← Chapters

အခန်း ၁၇

Vol. 2 Ch. 17

အခန်း ၁၇

Vol. 2 Ch. 17

အခန်း (၁၇) ညဉ့်နက်သန်းခေါင်မှ လေလည်သံများ

"ဂိုဏ်းချုပ်ပြောတဲ့ ဆေးအာနိသင်အကြောင်းကို မေ့သွားကြပြီလား။ အကယ်၍ ချီစုဆောင်းခြင်းဆေး လုံးက တကယ်သာ ရှိနေမယ်ဆိုရင် အဲ့ဒီအာနိသင်တွေကလည်း တကယ်ဖြစ်နိုင်တာပဲ မဟုတ်လား…။"

"ဘုရားရေ... တကယ်သာဆိုရင် ငါတို့ရဲ့ ကျင့်ကြံမှုနှုန်းက သုံးလေးဆလောက် မြန်သွားတော့မှာပဲ…။"

"ဂိုဏ်းချုပ်ကြီး... ကျုပ်တို့ကို မြန်မြန်ပဲ လူစုခွဲပေးပါတော့…။ ကျုပ်တို့ ဆေးလုံးတွေသွားလဲဖို့ မစောင့်နိုင်တော့ဘူး….။"

တပည့်များ၏ စိတ်အားထက်သန်မှုကို ရိပ်မိသော လီယွမ်ဖေးက သူတို့ကို လူစုခွဲပေးလိုက်ပြီးသည့် နောက် အောင်မြင်မှုမှတ်တမ်းခန်းမ သို့ သွားရန် အမိန့်ပေးလိုက်သည်။

ချီစုဆောင်းခြင်းအဆင့် တပည့်အမြောက်အမြား အောင်မြင်မှုမှတ်တမ်းခန်းမသို့ စုပြုံရောက်ရှိ လာကြ သောအခါ ခန်းမကို စောင့်ကြပ်ရသည့် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်တာဝန်ခံဖြစ်သော စုန့်ကျန့်ကျဲ မှာ ခံစားချက်ပေါင်းစုံ ဖြစ်ပေါ်နေတော့သည်။

*တောက်... ငါ့တုန်းကကျတော့ ဘာလို့ ဒီလို အခွင့်အရေးမျိုး မရခဲ့တာလဲ….။*

သူ ချီစုဆောင်းခြင်းအဆင့်မှာ ရှိစဉ်တုန်းကဆိုလျှင် တစ်လမှ ချီစုဆောင်းခြင်းဆေးလုံး တစ်လုံးသာ အနိုင်နိုင် လဲလှယ်နိုင်ခဲ့ပြီး အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ရောက်အောင် အသည်းအသန် ကြိုးစားခဲ့ရသည်။ ထိုစဉ်က သူ၏ ဆင်းရဲပင်ပန်းလှသော ဘဝမှာ ယခုတပည့်များ၏ ဘဝနှင့် လုံးဝ ကွာခြားလွန်းလှပေသည်။

သို့သော်လည်း အလွန်ကျွမ်းကျင်သည့် ဆေးဖော်စပ်သူတစ်ယောက် ဂိုဏ်းသို့ ရောက်လာကြောင်းနှင့် ဤဆေးလုံးများကို ထိုသူက ဖော်စပ်ခဲ့ခြင်းဖြစ်ကြောင်း သူကြားသိထား၏။ ချီစုဆောင်းခြင်းအဆင့် အတွက် ကျင့်ကြံမှုကို မြှင့်တင်ပေးနိုင်သည့် ဆေးလုံးရှိလျှင် နောင်တစ်ချိန်တွင် အခြေခံအုတ်မြစ်တည် ဆောက်ခြင်းအဆင့်အတွက်လည်း ရှိလာနိုင်သည်ဟု တွေးကာ စုန့်ကျန့်ကျဲ အနည်းငယ် မျှော်လင့်ချက် ရှိလာခဲ့သည်။

ချီစုဆောင်းခြင်းဆေးလုံးများ လဲလှယ်ပြီးနောက် ချင်းယွင်ဂိုဏ်းမှ တပည့် (၁၈၀) မှာ စိတ်လှုပ်ရှားစွာဖြင့် သူတို့၏ ကျင့်ကြံခြင်းဂူများသို့ ပြန်သွားကြသည်။ ကျင့်ကြံခြင်းဂူသို့ ရောက်သည်နှင့် လူတိုင်း ပထမဆုံး လုပ်သည့် အလုပ်မှာ ဆေးလုံးများကို စားသုံးပြီး အပြင်းအထန် ကျင့်ကြံရန် ပြင်ဆင်ကြခြင်းပင် ဖြစ် သည်။

