← Chapters

အခန်း ၂၅

Vol. 3 Ch. 25

အခန်း ၂၅

Vol. 3 Ch. 25

အခန်း (၂၅) ထုတ်လုပ်ရေးမီးဖိုမှ ထွက်လာသော အရသာရှိလှသည့် အစားအစာ

“ဂျူနီယာညီမလေးလဲ့ယန်... ဒီယုန်သားကို မိစ္ဆာသားရဲအသားလို အရသာရှိအောင် လုပ်ပေးနိုင်တဲ့ နည်းလမ်း အစ်ကို့မှာ ရှိတယ်။ ညီမလေးက ဖမ်းပေး အစ်ကိုကတော့ အရသာရှိတဲ့ အစားအစာ ဖြစ် အောင် လုပ်ပေးမယ်…။”

လင်းဖန်၏ စကားကို ကြားလိုက်ရသဖြင့် လီလဲ့ယန်၏ မျက်လုံးများ တောက်ပသွားသည်။ သူမသည် သုံးချောင်းထောက်စက်ဘီးပေါ်မှ ချက်ချင်းခုန်ဆင်းကာ ယုန်ရိုင်းများကို စိတ်လှုပ်ရှားစွာဖြင့် လိုက်ဖမ်း တော့သည်။

လင်းဖန် ကိုယ်တိုင် မဖမ်းရခြင်းမှာ သူ တတ်ကျွမ်းသည့် တစ်ခုတည်းသော မှော်ပညာမှာ အရင်က ဝယ် ထားသည့် 'သန့်စင်ခြင်းမှော်ပညာ'သာ ဖြစ်သောကြောင့်ပင်။ ယုန်ဖမ်းချင်လျှင် တခြားသော တိုက်ခိုက် ရေးမှော်ပညာများကို ပိုက်ဆံကုန်ခံပြီး ထပ်ဝယ်ရပေလိမ့်မည်။

အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က အလကားလုပ်အားပေးအဖြစ် ရှိနေသည်ဖြစ်ရာ လင်းဖန်အနေဖြင့် ပိုက်ဆံအပို အကုန်မခံချင်တော့ပေ။

မကြာမီမှာပင် လီလဲ့ယန်သည် ယုန်တစ်ကောင်ကို ဖမ်းမိလာပြီး လင်းဖန်အနားသို့ သယ်လာခဲ့သည်။

“စီနီယာအစ်ကိုလင်း... မြန်မြန် စလိုက်ရအောင်။ ကျွန်မတို့ ယုန်သားအရင်စားပြီးမှ ဈေးကွက်ကို သွား ကြမယ်လေ…။”

လီလဲ့ယန်ထံမှ ယုန်ကို ယူပြီးနောက် လင်းဖန်သည် သူမ၏ ဓားပျံကို အသုံးပြုကာ ယုန်ကို အရေခွံဆုတ်၊ ကလီစာထုတ်ခြင်းစသည့် သန့်စင်မှုများကို အမြန်လုပ်ဆောင်လိုက်သည်။ ထို့နောက် သန့်စင်ပြီးသား ယုန်သားကို 'ထုတ်လုပ်ရေးအဖွဲ့ဆေးမီးဖို' ထဲသို့ ထည့်လိုက်လေတော့သည်။

စနစ်၏ လမ်းညွှန်ချက်အတိုင်း လင်းဖန်သည် အခြေခံအုတ်မြစ်တည်ဆောက်ခြင်း ဆေးလုံးဖော်စပ်ရာ တွင် သုံးသည့် ဆေးဖက်ဝင်အပင်တချို့နှင့် စိတ်ဝိညာဉ်ကျောက်တုံး အနည်းငယ်ကို ထည့်လိုက်သည်။ ထို့နောက် စိတ်ရှည်စွာ စောင့်ဆိုင်းနေလိုက်၏။ ယုန်သားကို အဆင့်မြှင့်တင်ခြင်းမှာ ဆေးလုံးဖော်စပ် ခြင်းထက် ပို၍ အချိန်ကြာကြောင်း သိသာလှပေသည်။

ဆယ်မိနစ်ခန့် ကြာပြီးနောက် ထုတ်လုပ်ရေး မီးဖိုမှ 'ဒေါင်' ဆိုသည့် အသံထွက်ပေါ်လာပြီး ယုန်သား အဆင်သင့်ဖြစ်ကြောင်း အချက်ပေးလိုက်သည်။ လင်းဖန် မအောင့်နိုင်တော့ဘဲ မီးဖိုကို ဖွင့်လိုက်ရာ အထဲတွင် ရွှေဝါရောင်သန်းနေသော ယုန်ကင်ကြီးကို တွေ့လိုက်ရလေတော့သည်။

