အခန်း ၁၂၂
Vol. 11 Ch. 122
အခန်း။ ၁၂၂
လျူရှောင်နန်သည် ယခုနှစ်တွင် အသက် ၁၈ နှစ်သာ ရှိသေးပြီး တက္ကသိုလ် ပထမနှစ် ကျောင်းသူတစ်ဦး ဖြစ်သည်။
သူမသည် အွန်လိုင်းတွင် အချက်အလက်များ ရှာဖွေစုဆောင်းပြီး ဝမ်ကျူး၏ ရုပ်ဖျက်ထားသော မျက်နှာဖုံးကို လူတိုင်း မြင်တွေ့နိုင်ရန် ကြိုးစားနေခဲ့သည်။
သူမ၏ အစ်ကို မြစ်ထဲခုန်ချမည့်နေ့က အစ်ကို့စိတ်လှုပ်ရှားနေသည်ကို သတိထားမိသော်လည်း WeChat မှသာ မေးမြန်းနိုင်ခဲ့ပြီး အစ်ကို့ကို တားဆီးနိုင်ဖို့ နောက်ကျသွားခဲ့ရသည်။
ဤအရာအားလုံး ဝမ်ကျူးကြောင့်သာ ဖြစ်သည်ဟု သူမ ခံစားနေရသည်။
သူမ၏ မိဘများမှာ နယ်မှဖြစ်၍ အင်တာနက်နှင့် လူမှုကွန်ရက်ကို မကျွမ်းကျင်ကြပေ။ ထို့ကြောင့် ၁၈ နှစ်အရွယ် သူမတစ်ယောက်တည်းသာ အစ်ကို့အတွက် တရားမျှတမှုရရန် အစွမ်းကုန် ကြိုးစားနေခြင်းပင်။
အစ်ကို့ ရုပ်အလောင်းကို မီးသင်္ဂြိုဟ်စဉ်က ဘာမှ မလုပ်ပေးနိုင်ခဲ့သည့်အတွက် သူမ အလွန် နာကျင်နေသည်။
"မင်း ဘာမေဂျာ တက်နေတာလဲ"
ဂူချန်က မေးသည်။
"ဥပဒေပညာ မေဂျာပါ"
လျူရှောင်နန်က ပြန်ဖြေသည်။
ဂူချန်က ခေါင်းညိတ်ရင်း "ကောင်းပြီ ကျောင်းစာကို ကြိုးစားပါ။ ဘွဲ့ရရင် ငါ့ရုံးမှာ အလုပ်သင်ဆင်းပြီး အလုပ်လုပ်နိုင်ပါတယ်။ ဒီအမှုကို ငါ တာဝန်ယူပေးမယ်။ မင်းဆီက တစ်ပြားမှ မယူဘူး" ဟု ပြောလိုက်သည်။
လျူရှောင်နန်မှာ ကျောင်းသူတစ်ဦး ဖြစ်သလို မိသားစုမှာလည်း ရိုးရှင်းသူများ ဖြစ်သည်။
ဂူချန်အနေဖြင့် ငွေကြေးမလိုချင်တော့ပေ။
တရားမျှတမှုအတွက် အချိန်ပေးပြီး ဆောင်ရွက်ပေးလိုခြင်းပင်။
လျူရှောင်နန်မှာ မျက်ရည်များ ဝဲလာသည်။
သူမတွင် ရှေ့နေခ ၁ သိန်း ပေးစရာမရှိသလို ဝမ်ကျူး ပြန်ပေးထားသည့် တစ်သိန်းမှာလည်း အစ်ကို့ပိုက်ဆံသာ ဖြစ်သည်။
သူမ ဂူချန်ရှေ့တွင် ထပ်မံ ဒူးထောက်ကာ "ကျေးဇူးတင်ပါတယ် ရှေ့နေဂူ... ရှေ့နေဂူ ကျွန်မ ဘွဲ့ရရင် ရှေ့နေ့ရဲ့ရုံးမှာပဲ အလုပ်လုပ်ပါ့မယ်။ လစာလည်း မလိုပါဘူး" ဟု ပြောသည်။
ဂူချန်က သူမကို ထူမလိုက်ပြီး "အရေးကြီးတာက အထောက်အထားပဲ။ မင်းဆီမှာရှိတဲ့ အချက်အလက်တွေ၊ အစ်ကိုဖြစ်သူနဲ့ ဝမ်ကျူးတို့ ပြောထားတဲ့ Chat Log တွေ အကုန်လုံး ငါ့ဆီ ပို့ပေးပါ။ ငါလည်း ထပ်ပြီး စုံစမ်းပေးမယ်" ဟု ပြောသည်။
ထို့နောက် ဂူချန်က သူ၏ လက်ထောက် ရွှယ်ချင်းချင်းကို "အချက်အလက်တွေကို စနစ်တကျ စုစည်းပေးထားပါ။ ငါ ကိုယ်တိုင် သွားစုံစမ်းဦးမယ်" ဟု မှာလိုက်သည်။
ရွှယ်ချင်းချင်းမှာလည်း ဤအမှုနှင့်ပတ်သက်၍ အလွန် ဒေါသထွက်နေမိသည်။
လျူဂျွန်ကဲ့သို့ လူငယ်လေးတစ်ဦး ကိုယ့်ကိုကိုယ် သတ်သေသွားရခြင်းမှာ အလွန် ရင်နာစရာ ကောင်းသည်။
ဂူချန်သည် အမှုကြီးတစ်ခုကို အောင်မြင်စွာ အဆုံးသတ်ထားပြီးမှ အနားမယူဘဲ နောက်ထပ် စိန်ခေါ်မှုကြီးတစ်ခုကို ထပ်ယူလိုက်ခြင်းပင်။
ဤအမှုမှာ ငွေကြေးအရ အမြတ်မရှိသော်လည်း ဂူချန်၏ တရားမျှတမှုကို ချစ်မြတ်နိုးသည့် စိတ်ဓာတ်ကို သူမ လေးစားသွားမိသည်။
