အခန်း ၁
Vol. 1 Ch. 1
အခန်း (၁) နတ်သမီး၏ ရင်စီးအတွင်းခံကို ရောင်းချခြင်း
“အရှေ့ဘက်ဒေသက ဝမ်ပေါင်မျှော်စင်ကြီး ဒေဝါလီခံသွားပြီဟေ့….။”
“ကိုယ်ကျင့်တရားမကောင်းတဲ့ မျှော်စင်အိမ်ရှင်က သူ့ရဲ့ တာအိုလက်တွဲဖော်မလေးနဲ့အတူ ငါ့ရဲ့လုပ်ခ လစာ တွေ ကိုပါ ယူပြီး ထွက်ပြေးသွားပြီ….။”
“ငါ့လုပ်ခအတွက် တခြားနည်းလမ်းမရှိလို့ မျှော်စင်အိမ်ရှင်ရဲ့ တာအိုလက်တွဲဖော်ဆီကနေ အတင်းချွတ် ယူထားတဲ့ ဒီကာကွယ်ရေးမှော်ပစ္စည်းလေးကိုပဲ ယူလာခဲ့ရတယ်…။”
“အသက်ဘေးကနေ တစ်ကြိမ်ကာကွယ်ပေးနိုင်တဲ့ အဆင့်မြင့်ရင်စီးအတွင်းခံကို ဈေးပေါပေါနဲ့ ရောင်း မယ်….။”
“ဒီအဆင့်မြင့်ရင်စီးက ပုံမှန်ဆို စိတ်ဝိညာဉ်ကျောက်တုံး အခုငါးရာတန်တာကို အခုတော့ တစ်ရာတည်းနဲ့ ရောင်းပေးမှာပါ…။”
“ဖြတ်သွားဖြတ်လာ နတ်သမီးတို့ရေ... ဒီအခွင့်အရေးကို လက်လွတ်မခံကြနဲ့ဦးနော်….။”
ထျန်းယွမ်တိုက်ကြီး၊ ချင်းယွင်ဂိုဏ်းဈေးကွက်အတွင်း ကျင့်ကြံသူများ၏ ဆိုင်ခန်းများစွာကြားထဲမှာ ထို အော်သံက တကယ့်ကို နားမခံသာစရာ ဖြစ်နေ၏။ အသံလာရာကို ကြည့်လိုက်ပါကလည်း မြင်ရသည် က ကိုးယို့ကားရား နိုင်လှသည်ပင်။
ရှေးဦးစွာ တွေ့လိုက်ရသည်မှာ ဤကျင့်ကြံခြင်းလောကနှင့် လုံးဝကိုက်ညီမှုမရှိသည့် ခြေနင်းသုံးချောင်း ထောက်စက်ဘီး တစ်စီးဖြစ်သည် ။ စက်ဘီးပေါ်တွင် ထီးအကြီးကြီးတစ်လက် ဆောင်းထားပြီး နောက် တွဲ ထဲတွင်မူ ဟောင်းနွမ်းနေသော သစ်သားသေတ္တာတစ်လုံးနှင့် ခြေလေးချောင်းပါသော ဆေးမီးဖိုတစ် ခု ရှိနေသည်။ ထိုဆိုင်ဘေးတွင် စုတ်ပြတ်နေသော မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ် တစ်ဦး ရပ်နေ၏။
ထိုလူငယ်၏အမည်မှာ လင်းဖန် ဖြစ်ပြီး ကုန်သည်စနစ် ကို ပိုင်ဆိုင်ထားသည့် ကူးပြောင်းလာသူ တစ်ဦး ဖြစ်သည် ။ ယခုလေးတင် အော်ဟစ်နေသည်မှာ သူပင် ဖြစ်သည် ။ သူသည် စနစ်မှ ပေးထားသော ပန်း ရောင်ရင်စီးအတွင်းခံကို ကိုင်ထားပြီး ဖြတ်သွားဖြတ်လာ ကျင့်ကြံသူများကို လိုက်ပြနေ၏။ ၎င်းကို ရောင်းရမှသာ သူ၏ ကျင့်ကြံမှုအတွက် စိတ်ဝိညာဉ်ကျောက်တုံးများ ရရှိမည် ဖြစ်သည် ။
