← Chapters

အခန်း ၁၂၈

Vol. 11 Ch. 128

အခန်း ၁၂၈

Vol. 11 Ch. 128

အခန်း။ ၁၂၈

"တိရစ္ဆာန်တွေတောင် အခုလိုမျိုး မလုပ်ကြဘူး...

ဒါပေမဲ့ ဝမ်ကျူးကတော့ လုပ်ရက်ခဲ့တယ်။

ဝမ်ကျူးက လျူဂျွန်ဆီက ပိုက်ဆံရဖို့သက်သက်နဲ့ပဲ တွဲခဲ့တဲ့ ငွေမက်တဲ့ မိန်းမစားပဲ...

အခုကျတော့မှ သူပဲ အနိုင်ကျင့်ခံရသလိုလိုနဲ့ သားကောင်လို ဟန်ဆောင်နေသေးတယ်..."

"ခွေးလေး၊ ကြောင်လေးတွေ မွေးထားရင်တောင် အများကြီး ပိုပြီး သံယောဇဉ်ဖြစ်ဖို့ ကောင်းဦးမယ်။

ယွမ် ၆ သိန်း ၃ သောင်းနဲ့ဆိုရင် ခွေးတွေ၊ ကြောင်တွေ အများကြီး မွေးလို့ရတာပေါ့...

သူတို့က ကိုယ့်အနားမှာပဲ နေ့တိုင်း အမြီးတလှုပ်လှုပ်နဲ့ ကပ်နေကြမှာ။

အဲဒါကမှ ပိုပြီး တန်ဖိုးရှိဦးမယ်..."

"အခုတော့... လျူဂျွန်က ဝမ်ကျူးကို မွေးစားလိုက်မိပြီး အပြန်အလှန်အနေနဲ့ အကိုက်ခံလိုက်ရတာပဲ။

ခွေးတောင်မှ သူ့ခွေးစာကို တခြားခွေးတွေကို အလကား ပေးမစားဘူးဗျ….

ဒါပေမဲ့ ဝမ်ကျူးကတော့ လျူဂျွန်ရဲ့ ပိုက်ဆံကတ်ကို ယူပြီး... တခြားလူတွေကို မုန့်ဖိုးတွေပေး၊ လက်ဆောင်တွေဝယ်ပေးနဲ့... အကုန် အလကား လျှောက်ဖြုန်းပစ်ခဲ့တာ..."

[တရားခွင်က ဘယ်တော့လဲ ရှေ့နေဂူက ဝမ်ကျူးကို ဘယ်လို ပြစ်ဒဏ်ပေးမလဲဆိုတာ မြင်ချင်လိုက်တာ]

[ဝမ်ကျူးကို ပိုက်ဆံပြန်ပေးခိုင်းမှာလား]

[ဝမ်ကျူး ပိုက်ဆံပြန်ပေးရမယ် ယွမ် ၆ သိန်းကျော်ကို သူ ဘာလို့ယူထားမှာလဲ။ သုံးလိုက်တဲ့ တစ်ပြားမကျန် ပြန်လျော်ရမယ်]

[ဝမ်ကျူး ပိုက်ဆံပြန်ပေး အများကြီး ယူထားပြီးမှ တစ်သိန်းပဲ ပြန်လျော်မယ်ပေါ့လေ]

[ဝမ်ကျူးကို ထောင်ချလို့ရလား ထောင်ပို့လိုက် နှစ်နှစ်ပဲဖြစ်ဖြစ်ပေါ့]

ဤအမှုမှာ အလွန်ပင် ခက်ခဲကြမ်းတမ်းကြောင်း အင်တာနက်အသုံးပြုသူ အများအပြား သဘောပေါက်ထားကြသည်။

တရားရုံးမစတင်မီ မိနစ် ၃၀ အလိုတွင်မူ နာမည်ကျော်ကြားပြီး သြဇာတိက္ကမကြီးမားသည့် ရှေ့နေ ကောင်းလီရှုံက အွန်လိုင်းတွင် ဗီဒီယိုတစ်ခုကို တင်လိုက်သည်။

