← Chapters

အခန်း ၄၃

Vol. 5 Ch. 43

အခန်း ၄၃

Vol. 5 Ch. 43

အခန်း (၄၃) လီယွမ်ဖေး၏ အတိတ်ဇာတ်ကြောင်း

ထိုအချိန်တွင် လီယွမ်ဖေး၏ မျက်နှာ၌ ဝမ်းနည်းဖွယ်ရာ တစ်ခုခုကို တွေးတောမိလိုက်သကဲ့သို့ နာကျင်မှု အရိပ်အယောင်များ ထပ်မံပေါ်ပေါက်လာသည်။

"လင်းဖန်... မင်းသိလား။ ငါရယ် ကော်ထျန်းနဲ့ ကျောက်ချင်းဟယ်တို့ သုံးယောက်လုံးဟာ မူလက အလယ်ပိုင်းဒေသ ကျုံးကျိုးရဲ့ နဝမတန်းစား ဂိုဏ်းကြီးတစ်ခုဖြစ်တဲ့ အင်မော်တယ်တိမ်တိုက်ဂိုဏ်းက လာခဲ့ကြတာ….။"

လီယွမ်ဖေး၏ စကားကြောင့် လင်းဖန်၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားပြီး လီယွမ်ဖေး၏ အချက်အလက်များကို စုံစမ်းရန် အဘယ်ကြောင့် စိတ်ဝိညာဉ်ကျောက်တုံး (၁၀,၀၀၀) အထိ ကုန်ကျ ရသနည်းဆိုသည်ကို ချက်ချင်း သဘောပေါက်သွားတော့သည်။

*ဪ... သူက နဝမတန်းစား ဂိုဏ်းကြီးတစ်ခုရဲ့ တပည့်ဖြစ်နေတာကိုး ဒါဆိုရင်တော့ ကျိုးကြောင်းဆီ လျော်သွားပြီ…*

သို့သော် နဝမတန်းစား ဂိုဏ်းဆိုသည်မှာ ဤကမ္ဘာ၏ ထိပ်တန်းဂိုဏ်းများထဲတွင် ပါဝင်သင့်သည် မဟုတ် ပါလား။ အဘယ်ကြောင့် ပျောက်ကွယ်သွားရသနည်း။

လင်းဖန်၏ မျက်လုံးထဲမှ သံသယများကို သတိပြုမိဟန်တူသော လီယွမ်ဖေးက သူ၏ ဇာတ်ကြောင်းကို ဆက်လက်၍ပြောပြလိုက်သည်။

"ငါတို့ရဲ့ ဆရာဟာ မဟာယာနအဆင့် ကျင့်ကြံသူ တစ်ဦးပဲ။ သူက ငါတို့ကို အင်မော်တယ်တိမ်တိုက် ဂိုဏ်းကနေ ခေါ် ထုတ်လာပြီး သတ္တမတန်းစား အင်အားစုဖြစ်တဲ့ အသူရာမီးတောက်ဂိုဏ်းကိုတည် ထောင်ခဲ့တယ်။ အင်မော်တယ်တိမ်တိုက်ဂိုဏ်း ရဲ့ ထောက်ပံ့မှုကြောင့် ငါတို့ရဲ့ အသူရာမီးတောက်ဂိုဏ်း ဟာ လျင်လျင်မြန်မြန်ပဲ အခြေစိုက်နိုင်ခဲ့တယ်….။"

ဤနေရာတွင် လင်းဖန် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားလေသည်။

"ဦးလေးလီ... မဟာယာနအဆင့် ကျင့်ကြံသူရှိတဲ့ ဂိုဏ်းဆိုရင် အဋ္ဌမတန်းစား ဖြစ်ရမှာ မဟုတ်ဘူးလား။ ဘာလို့ သတ္တမတန်းစား ဖြစ်နေရတာလဲ….။"