တစ်ချိန်တည်းမှာပင် ဂိုဏ်းချုပ်ခန်းမသို့ ပြန်ရောက်နေပြီဖြစ်သော လီယွမ်ဖေးသည် အချိန်အကြာကြီး စဉ်းစားနေပြီးမှ သူတစ်ခုခု မေ့သွားသည်ကို သတိရလိုက်သည်။

*ငါ တပည့်တွေကို ဆေးလုံးရဲ့ ဘေးထွက်ဆိုးကျိုးအကြောင်း ပြောဖို့ မေ့သွားတာပဲ….*

သို့သော်လည်း လီယွမ်ဖေးက သိပ်ပြီး ဂရုမစိုက်ပါ။ သူ့အမြင်တွင် လေလည်ရုံလောက်က ဘာကိစ္စ ကြီးမို့လဲ။ ကျင့်ကြံသူဖြစ်လာလျှင် လေလည်ခဲသည်မှာ မှန်သော်လည်း ကျင့်ကြံသူတိုင်းသည်လည်း လူသားဘဝက စတင်လာခဲ့သူများ မဟုတ်ပါလား။ လူသားဘဝတုန်းက မည်သူက လေမလည်ဘဲ နေခဲ့ ဖူးသနည်း။

လီယွမ်ဖေး၏ ထိုပေါ့ဆမှုကြောင့်ပင် သူ မမျှော်လင့်ထားသည့် ဆိုးရွားသော အကျိုးဆက်များကို ဂိုဏ်းသားများ ခံစားရတော့မည် ဖြစ်သည်။

ထိုညတွင် ဆေးဘက်ဝင်အပင်အားလုံးကို ဆေးလုံးအဖြစ် ဖော်စပ်ပြီးသွားသော လင်းဖန်သည် ချင်းယွင် ဂိုဏ်းမှ တပည့်များ ဆေးလုံးစတင်သုံးစွဲနေပြီဖြစ်ကြောင်း သိသည်နှင့် ကျင့်ကြံခြင်းဂူတံခါးကို ချက်ချင်း ပင် ပိတ်လိုက်သည်။ ဂိုဏ်းတပည့်များ၏ ချီစုဆောင်းခြင်းဆေးလုံးမှ ထွက်လာမည့် "အညစ်အကြေး ဓာတ် ငွေ့" များကို မရှူမိစေရန် မနက်ဖြန်တွင် ဂူအပြင်သို့ မထွက်ဘဲ နေရန် လင်းဖန် ဆုံးဖြတ်ထား သည်။

ယန်ယွီသည် ချင်းယွင်ဂိုဏ်းမှ ချီစုဆောင်းခြင်းအဆင့် (၇) ရှိသော တပည့်တစ်ဦး ဖြစ်သည်။ သူသည် ဆေးလုံးရသည်နှင့် ကျင့်ကြံခြင်းဂူသို့ ပြန်ကာ ချက်ချင်း သောက်သုံးလိုက်သည်။ ဆေးသောက်ပြီး နောက် နှစ်ရက်စာ ကျင့်ကြံမှုအဆင့် တိုးလာရုံမက သာမန်ဆေးလုံးများထက် သာလွန်သည့် ကျင့်ကြံမှု အရှိန် ကြောင့် သူ အလွန်ဝမ်းသာပီတိ ဖြစ်နေမိသည်။

ဤနှုန်းအတိုင်းသာ ဆက်သွားလျှင် မကြာမီ အားလုံး အားကျရသည့် အခြေခံအုတ်မြစ်တည်ဆောက် ခြင်းအဆင့်သို့ သူ ရောက်ရှိတော့မည် ဖြစ်သည်။ ဓားပျံစီးရခြင်းမှာ အိပ်မက်မဟုတ်တော့သလို အစွမ်း ထက်သည့် မှော်ပညာများကိုလည်း သူ အသုံးပြုနိုင်တော့မည်။ ထိုသို့ စိတ်လှုပ်ရှားစွာဖြင့် ယန်ယွီသည် အစွမ်းကုန် ကျင့်ကြံနေရင်းမှ မရပ်တန့်နိုင် ဖြစ်နေခဲ့သည်။

