတ်ပစ်ဖို့ ဖိအားပေးတယ်။ ဆယ်ဗီလည်း ထိတ်လန့်သွားပြီးတော့ ခုခံရတော့တာပေါ့....

တစ်ချိန်တည်းမှာပဲ သူ့စိတ်ထဲမှာ အတွေးတစ်ခု ပေါ်လာပြန်တယ်။ အတင်းခုခံနေတာကိုရပ်လိုက်ပြီး အင်နာနာကို ပွင့်ပွင့်လင်းလင်းပဲ မေးလိုက်တာ။

“နင်ကလည်း ငါဆိုရင်... နင်လည်း နက်ဆန်ကို ချစ်နေတယ်လို့ ဆိုလိုတာလား။”

အဆုံးမဲ့ တိတ်ဆိတ်မှု။ အင်နာနာက ချက်ချင်းတော့ အဖြေ မပေးခဲ့ဘူး။ အတန်ကြာအောင် သူ့အသံပျောက်နေခဲ့ပြီးမှ ဝေဝေဝါးဝါးပြန်ဖြေလေရဲ့။

“သူက ငါ့ကိုနတ်ဘုရားပဲဖြစ်ဖြစ် နတ်ဆိုးပဲဖြစ်ဖြစ် ဆက်ချစ်နေမယ်လို့ပြောခဲ့တယ်။ ငါဆိုတဲ့အင်နာနာက လူသားသန်းပေါင်းများစွာကို သတ်ဖြတ်ဖို့ ရွေးချယ်ခဲ့တဲ့သူ။ ငါ့ကိုချစ်တဲ့သူတွေကို ကံဆိုးမိုးမှောင် ကျစေခဲ့ပြီး ဘယ်သူ့ရဲ့အချစ်နဲ့မှမထိုက်တန်တော့တဲ့သူပဲ။ ဒါတောင်မှ သူငါ့ကိုချစ်နိုင်သေးတာလား ငါသိချင်တယ်။”

“.....” အင်နာနာရဲ့ခံစားချက်တွေကို သိရပြီးတဲ့နောက်မှာ ဆယ်ဗီဘာပြောရမှန်းမသိတော့ဘူး။

သူတစ်ခုခုပြောဖို့ကြိုးစားပေမဲ့ အင်နာနာရဲ့တည်ရှိမှုကို ခံစားလို့မရတော့ဘူး။ တခြားလုပ်စရာလည်းမရှိတာမလို့ သက်ပြင်းချပြီးတော့ အိမ်ပြန်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။

....

ဒေါက်... ဒေါက်... ဒေါက်....

အယ်မာက အသစ်ရှာပေးထားတဲ့ စံအိမ်ဆီရောက်တော့ ဆယ်ဗီက တံခါးခေါက်လိုက်တယ်။ သူ့တစ်ကိုယ်လုံးပေကျံ အဝတ်အစားတွေလည်း စုတ်ပြတ်လို့။ သူနာပြုလား သူတောင်းစားလား မသည်းကွဲဘူး။

“မမလေးဆယ်ဗီ၊ ကျွန်မတို့တွေ တစ်မြို့လုံးလိုက်ရှာ နေရတာ။ ဘယ်တွေသွားနေတာလဲ။”

တံခါးကိုလာဖွင့်ပေးတဲ့သူက ဒေါ်ရသီ။ မေးခွန်းတွေ တန်းစီပြီးအမေးခံလိုက်ရပေမဲ့ ဆယ်ဗီပြုံးပြရုံပဲ တတ်နိုင်ခဲ့တယ်။ အင်နာနာသာ နှောင့်ယှက်မခံရချင်ရင် ဒီမြို့ထဲက ဘယ်သူမှ သူ့ကိုရှာတွေ့မှာမဟုတ်ဘူး။

