အခန်း ၃၃
Vol. 4 Ch. 33
အခန်း (၃၃) ဘေးကကြည့်နေသူ စီနီယာအစ်ကို ချီ
ကံကောင်းထောက်မစွာဖြင့် ယခင်က အပုပ်နံ့နံသော လေလည်သံများကြား ဝိုင်းရံခံခဲ့ရသည့် အတွေ့ အကြုံကြောင့် ချင်းယွင်ဂိုဏ်းသားအများစုမှာ ယခုကဲ့သို့ အခြေအနေမျိုးကို ခံနိုင်ရည်ရှိနေကြပြီ ဖြစ် သည်။
ထိုကဲ့သို့ အပုပ်နံ့များ နံစော်နေသော်လည်း ချီစုဆောင်းခြင်းအဆင့် တပည့်များမှစ၍ အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်ရှိ သံတော်ဆင့်များအထိ ချင်းယွင်ဂိုဏ်းသားအားလုံးမှာ သန့်ရှင်းရေးသမား များအဖြစ် တာဝန်ယူခဲ့ကြရသည်။ သူတို့သည် အဖွဲ့လိုက်စီတန်းကာ ဂိုဏ်းဝန်းအတွင်းရှိ နေရာလပ်မ ကျန်အောင် သေချာစွာ သန့်ရှင်းရေးလုပ်ခဲ့ကြလေသည်။
သို့သော် ကျင့်ကြံသူတစ်ဦး၏ ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဉ်ချီစွမ်းအားမှာ အကန့်အသတ်မရှိသည်မ ဟုတ်ပေ။ သန့်စင်ခြင်းမှော်မန္တန်များမှာ စွမ်းအားစား သက်သာသည်ဆိုသော်ငြားလည်း ဤမျှကျယ်ဝန်း လှသော ဂိုဏ်းတစ်ခုလုံးကို နှံ့စပ်အောင် အသုံးပြုရန်အတွက်မူ မလုံလောက်နိုင်ပေ။
ကံမကောင်းစွာဖြင့် ချီစုဆောင်းခြင်းအဆင့် တပည့်များမှာ စိတ်ဝိညာဉ်စွမ်းအား ကုန်ခမ်းသွားသောအခါ ကျင့်ကြံရင်းဖြင့် စွမ်းအားပြန်လည်ဖြည့်ရန်အတွက် သန့်ရှင်းရေးကို ခေတ္တရပ်နားခဲ့ရသဖြင့် လုပ်ငန်းစဉ် မှာ ပို၍ပင် နှောင့် နှေးသွားခဲ့ရသည်။
နောက်တစ်နေ့ နံနက်တွင် ဈေးကွက်၌ ရှိနေသော ချီယုံနင်ထံသို့ ဂိုဏ်းမှ သတင်းစကားတစ်ခု ရောက် ရှိလာသည်။ အကြောင်းအရာမှာ ဂိုဏ်းအတွင်း သန့်ရှင်းရေးလုပ်ရန်အတွက် ပြန်လာရန်ပင် ဖြစ်သည်။ အပြင်ဘက်တွင် တာဝန်ကျနေသော စီမံခန့်ခွဲသူများကိုပါ ပြန်ခေါ်ရသည်အထိ ချင်းယွင်ဂိုဏ်း၏ သန့်ရှင်းရေးမှာ အလွန်ပင် လက်ဝင်နေကြောင်း သိသာလှသည်။
သတင်းရရချင်းတွင် ချီယုံနင်သည် လင်းဖန်နှင့် လီလဲ့ယန်တို့ကို သတိရသွားပြီး မပြန်မီ သူတို့အား နှုတ်ဆက်ရန် ဆုံးဖြတ်လိုက်သည်။ ဈေးကွက်အတွင်းရှိ ဆိုင်ခန်းများရှိရာသို့ ရောက်သောအခါ အဝေး မှနေ၍ ကြီးမားလှသော တဲကြီးတစ်လုံးကို သူ မြင်လိုက်ရသည်။
သူသည် ဇဝေဇဝါဖြင့် အနားသို့သွားရန် ပြင်လိုက်စဉ်မှာပင် တဲထဲမှ လူနှစ်ယောက် အပြေးအလွှား ထွက် လာသည်ကို တွေ့လိုက်ရသည်။ အနီးကပ်ကြည့်လိုက်သောအခါ ချီယုံနင်မှာ ဗုံးတစ်လုံးနှင့် တိုးလိုက် ရသလို အလွန်အမင်း အံ့အားသင့်သွားရလေတော့သည်။
"ဟာ... ဒါက... ဂျူနီယာညီလေးလင်းနဲ့ ဂျူနီယာညီမလေး လဲ့ယန်တို့ပါလား။ သူတို့... သူတို့ မနေ့ည က..."
