← Chapters

အခန်း ၇၇

Vol. 8 Ch. 77

အခန်း ၇၇

Vol. 8 Ch. 77

အခန်း (၇၇) ပြဿနာက တံခါးလာခေါက်ခြင်းလား

လျူချွမ်းဖုသည် စိတ်လှုပ်ရှားမှုများ ပိုမိုမြင့်တက်လာကာ မိသားစုကြီးများမှ တပည့်များအကြား နှီးနှော ဖလှယ်ပွဲ မပြီးဆုံးမီမှာပင် အခွင့်ကောင်းယူ၍ ထွက်ခွာလာခဲ့သည်။ မကြာမီမှာပင် လျူချွမ်းဖုသည် နောက်လိုက်တစ်ယောက်နှင့်အတူ ဟင်းလင်းပြင်ဆိုင် တည်ရှိရာ လမ်းမပေါ်သို့ ရောက်ရှိလာခဲ့သည်။

သူ့အမြင်တွင် တစ်ယောက်တည်း သွားခြင်းက သိက္ခာကျသည်ဟု ထင်မြင်မိသဖြင့် ဂုဏ်ပကာသန ထင် ပေါ်စေရန် နောက်လိုက်တစ်ဦး ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ ထိုနောက်လိုက်မှာ မြို့တော်ရှိ မိသားစု ငယ်တစ်ခုမှ ဂေါင်မြောင် ဖြစ်သည်။ ဂေါင်မြောင်၏ မိသားစုတွင် အင်အားအကြီးဆုံးသူမှာ 'ဟင်းလင်း ပြင်သန့်စင်ခြင်းအဆင့်'သာရှိသဖြင့် လျူမိသားစုကို ယှဉ်နိုင်စွမ်းမရှိပေ။

ဂေါင်မြောင်သည် ယနေ့တွင် အခန်းအောင်း ကျင့်ကြံနေသော်လည်း လျူချွမ်းဖု၏ သတင်းစကားကို ရရှိ သည်နှင့် ကျင့်ကြံခြင်းကိုပင် ဂရုမစိုက်နိုင်တော့ဘဲ လျူချွမ်းဖု၏ အနားသို့ အပြေးအလွှား ရောက်လာခဲ့ သည်။ ဂေါင်မြောင်သည် လျူချွမ်းဖုနှင့် တွေ့သည့်အချိန်မှစ၍ မျက်နှာထက်တွင် ဖားယားသော အပြုံး များမှာ ပျောက်မသွားတော့ပေ။

သူ၏ အမြင်တွင် လျူချွမ်းဖုက သူ့အား ယနေ့တွင် အစပြု၍ ဆက်သွယ်ခြင်းသည် သူနှင့် သူ့မိသားစု အတွက် အခွင့်အရေးတစ်ခုပင် ဖြစ်သည်။ လျူချွမ်းဖု၏ ရှေ့တွင် အစွမ်းပြနိုင်ပြီး မျက်နှာသာ ရရှိကာ ဆက်ဆံရေး တစ်ခု တည်ဆောက်နိုင်ပါက မိသားစုအတွင်း သူ၏ အဆင့်အတန်းမှာလည်း သိသိသာသာ မြင့်မားလာမည် ဖြစ်သည်။

ထို့အပြင် လျူမိသားစုကဲ့သို့ အင်အားကြီးသော မိသားစုကို သူ၏ မိသားစုအတွက် ကျောထောက် နောက်ခံအဖြစ် ရရှိအောင် လုပ်ဆောင်နိုင်ပါက ကြီးမားသော အောင်မြင်မှုတစ်ခု ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် သူသည် နောက်လိုက်တစ်ယောက်ကဲ့သို့ လျူချွမ်းဖုကို အစွမ်းကုန် အလုပ်အကျွေးပြုရန် ဆုံးဖြတ်ထားပြီး ဖြစ်လေသည်။

မကြာမီ သူတို့နှစ်ဦးသည် လင်းဖန်၏ ဟင်းလင်းပြင်ဆိုင် တံခါးဝသို့ ရောက်ရှိလာခဲ့ကြသည်။ ဆိုင်ရှေ့ တံခါးဝရှိ လှေကားထစ်များကို မြင်သောအခါ ဂေါင်မြောင်သည် ရှေ့သို့ တက်သွားပြီး လျူချွမ်းဖုကို ကူတွဲရန် လက်ကမ်းပေးလိုက်သည်။

