← Chapters

အခန်း ၄

Vol. 1 Ch. 4

အခန်း ၄

Vol. 1 Ch. 4

အခန်း (၄) ရင်စီးချင်း လဲလှယ်ခဲ့တဲ့ နတ်သမီးလေး

အိမ်မှ ခိုးထွက်လာပြီးနောက် ပထမဆုံး တွေ့လိုက်ရသော သူစိမ်းက တကယ့်လူကောင်းတစ်ယောက် ဖြစ်နေလိမ့်မည်ဟု သူမ လုံးဝမထင်ထားခဲ့ပေ။

သူမ၏ ဓားပျံကို ထိန်းချုပ်မှု အားနည်းခဲ့ခြင်းကြောင့် သူနှင့် ဝင်တိုက်မိခဲ့သည်ကိုပင် ထိုသူက စိတ်မဆိုး သည့်အပြင် သူ၏ အဖိုးတန်ပစ္စည်းများကို သုံးပြီး သူမ၏ ဓားကိုပါ ပြင်ပေးခဲ့သေးသည်ပင်။

*မဟုတ်ဘူး၊ ငါ သူ့ဆီက အခွင့်အရေးကို အလကား မယူသင့်ဘူး။ သူ့ကို ကျေးဇူးပြန်ဆပ်ရမယ်….။*

"မိတ်... မိတ်ဆွေ၊ရှင့်နာမည် ဘယ်လိုခေါ်လဲဟင်…။ ကျွန်မ နာမည်က လီလဲ့ယန် ပါ ချင်းယွင်ဂိုဏ်းချုပ်ရဲ့ သမီးပါ။ ကျွန်မရဲ့ ဝိညာဉ်ပျံဓားကို ပြင်ပေးပြီး ရှင့်ရဲ့ အဖိုးတန် ပစ္စည်းတွေကို အလဟဿ ဖြစ်စေခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်ရှင်။ ရှင့်ကို စိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့ ကျေးဇူးပြန်ဆပ်ပါရစေ….။"

*ဟား... သူက တကယ့်ကို သူဌေးသမီးပဲ။ ဂိုဏ်းချုပ်ရဲ့ သမီးဆိုတော့ သူ့မိသားစုက တကယ် ချမ်းသာ မှာပဲ…။*

*ဒီအခွင့်အရေးကို သုံးပြီး သူမနဲ့သာ ရင်းနှီးသွားရင် ချင်းယွင်ဈေးကွက်က စည်းကမ်းထိန်းသိမ်းရေး သမားတွေကို ငါ ကြောက်နေစရာ မလိုတော့ဘူး မဟုတ်လား…*

"နတ်သမီးလေးက အရမ်း အားနာတတ်တာပဲ…။ ကျွန်တော့် နာမည်က လင်းဖန် ပါ။ ဒါက သေးငယ်တဲ့ ကူညီမှုလေးတင်မို့ ကျေးဇူးဆပ်ဖို့မလိုပါဘူး။ ဒါပေမဲ့ နတ်သမီးလေး တကယ်ပဲ စိတ်မကောင်းဖြစ်နေ တယ်ဆိုရင်တော့ ကျွန်တော့်ကို စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးပဲ ပေးပါ။ ဒါကို အရောင်းအဝယ်တစ်ခု လို့ပဲ သဘောထားလိုက်ပါရစေ….။"

"စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးတည်းလား….။ အဲ့ဒါတော့ မဖြစ်ဘူးလေ...။"

လီလဲ့ယန် စကားမဆုံးခင်မှာပဲ လင်းဖန်က ကြားဖြတ်ပြောလိုက်သည်။

"နတ်သမီးလေး... ထပ်မပြောပါနဲ့တော့။ စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးဆို တစ်တုံးပါပဲ။ ကျွန်တော် က ကုန်သည်တစ်ယောက်ပါ။ တကယ်လို့ အားနာတယ်ဆိုရင်လည်း နောင်ကျရင် ကျွန်တော့်ဆီမှာ ပစ္စည်းတွေ လာဝယ်ပေးပေါ့…။"

လင်းဖန်က တစ်နပ်စာ ဗိုက်ဝဖို့နဲ့ တစ်သက်လုံး ဗိုက်ဝဖို့ကို သေချာ ခွဲခြားနိုင်သူပင်။

သူ့ရှေ့မှာရှိနေတာက ဂိုဏ်းချုပ်တစ်ဦး၏ သမီးပင်။ သူမ၏ စိတ်ကျေနပ်မှုကိုသာ ရယူနိုင်လျင် နောင်တ ချိန်ကျလျင် စီးပွားရေးမှာ အဆက်မပြတ် ကောင်းမွန်လာမည် ဖြစ်သည်။

