← Chapters

အခန်း ၅၈

Vol. 6 Ch. 58

အခန်း ၅၈

Vol. 6 Ch. 58

အခန်း (၅၈) ရှောင်လင်း... မင်းတို့မိသားစုရဲ့ ငွေကြေးအခြေအနေက ဘယ်လိုမျိုးလဲ

အကြီးအကဲများ၏ စိတ်လှုပ်ရှားနေသော အသံများကို ကြားရသော်လည်း ဝမ်ယွီအန်းက တိကျသော အဖြေမပေးခဲ့ပေ။

"ဒီကိစ္စကို လူတိုင်း လျှို့ဝှက်ထားကြရမယ်။ အကြီးအကဲကျန်းရဲ့ သေဆုံးမှုက ဒီဆေးလုံးတွေနဲ့ ဆက်စပ် နေဖို့ များတယ်။ ဒါကို ငါတို့ ထပ်ပြီး ဆွေးနွေးဖို့ လိုအပ်သေးတယ်…။"

"ကောင်းပြီ... အဲ့ဒီနေရာကို ငါကိုယ်တိုင်သွားပြီး တိတ်တဆိတ် စုံစမ်းလိုက်မယ်။ မင်းတို့အားလုံး ဂိုဏ်း မှာပဲ နေခဲ့ကြ ဘာမှလောလော မလုပ်ကြနဲ့။ တကယ်လို့ အရေးကြီးတာရှိရင် တောင်နောက်ဘက်က ဘိုးဘေးဆီမှာ သွားရောက် တိုင်ပင်ကြပါ…။"

ထိုသို့ပြောပြီးနောက် ဝမ်ယွီအန်းသည် ဂိုဏ်းမှ ထွက်ခွာခဲ့ပြီး တပည့်များထံမှ သိရှိထားသည့် ချန်မိသားစု ရှိရာ အရပ်သို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားတော့သည်။ ကျန်းဟုန်းညန်းက မျက်တောင်တစ်ခတ် အတွင်း အသတ်ခံလိုက်ရသော်လည်း သူကတော့ ကြောက်ရွံ့ခြင်းမရှိပေ။

သူ၏အမြင်တွင် ကျန်းဟုန်းညန်းသည် ရန်သူ၏ အစွမ်းထက်သော စီရင်ထုံး တစ်ခုခုဖြင့် လုပ်ကြံခံရ ခြင်း သို့မဟုတ် အန္တရာယ်ရှိသော နေရာတစ်ခုထဲသို့ မတော်တဆ ကျရောက်သွားခြင်းမျိုး ဖြစ်နိုင်သည် ဟု ယူဆထားသည်။ ကျန်းဟုန်းညန်းကို ချက်ချင်းသတ်နိုင်သည့် အန္တရာယ်သည် သူ့ကိုလည်း သတ်နိုင် လိမ့်မည်ဟု မဆိုလိုပေ။

သူ၏ 'ပေါင်းစပ်ခြင်းနယ်ပယ်' ကျင့်ကြံမှုအဆင့်ကို ခဏဖယ်ထားဦး သူပိုင်ဆိုင်ထားသည့် ဝှက်ဖဲအမျိုး မျိုးမှာ ကျန်းဟုန်းညန်းကဲ့သို့ သာမန်အကြီးအကဲတစ်ယောက်နှင့် ယှဉ်လျှင် ကောင်းကင်နှင့် မြေကြီး ကဲ့သို့ ကွာခြားလှသည်။ ထို့အပြင် အန္တရာယ်နှင့် ကြုံလာလျှင်ပင် ဂိုဏ်း၏ ဘိုးဘေးထံသို့ အကူအညီ တောင်းခံသည့် အချက်ပြမှုကို တိုက်ရိုက် ပေးပို့နိုင်သည်ပင်။

သို့သော် ဝမ်ယွီအန်း ဂိုဏ်းမှ ထွက်ခွာသွားချိန်မှာပင် လီယွမ်ဖေးနှင့် သူ၏ အဖော်နှစ်ဦးမှာ ချန်မိသားစု ထံမှ ဂိုဏ်းသို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။ ချန်မိသားစုမှာမူ ယခုအခါ ချန်မိသားစု မဟုတ်တော့ ဘဲ အပျက်အစီးများသာ ကျန်ရှိတော့သည်။ ကျင့်ကြံခြင်း မပြုနိုင်သည့် သာမန်လူအချို့ကို ပြန်လွှတ်ပေး ခဲ့သည်မှအပ ကျန်ကျင့်ကြံသူ အားလုံးကို သူတို့ သတ်ဖြတ်ခဲ့ကြသည်မဟုတ်ပါလား။