ကောင်းလီရှုံက "မကြာသေးခင်က လျူဂျွန်နဲ့ ဝမ်ကျူးအမှုက လူပြောသူပြော အတော်များလာတယ်နော်။ ဒါပေမဲ့ အမှန်အတိုင်း ပြောရရင်... ဝမ်ကျူးကို ဥပဒေအရ ပြစ်ဒဏ်ပေးဖို့က တော်တော်လေး ခက်လိမ့်မယ်ဗျ။ လျူဂျွန် ကိုယ့်ကိုကိုယ် သတ်သေသွားတဲ့ကိစ္စက ဝမ်ကျူးနဲ့ တိုက်ရိုက်ကြီး ငြိစွန်းနေတာမျိုး မရှိဘူးလေ။ ဝမ်ကျူးရဲ့ လုပ်ရပ်တွေက ကိုယ်ကျင့်တရားပိုင်းအရ အတော်လေး ရုပ်ဆိုးတာတော့ အမှန်ပဲ... နှစ်နှစ်အတွင်း ခြောက်သိန်းကျော်တောင် ယူထားတာကိုး။ ဒါပေမဲ့ အဲဒီပိုက်ဆံအများစုက လျူဂျွန်ကိုယ်တိုင် စိတ်လိုလက်ရ ပေးခဲ့တာတွေဖြစ်ပြီး ချစ်သူသက်တမ်းအတွင်းမှာ သုံးစွဲခဲ့ကြတာဆိုတော့... ဝမ်ကျူးက ဥပဒေကို တရားဝင် ချိုးဖောက်ထားတယ်လို့ ပြောဖို့က ခက်နေပြန်ရော..."

"ငါတို့ အလွန်ဆုံး လုပ်နိုင်တာကတော့... ဝမ်ကျူးကို လူမှုရေးအရ၊ ကိုယ်ကျင့်တရားအရ ဝိုင်းပြီး ပြစ်တင်ရှုတ်ချတာမျိုး ဒါမှမဟုတ် ပိုက်ဆံအချို့ပဲ ပြန်ပေးဖို့ ဖိအားပေးတာလောက်ပဲ ရမယ်။ အကုန်လုံး ပြန်ရဖို့ကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ လျူဂျွန် ပေးလိုက်တဲ့ ပိုက်ဆံတွေထဲမှာ အထူးအဓိပ္ပာယ်ရှိတဲ့ ဂဏန်းတွေ ဥပမာ- ၅၂၀၊ ၁၃၁၄ စတဲ့ အချစ်သင်္ကေတပြ ဂဏန်းတွေ ပါနေတော့... ဥပဒေအရ ဆန္ဒအလျောက် ပေးကမ်းခြင်းအောက် ရောက်သွားတာပေါ့။ ဒါကြောင့် အဲဒီပိုက်ဆံတွေက ဝမ်ကျူးရဲ့ တရားဝင်ပိုင်ဆိုင်မှု ဖြစ်သွားပြီး ပြန်တောင်းလို့ မရတော့ဘူးဗျ။ အခုအမှုကို ရှေ့နေဂူကိုယ်တိုင် ကိုင်တွယ်ရင်တောင်မှ ပြန်ရနိုင်ခြေက နည်းနည်းလေးပဲ ရှိတာ။ အသစ်ထပ်တွေ့တဲ့ သက်သေအထောက်အထား ခိုင်ခိုင်လုံလုံသာ မရှိရင်... ဝမ်ကျူးကို ရာဇဝတ်မှုနဲ့ အပြစ်ပေးဖို့က လုံးဝ မဖြစ်နိုင်ဘူး။ ဒါက လိမ်လည်မှုမြောက်ပါတယ်လို့ သက်သေပြနိုင်မှသာ ရာဇဝတ်ကြောင်းအရ အရေးယူလို့ ရမှာ...

ဒါပေမဲ့ ဒီအမှုမှာက လျူဂျွန်ကိုယ်တိုင်က စိတ်ပါလက်ပါ ပေးခဲ့တာဆိုတော့ ဝမ်ကျူးကို ဥပဒေနဲ့ အရေးယူဖို့ကတော့ တကယ့်ကို ခေါင်းခဲစရာပဲဗျာ..."

