အခန်း ၂
Vol. 1 Ch. 2
အခန်း (၂) အဟောင်းလဲလှယ်စနစ်၊ ကိုယ်ပိုင်ရင်စီးကို မှော်ဝင်ရင်စီးနှင့် လဲလှယ်ခြင်း
ဝမ်ယွီကျဲ၏ စကားကြောင့် လင်းဖန် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ အချိန်အတော်ကြာ အော်ဟစ် ရောင်းချပြီးနောက် ကျင့်ကြံသူအတော်များများကို အနှောင့်အယှက်ပေးခဲ့ရသော်လည်း ဈေးနှုန်းမေး မြန်းသူမှာ ယခုမှ ပထမဆုံး ပေါ်လာခြင်းဖြစ်သည်။
စီးပွားရေးလောကတွင် ဝယ်သူက ဈေးမေးပြီဆိုလျှင် အရောင်းအဝယ်မှာ တစ်ဝက်အောင်မြင်သွားပြီဟု ဆိုနိုင်သည်။
"ဒီမယ် နတ်မိမယ်လေး... ဒီလို ထိပ်တန်းအဆင့် မှော်ဝင်ပစ္စည်းမျိုးကို မူလက စိတ်ဝိညာဉ်ကျောက်တုံး (၅၀၀) နဲ့ ရောင်းတာဗျ။ ဒါပေမဲ့ နတ်မိမယ်လေးနဲ့ ဒီရင်စီးအတွင်းခံက ရေစက်ရှိတယ်လို့ ငါမြင်လို့ ဈေး လျှော့ပေးပါ့မယ်။ စိတ်ဝိညာဉ်ကျောက်တုံး (၁၀၀) နဲ့သာ ယူသွားလိုက်ပါတော့…။"
ဈေးနှုန်းကို ကြားလိုက်ရသည်နှင့် ဝမ်ယွီကျဲမှာ မယုံကြည်နိုင်သည့် အမူအရာဖြင့် အော်ဟစ်လေတော့ သည်။
"စိတ်ဝိညာဉ်ကျောက်တုံး (၁၀၀) ဟုတ်လား…။ ရှင် လူကိုဓားပြတိုက်နေတာလား….။ ဒီအစုတ်ပလုတ် မှော်ပစ္စည်းက အလုပ် လုပ်၊မလုပ်ဆိုတာတောင် ဘယ်သူမှမသိဘူး။ စိတ်ဝိညာဉ်ကျောက်တုံး (၁၀)တုံး ပဲ ပေးနိုင်မယ် အဆင်ပြေရင် ကျွန်မ ဝယ်မယ်….။"
ဝမ်ယွီကျဲ၏ စကားသည် လင်းဖန်၏ နားထဲတွင် နိုးစက်သံတစ်ခုကဲ့သို့ ဖြစ်သွားသည်။
*ဓားပြတိုက်တာ ဟုတ်လား…. ငါ ဘာလို့ အဲဒါကို မစဉ်းစားမိခဲ့တာလဲ…*
သို့သော် သူ၏ လက်ရှိအစွမ်းက ခွင့်မပြုသေးသဖြင့် အရင်ဆုံး ရိုးရိုးသားသား စီးပွားရှာပြီး စိတ်ဝိညာဉ် ကျောက်တုံးများကို စုဆောင်းရပေမည်။
နောင်တစ်ချိန်တွင် ရွှေအမြုတေအဆင့်၊ အခြေတည်စိတ်ဝိညာဉ်အဆင့် သို့မဟုတ် ထိုထက်မြင့်သော အဆင့်များအထိ ရောက်အောင် ဖြည့်တင်းနိုင်ခဲ့လျှင်တော့ သူ ဓားပြတိုက်၊ မတိုက် ကြည့်ကြသေးတာ ပေါ့။
