← Chapters

အခန်း ၄၂

Vol. 5 Ch. 42

အခန်း ၄၂

Vol. 5 Ch. 42

အခန်း (၄၂) လွတ်မြောက်ရာလမ်းကို ရှာဖွေခြင်း

"ချန်မိသားစုကို လှည့်စားရတာ လွယ်ပေမဲ့ သွေးမိစ္ဆာဂိုဏ်း က လူတွေကိုတော့ အဲ့လောက် အလွယ် တကူ လှည့်စားလို့ရမှာ မဟုတ်ဘူး…။"

လီယွမ်ဖေးသည်လည်း သူတို့အုပ်စု၏ လုပ်ရပ်များမှာ သံသယဖြစ်ဖွယ် အလွန်ကောင်းနေပြီး သေချာစိ စစ်ကြည့်ပါက ပေါ်သွားနိုင်မှန်း သိရှိပေသည်။

လီယွမ်ဖေး၏ စကားကို ကြားပြီးနောက် ကော်ထျန်းက ခဏမျှ တိတ်ဆိတ်သွားပြီးမှ ပြောလိုက်သည်။

"ဒီတစ်ကြိမ် သွေးမိစ္ဆာဂိုဏ်းကလူတွေကို လှည့်စားနိုင်မလားဆိုတာ စောင့်ကြည့်ကြတာပေါ့။ အကယ်၍ သူတို့ပါ အလှည့်စားခံရတယ်ဆိုရင်တော့ ငါတို့ ပြောင်းရွှေ့စရာ မလိုတော့ဘူး…။"

ကျောက်ချင်းဟယ်ကလည်း ဝင်ရောက်ထောက်ခံလိုက်သည်။

"အဘိုးကြီးကော် ပြောတာမှန်တယ်။ အကယ်၍ သူတို့ကို ခြိမ်းခြောက်လို့မရရင်တောင် ငါတို့ရဲ့ ဝှက်ဖဲတချို့ ကိုသုံးပြီး အခုရောက်လာမယ့်လူတွေကိုတော့ ရှင်းပစ်လို့ရမှာပါ။ အဲ့ဒီကျမှ ဂိုဏ်းပြောင်းဖို့ ပြင်ဆင်တာ လည်း မနှောင်းသေးပါဘူး…။"

လီယွမ်ဖေးက ခဏမျှ စဉ်းစားပြီးနောက် သူတို့၏ ဆုံးဖြတ်ချက်ကို သဘောတူကာ ခေါင်းညိတ်လိုက် သည်။

"ကောင်းပြီ... လောလောဆယ်တော့ စောင့်ကြည့်ကြတာပေါ့။ သူတို့မျက်လုံးထဲမှာ ငါတို့က တတိယ တန်းစား အင်အားစုလေးတွေပဲလေ။ ဘယ်သူပဲလာလာ ကျင့်ကြံမှုအဆင့်က အဲ့လောက် မမြင့်နိုင်ပါဘူး။ အခြေတည်စိတ်ဝိညာဉ်အဆင့် ရောက်နေရင်တောင် ငါတို့ရဲ့ ဝှက်ဖဲတွေနဲ့ဆိုရင် ပြန်တိုက်ဖို့ လုံလောက် ပါတယ်…။"

သူတို့ သုံးယောက်လုံးသည် မိမိတို့၏ ဂိုဏ်းသားများကို ခေါ်ဆောင်ကာ ဤနေရာမှ ထွက်ပြေးရမည်ကို မလိုလားကြပေ။ အဘယ်ကြောင့်ဆိုသော် ဂိုဏ်းတစ်ခုလုံး အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းခြင်းသည် အရင်းအမြစ်များစွာ ဆုံးရှုံးစေရုံသာမက တပည့်များ၏ စိတ်ဓာတ်ကိုပါ ပြင်းပြင်းထန်ထန် ထိခိုက်စေ နိုင်သောကြောင့် ဖြစ်သည်။

