← Chapters

အခန်း ၇၄

Vol. 8 Ch. 74

အခန်း ၇၄

Vol. 8 Ch. 74

အခန်း (၇၄) လက်ဗလာဖြင့် ဓားသွားကို ဖမ်းကိုက်ရခြင်း

“ဆိုင်ရှင်... မင်း ငါ့ကို လိမ်နေတာတော့ မဟုတ်ဘူးမလား။ ငါ့ကို လိမ်ရင် ဘာဖြစ်မလဲဆိုတာ မင်း ကောင်းကောင်းသိမှာပါ…။”

လီယွမ်၏ မယုံသင်္ကာဖြစ်သော စကားများကို ကြားသောအခါ လင်းဖန်က "အဖြူရောင်ဓားသွား" ကို သူ၏ လက်ထဲသို့ ကမ်းပေးလိုက်သည်။

“မယုံရင် အခုပဲ စမ်းကြည့်လိုက်လေ။ ကျွန်တော်ပြောတာ မှန်၊ မမှန်ဆိုတာ စမ်းကြည့်ရင် သိရမှာပဲ…။”

လင်းဖန် ကမ်းပေးသော ဓားပျံကို မြင်သောအခါ လီယွမ်သည် ဘာမှမပြောဘဲ လှမ်းယူ လိုက်သည်။

လက်ထဲသို့ ဓားရောက်သည်နှင့် လီယွမ်သည် သူ၏ စိတ်ဝိညာဉ်စွမ်းအားကို ဓားထဲသို့ ထည့်သွင်းကြည့် လိုက်သည်။ သေချာပေါက်ပင် သူ၏ စိတ်ဝိညာဉ်စွမ်းအားသည် ဓားနှင့် ဆက်သွယ်မှု ရရှိသွားခဲ့ပြီး ၎င်း မှာ သူသည် ဤဓားကို စိတ်ကြိုက် ထိန်းချုပ်နိုင်ပြီဟု အဓိပ္ပာယ်ရလေသည်။

သာမန်အခြေအနေတွင် ဤအရာက မဖြစ်နိုင်ပေ။ ဤဓားမှာ အမှန်တကယ်ပင် ဆန်းကြယ်လှသည်။

ထို့နောက် လီယွမ်သည် ဓားကို ဆိုင်ထဲ၌ ပျံဝဲနေအောင် စေခိုင်းလိုက်သည်။ သူ၏ ထိန်းချုပ်မှုအောက် တွင် ဓားမှာ လေထဲသို့ ဖြည်းဖြည်းချင်း မြင့်တက်လာသည်ကို မြင်သောအခါ လီယွမ်မှာ အတိုင်းမသိ ဝမ်းသာသွားတော့သည်။ ဆိုင်ရှင် ပြောခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။

ဓားကို ပျံဝဲရုံနှင့် သူက အားမရသေးဘဲ လီကျိုးကို သုံး၍ ဓား၏ စွမ်းအားကို စမ်းသပ်ရန် ဆုံးဖြတ် လိုက် သည်။ တစ်ဖက်လူ၏ ကျင့်ကြံမှု အဆင့်အရ သူ မှော်ရတနာကို သုံးလျှင်ပင် ဒဏ်ရာရအောင် လုပ်နိုင် မည် မဟုတ်ကြောင်း သူ သိထားသည်။

“လီကျိုး... ဒီဓားကို ခုခံစမ်း…။”

လီယွမ် ပြောပြီးသည်နှင့် ဓားကို လီကျိုးရှိရာဘက်သို့ ပစ်လွှတ်လိုက်သည်။

သူ့ထံသို့ ဝှီးခနဲ ပျံသန်းလာသော ဓားကို မြင်သော်လည်း လီကျိုးက ဂရုမစိုက်ပေ ။

သူက ပြုံးစိစိဖြင့် ဓားကို ကာကွယ်ရန် ပြင်လိုက်သည်။ အမှန်တော့ သူသည် သူ၏ သခင်လေးကို စိတ်ကျေနပ်စေရန် အတွက် အရှုံးပေးရန် ကြိုတင် ကြံစည်ထားခြင်း ဖြစ်သည်။

