← Chapters

အခန်း ၆၃

Vol. 7 Ch. 63

အခန်း ၆၃

Vol. 7 Ch. 63

အခန်း (၆၃) တပည့်ဖြစ်သူ လီယွမ်ဖေး၏ သဲလွန်စများ ပေါ်ထွက်လာခြင်း

ကျန်းမူဟိုင်၏ စကားထဲတွင် အရှေ့ဘက်ဒေသကို အထင်သေးသည့် အရိပ်အယောင်များ ပါဝင်နေခဲ့ သော်လည်း ဝမ်ကျိဖူမှာမူ စိတ်ဆိုးခြင်း မရှိပေ။ သူကိုယ်တိုင်လည်း ထိုသို့ပင် တွေးထားသည် မဟုတ်ပါ လား။ အကယ်၍ ကျုံးကျိုးဗဟိုနယ်မြေတွင် နောက်ခံမရှိဘဲ အခြေချဖို့ ခက်ခဲလိမ့်မည်ဟု သူ မယူဆ ခဲ့လျှင် အရှေ့ဘက်ဒေသသို့ လာပြီး အင်အားစု တည်ထောင်ရန် သူ ရွေးချယ်ခဲ့မည် မဟုတ်ပေ။

"အဲဒီလိုဆိုရင်တော့ အစ်ကိုကျန်းကို ကျေးဇူးအများကြီး တင်ပါတယ်ဗျာ။ ဒီတတိယတန်းစား ဂိုဏ်းငယ် လေးရဲ့ ဂိုဏ်းချုပ်နာမည်က လီယွမ်ဖေး တဲ့ သူက အခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ် ယောက်ပါ…။"

ယဉ်ကျေးပျူငှာသော စကားအချို့ ပြောကြားပြီးနောက် ဝမ်ကျိဖူက ဆက်သွယ်မှုကို အဆုံးသတ်လိုက် သည်။ ကျန်းမူဟိုင်သည်လည်း အင်မော်တယ်တိမ်တိုက်ဂိုဏ်း မှ သူ၏ မိတ်ဆွေများထံ ဆက်သွယ်၍ သတင်းအချက်အလက် စုဆောင်းရန် စတင်တော့သည်။

သူပြောသော အင်မော်တယ်တိမ်တိုက်ဂိုဏ်းမှ မိတ်ဆွေမှာ လင်းရှင်းယွမ် ဖြစ်သည်။ သူသည် မူလက လေလွင့်ကျင့်ကြံသူ တစ်ဦးဖြစ်သော်လည်း နောက်ပိုင်းတွင် အင်မော်တယ်တိမ်တိုက်ဂိုဏ်း၏ စည်းရုံး မှုကို ခံရပြီး ဂိုဏ်းအတွင်း၌ အစောင့်အရှောက် အဖြစ် နေထိုင်ခဲ့သူ ဖြစ်သည်။ သူသည်လည်း မဟာယ နအဆင့်ကျင့်ကြံသူ တစ်ဦးပင်ဖြစ်၏။

အင်မော်တယ်တိမ်တိုက်ဂိုဏ်း၏ အကြီးအကဲများနှင့် အစောင့်အရှောက်များ အားလုံးမှာ အတိဒုက္ခ အဆင့် ကျင့်ကြံသူများ ဖြစ်ကြ၏။ လင်းရှင်းယွမ်မှာ အပြင်မှ ခေါ်ယူထားသော ကျင့်ကြံသူဖြစ်သဖြင့် အစောင့်အရှောက်အဖြစ်သာ တာဝန်ထမ်းဆောင်နိုင်ပြီး ဂိုဏ်းအတွင်းရှိ ဂုဏ်သရေမှာ လီယွမ်ဖေး၏ ဆရာကဲ့သို့သော ဂိုဏ်းသားအရင်းအချာ အကြီးအကဲများထက် ပို၍ နိမ့်ကျလေသည်။

လင်းရှင်းယွမ်သည် ဤအချိန်တွင် ကျန်းမူဟိုင်ထံမှ မက်ဆေ့ချ် ရရှိသောအခါ အတော်လေး အံ့ဩသွား သည်။ သူ အင်မော်တယ်တိမ်တိုက်ဂိုဏ်းသို့ ရောက်နေသည်မှာ မကြာသေးသော်လည်း အခြားသူများ နှင့် စကားပြောကြည့်ရာမှ အင်မော်တယ်တိမ်တိုက်ဂိုဏ်းအနေဖြင့် အရှေ့ဘက်ဒေသတွင် အင်အားစု တည်ထောင်ရန် လုံးဝ မဖြစ်နိုင်ကြောင်း သူသိထားသည်။