ရုတ်တရက် ကျင့်ကြံမှုထဲတွင် နှစ်မြုပ်နေသော ယန်ယွီသည် ဗိုက်ထဲတွင် လေများ စုလာသလို ခံစားရ ပြီး အရေးတကြီး ထုတ်လွှတ်ရန် လိုအပ်လာသည်။ လူသားဘဝနှင့် ဝေးကွာနေသည်မှာ ကြာပြီဖြစ်သော ယန်ယွီအတွက် ဤခံစားချက်မှာ စိမ်းသက်သက်ဖြစ်နေသော်လည်း လူသားဘဝတုန်းက လေလည်ခါနီး ခံစားချက်မျိုး ဖြစ်နေသည်ကို သူ ခပ်ရေးရေး မှတ်မိနေသည်။

"ဝါး... အထူးပြုလုပ်ထားတဲ့ ချီစုဆောင်းခြင်းဆေးလုံးဆိုတော့လည်း မတူဘူးပဲ ငါ့ကို လူသားဘဝ တုန်းက လေလည်တဲ့ ခံစားချက်မျိုးတောင် ပြန်ပေးနိုင်တာပဲ…။"

ယန်ယွီသည် သူ့ကိုယ်သူ မထိန်းချုပ်တော့ဘဲ ကျင့်ကြံခြင်းဂူအတွင်း၌ပင် စွမ်းအားကို ထုတ်လွှတ်လိုက် သည်။ ဘယ်လိုပဲဖြစ်ဖြစ် ဂူထဲမှာ လေလည်သည်မို့ ဘယ်သူမှ သိနိုင်မည်မဟုတ်သောကြောင့် ရှက်စရာ မရှိဟု သူတွေးလိုက်သည်။

"ဘူ..."

ဟူသော အသံကျယ်ကြီးနှင့်အတူ ယန်ယွီ လေလည်လိုက်ရာ အလွန်ပင် ပေါ့ပါးသွားပြီး သက်ပြင်းချ လိုက်မိသည်။

"လန်းဆန်းသွားတာပဲ…. ဒီလို ခံစားချက်မျိုး မရတာ တော်တော်ကြာပြီ…။"

သို့သော် သက်ပြင်းချပြီးသည်နှင့် ယန်ယွီသည် ထူးဆန်းသော အနံ့တစ်ခုကို ရလိုက်ပြီး မျက်နှာပျက် သွားသည်။

"ဟမ်….လေလည်ရတာကတော့ လန်းဆန်းပါတယ်၊ ဒါပေမဲ့ အနံ့ကတော့... အင်း... ဒါပေမဲ့ ငါ့အတွက် တော့ ပြဿနာမရှိပါဘူး….။"

ထို့နောက် ယန်ယွီသည် ဂူတံခါးကို အနည်းငယ်ဟလိုက်ပြီး မှော်ပညာကို သုံးကာ ထိုစူးရှသော အနံ့များ ကို ဂူအပြင်သို့ မှုတ်ထုတ်လိုက်သည်။

"ကိစ္စအသေးအမွှားလေးပါ ဖြေရှင်းလို့ ရပါတယ်….။"

သို့သော် ယန်ယွီ စကားပြောပြီးရုံရှိသေး အသံခပ်အုပ်အုပ်ဖြင့် နောက်ထပ် လေတစ်ချက် ထပ်လည်မိ ပြန်ရာ သူ မျက်မှောင်ကြုတ်သွားသည်။

"ဟင်… ဒီတစ်ခါ လေလည်တာက အလစ်အငိုက် တိုက်ခိုက်တာပါလား။ ဟဲဟဲ... စိတ်ဝင်စားဖို့တော့ ကောင်းသားပဲ….။"

ယန်ယွီသည် သူ၏ မှော်ပညာကို သုံးကာ အသစ်ထွက်လာသော လေများကို ဂူအပြင်သို့ ထပ်မံ၍ မှုတ်ထုတ်နေပြန်သည်။ သို့သော် လေလည်သည့် ပြဿနာကို ဖြေရှင်းပြီးရုံရှိသေး ချီစုဆောင်းခြင်း ဆေးလုံး၏ ဘေးထွက်ဆိုးကျိုးမှာ အခုမှ စတင်ခြင်းသာ ဖြစ်သည်။