ချီယုံနင်မှာ ကြောင်နေပြီးမှ သူတို့နှစ်ဦးကို စိတ်အနှောင့်အယှက် မဖြစ်စေရန်အတွက် တိတ်ဆိတ်သော နေရာတစ်ခုတွင် ခေတ္တပုန်းနေပြီးနောက်မှ ထွက်လာ၍ နှုတ်ဆက်ရန် ပြင်လိုက်သည်။
အမှန်စင်စစ် လင်းဖန်နှင့် လီလဲ့ယန်တို့မှာလည်း အတော်လေး အနေရခက်နေကြသည်။ လင်းဖန်သာ တဲအတွင်းမှ အဖြစ်အပျက်ကို ပြန်ကြည့်နိုင်သည့် စနစ်ရှိပါက သူ အစောကြီးကတည်းက စစ်ဆေး ကြည့်မိမည် ဖြစ်သည်။ မနေ့ညက အိပ်ခါနီးတွင် တဲ၏ ဘေးတစ်ဖက်တစ်ချက်စီ၌ ခပ်ဝေးဝေးခွာ၍ အိပ်ခဲ့ကြသည်ကို သူ ရှင်းရှင်းလင်းလင်း မှတ်မိနေခဲ့သည်။
သို့သော် ယနေ့နံနက် နိုးလာသောအခါ မည်သို့ဖြစ်သည်မသိ သူတို့နှစ်ယောက်မှာ တဲအလယ်တွင် တစ်ဦးနှင့်တစ်ဦး ပူးကပ်နေခဲ့ကြသည်။ လင်းဖန် ၏ လက်မောင်းမှာ ထုံကျဉ်နေသည်ကို ကြည့်ခြင်း အားဖြင့် လီလဲ့ယန်သည် လင်းဖန်၏ လက်မောင်းကို ခေါင်းအုံးအဖြစ် အသုံးပြုခဲ့မှန်း သိသာလှသည်။
*ကံကောင်းတာက ငါလည်း အရှုံးမရှိဘူး ငါ့ခြေထောက်ကလည်း သူမအပေါ် တင်ထားမိတာပဲ အဲ့ဒါ ဆိုရင်တော့ တို့နှစ်ယောက် သရေပဲပေါ့…*
ဟု လင်းဖန်က တွေးနေမိသည်။
နှစ်ဦးသားမှာ အနေရခက်နေကြသဖြင့် ဖြစ်ပျက်ခဲ့သည်များကို မသိချင်ယောင်ဆောင်ကာ တစ်ယောက် တစ်မျိုးစီ အလုပ်ရှုပ်နေကြသည်။ လင်းဖန်က ထိုအခွင့်အရေးကို အသုံးချကာ တဲကို အသာအယာ ပြန် လည်သိမ်းဆည်းလိုက်သည်။
လင်းဖန် တဲကိုသိမ်းပြီးသွားသောအခါမှ အဝေးမှ ချောင်းကြည့်နေသော ချီယုံနင်က ထွက်လာခဲ့သည်။
"ဂျူနီယာညီလေးလင်း၊ ဂျူနီယာညီမလေး လဲ့ယန် မင်းတို့က ဆိုင်ဖွင့်ဖို့ အစောကြီး ထလာကြတာပဲ…။"
ချီယုံနင်၏ အသံကို ကြားလိုက်ရသောအခါ လီလဲ့ယန်မှာ ချက်ချင်းပင် ထိတ်လန့်သွားသည်။
*ဒုက္ခပဲ၊ စီနီယာအစ်ကို ချီက ဘယ်အချိန်ကတည်းက ရောက်နေတာလဲ။ ခုနက အဖြစ်အပျက်ကို သူ မြင်သွားတာတော့ မဟုတ်လောက်ပါဘူးနော်…*
လီလဲ့ယန်မှာ စိုးရိမ်တကြီး လှည့်ကြည့်လိုက်သောအခါ လင်းဖန်က တဲကို သိမ်းပြီးနေပြီဖြစ်သဖြင့် သက်ပြင်းချနိုင်သွားသည်။
*တဲက သိမ်းပြီးသွားပြီဆိုတော့ စီနီယာအစ်ကို ချီ ဘာမှ မြင်လိုက်မှာ မဟုတ်ပါဘူးလေ…*
"စီနီယာအစ်ကို ချီ လည်း အစောကြီး နိုးနေတာပဲ…။"
