← Chapters

အခန်း ၅

Vol. 1 Ch. 5

အခန်း ၅

Vol. 1 Ch. 5

အခန်း (၅) ရင်စီး၏ ဘေးထွက်ဆိုးကျိုး

ပန်းရောင် အဆင့်မြင့်ရင်စီးကို ဝတ်ဆင်ထားသော လီလဲ့ယန် ကို မြင်လိုက်ရသည့်အခါ လင်းဖန် တစ် ယောက် စိတ်ပျက်အားလျော့စွာဖြင့် ရင်ထဲမှ အော်ဟစ်လိုက်မိသည်။

*မဟုတ်ဘူး... ငါ့ရဲ့ မက်မွန်သီးတွေ ဘယ်ရောက်ကုန်တာလဲ။ ကြီးမားဝိုင်းစက်နေတဲ့ ငါ့ရဲ့ မက်မွန်သီး ကြီးတွေ ဘယ်ရောက်သွားတာလဲ…*

စောစောက သူ့မျက်နှာကို ပိတ်ဆို့လုနီးပါးဖြစ်စေခဲ့သော ထွားကျိုင်းသည့် အရာဝတ္ထုကြီးများမှာ ပျောက်ကွယ်သွားပြီး ပြန့်ပြူးသော မြေပြန့်ပြင်ကြီးတစ်ခုက အစားထိုးဝင်ရောက်သွားသည်။

"နတ်မိမယ်လေး... ဘာတွေဖြစ်ကုန်တာလဲဗျာ။ မင်းရဲ့ မက်မွန်သီး... အဟမ်း မင်းရဲ့ ကိုယ်လုံးကိုယ် ပေါက်က ဘာလို့ ဒီလိုပြောင်းလဲသွားတာလဲ….။"

လင်းဖန်၏ အမေးကို လီလဲ့ယန်ကိုယ်တိုင်လည်း ကြောင်အမ်းအမ်းဖြစ်ကာ ပြန်ဖြေလိုက်သည်။

"ကျွန်မလည်း မသိဘူးလေရှင်။ ဒီအဆောင်ရတနာကို ဝတ်လိုက်ပြီးတာနဲ့ ဒီလိုမျိုး ဖြစ်သွားတာပဲ…။"

နတ်မိမယ်လေး၏ ဝေခွဲမရဖြစ်နေသောသော ပုံစံကိုကြည့်ပြီး လင်းဖန်က စနစ်ကိုသာ လှမ်းမေးလိုက် ရတော့သည်။

"ဟေ့ကောင်... ဒါ ဘယ်လို အရည်အသွေးညံ့တဲ့ မှော်ပစ္စည်းလဲ။ ငါ့ရဲ့ မက်မွန်သီးတွေကို ဘယ်လို လုပ်ပြီး ပျောက်သွားအောင် လုပ်လိုက်တာလဲ…"

[အိမ်ရှင်... ဒီအဆင့်မြင့်ရင်စီးက စွမ်းအားအရမ်းကြီးတာကြောင့် အနည်းငယ်သော ဘေးထွက်ဆိုးကျိုး ရှိတာက ပုံမှန်ပါပဲ။]

"ဒါကို သေးငယ်တဲ့ ဘေးထွက်ဆိုးကျိုးလို့ ခေါ်တာလား။ အဲ့ဒီလောက်ကြီးတဲ့ အရာကြီးတစ်ခုလုံး ပျောက်သွားတာကို ဘယ်နားက 'သေးငယ်တယ်' လို့ ပြောခေါ်သေးတာလား….။"

[အိမ်ရှင်က ဘာလို့ ဒီလောက် စိတ်လှုပ်ရှားနေတာလဲ။ ဒါက အိမ်ရှင်ပိုင်တာမှ မဟုတ်တာ။ ကာယကံရှင်တောင် မပူတာကို အိမ်ရှင်က ဘာလို့ ပူနေတာလဲ။]

"ဟေ့ကောင်... ငါ ဘယ်လိုလုပ် မပူဘဲ နေမလဲ။ ငါနဲ့ နတ်မိမယ်လေးက တစ်ယောက်နဲ့တစ်ယောက် အပေးအယူ တည့်နေတာလေ နောင်ကျရင် သူ့ဟာက ငါ့ဟာ ဖြစ်လာမှာပေါ့….။"

[စိတ်အေးအေးထားပါ၊ ဒီဘေးထွက်ဆိုးကျိုးက ထာဝရ မဟုတ်ပါဘူး။ ချွတ်လိုက်တာနဲ့ ပုံမှန်အတိုင်း ပြန်ဖြစ်သွားမှာပါ။]

