အခန်း ၅၅
Vol. 6 Ch. 55
အခန်း (၅၅) ဟင်းလင်းပြင်စျေးကွက် နှင့် ဟင်းလင်းပြင်ကုန်သည်
သို့သော်လည်း လင်းဖန်သည် စနစ်ဟင်းလင်းပြင်ထဲမှ သိုလှောင်လက်စွပ်ကို ထုတ်ယူလိုက်ချိန်တွင် ဆွံ့အသွားရလေသည်။ သူ ထင်ထားသည့်အတိုင်းပင် ဤလက်စွပ်တွင် တားမြစ်ချက်တစ်ခု ရှိနေပြီး သူ ဖွင့်၍မရပေ။
[ပိုင်ရှင်... ဒီစနစ်က သိုလှောင်လက်စွပ် ဖွင့်ပေးတဲ့ဝန်ဆောင်မှုကို ဝန်ဆောင်ခ (၁) ရာခိုင်နှုန်းတည်းနဲ့ ဆောင်ရွက်ပေးနေပါတယ်ခင်ဗျာ]
'ဟင်းလင်းပြင် သန့်စင်ခြင်းနယ်ပယ်' ကျင့်ကြံသူကို မသတ်ခင် တားမြစ်ချက် ဖြုတ်ခိုင်းဖို့ မေ့သွားခဲ့တာ ကို နောင်တရနေစဉ်မှာပင် စနစ်က စကားပြောလာခြင်းဖြစ်သည်။ စနစ်က ဖွင့်ပေးနိုင်သည်ဆိုသဖြင့် လင်းဖန် ဝမ်းသာသွားသော်လည်း ဝန်ဆောင်ခယူမည်ဆိုသော စကားကြောင့် နေသာရာမှ ချက်ချင်း မိုးအုံ့သွားသလို ခံစားလိုက်ရသည်။
ခဏမျှစဉ်းစားပြီးနောက် လင်းဖန်သည် စနစ်၏အကူအညီကို ယူရန်သာ ဆုံးဖြတ်လိုက်သည်။ ဘာမှမရ တာထက်စာရင်တော့ ဝန်ဆောင်ခပေးပြီး ဖွင့်လိုက်တာက ပိုကောင်းသည် မဟုတ်ပါလား။ ထို့ကြောင့် လင်းဖန်သည် လက်စွပ်ကို စနစ်ဟင်းလင်းပြင်ထဲသို့ ပြန်ပစ်ထည့်လိုက်သည်။
"ကဲ... ဖွင့်လိုက်တော့။ ဖွင့်ရင်းနဲ့ ခုနက ရုပ်သေးဝတ်စုံငှားခ အကြွေးတွေကိုပါ တစ်ခါတည်း နုတ်ယူ ထားလိုက်…။"
[ဝါး... ပိုင်ရှင်ကတော့ ရက်ရောလိုက်တာ။ အချိန်မီ ချေး၊ အချိန်မီ ဆပ်တာက နောင်တစ်ချိန် ချေးငှားဖို့ လွယ်ကူစေပါတယ်။ ပိုင်ရှင်ရဲ့ ကောင်းမွန်တဲ့ အကြွေးဆပ်တဲ့ အမူအရာကြောင့် ဒီစနစ်က ပိုင်ရှင် အတွက် အကြွေးဝယ်ယူခွင့် ကန့်သတ်ချက်ကို တိုးမြှင့်ပေးလိုက်ပါမယ်]
"ဟဲဟဲ... ဒါဆို ငါက မင်းကို ကျေးဇူးတင်ရမှာပေါ့ ဟုတ်လား…။"
