← Chapters

အခန်း ၄၁

Vol. 5 Ch. 41

အခန်း ၄၁

Vol. 5 Ch. 41

အခန်း (၄၁) နောက်ခံအင်အားချင်း ယှဉ်ပြိုင်ရသည့် အခိုက်အတန့်

အကယ်၍ ချန်ယုံပြောခဲ့သော စကားများသာ အမှန်ဖြစ်ပြီး ချန်မိသားစုသည် သွေးမိစ္ဆာဂိုဏ်း ဆီသို့ အကူအညီတောင်းရန် သွားခဲ့သည်ဆိုပါလျှင် ၎င်းသည် သူတို့အတွက် အလွန်ကြီးမားသော အန္တရာယ်ပင် ဖြစ်သည်။

ကော်ထျန်း : "အဘိုးကြီးလီ... ငါတို့ ဘာလုပ်ကြမလဲ။ အခုပဲ လက်ဦးမှုယူပြီး ဒီနေရာကလူတွေကို အကုန် သတ်ပစ်လိုက်ရမလား….။"

လီယွမ်ဖေး : "မဖြစ်ဘူး၊ အချိန်နှောင်းသွားပြီ။ တစ်ဖက်က အကူအညီတောင်းဖို့ လူလွှတ်ပြီးပြီဆိုတော့ အခု ငါတို့ ချန်မိသားစုကို အမြစ်ပြတ်ချေမှုန်းလိုက်ရင်တောင် သတင်းကို ဖုံးဖိလို့ရမှာ မဟုတ်ဘူး။ အဲ့ဒီ အစား ပြန်လည်ညှိနှိုင်းဖို့ လမ်းစပါ ပျောက်သွားလိမ့်မယ်…. ။"

ကျောက်ချင်းဟယ် : "ဒါဆို သွေးမိစ္ဆာဂိုဏ်းဆီ သွားတဲ့လမ်းကို လိုက်သွားပြီး သူတို့ကို ကြားဖြတ် တိုက်ခိုက်ရင်ကော…။"

လီယွမ်ဖေး :"အဲ့ဒါလည်း နောက်ကျသွားပြီ ထင်တယ်။ သူ့ရဲ့ ဒုတိယညီ ထွက်သွားတာလဲကြာနေပြီပဲ လေ ဘယ်သူသိမှာလဲ….။"

ကော်ထျန်း : "ဒါဆို ငါတို့ ဘာလုပ်ကြမှာလဲ။ ဒီအတိုင်း ထိုင်စောင့်ပြီး အသေခံကြမှာလား…။"

လီယွမ်ဖေး : "ဒီလိုလုပ်မယ်... ငါတို့ရဲ့ ကျင့်ကြံမှုအဆင့် အစစ်အမှန်ကို ထုတ်ပြပြီး ငါတို့နောက်မှာလည်း အားကောင်းတဲ့ နောက်ခံအင်အားတွေ ရှိနေတယ်ဆိုတဲ့ သတင်းစကား ပေးလိုက်မယ်။ ဒါဆိုရင် သွေးမိစ္ဆာဂိုဏ်းက လူလွှတ်လိုက်ရင်တောင် ငါတို့ကို တိုက်ခိုက်ဖို့ သူတို့ ဝေခွဲမရဖြစ်ပြီး တွန့်ဆုတ်သွား လိမ့်မယ်…..။"

ကျောက်ချင်းဟယ် : "အဲ့ဒါက အလုပ်ဖြစ်ပါ့မလား။ ငါတို့က ဟန်ပြခြိမ်းခြောက်နေတာဆိုတာ သူတို့ သိသွားရင်ကော။ ငါတို့ ဒုက္ခရောက်မှာပဲ….။"

လီယွမ်ဖေး : "ဒါကြောင့် ငါတို့က အစီအစဉ်နှစ်ခု ပြင်ထားရမယ်။ တစ်ဖက်က အချိန်ဆွဲဖို့ ရင်ဆိုင် နေရင်း နောက်တစ်ဖက်ကလည်း ငါတို့ရဲ့ တပည့်တွေကို တဖြည်းဖြည်း ရွှေ့ပြောင်းပြီး ပြန်လည် ထူထောင်နိုင်မယ့် နေရာသစ်တစ်ခုကို ရှာထားရမယ်….။"

လီယွမ်ဖေး၏ နောက်ဆုံး တယ်လီပသီ စကားကို ကြားသောအခါ ကော်ထျန်းနှင့် ကျောက်ချင်းဟယ်တို့ သည် ခေတ္တတိတ်ဆိတ်သွားပြီး မကျေမနပ်နှင့် သက်ပြင်းချလိုက်ကြသည်။

ကျောက်ချင်းဟယ် : "ငါနဲ့ ငါ့ရဲ့ တပည့်တွေ တစ်ခါပြန်ပြီး ထွက်ပြေးတိမ်းရှောင်နေရဦးမယ်လို့ မထင် ထားမိဘူး….."

