← Chapters

အခန်း ၁၂၅

Vol. 11 Ch. 125

အခန်း ၁၂၅

Vol. 11 Ch. 125

အခန်း။ ၁၂၅

ဝမ်ကျူးသည် လျူရှောင်နန်ကို တရားစွဲရန် ပြင်ဆင်နေစဉ်မှာပင် သူမကိုယ်တိုင် တရားစွဲဆိုခြင်း ခံလိုက်ရကြောင်း သိရှိလိုက်ရသည်။

တရားရုံးသို့ ရောက်သောအခါ တရားရုံးက သူမကို အမှုတွဲစာရွက်စာတမ်းများ ပေးအပ်လိုက်သည်။

သူမအနေဖြင့် တရားစွဲဆိုရန် အချိန်ပင် မရလိုက်ပေ။

တရားစွဲဆိုမှုစာရွက်ကို ကြည့်လိုက်သောအခါ လျူရှောင်နန်၏ ရှေ့နေမှာ ဂူချန် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

"ဥပဒေမဲ့မိုက်ရူးရဲ" ဟု နာမည်ကျော်သည့် ဂူချန် ဖြစ်နေသဖြင့် ဝမ်ကျူးမှာ ဒေါသထွက်ကာ အံကြိတ်မိသည်။

ဂူချန်သည် အမှုများ အနိုင်ရနေသူဖြစ်ကြောင်း ကြားသိထားသော်လည်း ငွေရှာရန်သာ စိတ်ဝင်စားသော သူမအတွက်မူ ဂူချန်၏ အောင်မြင်မှုများက အရေးမကြီးပေ။

"ဟားဟား... လျူရှောင်နန်က ငါ့ကို အနိုင်ယူဖို့ ရှေ့နေငှားလိုက်တာပေါ့လေ။ ပိုက်ဆံတွေ အကုန်ပြန်ပေးရမယ်တဲ့လား။ တရားရုံးက အမိန့်ချရင်တောင် ငါ တစ်ပြားမှ ပေးမှာမဟုတ်ဘူး" ဟု သူမ တွေးလိုက်သည်။

သူမသည် သူမ၏ ရှေ့နေဖြစ်သူ နာမည်ကျော် ထိပ်တန်ူရှေ့နေ ဇောင်ဘင်းချီထံသို့ ဖုန်းဆက်လိုက်သည်။

"ရှေ့နေဇောင် လျူရှောင်နန်က ကျွန်မကို တရားစွဲထားတယ်။ ပိုက်ဆံတွေ ပြန်တောင်းနေတာ ကျွန်မ ပြန်ပေးရမှာလား"

ဝမ်ကျူးက မေးသည်။

"အချို့ အစိတ်အပိုင်းတော့ ပြန်ပေးရနိုင်ပါတယ်။ ဆန္ဒအလျောက် ပေးကမ်းခြင်းလို့ မှတ်သားထားတာ ဒါမှမဟုတ် အထူးအဓိပ္ပာယ်သက်ရောက်တဲ့ ငွေပမာဏတွေဆိုရင်တော့ ပြန်ပေးစရာ မလိုပါဘူး"

ဇောင်ဘင်းချီက ရှင်းပြသည်။

ဝမ်ကျူးက သူမကို အွန်လိုင်းမှ အနိုင်ကျင့်နေခြင်း၊ အသရေဖျက်ခြင်းများအတွက် လျူရှောင်နန်ကို ပြန်လည် တရားစွဲဆိုမည်ဟု ပြောသောအခါ ဇောင်ဘင်းချီက "ရပါတယ် တရားခံဖြစ်နေပေမဲ့ ကိုယ်နစ်နာတာတွေကို တိုင်ကြားလို့ ရပါတယ်။ အချက်အလက်တွေကို စုစည်းပြီး ကျွန်တော့်ဆီ ပို့ပေးပါ" ဟု အာမခံသည်။

သို့သော် ဝမ်ကျူးက တရားလိုရှေ့နေမှာ ဂူချန် ဖြစ်ကြောင်း ပြောလိုက်သည့်အခါ ဇောင်ဘင်းချီမှာ ခဏတာ တိတ်ဆိတ်သွားသည်။

