← Chapters

အခန်း ၂၇

Vol. 3 Ch. 27

အခန်း ၂၇

Vol. 3 Ch. 27

အခန်း (၂၇) အင်မော်တယ်စုံတွဲဂိုဏ်းမှ မိတ်ဆွေဟောင်းများ

ချီယုံနင် စကားမပြောရသေးခင်မှာပင် ဝူယုံနှင့် ဝမ်ယွီကျဲတို့က ဦးအောင် တောင်းပန်လိုက်ကြသည်။

“တာဝန်ခံချီ... ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါခင်ဗျာ။ ဒီလူနှစ်ယောက်က ချင်းယွင်ဂိုဏ်းက တပည့် တွေမှန်း ကျွန်တော်တို့ တကယ်မသိလို့ပါ။ သိခဲ့ရင်တော့ အသက်ဆယ်ချောင်း ရှိရင်တောင် သူတို့ကို ပြစ်မှားဝံ့မှာ မဟုတ်ပါဘူး…။”

ထိုသို့ပြောရင်း သူတို့နှစ်ဦးသည် လင်းဖန်နှင့် လီလဲ့ယန်ကို တောင်းပန်တိုးလျှိုးသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။ သူတို့၏ ပြစ်မှားမှုကို အပြစ်မယူရန် မျှော်လင့်နေကြခြင်းပင်။ ထိုသူနှစ်ဦး၏ အကြည့်ကို မြင်သောအခါ လင်းဖန်သည် ခေတ္တစဉ်းစားပြီးနောက် ဤကိစ္စကို လက်စသတ်ရန် ဆုံးဖြတ် လိုက်သည်။

တကယ်တော့ သူသည် ဝူယုံ၊ ဝမ်ယွီကျဲတို့နှင့် ကြီးကြီးမားမား ပဋိပက္ခမရှိခဲ့သလို သူတို့ကို အကွက်ဆင် အပြစ်ပေးရန်လည်း မလိုပေ။ ထို့ပြင် တစ်ဖက်လူမှာ စီနီယာအစ်ကိုချီ၏ လူများဖြစ်နေသဖြင့် ပို၍ပင် အပြစ်ယူရန် မလိုအပ်တော့ချေ။ နောက်ပြီး အမှန်အတိုင်း ပြောရလျှင် လီလဲ့ယန်ကလည်း အရင်မှားခဲ့ သည် မဟုတ်လား။ ဘယ်သူမဆို ကိုယ့်ဆီလာပြီး ရင်စီးအတွင်းခံ တောင်းနေတာကို ကြားရမည်ဆိုပါက ဒေါသထွက်မိမည်မှာပင်။

ဤကမ္ဘာတွင် ဘယ်သူမှားသည် မှန်သည်မှာ အရေးမကြီးတော့သော်လည်း အခုတော့ တစ်ဖက်လူက လည်း ချင်းယွင်ဂိုဏ်းအတွက် အလုပ်လုပ်နေသူ ဖြစ်နေသလို သူကိုယ်တိုင်လည်း ချင်းယွင်ဂိုဏ်းနှင့် ရင်းနှီးနေပြီ ဖြစ်သောကြောင့် ဤကိစ္စကို ဤမျှဖြင့်ပင် အဆုံးသတ်လိုက်ရန် ဆုံးဖြတ်လိုက်သည်။ လင်းဖန်၏ သဘောထားကို စောင့်ကြည့်နေသော ချီယုံနင်ကို ကြည့်ကာ သူက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။

“ဒါက ကိစ္စကြီးမဟုတ်ပါဘူး နားလည်မှုလွဲတာလေးပါ။ အခု နားလည်မှု လွဲတာတွေလည်း ရှင်းသွားပြီ ဆိုတော့ ငါတို့တွေ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးသွားကြတာပေါ့….။”

လင်းဖန်၏ စကားကို ကြားလိုက်ရသဖြင့် ဝူယုံနှင့် ဝမ်ယွီကျဲတို့မှာ သက်ပြင်းချနိုင်သွားတော့သည်။ လင်းဖန်၏ စကားကြောင့် ချီယုံနင် အနည်းငယ် အံ့သြသွားသော်လည်း လင်းဖန်မှာ သဘောထားကြီး သူဖြစ်ကြောင်း သိလိုက်ရသဖြင့် ပြုံးကာ ပြောလိုက်သည်။