မည်သို့ပင်ဆိုစေကာမူ သူသည် အဆင့်တက်ရန် အချိန်ကုန်ခံ ကျင့်ကြံနေစရာမလိုသလို 'အဟန့်အတား' ဆိုသည်မှာလည်း သူ့အတွက်မရှိချေ။ သူ လိုအပ်သည်မှာ စိတ်ဝိညာဉ်ကျောက်တုံးများဖြင့် ဖြည့်တင်းရန် သာ ဖြစ်သည်။
သူ၏ ဓားပြတိုက်နှုန်းက မြန်ဆန်ပြီး စိတ်ဝိညာဉ်ကျောက်တုံးများများ ရလေလေ၊ အတိုက်ခံရသူများ အဆင့်တက်လာစရာ မရှိသောကြောင့် ကတုံးပေါ် ထိပ်ကွက်မည့်အရေးကို စိုးရိမ်စရာမလိုတော့ချေ။ သူတို့၏ ကျင့်ကြံမှုအရှိန်သည် သူ၏ စနစ်အတွင်း ဖြည့်တင်းနှုန်းကို မည်သို့မျှ မီနိုင်မည်မဟုတ်ပေ။
*ဒါက ကိုယ်ကျင့်တရားနဲ့ မညီဘူးလားလို့ မေးရင်တော့...*
*ဒါက ကိုယ်ကျင့်တရားနဲ့ မညီဘူးလားလို့ တွေးစရာရှိပေမယ့်... ဒီလောကက ကျင့်ကြံခြင်းလောက လေ၊ လူသတ်ပစ္စည်းလုတာတွေက နေ့တိုင်းဖြစ်နေတာပဲ။ သူက လူမသတ်ဘဲ ကျောက်တုံးပဲ လုမှာ ဆိုတော့ ဒါဟာ ကုသိုလ်တောင် ရဦးမှာပါ….။*
“ကောင်လေး... မင်း မျက်လုံးက ဘယ်ကို ကြည့်နေတာလဲ။ နောက်တစ်ခါ ထပ်ကြည့်ရဲကြည့်ကြည့် လိုက်စမ်း…။”
အံကြိတ်သံနှင့် ထွက်ပေါ်လာသော ဝူယုံ၏ အသံကြောင့် လင်းဖန်၏ စိတ်ကူးယဉ်အိပ်မက် ပျက်သွားရ သည်။
လင်းဖန်က သူမ၏ ရင်ဘတ်ကို စိုက်ကြည့်ပြီး ပြုံးစိစိလုပ်နေသည်ကို မြင်သောအခါ ဝမ်ယွီကျဲမှာလည်း မျက်နှာလေး နီမြန်းသွားရသည်။
သတိပြန်ဝင်လာသောအခါ လင်းဖန်သည် မိမိငေးနေမိခြင်းကြောင့် အထင်လွဲသွားမှန်း သိလိုက်သဖြင့် အမြန်ပင် ရှင်းပြလိုက်သည်။
"တောင်းပန်ပါတယ်ခင်ဗျာ..၊ ကျွန်တော်က တကယ့်ကို စိတ်လှုပ်ရှားစရာ ကောင်းတဲ့ မြင်ကွင်းတစ်ခုကို တွေးမိသွားလို့ စိတ်လွတ်သွားတာပါ။ ကဲ... ထားပါတော့ နတ်မိမယ်လေးကို ဒီရင်စီးကို ပိုလျှော့ပေးမယ် (၉၀) ပဲ ပေးတော့ဗျာ….။"
'စိတ်လှုပ်ရှားစရာ မြင်ကွင်း' ဆိုသော စကားကို ကြားလိုက်ရသဖြင့် ဝမ်ယွီကျဲ၏ မျက်နှာမှာ ပို၍ပင် ခက်ထန်သွားသည်။
သို့သော် ဈေးပေါပေါနှင့် ဤမှော်ပစ္စည်းကို ရလိုသဖြင့် ဝမ်ယွီကျဲသည် စိတ်ထဲမှ ဒေါသကို ခေတ္တထိန်း ထားပြီး ပြန်ပြောလိုက်သည်။
"ဒီမှော်ပစ္စည်းက စိတ်ဝိညာဉ်ကျောက်တုံး (၁၀)တုံးပဲ တန်တာ။ ရှင် ရောင်းမှာလား၊ မရောင်းဘူးလား…။"
