အခန်း ၄၀
Vol. 4 Ch. 40
အခန်း (၄၀) ချန်မိသားစုကို မေးခွန်းထုတ်ခြင်း
စကားပြောနေရင်းနှင့်ပင် လီလဲ့ယန်သည် သူမအခုလေးတင် လဲလှယ်ထားသော အဖြူရောင် ရင်စီး အတွင်းခံလေးကို လင်းဖန်ထံ ကမ်းပေးလိုက်သည်။
လင်းဖန်သည် ဘာမှမပြောဘဲ လီလဲ့ယန်၏ ရင်စီးကို လှမ်းယူလိုက်ရာ လက်ထဲ၌ နွေးထွေးမှုကို ခံစား လိုက်ရသည်။ သူ၏စိတ်ထဲတွင် အတွေးတချို့ ယောင်ယမ်းဝင်ရောက်လာသော်လည်း ချက်ခြင်းပင် ထိုရင်စီးကို သတိထား၍ သိမ်းဆည်းလိုက်သည်။
"အဟမ်း... ဒါဆို အစ်ကို ဒါကို ဂျူနီယာညီမလေးအတွက် ခေတ္တသိမ်းထားပေးပါ့မယ်။ ဒါနဲ့ ညီမလေး... ဦးလေးလီတို့ရဲ့ ဆွေးနွေးမှုက ဘယ်လိုအခြေအနေရှိလဲ ချန်မိသားစုကို ဘယ်လိုကိုင်တွယ်ဖို့ စီစဉ်ထား ကြလဲဟင်…"
လီလဲ့ယန်က ခဏလောက် စဉ်းစားပြီးမှ...
"ကျွန်မလည်း သေချာမသိဘူး၊ ဒါပေမဲ့ ခုနတင် ဖေဖေတို့ ဂိုဏ်းကနေ ထွက်သွားတာ တွေ့လိုက်တယ်။ သူတို့ ချန်မိသားစုဆီ သွားကြတာ ထင်တာပဲ….။"
ထိုစကားကို ကြားသောအခါ လင်းဖန်က ခန့်မှန်းလိုက်သည်မှာ သူတို့သည် ချန်မိသားစုထံ ပြဿနာရှာ ရန် သွားကြခြင်း ဖြစ်ပေလိမ့်မည်။ လင်းဖန်၏ စိတ်ထဲတွင်မူ ဂိုဏ်းတစ်ခုလုံးကို စုစည်းပြီး ထိုမိသားစု တစ်ခုလုံးကို အမြစ်ပြတ်ချေမှုန်းပစ်လျှင် အကောင်းဆုံးဟု တွေးနေမိသည်။ ထိုသို့ဆိုလျှင် သူပါ စစ်နိုင် ပစ္စည်းအချို့ ရရှိနိုင်ပြီး ချမ်းသာသွားနိုင်မည် မဟုတ်ပါလား။
သို့သော် ဤသည်မှာ သူ၏ စိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်သည်။ လီယွမ်ဖေး၏ ဖုံးကွယ်ထားသော အခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံမှုနှင့်ဆိုလျှင် တတိယတန်းစား အင်အားစုတစ်ခုကို ဖျက်ဆီးရန် လက်ချောင်းလေးတစ်ချောင်းပင် လှုပ်စရာမလိုပေ။
ထိုအကြောင်းကို ဆက်မတွေးတော့ဘဲ လင်းဖန်သည် လီလဲ့ယန်နှင့်အတူ ဂူဗိမာန်အတွင်း၌ ဆက်လက် စကားပြောနေလိုက်သည်။
တတိယတန်းစား အင်အားစုဖြစ်သော ချန်မိသားစုထံသို့ လီယွမ်ဖေးနှင့် သူ၏ အဖော်နှစ်ယောက်တို့မှာ လျင်မြန်စွာ ရောက်ရှိလာခဲ့ကြသည်။ သူတို့သည် ရောက်ရောက်ချင်းမှာပင် သူတို့၏ ကျင့်ကြံမှုအဆင့် များကို ထုတ်ဖော်ပြသလိုက်ပြီး ချန်မိသားစုအိမ်တော်အထက်တွင် ပျံသန်းနေကြသည်။