ကော်ထျန်း : "တောက်... ငါကတော့ ဝေးလံခေါင်ဖျားတဲ့ နေရာတစ်ခုကို ရှာဖွေပြီး အေးအေးဆေးဆေး နေမလို့ပါဆိုမှ ဒီလိုကိစ္စမျိုးနဲ့ ထပ်တိုးနေရသေးတယ်….။"

သူတို့ သုံးယောက် အချင်းချင်း စကားပြောပြီး ဆုံးဖြတ်ချက်ချပြီးနောက် ချက်ခြင်းပင် စတင်လှုပ်ရှား လိုက်ကြသည်။

မူလက ရွှေအမြုတေအဆင့် (အလယ်အလတ်) ၌ ရှိနေသော လီယွမ်ဖေး၏ ကျင့်ကြံမှု အရှိန်အဝါသည် ရုတ်တရက် အဆက်မပြတ် မြင့်တက်လာပြီး ချက်ခြင်းပင် အခြေတည်စိတ်ဝိညာဉ်အဆင့် (အလယ် အလတ်) သို့ ရောက်ရှိသွားသည်။ တစ်ချိန်တည်းမှာပင် သူ၏ ဘေး၌ရှိသော ကျောက်ချင်းဟယ်နှင့် ကော်ထျန်းတို့သည်လည်း သူတို့၏ အခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံမှုကို ထုတ်ဖော်ပြသလိုက် ကြသည်။

အကယ်၍ လင်းဖန်သာ ထိုနေရာတွင် ရှိနေပါက ဤမြင်ကွင်းကို ကြည့်ပြီး သူတို့ကို လူအုပ်စုလိုက် ဟန်ဆောင်ကောင်းသူများဟု ဆဲဆိုနေပေလိမ့်မည်။

လီယွမ်ဖေးတို့ သုံးယောက်ကို စိုးရိမ်တကြီး စောင့်ကြည့်နေသော ချန်ယွမ်ရှန်းသည် သူတို့၏ ကျင့်ကြံမှု အဆင့်များ လျင်မြန်စွာ မြင့်တက်လာသည်ကို ခံစားလိုက်ရသောအခါ မျက်နှာပျက်သွားပြီး မျက်လုံး ထဲတွင် ကြောက်ရွံ့မှုများစွာဖြင့် ပြည့်နှက်သွားခဲ့လေသည်။

*ဒါ ဘယ်လိုဖြစ်တာလဲ။ သူတို့က ရွှေအမြုတေအဆင့် အလယ်အလတ်မှာ ရှိနေတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ် ချက်ချင်းအသွင်ပြောင်းလဲသွားတာလဲ….။*

ရုတ်တရက် ပြောင်းလဲသွားသော အခြေအနေကြောင့် ချန်ယွမ်ရှန်းမှာ အခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ သုံးယောက်၏ ဖိအားအောက်တွင် မြေပြင်ပေါ်သို့ အရုပ်ကြိုးပျက်လဲကျသွားတော့သည်။

ချန်ယွမ်ရှန်း၏ ပုံစံကို ကြည့်ပြီး လီယွမ်ဖေးက တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။

"ဟား…ဟား... သွေးမိစ္ဆာဂိုဏ်း ပေါ့လေ။ သတ္တမတန်းစား ဂိုဏ်းဆိုတော့ တော်တော်လေး အင်အား ကြီးတာပဲ။ ဒါပေမဲ့ ငါတို့ သုံးယောက်ကလည်း သာမန်ဂိုဏ်းလေးတွေက လာခဲ့ကြတာ မဟုတ်ဘူး..။"

ကြမ်းပြင်ပေါ်တွင် လဲကျနေသော ချန်ယွမ်ရှန်းသည် ထိုလူသုံးဦးထံမှ ထွက်ပေါ်လာသော ဖိအားကို အတိုင်းသား ခံစားနေရသည်။ လီယွမ်ဖေး၏ စကားကို ကြားသောအခါ သူ အနည်းငယ်မျှပင် သံသယ မရှိတော့ပေ။