ရုတ်တရက် လင်းဖန်ရဲ့ မျက်လုံးတွေက တောက်ပသွားပြီး သာမန်ရုပ်ရည်ရှိတဲ့ အမျိုးသမီးကျင့်ကြံသူ တစ်ယောက်ကို မြင်လိုက်သည်နဲ့ အမြန်ပြေးသွားပြီး လမ်းပိတ်လိုက်လေ၏။
“နတ်သမီး... ဒီရင်စီးလေးကို ကြည့်ပါဦး။ ဒါက မင်းအတွက် သီးသန့်ချုပ်ထားသလိုပါပဲ။ တစ်ထည် လောက် ဝယ်မလားခင်ဗျား…။”
လမ်းပိတ်ခံလိုက်ရသော အမျိုးသမီးကျင့်ကြံသူသည် လင်းဖန်ရဲ့စကားကို ကြားပြီးနောက် မိမိရဲ့ ပြားချပ် နေသော ရင်ဘတ်ကို ငုံ့ကြည့်မိပြီး ချက်ချင်းပဲ ဒေါသ ထွက်သွားတော့သည်။ သူမက ခါးမှာချိတ်ထားတဲ့ ဓားကိုဆွဲထုတ်ပြီး လင်းဖန်ကို ပညာပေးရန် ပြင်လိုက်သော်လည်း ဈေးကွက်ထဲတွင် အကြမ်းဖက်မှု မလုပ်ရဆိုသော စည်းကမ်းကို သတိရသွားခြင်းကြောင့် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ထွက်သွားလေ တော့သည်။
အရောင်းအဝယ် ပျက်သွားခြင်းကြောင့် လင်းဖန်ဟာ မျက်ခုံးထူထူ၊ မျက်လုံးဝိုင်းဝိုင်း၊ မျက်နှာဝိုင်းပြီး မုတ်ဆိတ်မွေးနဲ့ အမျိုးသားကျင့်ကြံသူတစ်ယောက်ကို ထပ်ပြီး ပစ်မှတ်ထားလိုက်ပြန်ပါသည်။
“မိတ်ဆွေ... ရင်စီးလေး ဝယ်မလား။ ခင်ဗျားရဲ့ ချစ်သူကို လက်ဆောင်ပေးလိုက်ရင် နတ်သမီးလေးရဲ့ နှလုံးသား ကို ဖမ်းစားနိုင်မှာ သေချာတယ်ဗျ….။”
လင်းဖန်၏ စကားကို ကြားလိုက်ရသော မုတ်ဆိတ်နှင့်လူက ရွံရှာစက်ဆုပ်သော မျက်နှာပေးဖြင့် အံကြိတ်ပြီး ပြောလိုက်သည်။
“သွားစမ်း... ငါ့လမ်းကို ပိတ်ရဲတယ်ပေါ့။ မင်း သေချင်နေတာလား…။”
ထိုလူရဲ့ မျက်နှာ၌ ထင်ရှားစွာပေါ်နေသော ရွံရှာမှုကို မြင်လိုက်ရသောအခါ လင်းဖန် ဘာကြောင့်မှန်း ဝေခွဲ မရနိုင်ဖြစ်သွား၏။ ထိုလူရဲ့ မျက်နှာဝိုင်းဝိုင်းနဲ့ မုတ်ဆိတ်မွေးများကို သေချာကြည့်ပြီးမှ လင်းဖန် တစ်ခုခုကို နားလည်သွားဟန်ဖြင့်...
