← Chapters

အခန်း ၂၈

Vol. 3 Ch. 28

အခန်း ၂၈

Vol. 3 Ch. 28

အခန်း (၂၈) အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အစောပိုင်းအဆင့်သို့ အဆင့်မြှင့်တင်ခြင်း

လီလဲ့ယန်၏ မိတ်ဆက်ပေးမှုကြောင့် ထိုနှစ်ဦးမှာလည်း လင်းဖန်ကို နှုတ်ဆက်လိုက်ကြသည်။

“မိတ်ဆွေလင်း... တွေ့ရတာ ဝမ်းသာပါတယ်ရှင်။ မျိုးရိုးနာမည်တူနေလိမ့်မယ်လို့ မထင်ထားဘူး။ ကျွန် မက ကျင့်ကြံသူစုံတွဲဂိုဏ်းက လင်းရှင်းယောင်ပါ ဒါကတော့ ကျွန်မရဲ့ တာအိုလက်တွဲဖော်ပါရှင်…။”

အမျိုးသမီးကျင့်ကြံသူ လင်းရှင်းယောင်မှာ အတော်လေး ဖော်ရွေသူဖြစ်ပြီး စကားပြောပြီးနောက် ဘေးမှ သူမ၏ တာအိုလက်တွဲဖော်ကိုလည်း မိတ်ဆက်ပေးရန် မမေ့ပေ။

“ကျောက်ယုံချိုက်ပါ” ကျောက်ယုံချိုက်မှာတော့ အတော်လေး အေးစက်ပြီး ခေါင်းညိတ်ပြကာ နာမည် ပြောရုံသာ လုပ်လေသည်။

“အင်မော်တယ်စုံတွဲဂိုဏ်း” ဆိုသည့် အမည်ကို ကြားလိုက်ရသဖြင့် လင်းဖန်အနေဖြင့် ထိုနှစ်ဦး၏ အပြုအမူ ကို နားလည်သွားသည်။ ဂိုဏ်းအမည်ကတင် အချစ်ရေးကို အားပေးနေသည့်ပုံစံ ဖြစ်နေသည် မဟုတ် ပါလား။

“တွေ့ရတာ ဝမ်းသာပါတယ်...။ ကျွန်တော်က လင်းဖန်ပါ ဆေးဆရာတစ်ယောက်ဖြစ်ပြီး လော လော ဆယ် ချင်းယွင်ဂိုဏ်းမှာ ဧည့်သည်အဖြစ် နေထိုင်နေပါတယ်…။”

မိတ်ဆက်ရင်းနှင့် လင်းဖန်သည် သူ၏ ဆေးဆရာအဆင့်အတန်းကိုပါ ထည့်ပြောလိုက်သည်။ သူ ဆေးဆရာဖြစ်ကြောင်း လူသိများလေလေ အရောင်းအဝယ် အခွင့်အလမ်း ပိုများလေလေ ဖြစ်မည် မဟုတ်ပါလား။ ထို့ပြင် ဆေးဝါးအရင်းအမြစ် ရှားပါးသည့် ဤဒေသတွင် ဆေးဆရာဆိုသည့် အဆင့် အတန်းမှာ အလွန်ပင် တန်ဖိုးရှိလှပေသည်။

သေချာပေါက်ပင် မကောင်းသော ရည်ရွယ်ချက်ရှိသူများက သူ၏ ဆေးဆရာအဆင့်အတန်းကို သိသွား ပြီး သူတို့အတွက် ဆေးလုံးများ ဖော်စပ်ပေးရန် သူ့ကို အကျယ်ချုပ် ဖမ်းဆီးထားမည့် အန္တရာယ်လည်း ရှိ နိုင်သည်။ သို့သော် လင်းဖန်တွင် ပစ္စည်းတစ်ခုကို အလကား ဝယ်ယူခွင့်ရှိနေသဖြင့် တစ်စုံတစ်ယောက် ကလာပြီး ပြဿနာရှာမည်ဆိုလျှင် သူက ပို၍ပင် ပျော်နေဦးမည်။

