← Chapters

အခန်း ၇၁

Vol. 8 Ch. 71

အခန်း ၇၁

Vol. 8 Ch. 71

အခန်း (၇၁) နဝမတန်းစားအင်အားစု၊ သုန်ယွဲအင်ပါယာ

ဂိုဏ်းသုံးဂိုဏ်းမှ လူများ ကျုံးကျိုးသို့ ထွက်ခွာမည့် ထိုနေ့တွင် လင်းဖန်သည် သူ၏ကျင့်ကြံခြင်းဂူထဲမှ ထွက်လာကာ လိုက်လံပို့ဆောင်ပေးခဲ့သည်။ မကြာမီမှာပင် ဝေးရာသို့ ပျံသန်းကွယ်ပျောက်သွားသော ပျံသန်းရေး သင်္ဘောကြီးကို ကြည့်ရင်း လင်းဖန်၏စိတ်ထဲတွင် တစ်စုံတစ်ရာကို ဆုံးရှုံးလိုက်ရသလို ခံစားလိုက်ရတော့သည်။

ဘာမှမရှိတော့ဘဲ ဗလာကျင်း ဖြစ်ကျန်ခဲ့သော ဂိုဏ်းဌာနချုပ်ကို ကြည့်ကာ လင်းဖန်သည် ချက်ချင်းပင် အထီးကျန်ဆန်မှုဝေဒနာကို ခံစားလိုက်ရသည်။ ဤခံစားချက်က သူ့ကို အလွန်နေမထိထိုင်မသာ ဖြစ်စေသဖြင့် လူသူအနည်းငယ်ရှိလောက်မည့် ချင်းယွင်ဈေးကွက်သို့ သွားရန် ဆုံးဖြတ်လိုက်သည်။

မကြာမီ လင်းဖန် ချင်းယွင်ဈေးကွက်သို့ ရောက်ရှိသွားသော်လည်း ထိုနေရာမှာလည်း လူသူကင်းမဲ့နေ သည်ကို တွေ့လိုက်ရသဖြင့် သူ ပို၍ပင် စိတ်ပျက်သွားတော့သည်။ ချင်းယွင်ဂိုဏ်းသားများ ထွက်ခွာသွား ပြီဖြစ်ရာ ချင်းယွင်ဈေးကွက်သည်လည်း အလိုလို ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း သူ မေ့သွားခဲ့သည်။

ဤအချိန်တွင် လင်းဖန်သည် သူတို့နှင့်အတူ ကျုံးကျိုးသို့ လိုက်မသွားခဲ့ခြင်းကိုပင် နောင်တရမိသွား သည်။ ယခုကဲ့သို့ တစ်ယောက်တည်း ကျန်ရစ်နေရသည့် အထီးကျန်မှုကို သူ ခက်ခက်ခဲခဲ ကျော်ဖြတ် နေရသည်။ ခြောက်ကပ်နေသော ပတ်ဝန်းကျင်ကြောင့် လင်းဖန် ထိုနေရာတွင် ဆက်မနေချင်တော့ချေ။ သူသည် သူ၏ သုံးချောင်းထောက်စက်ဘီးပေါ်သို့ ချက်ချင်းတက်ကာ အဝေးသို့ ပျံသန်းထွက်ခွာခဲ့ လေတော့သည်။

လင်းဖန်၏ ဦးတည်ချက်မှာ အရှေ့ဘက်ဒေသ၏ အကြီးဆုံးသော နဝမတန်းစားဘုရင့်နိုင်ငံဖြစ်သည့် 'သုန်ယွဲအင်ပါယာ' ၏ မြို့တော်ပင် ဖြစ်သည်။ သုန်ယွဲအင်ပါယာသည် အရှေ့ဘက်ဒေသတွင် တစ်ခု တည်းသော နဝမတန်းစားနိုင်ငံဖြစ်ပြီး ၎င်း၏ တော်ဝင်မိသားစုတွင် အနည်းဆုံး 'အတိဒုက္ခအဆင့်' ဘိုးဘေးကြီး ငါးဦးရှိသည်ဟု ဆိုကြသည်။

သုန်ယွဲအင်ပါယာ၏ ဖွဲ့စည်းပုံမှာ ဂိုဏ်းတစ်ခုနှင့် မတူဘဲ အင်အားစုအမျိုးမျိုး ပေါင်းစည်းထားခြင်း ဖြစ် သည်။ တော်ဝင်မိသားစုအပြင် ဂိုဏ်းပေါင်းစုံနှင့် မိသားစုများစွာသည်လည်း သုန်ယွဲအင်ပါယာအတွင်း နေထိုင်ကြသည်။ သူတို့အားလုံးသည် အပြန်အလှန် ဆက်နွှယ်နေကြပြီး ဤကျယ်ပြောလှသော နိုင်ငံ ကြီးကို တည်ဆောက်ထားကြခြင်း ဖြစ်သည်။

