← Chapters

အခန်း ၂၆

Vol. 3 Ch. 26

အခန်း ၂၆

Vol. 3 Ch. 26

အခန်း (၂၆) စီနီယာအစ်ကို ချီ၏ အင်မော်တယ်ချုပ်နှောင်ကြိုး

ဤသည်ကို တွေးမိသည်နှင့် ဝူယုံမှာ ထိတ်လန့်သွားပြီး ချီယုံနင်ကို ချက်ချင်း ဆက်သွယ်လိုက်တော့ သည်။ သတင်းပို့ပြီးနောက် ဝူယုံ စဉ်းစားနေသည်မှာ တာဝန်ခံစီမံခန့်ခွဲသူ ရောက်မလာမချင်း ရှေ့ကလူ နှစ်ယောက်ကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် အချိန်ဆွဲထားရမည်ဟူ၍သာ ဖြစ်သည်။

သို့သော်လည်း လင်းဖန်နှင့် လီလဲ့ယန်တို့မှာ ဈေးကွက်သို့ ဆေးလာရောင်းခြင်းသာ ဖြစ်သဖြင့် ဝူယုံက အချိန်ဆွဲမထားလျှင်ပင် ဘယ်မှထွက်သွားကြမည့်သူများ မဟုတ်ပေ။ လီလဲ့ယန်၏ လက်ထဲက အင်မော်တယ်ချုပ်နှောင်ကြိုးကို ကြည့်ရင်း လင်းဖန်သည် ဤမှော်လက်နက်၏ အမည်ကိုသာမက အသုံးဝင်ပုံကိုပါ သဘောကျသွားမိသည်။

*နောင်ကျရင် အမျိုးသမီးကျင့်ကြံသူတွေနဲ့ တိုက်ခိုက်တဲ့အခါ ဒီလို ချည်နှောင်တဲ့ နည်းစနစ်ကို သုံး လိုက်ရုံပဲ။ အမျိုးသမီးကျင့်ကြံသူတွေရဲ့ လက်ခြေတွေကိုသာ ချည်နှောင်ထားလိုက်ရင် သူတို့က ငါ့ စိတ်ကြိုက် ဖြစ်သွားမှာပဲ…*

သို့ပေမဲ့ သူ့ရှေ့မှ အင်မော်တယ်ချုပ်နှောင်ကြိုးက အဆင့်နိမ့်နေသေးသည်။ လင်းဖန်သည် ပိုမိုမြင့် မားသော အဆင့်ရှိသည့် မှော်လက်နက်ကို သုံးသင့်သည်ဟု တွေးမိပြီး နောင်တစ်ချိန် အခွင့်သာလျှင် မိမိဘာသာ တစ်ခု ဖော်စပ်မည်ဟု ဆုံးဖြတ်လိုက်သည်။

“ဂျူနီယာညီမလေးလဲ့ယန်... အဲ့ဒီ အင်မော်တယ်ချုပ်နှောင်ကြိုးကို ကျွန်တော် ခဏလောက် ကြည့်လို့ ရမလားခင်ဗျ…။”

လင်းဖန်၏ စကားကို ကြားသောအခါ လီလဲ့ယန်သည် သူမ၏ ဓားပျံကို လင်းဖန်က အဆင့်မြင့်မှ ထိပ်တန်းအဆင့်သို့ အဆင့်မြှင့်တင်ပေးခဲ့သည်ကို သတိရသွားသည်။ စီနီယာအစ်ကိုလင်းက ဤကြိုး ကိုလည်း အဆင့်မြှင့်ပေးချင်နေတာများလား။

“ရတာပေါ့ စီနီယာအစ်ကိုလင်း ဒါကို ထိပ်တန်းအဆင့် မှော်လက်နက်ဖြစ်အောင် အဆင့်မြှင့်ပေးမလို့ လားဟင်…။”

လင်းဖန်မှာ မူလက ထိုကဲ့သို့ အစီအစဉ် မရှိပါ။ နောင်တစ်ချိန်တွင် ထိုကဲ့သို့သော မှော်ရတနာများ ဖော် စပ်နိုင်ရန် အကိုးအကားအဖြစ် လေ့လာချင်ရုံသာ ဖြစ်သည်။ သို့သော် လီလဲ့ယန်က မေးလာသဖြင့် စမ်းကြည့်လျှင်လည်း မဆိုးပါဘူးဟု တွေးမိသွားသည်။