*(၁၀) တုံးတည်းလား… ငါ့ကို သူတောင်းစားများ အောက်မေ့နေသလား..*
လင်းဖန်က ငြင်းပယ်ရန် ပြင်နေစဉ်မှာပင် 'စနစ်' ထံမှ အချက်ပေးသံတစ်ခု ထွက်ပေါ်လာသည်။
[ဒင်….. အဟောင်းလဲလှယ်ခြင်း လုပ်ငန်းစဉ် တစ်ခု ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။ အိမ်ရှင် အနေဖြင့် အချိန်မီ စစ်ဆေးပါ။]
စနစ်ရဲ့ တာဝန်ကို မြင်လိုက်ရတော့ လင်းဖန် အတော်လေး ဆွံ့အသွားပါတယ်။ စနစ်မှာ ဒီလို ထူးဆန်းတဲ့ ဝါသနာ ရှိလိမ့်မည်ဟု သူ မထင်ထားမိခဲ့ပေ။
အဟောင်းလဲလှယ်ခြင်း လုပ်ငန်းစဉ်: ဝယ်သူ၏ ကိုယ်ပိုင်ရင်စီးအတွင်းခံနှင့် စိတ်ဝိညာဉ်ကျောက်တုံး ၁၀ တုံးကို ပေါင်း၍ 'ထိပ်တန်းအဆင့် ရင်စီး' နှင့် လဲလှယ်ရမည်။
တာဝန်အောင်မြင်မှု ဆုလာဘ်: 'စနစ်ဆိုင်' နှင့် 'အချက်အလက် ထောက်လှမ်းခြင်းစွမ်းရည်' တို့ကို ဖွင့်ပေးမည်။
ဤကဲ့သို့ အကျင့်ပျက်သော တာဝန်ကို ကြည့်ရင်း၊ ဤအလုပ်ကို လုပ်လိုက်လျှင် သူ၏ နာမည်ဂုဏ် သတင်း ထိခိုက်တော့မည်ဟု လင်းဖန် ခံစားလိုက်ရသည်။
သို့သော် ဤသည်မှာ စနစ်၏ တာဝန်ဖြစ်ရာ သူ ငြင်းဆန်နိုင်မည် မဟုတ်ချေ။
*ဟူး... အခြားရွေးချယ်စရာ မရှိတော့ဘူးပဲ။ စနစ်က ငါ့ကို အကျပ်ကိုင်နေတာဆိုတော့ ငါ့သိက္ခာကို စတေး လိုက်ရုံပေါ့…။*
"နတ်မိမယ်လေး... (၁၀) တုံးဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ 'အဟောင်းလဲလှယ်စနစ်' နဲ့တော့ လုပ်ရလိမ့်မယ်…။"
တွေဝေနေပြီးမှ လင်းဖန် လျှော့ပေးလာသည်ကို မြင်သောအခါ ဝမ်ယွီကျဲက လောလောလောလောဖြင့် မေးလိုက်သည်။
"ဘယ်လိုမျိုး လဲလှယ်ရမှာလဲဟင်….။"
ဝမ်ယွီကျဲ၏ အမေးကို ရင်ဆိုင်ရင်း လင်းဖန်သည် ပါးစပ်ကို အကြိမ်ကြိမ် ဖွင့်လိုက်၊ ပိတ်လိုက် လုပ်နေ ပြီးနောက် နောက်ဆုံးတွင် ရှက်ရွံ့စရာကောင်းလှသော စကားလုံးများကို ပြောချလိုက်တော့သည်။
"အဲဒါကတော့... နတ်မိမယ်လေး အခု ဝတ်ထားတဲ့ ကိုယ်ပိုင်ရင်စီးအတွင်းခံရယ်၊ စိတ်ဝိညာဉ်ကျောက် တုံး (၁၀) တုံးရယ်ကို ပေးပြီး ငါ့ဆီက 'ထိပ်တန်းအဆင့် ရင်စီး' ကို လဲယူရမှာပါ…။"