[မလိုပါဘူးခင်ဗျာ… သိုလှောင်လက်စွပ်ကို ဖွင့်ပေးပြီးပါပြီ။ ဝန်ဆောင်ခနဲ့ အကြွေးတွေကို အလိုအ လျောက် နုတ်ယူပြီးပါပြီ။ ကျန်တဲ့လက်ကျန်ကိုတော့ စနစ်ဟင်းလင်းပြင်ထဲမှာ သိမ်းဆည်းပေးထား ပါတယ်]
စနစ်၏ အသိပေးချက်ကို ကြားရသည်နှင့် လင်းဖန်သည် မျှော်လင့်တကြီးဖြင့် စနစ်ဟင်းလင်းပြင်ထဲကို ကြည့်လိုက်သည်။
"ဟင်... ဘာလို့ ဒီလောက်တောင် နည်းနေရတာလဲ။ မင်း... မင်း... ငါ့ရဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေကို ခိုးယူလိုက်တာလား။ မင်းကို အပြစ်ပေးတဲ့အနေနဲ့ ဒီတစ်ခါ စျေးဝယ်ရင် ပိုက်ဆံတစ်ပြားမှ မပေးဘဲ အလကားဝယ်ခွင့်ယူပစ်မယ်…။"
[ပိုင်ရှင်… လူမှာ အသိတရားရှိသင့်ပါတယ်… ဒီစနစ်ရဲ့ ဖြူစင်တဲ့ဂုဏ်သိက္ခာကို ဒီလိုမျိုး ဘယ်လိုလုပ် စွပ်စွဲနိုင်ရတာလဲ]
လင်းဖန်သည် စနစ်၏ ရှင်းပြချက်ကို ဂရုမစိုက်ဘဲ စနစ်က ပိုက်ဆံခိုးသည်ဟုသာ ဇွတ်အတင်း ပြောနေ တော့သည်။
"ငါက စွပ်စွဲတာ ဟုတ်လား။ ဒါက 'ဟာလာဟင်းလင်းပြင် သန့်စင်ခြင်းနယ်ပယ်' ကျင့်ကြံသူတစ်ယောက် ရဲ့ ပိုင်ဆိုင်မှုအားလုံးလေ။ ကုန်ကျစရိတ်တွေ အကုန်နုတ်ရင်တောင် ဒီလောက်ပဲ ကျန်စရာ အကြောင်း မရှိဘူး။ မင်း ခိုးထားတာ သေချာတယ်…။"
[...ဟေ့ ပိုင်ရှင်၊ ဘာလို့ ရုတ်တရက်ကြီး ရက်ရောပြနေလဲလို့ ကျွန်တော် စဉ်းစားနေတာ။ လက်စွပ်ထဲ မှာ စိတ်ဝိညာဉ်ကျောက်တုံး ဘယ်လောက်ရှိလဲတောင် မစစ်ဘဲ အကြွေးတွေကို နုတ်ခိုင်းတာက ဒါကို စောင့်နေတာကိုး]
[ပိုင်ရှင်... ကျွန်တော့်ကို လှည့်စားဖို့ ဒီလောက်အထိ ကြိုးစားတာ နည်းနည်းလေးတောင် နောင်တ မရဘူးလား]
လင်းဖန်ကတော့ စနစ်၏ ပြောစကားကို လုံးဝ ဝန်ခံမည်မဟုတ်ပေ။
"လျှောက်မပြောနဲ့ ငါ မလုပ်ဘူး။ ငါ မစစ်ဘဲ နုတ်ခိုင်းတာက မင်းကို ယုံကြည်လို့လေ။ မင်းက ဒီလိုစနစ် မျိုး ဖြစ်နေလိမ့်မယ်လို့ ငါ မထင်ထားဘူး။ ဒါကြောင့် မင်းကို အလကားဝယ်ခွင့်နဲ့ အပြစ်ပေးတာက တရားမျှတပါတယ်…."