ထိုအခါကျလျှင် 'အတိဒုက္ခအဆင့်'ကျင့်ကြံမှု သို့မဟုတ် ထိုအဆင့်ရှိသည့် ရုပ်သေးရုပ်များကို တိုက်ရိုက် လဲလှယ်ပြီး သူ့အပေါ် မကောင်းကြံသူအားလုံးကို အမြစ်ပြတ် သုတ်သင်ပစ်နိုင်သည်။ ထိုသို့လုပ်ခြင်း ဖြင့် အကျိုးအမြတ် အများကြီး ရနိုင်မည်ဟု သူ ယုံကြည်သည်။

ကံမကောင်းသည်မှာ လောလောဆယ်အထိ လင်းဖန်သည် သူ့ကို လုယက်သည့် မုတ်ဆိတ်ရှည်နှင့် ချီစုဆောင်းခြင်း အဆင့် (၉) ကျင့်ကြံသူတစ်ဦးနှင့်သာ တွေ့ဖူးသေးသည်။ ထိုတစ်ကြိမ်မှာပင် စိတ် ဝိညာဉ်ကျောက်တုံး တစ်ထောင်ကျော် အမြတ်ထွက်ခဲ့သည်။ ထိုအချိန်မှစ၍ သူသည် ဘာပြဿနာမှ ထပ်မကြုံရတော့သဖြင့် သူ၏ 'အလကားဝယ်ယူခွင့်' မှာ အသုံးမဝင်ဖြစ်နေပြီး ရိုးရိုးသားသားသာ အရောင်းအဝယ် လုပ်နေခဲ့ရသည်။

သို့သော်လည်း ဤကမ္ဘာကြီးမှာ ထင်သလောက် အေးချမ်းမည်မဟုတ်ကြောင်း လင်းဖန် ယုံကြည်သည်။ နောင်တစ်ချိန်တွင် ဤအလကားဝယ်ယူခွင့်ကို သုံးရမည့် အချိန်ရောက်လာမည်ဖြစ်ပြီး ထိုအချိန်မှာပင် သူ အကြီးအကျယ် ချမ်းသာလာလိမ့်မည်။

လင်းဖန် မိတ်ဆက်ပြီးနောက် လင်းရှင်းယောင်တို့ ဇနီးမောင်နှံမှာ အံ့သြသွားကြသည်။ ဘေးတွင် ရပ်နေ သော လီလဲ့ယန်ကလည်း ဝင်ရောက် ထောက်ခံပေးရန် မမေ့ပေ။

“စီနီယာအစ်မလင်း... စီနီယာအစ်ကိုလင်းဖန်က ဆေးဖော်စပ်တာတင် တော်တာမဟုတ်ဘူးနော် လက်နက်တွေ အဆင့်မြှင့်တင်တဲ့ နေရာမှာလည်း အလွန်တော်တာရှင်….။ နောက်ပြီး သူဖော်စပ်တဲ့ ဆေးလုံးတွေနဲ့ မှော်လက်နက်တွေက အာနိသင် တကယ်ထက်မြက်တာ။ ကျွန်မရဲ့ ပျံသန်းရေးဓားကို ကြည့်ဦးလေ...။”

သေချာပေါက်ပင် လီလဲ့ယန်မှာ သူမ၏ ထိပ်တန်းအဆင့် ပျံသန်းရေးဓားကို ထုတ်ကာ လင်းရှင်းယောင် ကို ဝင့်ကြွားစွာ ပြသလိုက်ပြန်သည်။