စကားဖြတ်မေးလိုက်သဖြင့် လီယွမ်ဖေးက လင်းဖန်ကို အားမလိုအားမရကြည့်ကာ ရှင်းပြသည်။

"အဲ့ဒီတုန်းက ငါတို့ရဲ့ ချင်းဟော်ဂိုဏ်းမှာ အမြင့်ဆုံး တိုက်ခိုက်ရေးစွမ်းအားက မဟာယာနအဆင့် ဖြစ်နေ ပေမဲ့ ကြားထဲက အဆင့်တွေမှာ ကျင့်ကြံသူ လစ်ဟင်းနေတာကြောင့် အဋ္ဌမတန်းစားလို့ သတ်မှတ်လို့ မရသေးဘူး။ စကားဖြတ်မပြောနဲ့ဦး ငါပြောတာ အဆုံးထိ နားထောင်စမ်းပါ….။"

"ဪ... ဟုတ်ကဲ့ ဦးလေးလီ ဆက်ပြောပါခင်ဗျ….။"

လင်းဖန်က ရှက်ကိုးရှက်ကန်း ပြုံးပြရင်း လီယွမ်ဖေးကို ဆက်ပြောရန် အချက်ပြလိုက်သည်။

စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် လီယွမ်ဖေးက ဆက်ပြောလိုက်သည်။

"အသူရာမီးတောက်ဂိုဏ်း တည်ထောင်ပြီး သိပ်မကြာခင် အဋ္ဌမတန်းစားအဖြစ် အဆင့်တက်ဖို့ ပြင်ဆင် နေတုန်းအချိန်မှာပဲ အလယ်ပိုင်းဒေသက သတင်းတစ်ခု ရောက်လာတယ်။ အင်မော်တယ်တိမ်တိုက် ဂိုဏ်းဟာ တခြား နဝမတန်းစား ဂိုဏ်းကြီးတွေနဲ့ အကြီးအကျယ် တိုက်ပွဲဖြစ်နေတယ်တဲ့။ ဆရာဟာ အင်မော်တယ်တိမ်တိုက်ဂိုဏ်းရဲ့ အဆင့်မြင့် တိုက်ခိုက်ရေးသမား တစ်ဦးဖြစ်တဲ့အတွက် ချက်ချင်းပဲ ဂိုဏ်းကို ကူညီဖို့ သွားခဲ့ရတယ်…။"

"ငါတို့ကတော့ အဆင့်နိမ့်နေသေးတဲ့အတွက် သတင်းစောင့်ဖို့ အသူရာမီးတောက်ဂိုဏ်းမှာပဲ ကျန်ရစ် ခဲ့ရတယ်…။"

"ဒါ့အပြင် ဆရာက မထွက်ခွာခင်မှာ ငါ့အတွက် တစ်ကြိမ်သုံး အထူးဟင်းလင်းပြင် တယ်လီပို့ အစီအ ရင်တစ်ခုကို ပြင်ဆင်ပေးခဲ့တယ်။ အကယ်၍ အင်မော်တယ်တိမ်တိုက်ဂိုဏ်းသာ ရှုံးနိမ့်သွားခဲ့ရင် အဲ့ဒီ တယ်လီပို့ကို သုံးပြီး ချက်ချင်း ထွက်ပြေးကြဖို့နဲ့ အင်မော်တယ်တိမ်တိုက်ဂိုဏ်းရဲ့ မျိုးစေ့ကို အမြစ်ပြတ် ပျောက်ကွယ်မသွားအောင် ထိန်းသိမ်းဖို့ ဆရာက မှာကြားခဲ့တယ်….။"

"ငါတို့ အသူရာမီးတောက်ဂိုဏ်းမှာ တစ်လကျော်လောက် ဆရာရဲ့သတင်းကို စောင့်နေခဲ့ပေမဲ့လည်း အဆက်အသွယ်မရခဲ့ဘူး။ နောက်တော့ သတင်းထွက်စုံစမ်းတဲ့ တပည့်တစ်ယောက်က အင်မော်တယ် တိမ်တိုက်ဂိုဏ်း ရှုံးနိမ့်သွားပြီဆိုတဲ့ သတင်းဆိုးကို ယူလာခဲ့တယ်…။"