ဟု လီလဲ့ယန်က ပြန်လည်၍နှုတ်ဆက်လိုက်သည်။
ထိုအခါမှ ချီယုံနင်မှာ သူ အစောကြီးလာရသည့် အကြောင်းရင်းကို သတိရသွားသည်။
*အာ... ဟုတ်သားပဲ။ ငါကတော့ သူတို့အကြောင်းကို စိတ်ဝင်တစားနဲ့ ကြည့်နေမိလိုက်တာ ဂိုဏ်းက ခေါ်ထားတာကို မေ့တော့မလို့။ အခု ပြန်မှ ဖြစ်တော့မယ်…*
"ညီမလေး၊ ငါလည်း အစောကြီး မထချင်ပါဘူး ဒါပေမဲ့ ဂိုဏ်းက အလုပ်ကိစ္စအတွက် ချက်ခြင်းပြန် လာဖို့ ခေါ်ထားလို့လေ။ ဒါကြောင့် မင်းတို့ကို နှုတ်ဆက်ပြီးတာနဲ့ ငါ ချက်ခြင်း ပြန်ရတော့မယ်….။"
ချီယုံနင်၏ စကားကြောင့် လီလဲ့ယန်မှာ ဇဝေဇဝါ ဖြစ်သွားသည်။
"အလုပ်ဟုတ်လား…။ ဂိုဏ်းထဲမှာ ဘာအလုပ်တွေ ရှိလို့လဲ။ သူတို့က အမြဲတမ်း ပျင်းနေကြတာ မဟုတ် ဘူးလား…။"
ချီယုံနင်က စိတ်ပျက်လက်ပျက် အပြုံးဖြင့်
"အဲ့ဒါကို ပြောမနေပါနဲ့တော့ဟာ။ ဘာကြောင့်လဲတော့ မသိဘူး မနေ့က ဂိုဏ်းထဲမှာ ရုတ်တရက် မိုးရွာ ချလိုက်တာလေ အဲ့ဒီမိုးရေတွေက အနံ့ကလည်း တော်တော်ဆိုးတာ။ ဂိုဏ်းတစ်ခုလုံးလည်း မစင်ကျင်း ထဲ ရောက်နေသလိုပဲ။ ဂိုဏ်းက ချီစုဆောင်းခြင်းအဆင့် တပည့်တွေက စိတ်ဝိညာဉ်စွမ်းအား မလောက် တော့လို့ သန့်ရှင်းရေးက တော်တော် နှောင့်နှေးနေတယ်…။"
"ဒါကြောင့် ငါတို့လို အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေကို ပြန်ကူခိုင်းတာပေါ့။ ဒါပေမဲ့ ညီမလေး လဲ့ယန် မင်းကတော့ ပြန်မလာသေးတာ အကောင်းဆုံးပဲ။ အဲ့ဒီမှာ နံစော်နေတာပဲလို့ ငါ ကြားတယ်….။"
ချီယုံနင်၏ ရှင်းပြချက်ကို ကြားသောအခါ လင်းဖန်မှာ အစောတည်းက အနံ့ခံကောင်းပြီး ရှောင်ထွက် လာခဲ့သည်မှာ မှန်သွားသည်ဟု တွေးကာ စိတ်သက်သာရာရသွားသည်။
*အခုဆို ဂိုဏ်းထဲမှာ မစင်ကျင်းလို ဖြစ်နေမှာပဲ…*
သို့သော် ထိုအနံ့ဆိုးသည့် မိုးရွာခြင်းမှာ သူ့ကြောင့်လည်း ဖြစ်နိုင်သည်ဟု တွေးမိသောကြောင့် လင်းဖန် က ဂိုဏ်းကို ကူညီရန် ဆေးလုံးအချို့ ထုတ်ပေးလိုက်လေသည်။
"စီနီယာအစ်ကို ချီ ကျွန်တော့ဆီမှာ စိတ်ဝိညာဉ်စွမ်းအားကို ပြန်ဖြည့်ပေးနိုင်တဲ့ အသေးစားအားဖြည့် ဆေးလုံးတွေ ရှိတယ်။ အဲ့ဒါတွေကို ယူသွားပေးပါလား။ ဒါဆိုရင် စိတ်ဝိညာဉ်စွမ်းအား ပြန်ဖြည့်ရတာ အချိန်မကုန်တော့ဘဲ အလုပ်ကို အမြန်ဆုံး အပြီးသတ်နိုင်တာပေါ့ မဟုတ်ဘူးလား…။"