ထိုစကားများ ထွက်လာသည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ လေထုမှာ ရုတ်ခြည်း အေးစက်သွား သည်ကို လင်းဖန် ခံစားလိုက်ရသည်။
"မင်း... ငါကြည့်ရသလောက်တော့ မင်းက ဒီဈေးကွက်မှာ အရောင်းအဝယ်လာလုပ်တာ မဟုတ်ဘဲ သေတွင်းလာရှာနေတာပဲ…။"
ဝူယုံ၏ စကားကို လင်းဖန်လည်း အပြည့်အဝ ထောက်ခံမိသည်။
သာမန်အားဖြင့် ဈေးကွက်ထဲတွင် အကြမ်းဖက်မှု မလုပ်ရဟု တားမြစ်ထားခြင်းသာ မရှိပါက သူ အခု လောက်ဆို အရိုက်ခံရပြီး သေလောက်နေပြီ ဖြစ်သည်။
*ဒီစုတ်ပဲ့တဲ့ စနစ်... ငါတော့ တစ်နေ့နေ့ အဲဒါကြောင့် ဒုက္ခလှလှတွေ့တော့မှာပဲ…။*
"မိတ်ဆွေ... စိတ်အေးအေးထားပါ။ အရောင်းအဝယ် မတည့်ရင်တောင် ခင်မင်မှုက ကျန်သေးတာပဲ။ ပြီး တော့ ဈေးကွက်ထဲမှာ အကြမ်းဖက်တာ ခွင့်မပြုထားဘူးလေ…။"
လင်းဖန်၏ စကားကို ကြားသောအခါ ဝူယုံက ရယ်မောလိုက်သည်။
“မင်းက ဒါကို ယုံကြည်ပြီး အားကိုးနေတာကိုး။ ငါတို့ ဝတ်ထားတာကို ကြည့်ဦး ဒါက ဘာကို ကိုယ်စား ပြုလဲ မင်းမသိဘူးလား….။”
ဝူယုံ၏ စကားကြောင့် လင်းဖန် ကြောင်သွားရသည်။ သူသည် ထိုဝတ်စုံများ ဘာကို ဆိုလိုမှန်း တကယ် ပင်မသိပေ။
"ဝတ်စုံဟုတ်လား….။ ဝတ်စုံချင်းက အတူတူပဲဆိုတော့... ခင်ဗျားတို့နှစ်ယောက်က 'တာအိုလက်တွဲဖော်'တွေ လား…။"
လင်းဖန်၏ အဖြေကြောင့် ဘေးတွင် ရပ်နေသော ဝမ်ယွီကျဲမှာ ဒေါသထွက်လွန်း၍ပင် ရယ်မိသွားသည်။
"ဒါက 'ချင်းယွင်ဈေးကွက်' ရဲ့ စည်းကမ်းထိန်းသိမ်းရေး ဝတ်စုံရှင့်။ ကျွန်မတို့က ဒီဈေးကွက်ရဲ့ စည်းကမ်း ထိန်းသိမ်းရေးသမားတွေ ဈေးကွက်ရဲ့ စနစ်တကျရှိမှုကို ထိန်းသိမ်းရတဲ့သူတွေပဲ…။"
ဝမ်ယွီကျဲ၏ ခနဲ့တဲ့တဲ့ ရှင်းပြချက်ကြောင့် လင်းဖန်မှာ အခြေအနေ မဟန်တော့မှန်း ချက်ချင်း သိလိုက်ရ သည်။ဈေးကွက်စည်းကမ်းက သူ့အား ကာကွယ်ပေးလိမ့်မယ်ဆိုသော ယုံကြည်ချက်တွေဟာ ဤလူ နှစ်ဦး၏ ရှေ့မှာတင် လေထဲ၌လွင့်စင်သွားလေ၏။
"အဲဒါဆိုရင်..."
