← Chapters

အခန်း ၃၅၀

Vol. 35 Ch. 350

အခန်း ၃၅၀

Vol. 35 Ch. 350

အခန်း (၃၅၀) ဟာသပဲ၊ ငွေချေးတဲ့မြေးက အဘိုးဖြစ်သွားတာလား

လီလန်သည် ညာလက်တွင် အရိုးခုတ်ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်၍ နှင်းကျားသစ်အသေကောင်ထံသို့ လျှောက်သွားလိုက်သည်။ သူသည် ဓားကို ငုံ့ကြည့်လိုက်ရာ ဓားမှာ အနည်းငယ် တုံးနေသည်ကို မြင်လိုက်ရသည်။ အရေခွံခွာသည့်ဓား တုံးသွားပါက သားကောင်၏ အရေခွံကို ခွာရန် အလွန်ခက်ခဲပြီး ဓားသွေးကျောက်ဖြင့် ပြန်သွေးပေးရမည် ဖြစ်သည်။ လီလန်သည် ရေစည်ပိုင်းဆီသို့ လျှောက်သွားလိုက်ရာ ဓားသွေးကျောက်မှာ ထောင့်တစ်နေရာတွင် ရှိသည်ကို သတိရသွားသည်။ ထောင့်သို့ ရောက်သော်လည်း ဓားသွေးကျောက်ကို မတွေ့ရပေ။ ထို့ကြောင့် သူသည် ဖခင်ဖြစ်သူ လီတာ့ဟိုင်ကို လှည့်၍ မေးလိုက်၏။

"အဖေ... ဓားသွေးကျောက်က ဘယ်မှာလဲ..."

ဓားသွေးကျောက်မှာ ကြီးမားခြင်းမရှိဘဲ မုန့်နယ်တံနှင့် အရွယ်အစားသာ ရှိသည်။ လီလန်၏ အဘိုးက လုံမင်မြစ်မှ ကောက်ယူလာခြင်း ဖြစ်သည်။ မိသားစုသည် ဤဓားသွေးကျောက်ကို ဓားနှင့် တံစဉ်များ သွေးရန် အမြဲသုံးလေ့ရှိသည်။ ၎င်းမှာ အသုံးပြုလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ကာ အဘိုးဖြစ်သူ အသက်ရှိစဉ်ကတည်းကဆိုလျှင် အနည်းဆုံး ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်သည်။

"အာ... ဓားသွေးကျောက်..."

လီတာ့ဟိုင်မှာ ထိတ်လန့်သွားသည်။ သူ၏ ခေါင်းကို ပုတ်လိုက်ပြီးမှ သတိရသွားကာ "အိုး... အဲဒီဓားသွေးကျောက်လား... အဖေ ပျောက်သွားတယ်" ဟု ပြောသည်။

လီတာ့ဟိုင် ဤသို့ ပြောလိုက်ချိန်တွင် သူ၏ မျက်လုံးများမှာ လှုပ်ရှားနေပြီး အနည်းငယ် တုံ့ဆိုင်းနေသည့်ပုံ ပေါက်သည်။ လီလန်မှာ ဖခင်၏ အမူအရာကို ရိပ်မိသွားသည်။

"အဖေ... တကယ်ပြောပါ၊ ဘယ်သူက ကျွန်တော်တို့အိမ်က ဓားသွေးကျောက်ကို ယူသွားတာလဲ"

ဓားသွေးကျောက်ဆိုသည်မှာ တန်ဖိုးကြီးလှသည် မဟုတ်ပေ။ ရွာသားများ ချေးငှားပါကလည်း ပြဿနာမရှိသော်လည်း ချေးယူပြီးပါက ပြန်ပေးရမည် မဟုတ်ပါလော။ သူတစ်ပါးပစ္စည်းကို "ချေးယူခြင်း" ဟု အကြောင်းပြ၍ မိမိပစ္စည်းကဲ့သို့ သိမ်းပိုက်ထားခြင်းမှာ "ချေးယူခြင်း" မဟုတ်ဘဲ "လုယူခြင်း" ဖြစ်သည်။ ၎င်းမှာ သူတစ်ပါးကို အခွင့်အရေးယူခြင်း ဖြစ်သည်။ အလွန်တရာ ရွံရှာစရာကောင်းလှသည်။