သို့သော်လည်း တစ်ဖက်လူက စုံစမ်းပေးရန် အကူအညီ တောင်းထားသဖြင့် သူ အနည်းဆုံးတော့ စုံစမ်းပြရမည် မဟုတ်ပါလား။

ထို့ကြောင့် လင်းရှင်းယွမ်သည် သူနှင့် ရင်းနှီးသော အခြားအစောင့်အရှောက် တစ်ဦး၏ ကျင့်ကြံခြင်းဂူသို့ သွားရောက် မေးမြန်းကြည့်လိုက်သည်။ ထိုသူမှာလည်း အစောင့်အရှောက်ပင် ဖြစ်သော်လည်း လင်းရှင်းယွမ်ထက် အင်မော်တယ်တိမ်တိုက်ဂိုဏ်းသို့ စောစီးစွာ ရောက်ရှိနေသူ ဖြစ်သည်။

တစ်ဖက်လူမှာ လီယွမ်ဖေး ဆိုသည့် အမည်ကို တစ်ခါမျှ မကြားဖူးကြောင်းနှင့် ဂိုဏ်းသားများ အရှေ့ ဘက်ဒေသသို့ သွားရောက် အခြေစိုက်သည်ကိုလည်း မမှတ်မိကြောင်း အတည်ပြုခဲ့ပြီးနောက် လင်းရှင်းယွမ်သည် သူ၏ ကျင့်ကြံခြင်းဂူသို့ တိုက်ရိုက် ပြန်လာခဲ့သည်။

ကျင့်ကြံခြင်းဂူသို့ ရောက်သည်နှင့် လင်းရှင်းယွမ်သည် အချိန်ဆွဲမနေဘဲ သူရရှိထားသော အချက် အလက်များ ကို ကျန်းမူဟိုင်ထံသို့ ချက်ချင်း ပေးပို့လိုက်ကာ ဤကိစ္စကို အဆုံးသတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် အင်မော်တယ်တိမ်တိုက်ဂိုဏ်း၏ အကြီးအကဲခန်းမဆောင်တစ်ခုအတွင်း၌ လီယွမ်ဖေး၏ ဆရာ လျူအန်းရှန်း သည် သူ၏ တပည့်များနှင့် ပတ်သက်သော သတင်းများကို ထုံးစံ အတိုင်း ဗေဒင်တွက်ချက် ဟောကိန်းထုတ်နေသည်။ နှစ်ပေါင်းများစွာအတွင်း ဤအလုပ်မှာ သူ၏ နေ့စဉ် အလေ့အထတစ်ခု ပြုလုပ်လာခဲ့ဟန်တူသည်။

လျူအန်းရှန်း၏ ကျင့်ကြံမှုအဆင့်အရ သူသည် အတိဒုက္ခကို ကျော်ဖြတ်ရန် ကြိုးစားနိုင်နေပြီ ဖြစ် သော်လည်း သူ၏ တပည့်များကို ရှာမတွေ့သေးသဖြင့် စိတ်အေးလက်အေး မလုပ်နိုင်သေးပေ။ ဤ ကိစ္စမှာ သူ၏ စိတ်အတွင်းမှ အတွင်းစိတ်မိစ္ဆာ တစ်ကောင်လို ဖြစ်လာခဲ့သည်။

ဤကဲ့သို့သော အခြေအ နေမျိုးတွင် အတင်းအကျပ် အတိဒုက္ခကို ကျော်ဖြတ်ရန် ကြိုးစားပါက အတွင်း စိတ်မိစ္ဆာ၏ လွှမ်းမိုး မှုကြောင့် ပျက်စီးသွားမည့် အန္တရာယ် ပိုများပေလိမ့်မည်။ ထို့ကြောင့် သူသည် သူ၏ ကျင့်ကြံမှုနှင့် အတိဒုက္ခ မိုးကြိုးများကို အမြဲတမ်း ဖိနှိပ်ထားခဲ့သည်။ မည်သို့ကြောင့်ပင် ဖြစ်စေ တပည့်ဖြစ်သူ၏ သတင်းကို မရမချင်း သူသည် အတိဒုက္ခအဆင့်ကို ကျော်ဖြတ်ရန် အစီအစဉ် မရှိပေ။

တင်ပျဉ်ခွေထိုင်ကာ တပည့်ဖြစ်သူ၏ သတင်းကို ဟောကိန်းထုတ်နေစဉ်အတွင်း လျူအန်းရှန်းသည် ရုတ်တရက် မျက်လုံးများ ပွင့်လာပြီး မျက်နှာတွင် အံ့ဩတုန်လှုပ်မှုများ ဖြစ်ပေါ်လာသည်။