သူတို့သည် အရှေ့ဘက်ဒေသတွင် အချိန်အကြာကြီး နေရန် အစီအစဉ်မရှိသဖြင့် အမြစ်ပြတ်အောင် တော့ မလုပ်ခဲ့ပေ။ အကယ်လို့ ထိုသာမန်လူများက ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ မတော်တဆ ရောက်ရှိ လာလျင်တောင် ထိုအချိန်တွင် သူတို့သည် ကျုံးကျိုးသို့ ရောက်နေလောက်ပြီ ဖြစ်သည်။

ဂိုဏ်းသို့ အပြန်လမ်းတွင် လီယွမ်ဖေးသည် လင်းဖန်ထံမှ ဆွေးနွေးစရာရှိသည်ဆိုသော သတင်းစကားကို လက်ခံရရှိခဲ့သည်။ ထို့ကြောင့် သူသည် ကော်ထျန်းနှင့် ကျောက်ချင်းဟယ်တို့ကို ခေါ်ဆောင်ကာ ဂိုဏ်း၏ ခန်းမဆောင်ကြီးသို့ လာခဲ့ကြသည်။ မကြာမီမှာပင် လင်းဖန်သည် အပြေးအလွှား ရောက်ရှိလာသည်။

"ဦးလေးလီ၊ ဦးလေးကော်၊ ဦးလေးကျောက်... ကျွန်တော် ဦးလေးတို့နဲ့ အရေးကြီးတဲ့ ဆွေးနွေးစရာ ကိစ္စတစ်ခု ရှိလို့ပါ…။"

လင်းဖန်သည် ဝင်လာသည်နှင့် လိုရင်းကို တိုက်ရိုက် ပြောလိုက်သည်။ လီယွမ်ဖေးတို့မှာမူ ဘာမှမ ပြောဘဲ လင်းဖန် ဆက်ပြောမည့် စကားကို စောင့်ဆိုင်းနေကြသည်။

"ဦးလေးလီ... ကျွန်တော် ဦးလေးတို့နဲ့ မဟာမိတ်ဖွဲ့ချင်ပါတယ်။ ကျွန်တော့်ရဲ့ ဆေးလုံးတွေ၊ မှော်လက် နက်တွေနဲ့ တခြားပစ္စည်းတွေကို ကြော်ငြာပေးဖို့ ကူညီမယ်ဆိုရင် ဦးလေးတို့ ကျုံးကျိုးမှာပဲဖြစ်ဖြစ်၊ အရှေ့ဘက်ဒေသမှာပဲဖြစ်ဖြစ် ဘယ်နေရာမှာမဆို ကျွန်တော့်ရဲ့ ပစ္စည်းတွေကို အချိန်မရွေး ဝယ်ယူနိုင် အောင် ကျွန်တော် စီစဉ်ပေးနိုင်ပါတယ်…။"

လင်းဖန်၏ စကားကို ကြားသောအခါ လီယွမ်ဖေးတို့သည် ဇဝေဇဝါ ဖြစ်သွားကြသည်။ လင်းဖန် ဘာလုပ်မည်ကို မသိသော်လည်း သူတို့၏ မျက်နှာတွင် မျှော်လင့်ချက်များ ပေါ်ပေါက်လာသည်။ သူတို့ ဂိုဏ်း မပျက်စီးသေးမှန်း သိလိုက်ရသည့်အချိန်မှစ၍ သူတို့သည် အရှေ့ဘက်ဒေသအပေါ် သံယောဇဉ် သိပ်မရှိတော့ပေ။ ကျုံးကျိုးကသာ သူတို့၏ ဇာတိမြေ မဟုတ်ပါလား။

တစ်ခုတည်းသော နောင်တမှာ သူတို့ ကျုံးကျိုးသို့ ပြန်သွားပြီးနောက် လင်းဖန်က အရှေ့ဘက်ဒေသမှာပဲ ကျန်ခဲ့မည်ဆိုလျှင် လင်းဖန်၏ အံ့ဖွယ်ဆေးလုံးများကို ဝယ်ယူနိုင်တော့မည် မဟုတ်ခြင်းပင်။

"မင်းပြောတာ ဘာအဓိပ္ပာယ်လဲ ရှောင်လင်း။ မင်းကော ငါတို့နဲ့အတူ ကျုံးကျိုးကို လိုက်ခဲ့ပြီး စီးပွားရေး ချဲ့ထွင်ဖို့ အစီအစဉ် ရှိနေတာလား…။"