လင်းဖန် ကြောက်သွားသည်ကို မြင်သောအခါ ဝူယုံက ဝံ့ကြွားစွာဖြင့် ပြောလိုက်သည်။
“ဒါကြောင့် အခု မင်းကို ဈေးကွက်ရဲ့ စည်းကမ်းကို နှောင့်ယှက်ဖျက်ဆီးမှုနဲ့ ဖမ်းဆီးပြီး ပြစ်ဒဏ်ပေးဖို့ ခေါ်သွားရမယ်….။”
ပြောပြီးသည်နှင့် သူတို့နှစ်ဦးမှာ လင်းဖန်ကို ဖမ်းရန် ပြင်လိုက်ကြသည်။တစ်ဖက်လူက လက်ပါတော့ မည်ကို မြင်သောအခါ လင်းဖန်သည် ချက်ချင်းပင် 'ထွက်ပြေးခြင်း' ဆိုသော အကောင်းဆုံး နည်းဗျူဟာ ကို ရွေးချယ်လိုက်သည်။
သူသည် ရင်စီးကို စနစ်နေရာလွတ်ထဲသို့ သိမ်းလိုက်ပြီးနောက် သုံးချောင်းထောက်စက်ဘီးပေါ် တက်ကာ အားကုန် နင်းလေတော့သည်။ ထို့နောက် သုံးချောင်းထောက်စက်ဘီးသည် လောက်လေးဂွနှင့် ပစ်လိုက် သကဲ့သို့ ရှေ့သို့ အရှိန်ဖြင့် လွင့်ထွက်သွားပြီး အခင်းဖြစ်ရာနေရာမှ အမြန်ဆုံး လွတ်မြောက်သွားသည်။
"ထွက်ပြေးဦးမလို့လား… မင်း လွတ်မယ် ထင်နေတာလား…။"
လင်းဖန် အားကုန်နင်းနေစဉ် ဝူယုံ၏ အသံက နောက်နားမှ ကပ်ပါလာသည်။
သုံးချောင်းထောက်စက်ဘီးမှာ နင်းလိုက်လျှင် အလွန်မြန်ဆန်ပြီး မှော်ရတနာတစ်ခု ဖြစ်ကြောင်း သက် သေပြနေ သော်လည်း လင်းဖန်မှာ ကျင့်ကြံသူ မဟုတ်သေးသဖြင့် စက်ဘီး၏ စွမ်းဆောင်ရည်ကို အပြည့်အဝ မထုတ်သုံးနိုင် သေးချေ။ သာမန်လူသား ခန္ဓာကိုယ်ဖြင့် ကျင့်ကြံသူနှစ်ဦး၏ နောက်ယောင် ခံမှုကို မျက်ခြေဖြတ်ရန် ခက်ခဲနေသည်။
သို့သော် လင်းဖန်တွင် ဝှက်ဖဲတစ်ခု ရှိသေးသည်။ ၎င်းမှာ စက်ဘီးပေါ်ရှိ 'ခရမ်းရွှေနတ်နဂါးထီး' ပင် ဖြစ်သည်။ စနစ်၏ အဆိုအရ ၎င်းသည် တိုက်စစ်ရော ခံစစ်ပါ ပါဝင်ပြီး ခုခံအား အလွန်ကောင်းမွန်သော မှော်ရတနာ ဖြစ်သည်။ သူတို့ မိသွားလျှင်ပင် ထီးကို ဖွင့်လိုက်ပါက တစ်ဖက်လူက သူ့ကို ဘာမှလုပ်နိုင် မည် မဟုတ်ပေ။
သို့သော် လင်းဖန်သည် အလွယ်တကူ အရှုံးပေးမည့်သူ မဟုတ်ချေ။ ထီးက သူ့ကို ကာကွယ်ပေးနိုင် သော်လည်း သူတို့က ဝိုင်းထားပြီး တိုက်စစ်ဆင်နေလျှင် သူ ဒုက္ခရောက်မည် ဖြစ်သည်။
ထိုသို့ စဉ်းစားမိသည်နှင့် လင်းဖန်မှာ အားမနာတော့ဘဲ မတ်တတ်ရပ်၍ နင်းလေတော့သည်။ အမှန် တကယ်ပင် လင်းဖန် မတ်တတ်ရပ်၍ အားကုန်နင်းလိုက်သောအခါ စက်ဘီး၏ အရှိန်မှာ နောက်ထပ် အဆင့်တစ်ခုကို မြင့်တက်သွားပြီ နောက်မှ လိုက်လာသော ဝူယုံတို့မှာ ပြတ်ကျန်ခဲ့တော့သည်။