ထို့အပြင် သူတို့ ထွက်ပြေးချင်သည်ဆိုလျှင်ပင် ဘယ်ကို ပြေးရမည်နည်း။ အခြေစိုက်စခန်းအသစ် မတွေ့ခင်အထိ တပည့်များစွာကိုခေါ်ပြီး လှည့်လည်ထွက်ပြေးနေသည့် ဘဝကို ဖြတ်သန်းကြ ရမည်လော။

ထို့ကြောင့် သွေးမိစ္ဆာဂိုဏ်းသည် သူတို့နောက်ကွယ်မှ လုပ်ကြံဖန်တီးထားသော အင်အားစုကို ကြောက် လန့်သွားလိမ့်မည်ဟု လောင်းကြေးထပ်ကာ စွန့်စားကြည့်ခြင်းက ပိုကောင်းပေသည်။ အကယ်၍ ခြိမ်း ခြောက်၍ မရလျှင်တောင် အနည်းဆုံးတော့ တစ်ဖက်လူကို သတ်ပစ်ပြီးမှ ထွက်ပြေး၍ ရနိုင်သေးသည်။ ဘာမှမလုပ်ဘဲ ထွက်ပြေးခြင်းထက်စာလျှင် များစွာ သာလွန်ပေသည်။

သွေးမိစ္ဆာဂိုဏ်းအနေဖြင့် တတိယတန်းစား အင်အားစုလေးတစ်ခုကို ကိုင်တွယ်ရန် အခြေတည်စိတ် ဝိညာဉ်အဆင့်ထက် ကျော်လွန်သော ကျင့်ကြံသူကို လွှတ်လိမ့်မည်ဟု သူတို့ မယုံကြည်ကြပေ။ အလွန် ဆုံးရှိမှ အခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ တစ်ယောက်သာ ဖြစ်ပေလိမ့်မည်။

နောက်သုံးရက်အကြာတွင် ချင်းယွင်ဂိုဏ်း၌ ပြန်ဆုံရန် လီယွမ်ဖေးနှင့် သဘောတူညီမှု ရယူပြီးနောက် ကော်ထျန်းနှင့် ကျောက်ချင်းဟယ်တို့သည် ပြင်ဆင်မှုများ ပြုလုပ်ရန် မိမိတို့ ဂိုဏ်းအသီးသီးသို့ ပြန်သွား ကြသည်။ သုံးရက်အကြာတွင် ချန်ယွမ်ရှန်းက လာရောက်တောင်းပန်သည်ဖြစ်စေ၊ သွေးမိစ္ဆာဂိုဏ်းက လာရောက် မေးမြန်းသည်ဖြစ်စေ သူတို့ သုံးယောက်လုံး အတူတကွ ရင်ဆိုင်ကြမည်ဖြစ်သည်။

အကယ်၍ တစ်ဖက်က တောင်းပန်လာလျှင် ဘေးအန္တရာယ် ကင်းစင်သွားပြီဖြစ်၍ ထွက်ပြေးရန် မလို တော့ပေ။ အကယ်၍ ရှင်းပြချက် လာတောင်းလျှင်မူ သူတို့ အင်အားစုပေါင်းပြီး တစ်ဖက်လူကို သတ် ကာ အခြားနေရာသို့ ပြောင်းရွှေ့ကြမည်ဖြစ်သည်။ အကောင်းဆုံး ရလဒ်မှာမူ သွေးမိစ္ဆာဂိုဏ်းမှ လူများ မှာ သူတို့၏ လှည့်ကွက်ထဲတွင် သက်ဆင်းသွားပြီး ဘေးအန္တရာယ်ကို အောင်မြင်စွာ ကျော်လွှားနိုင်ခြင်း ပင်။

သူတို့သည် နှုတ်ကတိမျှဖြင့် တစ်ဖက်လူကို ယုံကြည်စေရန် မမျှော်လင့်ထားဘဲ သူတို့သည် ဂိုဏ်းကြီး များမှ လာသည်ကို သက်သေပြရန် ပစ္စည်းအချို့ကိုပါ ထုတ်ပြရန် စီစဉ်ထားကြသည်။