"အဲ့လိုမှပေါ့။ ဒါဆိုရင်တော့ လက်ခံနိုင်စရာ ရှိသေးတယ်…။"

မက်မွန်သီးများ ပျောက်ကွယ်သွားရသည့် အကြောင်းရင်းကို သိလိုက်ရသဖြင့် လင်းဖန်က နတ်မိမယ် လေးကို အမြန်ပင် ရှင်းပြလိုက်၏။

"နတ်မိမယ်လေး... ကျွန်တော် အခုမှ သတိရတယ်။ ဒါက ဒီမှော်ပစ္စည်းရဲ့ သေးငယ်တဲ့ ဘေးထွက်ဆိုး ကျိုး တစ်ခုပဲ။ စိတ်မပူပါနဲ့၊ ဒါကို ချွတ်လိုက်တာနဲ့ ပုံမှန်အတိုင်း ပြန်ဖြစ်သွားမှာပါ….။"

လင်းဖန်၏ ရှင်းပြချက်ကို ကြားမှ လီလဲ့ယန် စိတ်သက်သာရာ ရသွားသည်။ "ဪ... အဲ့ဒါကြောင့်ကိုး။ ဒါဆိုရင်တော့ စိတ်အေးသွားပြီ။ တကယ်တော့ ဒီဘေးထွက်ဆိုးကျိုးက ကောင်းတဲ့ အချက်တစ်ခုတောင် ဖြစ်နေပါသေးတယ်…။"

လီလဲ့ယန်၏ သဘောထား ပြောင်းလဲသွားမှုကြောင့် လင်းဖန် ကြောင်သွားရသည်။

"ကျွန်မရဲ့ ပျံသန်းရေးဓား စီးတဲ့အခါမှာ သူတို့က အရမ်းလေးလွန်းတော့ ဟန်ချက်မညီဘဲ ယိမ်းထိုးနေ တာလေ။ အခုတော့ ကိုယ်လက်ပေါ့ပါးသွားသလို ခံစားရတယ်…။"

လီလဲ့ယန်၏ ရှင်းပြချက်ကို ကြားရသောအခါ လင်းဖန်မှာ စကားပင် ဆက်မပြောနိုင်တော့ပေ။

"နတ်မိမယ်လေးက ဒီဘေးထွက်ဆိုးကျိုးကို သဘောကျတယ်ဆိုရင်လည်း ကျွန်တော် စိတ်အေးရတာ ပေါ့။ အခု အဝတ်အစားတွေကို မြန်မြန်ပြန်ဝတ်လိုက်ပါဦး အအေးမိနေပါဦးမယ်…။"

ထိုအခါမှ လီလဲ့ယန်သည် သူမတွင် ရင်စီးတစ်ထည်တည်းသာ ရှိနေသည်ကို သတိရပြီး လန့်အော်ကာ အဝတ်အစားများကို အမြန်ပြန်ပြင်ဝတ်တော့သည်။ အဝတ်အစားများ သေသေသပ်သပ် ပြန်ဝတ်ပြီး နောက် သူမက လင်းဖန်ကို နှုတ်ဆက်လိုက်သည်။

"မိတ်ဆွေလင်းဖန်... ကျွန်မ ခိုးထွက်လာတာ တော်တော်ကြာနေပြီဆိုတော့ အခု ပြန်ရတော့မယ်…။"

သူမက ကျောက်စိမ်းဆွဲပြားတစ်ခုကို ထုတ်ပေးရင်း ဆက်ပြောသည်။

"ဒါက ကျွန်မတို့ ချင်းယွင်ဂိုဏ်းရဲ့ အမှတ်အသားပါ။ နောင်တစ်ချိန်မှာ မိတ်ဆွေလင်းဖန် အားတဲ့အခါ ကျွန်မတို့ဂိုဏ်းကို ဧည့်သည်အဖြစ်နဲ့ပဲဖြစ်ဖြစ် အရောင်းအဝယ်လုပ်ဖို့ဖြစ်ဖြစ် လာခဲ့ပါဦး။ ရှင် ကျွန်မ ကို အများကြီး ကူညီပေးခဲ့တာဆိုတော့ ကျွန်မဘက်ကလည်း ပြန်ပြီး ကူညီပေးမှာပါ…။"

လင်းဖန်က ကျောက်စိမ်းဆွဲပြားကို လှမ်းယူလိုက်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။

"ဒါဆိုရင်တော့ နတ်မိမယ်လေးကို ကြိုတင် ကျေးဇူးတင်ထားပါရစေ။ အားတဲ့အခါမှာ ခင်ဗျားတို့ဂိုဏ်း ဆီကို သေချာပေါက် လာခဲ့ပါ့မယ်….။"