"ချန်မိသားစု ခေါင်းဆောင် ဘယ်မှာလဲ ချက်ခြင်းထွက်လာပြီး ငါတို့ကို ကြိုဆိုစမ်း…။"
ထိုအချိန်တွင် သွေးမိစ္ဆာဂိုဏ်း ထံမှ ရရှိမည့် ဆုလာဘ်များကို အခန်းထဲ၌ စိတ်ကူးယဉ်နေသော ချန်ယွမ်ရှန်းသည် အပေါ်မှ ရွှေအမြုတေအဆင့် ကျင့်ကြံသူ၏ အရှိန်အဝါကို ရုတ်တရက် ခံစားလိုက် ရသည်။ သူက မျက်မှောင်ကြုတ်ရင်း တစ်ဦးတည်း ရေရွတ်လိုက်သည်။
"ငါက မင်းတို့ကို လိုက်မရှာရသေးဘူး မင်းတို့က ငါ့တံခါးဝအထိ ရောက်လာကြတာလား စိတ်ဝင်စားဖို့ ကောင်းသားပဲ….။"
စကားဆုံးသည်နှင့် သူသည် အပြင်ထွက်ပြီး ရင်ဆိုင်ရန် ပြင်လိုက်သည်။ သို့သော် ထရန်အလုပ်တွင် ရုတ်တရက် သတိဝင်လာသည်။
"မဟုတ်သေးဘူး၊ တစ်ဖက်က ရွှေအမြုတေအဆင့် ကျင့်ကြံသူ သုံးယောက်တောင် ရှိနေတာပဲ။ အခု လောလောဆယ် သူတို့ရဲ့ အရှိန်အဝါကို ရှောင်ရှားတာ ပိုကောင်းမယ်။ ပညာရှိဆိုတာ ရှုံးမယ့်တိုက်ပွဲကို မတိုက်ဘူး။ ငါ့ရဲ့ ဒုတိယညီ ပြန်ရောက်လာတဲ့အထိ စောင့်ပြီးမှ ဒီနေ့ကိစ္စအတွက် လက်စားချေရမယ်"
သူသည် ယခင်က မာနကြီးခဲ့သောကြောင့် မိသားစုထဲတွင် သူတစ်ဦးတည်းသာ ရွှေအမြုတေအဆင့် ကျင့်ကြံသူ ကျန်ရှိတော့သည်ကို ခေတ္တမေ့လျော့သွားခြင်း ဖြစ်သည်။
*ငါသာ သူတို့ကို ဒေါသထွက်အောင်လုပ်လို့ ငါ့ကို တိုက်ရိုက်တိုက်ခိုက်ရင် ငါ သူတို့ကို ယှဉ်နိုင်မှာမ ဟုတ်ဘူး။ ငါသာ သေသွားရင် သွေးမိစ္ဆာဂိုဏ်းက ဘယ်လောက်ပဲ အကျိုးအမြတ်တွေပေးပေး၊ ကလဲ့စားပဲ ချေပေးပေး ငါမှ မခံစားရတော့တာ….။*
ထိုသို့တွေးမိပြီး ချန်ယွမ်ရှန်းသည် သူ၏ မာနများကို ချက်ခြင်းဖျောက်ပစ်လိုက်ကာ အလျှော့ပေးသည့် အမူအရာဖြင့် ပြောင်းလဲလိုက်သည်။
"အို... မိတ်ဆွေတို့ ရောက်လာတာကို ကျွန်တော် မသိလိုက်လို့ ကြိုဆိုဖို့ နောက်ကျသွားတာ ခွင့်လွှတ် ပေးပါ…။"
ချန်ယွမ်ရှန်းသည် အခန်းထဲမှ ထွက်မလာခင် အဝေးကပင်လှမ်းပြောလိုက်သည်။ ထိုအချိန်တွင် ချန်မိသားစု အိမ်တော်အထက်မှ လူသုံးယောက်သည် အောက်ကို ငုံ့ကြည့်လိုက်ရာ ထွက်လာသော ချန်ယွမ်ရှန်းကို တွေ့ရှိသွားပြီး သူ့ထံသို့ ဆင်းသက်လာခဲ့ကြသည်။