တစ်ဖက်လူက အထင်မှားသွားသည်ကို လင်းဖန် မအံ့ဩသော်လည်း ပြတ်ပြတ်သားသားပင် ငြင်းဆို လိုက်သည်။

"မဟုတ်ပါဘူး... ကျွန်တော်လည်း ကျုံးကျိုးကို တစ်နေ့ပြန်မှာ ဖြစ်ပေမယ့် အခုချက်ချင်းတော့ မဟုတ် သေးဘူး။ ဦးလေးတို့ထက် အများကြီး နောက်ကျမှ ဖြစ်မှာပါ…။"

ဤစကားကို ကြားသောအခါ လီယွမ်ဖေး၏ မျက်နှာတွင် စိတ်ပျက်သွားသည့် အရိပ်အယောင်များ ပေါ်လာသော်လည်း မျှော်လင့်ချက်ကလေးတော့ ရှိနေသေးသည်။ ဘာပဲဖြစ်ဖြစ် လင်းဖန်က တစ်နေ့ ကျရင် လာမှာပဲဟု ပြောထားသည် မဟုတ်ပါလား။ လင်းဖန်နှင့် အချိန်အကြာကြီး အတူမနေခဲ့ရသော် လည်း သူသည် လင်းဖန်ကို သူ၏လူတစ်ယောက်လို သဘောထားနေပြီ ဖြစ်သည်။ ဤလူငယ်ကို သူ အလွန်သဘောကျသလို မိသားစုဝင်တွေ ဖြစ်သွားလျင်တောင် ကိစ္စမရှိဟု သူ တွေးမိသည်။

လီယွမ်ဖေးတို့က သူ ဆက်ပြောမည့်စကားကို စောင့်နေကြသည်ကို မြင်သောအခါ လင်းဖန်သည် အချိန်ဆွဲမနေတော့ဘဲ ကြိုတင်ပြင်ဆင်ထားသော 'ဟင်းလင်းပြင်တိုကင်' သုံးခုကို ထုတ်ယူကာ လီယွမ်ဖေးတို့ သုံးဦးအား ကမ်းပေးလိုက်သည်။

"ဦးလေးလီ... ဦးလေးတို့ သိတဲ့အတိုင်း ကျွန်တော်က စီးပွားရေးလုပ်ရတာကို ပိုသဘောကျတယ်။ ဒါကြောင့် ကျွန်တော် အပြင်ထွက်ပြီး လေ့ကျင့်မှုမလုပ်ခင်မှာ ကျွန်တော့်ရဲ့ မိသားစုက ကျွန်တော့်ရဲ့ ဝါသနာအတိုင်း 'ဟင်းလင်းပြင်စျေးကွက်' ဆိုတဲ့ အတုအယောင် စျေးကွက်တစ်ခုကို တည်ဆောက် ပေးခဲ့တယ်။ အဲ့ဒါက ထူးခြားတဲ့ ကောင်းချီးပေးထားတဲ့ နယ်မြေ တစ်ခုပေါ့…။"

"အဲ့ဒီ ဟင်းလင်းပြင်စျေးကွက်က တကယ်တော့ ကောင်းချီးပေးထားတဲ့ နယ်မြေတစ်ခုပါ။ ဒီတိုကင်က အဲ့ဒီနယ်မြေထဲကို ဝင်ဖို့အတွက် သော့ချက်ပဲ။ ဦးလေးတို့ရဲ့ မှော်စွမ်းအားနဲ့ ဒီတိုကင်ကို အသက်သွင်း လိုက်ရုံနဲ့ အထဲကို ရောက်သွားလိမ့်မယ်….။"

"အဲ့ဒီနယ်မြေက ကျွန်တော့်ကို အရှင်သခင်အဖြစ် အသိအမှတ်ပြုထားတဲ့အတွက် ဦးလေးတို့ ဝင်လာ တာနဲ့ ကျွန်တော် ချက်ချင်း သိမှာပါ။ အဲ့ဒီအခါ ကျွန်တော်လည်း အထဲဝင်လာပြီး ဦးလေးတို့နဲ့ တွေ့နိုင် တယ်။ ဒီနည်းနဲ့ဆိုရင် ကျွန်တော်တို့ ဘယ်လောက်ပဲ ဝေးဝေး အချိန်မရွေး တွေ့နိုင်ပါတယ်…။ "