“စိတ်မဆိုးပါနဲ့ မိတ်ဆွေရာ။ ခင်ဗျားက နတ်သမီးကို လက်ဆောင်မပေးချင်ရင်လည်း ကိုယ်တိုင်ဝတ် လို့ရတာပဲ။ ကြည့်ပါဦး ဒီပန်းရောင်လေးက ဘယ်လောက်တောင် ချစ်စရာကောင်းလဲ၊ ပြီးတော့ အသက် ဘေးကတောင် ကာကွယ်ပေးနိုင်သေးတယ်လေ….။”
လင်းဖန်ရဲ့ စကားကို ကြားသောအခါ ထိုမုတ်ဆိတ်နှင့်လူက ဆက်ပြီး မဆဲဆိုတော့ဘဲ လင်းဖန်၏ လုံခြုံ ရေးကို စိုးရိမ်ပေးနေသလိုမျိုး ပြောလိုက်၏။
“ကောင်လေး... မင်း ဒီဈေးကွက်ထဲက ထွက်သွားတဲ့အခါ ဂရုစိုက်ဖို့ ပြင်ထားလိုက်ဦး….။”
ပြောပြီးသည်နှင့် ထိုလူက လင်းဖန်ရဲ့မျက်နှာကို မှတ်ထားသလိုမျိုး သေချာကြည့်ပြီး ထွက်သွားလေ သည်။
ထိုလူ၏ [ဂရုစိုက်] ဟူသော စကားကို ကြားမိသောအခါ လင်းဖန် တကယ်ပင် စိတ်လှုပ်ရှားသွားမိသည်။
*ဒီလောကမှာ လူကောင်းတွေ အများကြီး ရှိသေးတာပဲ။ ငါ့ရဲ့ ကျင့်ကြံမှုအဆင့်က နိမ့်နေတာကို သူမြင် လို့ ဈေးကွက်အပြင်ဘက်က ယောင်သားရဲတွေကို ကြောက်ရမှာစိုးလို့ ငါ့ကို စေတနာနဲ့ သတိပေး သွားတာ ဖြစ်ရမယ်….။*
ကျေးဇူးတင်သည့် စိတ်နှင့်အတူ လင်းဖန်သည် သူ၏ ဆိုင်ခန်းဆီ ပြန်သွားပြီး စနစ်မျက်နှာပြင် ကို စစ်ဆေး လိုက်သည်။
“အိမ်ရှင် လင်းဖန်(ချီစုဆောင်းခြင်း အဆင့် - ၁ ) အဆင့်တက်ရန် လိုအပ်ချက်: (စိတ်ဝိညာဉ်ကျောက် တုံး ၀/၁၀၀)
ခရီးသွားယာဉ်: ခြေထောက်သုံးချောင်း ရွှေကျီးသုံးဘီး (ပျံသန်းနိုင်လောက်အောင် မြန်ပြီး တိုက်ခိုက် မှု အားကောင်းသည်)
တိုက်စစ်နှင့် ခုခံရေးရတနာ: ခရမ်းရွှေနတ်နဂါးထီး (တိုက်စစ်ရော ခံစစ်ပါ သုံးနိုင်သည့် အစွမ်းထက် ထီး)
ဂူဗိမာန်: ဟင်းလင်းပြင်သားရဲတဲ (သယ်ဆောင်ရလွယ်ကူသော ကိုယ်ပိုင်နေရာ)
ထူးခြားသောရတနာ: ကမ္ဘာပေါင်းများစွာ ရတနာသေတ္တာ (ဆန်းကြယ်သော ပစ္စည်းများ ကျပန်း ထွက်ပေါ်သည်)
အထောက်အကူပြုရတနာ: ထုတ်လုပ်ရေးအဖွဲ့ ဆေးမီးဖို (ဆေးလုံးနှင့် လက်နက်များကို အလွန်ထိ ရောက်စွာ ထုတ်လုပ်နိုင်သည်) “
စနစ်ထဲမှ ကျင့်ကြံမှုအချက်အလက်များကို မြင်လိုက်ရသောအခါ လင်းဖန် သက်ပြင်းချလိုက်မိ၏။ သူ့ရဲ့ စနစ်က ကျင့်ကြံမှုအဆင့်တက်ဖို့ စိတ်ဝိညာဉ်ကျောက်တုံးများကို ထည့်သွင်း ပေးဖို့ လိုအပ်နေသည်ပင်။ အခုလောလောဆယ် သူက ချီစုဆောင်းခြင်း ပထမအဆင့်ပင် မရှိသေးချေ။ စိတ်ဝိညာဉ်ချီစွမ်းအား တစ် စက်ကလေးတောင် ခန္ဓာကိုယ်ထဲမှာ မရှိသောကြောင့် အဆင့် (၁) ကို အသက်သွင်းရန်အနည်းဆုံး ကျောက်တုံးတစ်တုံးတော့ လိုပေသည်။
