အခန်း ၈
Vol. 1 Ch. 8
အခန်း (၈) ဆေးမီးဖိုဖွင့်၍ ဆေးလုံးများ ဖော်စပ်ခြင်း
ထို့နောက် သူသည် ထိုလူ့အပေါ်မှ ရှေ့တိုးနောက်ငင်ဖြင့် အကြိမ်ကြိမ် နင်းမောင်းလိုက်သည်။ အကြိမ်ရေ မည်မျှပင် များသွားသည်မသိ မုတ်ဆိတ်ရှည်နှင့် ကျင့်ကြံသူမှာမူ သုံးဘီးဖြင့်ကြိတ်ခံရသည့် ဒဏ်ကြောင့် လော သို့မဟုတ် ဒေါသထွက်လွန်း၍လော မပြောတတ်ဘဲ လုံးဝသတိလစ်၍ မေ့မြောသွားလေတော့ သည်။
သတိလစ်နေသော ကျင့်ကြံသူကိုကြည့်ရင်း လင်းဖန်သည် ဓားပြတိုက်သည့်လုပ်ငန်းကို ချက်ချင်းစတင် လိုက်သည်။ သူသည် ထိုသူ့ကိုယ်ပေါ်မှ သိုလှောင်အိတ် ကို ဖြုတ်ယူလိုက်ပြီး ရရှိလာသမျှကို ထိုနေရာ မှာတင် ထိုင်ရေတွက်နေတော့သည်။ ။
"ဟာ... ငါထင်သားပဲ၊ စီးပွားရေးလုပ်တာထက် ဓားပြတိုက်တာက ပိုက်ဆံရတာ ပိုမြန်သားပဲ….။"
"ငါ တစ်နေ့လုံး ပင်ပင်ပန်းပန်း ရောင်းဝယ်ဖောက်ကားလို့မှ စိတ်ဝိညာဉ်ကျောက်တုံး (၁၁) တုံးပဲ ရတာ။ အခု ဒီတစ်ခါထဲနဲ့တင် စိတ်စိတ်ဝိညာဉ်ကျောက်တုံး တစ်ထောင်ကျော် ရလာပြီ….။"
လင်းဖန်၏ ရေရွတ်သံကို ကြားသောအခါ စနစ်က ထပ်မံပေါ်ထွက်လာသည်။
[ ဟဲဟဲ... အိမ်ရှင်ရဲ့ အမြင်က ကျဉ်းမြောင်းလွန်းပါသေးတယ်။ နောင်ကျရင် စီးပွားရေးလုပ်တာက ငွေခိုးတာထက် အဆပေါင်းများစွာ ပိုမြန်တယ်ဆိုတာ မင်း သိလာပါလိမ့်မယ်။ ]
လင်းဖန်သည် စနစ်၏ ငြင်းခုံမှုကို လျစ်လျူရှုကာ သူရရှိထားသည့် ပစ္စည်းများကို ဆက်လက်စစ်ဆေး နေလိုက်သည်။ မုတ်ဆိတ်ရှည်နှင့်ကျင့်ကြံသူ၏ သိုလှောင်အိတ်ထဲတွင် စိတ်စိတ်ဝိညာဉ်ကျောက်တုံး (၁၀၀၀) ကျော်အပြင် အဆင့်နိမ့် စိတ်ဝိညာဉ်ဆေးပင်များစွာလည်း ရှိနေပေသည်။ ထိုအထဲတွင် အစာရှောင်ဆေး ဆေးလုံး နှင့် ချီစုဆောင်းခြင်းဆေးလုံး ဖော်စပ်ရန် လိုအပ်သည့် ဆေးပင်များလည်း ပါဝင်လေသည်။
ထို့အပြင် ချီစုဆောင်းခြင်းအဆင့်တွင် အသုံးပြုသည့် မီးတောက်အဆောင် အချို့ကိုလည်း တွေ့ရသည်။ လင်းဖန်သည် ရရှိသမျှကို စနစ်၏ ဟင်းလင်းပြင်ထဲသို့ ထည့်လိုက်ပြီးနောက် မီးတောက်အဆောင်တစ်ခု ကို ထုတ်ယူလိုက်သည်။
"ဒီမီးတောက်အဆောင်ကို ဘယ်လိုသုံးရမှာလဲ၊ စိတ်ဝိညာဉ်စွမ်းအင် ထည့်သွင်းပြီး အသက်သွင်း ရတာလား….။"