ဒါပေမဲ့ ခဏနေတော့ ဒေါ်ရသီက သူ့ကိုကျော်သွားပြီး တခြားတစ်ယောက်ကို ကြည့်လိုက်တဲ့အတွက် သူအံ့ဩ သွားတော့တာပေါ့။

“ဒီက သခင်မလေးကရော ဘယ်သူများလဲ။”

‘ဘယ်တုန်းက ငါ့နောက်မှာ လူရှိနေခဲ့တာလဲ။' သူလှည့်တော့ အနက်ရောင်ဆံပင်ရှည်တွေနဲ့ မိန်းမလှလေးတစ်ယောက်ကို သူမြင်ရပါတယ်။ ရင်းနှီးနေတဲ့လူတစ်ယောက်နဲ့တူတဲ့ ကိုယ်ယောင်ကိုယ်ဝါရှိပေမဲ့ ပိုရင့်ကျက်သလိုပဲ။ ဒါပေမဲ့ အသက်သုံးဆယ်တောင် ပြည့်ပုံမပေါ်ဘူး။

ဒေါ်ရသီက အဲဒီမိန်းကလေးကိုမိတ်ဆက်လိုက်ပေမဲ့လို့ အဲဒီမိန်းကလေးက ပြန်မဖြေဘူး။ ခဏနေတော့ သူ့ပုံစံက ချက်ချင်းပြောင်းသွားပြီး ဆံပင်တွေခရမ်းရောင်ဖြစ်ကာ ချိုတွေထွက်ပေါ်လာလေရဲ့။

“နင်တို့တွေ ငါ့သမီးလေးကို ဘာလုပ်လိုက်ကြတာလဲ။”

ဘုန်း...

ပေါက်ကွဲထွက်လာတဲ့အရှိန်အဝါတွေနဲ့တင် ဆယ်ဗီရော ဒေါ်ရသီပါ အိမ်ထဲကိုပစ်အသွင်းခံလိုက်ရတယ်။ စကူးဘတ်လို့ ယူဆရတဲ့အဲဒီအမျိုးသမီးကလည်းပဲ အိမ်ထဲကို လိုက်ဝင်လာပါတယ်။

ဆယ်ဗီနဲ့ဒေါ်ရသီတို့ကတော့ ကြမ်းပြင်မှာမှောက်လျက် လဲကျနေပြီးတော့ သူတို့ရှေ့ကိုအိမ်စေဝတ်စုံအပြည့်နဲ့ မော်လီရောက်လာတော့မှ မော့ကြည့်ဖြစ်တော့တာ။

“တခြားသူတွေရဲ့အိမ်ထဲကို တံခါးမခေါက်ဘဲဝင်တာ ရိုင်းတယ်လို့မထင်ဘူးလား။”

မော်လီက ကြိုးတပ်တံစဥ်ကိုကိုင်ထားရင်းတန်းလန်းက သူ့အရှိန်အဝါတွေကို ဖောက်ခွဲထုတ်လိုက်ပါပြီ။ ပတ်ဝန်းကျင်လောကကြီးတစ်ခုလုံးက ကြောက်ရွံမှု လှိုင်းလုံးထဲကို သွတ်သွင်းခံလိုက်ရပေမဲ့ အမည်မသိ စကူးဘတ်ကတော့ တုန်လှုပ်မသွားဘူး။

“ဖုတ်ကောင်လေးကများ....” အဲဒီအစား သူ့ကိုယ်ကို ကိုင်းညွှတ်လိုက်ပြီး လက်နှစ်ဖက်လုံးကိုလွှဲယမ်းကာ မော်လီဆီတည့်တည့်ပြေးဝင်လာတယ်။ မော်လီက သံကြိုးတွေနဲ့စီးကြိုတိုက်ခိုက်ပေမဲ့ မျက်စိတစ်မှိတ်စာ ကာလအတွင်းမှာတင် လီလစ်ကအနားကပ်လိုက်နိုင်ပြီး ညာခြေကိုဗဟိုပြု ဘယ်ခြေကို သူ့ခေါင်းနားရောက်တဲ့အထိ မြှောက်ကာ ပေါင်ကိုရင်ဘတ်နားရောက်တဲ့အထိကပ်ပြီး ဘေးတိုက်ကန်ချက်တစ်ချက်ကို ထုတ်ဖော်လိုက်ပါတော့တယ်။

ဖျောက်....