လီယွမ်ဖေးနှင့် ကျန်နှစ်ယောက် မြေပြင်ပေါ်သို့ ဆင်းသက်ပြီးနောက် ချန်ယွမ်ရှန်းသည် ချက်ခြင်းပင် ကိုယ်ကိုနှိမ့်ချ၍ ဦးညွှတ်နှုတ်ဆက်လိုက်သည်။
"မိတ်ဆွေတို့... ငါ့ရဲ့ ချန်မိသားစုက ခင်ဗျားတို့ကို ဘယ်နေရာမှာ စော်ကားမိလို့လဲဆိုတာ သိပါရစေ။ တကယ်လို့ စော်ကားမိတာရှိရင်လည်း ကြိုတင်ပြီး တောင်းပန်ပါတယ်….။"
ချန်ယွမ်ရှန်း၏ ကြောက်ရွံ့နေသော အမူအရာကို မြင်လိုက်ရသောအခါ လီယွမ်ဖေးတို့ သုံးယောက်လုံး စိတ်အေးသွားကြသည်။ သူတို့၏ အမြင်တွင် ချန်မိသားစု၌ အားကိုးရမည့် နောက်ခံရှိနေပါက ဤမျှ လောက်အထိ နှိမ့်ချနေလိမ့်မည် မဟုတ်ပေ။
"မင်းက ချန်မိသားစုရဲ့ ခေါင်းဆောင်လား။ ငါ မေးမယ်... မင်း ဘာလို့ ငါ့သမီးနဲ့ ချင်းယွင်ဂိုဏ်းက ငါ့ရဲ့ ဂုဏ်သရေရှိ ဧည့်သည်ကို လုပ်ကြံဖို့ လူတွေလွှတ်ခဲ့တာလဲ….။"
လီယွမ်ဖေး၏ မေးခွန်းကို ကြားသောအခါ ချန်ယွမ်ရှန်းက အံ့သြဟန်ဆောင်ကာ ဝေဝေဝါးဝါး ပြန်ဖြေ လိုက်သည်။
"မိတ်ဆွေ... ဘာလို့ အဲ့ဒီလို ပြောရတာလဲ။ ငါ ဒီလိုမျိုး တစ်ခါမှ မလုပ်ခဲ့ပါဘူး….။"
ချန်ယွမ်ရှန်းသည် သရုပ်ဆောင်ရာတွင် တကယ့်ကို ပါရမီပါသည်ဟု ဆိုရမည်။ သူ၏ လက်ရှိ အမူအ ရာနှင့် လေသံအရဆိုလျှင် သူသည် ဘာမှမသိသည့်ပုံစံ ပေါက်နေသည်။
လီယွမ်ဖေးတို့က သူ့ကို ဘာမှမပြောဘဲ စိုက်ကြည့်နေသည်ကို မြင်သောအခါ ချန်ယွမ်ရှန်းက သူ၏ နဖူးကို ရိုက်ရင်း...
"ဒါဟာ ကျွန်မတို့ ချန်မိသားစုက ငှားထားတဲ့ အစောင့်တွေက မျက်စိမွဲနေလို့ မိတ်ဆွေတို့ကို စော်ကား လိုက်တာ ဖြစ်ရမယ်။ စိတ်ချပါ... အခုပဲ အစောင့်အားလုံးကို ခေါ်ထုတ်လာခဲ့ပါ့မယ် မိတ်ဆွေတို့ ကိုယ် တိုင် ခွဲခြားကြည့်ပေးကြပါ။ ဘယ်သူပဲ ဖြစ်ဖြစ် မိတ်ဆွေတို့ကို စော်ကားခဲ့တယ်ဆိုရင် သူတို့ကို မိတ်ဆွေ တို့ရှေ့မှာတင် ချက်ခြင်း သတ်ပစ်ပါ့မယ်…။"
လီယွမ်ဖေးသည် တစ်ဖက်လူ၏ မျက်နှာကိုကြည့်ကာ တစ်ခုခုကို ရှာဖွေနေသကဲ့သို့ တိတ်ဆိတ်နေဆဲ ဖြစ်သည်။ အမှန်အတိုင်း ပြောရလျှင် ချန်ယွမ်ရှန်း၏ နှိမ့်ချမှုကို မြင်သောအခါ သူတို့ အနည်းငယ် ယုံကြည်သွားခဲ့သည်။ သို့သော် ချန်ယွမ်ရှန်းက စကားတွေ ပိုပြောလာလေလေ လီယွမ်ဖေးတို့ တစ်ခုခု မှားယွင်းနေသည်ကို သတိထားမိလာလေလေ ဖြစ်သည်။