လင်းဖန် တစ်ယောက်တည်း စကားပြောနေစဉ်မှာပင် လက်ထဲရှိ အဆောင်မှာ မီးလုံးအဖြစ် ပြောင်းလဲ သွားပြီး မုတ်ဆိတ်ရှည်ကျင့်ကြံသူ၏ ကိုယ်ပေါ်သို့ ပြုတ်ကျသွားတော့သည်။
"အို... ဆောရီးပဲ။ ငါ့လက်ချော်ပြီး အဆောင်က မြေကြီးပေါ် ကျသွားလို့ပါ….။"
"ထားလိုက်ပါတော့၊ ဒါတွေက မင်းရဲ့ပစ္စည်းတွေပဲဆိုတော့ မင်းဆီပဲ ဒါလေးကို ပြန်ပေးလိုက်ပါ့မယ်…။"
လင်းဖန်က အားနာဟန်ဆောင်ကာ ပြောနေသော်လည်း မြေပြင်ပေါ်တွင် ပြာအချို့သာ ကျန်ရစ်တော့ပြီး မုတ်ဆိတ်ရှည်နှင့်ကျင့်ကြံသူမှာမူ မည်သည့်နေရာသို့ ရောက်သွားမှန်းပင် မသိရတော့ပေ။
အားလုံးပြီးစီးသွားသောအခါ လင်းဖန်သည် သူ၏ သုံးဘီးယာဉ်ပေါ်သို့ ပြန်တက်ကာ ဈေးကွက်ဆီသို့ ဦးတည်မောင်းနှင်သွားခဲ့လေတော့သည်။ သုံးဘီးယာဉ်၏ အရှိန်ကြောင့် ထွက်ပေါ်လာသော လေပြင်းက မြေပြင်ပေါ်ရှိ ပြာများကို လွင့်စင်သွားစေသဖြင့် မည်သည့်ခြေရာလက်ရာမျှ ကျန်ရစ်ခြင်းမရှိတော့ပေ။
ချင်းယွင်ဈေးကွက်ထဲတွင် လင်းဖန်သည် ဆိုင်ခန်းတစ်ခုပြီးတစ်ခုကို သူ၏ သုံးဘီးယာဉ်ဖြင့် ဖြတ်မောင်း သွားသည်။ လိုအပ်သည့် ပစ္စည်းများကို တွေ့သည့်အခါတိုင်း သူသည် ဆိုင်ရှင်နှင့် ဈေးဆစ်ကာ ဝယ်ယူ လေ့ရှိသည်။
မမျှော်လင့်ဘဲ ရရှိလာသော စိတ်ဝိညာဉ်ကျောက်တုံး တစ်ထောင်ကျော်ထဲမှ (၉၉) တုံးကို သုံး၍ ချီစု ဆောင်းခြင်း အဆင့် (၂) သို့ တက်လှမ်းလိုက်သည်။ အဆင့် (၃) သို့ ရောက်ရန်အတွက် စိတ်ဝိညာဉ် ကျောက်တုံး (၂၀၀) ထပ်မံ ဖြည့်သွင်းရန် လိုအပ်မည် ဖြစ်သည်။ အဆင့်တက်လေလေ လိုအပ်သည့် စိတ်ဝိညာဉ်ကျောက်တုံး အရေအတွက်က ပိုမိုများပြားလာမည်ဆိုသည်ကို လင်းဖန် နားလည်သွား သည်။
ဤမျှနည်းသော စိတ်ဝိညာဉ်ကျောက်တုံး များက ကျင့်ကြံမှုကို အများကြီး မတိုးတက်စေနိုင်သဖြင့် ၎င်းတို့ကို ရင်းနှီးမြှုပ်နှံမှုအဖြစ် အသုံးပြု၍ ဝိညာဉ်ဆေးပင်များ ဝယ်ယူကာ ဆေးလုံးများ ဖော်စပ် ရောင်းချခြင်းက ပို၍ အမြတ်ထွက်စေမည်ဖြစ်သည်။
ဈေးကွက်ထဲတွင် စိတ်ဝိညာဉ်ကျောက်တုံး (၃၀၀)ကျော် အသုံးပြုပြီးနောက် လင်းဖန်သည် အစာရှောင်ဆေးဆေး လုံး နှင့် ချီစုဆောင်းခြင်းဆေးလုံးများ ဖော်စပ်ရန်အတွက် ဆေးဖက်ဝင်အပင်များစွာနှင့် ဆေးလုံး ထည့် သည့် ပုလင်းအချို့ကို ဝယ်ယူခဲ့လိုက်သည်။