"အဲ့ဒီသတင်းကို ကြားရတဲ့အချိန်မှာ ငါတို့ရဲ့ ပထမဆုံး အတွေးက အင်မော်တယ်တိမ်တိုက်ဂိုဏ်းကို သွားပြီး ဂိုဏ်းနဲ့အတူ အသေခံ တိုက်ခိုက်ဖို့ပဲ။ ဒါပေမဲ့ ဆရာမှာခဲ့တဲ့ စကားတွေကို တွေးမိတော့ ဆရာ့ အလိုအတိုင်း လိုက်နာဖို့ ကလွဲလို့ တခြားနည်းလမ်း မရှိတော့ဘူး…။"

"ဒါကြောင့် ဂိုဏ်းထဲက အရင်းအမြစ်တွေကို သိမ်းဆည်းပြီး တယ်လီပို့ကို သုံးခဲ့ကြတယ်။ ငါတို့ ဘယ် ရောက်သွားမလဲဆိုတာ မသိဘဲ ရောက်လာခဲ့ကြတာ။ အချိန်အတော်ကြာမှ ဒီနေရာဟာ အရှေ့ဘက် ဒေသ ရဲ့ ဝေးလံခေါင်ဖျားတဲ့ နေရာတစ်ခုမှန်း သိလိုက်ရတယ်….။"

"ရယ်စရာကောင်းတာက... အခုထိ ငါတို့ ရန်သူက ဘယ်သူလဲဆိုတာတောင် ငါတို့ မသိကြသေးဘူး။ ဒါပေမဲ့ ဒါက အရေးမကြီးပါဘူး။ ငါတို့ ဒီမှာပဲ အေးအေးဆေးဆေး ကျင့်ကြံနေရင်း ငါတို့နဲ့ ငါတို့ရဲ့ တပည့်တွေ အတိဒုက္ခအဆင့် ရောက်လာတဲ့အခါ ဂိုဏ်းအတွက် လက်စားချေဖို့ အလယ်ပိုင်းဒေသကို မုချ ပြန်သွားကြမှာပါ….။"

လီယွမ်ဖေးက သူသည် အတိဒုက္ခအဆင့် ကျင့်ကြံသူကြီး မုချဖြစ်လာမည်ဟု ယုံကြည်ချက် အပြည့်ဖြင့် ပြောဆိုနေသည်။

ဇာတ်လမ်းကို နားထောင်ပြီးနောက် လင်းဖန် စိတ်ထဲတွင်တော့

*ဒီဇာတ်လမ်းကတော့ နောက်နေတာလားပဲ။ တော်တော်လေးကို ဒရာမာဆန်လွန်းတယ်….* ဟု တွေးမိသွားသည်။

သို့သော် လီယွမ်ဖေးသည် သရုပ်ဆောင်နေသည့် ပုံစံမျိုး မဟုတ်ပဲ တည်ကြည်ပြတ်သားသည့် မျက်နှာ ထားကို ကြည့်ခြင်းအားဖြင့် သူ လိမ်ပြောနေခြင်း မဟုတ်မှန်း သိသာလှသည်။

ထို့ကြောင့် လင်းဖန်က ဇာတ်လမ်းကို အဟုတ်မှတ်ကာ နှစ်သိမ့်စကား ပြောလိုက်သည်။

"ဦးလေးလီ... ဝမ်းမနည်းပါနဲ့တော့။ နောင်ကျရင် ကျွန်တော်တို့ အတူတူ ကြိုးစားကြတာပေါ့။ ကျွန်တော့် မှာ စိတ်ဝိညာဉ်ကျောက်တုံးတွေ အလုံအလောက်ရှိလာပြီး အဆင့်တက်လာရင် ဦးလေးတို့ ကျင့်ကြံမှု တွေ အဟုန်ထိုး တက်လာဖို့အတွက် အဆင့်မြင့်ဆေးလုံးတွေကို မုချ ဖော်စပ်ပေးပါ့မယ်…။"

