← Chapters

အခန်း ၄၅

Vol. 5 Ch. 45

အခန်း ၄၅

Vol. 5 Ch. 45

အခန်း (၄၅) စနစ်ရဲ့ လှည့်စားမှုကို ငါထပ်ခံလိုက်ရပြန်ပြီ

*ဒီရှုထောင့်ကနေကြည့်ရင် ငါ့ရဲ့ အခမဲ့ဝယ်ယူခွင့်က တော်တော်လေးကို တန်သွားပြီလို့ ပြောရမယ်။*

*အချိန်တိုးဖို့ အားပြန်ဖြည့်ရမယ့် စိတ်ဝိညာဉ်ကျောက်တုံး ပမာဏက စနစ်ရဲ့ သဘာဝအရ ကျိန်းသေ ပေါက် များမှာကို သိပေမဲ့ ငါက အကြာကြီး အားဖြည့်စရာ မလိုဘူးလေ။ အဲဒီတော့ တတ်နိုင်လောက် ပါသေးတယ်။*

*(၂၄) နာရီ ကုန်သွားပြီးရင်တောင် စက္ကန့်ပိုင်းလောက်စီပဲ အားဖြည့်သုံးမယ်ဆိုရင် လိုအပ်တဲ့ ကျောက်တုံး ပမာဏက အဲဒီလောက်ကြီး ရူးသွပ်စရာ မကောင်းနိုင်ပါဘူး။*

*စက္ကန့်ပိုင်းဆိုတာက ရုပ်သေးကိုသုံးပြီး အကျပ်အတည်းတစ်ခုကို ဖြေရှင်းဖို့ လုံလောက်တဲ့ အချိန်ပဲ လေ။*

"စနစ်ရေ... မင်းက အသုံးတော့မကျပေမဲ့ ဒီတစ်ခါတော့ တကယ် အသုံးတည့်တာလေး လုပ်ပေးသားပဲ။ ဒီရုပ်သေးကို ငါ တော်တော်လေး သဘောကျတယ်။ မင်းကို 'Good Review' ပေးလိုက်မယ်…။"

[ပိုင်ရှင် သဘောကျရင်ပြီးတာပါပဲ ရုပ်သေးရဲ့ ရုပ်ရည်သွင်ပြင်ကိုရော ကြိုက်ရဲ့လားလို့ အမြန်စစ်ဆေး ကြည့်လိုက်ပါဦး]

"ဟဲ... ရုပ်ရည်က အဓိက မဟုတ်ပါဘူး စွမ်းအားကြီးဖို့ပဲ လိုတာပါ…"

ထိုသို့ ပြောလိုက်သော်လည်း လင်းဖန်သည် ရုပ်သေးမှာ မည်သို့ပုံစံရှိသနည်းဟု သိလိုသဖြင့် စနစ်ဟင်း လင်းပြင်ထဲမှ ထုတ်ယူကြည့်လိုက်သည်။

"တောက်... တောက်... စနစ်ရေ။ မင်း... မင်း... တကယ်ကြီးလား မင်း မှားပို့လိုက်တာတော့ မဟုတ် ပါဘူးနော်…။"

လင်းဖန်၏ ရှေ့မှောက်တွင် ပေါ်လာသော အတိဒုက္ခအဆင့် ရုပ်သေးမှာ အမျိုးသမီးတစ်ဦးဖြစ်ပြီး အလွန် တရာ လှပသော အလှနတ်သမီးလေးတစ်ပါးပင်ဖြစ်သည်။ ရှေ့ရှိ ရုပ်သေးကို ကြည့်ရင်း လင်းဖန်မှာ စိတ်ပျက်လက်ပျက်ဖြင့် နှာခေါင်းသွေးများ ထပ်မံ ယိုစီးလာပြန်သည်။ ဘာမှမတတ်နိုင်ပါ ရုပ်သေးက တကယ့်လူသားတစ်ယောက်လို အသက်ဝင်လွန်းနေသည်ကိုး။

"စနစ်ရေ... မင်းကတော့ကွာ…။ ဒီရုပ်သေးအရုပ်ကို အခုလို အဝတ်အစားမပါဘဲ ဗလာကျင်းကြီးနဲ့ တိုက်ပွဲလွှတ်မလို့လား။ ရန်သူတွေကို နှာခေါင်းသွေးထွက်ပြီး အသေခိုင်းမလို့လား….။"