သို့သော် ဤကဲ့သို့သော ကြိုးအမျိုးအစား မှော်လက်နက်များအတွက် သူ၏ ရတနာသေတ္တာထဲမှ ကော်တို့၊ ကျောက်စဥ်တို့မှာ အသုံးဝင်မည် မဟုတ်ပေ။ တစ်ခုတည်းသော နည်းလမ်းမှာ 'ထုတ်လုပ်ရေး အဖွဲ့ဆေးမီးဖို' ကို သုံးရန်ပင် ဖြစ်သည်။

“ကုန်စည်အမှိုက်ပုံး... ဒီမှော်လက်နက်ရဲ့ အဆင့်ကို မြှင့်ဖို့ ဆေးမီးဖိုကို ဘယ်လို သုံးရမလဲ…။”

[ကြိုးကို ဆေးမီးဖိုထဲ ထည့်ပါ စိတ်ဝိညာဉ်ကျောက်တုံး အနည်းငယ်ထည့်ပြီး စိတ်ကြိုက် ဆေးဖက်ဝင် အပင်တချို့ ထည့်လိုက်ပါ]

“ဘယ်လို…. ဆေးဖက်ဝင်အပင်တွေ ထည့်ရမယ် ဟုတ်လား။ ဒါက လက်နက်အဆင့်မြှင့်တာလေ ဘာလို့ ဆေးပင်တွေ ထည့်ရမှာလဲ….။”

[ဒီအင်မော်တယ်ချုပ်နှောင်ကြိုးကို ဖန်တီးထားတဲ့ ပစ္စည်းက နွယ်ပင်အမျိုးအစား ဖြစ်လို့ပါ၊ ဆေးဖက် ဝင်အပင်တွေကလည်း အပင်တွေပဲမို့လို့ သူတို့က မြစ်ဖျားခံရာ အတူတူပါပဲ]

“အေးပါလေ မင်းက စနစ်ပဲလေ မင်းပြောသမျှ အမှန်ပေါ့….။”

ထို့နောက် လင်းဖန်သည် လီလဲ့ယန်ထံမှ အင်မော်တယ်ချုပ်နှောင်ကြိုးကို ယူလိုက်သည်။

“အစ်ကို စမ်းကြည့်ပေးမယ် ဒါပေမဲ့ အဆင့်မြှင့်တင်မှု အောင်မြင်မယ်လို့တော့ အာမမခံဘူးနော်…။”

ထိုသို့ပြောပြီးနောက် လင်းဖန်သည် ကြိုးကို ဆေးမီးဖိုထဲ ထည့်လိုက်ပြီး ဆေးပင်များနှင့် စိတ်ဝိညာဉ် ကျောက်တုံးများ ထည့်ကာ အလိုအလျောက် ဖော်စပ်ခြင်းကို စတင်လိုက်သည်။

အနားတွင် ရပ်နေသော ဝူယုံနှင့် ဝမ်ယွီကျဲတို့မှာ အင်မော်တယ်ချုပ်နှောင်ကြိုးကို မီးဖိုထဲ ထည့်လိုက် သည်ကို မြင်သောအခါ ထိတ်လန့်သွားကြသည်။ သူတို့သည် လင်းဖန်တို့၏ မှော်လက်နက် အဆင့်မြှင့် တင်နိုင်သည်ဟူသော ပြောစကားကို လုံးဝ ယုံကြည်ကြခြင်းမရှိကြပေ။

သို့သော်လည်း ဘေးမှ လီလဲ့ယန်ထံမှ ထွက်ပေါ်နေသော အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်၏ ဖိအားကြောင့် သူတို့ ရှေ့သို့တက်ပြီး မတားဝံ့ကြပေ။ ချီယုံနင်သာ အမြန်ရောက်လာပါစေဟု ဆုတောင်း နေရုံသာ ရှိတော့သည်။ မဟုတ်လျှင် အင်မော်တယ်ချုပ်နှောင်ကြိုးမှာ ပျက်စီးသွားပေလိမ့်မည်။

ဝူယုံ၏ ဆုတောင်းများ ပြည့်သွားပုံရသည်။ ဈေးကွက်ဘက်မှ အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူတစ်ဦးမှာ ဓားကိုစီးပြီး ပျံသန်းလာကာ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့ရှေ့သို့ ရောက်ရှိလာခဲ့သည်။