လင်းဖန်၏ နှစ်သိမ့်မှုကို ကြားသောအခါ လီယွမ်ဖေး စိတ်သက်သာရာ ရသွားသော်လည်း စကားလုံးများ က တစ်မျိုးကြီး ဖြစ်နေသဖြင့် လင်းဖန်ကို ဇဝေဇဝါဖြင့် ကြည့်လိုက်မိသည်။

ထိုအချိန်တွင် လင်းဖန်သည် လီယွမ်ဖေး၏ အကြည့်ကို သတိမထားမိပေ။ အဘယ်ကြောင့်ဆိုသော် သူ သည် ပိုက်ဆံရမည့် အရေးကိုသာ ပျော်ရွှင်စွာ တွေးတောနေသောကြောင့် ဖြစ်သည်။

လီယွမ်ဖေး၏ ရှင်းပြချက်ထဲတွင် လင်းဖန် သတိပြုမိသော အဓိက အချက်တစ်ခုမှာ 'ဂိုဏ်းထဲက အရင်း အမြစ်များကို သိမ်းဆည်းလာခဲ့သည်' ဆိုသော စကားပင်။

အင်မော်တယ်တိမ်တိုက်ဂိုဏ်း မဟုတ်ဘဲ အသူရာမီးတောက်ဂိုဏ်းမှ အရင်းအမြစ်များ ဖြစ်သော်လည်း ၎င်းသည် သတ္တမတန်း စား သို့မဟုတ် အဋ္ဌမတန်းစားနှင့် နီးစပ်သော ဂိုဏ်းတစ်ခု ဖြစ်သည်။ ထိုသို့သော ဂိုဏ်းတစ်ခု၏ အရင်းအမြစ်များမှာ မည်မျှများပြားလိုက်ပါမည်နည်း။

မအံ့သြပါနှင့်။ လီလဲ့ယန် ရတနာတိုက်ထဲသို့သွားပြီး ဆေးဖော်စပ်ရန် ပစ္စည်းများ ယူလာစဉ်က သိုလှောင်အိတ်ကြီး တစ်ခုလုံး ပြည့်သွားသော်လည်း ၎င်းသည် ရတနာတိုက်ထဲရှိ ပစ္စည်းများ၏ အစွန်း ထွက်မျှသာ ဖြစ်သည်ဟု ဆိုခဲ့သည် မဟုတ်ပါလား။

ဒါဆိုရင် ပြဿနာက အဖြေပေါ်သွားပြီ။ ဒါဟာ တတိယတန်းစား ဂိုဏ်းတစ်ခုရဲ့ ရတနာတိုက် မဟုတ် သေးပေ ။ သတ္တမတန်းစား ဂိုဏ်းတစ်ခုမှ ရတနာတိုက်၏ သုံးပုံတစ်ပုံပင်။ ထျန်းဟော်ဂိုဏ်းနဲ့ အင်မော် တယ်စုံတွဲဂိုဏ်းများ၏ အရင်းအမြစ်များကိုပါ ပေါင်းလိုက်လျှင် သတ္တမတန်းစား ဂိုဏ်းတစ်ခု လုံး၏ အရင်းအမြစ်များ ဖြစ်သွားပြီဖြစ်သည်။

*ငါသာ နောင်ကျရင် ဒီဂိုဏ်းသုံးခုနဲ့ မဟာမိတ် ဖွဲ့နိုင်မယ်ဆိုရင်တော့ ငါတော့မုချ ချမ်းသာပြီပဲ…။*

ရုတ်တရက် လင်းဖန် နောက်ထပ် အချက်တစ်ခုကို တွေးမိသွားသည်။ လီယွမ်ဖေး၏ ဇာတ်ကြောင်း ကြောင့် သူ စိတ်ဝိညာဉ်ကျောက်တုံး (၁၀,၀၀၀) သက်သာသွားခဲ့လေပြီ။

