အခန်း ၁၆
Vol. 2 Ch. 16
အခန်း (၁၆) စိတ်လှုပ်ရှားနေကြသော ချင်းယွင်ဂိုဏ်းတပည့်များ
အကယ်၍ ချမ်းသာကြွယ်ဝသော ဂိုဏ်းအချို့သာ ဤမျှအာနိသင်ထက်မြက်သည့် ချီစုဆောင်းခြင်း ဆေးလုံးအကြောင်းသာ သိသွားပါက သုံးဆမကသော ဈေးနှုန်းဖြင့်ပင် အလုအယက်ဝယ်ကြပေလိမ့် မည်။ လင်းဖန်သည် သူဖော်စပ်ထားသော ဆေးလုံး၏ တန်ဖိုးကို အပြည့်အဝ နားမလည်သေးသော် လည်း လီယွမ်ဖေးကမူ ကောင်းကောင်းကြီးသိနေသည်။
အကယ်၍ လင်းဖန်ပြောသည့် ဈေးနှုန်းအတိုင်းသာ အရောင်းအဝယ်လုပ်လျှင် သူတို့ဘက်က အမြတ် စွန်းကြီးလှသည်မှာ အမှန်ပင်။ သို့သော် လင်းဖန်သည် နောက်ပိုင်းတွင် ဆေးလုံးတန်ဖိုးကို သိရှိသွားပါက သူတို့အပေါ် အမြင်စောင်းသွားနိုင်သည်ကို လီယွမ်ဖေး စိုးရိမ်မိသည်။ ရေတိုအကျိုးအမြတ်အတွက်နှင့် လင်းဖန်၏ ယုံကြည်မှုကို အပျက်မခံလိုပေ။ အဘယ်ကြောင့်ဆိုသော် နောင်တစ်ချိန်တွင် လင်းဖန်ထံမှ ပိုမိုမြင့်မားသော အဆင့်မြင့်ဆေးလုံးများ ရနိုင်ဦးမည်ဟု သူက မျှော်လင့်ထားသောကြောင့်ပင်။
ဘေးတွင် ရပ်နေသော လင်းဖန်သည် လီယွမ်ဖေးက ဈေးနှုန်းကို နှစ်ဆအထိ တိုးမြှင့်ပေးသည်ကို ကြား သောအခါမှ သူ၏ဆေးလုံးများမှာ သူထင်ထားသည်ထက် ပိုတန်ဖိုးရှိကြောင်း သဘောပေါက်သွားသည် ။ သို့သော် ခေတ္တမျှစဉ်းစားပြီးနောက် ချင်းယွင်ဂိုဏ်းအတွက်မူ မူလဈေးအတိုင်းသာ ရောင်းချပေးရန် ဆုံးဖြတ်လိုက်သည်။
“စီနီယာ... ဒီလိုလုပ်ရင်ကော ဘယ်လိုလဲ။ ကျုပ်အတွက် မိတ်ဆက်ပေးမယ့် တခြားဂိုဏ်းတွေကို တော့ စီနီယာပြောသလို ဈေးနှစ်ဆနဲ့ ရောင်းပေးပါ။ ဒါပေမဲ့ ချင်းယွင်ဂိုဏ်းအတွက်ကတော့ မူလဈေးအ တိုင်း ပဲ ထားပေးပါ့မယ်။ ဒါက ကျုပ်ကို ကူညီပေးတဲ့အတွက် ကျေးဇူးဆပ်တာလို့ပဲ သဘောထားပေးပါ….။”
လင်းဖန်၏ အတွေးမှာ ရိုးရှင်းပါသည်။ လက်ရှိတွင် သူသည် တစ်ကိုယ်တည်းဖြစ်ပြီး အင်အားနည်းသေး သောကြောင့် ချင်းယွင်ဂိုဏ်းကဲ့သို့သော အင်အားစုမှာ သူ့အတွက် ခြေကုပ်ယူရန် အကောင်းဆုံးပင်။ သူ တို့နှင့် ရင်းနှီးသော ဆက်ဆံရေး တည်ဆောက်ထားခြင်းက နောင်တစ်ချိန်တွင် သူ့အတွက် များစွာ အကျိုးရှိမည်ဖြစ်သည်။