ဤကဲ့သို့ ရှုပ်ထွေးသော ပေါင်းစည်းမှုကြောင့်ပင် သုန်ယွဲအင်ပါယာသည် အရှေ့ဘက်ဒေသ၏ အချက် အချာကျသော နေရာကို နှစ်ပေါင်းများစွာကြာအောင် သိမ်းပိုက်ထားနိုင်ခဲ့ပြီး ပတ်ဝန်းကျင်ရှိ အခြား ဂိုဏ်းများနှင့် နိုင်ငံများမှာလည်း ၎င်းကို ရင်ဆိုင်ရန် မဝံ့ရဲကြချေ။ နှစ်ပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်လာ ပြီးနောက် အရှေ့ဘက်ဒေသတွင် အင်အားကြီးနိုင်ငံ တစ်နိုင်ငံနှင့် ကျန်အင်အားစုများစွာ ဆိုသည့် ပုံစံမျိုး ဖြစ်လာခဲ့ရာ သုန်ယွဲအင်ပါယာမှာ ထိုအင်အားအကြီးဆုံး နိုင်ငံပင် ဖြစ်သည်။

လင်းဖန် သုန်ယွဲအင်ပါယာသို့ သွားရန် ရွေးချယ်ရသည့် အကြောင်းရင်းမှာလည်း ဤအချက်ကြောင့် ဖြစ်သည်။ 'ဟင်းလင်းပြင်ကုန်သည်' အဖြစ် နာမည်ကျော်ကြားချင်ပါက ချင်းယွင်ဂိုဏ်း သို့မဟုတ် သွေးမိစ္ဆာဂိုဏ်း ကဲ့သို့သော ဝေးလံခေါင်သီသည့် နေရာများတွင် နေ၍ မရနိုင်ပေ။ သုန်ယွဲအင်ပါယာ ကဲ့သို့သော ထိပ်တန်းအင်အားစုရှိသည့် နေရာသည်သာ နာမည်ကျော်ကြားရန် အကောင်းဆုံးနေရာ ဖြစ်သည်။

လက်ရှိတွင် လင်းဖန်၏ ကျင့်ကြံမှုအဆင့်မှာ 'အခြေတည်စိတ်ဝိညာဉ်အဆင့်' သို့ တက်လှမ်းထားပြီး ဖြစ်သည်။ အမှန်အတိုင်းပြောရလျှင် သွေးမိစ္ဆာဂိုဏ်းကို လုယက်ရာမှ ရရှိလာသော စိတ်ဝိညာဉ်ကျောက် တုံးများနှင့် လီယွမ်ဖေးတို့ ပေးခဲ့သော အရင်းအမြစ်များမှာ လင်းဖန်အတွက် အခြေတည်စိတ် ဝိညာဉ်အဆင့်သို့ တက်လှမ်းရန် လုံလောက်သည်ထက် ပိုနေပေသေးသည်။

လင်းဖန်သည် အခြေတည်စိတ်ဝိညာဉ်အဆင့်သို့ ရောက်ပြီးနောက် အဆင့်တိုးမြှင့်ခြင်းကို ခေတ္တရပ် တန့်ထားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် လောလောဆယ်တွင် ထပ်တိုးရန် မလိုအပ်ဟု သူ ခံစားရ သောကြောင့် ဖြစ်သည်။ သူ၏ဘေးတွင် အတိဒုက္ခအဆင့် ရှိသော အစောင့်အရှောက်ရုပ်သေး ရှိ နေသဖြင့် သူ၏ ဘေးကင်းရေးအတွက် စိုးရိမ်နေစရာ မလိုပေ။

လက်ထဲတွင် ရှိနေသော စိတ်ဝိညာဉ်ကျောက်တုံးများနှင့် အခြားအရင်းအမြစ်များကို အသုံးပြု၍ ကုန်ပစ္စည်းများ ပိုမိုဖန်တီးကာ စီးပွားရေးကို ချဲ့ထွင်ခြင်းက ပို၍ ကောင်းပေလိမ့်မည်။