"ဟားဟား... စနစ်ရေ မင်းကိုသနားလိုက်တာ။ ဦးလေးလီရဲ့ သတင်းကို သိဖို့ ကျောက်တုံး (၁၀,၀၀၀) တောင် တောင်းနေတာ။ အခုတော့ မင်းရဲ့ စုံစမ်းရေး လုပ်ဆောင်ချက်ကို မသုံးဘဲနဲ့တောင် သူ့ရဲ့ အချက် အလက်တွေကို ငါ သိသွားပြီ။ ဒါက ငါ့ကို ကျောက်တုံး (၁၀,၀၀၀) သက်သာသွားစေတယ်…"

[ပိုင်ရှင်... ဝမ်းသာတာ စောလွန်းပါသေးတယ်။ ဒီကျောက်တုံး (၁၀,၀၀၀) နဲ့ ရမယ့် သတင်းဟာ သူ ပြောတဲ့ အချက်အလက်တွေနဲ့ လုံးဝကို ကွဲပြားခြားနားနေမှာပါ]

"လိမ်နေပြန်ပြီ… လိမ်နေပြန်ပြီ…။ မင်းပြောတာကို ငါယုံမယ် ထင်နေလား။ ငါ့ကျောက်တုံးတွေကို မင်း လိမ်ယူလို့ မရပါဘူး။ လုံးဝပဲ….။"

[ဒီစနစ်ရဲ့ ယုံကြည်စိတ်ချရမှုဟာ ပိုင်ရှင်ထက် များစွာ သာလွန်ပါတယ်။ ပိုင်ရှင်ကို လုံးဝ လိမ်မှာ မဟုတ်ပါဘူး။ အသေးစိတ်ကိုသာ စုံစမ်းကြည့်လိုက်မယ်ဆိုရင် ဒါဟာ တကယ့်ကို စိတ်ဝင်စားစရာ ကောင်းပြီး ဒရာမာဆန်နေတာကို တွေ့ရပါလိမ့်မယ်…]

စနစ်က တမင်တကာ လျှို့ဝှက်ချက် ရှိသယောင် ပြောဆိုနေသဖြင့် လင်းဖန် အနည်းငယ် သိချင်စိတ် ပြင်းပြလာသည်။ သို့သော် ကျောက်တုံး (၁၀,၀၀၀) ဟူသော အတွေးက မည်သည့် သိချင်စိတ်ကိုမဆို ဖိနှိပ်ပစ်နိုင်စွမ်း ရှိပေသည်မဟုတ်ပါလား။

"ဟဲဟဲ... မင်းက ဦးလေးလီအကြောင်းကို သူကိုယ်တိုင်ထက် ပိုသိနေလို့လား။ ငါ သိချင်ရင် သူ့ကိုပဲ နောက်မှ ထပ်မေးလို့ ရတာပဲ။ မင်း ငါ့ကို ပိုက်ဆံ အလဟဿ ဖြုန်းအောင်လုပ်လို့ မရပါဘူး…။"

[ပိုင်ရှင်... သူ့ဆီက အမှန်တရားကို မရနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ သူ သိထားတာဟာ သူ ယုံကြည် ထားတဲ့ အမှန်တရားပဲ ဖြစ်လို့ပါပဲ။ တစ်နည်းပြောရရင် သူ အခုပြောပြသွားတဲ့ အချက်တွေထဲမှာ အစိတ်အပိုင်း အနည်းငယ်ပဲ မှန်ကန်ပါတယ်]

"ဪ... ဥပမာ ဘာတွေလဲ…။"

[ဥပမာ... သူဟာ အင်မော်တယ်တိမ်တိုက်ဂိုဏ်းနဲ့ အသူရာမီးတောက်ဂိုဏ်းရဲ့ တပည့်ဖြစ်တယ်ဆိုတဲ့ အချက်ကတော့မှန်ပါတယ်]