“ညီလေးလင်းက အပြစ်မယူတော့ဘူးဆိုရင်လည်း ဒီကိစ္စကို ဒီမှာတင် ရပ်လိုက်ကြတာပေါ့။ မင်းတို့ လည်း ညီလေးလင်းကို မြန်မြန် ကျေးဇူးတင်လိုက်ကြဦး…။”

ဝူယုံတို့မှာ ချီယုံနင်က စိတ်ဝိညာဉ်ကျောက်တုံးများပေးကာ ငှားထားသူများသာ ဖြစ်သော်လည်း လင်းဖန် မှာမူ ချင်းယွင်ဂိုဏ်းကို အများကြီး ကူညီပေးထားသူဖြစ်သဖြင့် ချီယုံနင်က သူ့ကို မိသားစုဝင် ကဲ့သို့ သဘောထားနေပြီ ဖြစ်သည်။ ထို့ကြောင့် ချီယုံနင်သည် အစကတည်းက လင်းဖန်ဘက်၌သာ ရှိနေ ခဲ့ခြင်းဖြစ်သည်။ ချီယုံနင်၏ စကားကို ကြားရသဖြင့် ဝူယုံနှင့် ဝမ်ယွီကျဲတို့မှာ လင်းဖန်ကို အလျင်အမြန် ကျေးဇူးတင်လိုက်ကြလေတော့သည်။

ဤနေရာမှစ၍ လင်းဖန်သည် ချင်းယွင်ဈေးကွက်ထဲတွင် စည်းကမ်းထိန်းသိမ်းရေးသမားများ ပြဿနာ ရှာမည်ကို စိုးရိမ်စရာ မလိုတော့ပေ။ ထို့နောက် သူတို့အုပ်စုမှာ စကားတပြောပြောဖြင့် ဈေးကွက်ရှိရာ သို့ လမ်းလျှောက်လာခဲ့ကြသည်။ လမ်းတစ်လျှောက်တွင် လင်းဖန်၏ သုံးချောင်းထောက်စက်ဘီးပေါ်၌ ပျော်ရွှင်စွာ ထိုင်လိုက်လာသော ဂျူနီယာညီမလေး လဲ့ယန်ကို ကြည့်ရင်း ချီယုံနင် စိတ်အေးသွားမိသည်။

သူသည် လဲ့ယန်လေးကို ကလေးဘဝကတည်းက ကြည့်လာခဲ့သူ ဖြစ်ရာ အကယ်၍ သူမသာ တာအို အဖော် ရှာမည်ဆိုလျှင် ဤညီလေးလင်းမှာ ရွေးချယ်မှုကောင်းတစ်ခု ဖြစ်လိမ့်မည်ဟု သူ တွေးနေမိ သည်။ ဈေးကွက်သို့ ရောက်သောအခါ ချီယုံနင်သည် လင်းဖန်ကို နှုတ်ဆက်ပြီး ဝူယုံတို့နှင့်အတူ ထွက်ခွာ သွားတော့သည်။

ထိုအချိန်တွင် လင်းဖန်နှင့် လီလဲ့ယန်တို့မှာလည်း ချင်းယွင်ဈေးကွက်ထဲတွင် ဆိုင်ခန်းဖွင့်ရန် သူတို့၏ ကြီးကျယ်သော အစီအစဉ်ကို စတင်ကြတော့သည်။ ချင်းယွင်ဈေးကွက် ပတ်ဝန်းကျင်ရှိ အင်အားစုများ တွင် ချင်းယွင်ဂိုဏ်းနှင့် ထျန်းဟော်ဂိုဏ်းတို့အပြင် ယွီကျန့်ဂိုဏ်း ၊ ရှန်းလျွီဂိုဏ်း (ကျင့်ကြံသူစုံတွဲဂိုဏ်း) နှင့် အမျိုးမျိုးသော မိသားစုအင်အားစုကြီးငယ်များ ပါဝင်သည်။ လင်းဖန်၏ ရည်ရွယ်ချက်မှာ သူ၏ လက်ထဲတွင် ဆေးလုံးအမြောက်အမြားရှိကြောင်း သတင်းလွှင့်ရန်နှင့် ထိုအင်အားစုများကို ဆွဲဆောင် ရန်ပင် ဖြစ်သည်။

“ဆေးလုံးတွေ လာဝယ်ကြပါဦး…. လတ်လတ်ဆတ်ဆတ် ဖော်စပ်ထားတဲ့ ဆေးလုံးတွေဗျို့…။ သာမန် ဆေးလုံးတွေထက် အာနိသင် ပိုထက်မြက်တဲ့ ဆေးလုံးတွေ လာဝယ်လို့ရပြီနော်…”