ရွှယ်ချင်းချင်းသည် ဂူချန်နှင့်အတူ အလုပ်များ ပြန်လုပ်နေပြန်သည်။
ဂူချန်သာ ဒီအမှုကို တာဝန်ယူလိုက်ပြီဆိုရင်တော့ သူတို့ သေချာပေါက် အနိုင်ရလိမ့်မည်ဟု သူမ ယုံကြည်ထားသည်။
ဂူချန်သည် အခြေအနေများကို စုံစမ်းလေလေ ဝမ်ကျူး၏ လုပ်ရပ်များအပေါ် ပို၍ ဒေါသထွက်လေလေဖြစ်သည်။
ဝမ်ကျူးသည် အွန်လိုင်းတွင် "သူ့အတွက် ကိုယ်တိုင် ဝမ်းနည်းပူဆွေးနေရကြောင်း" ဟန်ဆောင်ကာ ရှည်လျားသော ပို့စ်တစ်ခု တင်ထားသည်။
အဆိုပါပို့စ်တွင် သူမက "သူက ဘာလို့ ဒီလိုမျိုး လုပ်ရတာလဲ။ တကယ်ချစ်ရင် ငါ့ကို ဒီလောက်ထိ ဒုက္ခပေးမှာ မဟုတ်ဘူး။ သူ သေသွားတာက ငါ့ကို ဒုက္ခပေးဖို့သက်သက်ပဲ" ဟု ရေးသားထားသည်။
တစ်ဖက်တွင် လျူရှောင်နန်က အမှန်တရားကို ဖော်ထုတ်နေသဖြင့် ဝမ်ကျူးမှာ အွန်လိုင်းတွင် အကြီးအကျယ် ဝေဖန်ခံနေရသည်။
ဝမ်ကျူးကမူ သူမမှာ ပြင်းထန်သော စိတ်ကျရောဂါ ဖြစ်နေကြောင်း၊ အွန်လိုင်း အနိုင်ကျင့်မှုများကြောင့် ကြောက်ရွံ့နေရကြောင်းနှင့် အမှုကို တန်ပြန်စွဲဆိုမည်ဟု ခြိမ်းခြောက်ထားသည်။ သူမက "ပိုက်ဆံ တစ်သိန်း ပြန်ပေးလိုက်ပြီလေ။ ဘာလို့ ထပ်တောင်းနေသေးတာလဲ။ ဒါတွေက သူဆန္ဒအလျောက် ပေးထားတာပဲ။ တရားရုံးက စီရင်ရင်တောင် ငါ ပြန်မပေးဘူး။ လှူလိုက်မှာပဲ" ဟု အင်တာနက်ပေါ်တွင် စိန်ခေါ်ထားသည်။
သို့သော်လည်း ဝမ်ကျူး၏ နောက်ကွယ်မှ အပြုအမူများမှာမူ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။
သူမသည် အွန်လိုင်းတွင် ချောမောသည့် ယောက်ျားလေးများကို ရှာဖွေပြီး ခြေထောက်ပုံများ ပေးပို့ခြင်း၊ အတူ ခရီးသွားရန် ဖိတ်ခေါ်ခြင်း၊ အိမ်မှာ ခေါက်ဆွဲပြုတ်ကျွေးမည်ဟု ဖျားယောင်းခြင်း စသည့် အပြုအမူများဖြင့် ငွေကြေးများ ထပ်မံရယူနေသည်။
ဝမ်ကျူးမှာ နေ့စဉ်နှင့်အမျှ အပြင်ထွက်၊ အရက်သောက်၊ အရသာရှိသည့် အစားအစာများ စားသောက်၍ ရယ်မောကာ ပျော်ရွှင်နေသည်။
လျူဂျွန်၏ သေဆုံးမှုမှာ သူမအတွက် ဘာမှ မဟုတ်သကဲ့သို့ပင်။
သူမသည် ဖုန်းထဲတွင် သိမ်းထားသည့် အခြားအမျိုးသားများထံသို့ ဓာတ်ပုံများ ပေးပို့ပြီး "ကိုကိုရေ ဒီနေ့ selfie လေး ရိုက်ထားတာ လှလား"၊ "မုန့်ဝယ်စားချင်လို့ အသုံးစရိတ်လေး နည်းနည်းလောက် ပို့ပေးပါဦး" စသည်ဖြင့် ငွေကြေးများ ဆက်လက် တောင်းခံနေသည်။
ခဏအတွင်းမှာပင် သူမသည် အခြားသူများထံမှ ငွေပေါင်း ၆,၀၀၀ ကျော် ရရှိသွားပြီးနောက် ကျေနပ်စွာ ပြုံးလိုက်သည်။
ထို့နောက် သူမသည် သူမ၏ သူငယ်ချင်းများ ပါဝင်သည့် "ကိုကိုကြီးများဆီမှ ငွေလိမ်ယူခြင်း" ဟု အမည်ပေးထားသည့် Group Chat ထဲတွင် "ဒီနေ့ ငွေလွှဲခ ၆,၀၀၀ ကျော် ရတယ်၊ အိတ်အသစ်တစ်လုံး ဝယ်လို့ရပြီ။ လျူဂျွန်ကိစ္စလား သူက ငါနဲ့ ဘာဆိုင်လို့လဲ၊ တရားစွဲချင်ရင် စွဲပါစေ။ ငါက စိတ်ဓာတ်ကျနေတဲ့သူပါ သိတယ်မလား" ဟု ရယ်မောကာ ပြောဆိုနေသည်။