အဘယ်ကြောင့်ဆိုသော် ထိုစကားများအရ သူတို့ သုံးဦးမှာ ဂိုဏ်းကြီးများမှ ကိုယ်ပိုင်အင်အားစု တည် ထောင်ရန် ထွက်လာကြသော တပည့်များ ဖြစ်ရမည်ဟု ယူဆလိုက်သောကြောင့် ဖြစ်သည်။ အခြေ တည်စိတ်ဝိညာဉ်အဆင့် ရှိသော တပည့်တစ်ဦးကို ပိုင်ဆိုင်ထားသည့် ဂိုဏ်းမှာ အလွန်အင်အားကြီးမား ပေလိမ့်မည်။

ကြောက်ရွံ့မှုနှင့် ဖိအားများကြောင့် ချန်ယွမ်ရှန်းသည် ချက်ချင်းပင် ဝပ်တွားကာ ခွင့်လွှတ်ပေးရန် တောင်းပန်တော့သည်။

"စီနီယာတို့... ကျွန်တော့်ကို ခွင့်လွှတ်ပေးကြပါ။ ကျွန်တော် မျက်စိမရှိလို့ စော်ကားမိတာပါ။ ကျေးဇူး ပြုပြီး အပြစ်မယူပါနဲ့။ ကျွန်တော့်ရဲ့ ဒုတိယညီက သွေးမိစ္ဆာဂိုဏ်းရဲ့ တပည့်တစ်ယောက်ပါ။ သူ့နောက် ကွယ်က အင်အားကို ထောက်ထားပြီး ဒီတစ်ကြိမ်တော့ ကျွန်တော့်ကို အသက်ချမ်းသာပေးကြပါလို့ တောင်းပန် ပါတယ်။ အင်အားကြီး ဂိုဏ်းနှစ်ခုကြားမှာ ပဋိပက္ခမဖြစ်အောင် သွေးမိစ္ဆာဂိုဏ်းကို ကျွန်တော် သေချာပြန် ရှင်းပြလိုက်ပါ့မယ်….။"

ချန်ယွမ်ရှန်းသည် မူလက တည်ငြိမ်မှုများ ပျောက်ဆုံးသွားသည်ကို မြင်သောအခါ လီယွမ်ဖေးက ထပ်ပြောလိုက်သည်။

"မင်းက တော်တော်ပါးနပ်တာပဲ ဒါပေမဲ့ မင်းပြောတာ မှန်တယ်။ မင်းတို့လို ချန်မိသားစုလေး တစ်ခု ကြောင့်နဲ့ အင်အားကြီး နှစ်ဖက် ထိပ်တိုက်တွေ့ဖို့ မထိုက်တန်ဘူး….။"

"ဒီနေ့တော့ မင်းတို့ ချန်မိသားစုရဲ့ အသက်ကို ချမ်းသာပေးလိုက်မယ်။ နောက်သုံးရက်နေရင် မင်းကိုယ် တိုင် ငါ့ရဲ့ ချင်းယွင်ဂိုဏ်းကို လာပြီး လျော်ကြေးပေးပြီး တောင်းပန်ရမယ်။ ငါတို့ ကျေနပ်ပြီဆိုရင်တော့ ဒီကိစ္စကို ဒီမှာတင် အဆုံးသတ်ပေးမယ်….။"

"ဒါမှမဟုတ်ရင်တော့ မင်းနောက်မှာ သွေးမိစ္ဆာဂိုဏ်း ရှိနေရင်တောင် ငါတို့ရဲ့ ဂိုဏ်းတွေကတော့ ငါတို့ရဲ့ တပည့်တွေ အပြင်မှာ ခြိမ်းခြောက်ခံနေရတာကို ဒီအတိုင်း ထိုင်ကြည့်နေမှာ မဟုတ်ဘူး။ သွေးမိစ္ဆာဂိုဏ်း ဆီအထိ သွားပြီး ရှင်းပြခိုင်းရလိမ့်မယ်….။"

ထိုစကားများကို လီယွမ်ဖေးသည် တစ်ဖက်လူ၌ သတ္တမတန်းစား နောက်ခံရှိသည်ကို သိရသော်လည်း အလွန်ယုံကြည်မှု ရှိနေသည့်ပုံစံဖြင့် ပြောဆိုနေခြင်း ဖြစ်သည်။ ထိုစကားများကြောင့် ချန်ယွမ်ရှန်းမှာ တစ်ဖက်လူ၏ နောက်ခံအင်အားမှာ အနည်းဆုံး သတ္တမတန်းစား သို့မဟုတ် ထို့ထက် ပိုမြင့်သော အင်အားစု ဖြစ်ရမည်ဟု အခိုင်အမာ ယုံကြည်သွားလေတော့သည်။

