← Chapters

အခန်း ၈၂

Vol. 9 Ch. 82

အခန်း ၈၂

Vol. 9 Ch. 82

အခန်း (၈၂) ညဉ့်နက်သန်းခေါင်ယံအချိန်တွင် ပေါက်ကွဲသံကြီးများမှာ မြို့တော်တစ်ခုလုံး ပဲ့တင်ထပ် သွားခြင်း

ဂေါင်မြောင်၏ အမူအရာကို ကြည့်ရုံဖြင့် သူသည် ထိုအခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ၏ နှိပ်စက်မှုကို ခံထားရကြောင်း သိသာလှပေသည်။ သူသည် အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာပြီး ထိတ်လန့်ဖွယ်ရာ မြင်ကွင်းကို မြင်လိုက်ရသောအခါ တစ်ကိုယ်လုံး တုန်ယင်သွားပြီး စကားပင် မဆို နိုင်တော့ပေ။

လင်းဖန်ကလည်း ဘာမှထပ်မပြောတော့ဘဲ လက်ဝါးတစ်ချက်ရိုက်ကာ တစ်ဖက်လူ၏ ကျင့်ကြံမှုကို ဖျက်ဆီးလိုက်ပြီး ဓားဖြင့် အသက်ကိုပါနှုတ်ယူပစ်လိုက်တော့သည်။ တစ်ဖက်လူ၏ ကျင့်ကြံမှုကို ဖျက်ဆီးခြင်းမှာ ထဲကျူးအတွက် လက်စားချေခြင်းဖြစ်ပြီး သတ်ဖြတ်လိုက်ခြင်းမှာမူ သူ၏ဒေါသကို ဖြေဖျောက်ခြင်းပင် ဖြစ်သည်။

တရားခံကို ရှင်းလင်းပြီးနောက် နောက်တစ်ဆင့်မှာ လျော်ကြေးကိစ္စ ဆွေးနွေးရန်ဖြစ်သည်။ သူသည် အခြေတည်စိတ်ဝိညာဉ်အဆင့်သို့ တက်လှမ်းရန် လက်ကျန်ငွေအကုန်သုံးကာ လက်စားချေရန် လာခဲ့ ခြင်းဖြစ်ရာ လက်ဗလာဖြင့် မပြန်နိုင်ပေ။

"မင်းတို့ကို လွှတ်ပေးဖို့ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ဘူး၊ ဒါပေမဲ့ ငါ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု အတွက်ရယ် ငါ့ဆိုင်က ဆိုင်အကူလေးရဲ့ ဆေးကုသစရိတ်နဲ့ နစ်နာကြေးတွေအတွက် လျော်ကြေးပေးဖို့ လိုလိမ့်မယ်။ မင်းတို့မိသားစုရဲ့ ရတနာတိုက်ဆီ ငါ့ကို ခေါ်သွားစမ်း….။"

ကျန်ရှိနေသော ဂေါင်မိသားစု ကျင့်ကြံသူများသည် လင်းဖန်၏ တောင်းဆိုချက်ကို မငြင်းဆန်နိုင်ဘဲ လိုက်နာရုံသာ ရှိတော့သည်။ မကြာမီမှာပင် တစ်ဖက်လူ၏ ဦးဆောင်မှုဖြင့် လင်းဖန်သည် ဂေါင်မိသားစု ၏ ရတနာတိုက်သို့ ရောက်ရှိသွားသည်။

"စီနီယာ... ဒါက ကျွန်တော်တို့ ဂေါင်မိသားစုမှာ ကျန်သမျှ အရင်းအမြစ်အားလုံးပါပဲ…။"

ရတနာတိုက်အတွင်းမှ မြင်ကွင်းကို ကြည့်ပြီး လင်းဖန် အံ့အားသင့်သွားသည်။

"မင်း ငါ့ကို နောက်နေတာလား…. ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် ပညာရှင်တစ်ယောက်ရှိတဲ့ ဆဋ္ဌမ တန်းစား မိသားစုအင်အားစုတစ်ခုက ဒါလေးပဲ ရှိတာလား… မင်း ငါ့ကို လှည့်စားဖို့ ကြိုးစားနေတာ လား….။"