လီတာ့ဟိုင်၏ မျက်လုံးများ လှုပ်ရှားနေသည်ကို မြင်လိုက်ရချိန်တွင် သူတစ်ပါး၏ အခွင့်အရေးယူမှုကို ခံလိုက်ရကြောင်း လီလန် နားလည်သွားသည်။ သူ၏ ဖခင်မှာ နူးညံ့သိမ်မွေ့ပြီး စိတ်သဘောထား ကောင်းလွန်းသူ ဖြစ်သည်။ တစ်စုံတစ်ယောက်က ချေးငှားပါက ငြင်းဆိုရန် မတတ်နိုင်ပေ။ တစ်စုံတစ်ယောက်က အာစုံဖွင့်လိုက်သည်နှင့် ဖခင်ဖြစ်သူမှာ သဘောတူလိုက်မှာ အသေအချာပင်။

အဘိုးကြီးနှစ်ဦးဖြစ်သည့် ကျန်းတာပေါင်နှင့် ကျောက်ထျဲ့ကျွင်းတို့မှာ မြေပဲကို ဝါးနေရင်း ဆူညံသံကို ကြားသဖြင့် လီတာ့ဟိုင်ဘက်သို့ လှည့်ကြည့်လိုက်သည်။ အဘိုးကျန်းက "ငါ မှတ်မိသလိုပဲ... အဲဒါ လီလန်ရဲ့ အဘိုး မြစ်ထဲက ကောက်လာတဲ့ ဓားသွေးကျောက် မဟုတ်လား" ဟု ပြောသည်။

ကျန်းတာပေါင်နှင့် လီလန်၏ အဘိုးမှာ အလွန်ရင်းနှီးသဖြင့် အတူတူ သောက်စားကာ စကားစမြည် ပြောလေ့ရှိသည်။ ထို့ကြောင့် သူတို့သည် ဤဓားသွေးကျောက်နှင့် မစိမ်းကြပေ။ လီလန် ပြောလိုက်သည်နှင့် သူတို့သည် ချက်ချင်း သတိရသွားကြသည်။

"အဲဒီဓားသွေးကျောက်က အတော်လေး ကြာနေပြီ… ငါလည်း တာ့ဟိုင်ဆီကနေ အကြိမ်အနည်းငယ် ငှားဖူးတယ်… အတော်လေး သုံးလို့ကောင်းတယ်"

အဘိုးကျောက်ကလည်း ခေါင်းညိတ်၍ ထောက်ခံလိုက်သည်။

အဘိုးကြီးနှစ်ဦးမှာ လီတာ့ဟိုင်ကို အမြန်ကြည့်လိုက်ကြသည်။ အဘိုးကျောက်က "တာ့ဟိုင်... အဲ့တာဘယ်မှာလဲ" ဟု မေးသည်။ အဘိုးကြီးနှစ်ဦးလုံးက မေးလိုက်ပြီဖြစ်ရာ လီတာ့ဟိုင်မှာ ဖုံးကွယ်ထားရန် မဝံ့ရဲတော့ပေ။ သူသည် သက်ပြင်းချ၍ မတတ်နိုင်သည့်အပြုံးဖြင့်

"အဲဒီဓားသွေးကျောက်ကို လီလန်ရဲ့ အမေဘက်က ဦးလေးက ငှားသွားတာ" ဟု ပြောသည်။

"အမေဘက်က ဦးလေးလား"

ဖခင်၏ စကားကို ကြားလိုက်ရသဖြင့် လီလန် မျက်မှောင်ကျုံ့လိုက်သည်။ ကြာမြင့်လှပြီဖြစ်သဖြင့် သူသည် ထိုဆွေမျိုးကို မမှတ်မိတော့ပေ။

"ဘယ်ဦးလေးလဲ" ဟု လီလန်က မေးသည်။

ကျန်းတာပေါင်က ဝင်ရောက်စွက်ဖက်ကာ "အဲဒီအဘိုးကြီးမာမိသားစုက ကောင်လေးလား" ဟု မေးသည်။ အဘိုးကျန်းမှာ လီလန်၏ "အမေဘက်က ဦးလေး" ဟု ခေါ်သောသူကို သိနေပုံရသည်။

"ဟုတ်တယ်... ဟုတ်တယ်..."

လီတာ့ဟိုင်က ခေါင်းညိတ်၏။

လီလန်မှာ အနည်းငယ် ဝေဝါးသွားသည်။

*အဘိုးကြီးမာမိသားစုက ကောင်လေး…ဘယ်သူလဲ ဘာလို့ သူ့တွင် အမှတ်အသား မရှိရတာလဲ...