အချိန်ကာလအရဆိုလျှင် လီယွမ်ဖေးနှင့် အခြားသူများသည် ယခုအချိန်တွင် ကျုံးကျိုးသို့ ရောက်ရှိ အခြေချနေလောက်ပြီ ဖြစ်သဖြင့် သူတို့၏ ဟင်းလင်းပြင်ဈေးကွက်မှာလည်း မကြာခင် စည်ကားလာ ပေတော့မည်။ စီးပွားရေး အခွင့်အလမ်းများ ရောက်လာချိန်တွင် ကုန်ပစ္စည်း မရှိပါက ဟာသတစ်ခု ဖြစ်သွားပေလိမ့်မည်။

ထို့ကြောင့် လင်းဖန်သည် သုန်ယွဲအင်ပါယာ၏ မြို့တော်တွင် အရင်အခြေချကာ ဆေးလုံးများ၊ မှော်လက် နက်များနှင့် ရတနာများကို လုံလောက်အောင် သန့်စင်ရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက်မှ ရတနာများ နှင့် ဆေးလုံးများကို ရောင်းချသည့် စီးပွားရေးလုပ်ဆောင်ကာ အရှေ့ဘက်ဒေသတွင် သူ၏အမည်ကို ကျော်ကြားအောင် လုပ်မည်ဖြစ်သည်။

ရက်အနည်းငယ်ကြာ ခရီးနှင်ပြီးနောက် လင်းဖန်၏မျက်စိရှေ့တွင် အဆုံးမရှိအောင် ကျယ်ပြောလှပြီး ခန်းနားထည်ဝါလှသော အဆောက်အအုံများကို လှမ်း၍မြင်တွေ့လိုက်ရသည်။ ဤသည်မှာ သုန်ယွဲ အင်ပါယာ၏ မြို့တော်ပင် ဖြစ်သည်။ လင်းဖန်သည် မြို့တော်နှင့် အတော်လှမ်းလှမ်းတွင် ရှိနေသေး သော်လည်း မြို့ကြီး၏ ခန့်ညားထည်ဝါမှု အရှိန်အဝါကို ခံစားနေရပြီဖြစ်သည်။

သုန်ယွဲအင်ပါယာ၏ မြို့တော်သို့ ချဉ်းကပ်လာချိန်တွင် မြို့တံခါးအနီးရှိ လမ်းပေါ်တွင် သွားလာနေ ကြသော လမ်းသွားလမ်းလာများကိုလည်း သူ သတိပြုမိလိုက်သည်။ ထိုသူတို့သည် မပျံသန်းနိုင်ကြ၍ မဟုတ်ဘဲ သုန်ယွဲမြို့တော်၏ ကောင်းကင်ယံအထက်တွင် ပျံသန်းခြင်းကို တားမြစ်ထားသောကြောင့် ဖြစ်သည်။ ၎င်းကို မြင်သောအခါ လင်းဖန်သည် သူ၏သူံးချောင်းထောက်စက်ဘီးကို မြေပြင်ပေါ်သို့ ချက်ချင်းဆင်းသက်ကာ မြို့တံခါးဆီသို့ ဖြေးဖြေးချင်းပင် နင်းသွားလိုက်လေတော့သည်။

မကြာမီ လင်းဖန် မြို့တံခါးသို့ ရောက်ရှိသွားပြီး မြို့ထဲသို့ ဆက်လက်နင်းဝင်ရန် ကြိုးစားချိန်တွင် တံခါး စောင့်များက သူ့အား တားစီးလိုက်ကြသည်။ လင်းဖန်၏ ဇဝေဇဝါအကြည့်များအောက်တွင် မြို့တံခါး စောင့်တစ်ဦးက ပြောလိုက်သည်။

"မင်း ဒီကို ပထမဆုံး ရောက်ဖူးတာလား…။ ဝင်ကြေးက စိတ်ဝိညာဉ်ကျောက်တုံး (၁၀၀) ပေးရမယ် အဲ့ဒါက မြို့တော်ထဲမှာ တစ်ရက်နေခွင့် ရမယ်။ နောက်ရက်တွေမှာ ဆက်နေချင်သေးရင်တော့ တစ်ရက် ကို ကျောက်တုံး (၁၀၀) စီ ထပ်ပေးရမယ်….။"

ဤကဲ့သို့သော စည်းကမ်းရှိလိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့ပေ။ သုန်ယွဲအင်ပါယာသည် တကယ်ကို အမြတ်ကြီးစားလွန်းသည်ဟု လင်းဖန် ချက်ချင်း ခံစားလိုက်ရသည်။ မြို့တံခါးမှ နေ့စဉ်ဝင်ထွက်နေသော လူအုပ်ကြီးကို ကြည့်ရုံဖြင့် ဝင်ကြေးမှ ရရှိသည့် ဝင်ငွေမှာ သုန်ယွဲအင်ပါယာအတွက် မယုံနိုင်စရာ ကိန်းဂဏန်းတစ်ခု ဖြစ်နေပေလိမ့်မည်။ သို့သော် သူတစ်ပါးနယ်မြေကို ရောက်နေသဖြင့် ဤစည်းကမ်း များကို လိုက်နာရမည်သာ ဖြစ်သည်။