လီယွမ်ဖေးအကြောင်း သူစုံစမ်းထားသမျှအရ သူသည် အဆင့်မြင့်အင်အားစုများနှင့် ဆက်နွှယ်မှုရှိနိုင် သူဖြစ်ရာ လက်ရှိတွင် သူ့အတွက် ကျောထောက်နောက်ခံကောင်း တစ်ယောက် ဖြစ်လာနိုင်သည်။ ထို့ ကြောင့် အစပိုင်းတွင် သူတို့ကို အကျိုးအမြတ်ပေးထားခြင်းဖြင့် ခိုင်မာသော ဆက်ဆံရေး တည်ဆောက် ထားရန် လိုအပ်သည်။
လင်းဖန်၏ စကားကို ကြားရသောအခါ လီယွမ်ဖေး၏ အကြည့်များမှာ သိသိသာသာ နူးညံ့သွားသည်။
“မင်းက ဒီလောက်ထိ အတင်းအကျပ် ပြောနေမှတော့ ငါ ငြင်းနေရင် ဟန်ဆောင်သလို ဖြစ်နေလိမ့်မယ်။ အခုကစပြီး ငါ့ကို ‘ဦးလေးလီ’ လို့ပဲ ခေါ်ပါ။ ငါ လီယွမ်ဖေး ဒီနယ်မြေမှာ ရှိနေသရွေ့ ဘယ်သူ့ကိုမှ မင်းကို လာနှောင့်ယှက်ခွင့် မပေးစေရဘူး….။”
“ဟားဟား... ကျေးဇူးတင်ပါတယ် ဦးလေးလီ။ ဒါဆို ကျုပ်ကိုလည်း ရှောင်လင်း ဒါမှမဟုတ် ရှောင်ဖန် လို့ပဲ ခေါ်ပါ….။”
တစ်ယောက်ကိုတစ်ယောက် ပိုမိုရင်းနှီးသွားပြီးနောက် သူတို့နှစ်ဦး ရွှင်မြူးစွာ ရယ်မောလိုက်ကြသည်။ ထို့နောက် လီယွမ်ဖေးက လိုအပ်ချက်များနေသည့် အခြားဆေးလုံးတစ်မျိုးအကြောင်း မေးမြန်းလိုက် သည်။
“ရှောင်လင်း... အဲ့ဒီ အဆာရှောင်ဆေးလုံးကကော ဘယ်လောက် အစွမ်းထက်လဲ။ ချီစုဆောင်းခြင်းဆေး လုံးလိုမျိုးပဲလား….။”
“ဦးလေးလီ... ကျုပ်ရဲ့ အဆာရှောင်ဆေးက အစာမစားဘဲ နေနိုင်တဲ့ရက်ကို (၇) ရက်ကနေ (၁၀) ရက် အထိ တိုးပေးနိုင်ရုံတင်မကဘူး အာရုံစူးစိုက်မှုကိုလည်း ပိုကောင်းစေပြီး မှော်ပညာ ကျင့်ကြံတဲ့ နေရာမှာ ထိရောက်မှုကို နှစ်ဆ တိုးပေးနိုင်ပါတယ်။ ဒါပေမဲ့...”
ဘေးထွက်ဆိုးကျိုးအကြောင်း ပြောခါနီးတွင် လင်းဖန် အနည်းငယ် တွေဝေသွားပြီးမှ ရှက်ကိုးရှက် ကန်းဖြင့် ပြောလိုက်သည်။
“ဒါပေမဲ့... သူ့ရဲ့ ဘေးထွက်ဆိုးကျိုးကတော့ အဲ့ဒီဆေးကို သောက်တဲ့သူက နည်းနည်း ရာဂစိတ်တွေပို ဖြစ်လာလိမ့်မယ်။ တကယ့် စိတ်ရိုင်းဝင်တာမျိုးတော့ မဟုတ်ပါဘူး မျက်စိက ရာဂစိတ် ပိုများလာပြီး လှတဲ့မိန်းကလေးတွေကို မသိစိတ်ကနေ သဘောကျမိနေတာမျိုးပါ….။”
လင်းဖန်၏ စကားကြောင့် လီယွမ်ဖေးမှာ ဘာပြန်ပြောရမှန်းမသိဘဲ အံ့သြသွားသည်။
“ရှောင်လင်း... မင်းဖော်စပ်တဲ့ ဆေးလုံးတွေက တကယ့်ကို... ထူးဆန်းတာပဲကွာ….။”
လင်းဖန်လည်း အားနာသွားပြီး...