နာမည်ကြီး ရှေ့နေအားလုံးက အချက်တစ်ခုကို ဝန်ခံထားကြသည်။

လျူရှောင်နန် အနေဖြင့် တရားစွဲဆိုနိုင်ပြီး အနိုင်ရနိုင်ခြေ ရှိသော်လည်း ငွေကြေး ၆ သိန်း ၃ သောင်း ပြန်လည်ရရှိရေးနှင့် ဝမ်ကျူးကို ထောင်ချနိုင်ရေးမှာ မဖြစ်နိုင်သလောက် ခက်ခဲနေကြောင်းပင်။

ထိုအခြေအနေကြောင့် အင်တာနက်အသုံးပြုသူများမှာ စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်ကြသည်။

[ဟူး... ဝမ်ကျူးကို ထောင်ချဖို့က ဒီလောက် ခက်တာလား]

[လျူဂျွန်က မရှိတော့ဘူး။ အခု ဝမ်ကျူးကို ပြစ်ဒဏ်ပေးဖို့က တကယ် ခက်နေပြီ]

[ဝမ်ကျူး ဖောက်ပြန်တာ မဟုတ်ဘူးလား။ ဖောက်ပြန်တဲ့ သက်သေ ရှိသားပဲ ဒါတောင် ပြစ်ဒဏ် မပေးနိုင်ဘူးလား]

[အမှန်အတိုင်း ပြောရရင် ဖောက်ပြန်တာက ထောင်ဒဏ် မရပါဘူး။ အိမ်ထောင်ပြုထားရင်တောင် ပစ္စည်းခွဲတဲ့အခါ အသာစီးရတာလောက်ပဲ ရှိတာပါ]

[ရှေ့နေဂူတောင် ဝမ်ကျူးကို ထောင်မချပေးနိုင်ဘူးလား]

[ဘယ်ရှေ့နေမို့လို့ဆိုတာ မဟုတ်ဘူး။ ဥပဒေအရက ဝမ်ကျူးကို ပြစ်ဒဏ်ပေးဖို့ ခက်တာပါ]

[လျူဂျွန် တကယ်ကို ကံဆိုးတာပဲ။ ပိုက်ဆံလည်း ပြန်မရ ဝမ်ကျူးကိုလည်း ထောင်မချနိုင်ဘူး]

[ဟူး... လျူဂျွန်က အဓိပ္ပာယ်မရှိလိုက်တာ။ ဝမ်ကျူးလို ငွေမက်တဲ့ မိန်းမကို ချစ်မိသွားတာ တကယ်ကို နှမြောဖို့ ကောင်းလိုက်တာ။ သူမက တကယ့်ကို ရွံစရာကောင်းတဲ့သူပဲ...]

အင်တာနက် အသုံးပြုသူများက မှတ်ချက်များကို တစ်ခုပြီးတစ်ခု တင်လာကြသည်။

တရားခွင် စတင်ရန် ၃ မိနစ်သာ လိုတော့သည့်အချိန်တွင် လူအများက ဤအမှုအား စောင့်ကြည့်နေကြသည်။

တရားခံ ဝမ်ကျူးသည် သူမ၏ ရှေ့နေ ဇောင်ဘင်းချီနှင့်အတူ တရားရုံးသို့ ရောက်ရှိလာသည်။ မျက်နှာဖုံးတပ်ထားသော ဝမ်ကျူးမှာ တရားခံနေရာတွင် ရပ်ရင်း လုံးဝ ဂရုမစိုက်သည့်ဟန်ဖြင့် မာနထောင်လွှားနေသည်။

တရားရုံးခန်းအတွင်း လူပြည့်နှက်နေပြီး ဝမ်ကျူးကို မြင်သည်နှင့် တချို့သောသူများမှာ ဒေါသထွက်ကာ အကြမ်းဖက်ရန် ပြင်ဆင်ကြသော်လည်း ရဲတပ်ဖွဲ့က တားဆီးထားသည်။

[ရှေ့နေဂူ ဝမ်ကျူးကို မဖြစ်မနေ ပြစ်ဒဏ်ပေးပေးပါ]