ဘေးနားတွင် ရပ်နေသော လီလဲ့ယန်မှာလည်း အားရပါးရ ငုံ့ကြည့်နေသည်။ ဖိုထဲမှ ယုန်သားကို မြင် လိုက်သည်နှင့် သူမ၏ သွားရည်များမှာ မထိန်းနိုင်တော့ဘဲ ဖိုထဲသို့ပင် စီးကျလုတော့မတတ် ဖြစ်နေ သည်။

“ရှူး... ဝါး... ကျက်သွားတဲ့ ယုန်ကလေးက အရှင်ထက်တောင် ပိုချစ်စရာကောင်းနေတာပဲ။ ကျွန်မ နမ်းတောင် နမ်းပလိုက်ချင်တယ်….။”

လီလဲ့ယန် သွားရည်ကျနေသည်ကို မြင်သောအခါ လင်းဖန် စကားပင် မဆိုနိုင်တော့ပေ။

*နမ်းမယ် ဟုတ်လား…. ဗိုက်ထဲ ရောက်သွားတဲ့အထိ နမ်းမယ့်ပုံမျိုးလား…။*

သူမ၏ ငတ်ကြီးကျနေသော အမူအရာကို ကြည့်ကာ လင်းဖန်သည် ယုန်ခြေထောက်တစ်ဖက်ကို ဖဲ့၍ သူမကို ကမ်းပေးလိုက်၏။

“ဂျူနီယာညီမလေးလဲ့ယန်... ရော့ အရသာရှိလား မြည်းကြည့်ပါဦး…။”

လင်းဖန်က လူကြီးလူကောင်းဆန်ပြနေခြင်း မဟုတ်ပါ။ ဤကဲ့သို့သော အစားအစာမျိုးကို ပထမဆုံး အကြိမ် စမ်းသပ်ခြင်း ဖြစ်သဖြင့် တစ်ယောက်ယောက်ကတော့ အဆိပ်ရှိမရှိ အရင်မြည်းကြည့်ရမည် မဟုတ်ပါလား။ လီလဲ့ယန်မှာ အကောင်းဆုံး စမ်းသပ်သူပင်။

လီလဲ့ယန်သည် ယုန်ခြေထောက်ကို ယူကာ စကားတစ်လုံးမှ မပြောဘဲ တစ်ဖက်သို့ ပြေးပြီး အငမ်းမရ စားလေတော့သည်။ သူမ၏ အနည်းငယ် ရိုင်းစိုင်းသွားနိုင်သော စားသောက်ပုံကို လင်းဖန် မြင်သွားမည် စိုးသဖြင့် သူမသည် အမြဲတမ်း ကျောပေးပြီး စားနေတတ်သည်။

လင်းဖန်ကတော့ ဤသည်ကို လုံးဝ ဂရုမစိုက်ပေ။ လီလဲ့ယန် အားရပါးရ စားနေပြီး အဆိပ်သင့်သည့် လက္ခဏာလည်း မပြသဖြင့် သူလည်း စတင်စားသောက်လေတော့သည်။

ယုန်သားမှာ လင်းဖန် တစ်ခါမှ မကြုံဖူးသည့် ထူးခြားသော မွှေးရနံ့များဖြင့် ပါးစပ်အတွင်း ပြည့်နှက်သွား စေသည်။ ကံမကောင်းသည်မှာ ဝါးရသည့် အထိအတွေ့က သိပ်မရှိခြင်းပင်။ အဘယ်ကြောင့်ဆိုသော် ယုန်သားမှာ ပါးစပ်ထဲ ရောက်သည်နှင့်တစ်ပြိုင်နက် စိတ်ဝိညာဉ်စွမ်းအားအဖြစ်သို့ ပြောင်းလဲသွားပြီး ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားသောကြောင့် ဖြစ်သည်။

သို့သော်လည်း လင်းဖန် အတော်လေး ကျေနပ်မိ သည်။ သူသည် အစားအသောက် စားသည့်အခါ အထိအတွေ့ထက် အရသာကိုသာ ပိုဦးစားပေးသူ ဖြစ် လေရာ အရသာရှိနေလျှင်ပင် လုံလောက်လှပြီ ဖြစ်သည်။