“ကျုပ်လည်း ဘာလို့လဲဆိုတာ မသိဘူး။ ကျုပ်ကတော့ ပုံမှန်အတိုင်းပဲ ဖော်စပ်တာပဲ ဒါပေမဲ့ ဘာလို့ အာနိသင်တွေက သာမန်ဆေးလုံးတွေနဲ့ ဒီလောက်ကွာနေလဲ မသိဘူး….။”
ထိုသို့ စကားပြောဆိုပြီးနောက် လီယွမ်ဖေးက လင်းဖန် ဆေးဖော်စပ်ရန် အဆင်ပြေစေရန် ဂိုဏ်းအတွင်း ရှိ ကျင့်ကြံခြင်းဂူတစ်ခုကို စီစဉ်ပေးလိုက်သည်။ လင်းဖန်သည် ယခင်က ဈေးကွက်ထဲတွင် စိတ်ဝိညာဉ် ကျောက်တုံး (၃၀၀) ကျော်ဖိုး ဆေးဘက်ဝင်အပင်များ ဝယ်ယူထားခဲ့ရာ ထိုအထဲတွင် အဆာရှောင်ဆေး နှင့် ချီစုဆောင်းခြင်းဆေးလုံး (၈၀) စာစီဖော်စပ်ရန် ပါဝင်သည်။
*ချီစုဆောင်းခြင်းဆေးလုံး အလုံး (၈၀) စာ ကုန်ကြမ်းတွေနဲ့ ငါ့ရဲ့ ဆေးထွက်နှုန်းအရဆိုရင် ဆေးလုံး (၁၆၀၀) တောင် ထွက်လာမှာပဲ။ ဒါဆို ချင်းယွင်ဂိုဏ်းအတွက် လိုအပ်တဲ့ အလုံး (၁၀၀၀) က အေးဆေး ပဲ….*
လီယွမ်ဖေးက ဆေးလုံးကို စောင့်နေသောကြောင့် လင်းဖန်သည် ချီစုဆောင်းခြင်းဆေးလုံးကို စတင်၍ အရင် ဖော်စပ်လိုက်သည်။ တစ်နာရီခန့်အကြာတွင် ချီစုဆောင်းခြင်းဆေးလုံး အလုံး (၁၀၀၀) ပြီးစီး သွားခဲ့သည်။ ထို့
နောက် လင်းဖန်သည် ဆေးလုံးများကို ထုပ်ပိုးကာ လီယွမ်ဖေးရှိရာ ဂိုဏ်းခန်းမသို့ ယူ ဆောင်သွားလိုက် သည်။ ဆေးလုံး (၁၀၀၀) ကို ပေးပြီးနောက် လင်းဖန်သည် သူ၏ကျင့်ကြံခြင်းဂူသို့ ပြန်၍ အဆာရှောင် ဆေးများကို ဆက်လက်ဖော်စပ်နေလိုက်သည်။
တစ်ချိန်တည်းမှာပင် လီယွမ်ဖေးသည် ဆေးလုံးများ ရသည်နှင့် တပြိုင်နက် ဂိုဏ်းအတွင်းရှိ ချီစုဆောင်း ခြင်းအဆင့် တပည့်များကို ချက်ချင်းပင် စုဝေးစေလိုက်သည်။ (၁၅) မိနစ်ခန့်အကြာတွင် ချင်းယွင်ဂိုဏ်း ၏ လေ့ကျင့်ရေးကွင်းပြင်တွင် ဆေးလုံးလိုအပ်နေသည့် တပည့် (၁၈၀) ခန့် စုဝေးရောက်ရှိလာကြသည်။ သူတို့အားလုံးမှာ ဂိုဏ်းချုပ်က ဘာကြောင့် ရုတ်တရက် ခေါ်ယူရသနည်းဟု နားမလည်နိုင် ဖြစ်နေကြ လေသည်။
“ဂိုဏ်းချုပ်က ငါတို့ကို ဘာလို့ အခုလို ချက်ချင်းခေါ်တာလဲ၊ တစ်ခုခု ဖြစ်လို့လား….။”
“ဘယ်သူသိမှာလဲ။ ဒါပေမဲ့ ဂိုဏ်းချုပ်ရဲ့ မျက်နှာက ပြုံးနေတာကြည့်ရင် သတင်းကောင်းတစ်ခုခု ဖြစ်ဖို့ များတယ်….။”
“သတင်းကောင်း..ဟုတ်လား…။ နတ်သမီးလေး လဲ့ယန်က ခင်ပွန်းလောင်း ရှာနေတာမျိုးလား…..။”