ဒီငွေတွေကို အဆပေါင်း ထောင်သောင်းမက ပြန်ရှာပြမယ်ဟု စိတ်ထဲက ကြုံးဝါးရင်း လင်းဖန်သည် စိတ်ဝိညာဉ်ကျောက်တုံး (၁၀၀) ကို အလိုက်သင့် ထုတ်ပေးလိုက်သည်။ မြို့တော်အတွင်းသို့ ဝင်ရောက် ပြီး စည်ကားလှသော လူအုပ်ကြားတွင် လမ်းလျှောက်နေစဉ် လင်းဖန်၏မျက်နှာတွင် ပျော်ရွှင်သော အပြုံးတစ်ခုက ပြန်လည်ပေါ်ပေါက်လာသည်။

*ဝါး... ဒီနေရာက ဒီလောက်စည်ကားမှန်း သိရင် ဟိုဝေးလံခေါင်သီတဲ့ နေရာဆိုးကြီးကနေ ငါ စောစော ထွက်လာခဲ့ပါတယ်…။*

လူများလေ စီးပွားရေးလုပ်လို့ ကောင်းလေမဟုတ်ပါလား…။

*ဒီမြို့တော်ကြီးမှာ ဆိုင်တစ်ဆိုင်သာ ဖွင့်လိုက်ရင် စိတ်ဝိညာဉ်ကျောက်တုံးတွေက ငါ့အိတ်ထဲကို အဆက်မပြတ် စီးဝင်လာတော့မှာပဲ။ အခု ငါ့ရဲ့ ပထမဆုံးအလုပ်က စိတ်အေးလက်အေး စီးပွားရေး လုပ်နိုင်ဖို့ ဆိုင်ခန်းတစ်ခန်း ရှာဖို့ပဲ…။*

စည်ကားသော လမ်းမထက်တွင် တစ်ဝက်ခန့် လှည့်ပတ်ကြည့်ရှုပြီးနောက် လင်းဖန်သည် နောက်ဆုံး တွင် ငှားရန်ရှိသော နေရာကောင်းသည့် ဆိုင်ခန်းတစ်ခုကို တွေ့ရှိသွားသည်။ စိတ်ဝိညာဉ်ကျောက်တုံး အမြောက်အမြား အသုံးပြုပြီးနောက် လင်းဖန် ထိုဆိုင်ခန်းကို ငှားရမ်းလိုက်လေတော့သည်။

ဤဆိုင်မှာ မူလကတည်းက ဆေးလုံးများနှင့် မှော်လက်နက်များ ရောင်းချခဲ့သည့် ဆိုင်ဖြစ်သဖြင့် စင်များစွာ ရှိနေနှင့်ပြီးသားဖြစ်ရာ လင်းဖန်အတွက် အလုပ်ရှုပ်သက်သာသွားစေခဲ့သည်။

ထို့နောက် လင်းဖန်သည် ဤကာလအတွင်း သူသန့်စင်ထားသော ဆေးလုံးများ၊ မှော်လက်နက်များနှင့် မှော်ရတနာများကို ဆိုင်တွင် ခင်းကျင်းပြသထားလိုက်သည်။ စင်ပေါ်တွင် ဆေးလုံးအမျိုးအစား တော်တော် များများ ရှိနေသည်။

အစောပိုင်းက ရှိနှင့်ပြီးသား ဆေးလုံးများအပြင် လင်းဖန်သည် လီယွမ်ဖေးတို့ ပေးထားသော ကုန်ကြမ်းများကို အသုံးပြုကာ ဆေးလုံးအသစ်များစွာကိုလည်း သန့်စင်ထားခဲ့သည်။ သာမန် ပထမတန်းစားမှ တတိယတန်းစားအထိ ဆေးလုံးများအပြင် လင်းဖန်သည် ဆန်းသစ်သော ဆေးလုံးအချို့ကိုလည်း သုတေသနပြု ဖန်တီးထားခဲ့လေသည်။