လီလန်၏ မသိနားမလည်သော အမူအရာကို မြင်လိုက်ရသဖြင့် လီတာ့ဟိုင်က ရှင်းပြသည်။

"မင်းရဲ့ ဦးလေးမားက ရွာမှာ များသောအားဖြင့် မရှိဘူး မြို့မှာ အလုပ်လုပ်တာ… ဒီလမှ ပြန်ရောက်လာတာဆိုတော့ မင်း မသိတာ ထူးမဆန်းပါဘူး မင်း မွေးခါစတုန်းကတောင် သူ မင်းကို ပွေ့ဖက်ဖူးတယ်"

"အဖေ... ရပ်... ရပ်... နေပါဦး"

လီလန်က ခေါင်းခါလိုက်သည်။ ယခုကိစ္စမှာ ဓားသွေးကျောက် ဘယ်ရောက်သွားလဲဆိုတာဖြစ်ပြီး ဆွေမျိုးများနှင့် မလိုအပ်သော အမှတ်တရများကို ပြောနေရန် မဟုတ်ပေ။ သူသည် ထိုကဲ့သို့ ဆွေမျိုးတစ်ယောက် ရှိသည်ကိုပင် မမှတ်မိဘဲ ဖခင်ဖြစ်သူ ပြောနေသည်များကို ဘာကြောင့် နားထောင်နေရမည်နည်း။

"ဒါဆိုရင် ဓားသွေးကျောက်ကို အဲဒီအမေဘက်က ဦးလေးက ငှားသွားတာပေါ့နော်"

လီလန်က ဖခင်ကို ကြည့်လိုက်သည်။

"ဟုတ်တယ်... မင်းရဲ့ ဦးလေးမာ ငှားတာ"

လီတာ့ဟိုင်က ခေါင်းညိတ်သည်။

"ငှားထားတာ ဘယ်လောက်တောင် ကြာပြီလဲ"

လီလန်က ထပ်မေးသည်။

ဤအမေးကို မေးလိုက်ချိန်တွင် လီတာ့ဟိုင်၏ မျက်မှောင်များမှာ ရုတ်တရက် ကျုံ့သွားပြီးနောက် သူသည် ခေါင်းကို ငုံ့လိုက်ကာ တုံ့ဆိုင်းလျက် မည်သို့ ပြောရမှန်း မသိတော့ပေ။ ဖခင်၏ ခေါင်းငုံ့ပြီး တိတ်ဆိတ်နေသည့် အမူအရာကို မြင်လိုက်ရချိန်တွင် လီလန် ချက်ချင်း နားလည်သွားသည်။ အနည်းဆုံးတော့ ခြောက်လလောက် ကြာနေလောက်ပြီဖြစ်၏။

ဓားသွေးကျောက်မှာ တန်ဖိုးကြီးသည် မဟုတ်သော်လည်း မိသားစုပစ္စည်းဖြစ်သည့်အပြင် အဘိုးဖြစ်သူ ချန်ရစ်ခဲ့သည့် အရာဖြစ်သည်။ အိမ်ရှိ ပစ္စည်းတိုင်းကို မည်သူပင် ချေးငှားသည်ဖြစ်စေ ပြန်ပေးရမည် ဖြစ်သည်။ တစ်စုံတစ်ခုကို သိမ်းပိုက်ထားပြီး ပြန်မပေးခြင်းမှာ မည်ကဲ့သို့သော အပြုအမူမျိုးနည်း။

"ပြီးခဲ့တဲ့ ဆောင်းဦးရာသီပွဲတော်တုန်းက ငှားသွားတာ..."

ဖခင်ဖြစ်သူက အဆင်မပြေစွာဖြင့် ပြန်ဖြေသည်။

လီလန် - …

ဆောင်းဦးရာသီပွဲတော်...

တကယ်ပင် ခြောက်လကျော်ပြီဖြစ်၏။

"အဖေ... အဖေ သူ့ကို ပြန်မတောင်းဘူးလား"