နောက်ပိုင်းတွင် ယန်ယွီ၏ ကျင့်ကြံခြင်းဂူအတွင်းမှ တဆက်တည်းဖြစ်သော လေလည်သံများ တဘူဘူ ဖြင့် ထွက်ပေါ်လာတော့သည်။ ဆက်တိုက် ထွက်လာသော လေလည်သံများကြောင့် ယန်ယွီမှာ လုံးဝ အလစ်အငိုက် မိသွားတော့သည်။

သို့သော်လည်း ယန်ယွီကတော့ ဒါဟာ ပြဿနာမဟုတ်သေးဘူးဟု ဆိုကာ သူ၏ မှော်စွမ်းအားများကို သုံးပြီး ဂူအတွင်းနှင့် အပြင် လေလည်ပတ်အောင် ဆက်လုပ်နေခဲ့သည်။

"ဟဲဟဲ... ဒီဆေးလုံးက တကယ် အံ့သြဖို့ကောင်းတာပဲ။ ငါ့ရဲ့ ကျင့်ကြံမှုကို မြှင့်ပေးရုံတင်မကဘူး ငါ့ရဲ့ မှော်စွမ်းအား ထိန်းချုပ်မှုကိုပါ လေ့ကျင့်ပေးနေသလိုပဲ။ စိတ်ဝင်စားစရာပဲ….။"

ထိုသို့ဖြင့် ယန်ယွီ၏ ဂူအပေါက်ဝမှ အဖြူရောင် အခိုးအငွေ့များ ဆက်တိုက် ထွက်ပေါ်လာပြီး ချင်းယွင် ဂိုဏ်းဝန်းအတွင်းသို့ ပျံ့နှံ့သွားတော့သည်။

ယန်ယွီ၏ ကျင့်ကြံခြင်းဂူအနီးတွင် ချီစုဆောင်းခြင်းအဆင့် (၇) ရှိသော ချင်းယွင်ဂိုဏ်းတပည့်မလေး 'ကျိရွှယ်' ၏ ကျင့်ကြံခြင်းဂူ ရှိသည်။ ကျိရွှယ်သည်လည်း ဆေးလုံးကို သောက်ထားပြီး ယန်ယွီကဲ့သို့ အခြေအနေမျိုး ကြုံ တွေ့နေရသော်လည်း သူမ၏ ကိုင်တွယ်ပုံကတော့ ယန်ယွီနှင့် ကွာခြားလေသည်။

နတ်သမီးလေးတစ်ပါးကဲ့သို့ ကျော့ရှင်းလှပသော ကျိရွှယ်သည် လေလည်ခြင်းကဲ့သို့သော ရုပ်ဆိုးသည့် အလုပ်မျိုးကို လုပ်ရန် သူမကိုယ်သူမ လုံးဝ ခွင့်မပြုနိုင်ပေ။

*ငါက နတ်သမီးလေးတစ်ပါးလေ။ နတ်သမီးလေးက ဘယ်လိုလုပ် လေလည်လို့ ဖြစ်မှာလဲ…*

ဟု ကျိရွှယ် တွေးနေသည်။

ကျင့်ကြံခြင်းဂူအတွင်း၌ ကျိရွှယ်၏ မျက်နှာမှာ လေအောင့်ထားရသဖြင့် နီရဲနေသည်။ ထိုနတ်သမီးလေး မှာ [လေအောင့်ထားလျင် နှလုံးထိခိုက်တတ်တယ်] ဆိုသည့် အချက်ကို နားမလည်ဘဲ သူမ၏ နတ်သမီး ပုံရိပ်ကို ထိန်းသိမ်းရန်အတွက် ကျန်းမာရေးကိုပင် ဂရုမစိုက်နိုင်တော့ပေ။

သို့သော် စကားပုံတစ်ခု ရှိသည်မှာ [ပိတ်ဆို့ထားတာထက် လမ်းကြောင်းပေးတာက ပိုကောင်းသည်] ဟူ ၍ ဖြစ်သည်။ သူမ၏ ထိန်းချုပ်မှုအောက်တွင် ချီစုဆောင်းခြင်းဆေးလုံး၏ ဘေးထွက်ဆိုးကျိုးမှာ ပိုမို ပြင်းထန်လာသည်။