ချန်ယွမ်ရှန်းသည် ရိုသေဟန်ဆောင်နေသော်လည်း သူ၏ စကားပြောပုံမှာ တည်ငြိမ်လွန်းနေပြီး ရန်သူ နှင့် ရင်ဆိုင်နေရသူတစ်ဦး၏ ထိတ်လန့်တုန်လှုပ်မှုမျိုး မရှိပေ။
" ဟားဟား.. မိတ်ဆွေချန်၊ ငါတို့ ဒီနေ့ ဒီကိုလာတာ မင်းရဲ့ သရုပ်ဆောင်ကွက်တွေကို ကြည့်ဖို့ မဟုတ် ဘူး။ ဒီကိစ္စအတွက် ရှင်းလင်းချက် လိုချင်တယ်။ မင်းရဲ့လူတွေက အရင်တိုက်ခိုက်ခဲ့တာ ဖြစ်တဲ့အတွက် ငါတို့ ကျေနပ်လောက်တဲ့ ဖြေရှင်းချက်တစ်ခု ပေးရလိမ့်မယ်….။"
ထိုစကားကို ကြားသောအခါ ချန်ယွမ်ရှန်းသည် သူတို့ကို လှည့်စားရန် ခက်ခဲသွားမှန်း သိလိုက်သည်။ ထို့ကြောင့် သူက လျော်ကြေးအချို့ပေးပြီး ရွှေအမြုတေအဆင့် ကျင့်ကြံသူ သုံးယောက်ကို အမြန်ဆုံး နှင်ထုတ်ရန် ဆုံးဖြတ်လိုက်သည်။
မည်သို့ပင်ဆိုစေ လျော်ကြေးပေးလိုက်ခြင်းမှာ ခေတ္တခဏ အပ်နှံထားခြင်းသာ ဖြစ်သည်။ သူ၏ ညီအငယ်က သွေးမိစ္ဆာဂိုဏ်းမှ ကျွမ်းကျင်သူများနှင့်အတူ ရောက်လာပြီး သူတို့ဂိုဏ်းကို အမြစ်ဖြတ်ကာ လျော်ကြေးများကို ပြန်ယူလိုက်လျှင် နောက်ထပ် အမြတ်တစ်ခုတောင် ထွက်ဦးမည်ဖြစ်သည်။
"ကောင်းပါပြီလေ... ငါ တကယ်ပဲ ဒီကိစ္စကို မသိခဲ့ပေမဲ့ ခင်ဗျားတို့ ငါ့အိမ်ရှေ့အထိ ရောက်လာပြီဆို တော့ အကြောင်းရင်း တစ်ခုခုတော့ ရှိမှာပေါ့။ ဒီပဋိပက္ခကို ပြေလည်စေဖို့ ငါ လျော်ကြေးအချို့ ပေးပါ့ မယ်…။"
ထိုသို့ပြောပြီးနောက် ချန်ယွမ်ရှန်းသည် လီယွမ်ဖေးတို့ သူ့၏ စိတ်ရင်းကို ခံစားရစေရန်အတွက် အလွန် နှမြောတသဖြစ်နေသည့် အမူအရာကို ရည်ရွယ်ချက်ရှိရှိ လုပ်ပြလိုက်သည်။
ထိုစဉ်မှာပင် အရိပ်ထဲမှ ချောင်းမြောင်းနေသော ချန်ယုံသည် ရုတ်တရက် ထွက်လာခဲ့သည်။ လီယွမ်ဖေး တို့က ချန်ယုံ ပုန်းနေသည်ကို သိသော်လည်း သူသည် ချီစုဆောင်းခြင်း အဆင့်သာ ရှိသောကြောင့် လျစ်လျူရှုထားခဲ့ခြင်း ဖြစ်သည်။
ချန်ယွမ်ရှန်းသည် ချန်ယုံကို မြင်လိုက်ရသောအခါ *ဒုက္ခပဲ* ဟု စိတ်ထဲက တွေးလိုက်မိသည်။ ထိုကလေးက အရာရာကို ဖျက်စီးတော့မည် မဟုတ်ပါလား။