ထိုသူမှာ ချီယုံနင်ပင် ဖြစ်သည်။ သူသည် ချင်းယွင်ဂိုဏ်း၏ စီမံခန့်ခွဲသူဝတ်စုံကို ဝတ်ဆင်ထားပြီး ခါး တွင်လည်း ဝိုင်ဘူးတစ်ဘူး ချိတ်ထားရာ အရက်ကြိုက်သူတစ်ဦးဖြစ်ကြောင်း သိသာလှသည်။

“ဟင်… လဲ့ယန်လေးပါလား။ ဂိုဏ်းချုပ်က မင်းကို တစ်ယောက်တည်း အပြင်ထွက်ခွင့် ပေးလိုက် တာလား…။”

ချီယုံနင် ရောက်လာသည်နှင့် အုပ်စုထဲတွင် လီလဲ့ယန်ကို ချက်ချင်းမြင်သွားပြီး နှုတ်ဆက်လိုက်သည်။ စီနီယာအစ်ကို ချီမှာ အသက်အနည်းငယ် ကြီးသူ ဖြစ်ပြီး လီလဲ့ယန် ကလေးဘဝကတည်းက အခြေခံ အုတ်မြစ်တည်ဆောက်ခြင်းအဆင့်သို့ ရောက်နှင့်နေပြီ ဖြစ်သည်။ သူသည် လီလဲ့ယန် ကြီးပြင်းလာ သည်ကို ကြည့်လာခဲ့သူ ဖြစ်သည်။

သူသည် လီလဲ့ယန် ကစားရန်အတွက် ထူးဆန်းသော အရုပ်ကလေးများကို အမြဲ လုပ်ပေးလေ့ရှိသဖြင့် သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ အလွန်ကောင်းမွန်လှသည်။

“စီနီယာအစ်ကို ချီ... ကျွန်မ တစ်ယောက်တည်း လာတာ မဟုတ်ပါဘူး။ စီနီယာအစ်ကိုလင်းနဲ့ အတူ လာတာပါ…။”

ထိုသို့ပြောပြီးနောက် လီလဲ့ယန်က ဘေးက လင်းဖန်ကို ကြည့်လိုက်သည်။

“ဪ... စီနီယာအစ်ကိုလင်း ဟုတ်လား။ ငါ ဒီညီလေးကို တစ်ခါမှ မမြင်ဖူးပါလား။ ဒါနဲ့ သူက ဟို 'ဆေးဆရာလင်း' ဆိုတဲ့သူလား…။”

ချီယုံနင်သည် ဈေးကွက်ကို အမြဲစောင့်ကြပ်နေရသော်လည်း ဂိုဏ်းချုပ်ရှိရာ ဗဟိုဂိုဏ်းက အခြေခံ အုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများနှင့် စိတ်ဝင်စားစရာ သတင်းအချက်အလက်များကို အမြဲဖလှယ်လေ့ရှိသည်။ မနေ့ကလည်း အောင်မြင်မှုမှတ်တမ်းခန်းမက စုန့်ကျန့်ကျဲက ဂိုဏ်းသို့ ဆေးဆရာတစ်ဦး ရောက်လာကြောင်း သတင်းပို့ထားသဖြင့် လင်းဖန်ကို မြင်သည်နှင့် ဆေးဆရာ ဖြစ်ကြောင်း ချက်ချင်း ရိပ်မိလိုက်ခြင်းပင်။

ချီယုံနင်၏ အမေးကို ကြားသောအခါ လင်းဖန်က ချက်ချင်းပင် ဂါရဝပြုလိုက်သည်။

“နှုတ်ခွန်းဆက်သပါတယ် စီနီယာအစ်ကို ချီ…။ ကျွန်တော်က လင်းဖန်ပါ….။”

ဘေးတွင် ရပ်နေသော လီလဲ့ယန်ကလည်း ချက်ချင်းပင် မိတ်ဆက်ပေးလိုက်သည်။

“စီနီယာအစ်ကိုလင်း... ဒါက ချင်းယွင်ဈေးကွက်ကို တာဝန်ယူထားတဲ့ စီနီယာအစ်ကို ချီ ပါ။ စီနီယာ အစ်ကိုချီ... စီနီယာအစ်ကိုလင်းက ဆေးဆရာတစ်ယောက်ပါ သူက အရမ်းတော်တာနော်။ ဆေးလုံး တွေတင် မဟုတ်ဘူး လက်နက်တွေကိုလည်း အဆင့်မြှင်တင်ပေးနိုင်တယ်။ ဒါနဲ့ စီနီယာအစ်ကို့ရဲ့ အင်မော်တယ်ချုပ်နှောင်ကြိုးကိုလည်း ကျွန်မက စီနီယာအစ်ကိုလင်းကို အဆင့်မြှင့်ပေးဖို့ အကူညီ တောင်းထားတယ်….။”