လီလန်က ဒေါသအနည်းငယ် ထွက်လျက် ပြောလိုက်သည်။ သူတို့ကဲ့သို့ မုဆိုးများအတွက် တောင်ပေါ်တွင် အမဲလိုက်ရာ၌ သို့မဟုတ် တောရိုင်းပစ္စည်းများ ရှာဖွေရာ၌ အမဲလိုက်ဓားကို အမြဲ ဆောင်ထားလေ့ရှိသည်။ အမဲလိုက်ဓားမှာ ဓားမကြီးနှင့် ပုံစံတူပြီး သံဖြင့် ပြုလုပ်ထားကာ အရိုးမှာလည်း သံဖြစ်ပြီး အထဲတွင် အခေါင်းပေါက် ဖြစ်သောကြောင့် သစ်သားတုတ်နှင့် ထည့်ရန် အဆင်ပြေသည်။ တောင်ပေါ်သို့ အမဲလိုက်ဓားကို သယ်ဆောင်သွားခြင်းမှာ လမ်းရှင်းရန်၊ သစ်ပင်နှင့် မြက်ပင်များကို ခုတ်ထွင်ရန်နှင့် တစ်ဖက်တွင်လည်း မိမိကိုယ်ကို ကာကွယ်ရန် ဖြစ်သည်။ နီးကပ်စွာ တိုက်ခိုက်ခံရပါက အမဲလိုက်ဓားကို လက်နက်အဖြစ် အသုံးပြုနိုင်သည်။ ဟုတ်ပါတယ်၊ အမဲလိုက်ဓားထဲသို့ သစ်သားတုတ် ထည့်လိုက်ပါက လှံအဖြစ် ပြောင်းလဲသွားပြီး လှံဖြင့် အမဲလိုက်ခြင်းအတွက် အသုံးပြုနိုင်သည်။

လှံဖြင့် အမဲလိုက်ခြင်းဆိုသည်မှာ တောဝက်ကဲ့သို့သော သားရဲများကို အနီးကပ် သတ်ဖြတ်ရန် သစ်သားတုတ်နှင့် အမဲလိုက်ဓားကို အသုံးပြုခြင်း ဖြစ်သည်။ သို့သော် လှံဖြင့် အမဲလိုက်ခြင်းမှာ မြင့်မားသော ကျွမ်းကျင်မှု လိုအပ်ပြီး အလွန်အန္တရာယ် များသည်။ ၎င်းကို သင်းကွဲနှင့် ဒဏ်ရာရနေသော သားရဲများကိုသာ အမဲလိုက်ရန် အသုံးပြုလေ့ရှိသည်။

သို့သော် လှံဖြင့် အမဲလိုက်ခြင်းဖြစ်စေ၊ ထင်းခုတ်ရန်နှင့် မြက်ခုတ်ရန် အမဲလိုက်ဓားကို သုံးခြင်းဖြစ်စေ၊ ဓားသွားမှာ ထက်မြက်ရန် လိုအပ်သည်။ ဤနေရာတွင် ဓားသွေးကျောက်မှာ အသုံးဝင်သည်။

ဓားသွေးကျောက်ကို သုံး၍ အမဲလိုက်ဓားကို သွေးပါက ထက်မြက်ပြီး လျင်မြန်သည်။ ထို့ကြောင့် မုဆိုးတစ်ယောက်အတွက် ဓားသွေးကျောက်မှာ မရှိမဖြစ် လိုအပ်သည့် ကိရိယာတစ်ခုဖြစ်သည်။ ရွှမ်းရွှေရွာတွင် မုဆိုးအိမ်ထောင်စုတိုင်းနီးပါးတွင် ဓားသွေးကျောက်ရှိကြသည်။ သို့သော် လီလန်၏ မိသားစုတွင် ဓားသွေးကျောက်မရှိတော့ဘဲ ပျောက်ဆုံးနေသည်မှာ ခြောက်လကျော်ပြီ ဖြစ်သည်။

"အဖေ တောင်းကြည့်တယ်... အကြိမ်ကြိမ် တောင်းကြည့်တယ် ဒါပေမဲ့ သူက ဓားမသွေးရသေးဘူး သူ အသုံးပြုရဦးမယ်လို့ပဲ ပြောနေ‌တာ..”

လီတာ့ဟိုင်က တတ်နိုင်သလောက် ရှင်းပြသည်။

ထိုစကားကို ကြားလိုက်ရသဖြင့် ဦးလေးမာဟု ခေါ်ဆိုသူမှာ ဓားသွေးကျောက်ကို ပြန်ပေးရန် လုံးဝ ဆန္ဒမရှိကြောင်း လီလန် ချက်ချင်း နားလည်သွားသည်။ ၎င်းမှာ သူတစ်ပါးကို ငွေချေးလိုက်ပြီး လအနည်းငယ် ကြာမှ ပြန်တောင်းသည့်အခါ လစာ မရသေးဘူး၊ အလုပ်ရှင် ခရီးလွန်နေတယ်၊ ကလေး ဖျားနေတယ် စသည့် အကြောင်းပြချက် အမျိုးမျိုးဖြင့် ပြန်မပေးဘဲ ဆွဲဆန့်ထားသကဲ့သို့ပင် ဖြစ်သည်။