ချန်ယုံ စကားမပြောရသေးခင်မှာပင် သူက စတင် ငေါက်ငမ်းလိုက်သည်။
"ဒီကောင်လေး... မင်းက ဘယ်လိုတောင် ချောင်းကြည့်ရဲတာလဲ။ အခန်းထဲ ပြန်သွားပြီး ဒူးထောက် နေစမ်း။ နောက်မှ မင်းကို ငါ သင်ခန်းစာပေးမယ်…။"
ချန်ယုံသည် လီယွမ်ဖေးတို့၏ လေသံကို မကြိုက်ရုံသာမက သူ၏ ဖခင်က သူတို့ရှေ့တွင် ဤမျှ နှိမ့်ချ နေသည်ကို မြင်သောအခါ ဒေါသထွက်လာသည်။ ပုံမှန်ဆိုလျှင် သူသည် ဖခင်ဖြစ်သူကို ကြောက်ရွံ့သော် လည်း ယခုအခါ၌မူ ဖခင်၏ အမူအရာကြောင့် ကြောက်ရွံ့စိတ်များ ပျောက်ကွယ်သွားကာ...
"ဖေဖေ... သူတို့ကို ဘာလို့ ဒီလောက် ယဉ်ကျေးနေရတာလဲ။ ငါ့ချန်မိသားစုဆီ လာပြီး ပြဿနာရှာရဲတာ သူတို့ သေချင်လို့ပဲ ဖြစ်ရမယ်။ ဦးလေးလေးက သွေးမိစ္ဆာဂိုဏ်းဆီကို စစ်ကူသွားခေါ်ထားတယ် မဟုတ် လား။ ငါတို့ ဘာကို ကြောက်နေရမှာလဲ….။"
ချန်ယုံ၏ စကားကြောင့် ချန်ယွမ်ရှန်း၏ နှလုံးခုန်သံ မြန်လာပြီး ပျာယာခတ်သွားသည်။
"မင်း... မင်းကတော့ ကြောက်လန့်ပြီး ရူးကြောင်ကြောင်တွေ လျှောက်ပြောနေပြီ။ အခုချက်ခြင်း ထွက် သွားစမ်း….။"
ထို့နောက် ချန်ယွမ်ရှန်းက လီယွမ်ဖေးတို့ဘက်သို့ အမြန်လှည့်ကာ ပြာသလဲလဲ ရှင်းပြလိုက်သည်။
"မိတ်ဆွေတို့... ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့။ ငါ့ညီအငယ်က လွန်ခဲ့တဲ့ ရက်အနည်းငယ်က သွေးမိစ္ဆာ ဂိုဏ်းရဲ့ ပြင်ပတပည့်တစ်ယောက်နဲ့ တွေ့ပြီး သူနဲ့အတူ စွန့်စားခန်းသွားဖို့ ဖိတ်ခေါ်ခံရလို့ လိုက်သွားတာ ပါ။ သူ ဒီကိစ္စကို ဘာမှမသိပါဘူး။ ကျွန်တော့သားက ခင်ဗျားတို့ရဲ့ ကျင့်ကြံမှုအဆင့်တွေကို ကြည့်ပြီး ကြောက်လန့်တကြားနဲ့ လျှောက်ပြောနေတာပါ….။"
ထိုအချိန်တွင် လီယွမ်ဖေးတို့ သုံးယောက်မှာ အပြင်ပန်း၌ တိတ်ဆိတ်နေသော်လည်း အတွင်းစိတ်ထဲ၌မူ တယ်လီပသီ ဖြင့် အဆက်မပြတ် ဆက်သွယ်နေကြသည်။ အမှန်အတိုင်း ပြောရလျှင် ချန်ယုံပြောလိုက် သော သွေးမိစ္ဆာဂိုဏ်း အကြောင်းကို သူတို့ ကောင်းကောင်းသိသည်။
၎င်းသည် သတ္တမတန်းစား ဂိုဏ်းကြီးတစ်ခု ဖြစ်ပေသည်။