လင်းဖန်က ထိုသို့ပြောရခြင်းမှာ ဂိုဏ်းသားများ အလုပ်အမြန်ပြီးမှ သူလည်း အိမ်ပြန်နိုင်မည်ဟု တွေး ထားသောကြောင့် ဖြစ်သည်။ အမှန်စင်စစ် လီယွမ်ဖေးသည် သူ့အား စိတ်ဝိညာဉ်ကျောက်တုံးများ ပေး ရန် ကျန်သေးသလို၊ ထိုဂိုဏ်းချုပ်ကြီးက သူ့အတွက် နောက်ထပ် စီးပွားရေးလမ်းစများ ရှာပေးထားနိုင် သည်ဟုလည်း မျှော်လင့်နေသည်။ လီယွမ်ဖေး၏ အဆက်အသွယ်ဖြင့်သာဆိုလျှင် ဈေးကွက်တွင် ရောင်းနေသည်ထက် ပို၍ မြန်မြန်ဆန်ဆန် ချမ်းသာလာနိုင်မည် ဖြစ်သည်။
ချီယုံနင်သည် လင်းဖန် ကမ်းပေးသော ဆေးလုံးများကို ကြည့်ကာ လင်းဖန်ကို အဓိပ္ပာယ်ပါပါ ကြည့် လိုက်သည်။ ထို့နောက် စိတ်ဝိညာဉ်ကျောက်တုံးများအကြောင်းကို တစ်ခွန်းမှ မဟဘဲ ဆေးလုံးများကို ချက်ချင်း လက်ခံလိုက်သဖြင့် လင်းဖန်မှာပင် ကြောင်သွားရသည်။
ချီယုံနင်၏ စိတ်ထဲတွင်မူ လင်းဖန်နှင့် လီလဲ့ယန်တို့မှာ တစ်မျိုးတစ်ဖုံ ဖြစ်နေကြပြီဟု ယုံကြည်နေသည်။ လင်းဖန် ပေးသော ဆေးလုံးများမှာလည်း ဂိုဏ်းချုပ်နှင့် မိသားစုဝင်ကဲ့သို့ ဖြစ်သွားပြီဖြစ်သဖြင့် စိတ်ဝိ ညာဉ်ကျောက်တုံးများအကြောင်း ပြောနေရန် မလိုတော့ဟု သူက ယူဆထားခြင်း ဖြစ်သည်။
"ကောင်းပြီ၊ ဂျူနီယာညီလေးလင်း၊ မင်းပေးတဲ့ ဆေးလုံးတွေအကြောင်းကို ဂိုဏ်းချုပ်ကို ငါ ပြောပြပေး ပါ့မယ်။ ဂိုဏ်းရဲ့ တာဝန်က အရေးကြီးနေလို့ ငါ အခုပဲ သွားတော့မယ်။ မင်းတို့နှစ်ယောက်လည်း အေး အေးဆေးဆေး အချိန်ဖြုန်းကြဦးပေါ့ ပြန်ဖို့ မလောပါနဲ့ဦး….။"
ထိုသို့ပြောပြီးနောက် ချီယုံနင်သည် သူ၏ ပျံသန်းခြင်းဓားကို ထုတ်ကာ ဂိုဏ်းရှိရာသို့ ပျံသန်းထွက်ခွာ သွားလေတော့သည်။
ချီယုံနင် ဓားစီးပြီး ပျံသန်းသွားသည်ကို ကြည့်ကာ လင်းဖန်သည်လည်း သူ အခြေခံအုတ်မြစ်တည် ဆောက်ခြင်းအဆင့်သို့ ရောက်နေပြီဖြစ်သဖြင့် ဓားပျံစီးနိုင်သည်ကို သတိရသွားသည်။
*ငါလည်း အပြင်ထွက်ပြီး ဓားပျံစီးကြည့်ရင် ကောင်းမလား…*