အကြာကြီး အော်ဟစ်ရောင်းချနေတာတောင် ရင်စီးတစ်ထည်မှ မရောင်းရခြင်းကို တွေးမိပြီး စနစ်ကို စိတ်ထဲကနေ လှမ်းဆဲလိုက်၏။
“မင်းကတော့ တကယ့် ‘ကုန်စည်အမှိုက်ပုံး’ ပဲ။ ရောင်းစရာရှားလို့ ဒီလို ရင်စီးအစုတ်ကို ရောင်းခိုင်းရ လား…။ ဘယ်သူက ဝယ်မှာလဲ…။”
ဤစနစ်နာမည်က ‘ကုန်သည်စနစ်’ ဖြစ်ပေမယ့် ကျင့်ကြံဖို့ အဖိုးမခပေးရမှန်း သိကတည်းက လင်းဖန်က ‘ကုန်စည်အမှိုက်ပုံး’ ဟုသာ ခေါ်နေတော့၏။
[အိမ်ရှင်... ဒီအဆင့်မြင့်ရင်စီးက တကယ့်ပစ္စည်းကောင်းပါ။ သူတို့က တန်ဖိုးမသိကြလို့ပါ။ ဆက်ပြီး ကြိုးစားပါ၊ တန်ဖိုးနားလည်တဲ့သူနဲ့ မင်း တွေ့မှာပါ။]
စနစ်ရဲ့စကားကြောင့် လင်းဖန် ပိုဒေါသထွက်သွားသည်။ ဘေးက သုံးချောင်းထောက်စက်ဘီးနဲ့ တခြား ပစ္စည်းများ ကို ကြည့်ပြီး အံကြိတ်ကာ ပြောလိုက်၏။
“တန်ဖိုးမသိတာဟူတ်လား…။ မင်း ငါ့ကိုပေးထားတဲ့ အမှိုက်တွေကို ကြည့်ဦး။ ‘ကုန်သည်စနစ်’ တဲ့ လား... ‘အမှိုက်ပြန်လည်အသုံးချရေးစင်တာ’ လို့ပဲ နာမည်ပြောင်းလိုက်တော့….။”
[အိမ်ရှင်... အဲလိုမပြောပါနဲ့။ စနစ်က ထုတ်လုပ်သမျှ အရာအားလုံးက အကောင်းဆုံးတွေချည်းပါပဲ။ မင်း ကိုပေးထားတဲ့ လက်ဆောင်ထုပ်ကို ကြည့်ဦး။ ခြေထောက်သုံးချောင်းရွှေကျီး၊ ခရမ်းရွှေနတ်နဂါး၊ ဟင်း လင်းပြင်သားရဲ၊ ကမ္ဘာဦးသစ်ပင်... နောက်ပြီး မြည်းသူတော်စင်အထိ ပါတယ်။ ဒါတွေက ဒီတိုက်ကြီး မှာတင်မကဘူး၊ နတ်ဘုရားလောကမှာတောင် ထိပ်တန်းပစ္စည်းတွေပဲ။]
“ခြေထောက်သုံးချောင်းရွှေကျီး ဟုတ်လား။ ဒီခြေနင်းသုံးချောင်းထောက်စက်ဘီးအစုတ်ကြီးကို ပြော တာလား။ ခရမ်းရွှေနတ်နဂါးဆိုတာလည်း ထီးအစုတ်ကြီးပါပဲ။ နောက်ပြီး မြည်းသူတော်စင် ဆိုတာ ကရော... ဒီ ‘ထုတ်လုပ်ရေးအဖွဲ့ဆေးမီးဖို’ ကို ဘယ်သူက အဲဒီနာမည် ပေးထားတာလဲ။ ဟင်းလင်းပြင် သားရဲဆိုတာ ကလည်း တဲအစုတ်၊ ကမ္ဘာဦးသစ်ပင်ကလည်း သေတ္တာအစုတ်... တခြားလူတွေရဲ့စနစ်က အစကတည်း က ပြိုင်ဘက်ကင်းအောင် လုပ်ပေးတာ၊ မင်းရဲ့စနစ်ကတော့ ငါ့ကို အစကတည်းက စကား မပြောနိုင် အောင် လုပ်နေတာပဲ….။”