"ဟားဟားဟား… မင်းတို့ ငါ့ကို မမီပါဘူးကွ….။"
"မင်းတို့နှစ်ယောက် ထမင်းမစားလာကြဘူးလား… ငါ့နောက်က လိုက်ပြီး ဖုန်တွေပဲ စားချင်နေကြတာ လား….။"
တစ်ဖက်လူ မမီတော့သည်ကို မြင်သောအခါ လင်းဖန်သည် စက်ဘီးကို နင်းရင်း နောက်လှည့်၍ လှောင်ပြောင်လေတော့သည်။
"ကောင်လေး... မင်း မှတ်ထားလိုက်။ ငါ မင်းကို မိတာနဲ့ မင်းနောင်တရစေရမယ်…။"
လင်းဖန်၏ လှောင်ပြောင်မှုကို ခံရသဖြင့် ဝူယုံသည် ကြုံးဝါးလိုက်ပြီး နှမြောတသစွာဖြင့် အဆောင် စာရွက်တစ်ခုကို ထုတ်လိုက်သည်။
"မင်းကြောင့် ငါ့ရဲ့ အဆောင်တစ်ခုကို ဖြုန်းတီးလိုက်ရပြီ။ ဒါကို မင်းဆီကနေ အဆတစ်ရာ ပြန်ယူမယ်…။"
ပြောပြီးသည်နှင့် ဝူယုံ၏ လက်ထဲမှ အဆောင်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်သွားသည်။
ချက်ချင်းဆိုသလိုပင် ဝူယုံ၏ အရှိန်မှာ ရုတ်ခြည်း မြင့်တက်လာခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်း လင်းဖန်ကို မီတော့မည့် အနေအထားသို့ ရောက်လာသည်။
နောက်လှည့်၍ လှောင်ရန် ပြင်နေသော လင်းဖန်မှာ ဝူယုံ ချက်ချင်းဆိုသလို ရောက်လာသည်ကို မြင် လိုက်ရသဖြင့် လန့်ဖျန့်သွားသည်။
သူ အမြန်ပင် ပြန်လှည့်ပြီး အားကုန်နင်းလိုက်ရာ ရုတ်တရက် အရှိန်မြင့်သွားသော စက်ဘီးကြောင့် လင်းဖန်၏ ခန္ဓာကိုယ်မှာ နောက်သို့ လန်ကျသွားသည်။ လင်းဖန်၏ ခန္ဓာကိုယ် ဟန်ချက်ပျက်မှုကြောင့် စက်ဘီးလက်ကိုင်မှာလည်း အပေါ်သို့ ဆွဲတင်လိုက်သကဲ့သို့ ဖြစ်သွားသည်။
ထို့နောက် လင်းဖန်ရော နောက်မှ လိုက်လာသော ဝူယုံပါ အံ့အားသင့်သွားရသည်မှာ ထိုသုံးချောင်း ထောက်စက်ဘီးကြီးသည် ကောင်းကင်ပေါ်သို့ ပျံတက်သွားခြင်းပင် ဖြစ်သည်။
ခဏမျှ ကြောင်အသွားပြီးနောက် လင်းဖန်သည် သတိပြန်ဝင်လာပြီး အော်ပြောလိုက်သည်။
“ဒီသုံးချောင်းထောက်စက်ဘီးက ငါ့လို လူသာမန်ကိုတောင် ပျံသန်းနိုင်စွမ်း ပေးနိုင်မယ်လို့ မထင် ထားဘူး..။ မင်းကွာ... ‘ကုန်စည်အမှိုက်ပုံး’ ရေ... ဒါကို ဘာလို့ စောစောက မပြောခဲ့တာလဲ….။”