လင်းဖန်၏ အလျှော့မပေးသော လေသံကို ကြားတော့ လီလဲ့ယန်လည်း ထပ်ပြီး ဇွတ်မပြောတော့ပါပေ။ နောင်မှပဲ သူ့အား ပြန်၍ကျေးဇူးဆပ်ရန် အခွင့်အရေး ရှာတော့မည်ဟု တေးထားလိုက်တော့သည်။

သူမက သူမရဲ့ အိတ်ထဲမှ အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးကို ထုတ်ပြီး လင်းဖန်ကို ပေးလိုက် လေသည်။

လင်းဖန်က သူကိုယ်သူ ကုန်သည်ဟု ပြောခဲ့သည်ကို သတိရပြီး လီလဲ့ယန်က စပ်စုချင်စိတ်နဲ့ မေးလိုက် ၏ -

"ဒါနဲ့ မိတ်ဆွေ လင်းဖန်... ရှင်က ဘယ်လို ကုန်ပစ္စည်းတွေ ရောင်းတာလဲဟင်…။"

စိတ်ဝိညာဉ်ကျောက်တုံး ရလိုက်သဖြင့် ပျော်နေသော လင်းဖန်က သူမ မေးလိုက်သည်နှင့် ချက်ချင်းပဲ သူ့ပစ္စည်းကို ကြော်ငြာလေတော့သည်။

"နတ်သမီးလေး ကြည့်ပါဦး။ ဒါက ကျွန်တော် ရောင်းတဲ့ မှော်ရတနာပါ - သေဘေးကနေ တစ်ကြိမ် ကာကွယ်ပေးနိုင်တဲ့ အဆင့်မြင့် ရင်စီးအတွင်းခံပေါ့။ နောက်ပိုင်းကျရင်လည်း တခြား မှော်ပစ္စည်းတွေ၊ ရတနာတွေ၊ ဆေးလုံးတွေနဲ့ တခြား အဖိုးတန်တာတွေကိုလည်း ကျွန်တော် ရောင်းဦးမှာပါ…။"

ပြောရင်းပင် လင်းဖန်က သူ့၏ စနစ်ဟင်းလင်းပြင်ထဲကနေ အဆင့်မြင့် ရင်စီးအတွင်းခံကို ထုတ်ပြီး လီလဲ့ယန်ကို ပြလိုက်လေ၏။

လင်းဖန် ထုတ်ပြလိုက်သော ရင်စီးကို မြင်သောအခါ လီလဲ့ယန်ရဲ့ မျက်နှာလေးက ချက်ချင်းဆိုသလို နီမြန်းသွားလေ၏။

သူမက ရှက်ကိုးရှက်ကန်း ဖြစ်သွားသော်လည်း ရှေ့က ရင်စီးကို ကြည့်ပြီး စိတ်ဝင်တစား ဖြစ်သွားမိ လေသည်။

လင်းဖန် ပြောသလို သေဘေးကနေ ကာကွယ်ပေးနိုင်ခြင်းဆိုတာထက် ရင်စီးလေး၏ ချစ်စရာကောင်း သော ပန်းရောင် ပုံစံလေးက သူမ၏ မိန်းကလေးဆန်သော စိတ်ကို လှုပ်နှိုးလိုက်သောကြောင့်ဖြစ်သည်။

"ဝါး... မိုက်လိုက်တာ။ ဒါက မှော်ရတနာတင် မဟုတ်တော့ဘူး၊ 'အဆောင်ရတနာ' လို့တောင် ခေါ်လို့ရ မယ် ထင်တယ်။ စိတ်ဝိညာဉ်ကျောက်တုံး ဘယ်နှတုံးလဲဟင်...။"

လင်းဖန်ကတော့ လီလဲ့ယန်ရဲ့ မျက်လုံးလေးတွေ တောက်ပသွားသည်ကို မြင်လိုက်ကတည်းက ဒီအ ရောင်းအဝယ်ကတော့ အောင်မြင်ပြီဟု တွက်လိုက်သည်။သူမကို 'မှော်ရတနာ' နဲ့ 'အဆောင်ရတနာ' ဘာကွာလဲ ဆိုသည်ကိုပင် သူ ရှင်းမပြတော့ပေ။