[ထောင်မချနိုင်ရင်တောင် ပိုက်ဆံတော့ ပြန်လျော်ခိုင်းပါ]

[ရှေ့နေဂူသာ ဒီအမှုနိုင်ရင် ကျွန်တော် အမြဲတမ်း အားပေးသွားမှာ]

ပရိသတ်များ၏ ဆူညံသံကြားတွင် ဝမ်ကျူးမှာ တိတ်ဆိတ်နေသည်။

သူမမှာ ရဲများ၏ ကာကွယ်မှုအောက်တွင် ရှိနေသဖြင့် မည်သူမျှ မထိခိုက်နိုင်မှန်း သိသည်။

သူမက လူအုပ်ကြီးကို လှည့်ကြည့်ကာ "ငါက ဘာလို့ ထောင်ကျရမှာလဲ။ ငါ ဘာရာဇဝတ်မှု ကျူးလွန်မိလို့လဲ။ မင်းတို့က ငါ့ကို သေအောင် တိုက်တွန်းနေတာလား။ ငါ့ကို ဆက်ပြီး ဆဲဆိုနေရင် ငါ့နှလုံးရောဂါ ဖြစ်သွားလိမ့်မယ်၊ ဆေးဖိုးတွေ မင်းတို့ပဲ တာဝန်ယူရမယ်။ ဆက်ဆဲကြည့် အကုန်လုံးကို တရားစွဲပစ်မှာ" ဟု ခြိမ်းခြောက်ကာ ပြောဆို လိုက်သည်။

Live လွှင့်မှုကို ကြည့်ရှုသူများမှာ ဒေါသထွက်ကာ ရွံရှာသွားကြသည်။

[ဝမ်ကျူး သရုပ်ဆောင်တာ အရမ်းအတုအယောင်ပဲ]

[နှလုံးရောဂါတဲ့လား သရုပ်ဆောင်နေတာပဲ]

[ရှေ့နေဂူ ဘယ်မှာလဲ ဥပဒေမဲ့မိုက်ရူးရဲကို ခေါ်လာပေးပါ]

[ဒီမိန်းမ အရမ်းမာနကြီးတာပဲ။ ဒါပေမဲ့ သူ ရင်ဆိုင်ရမှာက ဥပဒေမဲ့မိုက်ရူးရဲလေသူတော့ ပြီးပြီပဲ]

တရားခွင် စတင်ရန် ၂ မိနစ်အလိုတွင် တရားလို လျူရှောင်နန် ရောက်ရှိလာသည်။

လူတိုင်း၏ အကြည့်အောက်တွင် ဂူချန်သည် လှပသော ရွှယ်ချင်းချင်းနှင့်အတူ ဝင်ရောက်လာသည်။

ရွှယ်ချင်းချင်း၏ အလှတရားနှင့် ယုံကြည်မှုရှိသော ပုံစံကို မြင်လိုက်ရသည့်အခါ ဝမ်ကျူးသည် မသိစိတ်ကပင် သူမ၏ ခန္ဓာကိုယ်ကို ဆွဲဆန့်ကာ ယှဉ်ပြိုင်ရန် ကြိုးစားလိုက်သည်။

သို့သော် ရွှယ်ချင်းချင်း၏ တည်ငြိမ်သော အရှိန်အဝါက ပိုမိုသာလွန်နေသည်။

[ရှေ့နေဂူရဲ့ လက်ထောက်က အရမ်းလှတာပဲ]

[ရွှယ်ချင်းချင်းတဲ့ ဝမ်ကျူးထက် အဆပေါင်းများစွာ သာတယ်]

[လျူဂျွန် ဘာတွေမြင်ပြီး ဝမ်ကျူးကို ချစ်မိသွားတာလဲ မသိဘူး ရွံစရာကောင်းတယ်]

[ရှေ့နေဂူ ရောက်လာပြီ။ ဥပဒေမဲ့မိုက်ရူးရဲ ရောက်လာပြီ။ ဝမ်ကျူးရေ ဂရုစိုက်တော့]

All Chapters