ဤနားမလည်နိုင်သော လုပ်ရပ်ကြောင့် လျူချွမ်းဖုမှာ ကြောင်အသွားရသည်။

*ငါက ဘာဖြစ်နေလို့လဲ.. ငါက ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်လေ.. တံခါးခုံလေး ကျော် ဖို့ကို သူများတွဲပေးဖို့ လိုအပ်မလား.. သူတို့က ငါ့ကို သုံးနှစ်သားကလေးများ ထင်နေကြတာလား…*

ဟု စိတ်ထဲမှ တွေးလိုက်မိသည်။

ထိုအချိန်တွင် လျူချွမ်းဖုသည် ဂေါင်မြောင်ကို နောက်လိုက်အဖြစ် ခေါ်လာခြင်းမှာ သူ၏ မှားယွင်းသော ဆုံးဖြတ်ချက်များထဲမှ တစ်ခုဖြစ်ကြောင်း မှတ်ချက်ချမိလိုက်သည်။ သို့သော် ယခုအချိန်တွင် လူလဲရန် နောက်ကျသွားပြီဖြစ်သဖြင့် ဤအတိုင်းသာ ဆက်သွားရန်သာ ဆုံးဖြတ်လိုက်ရတော့သည်။

သူတို့နှစ်ဦး ဟင်းလင်းပြင်ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် ထဲကျူးက စီးကြို၍ နှုတ်ဆက်လိုက်လေသည်။

“ဂုဏ်သရေရှိ ဧည့်သည်တော်တို့ ဘာများ လိုချင်ပါသလဲ.. ဆေးလုံးတွေလား ဒါမှမဟုတ် မှော်လက်နက် တွေလား…”

ထဲကျူး၏ အမေးကို လျူချွမ်းဖု ဘာမှမပြောရသေးခင်မှာပင် ဂေါင်မြောင်က ဦးအောင် ပြောလိုက်တော့ သည်။

“မင်းတို့ဆိုင်ရှင်ကို ခေါ်လိုက်စမ်း.. ငါတို့ သခင်လေးလျူက သူ့ဆီမှာ စီးပွားရေး အကြီးကြီး တစ်ခု အကြောင်း ဆွေးနွေးဖို့ ရောက်နေတယ်လို့….။”

ထိုစကားကို ကြားသောအခါ ထဲကျူးလည်း အထွေအထူး မတွေးတော့ဘဲ နောက်ဖေးတွင် အလုပ်ရှုပ် နေသော လင်းဖန်ကို အမြန်သွားရောက် အကြောင်းကြားလိုက်သည်။ လင်းဖန်သည် ဆိုင်အတွင်းရှိ လူနှစ်ဦးကို မြင်လိုက်ရသောအခါ ဝမ်းသာအားရ ပြုံးမိလိုက်သည်။

သူတို့၏ ဝတ်စားဆင်ယင်ပုံအရ အင်အားကြီး မိသားစုမှ ဖြစ်နိုင်ကြောင်း လင်းဖန် ခန့်မှန်းလိုက်သည်။

*ဒီနေ့တော့ အချီကြီး ရတော့မှာပဲ…*

“တစ်နေ့လုံး ငှက်ကလေးတွေ သာယာနေတာ ဘာကြောင့်လဲလို့ စဉ်းစားနေတာ.. အခုတော့ ထူးမြတ်တဲ့ ဧည့်သည်တော် ရောက်လာလို့ကိုး.. သခင်လေးလျူရဲ့ နာမည်ကို ကြားဖူးတာ ကြာပါပြီ.. ဒီနေ့ ကိုယ်တိုင် မြင်တွေ့ရတော့ တကယ်ကို ထူးခြားတဲ့သူပဲဆိုတာ အတည်ပြုနိုင်ပြီ”