လင်းဖန်၏ ဒေါသတကြီးပြောလိုက်သော စကားကြောင့် ကျင့်ကြံသူတစ်ဦးက စိတ်ပျက်လက်ပျက် ပြုံးကာ ရှင်းပြလိုက်သည်။

"စီနီယာ... ကျွန်တော်တို့ရဲ့ ဘိုးဘေးက အတိဒုက္ခအဆင့်ကို တက်လှမ်းနိုင်ဖို့ မိသားစုရဲ့ အရင်းအမြစ် အားလုံးနီးပါးကို သုံးစွဲခဲ့တာပါ။ ဘိုးဘေး အဆင့်တက်ပြီးရင် အရင်းအမြစ်တွေ ပြန်ရှာဖို့ စီစဉ်ထားပေမဲ့ မမျှော်လင့်ဘဲနဲ့..."

ထိုသူ၏ ရှင်းပြချက်ကို နားထောင်ရင်း လင်းဖန်၏ ရင်ထဲ၌ သွေးစိမ်းရှင်ရှင် ထွက်လုမတတ် ခံစားလိုက် ရပြီး ဂေါင်မိသားစု ဘိုးဘေးကို ပြန်ရှင်အောင်လုပ်ပြီး ထပ်သတ်ချင်စိတ် ပေါက်သွားသည်။ ထိုအရင်း အမြစ်များမှာ သူပိုင်ဆိုင်ရမည့်အရာများ ဖြစ်သင့်သည် မဟုတ်ပါလား။

အမှန်တကယ်တွင် ဂေါင်မိသားစု ဘိုးဘေးသည် အဆင့်တက်ရန် အောင်မြင်ခါနီးဆဲဆဲ ဖြစ်သော်လည်း အရေးကြီးသော အချိန်တွင် ရန်သူလင်းဖန် ဝင်ရောက်လာခြင်းကြောင့် အာရုံပျံ့လွင့်ကာ ကျရှုံးခဲ့ရခြင်း ဖြစ်သည်။

လင်းဖန်သည် အလွန်အမင်း ဒေါသထွက်နေသော်လည်း ထိုနေရာရှိ နတ်ဘုရားအသွင်ပြောင်းခြင်း အဆင့်နှင့် အခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများကို သတ်ဖြတ်ရန် မရွေးချယ်ခဲ့ပေ။ အမှန်စင် စစ် သူသည် သွေးဆာနေသူတစ်ဦး မဟုတ်ပေ။ သူတို့ကို သတ်လိုက်လည်း စိတ်ဝိညာဉ်ကျောက်တုံးများ စွာ ရလာမည်မဟုတ်ရာ ဘာများထူးလာပါမည်နည်း။

သူတို့ကို လွှတ်ပေးထားပြီး စိတ်ဝိညာဉ်ကျောက်တုံးများ ထပ်မံစုဆောင်းခိုင်းထားကာ စိတ်ထဲမှ အကြွေး မှတ်တမ်းတစ်ခု ဖွင့်ထားပြီး သူတို့စုမိဆောင်းမိဖြစ်လာမှ ပြန်လာတောင်းခြင်းက ပို၍ကောင်းပေမည်။ ထိုသို့တွေးတောပြီးနောက် လင်းဖန်သည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ကာ ရတနာတိုက်ထဲမှ ပစ္စည်း အနည်းငယ်ကို စနစ်ဟင်းလင်းပြင်ထဲသို့ ထည့်လိုက်ပြီး ပြန်လည်ထွက်ခွာလာခဲ့သည်။

ရတနာတိုက်မှ ထွက်လာပြီးနောက် လင်းဖန်သည် သူ၏စနစ်မျက်နှာပြင်ကို ကြည့်လိုက်ရာ အခြေတည် စိတ်ဝိညာဉ်အဆင့်အတွက် လိုအပ်သော ကျောက်တုံးပမာဏကို မြင်ပြီး ပို၍ ဒေါသထွက်လာသည်။ ဂေါင်မိသားစု၏ အရင်းအမြစ်များကို သုံး၍ အဆင့်တက်ရန် မျှော်လင့်ခဲ့သော်လည်း အရာအားလုံးက သုည ဖြစ်သွားခဲ့သည်။

