← Chapters

အခန်း ၂၃

Vol. 3 Ch. 23

အခန်း ၂၃

Vol. 3 Ch. 23

အခန်း (၂၃) ချင်းယွင်ဂိုဏ်းကို ဖုံးလွှမ်းသွားသော အနံ့ဆိုးတိမ်တိုက်ကြီး

ပေါက်ကွဲသံကြီးကြောင့် လီယွမ်ဖေး တစ်ယောက် အတော်လေး စိုးရိမ်သွားမိသည်။

ထျန်းဟော်ဂိုဏ်းနှင့် အိမ်နီးချင်းဖြစ်သည့်အပြင် ဂိုဏ်းချုပ်ကော်ထျန်းနှင့် အမြဲတစေ စကားများလေ့ရှိ သော်လည်း သူတို့၏ ဆက်ဆံရေးမှာ အတော်လေး ကောင်းမွန်လှသည်။ အကယ်၍ သူကြောင့်သာ ထျန်းဟော်ဂိုဏ်းတွင် သေကျေပျက်စီးမှုများ ရှိခဲ့လျှင် သူ၏အပြစ်မှာ အလွန်ကြီးမားသွားပေလိမ့်မည်။

ကော်ထျန်း၏ ဒေါသတကြီး ကျိန်ဆဲသံကို ကြားလိုက်ရမှသာ လီယွမ်ဖေး စိတ်အေးသွားတော့သည်။ သူသိထားသော ကော်ထျန်း၏ စရိုက်အရ အကယ်၍ ဂိုဏ်းသားတစ်ဦးဦးသာ ထိခိုက်ဒဏ်ရာရခဲ့လျှင် ဤကဲ့သို့ ကျိန်ဆဲရုံနှင့် ရပ်နေမည့်သူ မဟုတ်သောကြောင့် ဖြစ်သည်။

“ဟဲဟဲ... နောက်ဆုံးတော့ ကော်အိုကြီးကို အပိုင်ဖမ်းနိုင်ပြီ။ အခုဆိုရင် ငါ့မှာ သူ့ကို ပြန်ချေပဖို့ အချက် အလက်တွေ အများကြီး ရပြီပဲ…။”

ထျန်းဟော်ဂိုဏ်းအတွက် စိတ်မပူရတော့သဖြင့် သူသည် ကျေနပ်အားရစွာဖြင့် ထွက်ခွာလာခဲ့သည်။ သို့ သော် လီယွမ်ဖေး မသိလိုက်သည်မှာ ထိုအချိန်တွင် သူ၏ ချင်းယွင်ဂိုဏ်း အထက်ကောင်းကင်၌ အစိမ်း ရင့်ရောင် တိမ်တိုက်ကြီးများ စုဝေးနေခြင်းပင်။

ဤအစိမ်းရင့်ရောင် တိမ်တိုက်ကြီးများ ဖြစ်ပေါ်လာရခြင်း၏ တရားခံမှာ သူကိုယ်တိုင်ပင် ဖြစ်သည်။ သူက တပည့်များကို အနံ့ဆိုး မြူခိုးများကို မှော်ပညာသုံး၍ ကောင်းကင်သို့ မှုတ်ထုတ်ရန် အမိန့်ပေးခဲ့ သည် မဟုတ်ပါလား။ အဆိုပါ အစိမ်းရင့်ရောင် တိမ်တိုက်ကြီးများ၏ သိပ်သည်းမှုကို ကြည့်ခြင်းအား ဖြင့် မကြာမီတွင် မိုးအဖြစ် ရွာချတော့မည်မှာ သေချာလှသည်။

ထိုအခါကျလျှင် မည်ကဲ့သို့သောမိုးမျိုး ရွာကျလာမည်ကိုတော့ မည်သူကမျှ မခန့်မှန်းနိုင်လောက်ပေ။

လီယွမ်ဖေး ထျန်းဟော်ဂိုဏ်း နယ်မြေမှ ထွက်ခွာသွားပြီး မကြာမီမှာပင် ဂိုဏ်းချုပ် ကော်ထျန်းသည် ဂိုဏ်းသားများကို ပြုပြင်ထိန်းသိမ်းရေးကိစ္စများ မှာကြားခဲ့ပြီး ဂိုဏ်းမှ ချက်ချင်း ထွက်လာခဲ့သည်။ သူ သည် လီယွမ်ဖေးကို သွားရောက်ရန်တွေ့ရန်အတွက် ချင်းယွင်ဂိုဏ်းသို့ ဦးတည်နေပုံရသည်။