ဂူချန်၏ နာမည်ကို သူ သိသည်။

ဂူချန်သည် အမှု ၄ ခုစလုံး အနိုင်ရထားပြီး တဖက်လူရှေ့နေနှင့် တရားသူကြီးများကိုပင် ထောင်ထဲပို့နိုင်ခဲ့သူဖြစ်သည်။

သို့သော်လည်း ဇောင်ဘင်းချီမှာ သူကိုယ်တိုင် တရားမဝင်လုပ်ရပ်များ မလုပ်ထားသဖြင့် စိုးရိမ်ခြင်း မရှိပေ။

အမှုရှုံးလျှင်လည်း ရှုံးနိုင်သည်ဟုသာ တွေးလိုက်သည်။ ဥပဒေအရ ဆန္ဒအလျောက် ပေးကမ်းခြင်းများမှာ ပြန်တောင်း၍ မရနိုင်သည်မှာ သေချာသည်ဟု သူ ယုံကြည်ထားသည်။

"စိတ်မပူပါနဲ့။ ဒီအမှုက ရိုးရှင်းပါတယ်။ အများဆုံးမှ ပိုက်ဆံ နည်းနည်းပဲ ပြန်ပေးရမှာပါ။ အများစုကတော့ မင်းဆီမှာပဲ ရှိနေဦးမှာပါ"

ဇောင်ဘင်းချီက နှစ်သိမ့်လိုက်သည်။

ဝမ်ကျူးမှာ စိတ်သက်သာရာ ရသွားသည်။

သူမအတွက်မူ ယောက်ျားများကို ပိုက်ဆံသုံးခိုင်းရန်သာ အဓိက ဖြစ်သည်။

ငွေလွှဲတိုင်း ဆန္ဒအလျောက် ပေးကမ်းခြင်းဟုသာ မှတ်သားခိုင်းထားမည်ဆိုလျှင် မည်သူမှ ပြန်တောင်း၍ မရနိုင်ဘူးဟု သူမ ယူဆထားသည်။

ထို့အပြင် အွန်လိုင်းတွင် သူမ ခံစားရသည်ဟု သူမထင်သည့် စိတ်ထိခိုက်မှုများနှင့် အသရေဖျက်မှုများအတွက် လျူရှောင်နန်ကို လျော်ကြေးပေးခိုင်းမည်ဖြစ်ကာ ထောင်ကျစေရမည်ဟု သူမ ပြင်းပြင်းထန်ထန် မျှော်လင့်နေသည်။

တစ်နိုင်ငံလုံး တုန်လှုပ်ချောက်ချားသွားစေမည့် သတင်းတစ်ခု အင်တာနက်ပေါ်တွင် ပေါက်ကွဲထွက်လာခဲ့သည်။

တရားစွဲဆိုမှု စတင်တော့မည်။

လျူရှောင်နန် တရားစွဲဆိုလိုက်ပြီ။

အင်တာနက်အသုံးပြုသူများ စိတ်အားထက်သန်စွာ စောင့်မျှော်နေခဲ့ကြသည့် အချိန်ရောက်လာခဲ့၏။

[အိုဘုရားသခင် နောက်ဆုံးတော့ တရားစွဲပြီပေါ့လေ]

[စိတ်လှုပ်ရှားဖို့ ကောင်းလိုက်တာ မဖြစ်မနေ စွဲရမယ် ဝမ်ကျူးကို ထောင်ချမှကို ဖြစ်မှာ]

[ဝမ်ကျူးကို ထောင်ထဲ ပို့လိုက် အနည်းဆုံးတော့ ပိုက်ဆံတွေ ပြန်လျော်ခိုင်းရမယ်]

[ဒါပေမဲ့ ဒီအမှုမှာ ဝမ်ကျူးဆီက ပိုက်ဆံ ပြန်ရဖို့က အတော်ခက်ခဲလိမ့်မယ်။ လျူဂျွန်

ကိုယ်တိုင်က ဆန္ဒအလျောက် ပေးကမ်းခြင်းလို့ မှတ်သားထားတာကိုး။ ဘာလုပ်လို့ ရမှာလဲ]