အရိုးကျိုးသံထွက်လာတယ်။ မော်လီရဲ့ခန္ဓာကိုယ်က ပုံပျက်သွားပြီး မြေပေါ်ကိုလဲကျတယ်။ စကူးဘတ်က အောက်ထပ်မှာရှိနေတဲ့အခန်းတံခါးကိုဖွင့်ပြီးဝင်သွားပြီ။ မော်လီက ကုန်းထဖို့လုပ်ပေမဲ့ ခါးရိုးကျိုးသွားတာဖြစ်ပြီး ဆက်လှုပ်ရှားဖို့မဖြစ်နိုင်တော့ဘူး။

“သခင်လေး... ဒီအစေခံက သခင်လေးကို စိတ်ပျက်စေခဲ့မိပြီ။”

တစ်ဖက်မှာတော့ ဒဏ်ရာအသေးအဖွဲပဲရထားတဲ့ ဆယ်ဗီက အခန်းထဲကိုလိုက်ဝင်တယ်။ လက်ထဲမှာတော့ ခွဲစိတ်ခန်းသုံး ဓားကို ကျစ်ကျစ်ပါအောင်ဆုပ်လို့။ အဲဒီစကူးဘတ်က ဘာလုပ်ဖို့လာတာလဲသူမသိပေမဲ့ ဆိုးဝါးတာတစ်ခုခု ဖြစ်တော့မယ်လို့ခံစားနေရတယ်။

အခန်းထဲဝင်ဝင်ချင်း ဆယ်ဗီမြင်လိုက်ရတာက အသက်ကို ခက်ခက်ခဲခဲရှုနေရတဲ့မိုနီကာပါ။ လဆန်းပိုင်းထက်စာရင် ဆံပင်ဖြူတွေ ပိုများလာတယ်။

“အမေ... ဒီကိုဘယ်လိုလုပ်... ရောက်လာတာလဲ။” မိုနီကာက အဲဒီစကူးဘတ်ကို မယုံနိုင်တဲ့မျက်လုံးတွေနဲ့ ကြည့်နေပါတယ်။ ဒီတော့မှ ဆယ်ဗီလည်းကြောင်အပြီး အဲဒီစကူးဘတ်ကို သေချာကြည့်မိတယ်။

ခေါင်းအစခြေအဆုံး မိုနီကာနဲ့ဆင်တူပဲ။ မတူတာဆိုလို့ မိုနီကာက ပြားကပ်နေပြီးတော့ ဒီမိန်းကလေးမှာက ငါးရံကိုယ်လုံးရှိနေတာ။

“အဆက်အသွယ်မလုပ်တာကြာလို့ ကိုယ်တိုင်လိုက်လာ ကြည့်တာ။ ကြည့်ရတာ အဲဒီကောင်က သမီးကို လုံးဝ ဂရုမစိုက်တဲ့ပုံပဲ။”

လီလစ်က သူ့မျက်လုံးတွေကိုမှေးလိုက်ပြီး မိုနီကာဆီကို လက်ဆန့်ထုတ်ကာ မျက်နှာကိုအသာလေးထိလိုက်တယ်။ အဲဒီနောက် နဖူးကိုနမ်းလိုက်ပြီး...