သို့သော် လီကျိုး တစ်ယောက် မည်သို့ သရုပ်ဆောင်ရမည်ကို မစဉ်းစားရသေးခင်မှာပင် ထူးဆန်းသော ခံစားချက်တစ်ခုက သူ့အား လွှမ်းမိုးသွားပြီး သူ၏ ခန္ဓာကိုယ်မှာ သူ၏ ထိန်းချုပ်မှုအောက်တွင် မရှိ တော့သလို ခံစားလိုက်ရသည်။

ချက်ခြင်းဆိုသလိုပင် ဓားက သူ့ဆီ မရောက်ခင်မှာတင် လီကျိုးသည် မထိန်းချုပ်နိုင်တော့ဘဲ ရှေ့သို့ လျှောတိုက် ဒူးထောက်ကျသွားကာ ဓားသွားကို လက်ဝါးနှစ်ဖက်ဖြင့် ညှပ်၍ ဖမ်းလိုက်ရလေတော့ သည်။

စိတ်ဝင်တစား ကြည့်နေသော လီယွမ်သည် လီကျိုး၏ အနည်းငယ် ပိုလွန်းသော အမူအရာကို မြင်သော အခါ ဟန်ဆောင်၍ ဒေါသထွက်ပြလိုက်သည်။

“လီကျိုး... မင်းရဲ့ သရုပ်ဆောင်ချက်က နည်းနည်းလေး လွန်နေပြီနော်…။”

ယခုအခါ လီကျိုးမှာ ဒူးတစ်ဖက် ထောက်လျက် ဓားသွားကို လက်ဝါးနှစ်ဖက်ကြားတွင် ဖမ်းထားပြီး မျက်နှာမှာလည်း အလွန်အမင်း ကြောက်လန့်နေသော အမူအရာက ပေါ်လွင်နေသည်။ အကယ်၍ လီယွမ်သာ လီကျိုး၏ လိုက်လျောညီထွေ သရုပ်ဆောင်ပေးတတ်မှုကို ယဉ်ပါးမနေလျှင် သူပင် လှည့်စားခံရတော့မည် ဖြစ်သည်။

ဘေးတွင် ရပ်ကြည့်နေသော လင်းဖန်ကတော့ "အဖြူရောင်ဓားသွား" ၏ 'ဗလာလက်ဖြင့် ဓားသွားကို ဖမ်းကိုင်ရခြင်း' စွမ်းရည်ကို ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရခြင်းပင်။

“သခင်လေး... ကျွန်တော်... ကျွန်တော် သရုပ်ဆောင်တာ မဟုတ်ဘူး… ဒီဓား... ဒီဓားက ထူးဆန်းတယ်၊ အရမ်း ကြောက်စရာကောင်းတယ်…။”

လီကျိုး ပြောပြီးနောက် ဓား၏ ထိန်းချုပ်မှု အချိန်ကုန်သွားပုံရပြီး လီကျိုးမှာ သူ၏ ခန္ဓာကိုယ်ကို ပြန်လည် ထိန်းချုပ်နိုင်သွား၏။ သူသည် မျက်နှာတွင် ကြောက်ရွံ့သည့်အရိပ်ယောင်များ ရှိနေဆဲ ဖြစ်သော်လည်း တုန်တုန်ရင်ရင်ဖြင့် ပြန်၍မတ်တပ်ရပ်လိုက်သည်။

လီကျိုး၏ စကားကို ကြားပြီးနောက် လင်းဖန်က ဝင်ပြောလိုက်သည်။

“သခင်လေးယွမ်... ဒီကျင့်ကြံသူက လိမ်ပြောနေတာ မဟုတ်ပါဘူး။ အခုနက ဖြစ်သွားတာက သရုပ် ဆောင်တာ မဟုတ်ဘဲ ကျွန်တော့်ရဲ့ အဖြူရောင်ဓားသွားရဲ့ အထူးစွမ်းရည် ဖြစ်ပါတယ်…။”

“ဒီဓားမှာ ဗလာလက်နဲ့ ဓားသွားကို (၁၀၀) ရာခိုင်နှုန်း ဖမ်းကိုင်ရတဲ့ အစွမ်း ရှိပါတယ်။ သခင်လေးက ရွှေအမြုတေအဆင့်နဲ့ အောက်က လူတွေကို တိုက်ခိုက်တဲ့အခါ ဒီအစွမ်းက (၁၀၀) ရာခိုင်နှုန်း အသက် ဝင်မှာပါ။ အခု သခင်လေး မြင်လိုက်ရတဲ့အတိုင်းပါပဲ…။”

