← Chapters

အခန်း ၂၉

Vol. 3 Ch. 29

အခန်း ၂၉

Vol. 3 Ch. 29

အခန်း (၂၉) ဒုတိယမျိုးဆက် နတ်ဘုရားလား။ ချန်မိသားစုရဲ့ တိုက်ရိုက်မျိုးဆက်လား

အရောင်းအဝယ်ကို အမြန်ဆုံး လည်ပတ်နိုင်အောင် လုပ်ရပေတော့မည်။ ယခုလို တစ်ယောက်တည်း ရုန်းကန်နေရတာက စီးပွားရေး တိုးချဲ့ဖို့ရန် ခက်ခဲလွန်းလှသည်။ နောင်ကျလျင် စီးပွားရေးလုပ်ငန်းကို ချဲ့ထွင်နိုင်မယ့် နည်းလမ်းတွေကို ရှာရပေမည်။

*ကုန်သည်ကြီးများအသင်း တည်ထောင်မလား။ ဒါမှမဟုတ် Louis Vuitton လိုမျိုး ဆိုင်ခွဲအမှတ်တံဆိပ် တွေ ဖန်တီးမလား….။*

“ဟေ့ကောင်... ဒီမှာရေးထားတဲ့ ဆေးလုံးအာနိသင်တွေက တကယ်လား…။”

လင်းဖန်တစ်ယောက် နောင်အနာဂတ် စီးပွားရေးအစီအစဉ်တွေကို တွေးနေတုန်းမှာပဲ အသံတစ်သံက ဖြတ်ပြောလိုက်သည်။ မော့ကြည့်လိုက်တော့ မျက်လုံးနည်းနည်းစွေနေသော ကျင့်ကြံသူတစ်ယောက်က သူ၏ ဆေးလုံးအာနိသင်တွေအကြောင်း မေးနေသည်ကို တွေ့လိုက်ရ၏။

“တကယ်ပေါ့…. အတုဆိုရင် ဆယ်ဆ ပြန်လျော်ပေးမယ်….။”

လင်းဖန်က ဝတ်ကျေတန်းကျေသာ ပြန်ဖြေလိုက်ပြီး သူ့ကို ဂရုမစိုက်တော့ဘဲ နေလိုက်၏။ အကြောင်း ရင်းကတော့ ရိုးရှင်းပေသည်။ တစ်ဖက်လူက သူ့အား “ဟေ့ကောင်” လို့ ခေါ်လိုက်ခြင်းက အတော်လေး ရိုင်းစိုင်းတယ်ဟု လင်းဖန် ခံစားလိုက်ရသောကြောင့်ပင်ဖြစ်သည်။

သူက အခုဆို အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေပြီ။ သာမန် ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က သူ့ကို ထိုကဲ့သို့ လာခေါ်သည်က ကျင့်ကြံခြင်းလော က၏ စည်းမျဉ်းတွေကို လုံးဝ နားမလည်ခြင်းပဲ ဖြစ်ရပေမည်။

သေချာပေါက် တစ်ဖက်လူက သူ အခြေ ခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကို ရောက်နေတာကို မသိတာလည်း ဖြစ်နိုင်သလို ထိုကဲ့သို့သော အဆင့်မြင့်ကျင့်ကြံသူက ဈေးကွက်ထဲမှာ ဆိုင်လာဖွင့်လိမ့် မည်ဟု မထင်ခြင်းလည်း ဖြစ်နိုင်ပေသည်။ သို့ပေမဲ့ ကိုယ့်ကိုယ်ကိုယ် ချီစုဆောင်းခြင်းအဆင့်လို့ပဲ သဘောထားထားဦးတော့ တစ်ဖက်လူကို “ဟေ့ကောင်”ဟုခေါ်သည်က လွန်လွန်းနေသည် မဟုတ်လား။

“မင်း နားမကြားဘူးလား ဟေ့ကောင်။ ငါ မေးနေတာကို မမြင်ဘူးလား….။”

လင်းဖန်က တစ်ခွန်းပဲ ပြန်ဖြေပြီး သူ့ကို လျစ်လျူရှုထားတာကြောင့် ချန်ယုံတစ်ယောက် သိသိသာသာ ကို စိတ်မရှည် ဖြစ်လာတော့သည်။