လင်းဖန်အတွက် ဓားမရှိမည်ကို စိုးရိမ်စရာမလိုပေ။ မနေ့က သူ အဆင့်တက်ပြီးနောက် 'ခရမ်းရွှေနတ် နဂါးထီး' တွင် 'ခရမ်းရွှေနတ်နဂါးဓား' အဖြစ် ပြောင်းလဲနိုင်သည့် ပုံစံတစ်ခု ထပ်တိုးလာခဲ့သည်။ ၎င်းမှာ 'ခရမ်းရွှေနတ်နဂါးလှံ' နှင့် မတူဘဲ ထီးမှ သီးသန့်ဆွဲထုတ်၍ ရသော ဓားဖြစ်သည်။
ထို့အပြင် 'ထုတ်လုပ်ရေးအဖွဲ့ဆေးမီးဖို' မှာလည်း ဒုတိယအဆင့် ဆေးလုံးများဖြစ်သည့် 'အခြေခံအုတ် မြစ်တည်ဆောက်ခြင်းဆေးလုံး' များကို စတင်ဖော်စပ်နိုင်ပြီ ဖြစ်သလို 'ခြေထောက်သုံးချောင်းရွှေကျီး သုံးဘီး' တွင်လည်း လုပ်ဆောင်ချက်အသစ်များ တိုးလာခဲ့လေသည်။
ချီယုံနင်မှာ အဝေးသို့ ပျံသန်းပျောက်ကွယ်သွားပြီ ဖြစ်သော်လည်း လင်းဖန်၏ ဓားစီးပျံသန်းလိုစိတ်မှာ ပျောက်ကွယ်မသွားသေးပေ။
"ဂျူနီယာညီမလေး လဲ့ယန် ငါ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကို ရောက်သွားပြီလေ။ တို့နှစ်ယောက် ဈေးကွက်အပြင်ဘက်မှာ ဓားစီးပျံသန်းတာ အတူတူ သွားလေ့ကျင့်ကြမလား"
လင်းဖန်၏ စကားကြောင့် လီလဲ့ယန်မှာ အံ့အားသင့်သွားပြီး လင်းဖန်၏ ကျင့်ကြံမှုအဆင့်ကို အာရုံခံ ကြည့်လိုက်သည်။
"ဟင်... စီနီယာအစ်ကိုလင်း၊ ရှင် ဘယ်တုန်းက အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကို ရောက် သွားတာလဲ။ ကျွန်မ လုံးဝ သတိမထားမိလိုက်ဘူး….။"
လီလဲ့ယန်က ထုံအနှေးကွေးနေ၍ မဟုတ်ပေ။ ကျင့်ကြံသူတစ်ဦး၏ အဆင့်ကို သိရှိရန်အတွက် သေချာ စွာ အာရုံစိုက်ကြည့်ရန် လိုအပ်သောကြောင့် ဖြစ်သည်။ မနေ့က ချန်ယုံပင်လျှင် လင်းဖန်အနားသို့ ချဉ်း ကပ်လာပြီးမှသာ လင်းဖန်၏ အဆင့်ကို သိခဲ့ခြင်း ဖြစ်သည်။
"ငါ မနေ့ကမှ အဆင့်တက်သွားတာလေ အခုဆိုရင် မင်း ငါ့ကို စီနီယာအစ်ကိုလို့ ခေါ်တာ တကယ်ပဲ ဆီလျော်သွားပြီပေါ့။ ကဲ... သွားကြစို့ ဓားပျံစီးတာ သွားလေ့ကျင့်ရအောင်…"
ထိုသို့ပြောပြီးနောက် လင်းဖန်သည် ဆိုင်ခန်းရှိ ဆေးလုံးများနှင့် သုံးဘီးဆိုင်ကယ်များကို စနစ်၏ ဟင်းလင်းပြင်ထဲသို့ သိမ်းဆည်းလိုက်ကာ လီလဲ့ယန်နှင့်အတူ ဈေးကွက်အပြင်ဘက်သို့ ထွက်လာခဲ့လေ သည်။
သူတို့နှစ်ဦး ဈေးကွက်အပြင်ဘက်သို့ ထွက်လာကြသည်ကို အဝေးမှ စောင့်ကြည့်နေသော ချန်ယုံက တိတ်တဆိတ် နောက်မှ လိုက်လာခဲ့သည်ကိုမူ လင်းဖန်တစ်ယောက် သိရှိခဲ့ခြင်းမရှိပေ။