ဤကဲ့သို့ အတွေ့အကြုံမရှိသော နတ်မိမယ်လေးတွေကို လှည့်စားရတာက အလွယ်ဆုံးပင်။ သူမ၏ ကိုယ်ပိုင်ရင်စီးအတွင်းခံနဲ့ လဲရမည်ဆိုသည့် အချက်ကိုလည်း သူမ ငြင်းမှာမဟုတ်ဘူးဟု မျှော်လင့်ရ၏။

"နတ်သမီးလေး... ဒီရင်စီးက အရမ်း ရှားပါးပေမဲ့ ဈေးကတော့ အရမ်းပေါပါတယ်၊ စိတ်ဝိညာဉ်ကျောက် တုံး (၁၀) တုံးတည်းပါ။ ဒါပေမဲ့ ဝယ်ဖို့အတွက် စည်းကမ်းတစ်ခုတော့ ရှိတယ်ဗျ၊ အသစ်နဲ့ အဟောင်း လဲလှယ်ရမှာပါ…။"

"ဆိုလိုတာက... နတ်သမီးလေး အခု ဝတ်ထားတဲ့ ကိုယ်ပိုင်ရင်စီးအဟောင်းရယ် စိတ်ဝိညာဉ် ကျောက် တုံး (၁၀) တုံးရယ် ပေးမှသာ ဒီအဆင့်မြင့် ရင်စီးလေးကို ရမှာပါဗျ…။"

လင်းဖန်၏ စည်းကမ်းချက်ကို ကြားသောအခါ လီလဲ့ယန်ရဲ့ နီမြန်းနေသည့် မျက်နှာက ပိုပြီးတော့ နီရဲ သွားလေသည်။

ပုံမှန်ဆိုရင်တော့ ဒီလို စည်းကမ်းမျိုးကို သူမ သေချာပေါက် ငြင်းမည်ပင်။ သို့ပေမဲ့ ရှေ့က ပန်းရောင် ရင်စီးလေးက အလွန်ပင် ချစ်စရာကောင်းလွန်းနေပြီး သူမ အရမ်း သဘောကျသွားမိသည်ပင်။

သူမ အခု ဝတ်ထားတဲ့ အဖြူရောင် ရင်စီးနှင့် ယှဉ်လိုက်လျင် အခုဟာက ပိုပြီး လှနေသည်မဟုတ်ပါ လား။

*ဒီပန်းရောင် ရင်စီးလေးကို နေ့တိုင်း ဝတ်ထားရရင် ငါ့စိတ်တွေ နေ့တိုင်း ကြည်လင်နေမှာပဲ…။*

အခုချိန်မှာ လီလဲ့ယန်တစ်ယောက် စိတ်ထဲတွင် ဗျာများနေလေသည်။ ရှက်စိတ်နဲ့ သဘောကျစိတ်တို့ တိုက်ပွဲဖြစ်နေခြင်းကြောင့်ပင်။

လင်းဖန်က လီလဲ့ယန် ဝေခွဲမရ ဖြစ်နေသည်ကို ရိပ်မိသောကြောင့် အခွင့်အရေးကို လက်လွှတ်မခံဘဲ အကြံတစ်ခု ထပ်ပေးလိုက်လေ၏။

"နတ်သမီးလေး စိတ်မပူပါနဲ့။ ကျွန်တော့်မှာ သယ်ဆောင်လို့ရတဲ့ တဲတစ်လုံး ရှိပါတယ်။ အဲ့ဒီတဲကိုထိုး လိုက်ရင် နတ်သမီးလေး ဘယ်သူမှ မမြင်အောင် အတွင်းထဲမှာ အေးအေးဆေးဆေး လဲလို့ရပါတယ် ဗျ…။"

ပြောပြောဆိုဆိုနှင့်ပင် သူမ၏ သဘောတူညီချက်ကိုပင် မစောင့်ဘဲ လင်းဖန်က စနစ်ထဲကနေပြီး ဟင်းလင်းပြင်သားရဲတဲ ကို ထုတ်လိုက်လေသည်။

သူက တဲကို မြေကွက်လပ်တစ်ခုပေါ် ပစ်ချလိုက်သောအခါ တဲသေးသေးလေးကနေ ချက်ချင်းဆိုသလို (၁၀) စတုရန်းမီတာမျှရှိသော တဲကြီး ဖြစ်သွားတော့သည်။