လင်းဖန်၏ စကားကြောင့် ထိုနေရာရှိ လူအားလုံး နောက်တစ်ကြိမ် ထိတ်လန့်သွားရပြန်သည်။

*ဒါက ဘယ်လို ထူးဆန်းတဲ့ လုပ်ဆောင်ချက်လဲ..။ဒီဓားကများ မိစ္ဆာရတနာ တစ်ခုခုလား…*

လီယွမ်သည် မကျေနပ်နိုင်ဘဲ ဓားကို ကိုင်ကာ လီကျိုးကို နောက်တစ်ကြိမ် လွှဲခုတ်လိုက်သည်။ သေချာ ပေါက်ပင် လီကျိုးသည် နောက်တစ်ကြိမ် လျှောတိုက် ဒူးထောက်ကျသွားပြီး သူ၏ရှေ့သို့ ရောက်လာ ကာ ဓားကို လက်ဝါးနှစ်ဖက်ဖြင့် ဖမ်းလိုက်ရပြန်သည်။

ဤသည်ကိုပင် လီယွမ်က မယုံကြည်နိုင်သေးဘဲ ထပ်စမ်းရန် ကြံစည်လိုက်သည်။ သို့သော် လီကျူးက သရုပ်ဆောင်နေမှာ စိုးသဖြင့် ယခုတစ်ခေါက်တွင် သူ၏ ပစ်မှတ်ကို လင်းဖန်ထံသို့ ပြောင်းလိုက်သည်။။ သို့သော် လင်းဖန်ကို အကြိမ်ကြိမ် ခုတ်ကြည့်သော်လည်း လင်းဖန်မှာ မည်သည့်တုံ့ပြန်မှုမှ မရှိပေ။

“အဲဒါကြည့်... လီကျိုး မင်းသရုပ်ဆောင်နေတာ ငါ သိသားပဲ။ မင်းနဲ့ ဒီဆိုင်ရှင်နဲ့က တစ်ယောက်နဲ့ တစ်ယောက် မသိကြဘူးဆိုတာ မဟုတ်ဘူးမလား။ အဲ့ဒါကြောင့် ငါ့ကို ဒီဓားဝယ်အောင် မင်းတို့ ပေါင်းပြီး လိမ်နေတာပေါ့လေ…။”

စွပ်စွဲခံလိုက်ရသော လီကျိုးမှာ ဘာမှ ပြန်မပြောနိုင်တော့ပေ။ အဘယ့်ကြောင့်ဆိုသော် လင်းဖန်မှာ ဘာကြောင့် ဘာမှမဖြစ်သလဲဆိုသည်ကို သူကိုယ်တိုင်လည်း သိချင်နေသောကြောင့် ဖြစ်သည်။

ဤသည်ကို မြင်သောအခါ လင်းဖန်က ချက်ခြင်းပင် လီယွမ်ကို ရှင်းပြလိုက်သည်။

“သခင်လေးယွမ်... ကျွန်တော် အခုနကပဲ ပြောခဲ့တယ်လေ၊ ဒီဓားက အဆင့် (၁) မှော်ရတနာပဲ ရှိသေး တာမို့ ရွှေအမြုတေအဆင့်နဲ့ အောက်က လူတွေအပေါ်မှာပဲ အစွမ်းပြတာပါ။ ကျွန်တော့်အတွက်တော့ ဒါက အလုပ်မဖြစ်တာ သဘာဝပါပဲ…။”

အမှန်တော့ လင်းဖန်၏ စကားမှာ တစ်ဝက်သာ မှန်လေသည်။ ထိုဓားက သူ့အပေါ် အလုပ်မဖြစ်ခြင်းမှာ သူက အခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ ဖြစ်နေ၍ မဟုတ်ဘဲ သူကိုယ်တိုင် ဓားကို ဖန်တီးခဲ့သူ ဖြစ်သဖြင့် ဟာကွက်တစ်ခု ချန်ထားခဲ့ခြင်းသာ ဖြစ်သည်။

လင်းဖန်၏ ရှင်းပြချက်ကို ကြားသောအခါ လီယွမ်နှင့် လီကျိုးတို့မှာ အစက ဇဝေဇဝါ ဖြစ်သွားသော် လည်း နောက်မှ မျက်နှာများ ဖြူဖျော့သွားကြသည်။