မကြာမီမှာပင် လင်းဖန်နှင့် လီလဲ့ယန်တို့သည် ယုန်တစ်ကောင်လုံးကို ပြောင်သလင်းခါအောင် စားပစ် လိုက်ကြသည်။ ယုန်သား စားပြီးနောက် လီလဲ့ယန်၏ မျက်နှာတွင် အပြုံးများ မပျက်တော့ပေ။

“စီနီယာအစ်ကိုလင်း... နောင်ကျရင် သားရဲတွေ၊ မိစ္ဆာတွေကို ဖမ်းဖို့က ကျွန်မ တာဝန်ထားလိုက်၊ အစ်ကို ကတော့ ဒါတွေကို အရသာရှိတဲ့ အစားအစာ ဖြစ်အောင် ချက်ပေးဖို့ပဲနော် ဟုတ်ပြီလား..။ကျွန်မ အစ်ကို့ လက်ရာကို သိပ်ကြိုက်တာပဲ။ အရင်က အဖေ ယူလာပေးတဲ့ မိစ္ဆာသားရဲ အသားထက်တောင် ပိုစားလို့ ကောင်းသေးတယ်…။”

လီလဲ့ယန်၏ အကြံပြုချက်ကို လင်းဖန်လည်း မငြင်းပါ။ ထုတ်လုပ်ရေးဖိုကို သုံးပြီး ချက်ပြုတ်ရခြင်းက သူ့အတွက် အပန်းကြီးလှသည်မဟုတ်ပေ။

“ကောင်းပြီလေ၊ နောင်ကျရင် တောလိုက်လို့ ရတာရှိရင် အစ်ကို့ဆီကို အချိန်မရွေး လာခဲ့ပါ…။”

လင်းဖန် သဘောတူသည်ကို မြင်သောအခါ လီလဲ့ယန်သည် သူမ၏ စီနီယာအစ်ကို လင်းဖန်မှာ တကယ် ကို လူကောင်းတစ်ယောက်ဟု ခံစားလိုက်ရသည်။ အချိန်တိုအတွင်းမှာတင် လင်းဖန်သည် သူမ၏ စိတ်နှ လုံးထဲ၌ မိဘနှစ်ပါးပြီးလျှင် ဒုတိယအရေးအပါဆုံးသော ပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။ မည်သည့်အကြောင်း ကြောင့်မှန်း မသိသော်လည်း သူမ၏ ရင်ထဲတွင် ထူးခြားသော ခံစားချက်တစ်ခုမှာ တဖြည်းဖြည်း ကိန်းအောင်းလာခဲ့လေသည်။

ထိုအချိန်တွင် လင်းဖန်သည်လည်း ဘေးနားရှိ လီလဲ့ယန်ကို ကြည့်ကာ ထူးဆန်းသော အတွေးတချို့ ဝင် လာမိသည်။

ဤတစ်ခေါက် ယုန်သားကင်ခြင်းတွင် လင်းဖန် အရေးကြီးသော ပြဿနာတစ်ခုကို မေ့လျော့နေခဲ့သည်။ ၎င်းမှာ ထုတ်လုပ်ရေးမိးဖိုမှ ထွက်လာသည့် အရာမှန်သမျှ၌ 'ဘေးထွက်ဆိုးကျိုး' ရှိတတ်ခြင်းပင်။ လင်းဖန်၏ အမြင်တွင် ချက်ပြုတ်ခြင်းမှာ ဆေးဖော်စပ်ခြင်း မဟုတ်သဖြင့် ဘေးထွက်ဆိုးကျိုးကို ထည့်သွင်း မစဉ်းစားခဲ့မိခြင်း ဖြစ်နိုင်သည်။

အကယ်၍ သူသာ မစားခင် စနစ်၏ စမ်းသပ်စစ်ဆေးမှုဖြင့် ဘေးထွက်ဆိုးကျိုးကို ကြည့်ခဲ့လျှင် ဤမျှ ယုံကြည်မှုရှိရှိ စားဝံ့မည် မဟုတ်ပေ။ ကံမကောင်းစွာဖြင့် ယုန်သားမှာ ကုန်သွားပြီ ဖြစ်ရာ ၎င်း၏ ဘေးထွက်ဆိုးကျိုးမှာ ဘာဖြစ်နိုင်မည်ကို လင်းဖန် ဘယ်တော့မှ သိတော့မည် မဟုတ်ပေ။