ဥပမာအားဖြင့်... ထွက်ပြေးရန်အတွက် မြူခိုးများ ဖန်တီးပေးနိုင်သော 'မြူခိုးဆေးလုံး' နှင့် ရန်သူကို ထိခိုက်ဒဏ်ရာရစေရန် ပေါက်ကွဲစေနိုင်သော 'ကိုယ်တိုင်ပေါက်ကွဲဆေးလုံး' တို့ ဖြစ်သည်။ ဤဆေးလုံး များကို ဆေးလုံးဟု ခေါ်ရမည်လား သို့မဟုတ် 'ဆေးလုံးလက်နက်'၊ 'ဆေးလုံးရတနာ' ဟူ၍ ခေါ်ရမည် လားဆိုသည်ကို လင်းဖန်ပင် သံသယဖြစ်မိသည်။

ထို့အပြင် လင်းဖန်သည် လူကြိုက်များလှသော 'အခြေခံအုတ်မြစ်တည်ဆောက်ခြင်းဆေးလုံး' များကို လည်း အမြောက်အမြား သန့်စင်ထားရာ ဤနေရာတွင် ရောင်းအားကောင်းမည်ဟု သူ ယုံကြည်နေ မိသည်။

မှော်လက်နက်များနှင့် ရတနာများအတွက်လည်း လင်းဖန်သည် လွန်ခဲ့သည့် ရက်အနည်းငယ်က သူ၏ အားလပ်ချိန်တွင် သန့်စင်ထားသည်များကို ပြသထားသည်။ သို့သော် လင်းဖန် သန့်စင်ထားသော မှော်လက်နက်များသည် လုပ်ဆောင်ချက်များမှာ ထူးဆန်းရုံသာမက အမည်များမှာလည်း အတော်လေး ထူးခြားလှသည်။

ဥပမာအားဖြင့်... 'အဖြူရောင်ဓားသွား' ဟုခေါ်သော ပထမတန်းစား မှော်လက်နက် ဓားပျံ တစ်လက်ရှိ သည်။ ၎င်း၏ လုပ်ဆောင်ချက်ကတော့... [ဓားသွားကို လက်ဗလာနဲ့ ဖမ်းစုပ်ကိုင်ခြင်း ကို ကြားဖူး ကြပါ သလား] ဤအရာကို ကြားဖူးလျင် ထိုဓား ဘာလုပ်နိုင်လဲဆိုတာ သိပါလိမ့်မည်။

ထို့အပြင် 'ပျိုဖြူလက်နက်'နှင့် 'နားရွက်ကြီးသူခိုး၏ ခြေနင်းတော်' ဆိုသည်များလည်း ရှိပြီး အားလုံးက ထူးဆန်းသည့် အမည်နှင့် လုပ်ဆောင်ချက်ရှိကြ၏။ သို့သော် 'ထုတ်လုပ်ရေးအဖွဲ့ဆေးမီးဖို' မှ ထွက်လာ သော ပစ္စည်းများသည် ထူးဆန်းသော်လည်း အသုံးတည့်လှသဖြင့် မရောင်းရမည်ကို လင်းဖန် စိုးရိမ် ခြင်းမရှိပေ။

ဆေးလုံးများကို အစီစဉ်တကျ ထားပြီးနောက် နောက်ထပ်တဆင့်မှာ ဆိုင်ဆိုင်းဘုတ် ချိတ်ဆွဲရန် ဖြစ် သည်။ လင်းဖန်မှာ ဤဒေသတွင် လူအသစ်ဖြစ်သဖြင့် ဆိုင်းဘုတ်ကို ဘယ်မှာလုပ်ရမည်မှန်း မသိသဖြင့် သူ့ဘာသာသူ လုပ်ရန် ဆုံးဖြတ်လိုက်သည်။ သူသည် ဆိုင်၏ သိုလှောင်ရုံထဲမှ သစ်သားပြားတစ်ခုကို ရှာတွေ့ ခဲ့ပြီး 'ခရမ်းရွှေနတ်နဂါးဓား' ဖြင့် ဖြတ်တောက်ကာ ဆိုင်းဘုတ်ပုံစံ ဖော်လိုက်သည်။

ထို့နောက် လင်းဖန် သည် 'ဟင်းလင်းပြင်ဆိုင်' ဆိုသည့် စာလုံးကြီးလေးလုံးကို ထွင်းထုလိုက်သည်။ စာလုံးကြီးများ၏ အောက်တွင် စာလုံးအသေးလေးဖြင့် [ဆေးလုံးများ၊ မှော်လက်နက်များနှင့် ရတနာ များ ရောင်းချသည်] ဟု ရေးထိုးလိုက်လေတော့သည်။

All Chapters