ချန်ယုံဟာ တတိယတန်းစား အင်အားစုဖြစ်တဲ့ ချန်မိသားစုရဲ့ တိုက်ရိုက်မျိုးဆက် တစ်ဦးဖြစ်ပြီး သူ၏ အဖေက ရွှေအမြုတေအဆင့် ကျင့်ကြံသူ ဖြစ်ပါတယ်။ ထိုကဲ့သို့ အဆင့်အတန်းကြောင့် မိသားစုက ငှားထားတဲ့ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေတောင် သူ့အား ရိုရိုသေသေ ဆက်ဆံကြရပြီး သူ့အမိန့်ကို မဖီဆန်ဝံ့ကြပေ။

ဒီနေ့မှာတော့ သူသည် အစောင့်များနှင့်အတူ လိုအပ်တာတွေ ဝယ်ဖို့ ထွက်လာခြင်းပင်။ သို့ပေမဲ့ သူ့ရှေ့ မှ လေလွင့်ကျင့်ကြံသူနဲ့တူသော ဤဈေးသည်လေးက သူ့အား လျစ်လျူရှုထားတာကြောင့် အမြဲတမ်း အာရုံစိုက်ခံခဲ့ရသော သူ့အတွက်တော့ နေရခက်စရာ ဖြစ်နေခဲ့၏။ အကယ်၍ ဤဈေးကွက်ထဲမှာ ခိုက်ရန်မဖြစ်ရဘူးဟုသာ အစောင့်က သတိပေးမထားခဲ့လျင် သူ ဒီကောင့်ကို ပညာပေးခိုင်းမိမှာ သေချာပေသည်။

လင်းဖန်ကတော့ တစ်ဖက်လူ၏ ရန်လိုသော လေသံကို ကြားရသောအခါ ပိုပြီးတော့တောင် စိတ်မရှည် ဖြစ်လာမိ၏။ သူ ဘာလို့ ဈေးကွက်အပြင်ဘက်တွင် ဒီလိုလူမျိုးနဲ့ မတွေ့ခဲ့ရသလဲဟုပင် တွေးနေမိ သေး သည်။ ဈေးကွက်အပြင်ဘက်က မုတ်ဆိတ်ထူထူ လူဆိုးဆီကနေ ရခဲ့တဲ့ အကျိုးအမြတ်ကို သူ အရသာ တွေ့နေခြင်းပင်။ အရင်းအနှီးမစိုက်ရတဲ့ ယခုလိုစီးပွားရေးမျိုးကို သူ တကယ် သဘောကျသည်ပင်။

တစ်ဖက်လူမှာ နောက်ခံရှိသလား၊ ပြဿနာတက်မလား ဆိုတာကိုတော့ သူ ဂရုမစိုက်ပေ။ လင်းဖန်က တော့ တစ်ဖက်လူမှာ နောက်ခံရှိနေမှာကိုတောင် မျှော်လင့်နေသေးသည်ပင်။ ဒီလို ဝေးလံခေါင်ဖျားတဲ့ နေရာမျိုးမှာ 'အတိဒုက္ခအဆင့်' ကျင့်ကြံသူတောင် မယှဉ်နိုင်တဲ့ အင်အားစု ရှိလိမ့်မယ်လို့ သူ လုံးဝ မယုံကြည်ပါဘူး။

အတိဒုက္ခအဆင့်ကိုသာ ယှဉ်နိုင်ရင်၊ နောက်ခံအင်အား ဘယ်လောက်ကြီးကြီး အလကားဝယ်ယူခွင့် ကို သုံးပြီး အကုန် ရှင်းပစ်လိုက်ရုံပင်။ ရလာမည့် စိတ်ဝိညာဉ်ကျောက်တုံးတွေက အခြေတည်စိတ်ဝိညာဉ် အဆင့် (သို့) ထို့ထက် မြင့်တဲ့အဆင့်ထိ တက်ဖို့ လုံလောက်မှာ သေချာပေသည်။

“ငါကတော့ လူတုံးတွေနဲ့ စကားမပြောချင်ဘူး။ ဆေးလုံးတွေရဲ့ အာနိသင်နဲ့ ဈေးနှုန်းကို ဆိုင်းဘုတ်မှာ ရေးထားပြီးသား။ ဝယ်ချင်ရင် ဝယ်၊ မဝယ်ချင်ရင် သွားတော့….။”