လင်းဖန်သည် မကျေမနပ်ဖြစ်ကာ သူယခင်က သန့်စင်ထားသော အဆိပ်ငွေ့ဆေးလုံးများကို စနစ်ထဲမှ ထုတ်ယူလိုက်ပြီး မထွက်ခွာမီ ဒေါသဖြေဖျောက်ရန် ပြင်လိုက်သည်။ လေထဲသို့ ပျံတက်ပြီးနောက် ဂေါင်မိသားစု စံအိမ်အပေါ်မှ ပတ်ကြည့်ကာ အဆိပ်ငွေ့ဆေးလုံးများကို အောက်သို့ ပစ်ချလိုက်သည်။ အဆိပ်ငွေ့များ ပေါက်ကွဲကာ မြေပြင်တွင် စိမ်းဖန့်ဖန့် အဆိပ်မြူများ ဖုံးလွှမ်းသွားလေတော့သည်။

အဆိပ်ငွေ့ဆေးလုံးများ ပစ်ချပြီးနောက် လင်းဖန် ထွက်ခွာရန် ပြင်စဉ်တွင် အနံဆိုးကို ရှူမိရာမှ အတွေးတစ်ခု ဝင်လာသည်။

*ဟင်… ဒီအဆိပ်ငွေ့ဆေးလုံးက အနံ့ဆိုးတွေ ပါဝင်နေတာဆိုတော့ ဒါက ပေါက်ကွဲနိုင်စွမ်းများ ရှိနေ မလား…*

ထိုသို့တွေးကာ လင်းဖန်သည် စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ သူသည် မီးတောက်အဆောင် တစ်ခုကို ချက်ခြင်းထုတ်ယူကာ စိမ်းဖန့်ဖန့် အဆိပ်မြူများရှိရာဆီသို့ ပစ်ချလိုက်သည်။ မျှော်လင့်ထား သည့်အတိုင်းပင် မီးတောက်နှင့် ထိတွေ့သည်နှင့် အဆိပ်မြူများက အရှိန်အဟုန်ပြင်းစွာဖြင့် ပေါက်ကွဲ သွားခဲ့လေတော့သည်။

ထို့နောက်တွင်မူ ပေါက်ကွဲမှုမှ ထွက်ပေါ်လာသော မီးတောက်များသည် အခြားသော အဆိပ်မြူများနှင့် ထိတွေ့ကာ ဆက်တိုက်ပေါက်ကွဲမှုများ ဖြစ်ပေါ်လေတော့သည်။ ဂေါင်မိသားစု စံအိမ်ကြီးတစ်ခုလုံးသည် နှစ်သစ်ကူးပွဲတော် ကျင်းပနေသကဲ့သို့ ပေါက်ကွဲသံများဖြင့် ဆူညံသွားသည်။

ထိုအချိန်တွင် လင်းဖန်သည် ပထမဆုံး ပေါက်ကွဲမှု ဖြစ်သည်နှင့် ထိုနေရာမှ အမြန်ဆုံး ထွက်ပြေးခဲ့သည်။

"ဟူး... စပ်စုတာက ကိုယ့်ကိုကိုယ် ဒုက္ခပေးတာပဲ။ ဒီစမ်းသပ်မှုကို မလုပ်ခဲ့သင့်ဘူး။ ဂေါင်မိသားစုဝင် တွေ ဒီမတော်တဆ ပေါက်ကွဲမှုကနေ အသက်ရှင်နိုင်ပါစေလို့ပဲ ဆုတောင်းရမှာပဲ။ သူတို့က ငါ့ကို ပိုက်ဆံ ပြန်ဆပ်ရဦးမှာလေ…."