ဟု လင်းဖန်က မြှောက်ပင့် ပြောဆိုလိုက်သည်။

လင်းဖန်၏ မြှောက်ပင့်စကားများကို ကြားသောအခါ လျူချွမ်းဖုမှာ အလွန်ကျေနပ်သွားသည်။ လင်းဖန် ၏ အမူအရာကို ကြည့်ပြီး ယနေ့ သူ၏ ရည်မှန်းချက်မှာ အလွယ်တကူ အောင်မြင်လိမ့်မည်ဟု ခံစား လိုက်ရသည်။ ထို့ကြောင့် လျူချွမ်းဖုသည် စကားများများ မပြောတော့ဘဲ သူ၏ ရည်ရွယ်ချက်ကို တန်း၍ ပြောလိုက်သည်။

“ဆိုင်ရှင်.. ခင်ဗျားဆီမှာ ထူးခြားတဲ့ ဓားပျံမှော်လက်နက် ရှိတယ်လို့ ကျွန်တော် ကြားထား တယ်.. အဲဒီလို မှော်လက်နက်မျိုး ဘယ်နှခုလောက် ရှိသလဲ သိချင်ပါတယ်…။”

တစ်ဖက်လူ၏ စကားကြောင့် လင်းဖန်မှာ အတိုင်းမသိ ဝမ်းသာသွားလေသည်။

*ဝိုး... ကြည့်ရတာ ဒီနေ့တော့ လက်ကားဝယ်ယူမယ့် အပေးအယူကြီး တစ်ခုတော့ ဖြစ်တော့မှာပဲ…။*

“သခင်လေးလျူ.. ဒီလို မှော်လက်နက်မျိုးက သန့်စင်ဖို့ အလွန် ခက်ခဲပြီး စွမ်းအင် အများကြီး ကုန်ဆုံး ရပေမယ့် သခင်လေးက တောင်းဆိုလာမှတော့ ကျွန်တော် အသက်နဲ့လဲပြီး သခင်လေးရဲ့ လိုအပ်ချက် ကို အစွမ်း ကုန် ဖြည့်ဆည်းပေးပါ့မယ်.. သခင်လေးလျူ ဘယ်လောက်အထိ လိုချင်တာပါလဲခင်ဗျာ…။”

လင်းဖန်၏ စကားကို လျူချွမ်းဖုက မသံသယဖြစ်ပေ။ သူ၏ အမြင်တွင်လည်း ယခုကဲ့သို့ အံ့ဖွယ် စွမ်းရည်ရှိသော မှော်လက်နက်ကို အလွယ်တကူ မသန့်စင်နိုင်ဟု သတ်မှတ်ထားသည်ပင်။

“ခင်ဗျားသာ ဆက်ပြီး သန့်စင်ပေးပါ.. ခင်ဗျား ထုတ်လုပ်နိုင်သမျှ အကုန်လုံးကို လျူမိသားစုက ယူမယ်…။”

လျူချွမ်းဖု၏ စကားကြောင့် လင်းဖန်မှာ အလွန်အမင်း ဝမ်းသာသွားသည်။

"ဟား.. ဒါကတော့ ကြွားလိုက်တာပဲ.. လျူမိသားစုက သာမန်မိသားစု မဟုတ်ပုံပဲ.. ဒါပေမယ့် သူ ငါ့ရဲ့ သန့်စင်တဲ့နှုန်းကို သိပုံမရဘူး.. ကျွန်တော်သာ အားသွန်ခွန်စိုက် လုပ်ရင် လျူမိသားစုရဲ့ ရတနာတိုက် တစ်ခု လုံး ပြောင်သွားနိုင်တယ်နော်….။"

လင်းဖန်က မည်မျှအထိ ရောင်းချပေးရမည်ကို စဉ်းစားနေစဉ်မှာပင် လျူချွမ်းဖု၏ နောက်ထပ် စကား တစ်ခွန်းကြောင့် လင်းဖန်၏ မျက်နှာထက်မှ အပြုံးများ ပျောက်ကွယ်သွားရတော့သည်။

