အခန်း ၁၂၆
Vol. 11 Ch. 126
အခန်း။ ၁၂၆
တစ်ချိန်တည်းမှာပင် အစားအသောက် ပို့ဆောင်ရေး ပလပ်ဖောင်းပေါ်ရှိ အဓိကဆိုင်ကြီးများသည် ပစ္စည်းများကို လျူဂျွန်ထံ ပို့ဆောင်ရမည်မှန်း သိရှိသည့်အခါ အလွတ်အိတ်များ ပေးပို့ခြင်း၊ အချိုရည်များကို ရေဖြင့်ရောခြင်း၊ ပန်းဈေးနှုန်းများကို နှစ်ဆမြှင့်တင်ခြင်း စသည့်ဖြင့် အမြတ်ထုတ်နေကြသည်ကို တွေ့ရှိရသည်။
ဂူချန်သည် TikTok တွင် ဗီဒီယိုတစ်ခု တင်ကာ ဤကိစ္စကို ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်သည်။ လျူဂျွန် သေဆုံးခြင်းကို အခွင့်ကောင်းယူပြီး အမြတ်ထုတ်နေကြခြင်းမှာ လက်မခံနိုင်စရာ ဖြစ်သည်။
လျူဂျွန် ဘဝတစ်လျှောက်လုံး မစားခဲ့ရသော မက်ဒေါ်နယ် အစားအစာများကို ပရိသတ်များက မှာယူပေးကြရာ ဆိုင်ရှင်များက အစားအစာမပါသော အလွတ်အိတ်များကိုသာ ပို့ဆောင်ကြသည်။
ဂူချန်၏ ဗီဒီယိုမှာ မိနစ်ပိုင်းအတွင်း Like အရေအတွက် တစ်သန်းကျော်သွားပြီး အင်တာနက်အသုံးပြုသူများ၏ ဝေဖန်မှုများဖြင့် ပွက်လောရိုက်သွားသည်။
ဤဗီဒီယိုကြောင့် တံဆိပ်ကြီးများမှာ အမြန်ဆုံး တုံ့ပြန်လာကြရသည်။
Cha Bai Dao, Wallace, Hey Tea အပါအဝင် အမှတ်တံဆိပ် ၂၀ ကျော်တို့သည် သူတို့၏ ဆိုင်များကို စုံစမ်းစစ်ဆေးပြီး လုပ်ငန်းလိုင်စင် ပိတ်သိမ်းခြင်း၊ ဝန်ထမ်းများကို ထုတ်ပယ်ခြင်းနှင့် ငွေဒဏ်ပေးခြင်းများ ပြုလုပ်ကြောင်း တရားဝင် ကြေညာလာကြသည်။
[စာဖတ်သူလေးတို့ စားသောက်ဆိုင်နာမည်တွေကို English လိုပဲထည့်မယ်နော်။ တော်ကြာပေါက်ကရနာမည်တွေထွက်လာမှာစိုးလို့ hey tea ဆို ဟေ့ လက်ဖက်ရေဆို တစ်မျိုးကြီးမို့လို့]
အဘယ်ကြောင့်ဆိုသော် ဂူချန်သည် "ဥပဒေမဲ့မိုက်ရူးရဲ" ဖြစ်နေခြင်းကြောင့်ပင်။
ဂူချန်က ဗီဒီယိုတင်လိုက်ပြီဆိုလျှင် သူတို့အနေဖြင့် ချက်ချင်းရှင်းလင်းမှု မလုပ်ပါက ဂူချန်၏ တရားစွဲဆိုမှုကို ခံရမည်ကို ကြောက်ရွံ့ကြသည်။
ထို့ကြောင့် မည်သူမျှ မတုံ့ပြန်ဘဲ မနေရဲကြပေ။