လင်းဖန်က လက်နက်များကိုလည်း အဆင့်မြှင်တင်နိုင်သည်ဟု ကြားလိုက်ရသဖြင့် ချီယုံနင် ပို၍ စိတ်ဝင်စားသွားသည်။

“ဟားဟား... ညီလေးလင်း စိတ်ကြိုက်သာ လုပ်ပါ။ ဒါက အဆင့်မြင့် မှော်လက်နက်တစ်ခုပဲဟာ။ ညီလေးနဲ့ ညီမလေးတို့ သဘောကျတယ်ဆိုရင်လည်း ယူကစားကြပေါ့…။”

ချီယုံနင် စကားအဆုံးမှာပင် ထုတ်လုပ်ရေးဖိုမှ 'ဒေါင်' ဆိုသည့် အသံထွက်ပေါ်လာပြီး အင်မော်တယ် ချုပ်နှောင်ကြိုးမှာ အောင်မြင်စွာ ပြုပြင်ပြီးစီးသွားခဲ့သည်။ လင်းဖန်သည် ကြိုးအသစ်ကို ဖိုထဲမှ အမြန် ထုတ်ကာ ချီယုံနင်အား ကမ်းပေးလိုက်သည်။

“စီနီယာအစ်ကို ချီ... ပြီးပါပြီ။ စီနီယာအစ်ကို ကြည့်ကြည့်ပါဦး တိုးတက်မှု ရှိရဲ့လားလို့…။”

ချီယုံနင်သည် ပြုံးရွှင်စွာဖြင့် ကြိုးကို လက်ခံလိုက်သော်လည်း ကြည့်လိုက်သည်နှင့် တစ်ပြိုင်နက် မျက်လုံးများ ပြူးသွားတော့သည်။

“ဒါ... ဒါက ထိပ်တန်းအဆင့် မှော်လက်နက်ပဲ…. ဘယ်လိုလုပ်ပြီး ထိပ်တန်းအဆင့် ဖြစ်သွားတာလဲ..။”

ချီယုံနင်၏ အံ့အားသင့်နေသော အမူအရာကို မြင်သောအခါ လီလဲ့ယန်က လင်းဖန်အတွက် ဂုဏ်ယူစွာ ဖြင့် ဝင်ပြောလိုက်သည်။

“စီနီယာအစ်ကို ချီ... ကျွန်မ ပြောသားပဲ။ စီနီယာအစ်ကိုလင်းက မှော်လက်နက်တွေ ဖော်စပ်တဲ့နေရာမှာ အလွန်တော်တာပါဆို။ ကျွန်မရဲ့ အဆင့်မြင့် ပျံသန်းရေးဓားကိုတောင် သူက ထိပ်တန်းအဆင့်ဖြစ်အောင် မြှင့်ပေးခဲ့တာလေ…။”

ထိုသို့ပြောပြီးနောက် သူမသည် သူမ၏ ပျံသန်းရေးဓားကို ထုတ်ကာ ချီယုံနင်၏ ရှေ့တွင် ဝင့်ကြွားစွာ ပြသလိုက်သည်။ ထိုအချိန်တွင် ချီယုံနင်မှာ အံ့သြတုန်လှုပ်နေဆဲ ဖြစ်သည်။

“ညီလေးလင်း... မင်း တကယ်ကို အံ့မခန်းပါပဲ…။ ဆေးဖော်စပ်တာရော၊ လက်နက်ဖော်စပ်တာမှာရော မင်းရဲ့ အရည်အချင်းက တကယ်ကို ချီးကျူးစရာပဲ။ ငါတောင် ကိုယ့်ကိုယ်ကိုယ် ရှက်မိတယ်…။”