ဤမျှ ဆူညံမှုဖြစ်သွားပြီးနောက် လင်းဖန်သည် မူလက လျူမိသားစုထံ သွားရန် စီစဉ်ထားသော်လည်း အခြေအနေကို စောင့်ကြည့်ရန် ဆိုင်သို့သာ ပြန်သွားရန် ဆုံးဖြတ်လိုက်သည်။ သူသည် လမ်းဘေးတွင် ဈေးရောင်း၍ပင် မြို့တော်အစောင့်တပ်၏ လက်ဖက်ရည်တိုက်ခြင်းကို ခံခဲ့ရရာ ယခုကဲ့သို့ ပေါက်ကွဲမှု ကြီး ဖြစ်ပွားစေခြင်းအတွက် စိတ်ဝိညာဉ်ကျောက်တုံး မည်မျှ ဒဏ်ရိုက်ခံရမည်ကို တွေးပူနေမိသည်။

သူ့တွင် အတိဒုက္ခအဆင့် အစောင့်အရှောက်ရှိသော်လည်း သုန်ယွဲအင်ပါယာ တော်ဝင်မိသားစုတွင် လည်း အတိဒုက္ခအဆင့် ကျင့်ကြံသူ တစ်ဦးထက်မက ရှိနေသည်။ အကယ်၍ သူတို့နှင့် ရင်ဆိုင်ရပါက သူ၏ရုပ်သေးများက အနိုင်ရနိုင်သော်လည်း ခဏချင်းနှင့် အဆုံးသတ်နိုင်မည် မဟုတ်ပေ။ ထို့ပြင် ရုပ်သေးများကို ကြာရှည်သုံးပါက စိတ်ဝိညာဉ်ကျောက်တုံး များစွာ ကုန်ကျသွားနိုင်ပေသည်။

မိမိ၏ စိတ်ဝိညာဉ်ကျောက်တုံးများအတွက် သူသည် ထိုပေါက်ကွဲမှုအတွက် တာဝန်ရှိကြောင်း လုံးဝ ဝန်ခံမည်မဟုတ်ပေ။ စုံစမ်းစစ်ဆေးပါက သူနှင့် ပတ်သက်နေကြောင်း သိနိုင်သော်လည်း သူကသာ ခေါင်းမာမာဖြင့် ငြင်းဆန်နေပါက တစ်ဖက်လူသည် ဂေါင်မိသားစုလေးအတွက်နှင့် အတိဒုက္ခအဆင့် ကျင့်ကြံသူကို ရန်စပြီး အသေအလဲ တိုက်ခိုက်မည်မဟုတ်ဟု သူ ယူဆထားသည်။

လင်းဖန် ဆိုင်သို့ ပြန်ရောက်သောအခါ အနီးနားရှိ မိသားစုများမှ စေလွှတ်လိုက်သော သူလျှိုများက ဂေါင်မိသားစုအနီးသို့ ရောက်ရှိနေပြီဖြစ်သည်။ ဂေါင်မိသားစု၏ ပျက်စီးနေသော အခြေအနေကို သတင်းပို့ကြသောအခါ မည်သူက ဤမျှ ရက်စက်စွာ တိုက်ခိုက်ရဲသနည်းဟု မိသားစုများက ခန့်မှန်း နေကြသည်။

လျူချွမ်းဖု၏ မိသားစုဖြစ်သော လျူမိသားစုသည်လည်း ထိုအထဲတွင် ပါဝင်သည်။ မိသားစု ခေါင်းဆောင် လျူဘန်ရှန်းသည် ဂေါင်မိသားစုတွင် ပေါက်ကွဲမှုဖြစ်ကြောင်း သိလိုက်ရသောအခါ စိတ်ထဲမှ ခန့်မှန်းမိလိုက်သည်။ ယနေ့တွင် ယန်ဝမ်ကျန်းက ဆိုင်တွင် ဖြစ်ပျက်ခဲ့သည်များကို အသေး စိတ် သတင်းပို့ထားရာ ဂေါင်မိသားစုအကြောင်းလည်း ပါဝင်သည်။

ဂေါင်မိသားစု၏ ယခုအခြေအနေမှာ ထိုလျှို့ဝှက်ဆန်းကြယ်သော ဆိုင်ရှင်၏ လက်စားချေမှုဖြစ်နိုင် သည်ဟု သူ ထင်မြင်မိသည်။ ထိုသို့ တွေးမိသည်နှင့် လျူဘန်ရှန်းသည် စိုးရိမ်စိတ်များ ဝင်လာပြီး တစ်ဖက်လူက သူ၏မိသားစုကိုပါ ပြဿနာရှာမည်ကို ကြောက်လန့်နေခဲ့သည်။