“မင်းကတော့လေ... အဲ့လို နောက်ပြောင်ရဲတယ်ပေါ့။ ထောင့်နားမှာ သွားရပ်ပြီး အပြစ်ပေးခံချင်လို့ လား….။”
“မှားသွားပါတယ်… အမှားလုပ်မိပါတယ် စီနီယာအစ်ကိုကြီးရယ်... ကျုပ်ကို တိုင်မပြောပါနဲ့နော်…။”
လေ့ကျင့်ရေးကွင်းတစ်ခုလုံး ဆူညံနေသော်လည်း လီယွမ်ဖေးကမူ တပည့်များ၏ စကားကို သတိထား မိခြင်းမရှိပေ။
“ကဲ... အားလုံးပဲ တိတ်တိတ်နေကြပါ။ ငါ မင်းတို့ကို ပြောစရာ သတင်းကောင်းတစ်ခု ရှိတယ်…။”
ဂိုဏ်းချုပ် စကားပြောသည်နှင့် ဆူညံနေသော ကွင်းပြင်တစ်ခုလုံး ချက်ချင်း ငြိမ်သက်သွားသည်။ ဂိုဏ်းချုပ်သည် ပုံမှန်အားဖြင့် သဘောကောင်းပြီး သူတို့ တိုးတိုးတိတ်တိတ် စကားပြောသည်ကို ခွင့်လွှတ်တတ်သော်လည်း အခုလို လူကိုယ်တိုင် လာပြောသည့်အခါတွင်မူ စည်းကမ်းတကျ နေကြရ သည်။
“ပြီးခဲ့တဲ့ အချိန်အတော်ကြာအောင် ငါတို့ဂိုဏ်းက ချီစုဆောင်းခြင်းဆေးလုံးနဲ့ တခြားဆေးဘက်ဝင် ပစ္စည်းတွေ ပြတ်လပ်တဲ့ဒဏ်ကို အလူးအလဲ ခံခဲ့ရတယ်။ ဒါက ငါတို့ဂိုဏ်းတင်မကဘူး ဒီနယ်မြေမှာ ရှိတဲ့ ဂိုဏ်းအားလုံး ကြုံတွေ့နေရတဲ့ ပြဿနာပဲ….။”
“ဒါပေမဲ့ ဒီနေ့ကစပြီး ဆေးလုံးပြတ်လပ်တဲ့ ပြဿနာ မရှိတော့ဘူး။ ဆေးလုံး ဝယ်မရမှာကိုလည်း မင်းတို့ စိုးရိမ်စရာ မလိုတော့ဘူး….။”
လီယွမ်ဖေးက စကားကို ခေတ္တရပ်ကာ တပည့်များ၏ စိတ်လှုပ်ရှားမှုကို စောင့်ကြည့်နေလိုက်သည်။ လီယွမ်ဖေး၏ စကားဆုံးသည်နှင့် တပည့်များကြားတွင် အံ့သြဝမ်းသာသံများ ဟိန်းထွက်သွားသည်။
“ဘုရားရေ... ဂိုဏ်းချုပ်က ငါတို့ကို နောက်နေတာ မဟုတ်ဘူးမလား။ ငါတို့အတွက် ကောင်းတဲ့ရက်တွေ ရောက်လာပြီပေါ့….။”
“ငါ့ကို တစ်ချက်လောက် ဆိတ်ကြည့်စမ်းပါ ငါ အိပ်မက်မက်နေတာလား။ တကယ်ပဲ ဆေးလုံးတွေ အတွက် ပူစရာမလိုတော့ဘူးလား….။”
“အရင်ကဆိုရင် ချီစုဆောင်းခြင်းဆေးလုံး မရှိလို့ စိတ်ဝိညာဉ်ကျောက်တုံးတွေကိုပဲ အားကိုးပြီး ပင်ပင် ပန်းပန်း ကျင့်ကြံခဲ့ရတာ။ အခုတော့ အဲ့ဒီလို ဒုက္ခရောက်တဲ့ရက်တွေ ကုန်ဆုံးသွားပြီပေါ့….။”
“ဂိုဏ်းချုပ်ကြီး ကျန်းမာပါစေ….။ ငါ့ဂိုဏ်းကို ငါ တကယ်ချစ်တယ်….။”