ပစ္စည်းများ ဝယ်ယူပြီးနောက် နောက်တစ်ဆင့်မှာ "ထုတ်လုပ်ရေးအဖွဲ့ဆေးမီးဖို" ကို အသုံးပြု၍ ဆေးလုံးများ ဖော်စပ်ရန် ဖြစ်သည်။ လင်းဖန်သည် ဝယ်ယူသူအဖြစ်မှ ရောင်းချသူအဖြစ်သို့ ပြန်လည် ပြောင်းလဲကာ သူ၏ မူလဆိုင်ခန်းနေရာသို့ ပြန်လာပြီး ဆေးဖော်စပ်ရန် ပြင်ဆင်လေတော့သည်။
"ထုတ်လုပ်ရေးအဖွဲ့ဆေးမီးဖို" သည် အလိုအလျောက် ဆေးဖော်စပ်ပေးနိုင်ပြီး သူကိုယ်တိုင် ပင်ပင် ပန်းပန်း လုပ်ဆောင်ရန် မလိုအပ်သဖြင့် လမ်းသွားလမ်းလာများ၏ အနှောင့်အယှက်ပေးမည်ကိုလည်း ဂရုစိုက်နေစရာ မလိုပေ။ ဆေးလုံးများ ဖော်စပ်ပြီးသည်နှင့် ဆိုင်ခန်းတွင် တင်၍ ချက်ချင်းရောင်းချနိုင် မည်ဖြစ်သည်။
လတ်လတ်ဆတ်ဆတ် ဖော်စပ်ပြီး ချက်ချင်းရောင်းချသော ဆေးလုံးများပေါ့….။
ပထမဆုံးအကြိမ် ဆေးဖော်စပ်မှုအဖြစ် လင်းဖန်သည် အဆာရှောင်ဆေးလုံးကို ရွေးချယ်လိုက်ပြီး အရသာကို ကိုယ်တိုင် အရင်မြည်းစမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။ အဆာရှောင်ဆေးလုံးအတွက် လိုအပ်သည့် အမယ်များကို ဆေးမီးဖိုထဲသို့ ထည့်လိုက်ပြီးနောက် ဆေးလုံးများ ထွက်လာမည့်အချိန်ကို စောင့်နေလိုက်သည်။
လင်းဖန် စိတ်ထဲမှ အချိန်ကို ရေတွက်နေစဉ် နှစ်မိနစ်၊ သုံးမိနစ်ခန့်အကြာတွင် ဆေးမီးဖိုဆီမှ 'ဒေါင်' ခနဲ အသံထွက်လာပြီး ဆေးဖော်စပ်မှု အောင်မြင်သွားလေသည်။ ထုတ်လုပ်ရေးအဖွဲ့ဆေးမီးဖိုပီပီ ဆေး ဖော်စပ်သည့် အရှိန်မှာ အလွန်ပင် မြန်ဆန်လှ၏။
လင်းဖန်သည် စိတ်လှုပ်ရှားစွာဖြင့် ဆေးမီးဖိုကို ဖွင့်လိုက်သည်။ သို့သော် ဆေးမီးဖိုထဲရှိ ဆေးလုံးများကို မြင်လိုက်ရသောအခါ သူ ဆွံ့အသွားတော့သည်။ ဆေးလုံးများ၏ ပုံစံကြောင့် မဟုတ်ဘဲ အရေအတွက် ကြောင့် သူ အံ့အားသင့်သွားခြင်း ဖြစ်သည်။
"ဟာ... ငါက အမယ်တစ်စုစာပဲ ထည့်လိုက်တာလေ။ဘယ်လိုလုပ် ဆေးလုံးတွေ အများကြီး ထွက်လာ တာလဲ။ အလုံး (၂၀) တောင် ရှိမယ် ထင်တယ်….။"
သူ သိထားသလောက်ဆိုလျှင် ဤကမ္ဘာရှိ ဆေးဆရာတစ်ယောက်သည် အဆာရှောင်ဆေးလုံး တစ်စုစာ အမယ်များမှ ဆေးလုံး (၅) လုံးခန့်သာ ဖော်စပ်နိုင်ခြင်း ဖြစ်သည်။ အဆင့်မြင့်ဆေးဆရာကြီးများပင်လျှင် အပို (၁) လုံး သို့မဟုတ် (၃) လုံးခန့်သာ ပိုထွက်နိုင်သည်။ ယခုမူ သူက တစ်ခါတည်းနှင့် အလုံး (၂၀) မျှ လောက်ပင် ရလိုက်ခြင်း ဖြစ်သည်။