ဗိုက်ဝသွားကြပြီးနောက် သူတို့သည် ခရီးစဉ်၏ ရည်ရွယ်ချက်ကို မမေ့ဘဲ ခေတ္တနားပြီးနောက် ဈေးကွက် သို့ ဆက်လက် ခရီးဆက်လာခဲ့ကြသည်။ လင်းဖန်၏ အေးအေးလူလူ စက်ဘီးနင်းမှုဖြင့်ပင် မကြာမီမှာ ပင် သူတို့နှစ်ဦး ဈေးကွက်မြို့ကလေးသို့ ရောက်ရှိလာခဲ့သည်။

သို့သော်လည်း ထိုအချိန်တွင် လင်းဖန်ကို အရင်က လိုက်လံဖမ်းဆီးခဲ့ဖူးသော ဝူယုံနှင့် ဝမ်ယွီကျဲတို့မှာ ဈေးကွက်အဝင်ဝတွင် ကင်းလှည့်နေကြသည်။ [ရန်သူနဲ့ လမ်းခုလတ်မှာ တွေ့] ဆိုသလိုပင် ဝူယုံသည် လင်းဖန်ကို မြင်သည်နှင့် ချက်ချင်း မှတ်မိသွားကာ ဓားကို ဆွဲထုတ်၍ ဆီးကြိုလိုက်တော့သည်။

"နတ်ပြည်လမ်းကို မသွားဘဲ တံခါးမရှိတဲ့ ငရဲပြည်ကိုမှ အတင်းတိုးဝင်ချင်နေတဲ့ ကောင်လေးပါလား။ အရင်တစ်ခေါက်က ထွက်ပြေးလွတ်မြောက်သွားတာကိုပဲ ကံကောင်းလှပြီမှတ်တာ... အခုတော့ ငါ့ရှေ့ ကို ကိုယ်တိုင်လာပြီး အသေခံနေပြန်ပြီ….။"

ဓားပျံကို ကိုင်ကာ အချိန်မရွေး တိုက်ခိုက်ရန် ပြင်နေသော ဝူယုံကို ကြည့်ပြီး လင်းဖန်မှာ အနည်းငယ်မျှ ပင် တုန်လှုပ်ခြင်း မရှိပေ။ သူသည် ဤတစ်ခေါက်တွင် အကာအကွယ် အဆောင်လက်ဖွဲ့တစ်ခုကို ခေါ်လာသည် မဟုတ်ပါလား။ သူမသည် ချင်းယွင်ဂိုဏ်းချုပ်၏ သမီးတော် ဖြစ်သည်။ သူမ၏ အဆင့် အတန်းကို ဖယ်ထားဦးတော့ လီလဲ့ယန်သည် စစ်မှန်သော အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ ဖြစ်သည်။ ချီစုဆောင်းခြင်း အဆင့် (၉) သာရှိသော ဤစည်းကမ်းထိန်းသိမ်းရေးသမား နှစ်ယောက် ရန်စရမည့်သူ မဟုတ်ပေ။

“ဟားဟား... မိတ်ဆွေကလည်း ဘာတွေ ပြောနေတာလဲ။ အရင်တစ်ခေါက်က အရောင်းအဝယ် မတည့် ခဲ့တာပဲ ရှိတာပါ။ မင်းတို့ရဲ့ အကျိုးအကြောင်းမရှိတဲ့ ပြုမူပုံတွေကို ငါက အပြစ်မယူသေးဘူး မင်းကပဲ ငါ့ကို အရင် လာအပြစ်တင်နေရသလား….။”

လင်းဖန်၏ စကားကြောင့် ဝူယုံမှာ အရင်တစ်ခေါက်က တစ်နေကုန် ပတ်ပြေးခဲ့ရသည်ကို သတိရကာ ပို၍ ဒေါသထွက်သွားသည်။

“ပထမအချက်က... မင်း ဈေးကွက်ထဲမှာ မဟုတ်မမှန်တဲ့ ရင်စီးအတွင်းခံကို ရောင်းဖို့ ကြိုးစားခဲ့တယ်။ ဒုတိယအချက်က... မင်း ဆေးအတုတွေ ရောင်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အမျိုးသမီး ကျင့်ကြံသူ တွေကို နှောင့်ယှက်ဖို့ ကြိုးစားခဲ့တယ်ဆိုပြီး တိုင်ကြားစာတွေ ရထားတယ်။ ဒီအပြစ်နှစ်ခုလုံးအတွက် ငါ အခု ချင်းယွင်ဈေးကွက်ကို ကိုယ်စားပြုပြီး မင်းကို ဖမ်းဆီးမယ်။ ဈေးကွက်အကျဉ်းထောင်ထဲမှာ ရက် နည်းနည်းလောက် သွားအောင်းနေလိုက်ဦး…။”