ချင်းယွင်ဂိုဏ်းအတွင်း ဆေးဖော်စပ်နေသော လင်းဖန်မှာမူ ဂူအတွင်း၌ အနည်းငယ် ပျင်းရိလာသဖြင့် လတ်ဆတ်သော လေကို ရှူရှိုက်ရန် အပြင်သို့ ထွက်လာခဲ့သည်။ လင်းဖန် ဂူအပြင်သို့ ထွက်လာပြီး ကောင်းကင်ကို မော့ကြည့်လိုက်ရာ ချင်းယွင်ဂိုဏ်း၏ အထက်ကောင်းကင်၌ ထူးဆန်းသောအရာတစ်ခု ကို သတိထားမိလိုက်သည်။

*ဟ... ဘာလဲဟ။ မိုးရွာတော့မှာလား။ ဒါပေမဲ့ ဒီတိမ်တိုက်တွေရဲ့ အရောင်က တစ်မျိုးကြီးပဲ။ ကျင့်ကြံ ခြင်းကမ္ဘာမှာ တိမ်တိုက်တွေက အစိမ်းရောင်တွေ ဖြစ်ကုန်တာလား။ အဲ့ဒါတော့ မဖြစ်နိုင်ပါဘူး…*

စိတ်ထဲတွင် တစ်ခုခု မသင်္ကာသဖြင့် လင်းဖန်သည် ဆေးဖော်စပ်ခြင်းကို ရပ်နားကာ ဂိုဏ်းအတွင်းရှိ တပည့်များကို သွားရောက်မေးမြန်းရန် ပြင်လိုက်သည်။ လင်းဖန်သည် ချင်းယွင်ဂိုဏ်းတွင် လူအများကြီး မသိသေးသဖြင့် နောက်ဆုံး၌ လီလဲ့ယန်ဆီသို့သာ သွားလိုက်တော့သည်။

“နတ်သမီးလေးလဲ့ယန် အလုပ်ရှုပ်နေသလားခင်ဗျာ။ ကျွန်တော် မေးစရာလေး ရှိလို့ပါ…။”

မိမိဂူအတွင်း ပျံသန်းရေးဓားကို အပျင်းပြေ တိုက်ချွတ်နေသော လီလဲ့ယန်မှာ လင်းဖန်ကို မြင်သည်နှင့် ဝမ်းသာအားရ ပြုံးပြလိုက်သည်။

“မိတ်ဆွေလင်း နောက်ဆုံးတော့ ဂူအပြင်ထွက်လာပြီပဲ။ ကျွန်မ ရှင်ဆီကို အကြိမ်ကြိမ် လာရှာခဲ့ပေမယ့် ရှင့်ဂူတံခါးက အမြဲပိတ်ထားလို့ပါ….။”

ကောင်းကင်က ထူးဆန်းသော ဖြစ်ရပ်ကို မေးရန် ပြင်နေသော လင်းဖန်မှာ လီလဲ့ယန်၏ စကားကြောင့် ခေတ္တမျှ မေးခွန်းကို ဘေးဖယ်ထားလိုက်သည်။

“ဪ... နတ်သမီးလဲ့ယန် ကျွန်တော့်ဆီကို ဘာကိစ္စနဲ့ လာရှာတာလဲဟင်….။”

လင်းဖန်၏ အမေးကို ကြားသောအခါ လီလဲ့ယန်မှာ အနည်းငယ် တွေဝေသွားသည်။ ခေတ္တမျှ တုံ့ဆိုင်းနေ ပြီးနောက်မှ ရှက်ကိုးရှက်ကန်းဖြင့် သူ၏ တောင်းဆိုချက်ကို ပြောလိုက်တော့သည်။

“မိတ်ဆွေလင်း... ရှင် အပြင်သွားဖို့ အစီအစဉ် ရှိမလားလို့ပါ။ ရှင့်ရဲ့ အဲ့ဒီ ပျံသန်းနိုင်တဲ့ မှော်လက်နက် (သုံးချောင်းထောက်စက်ဘီး) ကို ကျွန်မ ထပ်ပြီး စီးကြည့်ချင်လို့ပါ….။”

ဤမျှ သေးငယ်သော ကိစ္စဖြစ်ကြောင်း သိလိုက်ရသဖြင့် လင်းဖန်က ချက်ချင်းပင် တုံ့ပြန်လိုက်သည်။

“တိုက်ဆိုင်လိုက်တာ…။ ကျွန်တော်လည်း ဆေးလုံးတချို့ ရောင်းဖို့ ဈေးကွက်ထဲကို သွားမလို့ပဲ။ နတ်မိ မယ်လေးလဲ့ယန် စိတ်ဝင်စားတယ်ဆိုရင် အတူတူ သွားကြတာပေါ့….။”