[အဲဒါတော့ ဟုတ်တယ်... ပိုက်ဆံတွေ အကုန်ပြန်ရဖို့ မလွယ်ပေမဲ့ တရားစွဲတာကတော့ အစပျိုးခြင်းပဲလေ]

[ဝမ်ကျူးကို ထောင်ချလို့ ရမယ့် နည်းလမ်း ရှိမလား သူမကို ထောင်ဒဏ် ချနိုင်မလား]

[ဝမ်ကျူးကို ထောင်ချချင်ပေမဲ့... တော်တော်ခက်ခဲလိမ့်မယ်။ သူမက ငွေမက်ပြီး လူကို စိတ်ပိုင်းဆိုင်ရာ လှည့်ဖျားတတ်တဲ့ မိန်းမတစ်ယောက်ပဲ။ သူမ လုပ်ရပ်က ရွံစရာကောင်းပေမဲ့ ထောင်ဒဏ်ပေးဖို့ကတော့ အတော်ခက်ခဲလိမ့်မယ်]

[ဘယ်သူက ရှေ့နေလဲ လျူရှောင်နန် ဘယ်သူ့ကို ငှားလိုက်တာလဲ။ အဲဒီရှေ့နေ Live လွှင့်မလား မသိဘူး လွှင့်ရင် လက်ဆောင်တွေ အများကြီး ပေးပစ်မှာ]

မကြာမီမှာပင် နှစ်ဖက် ရှေ့နေအဖွဲ့များကို ကြေညာလိုက်သည်။

တရားလို - လျူရှောင်နန်။

တရားလို ရှေ့နေ - ဂူချန်။

တရားခံ - ဝမ်ကျူး။

တရားခံ ရှေ့နေ - ဇောင်ဘင်းချီ

တရားလို ရှေ့နေမှာ ဂူချန် ဖြစ်ကြောင်း ကြေညာလိုက်သည့်အချိန်တွင် အင်တာနက်တစ်ခုလုံး ပေါက်ကွဲသွားတော့သည်။

ဂူချန်မှာ အင်တာနက်တွင် အလွန်နာမည်ကြီးပြီး "ဥပဒေမဲ့မိုက်ရူးရဲ" ဟု လူသိများသည်။

ဂူချန်သည် အမှုပေါင်းများစွာကို အလွန်ကျွမ်းကျင်စွာ ကိုင်တွယ်ခဲ့သူ ဖြစ်သည်။

ဂူချန်၏ တရားခွင်တွင် တရားသူကြီးများကိုပင် ထောင်ထဲပို့နိုင်ခဲ့သည်အထိ စွမ်းဆောင်ရည် ရှိသည်။

နောက်ဆုံးအမှုတွင်လည်း ကျောင်းအုပ်ကြီးနှင့် ဆရာတို့ကို သေဒဏ်ပေးစေခဲ့ပြီး အမှုတိုင်းကို အပြစ်အနာအဆာကင်းစွာ ကိုင်တွယ်နိုင်သူ ဖြစ်သည်။

အင်တာနက်အသုံးပြုသူများမှာ ဂူချန် နားနေတော့မည်ဟု ထင်မှတ်ထားခဲ့ကြသော်လည်း ယခုအခါ ဂူချန်က တရားလိုဘက်မှ တိုက်ရိုက် တာဝန်ယူလိုက်ပြီ ဖြစ်သောကြောင့် အားလုံး အံ့အားသင့်သွားကြသည်။

"ဥပဒေမဲ့မိုက်ရူးရဲ" ပြန်ရောက်လာပြီ…..

ဂူချန်သာ ဝင်ရောက်ကိုင်တွယ်ပြီဆိုလျှင် ဝမ်ကျူး၏ ကံကြမ္မာမှာ အဆုံးသတ်တော့မည်မှာ အသေအချာပင်။

All Chapters