ကော်ထျန်းနှင့် ကျောက်ချင်းဟယ်တို့ ထွက်သွားပြီးနောက် လီယွမ်ဖေးသည် လင်းဖန်ကို ခေါ်ယူလိုက် သည်။ ဤကိစ္စနှင့် ပတ်သက်၍ သူ့ကို ပြောပြသင့်သည်ဟု ခံစားရသောကြောင့် ဖြစ်သည်။

ပထမအချက်မှာ ဤပြဿနာ၏ မြစ်ဖျားခံရာမှာ ချန်မိသားစုသည် လင်းဖန်၏ ဆေးလုံးများ သို့မဟုတ် ဆေးဆရာအဆင့်အတန်းကို လောဘတက်ခဲ့ခြင်းကြောင့် ဖြစ်သည်။ တိုက်ရိုက်ပတ်သက်နေသူ ဖြစ် သည့်အတွက် လင်းဖန်အနေဖြင့် သိပိုင်ခွင့်ရှိသည်။

ဒုတိယအချက်မှာ အကယ်၍ ခြိမ်းခြောက်မှု မအောင်မြင်ဘဲ ဂိုဏ်းပြောင်းရွှေ့ရလျှင် လင်းဖန်အနေဖြင့် သူတို့နှင့်အတူ လိုက်မည်လား သို့မဟုတ် အခြားနေရာသို့ သွားမည်လားဆိုသည်ကို ကြိုတင် အသိပေး ထားရန် လိုအပ်သည်။

ထို့အပြင် လီယွမ်ဖေးသည် လင်းဖန်၏ ဆရာအပေါ်၌ မျှော်လင့်ချက် အချို့ ထားရှိနေဆဲဖြစ်သည်။ လင်းဖန်၏ ဆရာသည် သူတို့အတွက် ဤဘေးဒုက္ခကို ကျော်လွှားရန် ကူညီပေးနိုင်ကောင်း ပေးနိုင်လိမ့် မည်။ ဤကမ္ဘာကြီးတွင် မြင့်မားသော ဆေးဆရာများသည် မဟာမိတ်ဂိုဏ်းများစွာ ရှိတတ်ကြသည်။ ထို ဂိုဏ်းများသည် ဆေးလုံးကောင်းများ ရရှိရန်အတွက် ဆေးဆရာကြီးများကို အစွမ်းကုန် ကျေနပ်အောင် ထားတတ်ကြသည်။ လီယွမ်ဖေး မျှော်လင့်နေသည်မှာ လင်းဖန်၏ ဆရာသည် အဆင့်မြင့် ဆေးဆရာ တစ်ဦး ဖြစ်နေခဲ့လျှင် ဤကိစ္စတွင် လှုပ်ရှားစရာ အခွင့်အလမ်း ရှိလာမည်ဖြစ်သည်။

ထိုဆရာမှာ အဆင့် (၇) သို့မဟုတ် အဆင့် (၈) ဆေးဆရာ ဖြစ်ရန်ပင် မလိုပါ။ အဆင့် (၆) သို့မဟုတ် အဆင့် (၅) ဆေးဆရာမျှ ဖြစ်နေလျှင်ပင် သွေးမိစ္ဆာဂိုဏ်းအနေဖြင့် မျက်နှာသာပေးရမည်ဖြစ်ပြီး အချို့ သော သတ္တမတန်းစား ဂိုဏ်းများပင် လင်းဖန်ဘက်မှ မားမားမတ်မတ် ရပ်တည်ပေးလာနိုင်ပေသည်။

လီယွမ်ဖေး၏ သတင်းစကားကို ရရှိသည်နှင့် လင်းဖန်သည် ဂိုဏ်းချုပ်ခန်းမသို့ လျင်မြန်စွာ ရောက်ရှိ လာသည်။

"ဦးလေးလီ... ဘာကိစ္စရှိလို့လဲ…။ ကျွန်တော် ပေးထားတဲ့ ဆေးလုံးတွေ ရောင်းကုန်ပြီလား။ ဪ... ကျွန်တော်ကတော့ စိတ်ဝိညာဉ်ကျောက်တုံးတွေကို သိပ်မလောပါဘူး။ အားတဲ့အခါမှပဲ ဆေးဖက်ဝင် အပင်တွေအဖြစ် ပြောင်းပေးရင် ရပါပြီ….။"