လင်းဖန်၏ ဇဝေဇဝါဖြစ်မှုကို ကြားသောအခါ စနစ်က ကြွားဝါရန် ထပ်မံပေါ်လာပြန်သည်။
[ ငါ ပြောသားပဲ၊ စနစ်က ထုတ်လုပ်တဲ့ ပစ္စည်းတွေက အရည်အသွေး ကောင်းမွန်ရမယ်လို့။ ဒီဆေးမီးဖို က ဒဏ္ဍာရီလာ "မြည်းသူတော်စင်" နဲ့ ဆက်စပ်နေတာလေ။ သူတော်စင် တစ်ပါးနော်။ ဒီလို ဆေးလုံးမျိုး ဖော်စပ်တဲ့အခါ အထွက်နှုန်း များတာက လုံးဝ ပုံမှန်ပါပဲ။ ]
"ပုံမှန် ဟုတ်ပါ့မလား။ ဒါက စွမ်းအင်တည်မြဲမှု နိယာမနဲ့တောင် မကိုက်ညီတော့ဘူး။ မြေပဲတစ်ပိဿာ ပေးတာကို မြေပဲဆီ နှစ်ပိဿာ ညှစ်ပေးလိုက်သလို ဖြစ်နေပြီ….။"
[ ဘာလို့ မကိုက်ညီရမှာလဲ။ ဥပမာ- မင်း နေကြာစေ့ တစ်ပိဿာစားရင် ခွံက နှစ်ပိဿာ ထွက်လာတယ် ဆိုတာ ထူးဆန်းလို့လား။]
"ဟမ်... မင်းက ဥပမာတွေနဲ့တောင် ပြောနေတာလား။ ဒါပေမဲ့ ဒါက အတူတူပဲလား။ နေကြာစေ့ခွံတွေ အလေးချိန်တက်လာတာက သွားရည်တွေ စိုကုန်လို့လေ။ မင်းကော ဆေးလုံးထဲကို သွားရည်တွေ ထည့် လိုက်တာလား…."
[ လုံးဝ မဟုတ်ပါဘူး။ ဒဏ္ဍာရီတွေအရ "မြည်းသူတော်စင်" ဆေးဖော်စပ်ရင် အထွက်နှုန်း များတာ ကြောင့် နာမည်ကြီးတယ်။ အိမ်ရှင်အနေနဲ့ ဒါကို ဆေးမီးဖိုရဲ့ ထူးခြားတဲ့ စွမ်းရည်တစ်ခုလို့ပဲ မှတ်ယူလိုက် ပါ။ ]
စနစ်၏ ရှင်းပြချက်မှာ အနည်းငယ် ထူးဆန်းနေသော်လည်း ဆေးလုံးများများရခြင်းက ကောင်းသော ကြောင့် လင်းဖန် ဆက်လက် ငြင်းခုံမနေတော့ပေ။ သူသည် ဆေးလုံးတစ်လုံးကို ကောက်ယူပြီး အရသာ မြည်းကြည့်လိုက်သည်။
“အင်း... မဆိုးပါဘူး။ အဆာရှောင်ဆေးလုံးက ချိုချဉ်အရသာလေးနဲ့ ဆီးသီးဖျော်ရည်လုံးလို အရသာ ရှိသားပဲ….။”
"ဒါပေမဲ့ အဆာရှောင်ဆေးလုံးဆိုတာ ဗိုက်ဝဖို့ မဟုတ်ဘူးလား….။ ဘာလို့ ဒီအရသာက စားချင်စိတ်ကို ပိုဖြစ်စေတာလဲ….။”
အဆာရှောင်ဆေးလုံး တစ်လုံးကို စားပြီးနောက် ကျန်ရှိသည်များကို ပုလင်းထဲသို့ ထည့်လိုက်ကာ ချီစု ဆောင်းခြင်းဆေးလုံးများကို စတင်ဖော်စပ်ကြည့်သည်။ ထုံးစံအတိုင်း အမယ်တစ်စုစာကို အရင်ထည့်၍ စမ်းသပ်ကြည့်လိုက်သည်။