ဈေးကွက်သို့ ဆေးသွားရောင်းရန်မှာ ရုတ်တရက် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပြီး အဓိက အကြောင်းရင်းမှာ တော့ နတ်သမီးလေးနှင့် အတူ ခရီးသွားချင်သောကြောင့် ဖြစ်သည်။ မနေ့က ဂိုဏ်းကို ရောက်ကတည်း က ဂူထဲမှာပင် အောင်းနေခဲ့ရသဖြင့် သူလည်း အပြင်ထွက်ချင်နေသည်မှာ ကြာပြီဖြစ်သည်။ အလှလေး တစ်ယောက်နှင့် အတူ ခရီးသွားရခြင်းက စိတ်အပန်းပြေစေမည် မဟုတ်ပါလား။

အဆင့်မြင့် ရင်စီးအတွင်းခံ၏ ဘေးထွက်ဆိုးကျိုးကြောင့် လီလဲ့ယန်၏ ရင်ဘတ်မှာ အရင်ကဲ့သို့ မထင်ရှားတော့သော်လည်း သူမ၏ မျက်နှာလေးတစ်ခုတည်းနှင့်တင် ကြည့်လို့ အလွန်ကောင်းနေဆဲ ဖြစ်သည်။

လင်းဖန် သဘောတူသည်ကို မြင်သောအခါ လီလဲ့ယန်မှာ အတိုင်းမသိ ဝမ်းသာသွားပြီးမှ လင်းဖန် သူမ ကို လာရှာသည့် ကိစ္စကို သတိရသွားသည်။

“ကောင်းတာပေါ့….မိတ်ဆွေလင်း... ဘယ်အချိန် သွားကြမလဲ။ ဪ... ဒါနဲ့ ခုနက ကျွန်မကို ဘာမေး မလို့လဲဟင်….။”

လီလဲ့ယန်၏ အမေးကြောင့် လင်းဖန် သူ၏ အရေးကြီးကိစ္စကို ပြန်သတိရသွားသည်။

*အလှအပက တကယ်ပဲ အမှားလုပ်မိစေတာပဲ။ စကား နည်းနည်းပြောလိုက်တာနဲ့တင် သူမရဲ့ အလှ အပမှာ နစ်မျောပြီး အရေးကြီးတဲ့ ကိစ္စကို မေ့တော့မလို့….*

“မေ့တော့မလို့ပဲ... နတ်သမီးလေးလဲ့ယန် သိမလားလို့ မေးမလို့ပါ၊ ကောင်းကင်မှာ ရှိနေတဲ့ တိမ်တိုက် တွေက ဘာလို့ ထူးထူးဆန်းဆန်း ဖြစ်နေတာလဲဟင်….။ ”

လင်းဖန်၏ အမေးကြောင့် လီလဲ့ယန်လည်း ကောင်းကင်ကို မော့ကြည့်လိုက်ရာမှ ထူးဆန်းသော အခြေ အနေကို သတိထားမိပြီး ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်သည်။

“ဟင်…. ကောင်းကင်က ဘာလို့ အစိမ်းရောင်ဖြစ်နေတာလဲ။ ထူးဆန်းလိုက်တာ….။”

ဒါကတော့ ကျင့်ကြံသူတွေရဲ့ ကျင့်ကြံခြင်းဂူမှာ အောင်းနေရခြင်း၏ အားနည်းချက်ပင်။ ဂူထဲမှာပင် အချိန်အ ကြာကြီး နေတတ်ကြသဖြင့် အပြင်လောကမှ အပြောင်းအလဲများကို ချက်ချင်း သတိမထား မိတတ်ကြ ပေ။ အကယ်၍ လင်းဖန်သာ လာမရှာခဲ့လျှင် အခြေအနေတွေက ဘယ်လောက်တောင် ပြောင်းလဲသွား ပြီလဲဆိုတာကို သူမ သိနိုင်တော့မည် မဟုတ်ပေ။

ချင်းယွင်ဂိုဏ်းမှ တခြားကျင့်ကြံသူများသည်လည်း သူတို့၏ဂူထဲမှာပင် အပတ်တကုတ် ကျင့်ကြံနေ ကြသဖြင့် ဘာကိုမျှ သတိထားမိကြပုံ မရပေ။ ဂူအပြင်ထွက်လာသူတချို့ကလည်း ကောင်းကင်ကို တကူးတကကြီးတော့ မော့ကြည့်လေ့ မရှိကြပေ။