*သဲလွန်စတစ်ခု ရပြီ။ ဟောကိန်းထုတ်ချက်အရ သဲလွန်စက ဂိုဏ်းထဲမှာပဲ ရှိနေတယ်။ သူတို့ ဘာသာ သူတို့ ပြန်ရောက်လာကြတာလား…။*

*မဟုတ်ဘူး... သူတို့ ပြန်လာတယ်ဆိုရင် ငါ့ဆီကို အရင်ဆုံး လာရှာမှာ သေချာတယ်။ ဂိုဏ်းထဲက တစ်စုံ တစ်ယောက်က သူတို့ကို ဒုက္ခပေးဖို့ ကြံစည်နေတာပဲ ဖြစ်ရမယ်…။*

ဤသို့ တွေးမိသည်နှင့် စိတ်လှုပ်ရှားနေသော လျူအန်းရှန်းသည် ချက်ချင်း ထရပ်ကာ သူ ခန့်မှန်းထား သော အရပ်မျက်နှာဆီသို့ ချက်ချင်းပျံသန်းသွားတော့သည်။

ခေတ္တမျှအကြာတွင် လျူအန်းရှန်းသည် လင်းရှင်းယွမ်၏ ကျင့်ကြံခြင်းဂူအပြင်ဘက်သို့ ရောက်ရှိလာပြီး ဇဝေဇဝါ ဖြစ်သွားသည်။

*အစောင့်အရှောက် လင်းရဲ့ ကျင့်ကြံခြင်းဂူလားပါလား…။ သူက ငါ့တပည့်နဲ့ ဘယ်လိုလုပ် ပတ်သက် သွားရတာလဲ…။*

လျူအန်းရှန်းသည် အလွန် စိတ်လှုပ်ရှားနေသဖြင့် သူ၏ စိတ်ဝိညာဉ် စွမ်းအားများမှာ အနည်းငယ် ထိန်းမနိုင်သိမ်းမရ ဖြစ်နေခဲ့သည်။ ဤစွမ်းအား ရိုက်ခတ်မှုကြောင့် ဂူအတွင်းရှိ လင်းရှင်းယွမ်မှာ ချက်ချင်း သတိပြုမိသွားပြီး အံ့ဩထိတ်လန့်စွာဖြင့် အပြင်သို့ ထွက်လာခဲ့သည်။ လာရောက်သူမှာ လျူအန်းရှန်း ဖြစ်နေသည်ကို မြင်သောအခါ လင်းရှင်းယွမ်သည် တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို မသိသော်လည်း ရိုသေသော မျက်နှာထားဖြင့် ဆီးကြိုလိုက်သည်။

သူ့ရှေ့မှ ပုဂ္ဂိုလ်မှာလည်း မဟာယနအဆင့် ကျင့်ကြံသူပင် ဖြစ်သော်လည်း သူတို့နှစ်ဦးကြားတွင် ကြီးမားသော ခြားနားချက် ရှိနေသည်ပင်။ အကယ်၍သာ ဤပုဂ္ဂိုလ်နှင့် တိုက်ခိုက်ရမည်ဆိုလျှင် သူသည် အကြိမ်အနည်းငယ်အတွင်းမှာပင် အသက်ပျောက်သွားနိုင်လေသည်။

"အကြီးအကဲ လျူ ပါလား။ ဘာကိစ္စရှိလို့ ကြွလာတာလဲ မသိဘူးခင်ဗျာ။ လိုအပ်တာရှိရင် ကျွန်တော့်ကို တိုက်ရိုက် အမိန့်ပေးနိုင်ပါတယ်…။"

တစ်ဖက်လူက အလွန် ယဉ်ကျေးနေသည်ကို မြင်သဖြင့် လျူအန်းရှန်းသည် သူ၏ စိတ်လှုပ်ရှားမှုများကို အမြန်ဖိနှိပ်လိုက်ကာ ယိုဖိတ်နေသော စွမ်းအားများကို ပြန်ထိန်းလိုက်သည်။

"အစောင့်အရှောက် လင်း... ငါ ဒီနေ့ ဒီကို လာတာက မင်းဆီက ကိစ္စတစ်ခု စုံစမ်းချင်လို့ပါ….။"

"အကြီးအကဲ လျူ... မေးမြန်းနိုင်ပါတယ်ခင်ဗျာ….။"

စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထားပြီးနောက် လျူအန်းရှန်းက သူသိလိုသည်ကို လင်းရှင်းယွမ်အား မေးမြန်းလိုက်သည်။

"လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက မတော်တဆမှုတစ်ခုကြောင့် ငါ့ရဲ့ တပည့်အချို့ ပျောက်ဆုံးသွားခဲ့တယ်။ အဲဒီနှစ်တွေတစ်လျှောက် သူတို့ ဘယ်မှာလဲဆိုတာ ငါအမြဲ ဟောကိန်းထုတ်ခဲ့ပေမဲ့ အခုမှပဲ အစောင့် အရှောက် လင်းနဲ့ ငါ့တပည့်တွေကြားမှာ ကံကြမ္မာ အဆက်အသွယ်တစ်ခု ရှိနေတာကို ရုတ်တရက် သိလိုက်ရလို့ပါ…။"

လျူအန်းရှန်း၏ စကားကို ကြားသောအခါ လင်းရှင်းယွမ်မှာ အကြီးအကျယ် ထိတ်လန့်သွားတော့သည်။ မဟာယနအဆင့်သို့ ရောက်ရှိထားသော ကျင့်ကြံသူများ ဖြစ်သည့်အားလျော်စွာ သူတို့အားလုံး၏ လက် တွင် သွေးစွန်းခဲ့သော အသက်ပေါင်းများစွာ ရှိခဲ့ကြပြီး လင်းရှင်းယွမ်သည်လည်း အပါအဝင်ဖြစ်သည်။

လွန်ခဲ့သော အတိတ်ကာလက လင်းရှင်းယွမ်သည် ကျင့်ကြံသူပေါင်းများစွာကို သတ်ဖြတ်ခဲ့ဖူးသည်။ ထိုကျင့်ကြံသူများထဲတွင် လျူအန်းရှန်း၏ တပည့်များ ပါဝင်နေခဲ့တာများလား။ အကယ်၍သာ ထိုသို့ ဆိုလျှင် သူတော့ အကြီးအကျယ် ဒုက္ခရောက်တော့ပေမည်။

လင်းရှင်းယွမ်၏ မျက်နှာတွင် ကြောက်ရွံ့မှုများ ပေါ်လာသည်ကို သတိပြုမိဟန်တူသော လျူအန်းရှန်း က ထပ်ပြောလိုက်သည်။

"အစောင့်အရှောက် လင်း... စိတ်မပူပါနဲ့။ ငါ့ရဲ့ ဟောကိန်းအရဆိုရင် ဒီကံကြမ္မာ အဆက်အသွယ်က ဒီနေ့ မှ စတင်ဖြစ်ပေါ်ခဲ့တာပါ။ ဒီနေ့ မင်း ဘယ်သူတွေနဲ့ တွေ့ခဲ့လဲ ဘာတွေလုပ်ခဲ့လဲဆိုတာ သေချာ ပြန် စဉ်းစားကြည့်ပါဦး…။"

လျူအန်းရှန်း ထိုသို့ပြောလိုက်မှသာ လင်းရှင်းယွမ်မှာ စိတ်သက်သာရာ ရသွားတော့သည်။ အကယ်၍ သာ ယနေ့မှဆိုလျှင် သူ စိုးရိမ်စရာ မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ယနေ့တွင် မည်သူ့ကိုမျှ မသတ်ခဲ့သည့်အပြင် ဂိုဏ်းအပြင်သို့ပင် မထွက်ခဲ့သောကြောင့် ဖြစ်သည်။ သူသည် ကျင့်ကြံခြင်းဂူမှ ခေတ္တမျှ သာ ထွက်ခဲ့ခြင်း ဖြစ်သည်။

*နေဦး... ဂူထဲက ထွက်ခဲ့တယ်ဟုတ်လား….။ ငါ သတင်းစုံစမ်းဖို့အတွက် ဂူထဲက ထွက်ခဲ့တာပဲ။ ငါ ဒီသတင်းကို စုံစမ်းလိုက်လို့ ကံကြမ္မာ အဆက်အသွယ် ဖြစ်သွားတာလား…*

"အကြီးအကဲ လျူ... အကြီးအကဲရဲ့ တပည့်တွေ နာမည်က ဘယ်သူတွေလဲခင်ဗျာ။ လီယွမ်ဖေး ဆိုတဲ့ နာမည်များ ပါပါသလား…"