နောက်ဆုံးတွင် အချိန်ကြာလာသည်နှင့်အမျှ နတ်သမီးလေး ကျိရွှယ်မှာ သူမ၏ ခံစားချက်ကို ထပ်မံ၍ မထိန်းချုပ်နိုင်တော့ပေ။ မထိန်းချုပ်နိုင်တော့မှန်း သိလိုက်ရသောအခါ ကျိရွှယ်၏ မျက်နှာတွင် ထိတ် လန့်မှုများ ဖြစ်ပေါ်လာသည်။

"မဖြစ်ဘူး... မဖြစ်ဘူး…။ အောင့်ထားစမ်း... အား…….။"

သို့သော် အားလုံးမှာ အချည်းနှီးသာ။ ကျိရွှယ်၏ ကျင့်ကြံခြင်းဂူအတွင်းမှ "ဘူ..." ဟူသော အသံကျယ် ကြီး ထွက်ပေါ်လာခဲ့သည်။ ထို့နောက် ကျိရွှယ်၏ အသံ ပျောက်ကွယ် သွား ပြီး မည်သည့်အသံမှန်းမသိ သည့် "ပူ... ပီ...ဘူ" ဆိုသော အသံများသာ တရစပ် ထွက်ပေါ်လာတော့သည်။

အကယ်၍ ထိုအချိန်တွင် တစ်စုံတစ်ယောက်သာ ကျိရွှယ်၏ ဂူထဲသို့ ဝင်သွားမိလျှင်... ။ထားလိုက်ပါ တော့ ဤသည်က တွေးကြည့်လျ​င်တောင်မှ ကြောက်စရာကောင်းလွန်းနေပါပြီ။

ထိုအချိန်တွင် ချင်းယွင်ဂိုဏ်းအတွင်း၌ ဆေးလုံးသောက်ထားသော တပည့် (၁၈၀) လုံးသည် ယန်ယွီနှင့် ကျိရွှယ်တို့ကဲ့သို့ အခြေအနေမျိုးကို ရင်ဆိုင်နေရသည်။ လွတ်လွတ်လပ်လပ် ထုတ်လွှတ်လိုက်သူများမှာ ယန်ယွီကဲ့သို့ ဖြစ်သွားကြပြီး အတင်းအကျပ် ထိန်းထားသူများမှာမူ ကျိရွှယ်ကဲ့သို့ ကြောက်စရာကောင်း သော ကံကြမ္မာကို ဆိုးရွားစွာ ရင်ဆိုင်လိုက်ရသည်။

ကျင့်ကြံခြင်းဂူအတွင်းရှိ လင်းဖန်မှာမူ တိတ်ဆိတ်နေသော ညဉ့်နက်ပိုင်းတွင် ရံဖန်ရံခါ ထွက်ပေါ်လာ သော ခပ်အုပ်အုပ်အသံများကို ကြားရင်း ကြောက်ရွံ့တုန်လှုပ်နေမိသည်။

*ငါ တစ်ယောက်တည်းတုန်းကတောင် ဒီလောက် မြူတွေစိုင်းနေတာ အခု ဒီဂိုဏ်းမှာ လူပေါင်း (၁၈၀) တောင် ရှိတာ။ မနက်ဖြန်မနက်ကျရင် ချင်းယွင်ဂိုဏ်းကြီး ဘယ်လိုပုံစံ ဖြစ်နေမလဲ မသိဘူး….*

မနက်ဖြန် အပြင်မထွက်ရန် ဆုံးဖြတ်ပြီးနောက် လင်းဖန် အိပ်ပျော်သွားတော့သည်။

နောက်တစ်နေ့မနက်တွင် နေရောင်ခြည်သည် ကမ္ဘာမြေပေါ်သို့ တောက်ပစွာ ကျရောက်လာသော်လည်း ချင်းယွင်ဂိုဏ်း၏ ဌာနချုပ် တည်ရှိရာနေရာတစ်ခုတည်းမှာသာ ပုံမှန်မဟုတ်ဘဲ ဖြစ်နေသည်။ နေမင်း ကြီးက ချင်းယွင်ဂိုဏ်းကို ပြဿနာရှာနေခြင်း မဟုတ်သော်လည်း ချင်းယွင်ဂိုဏ်းတစ်ခုလုံးမှာ ထူထပ် လှသော မြူခိုးများဖြင့် ဖုံးလွှမ်းနေသဖြင့် နေရောင်ခြည်မှာ အတွင်းသို့ မဝင်ရောက်နိုင်ခြင်း သာ ဖြစ်ပေ တော့သည်။

All Chapters