လီလဲ့ယန်၏ အမူအရာကို ကြည့်ခြင်းအားဖြင့် လင်းဖန် အဖြေရနိုင်မည် မဟုတ်မှန်း သိလိုက်သည်။ သူမ ကိုယ်တိုင်လည်း ဘာဖြစ်နေမှန်း မသိသည်က သိသာလှပေသည်။ တခြားနည်းလမ်း မရှိတော့သဖြင့် လင်းဖန်သည် စိတ်ဝိညာဉ်ကျောက်တုံးများကို သုံးကာ စနစ်၏ စမ်းသပ်စစ်ဆေးမှု လုပ်ဆောင်ချက်ကို သုံးလိုက်ရတော့သည်။

စိတ်ဝိညာဉ်ကျောက်တုံးတွေက အရေးကြီးပေမယ့် သူ၏ အသက်က ပိုအရေးကြီးသည် မဟုတ်လား။ ကျင့်ကြံခြင်းလောကတွင် ထူးခြားသော ဖြစ်ရပ်မှန်သမျှမှာ ဘေးအန္တရာယ် ဖြစ်နိုင်သဖြင့် သေသေ ချာချာ သတိထားရမည် ဖြစ်သည်။

စိတ်ဝိညာဉ်ကျောက်တုံး (၁၀) တုံး အကုန်ခံလိုက်ပြီးနောက် လင်းဖန်သည် ကောင်းကင်ရှိ အစိမ်းရောင် တိမ်တိုက်ကြီးများ၏ အကြောင်းအရင်းကို သိလိုက်ရသည်။

ချင်းယွင်ဂိုဏ်းမှ ကျင့်ကြံသူများ၏ လေလည်သံများမှ ထွက်ပေါ်လာသော အနံ့ဆိုးများမှာ လေထဲတွင် မြူခိုးများနှင့် ပေါင်းစပ်ကာ တိမ်တိုက်များ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ မကြာမီတွင် ဤဒေသ၌ အနံ့ဆိုး များပါဝင်သော အနံ့ဆိုးမိုး(အီးမိုး)များ ရွာသွန်းတော့မည် ဖြစ်သည်။

စနစ်က ပြသလိုက်သော အချက်အလက်ကို မြင်လိုက်ရသောအခါ လင်းဖန် တစ်ယောက်ဆွံ့အ သွားတော့သည်။

*ဟာ... ဒါမျိုးတောင် ဖြစ်လို့ရတာလား။ အဓိပ္ပာယ် မရှိလိုက်တာ….*

*မဖြစ်ဘူး... ဒီပြဿနာတွေကြားကနေ ငါ မြန်မြန် ထွက်ပြေးရမယ်။ ဒီနေ့တော့ အပြင်မှာပဲ နေမှ ဖြစ် မယ်။ ဘယ်တော့မှ ပြန်မလာဘူး….*

“နတ်သမီးလေး... ပစ္စည်းတွေ အမြန်ယူရအောင်။ အခုချက်ချင်း ထွက်ကြစို့….။”

အီးနံ့ဆိုးမိုးတွေ ရွာမကျလာခင် လွတ်အောင်ပြေးရန်အတွက် လင်းဖန်သည် လီလဲ့ယန်ကို ချက်ချင်း ခေါ်လိုက်သည်။

“အို... ကျွန်မ ပစ္စည်းတွေ ယူဖို့ လိုသေးလို့လား….။”

“ဒီတစ်ခါ ဈေးကွက်မှာ ရက်နည်းနည်းလောက် ကြာအောင် နေဖို့ ကျွန်တော် စဉ်းစားထားလို့ပါ။ တကယ် လို့ နတ်သမီးလေးလဲ့ယန်က စောစောပြန်ချင်ရင်တော့ ဘာမှ ပြင်ဆင်နေစရာ မလိုပါဘူး။ ဒါပေမဲ့ နတ်သမီး အနေနဲ့လည်း အပြင်မှာ ရက်နည်းနည်းလောက် နေတာက ပိုကောင်းမယ်လို့ ကျွန်တော် အကြံပေးချင် ပါတယ်….။”

လင်းဖန်က သတိကြီးစွာဖြင့် အကြံပေးလိုက်သည်။ မွှေးကြိုင်လှသော နတ်သမီးလေးအား ဤအီးနံ့ဆိုး မိုး၏ အညစ်အကြေးဒဏ်ကို မခံစေချင်ပါ။ သူမကို အပြင်သို့ ခေါ်ထုတ်သွားလိုခြင်းမှာ သူမအတွက် ကောင်းစေချင်သော စေတနာကြောင့်သာ ဖြစ်သည်။