လင်းဖန် အော်ဟစ်လိုက်သည်နှင့် သူ၏ ဆိုင်ခန်းရှေ့တွင် လူအုပ်ကြီးက ချက်ချင်း စုရုံးလာတော့သည်။

“မိတ်ဆွေ... ကျွန်တော့်ကို ချီစုဆောင်းခြင်းဆေးလုံး တစ်ပုလင်း ပေးပါ။ ဒီမှာ စိတ်ဝိညာဉ်ကျောက်တုံး (၅၀) ပါ….။”

“ကျွန်တော့်ကို နှစ်ပုလင်း ပေးပါ…။ နှစ်ပုလင်း ရောင်းပေးပါ…။”

“ကျွန်မကိုတော့ အဆာရှောင်ဆေး နှစ်ပုလင်း ပေးပါ….။”

ကျင့်ကြံသူများမှာ ဆေးဝယ်ရန် စိတ်ဝိညာဉ်ကျောက်တုံးများကို အလုအယက် ကမ်းပေးနေကြသည်ကို ကြည့်ကာ လင်းဖန် အလွန်ဝမ်းသာသွားသည်။ သို့သော် လင်းဖန် တစ်ခုခု မှားနေကြောင်း ချက်ချင်း သိ လိုက်ရသည်။ ဈေးနှုန်း မှားနေခြင်းပင်။ သူ၏ ဆေးလုံးများမှာ သာမန်ဆေးလုံးများထက် ဈေးကြီး ကြောင်း သူ မပြောရသေးပေ။

“မိတ်ဆွေတို့ ခဏလောက် သည်းခံကြပါဦး။ ကျွန်တော့်ရဲ့ ဆေးလုံးတွေက သာမန်ဆေးလုံးတွေထက် ပိုပြီး အာနိသင် ထက်မြက်တာမို့ ဈေးနှုန်းကလည်း နည်းနည်း ပိုကြီးပါတယ်။ ချီစုဆောင်းခြင်းဆေးလုံး တစ်လုံးကို စိတ်ဝိညာဉ်ကျောက်တုံး (၁၀) တုံး၊ အဆာရှောင်ဆေး တစ်လုံးကို ကျောက်တုံး( ၂) တုံး ကျ သင့်မှာပါ။ ဈေးနှုန်းက ပိုမြင့်ပေမဲ့ ကျွန်မရဲ့ ဆေးလုံးတွေကတော့...။”

လင်းဖန်က သူ၏ ဆေးလုံးများ၏ ထူးခြားချက်ကို ရှင်းပြရန် ကြိုးစားသော်လည်း စုရုံးနေသော ကျင့်ကြံ သူများထံမှ ကန့်ကွက်သံများ ဆူညံစွာ ထွက်ပေါ်လာတော့သည်။

“ဒါ ဓားပြတိုက်နေတာမဟုတ်ဘူးလား။ ဈေးနှုန်းက နှစ်ဆတောင် ဖြစ်နေပြီပဲ… ဒုက္ခရောက်နေတုန်း အခွင့်ကောင်းယူတာ မဟုတ်ဘူးလား…။”

“ဟုတ်တယ်၊ ဒီမှာ ဆေးဝါးတွေ ရှားပါးနေရင်တောင် ဒီလိုမျိုး ဈေးတင်ရောင်းတာကိုတော့ ငါတို့ လုံးဝ ခွင့်မပြုနိုင်ဘူး…။”

“ဈေးကွက် တာဝန်ခံတွေ ဘယ်မှာလဲ။ ဈေးကွက်ပေါက်ဈေးကို ဖျက်ဆီးနေတဲ့ ဒီဈေးသည်ကို အခုချက် ချင်း ဖယ်ရှားပေးကြစမ်းပါ…။”

ရှေ့မှ ဆူညံပွက်လောရိုက်နေမှုများကို မြင်သဖြင့် လင်းဖန်က ထပ်မံရှင်းပြရန် ပြင်လိုက်သော်လည်း သူ ဘာမှမပြောရသေးခင်မှာပင် စုရုံးနေသော လူအုပ်ကြီးမှာ လူစုခွဲသွားကြပြီး လင်းဖန်၏ ဆိုင်ကို ဂရုမ စိုက်တော့ပေ။ ဤအခြေအနေကြောင့် လင်းဖန် ဆွံ့အသွားရသည်။