အဘယ်ကြောင့်ဆိုသော် ထိုစကား၏ အဓိပ္ပာယ်မှာ 'သူ့အပေါ် အလုပ်မဖြစ်' ဟု ဆိုလိုခြင်း ဖြစ်သည်။ ဤသို့ဆိုလျှင် သူသည် အနည်းဆုံး ရွှေအမြုတေအဆင့် သို့မဟုတ် အခြေတည်စိတ်ဝိညာဉ်အဆင့် ရှိနေ သည်ဟု ဆိုလိုခြင်း မဟုတ်ပါလား။

ဤသည်ကို သိသွားသောအခါ လီကျိုးက သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်သည်။

“ဒါ... ဒါကတော့ ကျွန်တော် မျက်စိမှောက်သွားလို့ပါ ဒီစီနီယာက... တကယ့် အခြေတည်စိတ်ဝိညာဉ် အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေမှန်း မသိခဲ့ပါဘူး…။”

ဘေးတွင် ရပ်နေသော လီယွမ်မှာလည်း လီကျိုး၏ စကားကို ကြားပြီး မှင်တက်သွားသည်။ တစ်ဖက်လူ က သူ့ထက် အသက်သိပ်မကြီးပုံပေါ်သော်လည်း အမှန်တကယ်တွင် အခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေသည်မဟုတ်ပါလား။

ယခုအချိန်တွင် လီယွမ်မှာ မနာလိုစိတ် မရှိတော့ပေ။ အသက်ငယ်ငယ်နှင့် ရွှေအမြုတေအဆင့် ရောက် သူကိုသာ သူ မနာလို ဖြစ်နိုင်သော်လည်း အခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူကိုတော့ သူ မယှဉ် နိုင်တော့ပေ။ ထို့ပြင် တစ်ဖက်လူတွင် နုပျိုနေစေမည့် လျှို့ဝှက်ချက် သို့မဟုတ် နုပျိုဆေးများ ရှိနေနိုင် သည် မဟုတ်ပါလား။

သို့သော်လည်း သူ၏ မိသားစု နောက်ခံက ပေးထားသော ယုံကြည်ချက်ကြောင့် လင်းဖန်မှာ အခြေတည် စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူမှန်း သိသော်လည်း လီကျိုးကဲ့သို့ အလွန်အကျွံ ရိုသေပြခြင်းမျိုး မရှိဘဲ စကားပြောသည့် လေသံကိုသာ အနည်းငယ် လျှော့လိုက်သည်။

“ဪ... အဲ့ဒါကြောင့်ကိုး။ ဒါဆိုရင် ဒီဆိုင်အကူလေးကို စမ်းကြည့်မယ်လေ။ ဆိုင်ရှင်က စိတ်တော့ မရှိဘူးမလား။ လီကျိုးက ငါ့ကို မျက်နှာလိုမျက်နှာရ သရုပ်ဆောင်ပြနေတာလို့ သံသယရှိနေတုန်းပဲ…။”

ထိုစကား ကြားသောအခါ ထဲကျူး၏ မျက်နှာ ညှိုးသွားသော်လည်း လင်းဖန်၏ စကားကြောင့် သူ ကျေးဇူးတင်သွားရသည်။

“ကျွန်တော့် ဆိုင်အကူလေးရဲ့ ကျင့်ကြံမှုအဆင့်က အရမ်းနိမ့်ပါတယ်။သူက သခင်လေးရဲ့ ဓားချက် တစ်ချက်ကိုတောင် ခံနိုင်မှာ မဟုတ်ဘူး။ သခင်လေး ဆိုင်ရှေ့မှာ ချည်ထားတဲ့ သားရဲရှိတယ်မလား အဲ့ဒီအပေါ်မှာ စမ်းကြည့်လိုက်လေ။ ယောင်သားရဲကတော့ သခင်းလေးနဲ့ ပေါင်းပြီး သရုပ်ဆောင်မှာ မဟုတ်ဘူးမလား…။”