တဲထိုးပြီးနောက် လင်းဖန်က လီလဲ့ယန်ကို မျှော်လင့်ချက်အပြည့်ဖြင့် စိုက်ကြည့်နေခဲ့၏။

အဆင်သင့် ဖြစ်နေသော တဲကြီးကို ကြည့်ပြီး လီလဲ့ယန်လည်း ငြင်းလိုက်လျင် လင်းဖန်၏ စေတနာကို စော်ကားရာ ရောက်မည်ဟု တွေးမိသွား၏။ သူမရဲ့ သဘောကျစိတ်က ရှက်စိတ်ကို အနိုင်ယူသွားပြီး သဘောတူလိုက်မိလေသည်။

"ကောင်းပါပြီ... ဒါဆို မိတ်ဆွေ လင်းဖန်..ခဏလောက် အပြင်ကနေ စောင့်ကြည့်ပေးပါဦးနော်…။"

သဘောတူပြီးနောက် လီလဲ့ယန်က သူမ၏ သိုလှောင်အိတ်ထဲကနေ နောက်ထပ် စိတ်ဝိညာဉ်ကျောက် တုံး (၁၀) တုံးကို ထုတ်ပြီး လင်းဖန်၏ လက်ထဲ ထည့်လိုက်လေသည်။

ထို့နောက် လင်းဖန်၏လက်ထဲမှ ရင်စီးကို ယူပြီး တဲထဲကို အဝတ်လဲဖို့ ဝင်သွားလေတော့သည်။

လင်းဖန်ကတော့ လက်ထဲမှ စိတ်ဝိညာဉ်ကျောက်တုံး (၁၀) တုံးကို ကြည့်ပြီး စိတ်လှုပ်ရှားစွာနဲ့ ပြုံးလိုက် မိသည်။

*မလွယ်လိုက်တာ။ နောက်ဆုံးတော့ တစ်ထည် ရောင်းလိုက်ရပြီ…။*

[ဒင်... အဟောင်းလဲလှယ်ခြင်း တာဝန် ပြီးဆုံးပါသည်။ စနစ်အရောင်းဆိုင်ကို ဖွင့်လှစ်လိုက်ပါပြီ။ ရှာဖွေစစ်ဆေးခြင်း စွမ်းရည်ကိုလည်း ရရှိပါပြီ]

ယခုချိန်တွင် လင်းဖန်အတွက် စနစ်၏ အကြောင်းကြားစာက အရေးမကြီးသေးပေ။

သူ ပထမဆုံး လုပ်ရမည်က စိတ်ဝိညာဉ်ကျောက်တုံးများကို သုံးပြီး ကျင့်ကြံသူ တစ်ယောက် ဖြစ်လာ ဖို့ပင်။

သို့ပေမဲ့ နောင်ကျလျင် စိတ်ဝိညာဉ်ကျောက်တုံးများ ထပ်ရှာရန်အတွက် အရင်းအနှီးတချို့တော့ ချန်ထား ရန် သူဆုံးဖြတ်လိုက်သည်။

*ဘယ်လိုပဲဖြစ်ဖြစ် အခုရှိတဲ့ စိတ်ဝိညာဉ်ကျောက်တုံး (၁၁) တုံးက ချီစုဆောင်းခြင်း ဒုတိယအဆင့် တက်ဖို့ မလုံလောက်သေးပါဘူး။ အဲ့ဒီတော့ ကျောက်တုံးတစ်တုံးပဲ သုံးပြီး ချီစုဆောင်းခြင်း ပထမ အဆင့်ကို အရင် အသက်သွင်းလိုက်တာ ပိုကောင်းပါတယ်…။*

"စနစ်... စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံး ဖြည့်သွင်းလိုက်မယ်…။"

[ဒေါင်... ဖြည့်သွင်းမှု အောင်မြင်ပါသည်။ ဂုဏ်ယူပါတယ် အရှင် ချီစုဆောင်းခြင်း ပထမအဆင့် ကျင့်ကြံမှုကို အသက်သွင်းလိုက်ပါပြီ။ ဆက်လက် ကြိုးစားပါဦး]

[အရှင်သည် ချီစုဆောင်းခြင်း ပထမအဆင့် ကျင့်ကြံသူ ဖြစ်လာသည့်အတွက် ခြေထောက်သုံးချောင်း ရွှေကျီးသုံးဘီး၊ ထုတ်လုပ်ရေးအဖွဲ့ ဆေးမီးဖိုနှင့် တခြားပစ္စည်းများလည်း အဆင့်တက်သွားပါပြီ]

*အရင်ကတည်းက ဒီသုံးဘီးက တော်တော်မြန်နေပြီ။ အခု ငါရော သူရော အဆင့်တက်သွားပြီဆိုတော့ သူ့ရဲ့ အရှိန်က ပိုပြီး ကြောက်စရာကောင်းလာတော့မှာပဲ။*