လင်းဖန်၏ နှမြောတသသော အကြည့်များအောက်တွင် လီလဲ့ယန်သည် သူမ၏ ဓားပျကို စီး၍ ထွက်ခွာသွားလေတော့သည်။ သူမ၏ ပျံသန်းမှုမှာ အနည်းငယ် ယိမ်းထိုးနေဆဲဖြစ်သဖြင့် ဟန်ချက် ပြဿနာမှာ လုံးဝဥဿုံ ပြေလည်သွားခြင်း မရှိသေးသည်မှာ သိသာလှပေသည်။

နတ်မိမယ်လေး မြင်ကွင်းမှ ပျောက်ကွယ်သွားမှသာ လင်းဖန်သည် စနစ်ကို စစ်ဆေးရန် အချိန်ရတော့ သည်။

အိမ်ရှင် လင်းဖန်: ချီစုဆောင်းခြင်း အဆင့် (၁)

အဆင့်မြှင့်တင်ရန် လိုအပ်ချက်: (၁/၁၀၀) အနိမ့်စား စိတ်ဝိညာဉ်ကျောက်တုံး)

သယ်ယူပို့ဆောင်ရေးယာဉ်: ခြေထောက်သုံးချောင်းရွှေကျီးသုံးဘီး (ဝင်တိုက်ခြင်း စွမ်းရည် ပွင့်သွားပြီ…)

တိုက်စစ်၊ခံစစ် ရတနာ: ခရမ်းရွှေနတ်နဂါးထီး (နဂါးလှံပုံစံ ပွင့်သွားပြီ…)

ဂူဗိမာန်: ဟင်းလင်းပြင်သားရဲတဲ (ကိုယ်ယောင်ဖျောက်ခြင်းနှင့် အတွင်းပိုင်းကြည့်ရှုခြင်း လုပ်ဆောင်ချက်များ ပွင့်သွားပြီ…)

ထူးခြားသောရတနာ: ကမ္ဘာ‌ပေါင်းများစွာရတနာသေတ္တာ (ကျောက်တုံးများထည့်သွင်း၍ ပစ္စည်း အမျိုးမျိုးကို ကျပန်း ရယူနိုင်သည်။)

အထောက်အကူပြုရတနာ: ထုတ်လုပ်ရေးအဖွဲ့ဆေးမီးဖို (ချီစုဆောင်းခြင်းအဆင့်နှင့် ကိုက်ညီ သော ဆေးလုံးများ၊ မှော်ပစ္စည်းများ၊ အဆောင်ရတနာများကို ထုတ်လုပ်နိုင်သည်။)

စနစ်ဆိုင်ရာ အရောင်းဆိုင်: လာရောက်ကြည့်ရှုပါ၊ အရာအားလုံးသည် အဆင့်မြင့်ပစ္စည်းများ ဖြစ်သည်။

စုံစမ်းစစ်ဆေးရေး လုပ်ဆောင်ချက်: လူ သို့မဟုတ် ပစ္စည်းများ၏ အချက်အလက်ကို စုံစမ်းရန် စိတ်ဝိညာဉ်ကျောက်တုံးများ လိုအပ်သည်။

ချီစုဆောင်းခြင်း အဆင့်သို့ တရားဝင် ရောက်ရှိသွားပြီးနောက် စနစ်နှင့် သူ၏ သုံးဘီးယာဉ် ကဲ့သို့သော ပစ္စည်းများမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ စနစ်ဆိုင်ရာ အရောင်းဆိုင်တွင်လည်း မျက်စိကျ စရာ ပစ္စည်းများစွာ ရှိသော်လည်း ဈေးနှုန်းများမှာမူ လင်းဖန်ကို တွေဝေသွားစေသည်။

ဥပမာအားဖြင့် အတိဒုက္ခအဆင့် တစ်ရက်စာ အသုံးပြုခွင့်ကတ်၊ အဆင့် (၉) မှော်ရတနာများ၊ နတ်ဘုရားအဆင့် ကျင့်စဉ်များ စသည်တို့၏ ဈေးနှုန်းမှာ လက်ရှိ လင်းဖန်အတွက် မယုံနိုင်စရာပင် ဖြစ်သည်။

သို့သော်လည်း လင်းဖန်အတွက် အကျိုးအမြတ်တစ်ခု ရှိသွားသည်။ ကျင့်ကြံမှုအဆင့်တင်မကဘဲ ကျင့်စဉ်များနှင့် မှော်အတတ်များကိုပါ ပိုက်ဆံသုံးစွဲခြင်းဖြင့်အဆင့်မြှင့်နိုင်ကြောင်း သူ သိလိုက်ရသည်။ ထို့ကြောင့် သူ၏ ကျင့်ကြံခြင်း လမ်းစဉ်မှာ ရှင်းလင်းသွားခဲ့လေပြီ။