လင်းဖန်၏ စကားကြောင့် ဘေးက အရယ်သန်သော လီလဲ့ယန်ကတော့ တခိခိနဲ့ ရယ်နေတော့သည်။ လင်းဖန် ကတော့ ဘာက အဲ့ဒီလောက် ရယ်စရာကောင်းနေမှန်း မသိတော့ဘဲ ဆွံ့အလို့သာ နေလိုက်ရ သည်။ ဒါပေမဲ့ လီလဲ့ယန်ရဲ့ ရယ်သံက ချန်ယုံရဲ့ ဒေါသကို ပိုပြီး ဆွပေးလိုက်သလို ဖြစ်သွားလေ၏။

“မင်း ငါ့ကို စော်ကားရဲတယ်ပေါ့…။ ငါ့အဖေကလွဲရင် ငါ့ကို ဒီလိုမျိုး ဘယ်သူမှ မစော်ကားရဲသေးဘူး။ မင်းကများ...။”

ချန်ယုံက ကြိမ်းဝါးရန် ပြင်နေစဉ်မှာပဲ လင်းဖန်က ဖြတ်ပြောလိုက်တယ်။

“ဪ... ဒါဆို ဒီနေ့တော့ မင်း တွေ့ဖူးပြီပေါ့…”

စကားပြောနေတုန်း အဖြတ်ခံလိုက်ရသည့် ဒေါသကြောင့် ချန်ယုံ တစ်ယောက် ချက်ချင်း လက်ပါချင် လာသည်။ သို့ပေမဲ့ ဒီနေရာက ဈေးကွက်ဖြစ်နေတာကို သတိရပြီး ထိန်းလိုက်ရလေသည်။

“မင်း စောင့်နေလိုက်ဦး ဟေ့ကောင်လေး…။”

ထိုစကားကို ပြောပြီး ချန်ယုံတစ်ယောက် သူ့မိသားစုက အစောင့်တွေကို သွားရှာတော့တယ်။ ဒီနေ့ ချန်ယုံနဲ့အတူ မိသားစုက ငှားထားတဲ့ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ နှစ် ယောက် ပါလာလေသည်။ သူတို့က ကျင့်ကြံခြင်း အရင်းအမြစ်တွေ ဝယ်ဖို့ လာခဲ့ခြင်းဖြစ်ပြီး ချန်ယုံ ကတော့ အပျော်လိုက်လာခြင်းပင်။ အခုအချိန်မှာတော့ အစောင့်နှစ်ယောက်က အဆောင်ရောင်းတဲ့ ဆိုင်တစ်ခုမှာ ဈေးဆစ်နေကြလေသည်။

ချန်မိသားစုရဲ့ လက်အောက်ခံ ကျင့်ကြံသူအနေနဲ့ သူတို့ရဲ့ ကျင့်ကြံမှုတွေက မိသားစုအပေါ်မှာပဲ လုံးလုံး လျားလျား မှီခိုနေရသည်ပင်။ ပစ္စည်းဝယ်တဲ့အခါ ဈေးလျှော့နိုင်ရင် သူတို့အတွက် အပိုငွေလေးတွေ ရနိုင်ခြင်းကြောင့်ပင်။

“ချန်လုံ၊ ချန်ဟု... အဲဒီကောင့်ကို ပညာသွားပေးကြစမ်း။ ငါ သူ့ကို အိမ်ခေါ်သွားပြီး ခွေးစာကျွေးပစ် မယ်…။”

ချန်လုံနဲ့ ချန်ဟု ဆီမရောက်ခင်မှာတင် ချန်ယုံက အော်ဟစ် လိုက်တာကြောင့် ဘေးပတ်ဝန်းကျင်က ဈေးသည်များက သူ့ကို လူတုံးတစ်ယောက်လို ဝိုင်းကြည့်ကြတော့သည်။ ဒါကို ချန်လုံနဲ့ ချန်ဟုတို့က အတော်လေး အနေခက်သွားကြ၏။ ပတ်ဝန်းကျင်က အကြည့်တွေကြောင့် သူတို့ ရှက်သွားမိပြီး ချန်ယုံ ကို ချက်ချင်းပဲ ပါးရိုက်ပစ်ချင်စိတ် ပေါက်သွား၏။ သို့ပေမဲ့ ဒါက စိတ်ကူးထဲမှာသာ လုပ်နိုင်၏။