*ပြီးတော့ ထုတ်လုပ်ရေးအဖွဲ့ ဆေးမီးဖိုကလည်း ငါ ချီစုဆောင်းခြင်းအဆင့်ထဲ ရောက်ပြီဆိုတော့ ဆေးလုံးတွေနဲ့ မှော်ပစ္စည်းတွေကို ဖော်စပ်နိုင်တော့မှာ..*

*ဒါပေမဲ့ အခုက ဒါတွေကို အသေးစိတ် စစ်ဆေးနေရမယ့် အချိန်မဟုတ်ပါဘူး။ သူ့ရှေ့က တဲထဲမှာ နတ်သမီးလေးက အတွင်းခံ လဲနေတာလေ။*

တဲက အထဲကို မမြင်ရအောင် ကာထားပေးပေမဲ့လည်း...

ခုနက သူ့မျက်နှာပေါ်ကို ကျရောက်လာခဲ့သော ဖိအားကို ပြန်တွေးမိပြီး တဲထဲမှာ နတ်သမီးလေး အဝတ် လဲနေသည်ကို စိတ်ကူးကြည့်ရုံနှင့်ပင် လင်းဖန်၏ သွေးများ ဆူပွက်လာလေသည်။

*ဟူး... တဲထဲကိုသာ မြင်ရရင် သိပ်ကောင်းမှာပဲ…။*

လင်းဖန်က စိတ်ထဲကနေ နှမြောတသစွာဖြင့် ရေရွတ်လိုက်၏။

ရုတ်တရက် မထင်မှတ်ထားတာ တခုက ဖြစ်သွား၏။ သူ သက်ပြင်းချလိုက်ပြီးသည်နှင့် သူ၏စိတ်ထဲ၌ မြင်ကွင်းတစ်ခု ရုတ်တရက် ပေါ်လာလေသည်။

ဤသည်က သူ၏တဲထဲမှ မြင်ကွင်းဖြစ်မှန်း လင်းဖန် ချက်ချင်း သိလိုက်၏။

*ဟာ... သွားပြီ။ တဲက အဆင့်တက်သွားတော့ ဒီလို စွမ်းရည်ပါ ပါလာတာလား… အမလေး... တကယ် ပဲလားဟ…*

စိတ်ထဲမှာ မြင်နေရတဲ့ မြင်ကွင်းကို ကြည့်ပြီး လင်းဖန် သွေးတွေ တိုးလာသလို ခံစားရပြီး နှာခေါင်းထဲမှ သွေးများ စီးကျလာတော့သည်။

'အနောက်သို့ ခရီးသွားခြင်း' ထဲက မက်မွန်သီးကြီးတွေကို မြင်ဖူးပါသလား…။ ပန်းရောင်သန်းနေတဲ့ အဖြူရောင် မက်မွန်သီးကြီးများ...ယခု လင်းဖန် အခု မြင်နေရပါပြီ။

"ဟဲဟဲဟဲ... ရှလွတ်…"

ကောင်းမွန်တဲ့အချိန်တွေက အမြဲတမ်း တိုတောင်းပေ၏။ မက်မွန်သီးကြီးများက ခဏအတွင်းမှာပင် သူ၏ မြင်ကွင်းမှ ပျောက်ကွယ်သွားပါတော့သည်။

လင်းဖန်လည်း စိတ်ဝိညာဉ်ဖြင့် တဲထဲမှ မြင်ကွင်းကို ချက်ချင်း ဖြတ်လိုက်လေသည်။

ပြီးမှ သူ၏နှာခေါင်းသွေးကျနေသည်ကို သတိထားမိပြီး ဤမျှလောက်သော မြင်ကွင်းလေးကိုပင် မခံနိုင်ရအောင် စိတ်ဓာတ်ပျော့ညံ့ရသလားဟု ကိုယ့်ကိုယ်ကိုယ် ပြန်ကျိန်ဆဲနေမိသည်။

လင်းဖန် နှာခေါင်းသွေးများကို သုတ်လို့ ပြီးခါနီးမှာပင် တဲထဲမှ ထိတ်လန့်တကြား အော်သံတစ်ခု ရုတ်တရက် ထွက်လာတော့သည်။

ထိုအသံကို ကြားလိုက်သောအခါ လင်းဖန်လည်း ဘာမှမစဉ်းစားမနေတော့ဘဲ တဲထဲကို ချက်ချင်း ပြေးဝင်သွားလိုက်လေတော့သည်။

All Chapters