[အဟမ်း…. ဒီစနစ်မှာရှိတဲ့ အဝတ်အစားတွေအားလုံးက အဆင့်မြင့် မှော်ရတနာတွေပါ ပိုင်ရှင် ကိုယ်တိုင် ဝယ်ယူရပါမယ်။ အလကား ပေးလို့မရပါဘူး]

"ငါ သိသားပဲ၊ မင်းက ဒီလိုရုပ်သေးမျိုးနဲ့ ငါ့ကို မြှူဆွယ်ပြီး ပစ္စည်းရောင်းဖို့ ကြံနေတာကိုး။ မင်း ငါ့ဆီက ပိုက်ဆံညစ်ဖို့ စောင့်နေတာပေါ့။ ဟဲ... ငါ့ဆီက ပိုက်ဆံရဖို့တော့ မမျှော်လင့်နဲ့။ ငါကိုယ်တိုင်ပဲ အဝတ် အစား လုပ်ပေးလိုက်မယ်…။"

[ပိုင်ရှင်... သေချာ စဉ်းစားပါဦး။ ပိုင်ရှင် အခု ဖော်စပ်နိုင်တဲ့ အဝတ်အစားက အလွန်ဆုံးရှိမှ ပထမ တန်းစား မှော်လက်နက်ပဲရှိတာ။ အတိဒုက္ခအဆင့် ကျင့်ကြံသူတွေရဲ့ တိုက်ပွဲဒဏ်ကို ဘယ်လိုမှ ခံနိုင် မှာမဟုတ်ဘူး]

[အကယ်၍ တိုက်ပွဲကြားထဲမှာ ရုပ်သေးရဲ့ အဝတ်အစားတွေက ကွဲအက်သွားမယ်ဆိုရင် ပိုင်ရှင်ပဲ အရှုံးပေါ်မှာနော်]

"ငါ... ငါ မဝယ်နိုင်ဘူး။ အခု ငါ့ဆီမှာ စိတ်ဝိညာဉ်ကျောက်တုံး (၂၀,၀၀၀) တောင် မပြည့်ဘူး။ အတိ ဒုက္ခအဆင့် ကျင့်ကြံသူ ဝတ်ရမယ့် အဝတ်အစားရဲ့ အစွန်းလေးတောင် ဝယ်လို့ရမယ် ထင်နေလား"

[ပိုင်ရှင် မစိုးရိမ်ပါနဲ့၊ ဒီစနစ်မှာ အကြွေးစနစ် ဝန်ဆောင်မှုလည်း ရှိပါတယ်။ ဝယ်ဖို့ မတတ်နိုင်ရင် အကြွေးယူလို့ ရတာပေါ့]

[ပိုင်ရှင်ရဲ့ရုပ်သေးကို နောင်ကျရင် အဝတ်မပါဘဲ ရန်သူနဲ့ တိုက်ခိုင်းချင်လို့လား]

ထိုအချိန်တွင် လင်းဖန်သည် စနစ်၏ ထပ်မံလှည့်စားခြင်းကို ခံလိုက်ရသဖြင့် ဒေါသတကြီး ကြိတ်မနိုင် ခဲမရ ဖြစ်နေတော့သည်။ အဝတ်မပါဘဲ တိုက်ပွဲလွှတ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်သလို လင်းဖန်အနေဖြင့် လည်း မိမိရှေ့မှ ရုပ်သေး၏ ဤကဲ့သို့သော အခြေအနေကို ဒုတိယမြောက်လူအား ပေးမကြည့်နိုင်ပေ။

"ကောင်းပြီ... ချေးမယ်။ စနစ်ရေ... မင်း စောင့်နေလိုက်ဦး တစ်နေ့ကျရင် ငါ မင်းဆီကနေ ပြန်ပြီး အလကား နှိုက်ပြဦးမယ်…။"

[ကောင်းပါပြီ ချေးယူမှု သဘောတူညီချက် ပြီးမြောက်ပါပြီ။ ရုပ်သေးအသုံးပြုတဲ့ အချိန်အပေါ် မူတည် ပြီး ကျသင့်ငွေကို အလိုအလျောက် နှုတ်ယူသွားပါမယ်။ အားပေးမှုကို ကျေးဇူးတင်ပါတယ်]