['ဟင်းလင်းပြင် သန့်စင်ခြင်းနယ်ပယ်' ကျင့်ကြံသူတွေမှာလည်း ချမ်းသာတာ ဆင်းရဲတာ ကွာခြားမှု ရှိတာပေါ့ ပိုင်ရှင်ရာ။ ကံဆိုးချင်တော့ ဒီကျင့်ကြံသူက တော်တော်လေး ဆင်းရဲတဲ့သူ ဖြစ်နေလို့ပါ။ ဒါကြောင့် အကြွေးတွေနုတ်ပြီးရင် ဒီလောက်ပဲ ကျန်တာပါ]
"ငါ့ကို လာနောက်မနေနဲ့။ သူက ဘယ်လောက်တောင် ဆင်းရဲမှာမို့လို့လဲ။ မင်း... ငါ့ဆီက ပိုမနုတ် ထားဘူးလို့ ကျိန်ရဲလား…။ "
လင်းဖန် ထိုသို့ပြောလိုက်သည်နှင့် စနစ်သည် ရုတ်တရက် တိတ်ဆိတ်သွားသဖြင့် လင်းဖန် ဘာဖြစ်နေ သည်ကို ချက်ချင်း သိလိုက်သည်။
"ဟာ... မင်း... မင်း တကယ်ပဲ ငါ့အကောင့်ထဲက ပိုက်ဆံတွေ ပိုနုတ်ထားတာလား…။"
အရင်က သူသည် စနစ်၏ လှည့်စားမှုကို ခံခဲ့ရသဖြင့် ယခုအခါ လှည့်ကွက်လေးသုံးပြီး ပြန်လက်စား ချေရန် ကြံစည်ခဲ့ခြင်း ဖြစ်သော်လည်း မတော်တဆပင် အမှန်တရားကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။
[ဟဲ..ဟဲ.. ပေးရမှာထက် နည်းနည်းလေးပဲ ပိုနုတ်လိုက်တာပါ၊ အဲ့ဒါကို စိတ်ထဲမထားပါနဲ့။ ဘာပဲဖြစ်ဖြစ် ကျန်တဲ့ပမာဏက ပိုင်ရှင်ကို 'ရွှေအမြုတေအဆင့်' ရောက်အောင် လုပ်ပေးဖို့ လုံလောက်ပါတယ်]
[ဒါကို လျော်ကြေးပေးတဲ့အနေနဲ့ ပိုင်ရှင် ရွှေအမြုတေအဆင့်ကို ရောက်တဲ့အခါ လက်ဆောင်တစ်ခု ပေးပါ့မယ်]
စနစ်၏စကားကို ကြားပြီးနောက် လင်းဖန်သည် ခဏမျှစဉ်းစားပြီး သဘောတူလိုက်သည်။ စနစ်ဆီက အလကားဝယ်ယူခွင့်ရဖို့က မလွယ်ကူမှန်း သူသိသဖြင့် စနစ်က အကျိုးကျေးဇူးပေးမည်ဟု ကတိပေး လာသဖြင့် ဤအခွင့်အရေးကို ယူလိုက်ရန် ဆုံးဖြတ်လိုက်သည်။
"ကောင်းပြီ... မင်းကိုယ်တိုင် ပြောတာနော်။ ငါ့အကောင့်ထဲကို ကျောက်တုံးတွေ ဖြည့်လိုက်တော့ ရွှေအမြုတေအဆင့်အထိ တိုက်ရိုက်မြှင့်လိုက်….။"
[ဒင်….အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး (၂၀,၀၀၀) ဖြည့်သွင်းပြီးပါပြီ။ ဂုဏ်ယူပါတယ် ပိုင်ရှင် အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့် (အလယ်ပိုင်း) သို့ တက်လှမ်းသွားပါပြီ]