ဘေးတွင် ရပ်နေသော ကျောက်ယုံချိုက်မှာ လီလဲ့ယန်၏ စကားများကို နားထောင်ပြီးနောက် ဆိုင်ခန်း ရှေ့က ဆိုင်းဘုတ်ကို သတိထားမိသွားသည်။ ဆိုင်းဘုတ်ပေါ်မှ ဆေးလုံးအာနိသင် ဖော်ပြချက်များကို ကြည့်ကာ ကျောက်ယုံချိုက်မှာ မယုံနိုင်သလို ဖြစ်သွားရသည်။ သို့သော် တစ်ဖက်လူမှာ လီလဲ့ယန်နှင့် အတူ ဆိုင်ဖွင့်ထားသည် ဖြစ်သဖြင့် မယုံဘဲလည်း မနေနိုင်ပေ။

“မိတ်ဆွေလင်း... ဒီဆေးလုံးတွေရဲ့ အာနိသင်က တကယ်ပဲ ဆိုင်းဘုတ်ပေါ်မှာ ရေးထားသလိုလားဗျ…။”

ကျောက်ယုံချိုက်၏ စကားအပြီးမှာပင် လင်းရှင်းယောင်လည်း ဆိုင်းဘုတ်ကို မြင်သွားတော့သည်။

“အမလေး... ဆေးအာနိသင်တွေက အံ့သြစရာပဲ! အင်း... ဈေးနှုန်းက နည်းနည်း မြင့်နေပေမဲ့ အာနိသင် ကသာ တကယ်ဆိုရင်တော့ စျေးကြီးတယ်မဆိုပါဘူး။ မိတ်ဆွေလင်း... ကျွန်မတို့ကို ဒီဆေးလုံးတွေ ရောင်းပေးလို့ ရမလားရှင်….။”

*အရောင်းအဝယ် ဖြစ်ပြီဟေ့…*

လင်းရှင်းယောင်၏ အမေးကို ကြားလိုက်ရသဖြင့် လင်းဖန် အလွန်စိတ်လှုပ်ရှားသွားပြီး ဆေးလုံးများကို အမြန်ထုတ်ကာ တင်လိုက်တော့သည်။

“ရတာပေါ့ဗျာ ကျွန်တော်နဲ့ ညီမလေးလဲ့ယန်က ဈေးကွက်ကို ဆေးလာရောင်းတာပဲလေ။ မိတ်ဆွေလင်း တို့ ဘယ်လောက်များများ ဝယ်ချင်ပါသလဲ…။”

ဘေးက ကျောက်ယုံချိုက်နှင့် တိုင်ပင်ပြီးနောက် လင်းရှင်းယောင်က ဆုံးဖြတ်ချက် ချလိုက်သည်။

“ချီစုဆောင်းခြင်းဆေးလုံး (၁၀၀)၊ အဆာရှောင်ဆေး (၂၀၀)၊ ရှောင်ဟွမ်ဆေးလုံး (၂၀) နဲ့ အဆိပ် ဖြေဆေးလုံး (၂၀) ပေးပါရှင်….။”

လင်းဖန် ဖော်စပ်ထားသည့် ဆေးလုံးလေးမျိုးလုံးကို တစ်ဖက်လူက အမြောက်အမြား ဝယ်ယူလိုက် ခြင်းပင်။ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူဖြစ်သည့်အတိုင်း တကယ်ကို ချမ်းသာ ကြွယ်ဝလှသည်။ သို့သော် လင်းဖန် ချက်ချင်း ရိပ်မိလိုက်သည်မှာ တစ်ဖက်လူမှာ ဂိုဏ်းအတွက်ပါ ကိုယ် စားဝယ်ယူနေခြင်း ဖြစ်လိမ့်မည် ဟူ၍ပင်။ သူတို့၏ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်နှင့်ဆို လျှင် ချီစုဆောင်းခြင်းဆေးလုံးများမှာ လိုအပ်မည် မဟုတ်တော့ပေ။

လိုအပ်သော ဆေးလုံးများကို ရေတွက်ပြီးနောက် တစ်ဖက်လူက အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး (၁၉၀၀) ကို ထုတ်ကာ လင်းဖန်ထံ ကမ်းပေးလိုက်သည်။