ဤသို့ဖြင့် စနစ်က လင်းဖန်အား ပေးအပ်သော အခမဲ့ဝယ်ယူခွင့် အကျိုးကျေးဇူးမှာ စနစ်က လင်းဖန်၏ ကျောက်တုံးများကို ပြန်လည်လိမ်ယူသည့် နည်းလမ်းတစ်ခု ဖြစ်သွားတော့သည်။ သို့သော်လည်း လင်းဖန်အတွက်တော့ အရှုံးမရှိချေ။ ဤအတိဒုက္ခအဆင့် ရုပ်သေးက တန်ဖိုးရှိလှသည် မဟုတ်ပါလား။

"စနစ်ရေ... ဒီရုပ်သေးကို ဘယ်လိုသုံးရမှာလဲ….။"

[အရမ်းလွယ်ပါတယ်။ ပိုင်ရှင်က သူ့ကို လေနဲ့ တစ်ချက်လောက် မှုတ်လိုက်ရုံပါပဲ။ ဒါဆိုရင် သူက ပိုင်ရှင်နဲ့ သွေးချင်းနှီးနွှယ်သွားပါလိမ့်မယ်]

"ကောင်းပြီ... ငါ သိပြီ…။"

ထိုသို့ပြောပြီးနောက် လင်းဖန်သည် မအောင့်နိုင်ဘဲ ရုပ်သေး၏ နှုတ်ခမ်းကို နမ်းရှိုက်လိုက်လေသည်။

[ဟင်… ထိတွေ့စရာ မလိုပါဘူးဆို ပိုင်ရှင် ဘာလုပ်နေတာလဲ]

[ဒင်... အစောင့်အရှောက်ရုပ်သေး အောင်မြင်စွာ ချိတ်ဆက်ပြီးပါပြီ။ ပိုင်ရှင် အန္တရာယ်ရှိတဲ့အခါ သူက အလိုအလျောက် ရန်သူတွေကို ခုခံပေးပါလိမ့်မယ်]

[ဟင်… ချိတ်ဆက်မှု အောင်မြင်ပြီလေ၊ ပိုင်ရှင်... တော်တော့။ ရပြီ... အခု ရပ်လိုက်တော့]

မိနစ်အနည်းငယ်ကြာပြီးနောက် လင်းဖန်သည် ကျေနပ်စွာဖြင့် လေမှုတ်ခြင်းတာဝန်ကို အဆုံးသတ် လိုက်သည်။

"အဟမ်း… စနစ်ရေ... အတိဒုက္ခအဆင့်အတွက် အဝတ်အစားတွေနဲ့ မှော်ပစ္စည်းတွေ ဘယ်မှာလဲ။ ဝတ်ပေးလိုက်တော့…။ အေးစိမ့်နေတာပဲ သူ အအေးမိကုန်ပါဦးမယ်…။"

လင်းဖန် ပြောပြီးသည်နှင့် နတ်နန်းဝတ်စုံကဲ့သို့ လှပသော အဝတ်အစားများမှာ ရုပ်သေးပေါ်တွင် ပေါ်လာ တော့သည်။ ထို့နောက် လင်းဖန်သည် စနစ်ဟင်းလင်းပြင်ထဲရှိ စိတ်ဝိညာဉ်ကျောက်တုံးများနှင့် ရုပ်သေး ၏ အချိန်ရေတွက်ချင်းကို ချက်ချင်း စစ်ဆေးလိုက်သည်။ တော်သေးသည် ကျောက်တုံးတွေလည်း မလျော့သွားသလို အချိန်ကလည်း မသွားသေးပေ။

ကြည့်ရတာ ဤရုပ်သေးသည် အတိဒုက္ခအဆင့် စွမ်းအားကို ထုတ်မသုံးမချင်း အချိန်ရော၊ ကုန်ကျစရိတ် ရော မရှိပုံရသည်။ ထို့အပြင် ယခင်က ပြောထားချက်အရ အန္တရာယ်ရှိတိုင်း သူက ပေါ်လာမည်ဖြစ် သည်။ ဤ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်က တော်တော်လေး ကောင်းလှသဖြင့် နောင်တွင် ရုပ်သေးကို ခေါ်ထုတ်ရန် အချိန်မမီမည်ကို စိုးရိမ်စရာ မလိုတော့ပေ။

"စနစ်ရေ... မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်က တော်တော်မိုက်တာပဲ။ ဒါနဲ့ သူ့ကို ရန်သူတွေကို သွားသတ် ခိုင်းဖို့ကရော ငါ အမိန့်ပေးရုံပဲလား…။"