“မှော်လက်နက်ရဲ့ ဈေးနှုန်းကိုတော့ အဆင့်အမျိုးမျိုးအလိုက် ပေါက်ဈေးအတိုင်းပဲ တွက်ချက်မယ်.. ကျွန်တော် ခင်ဗျားကို ဈေးနှိမ်မှာ မဟုတ်ဘူး.. ဒါပေမယ့် အခုကစပြီး ခင်ဗျားရဲ့ ကုန်စ္စည်းတွေကို ကျွန်တော်တို့ လျူမိသားစု တစ်ခုတည်းကိုပဲ ရောင်းရမယ်လို့ အာမခံရမယ်…။”

လျူချွမ်းဖု၏ အမြင်တွင် သူ၏ မိသားစုသည် ရေရှည်ဖောက်သည်ကြီး ဖြစ်လာမည်ဖြစ်သဖြင့် လင်းဖန် အတွက် ကြီးမားသော အကျိုးကျေးဇူး ဖြစ်စေသည်ဟု ယူဆထားသည်။ ဆိုင်ငယ်လေး တစ်ခုအတွက် ဈေးမဆစ်ခြင်းမှာပင် ကျေးဇူးကြီးလှသည်ဟု သူ ထင်နေသည်။ သို့သော် လင်းဖန်၏ အမြင်တွင်မူ ဤ သူသည် ရေရှည်ဖောက်သည် မဟုတ်ဘဲ သူ့ကို အမြတ်ထုတ်ရန် လာခြင်းသာ ဖြစ်သည်။

*အရင်က ငါရောင်းခဲ့တဲ့ အဆင့် (၁) နဲ့ (၂) ဓားပျံတွေက ပေါက်ဈေးထက် အများကြီး ပိုတန် တာကို.. ဒီလူက ပေါက်ဈေးနဲ့ပဲ လိုချင်တယ် ဟုတ်လား.. သူ အိပ်မက် မက်နေတာပဲ.. ပြီးတော့လဲ လျူမိသားစု တစ်ခုတည်းကိုပဲ ရောင်းရမယ်ဆိုတာက လက်ဝါးကြီးအုပ်ဖို့ ကြိုးစားနေတာပဲ…။*

လင်းဖန်သည် သေချာစဉ်းစားပြီးနောက် တစ်ဖက်လူကို မျက်နှာသာ ပေးရန် မလိုတော့ဟု ဆုံးဖြတ် လိုက်သည်။ သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင် ဂေါင်မြောင်က ကြားဖြတ် ပြောလိုက်ပြန်သည်။

“မင်း ဘာရပ်ကြည့်နေတာလဲ.. သခင်လေးလျူက မင်းကို ဒီလောက်ကြီးမားတဲ့ စီးပွားရေး အခွင့်အရေး ပေးနေတာကို ကျေးဇူးမတင်ဘူးလား….။”

ထိုစကားကို ကြားသောအခါ လင်းဖန်မှာ ဒေါသထွက်လွန်း၍ပင် ရယ်မိသွားသည်။ သူသည် စင်ပေါ်မှ အဖြူရောင်ဓားသွား ကို ချက်ချင်း ကောက်ယူလိုက်ပြီး ဂေါင်မြောင်ပေါ်တွင် အသုံးပြုလိုက်သည်။

ဂေါင်မြောင်သည် သူ၏ မြှောက်ပင့်စကားကြောင့် လျူချွမ်းဖု ပျော်ရွှင်သွားသလားဟု လှည့်ကြည့်လိုက် စဉ်မှာပင် ထူးဆန်းသော ခံစားချက်တစ်ခု တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားပြီး သူ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်၍ မရတော့ပေ။

ထို့နောက် "ဝုန်း" ခနဲ အသံနှင့်အတူ ဂေါင်မြောင်၏ ခန္ဓာကိုယ်သည် အမည်မသိ အင်အား တစ်ခုကြောင့် လင်းဖန်၏ ရှေ့တွင် ဒူးထောက်လျက်သား ဖြစ်သွားပြီး လက်နှစ်ဖက်ကို စုကာ အဖြူ ရောင်ဓားသွားကို ဖမ်းထားစုပ်ထားသည့် ပုံစံ ဖြစ်သွားသည်။

ဤကဲ့သို့ အခြေအနေမျိုး တစ်ခါမှ မကြုံဖူးသော ဂေါင်မြောင်သည် အလွန်အမင်း ကြောက်လန့်သွားပြီး လျူချွမ်းဖုကို အော်ဟစ် အကူအညီ တောင်းလိုက်သည်။