“ကောင်းပါပြီ... ကျွန်မ အမေ့ဆီကို ခရီးထွက်မယ့်အကြောင်း သွားပြောလိုက်ဦးမယ်။ ဒါမှ သူ စိတ်မပူ မှာ…။”

မိနစ်အနည်းငယ် ကြာပြီးနောက်တွင် လင်းဖန်သည် သုံးချောင်းထောက်စက်ဘီးကို နင်းကာ ချင်းယွင် ဂိုဏ်းမှ ထွက် လာခဲ့သည်။ လီလဲ့ယန်မှာလည်း ပြုံးရွှင်သော မျက်နှာလေးဖြင့် သုံးချောင်းထောက် စက်ဘီးပေါ်တွင် လိုက်ပါလာခဲ့သည်။

သူမသည် သူမ၏ မိခင်ဆီသို့ သွားကာ အပြင်ထွက်လည်ချင်ကြောင်း ပြောပြခဲ့သည်။ မိခင်ဖြစ်သူထံမှ ခွင့်ပြုချက်ရရန် အကြာကြီး ချော့မော့ပြောရမည်ဟု ထင်ထားခဲ့သော်လည်း လင်းဖန်နှင့် အတူသွားမည် ဟု သိလိုက်သည်နှင့် သူမ၏ မိခင်က ချက်ချင်း သဘောတူခဲ့သည်။ ဤသည်က လီလဲ့ယန်ကို လင်းဖန် မှာ သူမအတွက် ကံကောင်းစေသော ကြယ်ပွင့်လေးဟု ခံစားရစေပြီး လင်းဖန်နှင့်အတူ ရှိနေလျှင် အရာ ရာ အဆင်ပြေနေသည်ဟု ထင်မိစေသည်။

သူတို့မှာ အလောတကြီး သွားစရာ မလိုသဖြင့် လင်းဖန်က စက်ဘီးကို ဖြည်းဖြည်းချင်း နင်းရင်း လီလဲ့ယန်နှင့်အတူ ဂိုဏ်းပတ်ဝန်းကျင်က ရှုခင်းများကို ကြည့်ရှုလာခဲ့ သည်။ နံဘေးမှ သူမ၏ ငွေလင် ဗန်းလေး ကျသံကဲ့သို့ ရယ်မောသံလေးများကို ကြားနေရသဖြင့် လင်းဖန်မှာ အလွန်ပင် စိတ်ချမ်းသာနေ မိသည်။ လှပသော အမျိုးသမီးတစ်ဦးနှင့်အတူ ခရီးသွားရခြင်းမှာ အမှန်တကယ်ပင် ပျော်စရာကောင်း လှသည်။ သုံးချောင်းထောက်စက်ဘီးကို နင်းရန်အတွက်ပင် အရင်ကထက် အင်အားများ ပိုရှိလာသလို ခံစား ရသည်။

လင်းဖန်နှင့် လီလဲ့ယန်တို့ ဂိုဏ်းမှ ထွက်ခွာသွားပြီး မကြာမီမှာပင် လီယွမ်ဖေးသည် ဂိုဏ်းသို့ ပြန်ရောက် လာခဲ့သည်။ သူ၏ ကျင့်ကြံခြင်းဂူသို့ ရောက်ခါစမှာပင် လီယွမ်ဖေးသည် အလွန်ပြင်းထန်သော မှော်စွမ်းအင် လှုပ်ခတ်မှုကြီးကို ခံစားလိုက်ရသည်။

ထို့နောက်တွင် ကော်ထျန်း၏ ဒေါသတကြီး အော်ဟစ်သံကြီး ထွက်ပေါ်လာတော့သည်။

“လီယွမ်ဖေး... မင်း ထွက်လာပြီး ငါနဲ့ ယှဉ်ရဲရင် ထွက်လာခဲ့စမ်း….။”

ကော်ထျန်းသည် ချင်းယွင်ဂိုဏ်းအတွင်းသို့ ဝင်မလာခဲ့ပါ။ သူသည် လီယွမ်ဖေးနှင့် တိုက်ခိုက်ရန် လာ ခြင်းဖြစ်ရာ ဂိုဏ်းအတွင်း၌ တိုက်ခိုက်မိလျှင် မှော်ပညာများ၏ နောက်ဆက်တွဲဒဏ်ကြောင့် ချင်းယွင် ဂိုဏ်းရှိတပည့်များအား ထိခိုက်မည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

All Chapters