“ ဟား… အကြွေးတင်သူက သူဌေး ဖြစ်လာတာပဲ…”

လီလန်က လှောင်ပြုံးဖြင့် "ကျွန်တော့်အိမ်က ပစ္စည်းကို သူက ဘယ်လိုလုပ် ပြန်မပေးဘဲ နေရတာလဲ… ဒီမြေးလေးက ကျွန်တော်တို့ကို အခွင့်အရေး ယူချင်တာ သေချာတယ်”

"အဖေ... အဲဒီမာဆိုတဲ့ကောင် ဘယ်မှာနေလဲ သူက ကျွန်တော်တို့ရွာသားပဲလား"

လီလန်က လက်ထဲရှိ အရေခွံခွာဓားကို ချလိုက်ပြီး လက်ကို သုတ်ကာ ဓားသွေးကျောက်ကို ပြန်တောင်းရန် အပြင်ထွက်ဖို့ ပြင်ဆင်လိုက်သည်။ လီလန်မှာ သူတစ်ပါး၏ အခွင့်အရေးယူမှုကို လုံးဝ လက်မခံသူဖြစ်သည်။ မိမိပစ္စည်းမှာ မိမိပစ္စည်းသာဖြစ်ပြီး မည်သူမျှ မိမိကို အခွင့်အရေး ယူ၍ မရနိုင်ပေ။ ထို့အပြင် ဤဓားသွေးကျောက်မှာ အဘိုးဖြစ်သူ လက်ထက်ကတည်းက ကျန်ရစ်ခဲ့သည့် အရာဖြစ်သည်။ နှစ်ပေါင်းများစွာ အသုံးပြုခဲ့ပြီး ခံစားချက်များစွာ ရှိနေသည်။ သူတစ်ပါးက သိမ်းပိုက်ထားသည်ကို မည်သူက ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။

"အဘိုးကြီးမာမိသားစုက ကောင်လေးက ငါတို့ရွာရဲ့ အရှေ့ဘက်အဆုံးမှာရှိတဲ့ တတိယအိမ်မှာ နေတာ လီရှန်းဟွာအိမ်ဘေးမှာ"

ကျောက်ထျဲ့ကျွင်းက ဝင်ရောက် ပြောဆိုလိုက်သည်။

လီလန် ကြားလိုက်ရသည့်အခါမှာတော့

*လီရှန်းဟွာ ဖြစ်ပြန်ပြီ ဒီမိန်းမဆိုးမှာ ဘာကြောင့် အမြဲတမ်း အခွင့်အရေးယူတတ်တဲ့သူ ဒါမှမဟုတ် ရွံရှာစရာကောင်းတဲ့သူတွေနဲ့ပဲ ဝိုင်းရံနေရတာလဲ*

"အဖေ... သွားမယ်... သူ့ကို ရှာပြီး ဓားသွေးကျောက်ကို ပြန်တောင်းမယ်"

လီလန်က ဖခင်ဖြစ်သူ လီတာ့ဟိုင်ကို ခေါ်လိုက်သည်။

လီတာ့ဟိုင်သည် ခြံဝင်းထဲတွင် လဲကျနေသည့် နှင်းကျားသစ်အသေကောင်ကို တစ်ချက်ကြည့်လိုက်ပြီး "နောက်ရက်ကျမှ သွားရင် မကောင်းဘူးလား... မင်းရဲ့ ဦးလေးဝမ်အိမ်မှာလည်း ဓားသွေးကျောက်

ရှိတယ်၊ ငါ မင်းအတွက် ငှားပေးမယ်လေ" ဟု တုံ့ဆိုင်းစွာ ပြောလိုက်သည်။

လီလန်က ကြားလိုက်ရသည့်အခါ

"မဖြစ်ဘူး… မာဆိုတဲ့ကောင်က ကျွန်တော်တို့အိမ်က ဓားသွေးကျောက်ကို ငှားထားတာ ခြောက်လကျော်ပြီ အဖေ အကြိမ်ကြိမ် တောင်းတာတောင် ပြန်မပေးဘူး ဘာလို့ ပြန်မပေးရမှာလဲ"

"အဲဒါက ကျွန်တော်တို့ မိသားစုပစ္စည်းပဲ"

"ဒီနေ့ပဲ ပြန်ရ ရမယ်…”

All Chapters