မိသားစုအင်အားစုတွေက ဂိုဏ်းတွေနဲ့ မတူပေ။ သူတို့က ကျင့်ကြံမှုအဆင့် နိမ့်လျင်တောင် မိသားစုရဲ့ တိုက်ရိုက်မျိုးဆက်တွေကို နာခံမယ့် ကျင့်ကြံသူတွေကိုပဲ မွေးမြူထားသည်ပင်။ မိသားစုခေါင်းဆောင် ကလည်း သူတို့ကို ထိန်းချုပ်ထားနိုင်တဲ့ နည်းလမ်းတွေ ရှိပေ၏။ သူတို့ ဘာလို့ ဂိုဏ်းထဲ မဝင်ဘဲ မိသားစု ထဲ ဝင်လာသလဲဆိုရင်တော့ တခြား ရွေးချယ်စရာ မရှိသောကြောင့်ပင်။ ထိုအစောင့်များက ဂိုဏ်းတွေ က သတိထားမိလောက်သော အရည်အချင်း မရှိကြခြင်း၊ သို့မဟုတ်လူသားဘဝကတည်းက မိသားစု၏ ထိန်းချုပ်မှုကို ခံထားရသူတွေသာ ဖြစ်ကြလေသည်။

ချန်ယုံက သူတို့ဆီ ရောက်လာပြီး ပိုပြီး ရိုင်းစိုင်းတာတွေ ပြောတော့မည့်ပုံကို မြင်သည်နှင့် ချန်လုံက ချက်ချင်း လျှောက်သွားပြီး ချန်ယုံရဲ့ နားနားကို တိုးတိုးလေး ကပ်ပြောလိုက်၏။

“သခင်လေးယုံ... ဒီဈေးကွက်ထဲမှာ လက်ပါလို့ မရဘူးခင်ဗျား။ ဒါက ဒီဒေသမှာရှိတဲ့ တတိယတန်းစား ဂိုဏ်းတွေအကြား သတ်မှတ်ထားတဲ့ စည်းကမ်းပါ။ စိတ်မပူပါနဲ့ သခင်လေး၊ ကျွန်တော်တို့ ဈေးကွက် အထွက်မှာ စောင့်နေပြီး သူ ဈေးထဲက ထွက်လာတာနဲ့ ဖမ်းလိုက်ပါ့မယ်….။”

ချန်လုံရဲ့ ရှင်းပြချက်ကို ကြားသောအခါ ချန်ယုံက ဒေါသထွက်ဖို့ ပြင်ပေမဲ့ နောက်က စကားကို ကြားတဲ့ အခါမှာတော့ ကျေနပ်သွားပုံ ရလေ၏။

“အေး... ဟိုဘက်မှာ ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် ရှိတယ်။ နှစ်ယောက်လုံးကို ဖမ်းပြီး ပြန်ခေါ်သွားမယ်။ ယောက်ျားကို ခွေးစာကျွေးမယ် မိန်းမကိုတော့ ငါ့အိပ်ရာထဲ ထည့်မယ်…။”

ချန်ယုံရဲ့ ထုံးစံအတိုင်း ပြောစကားကို ကြားတဲ့အခါ ချန်လုံက ချက်ချင်းပဲ ခေါင်းညိတ် ထောက်ခံလိုက် သည်။ ချန်ယုံက ဒါမျိုးလုပ်တာ ဒါ ပထမဆုံးအကြိမ် မဟုတ်တာ သိသာပေသည်။ ကျင့်ကြံခြင်းလောက က တကယ်ကို ရက်စက်ပေသည်။ အရင်ကလည်း ချန်ယုံသည် သူ၏ အဆင့်အတန်းကို သုံးပြီး ယောက်ျားတွေကို နှိပ်စက်၊ မိန်းမတွေကို စော်ကားခဲ့ခြင်းပင်။ ချန်လုံနဲ့ ချန်ဟုတို့ကလည်း ၎င်းအရာများ ကို အမြဲ ကူညီရှင်းပေးနေကျဖြစ်သောကြောင့် သခင်လေးရဲ့၏ အကျင့်ကို ကောင်းကောင်း သိနေကြပြီ။