ယခုအခါ ချန်ယွမ်ရှန်းသည် မည်သည့် မကောင်းသော အတွေးမျှ မရှိတော့ဘဲ အလျင်အမြန် သဘော တူလိုက်ရုံသာ ရှိတော့သည်။

"အသက်ချမ်းသာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ။ စိတ်ချပါ... သုံးရက်အတွင်းမှာ စီနီယာ တို့ ကျေနပ်အောင် လာပြီး တောင်းပန်ပါ့မယ်…။"

ချန်ယွမ်ရှန်း၏ ကြောက်လန့်တကြား စကားများကို ကြားသောအခါ လီယွမ်ဖေးတို့ သုံးယောက် စိတ် သက်သာရာ ရသွားကြသည်။ သူတို့၏ ဟန်ပြခြိမ်းခြောက်မှုက တစ်ဖက်လူကို ကြောက်လန့်သွားစေ မည်ဟု မျှော်လင့်ရပေမည်။

"ကောင်းပြီ... ငါတို့ ဒီနေ့ ဒီမှာ ကြာကြာမနေတော့ဘူး။ နောက်သုံးရက်အတွင်း ဒီကိစ္စ ပြေလည်သွားဖို့ ကိုမျှော်လင့်တယ်….။"

ပြောပြောဆိုဆိုနှင့် သူတို့ သုံးဦးမှာ ကောင်းကင်သို့ ပျံတက်ပြီး ချန်မိသားစုထံမှ ထွက်ခွာသွားကြလေ တော့သည်။

အချိန်အတော်ကြာမှ ချွေးစေးများ ထွက်ကာ ကြောက်လန့်နေသော ချန်ယွမ်ရှန်းမှာ တုန်တုန်ရင်ရင်နှင့် ပြန်ထလာနိုင်သည်။ ယခုအချိန်တွင် သူသည် ဘေးဒုက္ခမှ လွတ်မြောက်သွား၍ ဝမ်းသာနေခြင်းထက် တစ်ဖက်လူ ကျေနပ်အောင် မည်သို့ လျော်ကြေးပေးရမည်ကို အလွန်အမင်း စိုးရိမ်ပူပန်နေမိသည်။

သူသည် လီယွမ်ဖေး၏ စကားများကို တကယ်ဟု ယုံကြည်သွားသောကြောင့် သွေးမိစ္ဆာဂိုဏ်းမှ လူများ ကို သုံးပြီး တစ်ဖက်လူကို သတ်ပစ်ရန် မရဲတော့ပေ။ သူ၏ စိတ်ထဲတွင် အမြန်ဆုံး တောင်းပန်ပြီး ခွင့်လွှတ်မှု ခံယူရန်သာ ရှိတော့သည်။

သူ၏ အမြင်တွင် တစ်ဖက်လူမှာ အခြေတည်စိတ်ဝိညာဉ်အဆင့် မဟုတ်ခဲ့လျှင်တောင် တတိယတန်းစား အင်အားစုဖြစ်သော ချင်းယွင်ဂိုဏ်းမှာ သူ၏ ချန်မိသားစုထက် များစွာသာလွန်နေဆဲ ဖြစ်သည်။ သူတို့၏ အင်အားစုမှာ ဂိုဏ်းကြီးများမှ တပည့်များက တည်ထောင်ထားခြင်း ဖြစ်သောကြောင့် အနှစ်သာရအား ဖြင့် ဂိုဏ်းကြီးများ၏ လက်အောက်ခံသာ ဖြစ်သည်။ ချန်မိသားစုမှာမူ မည်သည့် အခြေခံမျှမရှိဘဲ ဂိုဏ်းကြီးတစ်ခု၏ မျက်စိကျခြင်း ခံရသည့် လူတစ်ယောက်ရှိရုံမျှသာ ဖြစ်သည်။

နောက်ခံအင်အားချင်း ယှဉ်ကြည့်လျှင် မည်သူက ပိုအရေးပါသည်ကို ခွဲခြားရန် လွယ်ကူလှသည်။ အကယ်၍ တစ်ဖက်လူ၏ နောက်ခံမှာ သွေးမိစ္ဆာဂိုဏ်းနှင့် အဆင့်တူနေပါက သွေးမိစ္ဆာဂိုဏ်းသည် ဆက်စပ်မှု မရှိလှသော ချန်မိသားစုလေးအတွက်နှင့် အင်အားကြီး ဂိုဏ်းတစ်ခုနှင့် အဖုအထစ် ဖြစ်ခံ လိမ့်မည် မဟုတ်ပေ။