*စိတ်ဝိညာဉ်ကျောက်တုံး၊ ကျောက်တုံး၊ ပြီးတော့ ကျောက်တုံးတွေပဲ။ ပိုက်ဆံဖြည့်မယ်၊ ဖြည့်မယ်၊ ပြီးတော့ ထပ်ဖြည့်မယ်…*

စနစ်၏ စုံစမ်းစစ်ဆေးရေး လုပ်ဆောင်ချက်မှာလည်း အရာဝတ္ထုနှင့် သက်ရှိများ၏ အချက်အလက်ကို စုံစမ်းနိုင်သော်လည်း ပိုက်ဆံပေးရမည်ဖြစ်သောကြောင့် လင်းဖန်က ထိုလုပ်ဆောင်ချက်ကို ချက်ခြင်း ပင် 'အပယ်ခံ' စာရင်းထဲ ထည့်လိုက်သည်။

နောက်ထပ် ထူးခြားသည်မှာ သုံးဘီးယာဉ်နှင့် တဲကဲ့သို့သော ပစ္စည်းများပင် ဖြစ်သည်။ တဲထဲသို့ သူ ချောင်းကြည့်နိုင်ခဲ့ခြင်းမှာ အဆင့်တက်သွားသဖြင့် ပွင့်လာသော လုပ်ဆောင်ချက်ကြောင့် ဖြစ်သည်။ သုံးဘီးယာဉ် တွင်လည်း 'ဝင်တိုက်ခြင်း' လုပ်ဆောင်ချက် ပွင့်လာပြီး ခရမ်းရွှေနတ်နဂါးထီး မှာလည်း လှံအဖြစ် ပြောင်းလဲနိုင်ပြီ ဖြစ်သောကြောင့် သူ၏ ပထမဆုံး တိုက်ခိုက်ရေးလက်နက်ကို ရရှိခဲ့ပြီ ဖြစ် သည်။

သို့သော် လင်းဖန်သည် လက်ရှိတွင် ပိုက်ဆံရှာရန်သာ အာရုံစိုက်ထားသည်။ ရတနာသေတ္တာ နှင့် ဆေးမီးဖို တို့မှာ သူ၏ အဓိက ငွေရှာမည့် ပစ္စည်းများ ဖြစ်လာလိမ့်မည်။ အထူးသဖြင့် ဆေးမီးဖိုသည် ကုန်ကြမ်းများ ထည့်လိုက်ရုံဖြင့် အလိုအလျောက် ဆေးဖော်ပေးနိုင်သောကြောင့် သူကိုယ်တိုင် ဆေးဖော်နည်းများ သင်ယူနေစရာ မလိုတော့ပေ။

လင်းဖန်သည် ချီစုဆောင်းခြင်း အဆင့်တွင် လူသုံးအများဆုံးဖြစ်သော ချီစုဆောင်းခြင်းဆေးလုံး နှင့် အစာရှောင်ဆေးဆေးလုံးများကို ထုတ်လုပ်ရန် ဆုံးဖြတ်လိုက်သည်။ ထိုဆေးလုံးများအတွက် လိုအပ်သော ဆေးဖက်ဝင်အပင်များကို ဝယ်ယူရန် ချင်းယွင်ဈေးကွက်သို့ ပြန်သွားရန် ပြင်ဆင်လိုက်သည်။

သူသည် စည်းကမ်းထိန်းသိမ်းရေးသမားများနှင့် ရန်ဖြစ်ထားသော်လည်း ယခုအခါ ဂိုဏ်းချုပ်သမီးပေး ထားသည့် ကျောက်စိမ်းဆွဲပြား ရှိနေပြီဖြစ်သောကြောင့် ထိုလူများ သူ့အား ဒုက္ခပေးရဲမည်မဟုတ်ဟု ယုံကြည်နေသည်။

လင်းဖန်သည် သူ၏ ပစ္စည်းများကို သိမ်းဆည်းကာ သုံးဘီးယာဉ်ကို နင်း၍ ဈေးကွက်ဆီသို့ ပြန်လည် ထွက်ခွာခဲ့တော့သည်။ တစ်ချိန်တည်းမှာပင် လီလဲ့ယန်သည်လည်း သူမ၏ ဓားပျံကို စီး၍ ဂိုဏ်းဆီသို့ ယိမ်းထိုးစွာ ပြန်သွားခဲ့လေပြီ ဖြစ်သည်။

All Chapters