ထိုအချိန်တွင် လျူရှောင်နန်ကလည်း ပရိသတ်များအား လျူဂျွန်အတွက် အစားအစာများ ထပ်မံမှာယူခြင်း မပြုကြရန် မေတ္တာရပ်ခံလိုက်သည်။
ဗီဒီယိုတင်ပြီးနောက် ဂူချန်သည် အထောက်အထားများ စုဆောင်းရန် ကြိုးစားသည်။
ဤအမှုကို ဖြေရှင်းရန်အတွက် ဂူချန်သည် သူ၏ စနစ်ကိုပင် အသုံးပြုစရာ မလိုဘဲ သူကိုယ်တိုင်ပင် အနိုင်ယူနိုင်လိမ့်မည်ဟု ယုံကြည်ထားသည်။
၁၀ ရက်ကြာမြင့်မည့် တရားရုံးမစမီကာလတွင် ဂူချန်နှင့် ရွှယ်ချင်းချင်းတို့မှာ အထောက်အထားများ စုဆောင်းရန် နေရာအနှံ့ လှည့်လည်၍ စုံစမ်းကြသည်။
အမှု၏ အလုံးစုံကို သိရှိသွားပြီးနောက် ရွှယ်ချင်းချင်းမှာ အလွန်တုန်လှုပ်ပြီး ဒေါသထွက်မိသည်။ "ဒီ ဝမ်ကျူးဆိုတဲ့ မိန်းမက တကယ့်ကို အဆမတန် ရက်စက်လွန်းတယ်။ သူမသာ မရှိရင် လျူဂျွန် ဒီလိုဖြစ်မှာ မဟုတ်ဘူး။ အားလုံး သူမကြောင့်ပဲ"
ဂူချန်လည်း ခေါင်းညိတ်သည်။
အစပိုင်းတွင် သူသိရှိထားသည်ထက် ပိုမိုဆိုးရွားသော ဝမ်ကျူး၏ လုပ်ရပ်များကို သူ နားလည်လာသည်။
ဝမ်ကျူးသည် လျူဂျွန်ကို စိတ်ပိုင်းဆိုင်ရာနှိပ်စက်မှုပြုလုပ်ပြီး နှစ်နှစ်အတွင်း ယွမ် ၆ သိန်းကျော်အထိ အမြတ်ထုတ်ခဲ့သည်မှာ အလွန်ပင် ရွံရှာဖွယ်ကောင်းလှသည်။
ယခုအခါ ဂူချန်သည် ဝမ်ကျူး၏ လုပ်ရပ်များက သူထင်ထားသည်ထက် ပိုမိုဆိုးရွားနေကြောင်း ရှာဖွေတွေ့ရှိသွားသည်။
စိတ်ပိုင်းဆိုင်ရာနှိပ်စက်မှုပြုလုပ်ခြင်းက အစသာ ဖြစ်သည်။
အမှန်တကယ်တွင် ဝမ်ကျူးသည် လျူဂျွန်နှင့် တွဲနေစဉ်အတွင်း၌ပင် အခြားသူများနှင့် ဖောက်ပြန်နေခဲ့သည်။
သူမသည် တစ်ပြိုင်နက်တည်း အမျိုးသားအများအပြားနှင့် စကားပြောကာ တစ်ဦးစီထံမှ ငွေကြေးများ တောင်းယူနေခဲ့ပြီး လူတိုင်းသည် သူမ၏ လိမ်လည်မှုဒဏ်ကို ခံခဲ့ရသူများ ဖြစ်ကြသည်။
တစ်ဦးစီတိုင်းက သူမကို ငွေယွမ် ၁ သိန်းခန့်စီ ပေးခဲ့ကြသည်။
သူမသည် တရားဥပဒေကို အနည်းငယ် နားလည်ထားသဖြင့် ငွေလွှဲတိုင်းတွင် အထူးအဓိပ္ပာယ်ရှိသော ဂဏန်းများဖြင့် လွှဲခိုင်းခြင်း၊ ပန်းဆိုင်ဖွင့်ရန် အကြောင်းပြချက်ဖြင့် ရင်းနှီးမြှုပ်နှံခိုင်းခြင်း စသည့် နည်းဗျူဟာများကို သုံးစွဲခဲ့သည်။