"ဒါဆို အင်မော်တယ်တိမ်တိုက်ဂိုဏ်း ပျက်စီးသွားတယ်ဆိုတဲ့ ဇာတ်လမ်းက မှားနေတာလား။ သူ မှားမှတ်ထားတာလား….။"

လင်းဖန်၏ အမေးကို ကြားသောအခါ စနစ်က ချက်ချင်း တုံ့ပြန်ခြင်း မရှိတော့ပေ။ ခေတ္တမျှ ကြာမှသာ လေးလေးပင်ပင် ပြန်ဖြေသည်။

[... ကျွန်ုပ် မသိပါဘူး။ ပိုင်ရှင် စုံစမ်းချင်တယ်ဆိုရင်တော့ ပိုက်ဆံ အရင်သွင်းပါ]

စနစ်၏ တုံ့ပြန်ပုံကို ကြည့်ပြီး လင်းဖန်၏ စိတ်ထဲတွင် ခန့်မှန်းချက်အချို့ ပေါ်လာသည်။ သို့သော် ထိုခန့် မှန်းချက်မှာ ရူးကြောင်ကြောင် နိုင်လွန်းလှသဖြင့် သူ ဆက်ပြီး မတွေးရဲတော့ပေ။

လင်းဖန်က စနစ်ထံမှ အချက်အလက်များ ထပ်မံရယူရန် ကြိုးစားနေစဉ်မှာပင် ဇာတ်ကြောင်း ပြောပြ ၍ပြီးသွားသော လီယွမ်ဖေးသည် သူ လင်းဖန်ဆီ လာခဲ့သည့် ရည်ရွယ်ချက်ကို နောက်ဆုံးတွင် ထုတ်ဖော် ပြောလိုက်တော့သည်။

"လင်းဖန်... ချန်မိသားစုနောက်မှာ သတ္တမတန်းစား ဖြစ်တဲ့ သွေးမိစ္ဆာဂိုဏ်း ရှိနေတယ်။ အကယ်၍ နောက်သုံးရက်နေလို့ သူတို့ကို ခြိမ်းခြောက်လို့ မရခဲ့ရင် ငါတို့ ဒီနေရာကနေ ထွက်ပြေးရလိမ့်မယ်။ မင်း ငါတို့နဲ့အတူ လိုက်ခဲ့မလား၊ ဒါမှမဟုတ် မင်းမှာ သွားစရာ နေရာရှိလား….။"

လီယွမ်ဖေး၏ အမေးကို လင်းဖန်က တွေဝေခြင်းမရှိဘဲ ပြန်ဖြေလိုက်သည်။

"ဦးလေးလီ... ကျွန်တော် ဦးလေးတို့နဲ့ လိုက်ခဲ့ပါ့မယ်။ ဦးလေးတို့ ဘယ်သွားသွား ကျွန်တော်လိုက်မှာ ပါ…။"

နောက်နေတာလား... တစ်ဖက်လူမှာ အဆင့် (၇) ဂိုဏ်းရဲ့ အရင်းအမြစ်တွေ ရှိနေတာကို သိသွားပြီဆို တော့ လင်းဖန်အနေနဲ့ ဒီ အနာဂတ် သူဌေးကြီးကို ကျိန်းသေပေါက် ဖက်ထားရမှာပေါ့။

လင်းဖန်၏ အဖြေက လီယွမ်ဖေးကို အံ့သြသွားစေသော်လည်း ၎င်းမှာ သူကြားချင်သော အဖြေမျိုး မဟုတ်ပေ။

ထို့ကြောင့် လီယွမ်ဖေးသည် အခြားနည်းလမ်း မရှိတော့ဘဲ စကားဝိုင်းကို လင်းဖန်၏ ဆရာဆီသို့ ဦးတည်သွားစေရန် ဆက်လက် ကြိုးစားရလေတော့သည်။

All Chapters