"သူတို့က ဂေါင်မိသားစုကို တိုက်ခိုက်ပြီးပြီဆိုတော့ ငါ့ရဲ့လျူမိသားစုကိုတော့ ထပ်မတိုက်လောက် တော့ဘူး မဟုတ်လား…"

"ယန်ဝမ်ကျန်း ပြောတာကတော့ သူနဲ့ တစ်ဖက်လူကြားမှာ ပြဿနာတွေ ရှင်းသွားပြီတဲ့။ ဂေါင်မိသားစု ပစ်မှတ်ထားခံရတာက သူတို့ဘက်က လွန်လွန်ကျူးကျူး လုပ်ခဲ့လို့ပဲ ဖြစ်မှာပါ…။"

လျူဘန်ရှန်းသည် တစ်ဦးတည်း ရေရွတ်နေမိသော်လည်း စိတ်မအေးနိုင်သဖြင့် ဆိုင်ရှင်ထံသို့ ကိုယ်တိုင် သွားရောက်ကာ လျော်ကြေးပေးပြီး ရန်ငြိုးများကို အပြတ်ရှင်းရန် ဆုံးဖြတ်လိုက်သည်။ ယန်ဝမ်ကျန်း ဖော်ပြချက်အရ ထိုမိန်းကလေး (ရုပ်သေး) ပေါ်လာပုံမှာ သူကဲ့သို့ မဟာယာနအဆင့် ကျင့်ကြံသူပင် မလုပ်နိုင်သော အရာဖြစ်သည်။

အကယ်၍ တစ်ဖက်လူက လျူမိသားစုထံ လာရောက်ပါက ဂေါင်မိသားစုကဲ့သို့ ကံကြမ္မာမျိုး ကြုံရ မည်ကို သူ စိုးရိမ်နေသည်။ ထို့ကြောင့် လျူဘန်ရှန်းသည် ဆိုင်ရှိရာသို့ ချက်ခြင်း ထွက်ခွာလာခဲ့သည်။

ဆိုင်သို့ ပြန်ရောက်နေသော လင်းဖန်သည် ထဲကျူး၏ ဒဏ်ရာများကို စစ်ဆေးပြီးနောက် အသက် အန္တရာယ် မရှိတော့ကြောင်း အတည်ပြုကာ စိတ်အေးလက်အေးဖြင့် အိပ်ခန်းသို့ ပြန်လာခဲ့သည်။ သူ သည် ထဲကျူး၏ ဒန်တျန်ကို ပြန်လည်ကုသပေးနိုင်မည့် ပဉ္စမအဆင့် ဆေးလုံးများ သန့်စင်ရန်အတွက် မနက်ဖြန်တွင် ဆေးဘက်ဝင်အပင်များ သွားဝယ်ရန် စီစဉ်ထားသည်။

လင်းဖန် အိပ်ခန်းသို့ရောက်၍ အနားယူရန် ပြင်စဉ်တွင်ပင် ဟင်းလင်းပြင်ထဲမှ အက်ကြောင်းတစ်ခု ပေါ် လာပြီး အစောင့်အရှောက်ရုပ်သေး တစ်ရုပ် ထွက်ပေါ်လာသည်။ ချောမောလှပသော အစောင့် အရှောက်ရုပ်သေးကို ကြည့်ပြီး လင်းဖန် ကြောင်သွားကာ စနစ်ကို ချက်ခြင်း မေးခွန်းထုတ်လိုက်သည်။

"မင်းကတော့လေ တကယ်ပဲ…. ငါ့ဆီက စိတ်ဝိညာဉ်ကျောက်တုံးတွေ ရဖို့ဆိုရင် ဘာမဆို လုပ်တော့မှာ လား…။"

"မင်းက ဒီရုပ်သေးကို အိပ်ရာနွေးအောင် လုပ်ခိုင်းဖို့ လွှတ်လိုက်တာလား… ငါ ပြောထားမယ်နော်... ငါက အဲ့ဒီလို လူစားမျိုး မဟုတ်ဘူး…။"

All Chapters