လင်းဖန်ကတော့ ခပ်အေးအေးပဲ ရယ်မောလိုက်ပြီး ကတိတချို့ ပေးလိုက်သည်။

“ဟားဟား... စီနီယာအစ်ကိုကလည်း ချီးမွမ်းလွန်းနေပါပြီ။ အခုလောလောဆယ်တော့ ကျွန်တော်က အဆင့် (၁) ဆေးလုံးတွေနဲ့ မှော်လက်နက်တချို့ကိုပဲ ဖော်စပ်နိုင်ပါသေးတယ်။ ကျွန်တော့်ရဲ့ ကျင့်ကြံမှု အဆင့် တိုးတက်လာရင်တော့ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်အတွက် ဆေးလုံးတွေကို ဖော်စပ်ပေးနိုင်မှာပါ၊ အဲ့ဒီအခါကျရင် စီနီယာအစ်ကို သောက်ဖို့ ဆေးလုံးတွေ ပေးနိုင်မှာပေါ့…။”

'ဆေးသောက်ရမယ်' ဆိုသည့် စကားမှာ လင်းဖန်၏ ကမ္ဘာဟောင်းတွင်ဆိုလျှင် ဆဲရေးခြင်း ဖြစ်နိုင် သော်လည်း ဆေးလုံးများ အလွန်အရေးကြီးသည့် ဤကျင့်ကြံခြင်းလောကတွင်မူ အကောင်းဆုံးသော ဆုတောင်းပင် ဖြစ်သည်။ စီနီယာအစ်ကို ချီကို ဤသို့ ကတိပေးရခြင်းမှာ သူက ဈေးကွက်စီမံခန့်ခွဲသူ ဖြစ်သောကြောင့် နောင်ကျလျှင် အရောင်းအဝယ် လုပ်ရာ၌ ပို၍လွယ်ကူစေရန်အတွက် ပေါင်းသင်း ထားခြင်းပင် ဖြစ်သည်။

“ဟားဟား... ဒါဆိုရင်တော့ ညီလေးရဲ့ ကျင့်ကြံမှုတွေ အမြန်ဆုံး အဆင့်တက်ပါစေလို့ ကြိုပြီး ဆုတောင်းပေးလိုက်ပါတယ်…။”

သူတို့သုံးဦး၏ စကားဝိုင်းကြောင့် ဘေးတွင် စောင့်နေသော ဝူယုံနှင့် ဝမ်ယွီကျဲတို့မှာ ပို၍ စိုးရိမ် လာကြ သည်။ ဤတာဝန်ခံစီမံခန့်ခွဲသူက ရှေ့ကလူနှစ်ယောက်ကို သိနေလိမ့်မည်ဟု သူတို့ မထင်ထား ခဲ့ပေ။ စကားပြောပုံအရ သူတို့အားလုံးမှာ ချင်းယွင်ဂိုဏ်းက ဖြစ်နေကြသဖြင့် လင်းဖန်က သူတို့ကို အငြိုး အတေးထားပြီး ပြန်တုံ့ပြန်မှာကို စိုးရိမ်နေကြသည်။

တစ်ချိန်တည်းမှာပင် သူတို့ စိတ်ထဲတွင်လည်း အပြစ်တင်မိသည်။

*မင်းတို့က ချင်းယွင်ဂိုဏ်းက ဆိုလည်း ဂိုဏ်းဝတ်စုံကို ဝတ်ထားကြပါလား။ ဝတ်ထားရင် ငါတို့က ရန်စ မိမှာ မဟုတ်ဘူး*

သူတို့မသိသည်မှာ လင်းဖန်သည် ဂိုဏ်းဝင်တစ်ဦး မဟုတ်သဖြင့် ဂိုဏ်းဝတ်စုံ ဝတ်စရာ မလိုခြင်းပင်။ လီလဲ့ယန်မှာလည်း ဂိုဏ်းချုပ်၏ သမီးတော် ဖြစ်သဖြင့် ဂိုဏ်းဝတ်စုံကို ဝတ်လေ့မရှိပေ။ သူမ၏ အဝတ်အစားများမှာ သူမ၏ မိခင် လျိုယွီဝမ်က သေသေချာချာ ရွေးချယ်ပေးထားခြင်း ဖြစ်သည်။

လင်းဖန်တို့ သုံးဦး ခေတ္တမျှ စကားပြောပြီးနောက် ချီယုံနင်သည် သူ လာရသည့် အကြောင်းရင်းကို သတိရသွားပြီးနောက် နောက်က ဝူယုံနှင့် ဝမ်ယွီကျဲတို့ကို ကြည့်လိုက်လေတော့သည်။

All Chapters