လင်းရှင်းယွမ်၏ စကားကို ကြားလိုက်ရချိန်တွင် လျူအန်းရှန်း၏ မျက်လုံးများမှာ အရောင်တောက် သွားသည်။ လီယွမ်ဖေးမှာ သူ၏ တပည့်များထဲမှ တစ်ဦးပင် ဖြစ်သည်။ သူသည် ကံကြမ္မာ အဆက် အသွယ်ကိုသာ သိရှိခဲ့ပြီး မည်သည့် တပည့်နှင့် ပတ်သက်နေသည်ကိုမူ မသိခဲ့ပေ။ ယခုမှပင် သိလိုက် ရသည် ဤသည်က လီယွမ်ဖေး ဆိုတဲ့ ကောင်လေးပင်။

"ဟုတ်တယ်... လီယွမ်ဖေးပဲ သူပါပဲ။ အစောင့်အရှောက် လင်းက ဒီသတင်းကို ဘယ်ကနေရတာလဲ…။"

လျူအန်းရှန်းထံမှ အတည်ပြုချက် ရရှိပြီးနောက် လင်းရှင်းယွမ်သည် ထျန်းယင်းဂိုဏ်းမှ ကျန်းမူဟိုင်ကို စိတ်ထဲကနေ အကြီးအကျယ် ကျိန်ဆဲနေတော့သည်။

* ဒီကောင်ကြောင့် ငါတော့ အလကားနေရင်း ထိတ်လန့်သွားရတာပဲ။ အကယ်၍သာ အကြီးအကဲ လျူက ငါ့ကို သူ့တပည့်ကို ဒုက္ခပေးသူလို့ အထင်မှားသွား ရင် ငါတော့ အသက်မသေရင်တောင် ဒုက္ခ လှလှတွေ့မှာ သေချာတယ်။*

"အကြီးအကဲ လျူ... ဒါက ထျန်းယင်းဂိုဏ်းက ကျန်းမူဟိုင် ပြောပြလို့ပါ။ ဒီနေ့ သူက ကျွန်တော်တို့ ဂိုဏ်းမှာ လီယွမ်ဖေး ဆိုတဲ့ တပည့်ရှိလားဆိုတာကို ရုတ်တရက် စုံစမ်းခိုင်းလို့ပါ"

ထိုစကားကို ကြားသောအခါ လျူအန်းရှန်းက မျက်မှောင်ကြုတ်လိုက်သည်။

"ထျန်းယင်းဂိုဏ်းက ကျန်းမူဟိုင်လား ဟုတ်လား။ သူက ဘာလို့ ငါ့တပည့်ရဲ့ သတင်းကို စုံစမ်းနေရ တာလဲ…။"

အဖြေရှာမရသဖြင့် လျူအန်းရှန်းသည် ဆက်မစဉ်းစားတော့ဘဲ ထျန်းယင်းဂိုဏ်းသို့ ကိုယ်တိုင်သွား ရောက်၍ လူချင်းတွေ့ကာ မေးမြန်းရန် ဆုံးဖြတ်လိုက်သည်။

"အစောင့်အရှောက် လင်း... အသိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…။"

ထိုသို့ပြောပြီးနောက် လျူအန်းရှန်းသည် ထရပ်ကာ ဂိုဏ်းအပြင်ဘက်သို့ ပျံသန်းထွက်ခွာသွားလေတော့ သည်။ လျူအန်းရှန်း ထွက်သွားသည်ကို ကြည့်ပြီးမှသာ လင်းရှင်းယွမ်မှာ နောက်ဆုံး၌ စိတ်အေးသွား ရတော့သည်။

*မဟာယနအဆင့်ချင်း တူပါလျက်နှင့် ဘာလို့ ဒီလောက်တောင် ကွာခြားနေရတာလဲ…။*

လျူအန်းရှန်းက သူ့ရှေ့တွင် ရပ်နေရုံနှင့်ပင် သူသည် အသက်ရှူရခက်လောက်အောင် ဖိအားများကို ခံစားခဲ့ရခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ထျန်းယင်းဂိုဏ်းမှ ကျန်းမူဟိုင်သည် ဝမ်ကျိဖူနှင့် ဆက်သွယ်နေဆဲပင် ဖြစ်သည်။

"ဝမ်အိုကြီး... ငါ မင်းကို ပြောသားပဲ ကျုံးကျိုးက ဂိုဏ်းတွေက အရှေ့ဘက်ဒေသကို ဩဇာချဲ့မှာ မဟုတ် ဘူးလို့။ အခု ငါ့ရဲ့ အင်မော်တယ်တိမ်တိုက်ဂိုဏ်းက မိတ်ဆွေက အတည်ပြုပေးလိုက်ပြီဆိုတော့ မင်းလည်း အခုမှ စိတ်အေးလက်အေး နေနိုင်တော့မှာပဲ…။"

All Chapters