“ဒါမျိုး မဖြစ်သင့်ဘူးလေ။ သူတို့က ဈေးကြီးတယ် ထင်ရင်တောင် ဈေးဆစ်သင့်တာပေါ့။ ဘာလို့ အကုန်လုံး ထွက်သွားကြတာလဲ။ သူတို့တွေက ဒီလောက်တောင် ညီညွတ်ကြတာလား…။”

လင်းဖန်၏ ညည်းတွားသံကို ကြားသောအခါ လီလဲ့ယန်က သူမဖခင် ပြောဖူးသည်ကို ရုတ်တရက် သတိ ရသွားသည်။

“စီနီယာအစ်ကိုလင်း... အဖေပြောဖူးတာ တစ်ခု သတိရမိတယ်။ ဒီလို ဝေးလံခေါင်ဖျားတဲ့ ဒေသတွေက ဂိုဏ်းတွေမှာ စည်းကမ်းတစ်ခု ရှိတယ်ရှင်။ ဆေးလုံးတွေကို မသမာတဲ့နည်းနဲ့ ဈေးတင်ရောင်းတာကို ခွင့်မပြုဘူးတဲ့။ အဲဒီလို လုပ်တာကို တွေ့ရင် လူတိုင်းက ဝိုင်းပြီး ဆန့်ကျင်ကြရမယ်တဲ့…။”

လီလဲ့ယန်၏ ရှင်းပြချက်ကြောင့် လင်းဖန် စကားပင် မဆိုနိုင်တော့ပေ။ ဤစည်းကမ်းက သူ့ကို သေတွင်း ထဲ တွန်းပို့နေတာ မဟုတ်ပါလား။ ကိုယ့်ရဲ့ ဆေးလုံးတွေက အာနိသင် ကောင်းနေတာပဲ ဈေးနည်းနည်း ပိုတာက မသမာတဲ့နည်းနဲ့ ဈေးတင်ခြင်းမျိုး မဟုတ်ပေ။

*ဒီကျင့်ကြံသူတွေကလည်း တကယ်ပဲ ရှင်းပြခွင့်လေးတောင် မပေးဘဲ ထွက်ပြေးသွားကြတယ်…။*

ခေတ္တမျှ စဉ်းစားပြီးနောက် လင်းဖန် နည်းလမ်းတစ်ခု ရသွားသည်။ လင်းဖန်သည် သစ်သားပြားတစ်ခုကို ရှာကာ သူ၏ ဆေးလုံးများ၏ ဈေးနှုန်းနှင့် အာနိသင်များကို ထွင်းထုလိုက်သည်။ ဆေးလုံးအမည်များ၏ ရှေ့တွင်လည်း 'ထိပ်တန်းအဆင့်' ဟု ထည့်လိုက်ပြီး 'မြည်းတံဆိပ်'ဟုလည်း ဖြည့်စွက်ကာ ထူးခြားမှုကို ဖော်ပြလိုက်သည်။

ထိပ်တန်းအဆင့် ချီစုဆောင်းခြင်းဆေးလုံး (မြည်းတံဆိပ်) –

အာနိသင် - ကျင့်ကြံမှုအဆင့်ကို မြင့်တင် ပေးသည် (သာမန်ကျင့်ကြံမှု ၂ ရက်စာနှင့် ညီမျှသည်)၊ ကျင့်ကြံ မှုနှုန်းကို (၁၀၀%) မြှင့်တင်ပေးသည် (၂ ရက်ကြာ ခံစားရမည်…)။

ဈေးနှုန်း - တစ်လုံးလျှင် စိတ်ဝိညာဉ်ကျောက်တုံး (၁၀) တုံး။

သေချာပေါက်ပင် လင်းဖန် ရေးထားသော ဆိုင်းဘုတ်ကို ဆိုင်ရှေ့တွင် ချိတ်လိုက်ပြီးနောက် အရောင်း အဝယ် ပြန်စလာတော့သည်။ လင်းဖန်၏ အကြည့်မှာ သူ့ဆိုင်ဆီသို့ လျှောက်လာသော တာအိုစုံတွဲထံသို့ ကျရောက်သွားသည်။ အမျိုးသမီး ကျင့်ကြံသူ၏ မျက်နှာတွင် အံ့သြနေသော အမူ အရာ ရှိနေသည်။ သူတို့၏ အမူအရာကို ကြည့်ကာ လင်းဖန် တွေးမိသည်မှာ သူတို့သည် သူ၏ ဆေးလုံး အာနိသင်များကို မြင်ပြီး သေချာပေါက် အံ့သြသွားကြခြင်း ဖြစ်လိမ့်မည် ဟူ၍ပင်။