လင်းဖန် ဘာမှ ပြန်မချေပနိုင်ခင်မှာပင် ဝူယုံသည် ကြိုးပုံစံ မှော်လက်နက်တစ်ခုကို ထုတ်ကာ လင်းဖန် ထံသို့ ပစ်လိုက်သည်။ အရင်တစ်ခေါက်က လင်းဖန်ကို မမီလိုက်သည့် သင်ခန်းစာကို ယူကာ သူသည် ဤတစ်ခေါက်တွင် ဈေးကွက်စီမံခန့်ခွဲသူ (အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်) တစ်ဦး ထံမှ 'အင်မော်တယ်ချုပ်နှောင်ကြိုး' ကို အထူးတလည် ငှားလာခဲ့ခြင်း ဖြစ်သည်။

'အင်မော်တယ်ချုပ်နှောင်ကြိုး' ဟူသော အမည်က ခန့်ညားသော်လည်း တကယ်တော့ ၎င်းမှာ အဆင့် မြင့် မှော်လက်နက်တစ်ခုသာ ဖြစ်သော်လည်း ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို ကိုင် တွယ်ရန် လုံလောက်လှသည်။ ဤကြိုးဖြင့် အချည်ခံရပါက ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူများ မှာ ရုန်းထွက်နိုင်မည် မဟုတ်ပေ။

သို့သော်လည်း အင်မော်တယ်ချုပ်နှောင်ကြိုးမှာ လင်းဖန်၏ ရှေ့သို့ ရောက်လာသောအခါ လင်းဖန်က နတ်နဂါးထီးဖြင့် မကာကွယ်ရသေးခင်မှာပင် ဘေးတွင် ရပ်နေသော လီလဲ့ယန်က သူမ၏ အခြေခံအုတ် မြစ်တည်ဆောက်ခြင်းအဆင့် စွမ်းအားဖြင့် ကြိုးကို ဖမ်းဆွဲလိုက်လေတော့သည်။

“ဟယ်... ဒီကြိုးက ရင်းနှီးနေပါလား။ ဒါ စီနီယာအစ်ကို ချီ ရဲ့ အင်မော်တယ်ချုပ်နှောင်ကြိုး မဟုတ် လား…။”

လီလဲ့ယန် ပြောလိုက်သော 'စီနီယာအစ်ကို ချီ' ဆိုသူမှာ ချင်းယွင်ဈေးကွက်ကို စီမံခန့်ခွဲရန် တာဝန်ပေး အပ်ခြင်းခံထားရသော ချင်းယွင်ဂိုဏ်းမှ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်နှောင်းပိုင်း ကျင့်ကြံ သူ 'ချီယုံနင်' ဖြစ်သည်။ ဝူယုံနှင့် ဝမ်ယွီကျဲတို့မှာ ဈေးကွက်ကို ကူညီထိန်းသိမ်းရန် ချီယုံနင်က ငှားရမ်း ထားသူများသာ ဖြစ်သဖြင့် ဂိုဏ်းချုပ်၏ သမီးတော် လီလဲ့ယန်ကို သိရှိခြင်းမရှိကြပေ။

သူ၏ အင်မော်တယ်ချုပ်နှောင်ကြိုးကို လီလဲ့ယန်က အလွယ်တကူ ဖမ်းလိုက်သည်ကို မြင်သောအခါ ဝူယုံမှာ အလွန်ထိတ်လန့်သွားပြီး သူမ ပြောလိုက်သည့် “စီနီယာအစ်ကို ချီ” ဆိုသည့် စကားကိုပင် သတိ မထားမိတော့ပေ။

ထိုအချိန်တွင် သူ စဉ်းစားနေမိသည်မှာ... ဒီနေ့ လင်းဖန်ကို မဖမ်းနိုင်ခြင်းက ပြဿနာ မဟုတ်။ အကယ် ၍ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် တာဝန်ခံဆီက ငှားလာသော ကြိုးကိုသာ ဆုံးရှုံးသွားလျင် သူ ဘယ်လိုမှ တာဝန်ယူနိုင်မည် မဟုတ်ဘူး ဆိုခြင်းကိုပင်။

All Chapters