“မိတ်ဆွေလင်း... ကျွန်မတို့မှာ စိတ်ဝိညာဉ်ကျောက်တုံး သိပ်အများကြီး ပါမလာလို့ အခုလောလော ဆယ်တော့ ဒါတွေပဲ ဝယ်ထားမယ်နော်။ ဒီဆေးတွေ ကုန်သွားရင် မိတ်ဆွေနဲ့ ဆက်ပြီး အရောင်းအဝယ် လုပ်လို့ ရမလား…။”

လင်းဖန်ကတော့ စိတ်ဝိညာဉ်ကျောက်တုံး မလောက်ဘူးဆိုသည့် တစ်ဖက်လူ၏ စကားကို လုံးဝ မယုံပေ ။ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူနှစ်ယောက်မှာ စိတ်ဝိညာဉ်ကျောက်တုံး (၂၀၀၀) တောင် မရှိဘဲ နေပါ့မလား။ တစ်ခုတည်းသော ပြဿနာမှာ ဆေးလုံး၏ အာနိသင်အစစ်အမှန်ကို မသိသေးသဖြင့် ပထမအကြိမ်တွင် အများကြီး မဝယ်ဝံ့ခြင်းသာ ဖြစ်လိမ့်မည်။ ဂိုဏ်းကို ပြန်သွားပြီးမှ အာနိသင်ကို စမ်းသပ်ကြည့်ချင်ကြခြင်းပင်။ သေချာပေါက် ဒါက ဖြစ်လေ့ဖြစ်ထရှိတာမို့ လင်းဖန်က လည်း ဖော်မပြခဲ့ချေ။

“ရတာပေါ့ခင်ဗျာ ကျွန်တော်က ချင်းယွင်ဂိုဏ်းမှာ ခဏလောက် ကြာအောင် နေဦးမှာပါ။ ဆက်ပြီး အရောင်းအဝယ် လုပ်ချင်တယ်ဆိုရင် ချင်းယွင်ဂိုဏ်းကို လာခဲ့ပြီး ကျွန်တော့်ကို ရှာလို့ရပါတယ်…။”

ထိုအချိန်တွင် လင်းဖန်သည် ဆေးလုံးများ၏ ဘေးထွက်ဆိုးကျိုးကို ရုတ်တရက် သတိရသွားသည်။ တစ်ဖက်လူမှာ လီလဲ့ယန်နှင့်လည်း ရင်းနှီးသူများ ဖြစ်သဖြင့် သေသေချာချာ ရှင်းပြရန် ဆုံးဖြတ်လိုက် သည်။ ထို့နောက် သူသည် ဆေးလုံးလေးမျိုးလုံး၏ ဘေးထွက်ဆိုးကျိုးများကို တစ်ခုချင်းစီ ရှင်းပြလိုက် သည်။

လင်းဖန်၏ ဆေးလုံးများတွင် ရှိနေသည့် ထူးဆန်းလှသော ဘေးထွက်ဆိုးကျိုးများကို နားထောင်ပြီး နော ၏က် ကျောက်ယုံချိုက်တို့ ဇနီးမောင်နှံ၏ မျက်နှာများမှာ အနည်းငယ် ရှုံ့မဲ့သွားကြသည်။ ရှောင်ဟွမ် ဆေးလုံးနှင့် အဆိပ်ဖြေဆေးလုံး၏ ဘေးထွက်ဆိုးကျိုးများကို ပြောပြချိန်တွင် လီလဲ့ယန် မှာလည်း ထိုဆေးနှစ်မျိုး၏ အာနိသင်ကို ပထမဆုံးအကြိမ် သိရခြင်းဖြစ်သဖြင့် အံ့သြသော မျက်နှာဖြင့် နား ထောင်နေခဲ့သည်။

“မိတ်ဆွေလင်း... ခင်ဗျားက တကယ်ကို ထူးခြားတဲ့သူပဲ…။”