ဆေးလုံးရှိခြင်းနှင့် မရှိခြင်းမှာ ကျင့်ကြံမှုအရှိန်နှုန်းက ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှသည်။ အကယ်၍ ဆေးလုံးသာ လုံလုံလောက်လောက်ရှိပါက လက်ရှိရှိနေသည့် တပည့်တစ်ဝက်ခန့်မှာ အခြေခံ အုတ်မြစ် တည်ဆောက်ခြင်းသို့ရောက်ရန် ပြင်ဆင်နိုင်ကြပေလိမ့်မည်။ ထို့ကြောင့် လီယွမ်ဖေး၏ သတင်းကောင်းကို ကြားရသောအခါ သူတို့ မည်သို့ မပျော်ဘဲ နေနိုင်ပါမည်နည်း။
တပည့်များ၏ စိတ်လှုပ်ရှားမှုကို ကြည့်ကာ လီယွမ်ဖေးက နောက်ထပ် အံ့အားသင့်စရာတစ်ခုကို ထပ် ပြောလိုက်သည်။
“မလောကြပါနဲ့ဦး။ နောက်ထပ် ပိုကောင်းတဲ့ သတင်းတစ်ခု ရှိသေးတယ်။ ငါမင်းတို့ကို အခုပေးမယ့် ချီစုဆောင်းခြင်းဆေးလုံးတွေက သာမန်ဆေးလုံးတွေထက် ပိုပြီး အာနိသင်ထက်မြက်တယ်။ မင်းတို့ရဲ့ ကျင့်ကြံမှုကို နှစ်ဆ ပိုတိုးတက်စေမှာဖြစ်သလို ကျင့်ကြံတဲ့ အရှိန်နှုန်းကိုလည်း လေးဆအထိ မြန်ဆန် စေမှာ ဖြစ်တယ်….။”
သို့သော် ဤသတင်းကို ကြားရသောအခါ တပည့်များမှာ အရင်ကလို စိတ်မလှုပ်ရှားတော့ဘဲ *ဂိုဏ်းချုပ် က ငါတို့ကို နောက်နေတာလား* ဟူသော အကြည့်မျိုးဖြင့် ပြန်ကြည့်နေကြသည်။
“အင်း... ဒီလိုဆေးလုံးမျိုး ရှိတယ်ဆိုတာ ယုံရခက်မှန်း ငါသိပါတယ်။ အစတုန်းက ငါကိုယ်တိုင်တောင် မယုံခဲ့ဘူး….။”
“ဒါပေမဲ့ ဒါက အမှန်ပဲ။ မင်းတို့ကိုယ်တိုင် သုံးကြည့်ရင် သိလာပါလိမ့်မယ်….။”
“ငါဝယ်ထားတဲ့ ချီစုဆောင်းခြင်းဆေးလုံး (၁၀၀၀) ကို အခု အောင်မြင်မှုမှတ်တမ်းခန်းမမှာ ထားထား တယ်။ လူတိုင်း ဂိုဏ်းအကျိုးပြုရမှတ်တွေနဲ့ လဲလှယ်လို့ ရတယ်။ တစ်ယောက်ကို အရင်ဆုံး အလုံးရေ (၅) လုံးစီပဲ လဲခွင့်ပြုမယ်။ အားလုံး သုံးပြီးသွားရင် ငါ ထပ်ဝယ်ပေးမယ်….။”
ထိုအခါမှ တပည့်များမှာ မယုံနိုင်သေးသော်လည်း ဂိုဏ်းချုပ်ကိုယ်တိုင် ပြောနေခြင်းဖြစ်ရာ အမှန်တ ကယ်ဖြစ်ကြောင်း သိသွားကြတော့သည်။
“ငါ စုထားတဲ့ ရမှတ်တွေ အခုတော့ အသုံးတည့်ပြီပေါ့….။”
“ငါ (၅)လုံး လုံး တစ်ခါတည်း လဲမယ် ဒါဆိုရင် ငါ ချီစုဆောင်းခြင်း အဆင့် (၉) ကို ရောက်ဖို့ အခွင့်အရေး အများကြီး ရှိသွားပြီ….။”
“စီနီယာအစ်ကိုကြီးကို ဂုဏ်ပြုပါတယ်ဗျာ။ ဒီဆေးလုံး (၅) လုံးသာ အမှန်ဆိုရင် ကျုပ်လည်း အဆင့် (၈) ကို တက်နိုင်တော့မှာပါ….။”