[ဒင်… အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး (၃၀,၀၀၀) ဖြည့်သွင်းပြီးပါပြီ။ ဂုဏ်ယူပါတယ် ပိုင်ရှင်၊ အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့် (နှောင်းပိုင်း) သို့ တက်လှမ်းသွားပါပြီ]
[ဒင်… အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး (၄၀,၀၀၀) ဖြည့်သွင်းပြီးပါပြီ။ ဂုဏ်ယူပါတယ် ပိုင်ရှင်၊ ရွှေအမြုတေအဆင့် (အစောပိုင်း) သို့ တက်လှမ်းသွားပါပြီ]
ရွှေအမြုတေအဆင့်သို့ ရောက်သွားပြီဟု ကြားလိုက်ရသဖြင့် လင်းဖန်သည် စနစ်မျက်နှာပြင်ကို ချက်ချင်း စစ်ဆေးလိုက်သည်။ ပထမဆုံး မြင်လိုက်ရသည်မှာ နောက်တစ်ဆင့်တက်ရန် လိုအပ်သည့် စိတ်ဝိညာဉ် ကျောက်တုံး အရေအတွက်ပင်။
ပိုင်ရှင် လင်းဖန်- ရွှေအမြုတေအဆင့် (အစောပိုင်း)
အဆင့်တက်ရန် တိုးတက်မှု- (၀ / ၂၀၀၀ အဆင့်လတ် စိတ်ဝိညာဉ်ကျောက်တုံး)
"ဟင်… ရွှေအမြုတေအဆင့်ကနေ အဆင့်တက်ဖို့ ကျောက်တုံး (၂၀၀၀) ပဲ လိုတာလား။ ဒါက မင်းပြော တဲ့ လက်ဆောင်လား။ မဆိုးဘူး၊ မဆိုးဘူး…"
[အဲ... ပိုင်ရှင် သေချာလေး ထပ်ကြည့်ပေးပါဦး]
"ငါ မမှားပါဘူး (၂) ရဲ့နောက်မှာ (၃) သုည နှစ်ထောင်... အဆင့်လတ် စိတ်ဝိညာဉ်ကျောက်တုံးလား…."
[ဟုတ်ပါတယ်။ ရွှေအမြုတေအဆင့်ဆိုတာ ကျင့်ကြံသူတွေရဲ့ အောက်ခြေအဆင့်ကနေ တရားဝင် မြင့်တက်လာတဲ့ အဆင့်ဖြစ်တဲ့အတွက် လိုအပ်တဲ့ စိတ်ဝိညာဉ်ကျောက်တုံး အမျိုးအစားကလည်း ပိုမြင့်သွားပါပြီ]
"အဆင့်လတ် ကျောက်တုံး နှစ်ထောင်ဟုတ်လား…။ လဲလှယ်နှုန်း (၁) ဆ (၁၀၀) ဆိုရင် ဒါက အဆင့်နိမ့် ကျောက်တုံး နှစ်သိန်းတောင် ဖြစ်နေတာပဲ။ ဒါက မင်းပြောတဲ့ လက်ဆောင်လား။ ဒါက လက်ဆောင် မဟုတ်ဘူး၊ လူကို လန့်အောင် လုပ်တာ…။"
[ပိုင်ရှင်... အထင်မမှားပါနဲ့။ ကျွန်တော်ပြောတဲ့ လက်ဆောင်က ဒါမဟုတ်ပါဘူး။ ရွှေအမြုတေအဆင့် ကို ရောက်သွားတဲ့အတွက် 'ခြေထောက်သုံးချောင်းရွှေကျီးသုံးဘီး' နဲ့ တခြားမှော်ရတနာတွေရဲ့ စွမ်း ဆောင်ရည်က အများကြီး မြင့်တက်သွားပါပြီ။ အထူးသဖြင့် 'ဟင်းလင်းပြင်သားရဲတဲ' ကတော့ ပိုင်ရှင် ကို မုချ စိတ်ကျေနပ်စေမှာပါ]