သို့ပေမဲ့ သူတို့က ချန်ယုံလိုမျိုး တစ်ဖက်လူရဲ့ အဆင့်အတန်းကို မစဉ်းစားဘဲ မိုက်မိုက်ကန်းကန်းတော့ မလုပ်ကြပေ။ ဆုံးဖြတ်ချက် မချခင် တစ်ဖက်လူက ဘယ်သူလဲဆိုတာ အရင် စုံစမ်းရသည် ။ အကယ်၍ တစ်ဖက်လူက အနီးအနားက ဂိုဏ်းတစ်ခုခုက ဖြစ်နေရင်တော့ ချန်ယုံကို လက်လျှော့ဖို့ သူတို့ နားချရ မည်ပင်။ ချန်ယုံက လက်မခံရင်တောင် ပြန်ရောက်တဲ့အခါ မိသားစုခေါင်းဆောင်ကို တင်ပြလိုက်လျင် ခေါင်းဆောင်က သူတို့ကို အပြစ်တင်မှာ မဟုတ်ဘူးလို့ သူတို့ ယုံကြည်ကြလေသည်။

“သခင်လေးယုံ... ကျွန်တော့်ကို ဟိုဘက်က လူတွေကို အဝေးကနေ အရင် လိုက်ပြပေးပါဦး။ သူတို့ မျက်ခြေမပြတ်အောင် အမှတ်အသား တစ်ခုခု လုပ်ထားလို့ ရမလား ကြည့်ချင်လို့ပါ….။”

တကယ်တော့ အမှတ်အသား လုပ်သည်ဆိုခြင်းက အကြောင်းပြချက်သက်သက်ပင်။ ချန်လုံ၏ ရည်ရွယ်ချက်အစစ်က တစ်ဖက်လူအကြောင်းကို ပိုသိချင်ခြင်းပင်။

ထို့နောက် ချန်ယုံရဲ့ ဦးဆောင်မှုနဲ့ သူတို့တွေ လင်းဖန်ရဲ့ ဆိုင်ခန်းရှေ့ကို ရောက်လာခဲ့ကြလေသည်။

“တွေ့ပြီလား။ ဟိုမှာ ဆေးရောင်းနေတဲ့ နှစ်ယောက်ပဲ….။”

ချန်ယုံ ညွှန်ပြတဲ့ဘက်ကို ကြည့်လိုက်တော့ ချန်လုံက လင်းဖန်နဲ့ လီလဲ့ယန်ကို တွေ့လိုက်ရတယ်။ သူတို့ က ဘယ်ဂိုဏ်းဝတ်စုံကိုမှ ဝတ်မထားတာကို မြင်တော့ လေလွင့်ကျင့်ကြံသူတွေလို့ပဲ သူ ယူဆလိုက် ၏။ သို့ပေမဲ့ ပိုသေချာအောင် ချန်လုံက ဆက်ပြီး စုံစမ်းရန် ဆုံးဖြတ်လိုက်လေသည်။

“သခင်လေးယုံ... ကျန်တာ ကျွန်တော့်နဲ့ ထားခဲ့လိုက်ပါ။ သခင်လေးက ချန်ဟုဆီ အရင် ပြန်သွားလိုက် ပါဦး။ သူတို့ သတိမထားမိအောင် ခပ်လှမ်းလှမ်းကနေပဲ နေပါ….။”

ချန်ယုံ ထွက်သွားပြီးနောက်မှာတော့ ချန်လုံက လင်းဖန်ရဲ့ ဆိုင်ခန်းဆီကို အေးအေးဆေးဆေးပဲ လျှောက် သွားလိုက်၏။ လင်းဖန်တို့နား ရောက်သောအခါ ချန်လုံက သူတို့၏ စွမ်းအားတွေကို သေချာ အကဲခတ် ကြည့်လိုက်သောအခါ သူတို့နှစ်ယောက်လုံးက အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ များဖြစ်နေသည်ကို သိလိုက်ရ၏။

*ကံကောင်းလို့ ကိုယ်တိုင် လာကြည့်မိလို့ပေါ့ မဟုတ်ရင် သူတို့တွေကို လျှော့တွက်မိတော့မှာ…။*

ကံကောင်းတာက သူတို့နှစ်ယောက်လုံးက အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အစောပိုင်းအဆင့်မှာပဲ ရှိနေကြသေးသည်ပင်။ သူတို့၏ စွမ်းအားတွေကို ကြည့်ရသလောက်တော့ ဤအဆင့်ကို ရောက်သည် မှာ မကြာသေးသည့် ပုံစံမျိုးပင်။

All Chapters