လင်းဖန်၏ အကြံပေးချက်က လီယွမ်ကို စိတ်ဝင်စားသွားစေသည်။

“ဘာပြောလိုက်တယ်... ဒီအစွမ်းက ယောင်သားရဲတွေပေါ်မှာလည်း အလုပ်လုပ်တယ် ဟုတ်လား။ ဒါပေ မဲ့ သားရဲတွေမှာ လက်မရှိဘူးလေ သူတို့က ဓားကို ဘယ်လို ဖမ်းမှာလဲ…။”

လင်းဖန်ကိုယ်တိုင်လည်း ထိုအရာ ကို သိချင်နေသဖြင့် ဤအခွင့်အရေးတွင် ကြည့်ရန် ဆုံးဖြတ်လိုက် သည်။

“စမ်းကြည့်ရင် သိရမှာပေါ့…။”

လီယွမ်သည် သံသယမျက်လုံးများဖြင့် ဓားကို ကိုင်ကာ ဆိုင်အပြင်ဘက်သို့ ထွက်လာခဲ့ပြီး လင်းဖန်နှင့် ကျန်တဲ့သူများသည်လည်း နောက်က လိုက်လာခဲ့ကြသည်။

ဆိုင်အပြင်ရောက်သည်နှင့် လီယွမ်သည် မစောင့်နိုင်တော့ဘဲ ဓားကို မြှောက်ကာ လေပြင်းဝံပုလွေကို ခုတ်လိုက်လေတော့သည်။

ထို့နောက်တွင်တော့ လူတိုင်းကို ပါးစပ်အဟောင်းသား ဖြစ်သွားစေသည့် အရာတစ်ခု ဖြစ်ပျက်သွားခဲ့ လေသည်။

မြေပြင်ပေါ်တွင် မျက်စိမှိတ် အနားယူနေသော လေပြင်းဝံပုလွေသည် ရုတ်တရက် လျှောတိုက် ဒူးထောက်လိုက်ပြီး လီယွမ်၏ ဘေးနားသို့ ရောက်ရှိလာခဲ့သည်။

သေချာပေါက်ပင် လျှောတိုက် ဒူးထောက်လိုက်ခြင်း ဖြစ်သည်။ လေပြင်းဝံပုလွေ၏ နောက်ခြေထောက် များကို သုံး၍ လီကျိုး လုပ်ခဲ့သလိုမျိုးပင်။ ၎င်း၏ ရှေ့ခြေထောက် နှစ်ဖက်ကတော့ လီကျိုး၏ လက်များ ကဲ့သို့ပင် အဖြူရောင်ဓားသွားကို ညှပ်၍ ဖမ်းထားလေသည်။

ထိုအချိန်တွင် လေပြင်းဝံပုလွေသည် တင်းတင်းစေ့ထားသော မျက်လုံးများကို ဖွင့်လိုက်ရာ ၎င်း၏ မျက်လုံးထဲတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်ကိုတွေ့လိုက်ရသည်။

၎င်း၏ မျက်လုံးများကို ကြည့်ရသည်မှာ သူ၏ သခင်လေး ဘာတွေ လုပ်နေသည်ကိုလည်း မသိပဲ ဘာကြောင့် သူ ဒီလိုမျိုး ရုတ်တရက် ဖြစ်သွားရသည်ကိုလည်း နားမလည်နိုင်ပုံရသည်။

“တကယ် အလုပ်လုပ်တာပဲ.. ..သရုပ်ဆောင်တာ မဟုတ်ဘူး…။ဆိုင်ရှင်... ဒီဓားကို ငါ ဝယ်မယ်။ စိတ်ဝိညာဉ်ကျောက်တုံး ဘယ်လောက်ကျသင့်လဲ…။”

တစ်ဖက်လူက ဈေးနှုန်းမေးလိုက်သည်နှင့် လင်းဖန်သည် သူတို့နှစ်ဦးကို ဆိုင်ထဲသို့ အမြန် ပြန်ခေါ် သွားပြီး ဈေးစကား ပြောလေတော့သည်။

“သခင်လေးယွမ်... ဒီဓားရဲ့ စွမ်းဆောင်ရည်ကို ခင်ဗျား မြင်ပြီးပြီပဲ။ ဒါက တကယ့် ထိပ်တန်း မှော်ရတနာ ဖြစ်လို့ ဈေးကတော့ နည်းနည်း မြင့်ပါလိမ့်မယ်။ အနိမ့်စား စိတ်ဝိညာဉ်ကျောက်တုံး (၁) သိန်း ကျပါမယ် …။”

All Chapters