[ပိုင်ရှင်... ဒါက အစောင့်အရှောက်ရုပ်သေးပါ။ သူ့မှာ ကိုယ်ပိုင်စည်းမျဉ်းတွေ ရှိတယ်။ ပိုင်ရှင် အန္တရာယ် ရှိတဲ့အခါမှပဲ သူက ခုခံကာကွယ်ပေးမှာပါ။ သူက ကိုယ်တိုင်ဦးဆောင်ပြီး ရန်သူတွေကို သွားသတ်လို့ မရပါဘူး]

စနစ်၏ စကားမှာ လင်းဖန်အတွက် မိုးကြိုးပစ်လိုက်သကဲ့သို့ပင်။ သူ၏ ပျော်ရွှင်မှုများ အကုန် ပျောက် ကွယ်သွားရလေသည်။

"ဘာပြောတယ်..။ သူက အရင် တိုက်ခိုက်လို့ မရဘူးလား။ ဒါဆိုရင် ငါ့အတွက် ဘာအသုံးဝင်မှာလဲ။ ငါက သူ့ကို သုံးပြီး ဓားပြတိုက်၊ ချမ်းသာအောင် လုပ်မလို့ ကြံနေတာကို။ အခုကျမှ သူက အရင် မတိုက် ခိုက်နိုင်ဘူး ဟုတ်လား။ မင်း ငါ့ကို နောက်နေတာလား…။"

[အဟမ်း… ပိုင်ရှင်... စိတ်မပူပါနဲ့။ ကျွန်ုပ် အစကတည်းက ပြောသားပဲ၊ ဒါက 'အားပြန်သွင်းနိုင်တဲ့ အရုပ်' လို့လေ။ အရုပ်ဆိုတာကတော့ ရုပ်ပိုင်းဆိုင်ရာစွမ်းရည်ပဲ ဖြစ်မှာပေါ့၊ အရင်ဦးဆောင်ပြီး လှုပ်ရှား နိုင်တဲ့ အရုပ်ဆိုတာ ရှိလို့လား]

"တောက်... ငါတော့ အရူးလုပ်ခံလိုက်ရပြီ။တစ်သက်လုံး သိမ်းငှက်တွေနဲ့ ကစားလာပြီးမှ အခုတော့ သိမ်းငှက် ပြန်ဆိတ်တာ ခံလိုက်ရပြီ…။"

"ငါ့ရဲ့ ဓားပြတိုက်မယ့် စီးပွားရေးကြီး၊ ငါ့ရဲ့ ချမ်းသာမယ့် စီမံကိန်းကြီးတွေ... အကုန် သွားပြီ။"

[ပိုင်ရှင်... မြန်မြန်ချမ်းသာဖို့ပဲ မတွေးပါနဲ့။ စီးပွားရေးကိုပဲ ရိုးရိုးသားသား လုပ်ပါ။ စီးပွားရေး အောင်မြင် လာရင် ဓားပြတိုက်တာထက် ပိုမြတ်ပါတယ်]

ထိုအချိန်တွင် လင်းဖန်သည် စနစ်၏ စကားကို နားထဲမဝင်နိုင်တော့ဘဲ မျက်နှာတစ်ခုလုံး စိတ်ပျက် အားငယ်မှုများဖြင့် ပြည့်နှက်နေတော့သည်။ ရှေ့က ရုပ်သေးကို ကြည့်ပြီး လှတာကလွဲရင် ဘာမှအသုံးမ ကျဘူးဟု ခံစားနေရသည်။ သို့သော် လင်းဖန်သည် ထိုမျှနှင့် လက်လျှော့မည့်သူ မဟုတ်ပါ။ ရုပ်သေးရဲ့ စည်းမျဉ်းတွေထဲမှာ ဟာကွက်ရှိရမည်ဟု သူ ခံစားမိသည်။ ထို့ကြောင့် သူသည် ကျင့်ကြံခြင်းဂူထဲမှာပဲ အောင်း နေပြီး ရုပ်သေးကို အသုံးချနိုင်မည့် ဟာကွက်များကို အသေအလဲ ရှာဖွေစုံစမ်းရန် ဆုံးဖြတ် လိုက်တော့သည်။

လင်းဖန် တစ်ယောက် ရုပ်သေးကို အာရုံစိုက် စမ်းသပ်နေစဉ်မှာပင်...