ချီးကျူးခြင်း ဟုတ်သည်လား၊ မဟုတ်ဘူးလား ဆိုသည်ကို ခွဲခြားရခက်သော မှတ်ချက်တစ်ခု ကျောက်ယုံချိုက်၏ ပါးစပ်မှ ထွက်လာခဲ့သည်။

အရောင်းအဝယ် ပြီးစီးသွားပြီးနောက် လင်းရှင်းယောင်သည် လီလဲ့ယန်နှင့် ခေတ္တမျှ စကားပြောပြီး ကျောက်ယုံချိုက်နှင့် လက်ချင်းချိတ်ကာ ထွက်ခွာသွားကြသည်။ ထွက်သွားသော သူတို့စုံတွဲ နှစ်ဦး၏ ကျောပြင်ကို ကြည့်ရင်း လင်းဖန်တစ်ယောက် လူပျိုကြီးဘဝနဲ့ သူများချစ်ပြတာကို ထိုင်ကြည့်နေရသလို ခံစားလိုက်ရသည်။ ကျင့်ကြံခြင်းလောကထဲတွင် ဤကဲ့သို့သော မြင်ကွင်းမျိုးကို မြင်ရခြင်းက လင်းဖန် ကို အတော်လေး အံ့သြသင့် စေဆဲပင်။

“အင်မော်တယ်စုံတွဲဂိုဏ်းရဲ့ ကျင့်စဉ်တွေက နည်းနည်း ထူးခြားတယ်ရှင်။ အဲဒီဂိုဏ်းက တပည့်တွေ အားလုံး က စုံတွဲတွေချည်းပဲ…။”

လင်းဖန် အံ့သြနေသည်ကို သတိပြုမိပုံရသော ဘေးက လီလဲ့ယန်က အကျဉ်းချုပ် ရှင်းပြလိုက်သည်။

အင်မော်တယ်စုံတွဲဂိုဏ်းမှ ထိုနှစ်ဦးကို နှုတ်ဆက်ပြီးနောက် လင်းဖန်နှင့် လီလဲ့ယန်တို့မှာ ဆိုင်ခန်းရှေ့တွင် ငြီးငွေ့ဖွယ် စောင့်ဆိုင်းခြင်းကို ဆက်လက်လုပ်ဆောင်ကြပြန်သည်။ လင်းဖန် စိတ်ပျက်သွားသည်မှာ ကျင့်ကြံသူ အများစုမှာ ဆိုင်ရှေ့က ရေးထားသည့် ဈေးနှုန်းကိုပင် မမေးမြန်းကြခြင်းပင် ဖြစ်သည်။ အချိန်အတော်ကြာသည်အထိ စျေးဝယ် ထပ်မလာသဖြင့် လင်းဖန် စိတ်ပျက်မှုသာ ပိုတိုးလာခဲ့သည်။

*ကံကောင်းတာက စိတ်ဝိညာဉ်ကျောက်တုံး (၁၉၀၀) ရထားပြီပဲ ဒါနဲ့ဆိုရင် အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်ကို ရောက်ဖို့ လုံလောက်ပြီ…*

ဤသည်ကို တွေးမိသည်နှင့် လင်းဖန်သည် ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ရန် စနစ်ကို တိုက်ရိုက် ခေါ် လိုက်သည်။

“ကုန်စည်အမှိုက်ပုံးလေး.. ငါ ပိုက်ဆံသုံးတော့မယ်။ ငါ့ရဲ့ ကျင့်ကြံမှုအဆင့်ကို အဆင့်မြှင့်တင်ပေး စမ်း…။”

[ဒင်….သင်သည် စိတ်ဝိညာဉ်ကျောက်တုံး (၉၀၀) အသုံးပြုလိုက်ပါပြီ။ ဂုဏ်ယူပါတယ် ပိုင်ရှင်၊ သင် သည် အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အစောပိုင်းအဆင့်သို့ တက်လှမ်းသွားပါပြီ]

[ဒင်…. စိတ်ဝိညာဉ်ကျောက်တုံး မလုံလောက်ပါ။ စိတ်ဝိညာဉ်ကျောက်တုံးတွေ ပိုရအောင် ဆက်ပြီး ကြိုးစားပါဦး]