လင်းဖန် ရှင်းပြနေစဉ်မှာပင် လီယွမ်ဖေးတို့ သုံးဦး၏ မျက်နှာမှာ အံ့ဩခြင်းမှသည် ကြောင်အခြင်းသို့ ပြောင်းလဲသွားသည်။ လီယွမ်ဖေးမှာ အချိန်အတော်ကြာမှ သတိပြန်ဝင်လာပြီး လင်းဖန်ကို တုန်တုန်ရင် ရင်ဖြင့် မေးလိုက်သည်။

"ရှောင်လင်း... မင်းပြောတာက မင်းမိသားစုက မင်းအတွက် ကောင်းချီးပေးထားတဲ့ နယ်မြေတစ်ခု တည်ဆောက်ပေးထားတယ် ဟုတ်လား။ မင်းတို့မိသားစုက ဘယ်လိုမျိုးမို့လို့လဲ။ ဒီလိုမျိုးကို ဘယ် လိုလုပ် တည်ဆောက်ပေးနိုင်ရတာလဲ….။"

ဘေးမှာရှိနေသော ကော်ထျန်းနှင့် ကျောက်ချင်းဟယ်တို့မှာလည်း မှင်သက်နေကြသည်။

"ကောင်းချီးပေးထားတဲ့ နယ်မြေဆိုတာ မင်းသိလား။ ကျုံးကျိုးက မြင့်မြတ်တဲ့ နေရာတွေမှာတောင် အဲ့ဒါကို ရတနာတစ်ခုလို တန်ဖိုးထားကြတာ။ အခု မင်းက အဲ့ဒါကို တစ်ယောက်တည်း ပိုင်တယ်ပေါ့ ဟုတ်လား….။"

"ကောင်းချီးပေးထားတဲ့ နယ်မြေဆိုတာ နတ်ဘုရားတွေရဲ့ ရတနာလို့တောင် ပြောကြတယ်။ ရှောင်လင်း ... မင်းက နတ်ဘုရားလောကကနေ ဒီဘဝကို လာပြီး အတွေ့အကြုံ ယူနေတဲ့သူတော့ မဟုတ်ပါဘူး နော်….။"

ထိုသို့ပြောရင်း ကျောက်ချင်းဟယ်က လက်ကိုမြှောက်ကာ ကောင်းကင်ကို ညွှန်ပြလိုက်သည်။

သူတို့ သုံးဦး၏ တုံ့ပြန်မှုကို မြင်သောအခါ လင်းဖန်သည် သူ၏ ကြွားလုံးမှာ နည်းနည်း လွန်သွားပြီ ဖြစ်ကြောင်း သတိပြုမိလိုက်သည်။

*မဟုတ်ဘူးလေ... ငါ ကြွားတာ မဟုတ်ဘူး။ ငါ့မှာ တကယ် ရှိတာလေ။ အခုခေတ်မှာ အမှန်တရားပြော ရင်တောင် မယုံကြတော့ဘူးလား…။*

"အဲ... ကျွန်တော့်ရဲ့ နောက်ခံက လျှို့ဝှက်ချက်ပါ။ ကျွန်တော့်မိသားစုက ဒါကို ကြွားပြောဖို့ ခွင့်မပြု ထားပါဘူး…။"

လင်းဖန်၏ ရှောင်လွှဲသော အဖြေကို ကြားသောအခါ လီယွမ်ဖေးကလည်း ထပ်ပြီး မမေးတော့ပေ။

"ရှောင်လင်း... မင်းပြောတာသာ အမှန်ဆိုရင် မင်းရဲ့ စျေးကွက်က ကျုံးကျိုး တစ်ခုလုံးမှာ အောင်မြင်မှာ အသေအချာပဲ။ အဲ့ဒီကျရင်တော့ မင်း တော်တော် အလုပ်ရှုပ်တော့မှာ…။"

"ရပါတယ်... အလုပ်များလေ ကောင်းလေပေါ့။ ကျွန်တော်က အလုပ်များမှာ မကြောက်ဘူး၊ အလုပ် မရှိမှာပဲ ကြောက်တာ။ ဒီလိုလုပ်ပါ ဦးလေးလီ... ဦးလေးတို့ ဒီတိုကင်ကို အရင်စမ်းကြည့်ပါဦး အထဲ ဝင်လို့ ရမရဆိုတာ…။"

သာမန်အခြေအနေတွင် ဤကဲ့သို့ စမ်းသပ်မှုမျိုးမှာ အန္တရာယ်ရှိနိုင်သော်လည်း လင်းဖန်ကို ယုံကြည် သဖြင့် လီယွမ်ဖေးတို့ သုံးဦးမှာ တွန့်ဆုတ်မနေဘဲ သူတို့လက်ထဲမှ တိုကင်များကို တစ်ပြိုင်နက်တည်း အသက်သွင်းလိုက်ကြလေသည်။