ချန်ယွမ်ရှန်း၏ ဒုတိယညီဖြစ်သူ ချန်ယွမ်လင်းသည်လည်း ခရီးရှည်နှင်နှင်ပြီးနောက် သွေးမိစ္ဆာဂိုဏ်း ဌာနချုပ်သို့ ရောက်ရှိလာသည်။ ကြိုတင်သတင်းရထားသဖြင့် တတိယညီဖြစ်သူ ချန်ယွမ်ရှုးသည် ဂိုဏ်းအပြင်ဘက်တွင် စောင့်ဆိုင်းနေသည်။

ယခုအခါတွင် သူသည် သွေးရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ကျင့်ကြံမှုအဆင့်မှာ ရွှေအမြုတေအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ကာ အချိန်မရွေး အခြေတည်စိတ်ဝိညာဉ်အဆင့်သို့ တက်လှမ်းနိုင် သည့် အခြေအနေတွင် ရှိနေသည်။

"ဒုတိယအစ်ကို... ဘာကိစ္စရှိလို့လဲ။ မိသားစုမှာ တစ်ခုခု အကြီးအကျယ် ဖြစ်လို့လား….။"

ခရီးပန်းလာသော ချန်ယွမ်လင်းသည် ညီဖြစ်သူ၏ အမေးကို ကြားသောအခါ ပတ်ဝန်းကျင်ကို ဝေ့ဝဲ ကြည့်လိုက်သည်။ သွေးမိစ္ဆာဂိုဏ်း တံခါးဝရှိ အစောင့်နှစ်ယောက်က သူ့ကို စူးစမ်းစွာ ကြည့်နေသည်ကို သတိပြုမိသဖြင့် သူသည် ချန်ယွမ်ရှုး၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။

"ညီလေး... အစ်ကိုကြီးနဲ့ ငါဟာ ငါတို့ ချန်မိသားစုအတွက် ဂုဏ်ကျက်သရေတွေ အများကြီး ယူဆောင် ပေးနိုင်မယ့် အခွင့်အရေးတစ်ခုကို ရှာတွေ့ထားတယ်။ ငါတို့ ဒါကို အသေးစိတ် ဆွေးနွေးလို့ရမယ့် တိတ်ဆိတ်တဲ့ နေရာရှိလား….။"

ညီဖြစ်သူ ချန်ယွမ်ရှုးက ခဏမျှ စဉ်းစားပြီးနောက်...

"ဒုတိယအစ်ကို... ကျွန်တော်နဲ့ လိုက်ခဲ့ပါ။ ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းဂူမှာ အဟန့်အတား အစီအရင်တွေ ရှိတော့ တော်တော်လေး စိတ်ချရပါတယ်…။"

ပြောပြီးသည်နှင့် သူသည် ချန်ယွမ်လင်းကို ဂိုဏ်းအတွင်းသို့ ခေါ်ဆောင်သွားသည်။ တံခါးစောင့်နေသည့် သွေးမိစ္ဆာဂိုဏ်း တပည့်နှစ်ယောက်ကို ဖြတ်သွားစဉ်တွင် ချန်ယွမ်ရှုးသည် ပါးနပ်စွာဖြင့် သူတို့ကို လက်ဆောင်အချို့ ပေးခဲ့သည်။ ဂိုဏ်းထဲတွင် ပြင်ပလူ လာရောက်တွေ့ဆုံခြင်းကို တားမြစ်ထားသည့် စည်းကမ်းမရှိသော်လည်း ကြိုတင် စီစဉ်ထားခြင်းက မလိုအပ်သော ပြဿနာများကို လျော့နည်းစေ နိုင်သည်။ အစောင့်နှစ်ယောက်ကလည်း အလိုက်သိစွာဖြင့် ပစ္စည်းလက်ခံရရှိပြီးနောက် ဘာမှ မမြင် လိုက်သယောင် နေပေးလိုက်ကြသည်။

ထို့နောက်မှာတော့ ချန်ယွမ်လင်းဟာ ချန်ယွမ်ရှုရဲ့ ကျင့်ကြံခြင်းဂူကို အံ့သြတကြီးနဲ့ ရောက်ရှိသွား လေတော့သည်။

ကျင့်ကြံခြင်းဂူထဲ ရောက်သည်နှင့် ချန်ယွမ်လင်းဟာ သူ့လာရင်း ကိစ္စကို သတိရသွားလေသည်။ ဂိုဏ်းရဲ့ ပတ်ဝန်းကျင်ကောင်းတွေကြောင့် အံ့သြနေရာမှ သတိပြန်ဝင်လာပြီး အစ်ကိုကြီး ပေးလိုက်သော ဆေးပုလင်း အချို့ကို အမြန် ထုတ်လိုက်ပါတော့သည်။

All Chapters