“သခင်လေးလျူ.. ဘာတွေ ဖြစ်နေတာလဲ.. ကျွန်တော့်ကို ကူညီပါဦး…။”

အဖြူရောင်ဓားသွား၏ အစွမ်းကို မြင်ဖူးပြီးသားဖြစ်သော လျူချွမ်းဖုကမူ မတုန်လှုပ်ဘဲ အေးအေးဆေး ဆေးပင် ပြန်ပြောလိုက်သည်။

“မင်းရဲ့ ပျော့ညံ့တဲ့ ပုံစံကို ကြည့်ဦး.. ဒါက ဒီဓားရဲ့ အထူးစွမ်းရည်လေ.. ဆိုင်ရှင်က ဒီဓားရဲ့ စွမ်းရည်ကို ငါ့ကို ပြချင်လို့ ဖြစ်မှာပါ.. ဒါပေမယ့် ဆိုင်ရှင်.. ခင်ဗျား အခု ရပ်လိုက်လို့ ရပါပြီ.. ငါ ဒါကို အရင်က မြင်ဖူး ပြီးသားပါ…။”

လျူချွမ်းဖု၏ မောက်မာနေသော ပုံစံကို မြင်သောအခါ လင်းဖန်မှာ ပို၍ ဒေါသထွက်သွားသည်။

“ဩော်.. သခင်လေးက မြင်ပဲ မြင်ဖူးတာကိုး.. ကိုယ်တိုင်တော့ မကြုံဖူးသေးဘူး ထင်တယ်.. ကျွန်တော် သခင်လေးကို ပြပါရစေဦး….။”

ထိုသို့ ပြောပြီးနောက် လင်းဖန်သည် ပစ်မှတ်ကို ချက်ချင်းပြောင်းကာ အဖြူရောင်ဓားသွားကို လျူချွမ်းဖု ထံသို့ ဝေ့ယမ်းလိုက်သည်။ ထိုအခါ လျူချွမ်းဖုသည်လည်း ဂေါင်မြောင် အတိုင်းပင် ဒူးထောက်လျက် သား လျှောတိုက်ကာ ဂေါင်မြောင်၏ ဘေးသို့ ရောက်ရှိသွားပြီး လက်နှစ်ဖက်ဖြင့် ဓားကို ဖမ်းစုပ်ထားရ သည့် အခြေအနေသို့ ရောက်သွားသည်။

ဤရုတ်တရက် အပြောင်းအလဲကြောင့် လျူချွမ်းဖု၏ မျက်နှာတွင် ခဏမျှ အံ့အားသင့်သွားသော်လည်း ချက်ချင်းပင် ဒေါသအဖြစ် ပြောင်းလဲသွားသည်။ ဂေါင်မြောင်နှင့် မတူသည်မှာ သူသည် အကူအညီ မတောင်းဘဲ လင်းဖန်ကို စူးစိုက် ကြည့်လိုက်သည်။

“မင်းက ငါ့လို ဂုဏ်သရေရှိလူကြီးကို အာခံပြီး စော်ကားရဲတယ်ပေါ့… ငါ ဆုံးဖြတ်လိုက်ပြီ.. အခုကစပြီး မင်းပြုလုပ်တဲ့ ဘယ်မှော်ရတနာကိုမဆို ပေါက်ဈေးရဲ့ ဆယ်ပုံတစ်ပုံနဲ့ပဲ ငါ ဝယ်မယ်….။”

ဤကဲ့သို့ အခြေအနေနှင့် ရင်ဆိုင်နေရသော်လည်း လင်းဖန်၏ အနာဂတ် မှော်ရတနာအားလုံးမှာ လျူမိသားစု၏ လက်ဝေခံ ဖြစ်လာမည်ဟု သူက အခိုင်အမာ ယုံကြည်နေဆဲပင်။ သူ့အမြင်တွင် နောက်ခံ အင်အားမရှိသော ဆိုင်ငယ်လေးတစ်ခုသည် လျူမိသားစုကို မည်သို့မျှ ယှဉ်နိုင်မည် မဟုတ်ပေ။

All Chapters