ချီစုဆောင်းခြင်းဆေးလုံး ဖော်စပ်ချိန်မှာ အဆာရှောင်ဆေးလုံးနှင့် အတူတူပင် ဖြစ်သည်။ နှစ်မိနစ်၊ သုံးမိနစ်ခန့်အကြာတွင် 'ဒေါင်' ဟူသော အသံနှင့်အတူ ပြီးစီးသွားသည်။ ဆေးမီးဖိုကို ဖွင့်ကြည့်လိုက် သောအခါ ဆေးလုံးပေါင်း (၂၀) ကို ထပ်မံတွေ့ရပြန်သဖြင့် လင်းဖန် အံ့ဩမနေတော့ပေ။
သို့သော် ဆေးလုံးများစွာ ရရှိခြင်းက သူ့အတွက် ကောင်းသော်လည်း လင်းဖန်၏ စိတ်ထဲတွင် တစ်ခုခု လွဲချော်နေသလို ခံစားနေရသဖြင့် အနည်းငယ် စိုးရိမ်နေမိသည်။ ထိုစိုးရိမ်မှုကို ခေတ္တဘေးဖယ်ထားကာ ဆေးဖော်စပ်ခြင်းကိုသာ ဆက်လက်လုပ်ဆောင်နေလိုက်သည်။
အချိုးအစားကို သိသွားပြီဖြစ်သဖြင့် လင်းဖန်သည် တစ်ခါချင်းစီ မဖော်စပ်တော့ဘဲ ဆေးအမယ် ဆယ်စု စာကို တစ်ခါတည်း ဆေးမီးဖိုထဲသို့ ပစ်ထည့်လိုက်သည်။
ဆေးဖော်စပ်နေစဉ် စောင့်ဆိုင်းနေသည့် အချိန်တွင် လင်းဖန်သည် သူခုနက ဖော်စပ်ထားသည့် ဆေးလုံး များကို ဆိုင်ခန်းတွင် ခင်းကျင်းပြသထားလိုက်သည်။ အခြေခံအကျဆုံးဖြစ်သည့် အဆာရှောင်ဆေးလုံး တစ်လုံး၏ ဈေးနှုန်းမှာ အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး (၁) တုံး ဖြစ်သည်။
အဆာရှောင်ဆေးလုံးဖော်စပ်ရန် လိုအပ်သည့် အမယ်များမှာ ပို၍ပင် ဈေးပေါပြီး အမယ်တစ်စုစာလျှင် စိတ်ဝိညာဉ်ကျောက်တုံး (၁) တုံးသာ ကျသင့်သည်။ အကယ်၍ အမယ်တစ်စုမှ ဆေးလုံး (၅) လုံး ထွက် မည်ဆိုလျှင် (၅) ဆ အမြတ်ရမည် ဖြစ်ပြီး ဤပမာဏမှာ အနည်းငယ်သာ ဖြစ်သည်။
ဥပမာအားဖြင့် လင်းဖန်ဖော်စပ်သည့် ချီစုဆောင်းခြင်းဆေးလုံးသည် အမယ်တစ်စုစာလျှင် (၃) တုံး ကျသင့်သော်လည်း ဆေးလုံးတစ်လုံးလျှင် (၅) တုံးဖြင့် ရောင်းချနိုင်သည်။ အကယ်၍ တစ်စုလျှင် (၅) လုံး ထွက်မည်ဆိုပါက စိတ်ဝိညာဉ်ကျောက်တုံး (၂၅) တုံး ရရှိမည်ဖြစ်ရာ (၈) ဆကျော် အမြတ်ထွက် မည်ဖြစ်သည်။
ဤသည်က ဆေးဖော်စပ်မှု (၁၀၀) ရာခိုင်နှုန်း အောင်မြင်သည်ဟု တွက်ချက်ထားခြင်း ဖြစ်သည်။ အဆင့် မြင့်ဆေးဆရာကြီးများသည် အဆင့်နိမ့်ဆေးလုံးများကို ဖော်စပ်ရာတွင် ကျရှုံးလေ့မရှိသော်လည်း ၎င်း တို့ကို ဖော်စပ်ရန် ဝန်လေးကြသည်။ ထို့ကြောင့် အဆင့်နိမ့်ဆေးဆရာများသာ ဖော်စပ်လေ့ရှိကြရာ ဆေး ဖော်စပ်စဉ် ပျက်စီးဆုံးရှုံးမှုများလည်း ရှိနိုင်ပေသည်။