“အမေနဲ့လင်ဘိုဘုံကိုပြန်လိုက်ခဲ့ပါ။ သမီးအတွက် အမေတတ်နိုင်တာအားလုံးလုပ်ပေးမယ်။”

ဆယ်ဗီကတော့ အဲဒီမြင်ကွင်းကို တိတ်တဆိတ်ကြည့်နေ ခဲ့ပါတယ်။ ဒီရက်တွေက မိုနီကာအတွက် ခက်ခဲလွန်းခဲ့​တာ။ လင်ဘိုဘုံမှာဆိုရင် မိုနီကာရဲ့အသက်ကိုကယ်နိုင်မယ့် နည်းလမ်းတစ်ခုတလေ ရှိနိုင်မလား။ မိုနီကာရဲ့သူငယ်ချင်း တစ်ယောက်အနေနဲ့ ဆယ်ဗီက မိုနီကာကို အမေနဲ့ ပြန်လိုက်သွားစေချင်ပေမဲ့...

“သမီးပြန်မလိုက်နိုင်ဘူး... ဒါလင်... ဒါလင်က... သမီးအတွက် ကြိုးစားပေးနေတယ်လေ။ သမီးသာ သူပြန်လာတာကို မစောင့်ဘူးဆိုရင် ဒါလင်အတွက် ရက်စက်ရာကျနေမှာပေါ့။” မိုနီကာက ငြင်းလိုက်တယ်။

အဟွက်... အဟွက်....

စိတ်လှုပ်ရှားလွန်နေတဲ့အတွက်ကြောင့် မိုနီကာခေါင်းဆိုး လိုက်ရပြီးတော့ ပိုအားနည်းလာတယ်။ မျက်လုံးကိုမှိတ်ပြီး မှေးနေဖို့လုပ်ပေမဲ့ လီလစ်က လှုပ်ရှားဖို့ပြင်တယ်။

“ခေါင်းမာလိုက်တာ... ဘာပဲဖြစ်ဖြစ် အမေကတော့ သမီးသေမှာကို ထိုင်မကြည့်နိုင်ဘူး။”

လီလစ်က မိုနီကာကို အိပ်ရာပေါ်ကနေ ခေါ်သွားဖို့ပြင်တော့ ဆယ်ဗီက အပြေးရောက်သွားပြီး လီလစ်ကိုတွန်းဖယ် လက်ထဲကဓားနဲ့ ရွယ်လိုက်တယ်။

“ကာယကံရှင်က မသွားဘူးလို့ပြောနေပြီပဲ။ ရှင်အခုလို အတင်းအကျပ်လုပ်လို့မရဘူး။”

ဒီအပြုအမူကြောင့် လီလစ်ရဲ့သမင်မျက်လုံးတွေက မှေးကျသွားပြီး နှုတ်ခမ်းတွေက အလိုမကျစွာ ကွေးညွှတ်လို့။ အဲဒီနောက်တော့ လက်ကိုပိုက်ထားရင်း ဆယ်ဗီကိုတုံ့ပြန်လိုက်တယ်။

“ဒီတော့မင်းက ညအရှင်နှစ်သက်တာခံရတဲ့ မိန်းကလေးလား။ ကြည့်ရတာတော့ သာမန်ပါပဲ။ ဒါပေမဲ့ မင်းက မင်းရဲ့ပြိုင်ဘက်အတွက်နဲ့ ဒီအရှင်မကိုဆန့်ကျင်ဖို့ ကြိုးစားရဲတာလား။ သူ့ကို သွားခွင့်ပေးလိုက်တာက မင်းအတွက်ပိုမကောင်းဘူးလား။”

ဆယ်ဗီကတော့ ခေါင်းခါလိုက်ပြီးတော့ “မိုနီကာက ကျွန်မရဲ့ပြိုက်ဘက်ဆိုတာမှန်တယ်။ ဒါပေမဲ့သူက နက်ဆန်ကို ယုံကြည်ပေးပြီးတော့ အခုအချိန်ထိ စောင့်နေခဲ့တာ။ ဒါကြောင့် ရှင့်ကိုဝင်ရှုပ်ခွင့် မပေးနိုင်ဘူး။”

https://mmxianxia.com/wp-content/uploads/2026/07/1000163317.webp

All Chapters