သူတို့နှစ်ဦးမှာ တူညီသော အဝတ်အစားများကို ဝတ်ထားကြသဖြင့် ဂိုဏ်းတစ်ခုတည်းက ဖြစ်ပုံရသည်။ သို့သော် သူတို့၏ အပြုအမူကြောင့် လင်းဖန် ဇဝေဇဝါ ဖြစ်သွားရသည်။ သူတို့နှစ်ဦးမှာ လက်ချင်းချိတ် ကာ လျှောက်လာကြပြီး လင်းဖန် ကမ္ဘာမကူးခင်က တွေ့ဖူးသော ချစ်သူရည်းစားများအတိုင်းပင်။ ဤ သည်ကို ကြည့်ကာ လင်းဖန် တွေးမိသည်မှာ ကျင့်ကြံခြင်းလောကတွင်လည်း စုံတွဲဝတ်စုံများ ရှိနေသ လား ဆိုခြင်းပင် ဖြစ်သည်။

“ဂျူနီယာညီမလေး လဲ့ယန်… တကယ်ပဲ ညီမလေး ဖြစ်နေတာပဲ။ အခုနက အဝေးက မြင်လိုက်တော့ မသေချာဘူး ထင်နေတာ။ ညီမလေး တကယ် ရောက်နေလိမ့်မယ်လို့ မထင်ထားဘူး…။”

အမျိုးသမီး ကျင့်ကြံသူက လင်းဖန်၏ သုံးချောင်းထောက်စက်ဘီးကို ငုံ့ပြီး စူးစမ်းနေသော လီလဲ့ယန်ကို ဦးအောင် နှုတ်ဆက်လိုက်သည်။ ထိုအသံကို ကြားလိုက်ရသဖြင့် လီလဲ့ယန်က ဇဝေဇဝါဖြင့် ခေါင်းမော့ ကြည့်လိုက် သည်။ သူမကို နှုတ်ဆက်လိုက်သော အမျိုးသမီးကို မြင်လိုက်ရသည်နှင့် လီလဲ့ယန်၏ မျက်နှာတွင် ပျော်ရွှင်သော အပြုံးများ ချက်ချင်း ပေါ်လာတော့သည်။

“ဪ... စီနီယာအစ်မ လင်းနဲ့ စီနီယာအစ်ကို ကျောက် တို့ပါလား။ မတွေ့တာ ကြာပြီနော်…။”

ဤမြင်ကွင်းကို ကြည့်ရင်း လင်းဖန်၏ စျေးဝယ်ကို နွေးထွေးစွာ ကြိုဆိုချင်သည့် စိတ်ဆန္ဒများမှာ ချက် ချင်းပင် ပျောက်ကွယ်သွားတော့သည်။

*ဪ... စျေးဝယ်မဲ့သူမှတ်လို့ အသိတွေ ဖြစ်နေတာကိုး…။*

သို့သော် လင်းဖန်ကို ထူးဆန်းစေသည်မှာ သူတို့၏ အဝတ်အစားများမှာ ချင်းယွင်ဂိုဏ်းက အဝတ်အစား များနှင့် မတူခြင်းပင်။ လီလဲ့ယန်နှင့် မိနစ်အနည်းငယ် စကားပြောပြီးနောက် ထိုနှစ်ဦးမှာ ဘေးတွင် အနေ ခက်စွာ ရပ်နေသော လင်းဖန်ကို သတိရသွားကြသည်။ ထို့ကြောင့် အမျိုးသမီး ကျင့်ကြံသူက လီလဲ့ယန် ကို အရင်မေးလိုက်သည်။

“လဲ့ယန်... ဒါက ဘယ်သူလဲဟင်…။”

ထိုအမေးကို ကြားမှ လီလဲ့ယန်သည် ဘေးက လင်းဖန်ကို သတိရသွားသည်။

“ဪ... မိတ်ဆက်ပေးဖို့ မေ့သွားလို့…။ စီနီယာအစ်ကို လင်းဖန်... ဒီနှစ်ယောက်က အင်မော်တယ်စုံတွဲ ဂိုဏ်း က စီနီယာအစ်မ လင်းနဲ့ စီနီယာအစ်ကို ကျောက် တို့ပါရှင်…။”

All Chapters