လင်းဖန်သည် ခန်းမထဲသို့ ရောက်သည်နှင့် လီယွမ်ဖေးကို တွေ့တွေ့ချင်းပင် စိတ်ဝိညာဉ်ကျောက်တုံး ကိစ္စကို စတင်ပြောဆိုတော့သည်။ လီယွမ်ဖေးက သူ့ကို စိတ်ဝိညာဉ်ကျောက်တုံးများ ပေးရန် ကျန်နေ သေးသည်ကို သူ မှတ်မိနေဆဲပင်။

ယခင်က သူသည် ချီစုဆောင်းခြင်းဆေးလုံး (၆၀၀) နှင့် အဆာရှောင်ဆေးလုံး (၆၀၀) ကို ပေးထားခဲ့ သည်။ ထိုဆေးလုံးများမှာ ယခုအချိန်တွင် ရောင်းကုန်လောက်ပြီ ဖြစ်သော်လည်း လင်းဖန်သည် စိတ်ဝိညာဉ်ကျောက်တုံးများကို အခုချိန်ထိ မမြင်ရသေးပေ။

လီယွမ်ဖေးသည် လင်းဖန် ဝင်လာသည်ကို မြင်သောအခါ စကားစရန် ပြင်လိုက်သော်လည်း လင်းဖန်၏ စကားကြောင့် ဆွံ့အသွားရသည်။

*ဆေးလုံးတွေဟုတ်လား…။ ဘယ်က စိတ်ဝိညာဉ်ကျောက်တုံးလဲ…။*

ခေတ္တမျှ ကြောင်သွားပြီးနောက် လီယွမ်ဖေးသည် ထိုကိစ္စကို ပြန်သတိရသွားပြီး ချက်ခြင်းပင် အောင့်သက်သက် ပြုံးလိုက်သည်။

"အော်... လင်းဖန်။ ငါ့ရဲ့ မှတ်ဉာဏ်ကိုလည်း ကြည့်ပါဦး။ ဒီရက်ပိုင်းအတွင်းမှာ အရမ်းအလုပ်ရှုပ်နေတာနဲ့ ဒါကို လုံးဝ မေ့သလို ဖြစ်သွားတယ်…။"

လီယွမ်ဖေး ပြောသည်မှာ အမှန်ပင်။ ပြန်စဉ်းစားကြည့်လျှင် လင်းဖန် ဂိုဏ်းသို့ ရောက်လာကတည်းက ပျင်းရိနေတတ်သော သူသည် တစ်ခုပြီးတစ်ခု ဖြစ်ပျက်နေသော ကိစ္စရပ်များကြောင့် အနားမရခဲ့ပေ။ ပထမဆုံး ဂိုဏ်းတစ်ခုလုံး အနံ့အသက်ဆိုးများကြောင့် ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ရသည်။ ထို့နောက် လင်းဖန်အတွက် ဆေးလုံးရောင်းပေးရန် ထျန်းဟော်ဂိုဏ်း သို့ သွားခဲ့ရသည်။ ပြန်ရောက်ပြန်တော့လည်း အနံ့ဆိုးမိုးရွာသည့် ကိစ္စနှင့် တိုးပြန်သည်။ ထိုအနံ့ဆိုးများကို ရှင်းလင်းပြီးကာရှိသေး ချန်မိသားစု ကိစ္စနှင့် ရင်ဆိုင်ရပြန်သည်။

ထိုအရာများကို တွေးမိရင်း လီယွမ်ဖေးက လင်းဖန်ကို ကြည့်လိုက်မိသည်။

*ဒီကောင်လေးက သွားလေ ရာ ပြဿနာတွေ သယ်လာတတ်တဲ့ ဂြိုဟ်ကောင်လေးများလား…။*

"မင်းအတွက် စိတ်ဝိညာဉ်ကျောက်တုံးတွေကိုတော့ ခဏနေရင် ပေးပါ့မယ်။ ဆေးဖက်ဝင်အပင်တွေ အတွက်ကတော့... တောင်နောက်ဘက်က ဆေးဖက်ဝင်အပင်စိုက်ခင်းဆီကို လူတစ်ယောက်နဲ့ လွှတ် လိုက်မယ်။ အဲ့ဒီမှာရှိတဲ့ အပင်တွေအားလုံးကို မင်းယူသွားလိုက်ပါ။ ဘာပဲဖြစ်ဖြစ် ဂိုဏ်းကသာ ထွက် ပြေးရမယ်ဆိုရင် ဒီအပင်တွေက ငါတို့အတွက် အသုံးဝင်မှာ မဟုတ်တော့ဘူး….။"