ချက်ချင်းပင် လင်းဖန်၏ ရှေ့မှ လူသုံးဦးမှာ ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။ သူတို့ သုံးဦး ဟင်းလင်းပြင်စျေးကွက်ထဲသို့ ရောက်သွားပြီမှန်း သိသဖြင့် လင်းဖန်သည်လည်း တွန့်ဆုတ်မနေဘဲ နောက်ကနေ လိုက်ဝင်သွားလိုက်သည်။ သူကတော့ စျေးကွက်ထဲဝင်ဖို့ တိုကင် မလိုပေ။

ခဏအကြာတွင် လင်းဖန်၏ ဟင်းလင်းပြင်စျေးကွက်အတွင်းမှ လီယွမ်ဖေးတို့၏ အံ့ဩဘနန်း အော်သံ များကို ကြားလိုက်ရသည်။

"ဘုရားရေ... ဒီနေရာက ကောင်းချီးပေးထားတဲ့ နယ်မြေဆိုတဲ့ နာမည်နဲ့ တကယ် ထိုက်တန်တာပဲ။ နတ်ဘုရားတွေ နေထိုင်ရာ နေရာအတိုင်းပဲ….။"

"ဟုတ်တယ်... ငါတို့ အတိဒုက္ခတွေကို ကျော်ဖြတ်ပြီး နတ်ဘုရားဘုံကို တက်လှမ်းသွားခဲ့ရင် အဲ့ဒီက ပတ်ဝန်းကျင်က ဒီလိုမျိုး ဖြစ်နေလောက်မယ် ထင်တယ်…။"

"ဟားဟား... ဦးလေးလီကတော့ နောက်နေပြန်ပြီ။ နတ်ဘုရားဘုံနဲ့ ဘယ်ယှဉ်လို့ ရပါ့မလဲ။ အနည်းဆုံး တော့ အခုလောလောဆယ် မယှဉ်နိုင်သေးပါဘူး။ ဒါပေမယ့် ဒီနယ်မြေက ကျွန်တော့်ရဲ့ ကျင့်ကြံမှု တိုးတက်လာတာနဲ့အမျှ သူလည်း လိုက်ပြီး အဆင့်မြင့်လာမှာပါ။ အခု မယှဉ်နိုင်ပေမယ့် နောင်တစ် ချိန်မှာ ဘယ်လို ဖြစ်လာမလဲ ဘယ်သူသိမှာလဲ…။"

ဟင်းလင်းပြင်စျေးကွက်ကို လှည့်ပတ်ကြည့်ရှုပြီးနောက် လင်းဖန်နှင့် လူသုံးဦးမှာ အတူတူ ပြန်ထွက်လာ ခဲ့ကြသည်။ ထို့နောက်တွင်မူ ရှေ့ဆက်လုပ်ဆောင်မည့် မဟာမိတ်ကိစ္စများနှင့် ပူးပေါင်းဆောင်ရွက် မှုများကို ဆွေးနွေးကြတော့သည်။

လင်းဖန်တို့ ဆွေးနွေးနေကြစဉ်မှာပင် သွေးမိစ္ဆာဂိုဏ်းချုပ် ဝမ်ယွီအန်းသည် အရှိန်အဟုန်ဖြင့် ခရီးနှင်လာ ပြီးနောက် ချန်မိသားစု၏ နေအိမ်သို့ ရောက်ရှိလာခဲ့သည်။

ယခုအခါတွင် ဝမ်ယွီအန်းသည် ချန်မိသားစု၏ နေအိမ်ရှိ ပျက်စီးနေသော မြင်ကွင်းကို ကြည့်လိုက်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။ သူတို့ မိသားစုတစ်ခုလုံး သတ်ဖြတ်ခံရသည်မှာ သိပ်ပြီးမကြာသေး ကြောင်း ထင်ရှားလှသည်။ သူ အမြန်ဆုံး လာခဲ့သော်လည်း ခြေတစ်လှမ်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

ထိုနေရာရှိ ကျန်ရှိနေသော စိတ်ဝိညာဉ်စွမ်းအား အကြွင်းအကျန်များကို အာရုံခံကြည့်ပြီးနောက် တိုက်ခိုက်သူများမှာ 'အခြေတည်စိတ်ဝိညာဉ်အဆင့်' ကျင့်ကြံသူ သုံးဦး ဖြစ်ကြောင်း ဝမ်ယွီအန်း ချက်ချင်း ကောက်ချက်ချလိုက်တော့သည်။

All Chapters