စိတ်ဝိညာဉ်ကျောက်တုံး မလောက်တော့ကြောင်း အသိပေးချက်ကို ကြားလိုက်ရသဖြင့် လင်းဖန် စနစ်ပြကွက်ကို အမြန်ဖွင့်ကြည့်လိုက်သည်။

ပိုင်ရှင် လင်းဖန် - အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အစောပိုင်းအဆင့် အဆင့်မြှင့်တင်ရန်

အခြေအနေ - [အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး (၀ / ၂၀၀၀၀)]

“ဟမ်… ဘာကြီးလဲ… အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အလယ်အလတ်အဆင့်ကို တက်ဖို့ စိတ်ဝိညာဉ်ကျောက်တုံး နှစ်သောင်းတောင် ကုန်မယ် ဟုတ်လား။ ဒါ ဓားပြတိုက်နေတာ မဟုတ်ဘူး လား…။”

[ပိုင်ရှင်က ဘာတွေ အံ့သြနေတာလဲ နှစ်သောင်းဆိုတာ အများကြီးလား…]

“မများဘဲ နေမလား။ သာမန် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို သွားမေးကြည့်လိုက်လေ သူတို့မှာ စိတ်ဝိညာဉ်ကျောက်တုံး နှစ်သောင်း ရှိသလားလို့…။”

[ပိုင်ရှင်က အဲ့ဒီလို တွက်လို့မရဘူးလေ။ တခြားသော အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေက စိတ်ဝိညာဉ်ကျောက်တုံးတွေကို မှော်လက်နက်တွေ၊ အဆောင်တွေ၊ ဆေးလုံးတွေနဲ့ တခြား အရင်းအမြစ်တွေ ဝယ်ယူတဲ့နေရာမှာ သုံးရတာ။ အဲ့ဒါတွေအားလုံး ပေါင်းလိုက်ရင် သူတို့ရဲ့ ပိုင်ဆိုင်မှုက နှစ်သောင်းထက် သေချာပေါက်ကျော်သွားလိမ့်မယ်။]

[အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို စိတ်ဝိညာဉ်ကျောက်တုံး နှစ်သောင်း ပေးလိုက်ရင်တောင် သူတို့က အလယ်အလတ်အဆင့်ကို ရောက်ချင်မှ ရောက်မှာ။ ဒါပေမဲ့ ပိုင်ရှင်ကတော့ စိတ်ဝိညာဉ်ကျောက်တုံး နှစ်သောင်းရှိရုံနဲ့ အလယ်အလတ်အဆင့်ကို ချက်ချင်း ရောက် သွားမှာဆိုတော့ တကယ်ကို တန်လွန်းပါတယ်။]

“နည်းနည်းလောက် လျှော့ပေးလို့ မရဘူးလား….။”

[မလျှော့ပေးနိုင်ပါဘူး ပိုင်ရှင်၊ ပိုင်ရှင် ပိုက်ဆံရအောင်ပဲ ကြိုးစားပါတော့။]

အဆင့်မြှင့်တင်ရန် လိုအပ်ချက်ကို ကြည့်ရင်း လင်းဖန်သည် ကြီးမားသော ဖိအားကို ရုတ်တရက် ခံစား လိုက်ရသည်။ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်မှာတင် ဤမျှလောက် စိတ်ဝိညာဉ် ကျောက် တုံးများ လိုအပ်နေလျှင် နောင်တစ်ချိန် ရွှေအမြုတေအဆင့်တို့၊ အခြေတည်စိတ်ဝိညာဉ်အဆင့်တို့သို့ ရောက်လျှင် လိုအပ်မည့် စိတ်ဝိညာဉ်ကျောက်တုံး အရေအတွက်မှာ ပို၍ပင် ထိတ်လန့်စရာ ကောင်းပေ လိမ့်မည်။

All Chapters