လီယွမ်ဖေးက သူပေးရန်ရှိသော ကျောက်တုံးများကို မှတ်မိသွားသည့်အတွက် လင်းဖန်က ပျော်ရွှင်စွာ ပြုံးလိုက်သည်။ သို့သော် လီယွမ်ဖေးက ဂိုဏ်းထွက်ပြေးရမည့်အကြောင်း ပြောလိုက်သည်ကို ကြား လိုက်ရသောအခါ လင်းဖန်၏ အပြုံးများ ပျောက်ကွယ်သွားပြီး အတွေးမျိုးစုံ ဝင်လာတော့သည်။

*ထွက်ပြေးမယ် ဟုတ်လား….။ ဘာတွေ ဖြစ်ကုန်တာလဲ။ ဘာလို့ ပြေးရမှာလဲ။ ခင်ဗျားတို့ ပြေးသွားရင် ကျွန်တော်က ဘယ်မှာ ပိုက်ဆံသွားရှာရမှာလဲ…။*

မရင်းနှီးသော ဤနေရာတွင် ချင်းယွင်ဂိုဏ်းကဲ့သို့ ရိုးသားဖြောင့်မတ်သော ဂိုဏ်းမျိုးနှင့် ထပ်တွေ့ဖို့ မလွယ်ကူပေ။

*တခြားဂိုဏ်းကို သွားရင် သူတို့က ငါ့ကို ဆေးလုံးထုတ်စက်အဖြစ် ဖမ်းဆီးထားချင်နေကြမှာ။ အဲ့ဒီခါ ကျရင်တော့ ငါ့မှာ အခမဲ့ဝယ်ယူခွင့် ကို သုံးပြီး အတိဒုက္ခအဆင့် ကျင့်ကြံမှုကို ဝယ်ယူပြီး ရန်သူကို သတ်ပစ်ဖို့ကလွဲလို့ တခြားနည်းလမ်း မရှိတော့ဘူး။ အဲ့ဒီနောက်...*

*ဟင်… ဟုတ်သားပဲ။ ရန်သူကို အနိုင်ယူလိုက်ရင် စိတ်ဝိညာဉ်ကျောက်တုံးတွေ အများကြီး ရနိုင်တာပဲ ဒါကလည်း မဆိုးဘူး...။*

*မဟုတ်သေးပါဘူး… အခမဲ့ဝယ်ယူခွင့်ဆိုတာ ငါ့ရဲ့ နောက်ဆုံးဝှက်ဖဲပဲ။ ဒါကို အစောကြီး အသုံးမပြု သင့်ဘူး။ သုံးမယ်ဆိုရင်တောင် အဆင့် (၇) ဒါမှမဟုတ် အဆင့် (၈) လောက်ရှိတဲ့ အင်အားစုတွေပေါ်မှာပဲ သုံးရမယ်…။*

"ဦးလေးလီ... ဘာလို့ ထွက်ပြေးရမှာလဲ။ ကျွန်တော့်ကြောင့်လား….။"

လင်းဖန်က အကြောင်းရင်းကို မှန်ကန်စွာ ခန့်မှန်းလိုက်သည်ကို ကြားသောအခါ လီယွမ်ဖေးက စောဒက တက်ရန် ပြင်လိုက်သော်လည်း လင်းဖန်က ဆက်ပြောလိုက်ပြန်သည်။