စနစ်က ရှင်းပြနေစဉ်မှာပင် လင်းဖန်၏ အပြုံးက ပိုမိုကျယ်ပြန့်လာသည်။ လင်းဖန်ကို အပျော်ဆုံးဖြစ်စေ သည်မှာ 'ဟင်းလင်းပြင်သားရဲတဲ' ၏ အဆင့်မြှင့်တင်မှုပင် ဖြစ်သည်။
အရင်က သိပ်ပြီး ထူးထူးခြားခြား မရှိလှသည့် ဤပစ္စည်းသည် ယခုအခါတွင် လင်းဖန်အား သူ၏ စွမ်းအားကို သက်သေပြနိုင်ခဲ့ပြီ ဖြစ်သည်။ အစပိုင်းက 'ဟင်းလင်းပြင်သားရဲတဲ' ကို ရရှိစဉ်တွင် စနစ်က ၎င်းကို ကောင်းချီးပေးထားသော နယ်မြေ တစ်ခုအဖြစ် ဖော်ပြခဲ့သည်။ သို့သော်လည်း အတွင်းပိုင်းရှိ ဟင်းလင်းပြင်မှာ သာမန်အခန်းတစ်ခန်းစာခန့်သာ ရှိသဖြင့် လင်းဖန် အမြဲ သံသယဝင်ခဲ့သည်။
ယခုအခါ လင်းဖန် ရွှေအမြုတေအဆင့်သို့ ရောက်သွားသဖြင့် ဤတဲသည် တကယ့် ကောင်းချီးပေးထား သော နယ်မြေတစ်ခု ဖြစ်လာခဲ့ပြီ။ အတွင်းပိုင်း အကျယ်အဝန်းမှာ ချင်းယွင်စျေးကွက်ထက်ပင် ပိုမို၍ ကျယ်ဝန်းသွားပြီး အတွင်းရှိ စိတ်ဝိညာဉ် သိပ်သည်းမှုမှာလည်း ချင်းယွင်ဂိုဏ်း၏ ကျင့်ကြံသည့် နေရာ များထက် ပိုမိုမြင့်မားနေကြောင်း လင်းဖန် ခံစားလိုက်ရသည်။
ထို့အပြင် 'ဟင်းလင်းပြင်သားရဲတဲ' တွင် လုပ်ဆောင်ချက်အသစ်တစ်ခု ထပ်တိုးလာသည်။ ၎င်းမှာ 'ဟင်းလင်းပြင်စျေးကွက်' ပင် ဖြစ်သည်။ ဤဟင်းလင်းပြင်စျေးကွက်၏ လုပ်ဆောင်ချက်မှာ လင်းဖန် အတွက် အကြီးမားဆုံး လက်ဆောင်ပင်။
ဟင်းလင်းပြင်သားရဲတဲသည် 'ဟင်းလင်းပြင်တိုကင်' များကို အလိုအလျောက် ထုတ်ပေးမည် ဖြစ်သည်။ ထိုတိုကင်ကို ကိုင်ဆောင်ထားသူ မည်သူမဆို မည်သည့်နေရာတွင် ရှိနေပါစေ တိုကင်ကို အသက်သွင်း လိုက်ရုံဖြင့် ဟင်းလင်းပြင်သားရဲတဲ၏ စျေးကွက်အတွင်းထဲသို့ ဝင်ရောက်လာနိုင်မည် ဖြစ်သည်။
ဤလုပ်ဆောင်ချက်သည် လင်းဖန်၏ လက်ရှိ စီးပွားရေး ကန့်သတ်ချက်များကို ဖြေရှင်းပေးနိုင်သည့် နည်းလမ်းတစ်ခုဟု ဆိုနိုင်သည်။ ဥပမာအားဖြင့် လီယွမ်ဖေးတို့ နောင်တစ်ချိန် ကျုံးကျိုးသို့ ပြန်သွား သည့်တိုင်အောင် လင်းဖန်ပေးထားသည့် တိုကင်ကို ဆောင်ထားပါက မည်မျှပင် ဝေးကွာပါစေ တိုကင် ကို သုံးလိုက်ရုံဖြင့် လင်းဖန်၏ ဟင်းလင်းပြင်စျေးကွက်တွင် လင်းဖန်နှင့် တွေ့ဆုံပြီး အရောင်းအဝယ် ပြုလုပ်နိုင်မည် ဖြစ်သည်။