ငွေကို လွယ်လွယ်ကူကူ ရနေသဖြင့် ဝမ်ကျူးမှာ ဖြုန်းတီးလွန်းသည်။
KTV များ၊ ဘားများတွင် ပျော်ပါးပြီး အမျိုးသား မော်ဒယ်များကို ခေါ်ယူကာ ငွေကို ရေလို သုံးစွဲသည်။
လျူဂျွန်မှာ တစ်ရက်လျှင် ယွမ်အနည်းငယ်ရရန် ပင်ပန်းကြီးစွာ အလုပ်လုပ်နေချိန်တွင် ဝမ်ကျူးကမူ ထိုပိုက်ဆံများကို ဘောက်ဆူးအဖြစ် အလွယ်တကူ ပေးပစ်နေခဲ့သည်။
ဂူချန်၏ စုံစမ်းမှုအရ ဝမ်ကျူးသည် လျူဂျွန်ကို မတွေ့ဆုံမီကတည်းက ညကလပ်များတွင် အလုပ်လုပ်ခဲ့သူ ဖြစ်ကြောင်း သိရသည်။
ထိုစဉ်က သူမ၏ တန်ဖိုးမှာ ယွမ် ၈၀၀ မှ ၁၅၀၀ အထိ ဖြစ်သည်။
လျူဂျွန်သည် သူမကို တွေ့ဆုံခွင့်ရရန် ယွမ် ၆ သိန်း ၃ သောင်းအထိ သုံးစွဲခဲ့ရသော်လည်း တကယ့်တကယ်တွင် သူမနှင့် အတူနေခွင့်ပင် မရခဲ့ပေ။
ထို့အပြင် ဝမ်ကျူးသည် ငွေရရန်အတွက် သူမ၏ ညီမဖြစ်သူကိုပါ ထိုလုပ်ငန်းခွင်သို့ ခေါ်ဆောင်ခဲ့သည်။
သူမ၏ စိတ်ထဲတွင် ငွေနှင့် အမြတ်အစွန်းသာ ရှိသည်။
သူမတွင် ငွေထုတ်ယူရေးအဖွဲ့ဟု အမည်ရသည့် WeChat Group တစ်ခုပင် ရှိပြီး ထိုနေရာတွင် ချမ်းသာသော အမျိုးသားများဆီမှ ငွေညှစ်နည်းများကို အချင်းချင်း သင်ပေးနေကြခြင်းပင်။
အဆိုးရွားဆုံးမှာ လျူဂျွန်၏ နောက်ဆုံးအချိန်ဖြစ်သည်။
ရဲတပ်ဖွဲ့ပင် ရှာမတွေ့ခဲ့သော CCTV မှတ်တမ်းများကို ဂူချန်က ခက်ခက်ခဲခဲ ရှာဖွေတွေ့ရှိခဲ့သည်။ လျူဂျွန် မြစ်ထဲမခုန်ချမီ နောက်ဆုံးအကြိမ် တွေ့ဆုံချိန်တွင် ယွမ် ၈၈,၀၀၀ ကို ဆန္ဒအလျောက် ပေးကမ်းခြင်းဟု မှတ်သား၍ ဝမ်ကျူးထံ လွှဲပေးခဲ့သည်။
သို့သော် အမှန်တကယ်တွင် လျူဂျွန် လွှဲပေးခဲ့ခြင်း မဟုတ်ဘဲ ဝမ်ကျူးက လျူဂျွန်၏ ဖုန်းကို အတင်းလုယူကာ သူမကိုယ်သူမ လွှဲပြောင်းယူခဲ့ခြင်းပင်။
ယခင်က ငွေအနည်းငယ်သာ ဖြစ်သဖြင့် လျူဂျွန်က စိတ်မဝင်စားခဲ့သော်လည်း နောက်ဆုံးအချိန်တွင် သူမ၏ ရက်စက်မှုကို အပြည့်အဝ သိလိုက်ရချိန်၌ လျူဂျွန်မှာ အလွန်အမင်း စိတ်ပျက်အားငယ်သွားခဲ့သည်။
ထိုသို့ဖြင့် ၁၀ ရက်မြောက်နေ့သို့ ရောက်ရှိလာပြီဖြစ်သည်။
တရားရုံးတွင် အမှု စတင်တော့မည်ပင်။