[ဟွန့်... ဒီနေ့တော့ မင်း ဂရုမစိုက်ဘူးပေါ့၊ နောင်ကျရင်တော့ မင်းတောင့်တနေရလိမ့်မယ်]
“အဲဒီလို ဖြစ်ပါစေဦး။ သူတို့တွေက တကယ်ပဲ မင်းပြောသလို ရွှေကျီးတွေ၊ နတ်နဂါးတွေ ဖြစ်လာတဲ့နေ့ ကျရင် ငါ မင်းကို ‘ကုန်စည်အမှိုက်ပုံး’ ကနေ ‘မဟာစနစ်တော်ကြီး’ လို့ ပြန်ပြောင်းခေါ်ပေးမယ်…။”
လင်းဖန်က အသုံးမကျတဲ့စနစ်ကို ဂရုမစိုက်တော့ဘဲ ဈေးကွက်ထဲမှာ ပြန်ပြီး အော်ဟစ်ရောင်းချနေ လိုက်သည်။
“ရင်စီးအတွင်းခံတွေ ရောင်းမယ်ဟေ့။ နတ်သမီးလေးဆီက ခုလေးတင် ရလာတဲ့ ရင်စီးလေးတွေကို ဈေးပေါပေါနဲ့ ရောင်းမယ်။ အဆင့်မခွဲခြားဘဲ အသက်ဘေးက ကာကွယ်ပေးနိုင်တဲ့ အဆင့်မြင့်မှော် ပစ္စည်းလေးတွေပါဗျ….။”
လင်းဖန်၏ အသံနေအသံထားနှင့် အော်ဟစ်သံသည် ဈေးကွက်ထဲက ကျင့်ကြံသူတချို့ကို ဆွဲဆောင် လိုက်သည်။ စိမ်းပြာရောင်ဝတ်စုံ ဆင်အတူတူဝတ်ထားသော အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီး တစ်ယောက် ဆိုင်ရှေ့ကို ရောက်လာခဲ့ကြသည်။
“ကောင်လေး... ဒီမှော်ပစ္စည်းက တကယ်ပဲ မင်းပြောသလို စွမ်းဆောင်နိုင်လို့လား….။”
မေးလိုက်တဲ့သူက အမျိုးသားကျင့်ကြံသူဖြစ်၏။ ယောက်ျားအချင်းချင်း ပိုနားလည်တာကြောင့် လင်းဖန် က ချက်ချင်းပဲ အားတက်သရော ဖြေလိုက်သည်။
“မိတ်ဆွေ... တကယ်ပေါ့ဗျ။ ဒါက နတ်သမီးလေးတစ်ယောက်ဆီကနေ ခုလေးတင် ချွတ်ယူလာတာ။ ကိုင်ကြည့်လိုက်ပါဦး ခုထိ နွေးနွေးလေး ရှိသေးတယ် ခင်ဗျား…။”
လင်းဖန်ရဲ့ အဖြေကြောင့် ထိုအမျိုးသားက မျက်နှာ ပျက်သွားလေ၏။ သူက ဘေးက အမျိုးသမီးကို တစ်ချက်ကြည့်ပြီး အလန့်တကြား ပြန်ပြောလိုက်သည်။
“မင်း ဘာတွေပြောနေတာလဲ…။ ငါက အဲဒါကို မေးနေတာ မဟုတ်ဘူး။ ငါမေးတာက အသက်ဘေးက တကယ်ကာကွယ်ပေးနိုင်သလားလို့ မေးတာ….။”
လင်းဖန်ကို အော်ငေါက်ပြီးနောက် ဘေးက အမျိုးသမီးကို အမြန်ပြန်ရှင်းပြလိုက်သည်။
“ဂျူနီယာညီမလေး ယွီကျဲ... ကိုယ် မေးတာက သူဖြေတဲ့ မေးခွန်းမဟုတ်ပါဘူး။ ဒီကောင်လေးက နားလည်မှု လွဲသွားတာပါ…။”
“အင်း... စီနီယာအစ်ကို ဝူ... ကျွန်မ သိပါတယ်…။”
ဘေးမှာရပ်နေသည့် ဝမ်ယွီကျဲက အေးစက်စက်ဟန်နဲ့ ဝူယုံကို အပေါ်ယံပဲ ပြန်ဖြေလိုက်ပြီး လင်းဖန်ကို မျက်မှောင်ကြုတ်ကာ ဈေးမေးလိုက်သည်။
“ဒီမှော်ပစ္စည်းက စိတ်ဝိညာဉ်ကျောက်တုံး ဘယ်လောက်လဲ ရှင်….။”