ထိုတိုကင်များကို လင်းဖန်က အပြည့်အဝ ထိန်းချုပ်ထားနိုင်သည်။ ရေရှည်သုံးနိုင်သည့် တိုကင်များသာ မက တစ်ကြိမ်သုံး တိုကင်များကိုလည်း သူ ဖန်တီးနိုင်သည်။ အကယ်၍ ရန်သူက တိုကင်ကို ရသွား လျင်တောင် လင်းဖန်က အချိန်မရွေး ပြန်သိမ်းပစ်နိုင်ပြီး ရန်သူ ဝင်မလာအောင် တားဆီးနိုင်ပေသည်။
ရန်သူက တိုကင်ဖြင့် စျေးကွက်ထဲ ဝင်လာလျင်တောင် ပြဿနာမရှိပေ။ အဘယ်ကြောင့်ဆိုသော် ထိုနေ ရာမှာ လင်းဖန်၏ နယ်မြေဖြစ်သောကြောင့် ဖြစ်သည်။ ဟင်းလင်းပြင်စျေးကွက်အတွင်းတွင် လင်းဖန် သည် ပြိုင်ဘက်၏ အသက်ရှင်ခြင်းနှင့်သေခြင်းကို စိတ်ကြိုက် ထိန်းချုပ်နိုင်လေသည်။
ဤလုပ်ဆောင်ချက်ကို တွေ့ပြီးနောက် လင်းဖန်သည် သူ၏ အနာဂတ် စီးပွားရေးမဟာဗျူဟာကို စဉ်းစားပြီးသား ဖြစ်သွားသည်။
ပထမဦးစွာ လီယွမ်ဖေးတို့ကို သူ၏ ဆေးလုံးများနှင့် အခြားပစ္စည်းများကို ကြော်ငြာခိုင်းမည်ဖြစ်ပြီး တစ်ကြိမ်သုံး တိုကင်များကို ဖြန့်ဝေခိုင်းမည် ဖြစ်သည်။ ထိုအခါ ကျင့်ကြံသူများသည် တိုကင်ကို အသုံး ပြုပြီး သူနှင့် အရောင်းအဝယ်လုပ်ရန် စျေးကွက်ထဲသို့ ဝင်လာကြလိမ့်မည်။
သူ၏ ဟင်းလင်းပြင်တိုကင်များ ထျန်းယွမ်တိုက်ကြီး တစ်ခုလုံးသို့ ပျံ့နှံ့သွားသည့်အခါ လင်းဖန်သည် အိမ်ထဲက အိမ်ပြင်မထွက်ဘဲ ဒေသအသီးသီးရှိ ကျင့်ကြံသူများနှင့် အရောင်းအဝယ် ပြုလုပ်နိုင်တော့ မည် ဖြစ်သည်။ လင်းဖန်သည် သူကိုယ်သူ နာမည်တစ်ခုလည်း ပေးထားပြီးသား ဖြစ်သည်။
၎င်းမှာ 'ဟင်းလင်းပြင်ကုန်သည်' ဟူသော နာမည်ပင်။ နာမည်က တော်တော်လေးကို ခန့်ညားလှသည်။
သို့သော် 'ဟင်းလင်းပြင်ကုန်သည်' ဟူသော နာမည်ကို ထျန်းယွမ်တိုက်ကြီး တစ်ခုလုံး သိစေရန်မှာ အချိန်တိုအတွင်း မဖြစ်နိုင်ဘဲ တဖြည်းဖြည်းချင်း လုပ်ဆောင်ရမည့် အရာဖြစ်သည်။
ထို့ကြောင့် လင်းဖန်သည် ဟင်းလင်းပြင်သားရဲတဲကို တိုကင်အသုတ်လိုက် ထုတ်ခိုင်းထားရန် ဆုံးဖြတ် လိုက်ပြီး လီယွမ်ဖေးတို့ ချန်မိသားစုကို သွားရောက်ချေမှုန်းပြီး ပြန်လာမှသာ မဟာမိတ်ကိစ္စကို ဆွေးနွေး ရန် ဆုံးဖြတ်လိုက်တော့သည်။