"ဟူး... မင်းတို့က ဒီလောက် အင်အားကြီးတဲ့ နောက်ခံနဲ့ ကျင့်ကြံမှုတွေ ရှိနေပါလျက်နဲ့ ဘာလို့ ဒီလို ဝေးလံတဲ့ နေရာမျိုးမှာ လာနေကြတာလဲ။ ဒါက တမင်တကာ အင်အားနည်းသလို ဟန်ဆောင်နေတာ မဟုတ်ဘူးလား….။"

စိတ်တည်ငြိမ်သွားသောအခါ ချန်ယွမ်ရှန်းမှာ ဇဝေဇဝါနှင့် တစ်ဦးတည်း ရေရွတ်မိသည်။

သို့သော် သူ၏ ရေရွတ်သံသည် လီယွမ်ဖေးတို့၏ သံသယဖြစ်ဖွယ် အချက်များကိုပါ ဖော်ပြနေခြင်း ဖြစ် သည်။ ယခုအခါ ချန်ယွမ်ရှန်းမှာ ကြောက်စိတ်ကြောင့် တွေဝေနေသော်လည်း အကယ်၍ သွေးမိစ္ဆာ ဂိုဏ်းမှ ကျင့်ကြံသူများ ရောက်လာပါက တစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိ သွားနိုင်ပေသည်။

အဘယ်ကြောင့်ဆိုသော် အင်အားကြီး ဂိုဏ်းတစ်ခုမှ တပည့်ဖြစ်သူသည် သူ၏ ကျင့်ကြံမှုကို အဘယ် ကြောင့် ဖုံးကွယ်ထားရသနည်း။ ဘာကြောင့် ဤကဲ့သို့ ဝေးလံသော နေရာကို ရွေးချယ်ရသနည်း ဆိုသည်မှာ ကျိုးကြောင်းမဆီလျော်သောကြောင့် ဖြစ်သည်။

ဂိုဏ်းကြီးများမှ တပည့်များသည် ကိုယ်ပိုင်အင်အား တည်ထောင်လိုပါက အရင်းအမြစ် ပေါများပြီး လူစည်ကားသော နေရာများကိုသာ ရွေးချယ်လေ့ရှိသည်။ ထိုမှသာ အရင်းအမြစ်များ ရရှိနိုင်ပြီး ပါရမီရှင် တပည့်များကိုလည်း စုဆောင်းနိုင်မည် ဖြစ်သည်။ သို့သော် ဤနေရာ၌ ဘာမှမရှိပေ။

ထို့ကြောင့် လီယွမ်ဖေးတို့၏ မည်သူမည်ဝါ ဖြစ်ကြောင်းကို သံသယ ဖြစ်လာနိုင်စရာ ရှိပေသည်။

လီယွမ်ဖေးနှင့် ကျန်နှစ်ယောက်တို့မှာ အခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံမှုကို မဖုံးကွယ်တော့ သောကြောင့် သူတို့၏ အိမ်ပြန်လမ်းမှာ လာစဉ်ကထက် များစွာ ပိုမိုမြန်ဆန်ခဲ့ပြီး ခဏအတွင်းမှာပင် ချင်းယွင်ဂိုဏ်းသို့ ပြန်ရောက်လာခဲ့သည်။

ဂိုဏ်းသို့ ပြန်ရောက်သောအခါ လီယွမ်ဖေး၏ မျက်နှာမှာ ချန်မိသားစု၌ ရှိစဉ်ကကဲ့သို့ တည်ငြိမ်မှု မရှိ တော့ဘဲ စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသည်။ ကော်ထျန်းနှင့် ကျောက်ချင်းဟယ်တို့လည်း ထိုနည်းတူပင် ဖြစ်သည်။

သူတို့ သုံးဦး ခန်းမထဲသို့ ဝင်လာပြီးနောက် လီယွမ်ဖေးက စတင်ပြောဆိုလိုက်သည်။

"အဖိုးကြီးကျောက်... အဖိုးကြီးကော်... ငါတို့ ချန်မိသားစုမှာ ပြောခဲ့တဲ့ စကားတွေက သိပ်ကြာကြာ ခံမှာမဟုတ်ဘူး။ ငါတို့ ဂိုဏ်းကို ရွှေ့ပြောင်းဖို့ အမြန်ပြင်ဆင်ရမယ်…။"

All Chapters