"ဟူး... ဒါတွေအားလုံးက ချီစုဆောင်းခြင်းဆေးလုံးတွေကို သုံးမိတဲ့ ကျွန်တော့်အမှားတွေပါ။ အဲ့ဒါ ကြောင့် ဂိုဏ်းတစ်ခုလုံး အနံ့အသက်ဆိုးမိုးတွေ စိုရွှဲကုန်တာ။ ဒါပေမဲ့ ကျွန်တော် ထင်တာတော့ အဲ့ဒါ တွေကို ဆေးကြောလိုက်ရင် ဒီမှာ ဆက်နေလို့ ရဦးမှာပါ။ ထွက်ပြေးစရာ မလိုပါဘူး….။"

လင်းဖန် ထင်နေသည်မှာ ချင်းယွင်ဂိုဏ်းသည် အနံ့အသက်ဆိုးများကြောင့် ညစ်ပတ်သွားသည့်အတွက် သူတို့ ဤနေရာကို စက်ဆုပ်ပြီး ထွက်ပြေးကြတော့မည်ဟု ဖြစ်သည်။

လီယွမ်ဖေးသည် လင်းဖန်၏ ထူးဆန်းသော အတွေးကို ကြားလိုက်ရသောအခါ ဒေါသထွက်ရမလို ရယ်ရမလို ဖြစ်သွားသည်။

"ဟား... လင်းဖန်၊ မင်းကတော့ တကယ်ပါပဲ...။"

"မင်း ခန့်မှန်းတာ တစ်ဝက်တော့ မှန်ပါတယ်။ တကယ်တော့ မင်းကြောင့်ပဲ ဒါပေမဲ့ အဲ့ဒီအနံ့ဆိုးမိုး ကြောင့်တော့မဟုတ်ဘူး။ ဈေးကွက်အပြင်ဘက်မှာ မင်းကို ချောင်းမြောင်းတိုက်ခိုက်ခဲ့တဲ့ ချန်မိသားစု ကြောင့်ပဲ…။"

"ချန်မိသားစု" ဆိုသည့် အမည်ကို ကြားလိုက်ရသောအခါ လင်းဖန်သည် လီလဲ့ယန် ယခင်က ပြောပြ ခဲ့သည်ကို သတိရသွားသည်။ လီယွမ်ဖေးနှင့် ကျန်နှစ်ယောက်သည် ချန်မိသားစုထံ ရှင်းပြချက်တောင်း ရန် သွားခဲ့ကြသည် မဟုတ်ပါလား။

*သူတို့ အခက်အခဲနဲ့ တိုးခဲ့ကြလို့လား။ ချန်မိသားစုမှာ ချင်းယွင်ဂိုဏ်းက ယှဉ်လို့မရနိုင်တဲ့ အင်အားကြီး နောက်ခံ ရှိနေလို့လား။…*

"ဦးလေးလီ... ချန်မိသားစုနောက်မှာ အင်အားကြီးတဲ့ နောက်ခံရှိလို့လား။ ချင်းယွင်ဂိုဏ်းနောက်က အင်အားစုထက်တောင် ပိုတောင် အင်အားတောင့်တင်းလို့လား။ ကျွန်တော်တို့နောက်က အင်အားစုကို အကြောင်းကြားပြီး ကျွန်တော်တို့ဘက်က ရပ်တည်ပေးခိုင်းရအောင်လေ…။"

လင်းဖန်၏ စိတ်အားထက်သန်သော စကားကို ကြားရသောအခါ လီယွမ်ဖေးက ခါးသီးစွာ ထပ်မံပြုံး လိုက်သည်။ ခေတ္တမျှ တွေဝေသွားပြီးနောက် သူသည် ချင်းယွင်ဂိုဏ်းနှင့် သူ၏ ဇစ်မြစ်အကြောင်းကို လင်းဖန်အား ပြောပြရန် ဆုံးဖြတ်လိုက်သည်။

"လင်းဖန်... အကယ်၍ ငါ့ရဲ့ မူလဂိုဏ်းသာ ရှိနေသေးရင် သွေးမိစ္ဆာဂိုဏ်း လိုမျိုးကို ငါ ဘာလို့ ကြောက် နေရမှာလဲ။ နှမြောစရာကောင်းတာက...။"

All Chapters