← Chapters

အခန်း ၈၄

Vol. 9 Ch. 84

အခန်း ၈၄

Vol. 9 Ch. 84

အခန်း (၈၄) ဂျူနီယာညီမလေး မင်းကို ရတနာအကြီးကြီးတစ်ခု ပြစရာရှိတယ်

ချက်ချင်းပင် လင်းဖန်သည် ဈေးကွက်ဧရိယာကို စတင်စစ်ဆေးတော့သည်။ မကြာမီမှာပင် လင်းဖန် သည် ဈေးကွက်ထဲ၌ မက်မွန်ပင်တစ်ပင်ကို အမှန်တကယ်ပင် ရှာတွေ့သွားခဲ့လေသည်။

ထိုမက်မွန်ပင်မှာ လူတစ်ရပ်ခန့် မြင့်ပြီး အဖြူရောင်နှင့် အနီရောင်သန်းနေသော မက်မွန်သီးနှစ်လုံး တွဲလောင်းကျနေကာ အလွန်စားချင်စဖွယ် ကောင်းလှသည်။ မက်မွန်ပင်နှင့် အသီး၏ အရည်အသွေးကို ခဏတာ အကဲခတ်ပြီးနောက် လင်းဖန်သည် အကြည့်ကို လွှဲလိုက်သည်။ ညဉ့်နက်သန်းခေါင် ဖြစ်နေပြီ ဖြစ်ရာ ကြာကြာကြည့်နေပါက ဗိုက်ဆာလာနိုင်ပြီး ဗိုက်ဆာလျှင် ယနေ့ည အိပ်ပျော်ရန် ခက်ခဲသွားလိမ့် မည်မဟုတ်ပါလား…။

မကြာမီမှာပင် လီလဲ့ယန်သည် လက်ထဲတွင် အဆောင်ရင်စီးကို ကိုင်ကာ လင်းဖန်အနားသို့ အပြေး အလွှားလေးဖြင့် ရောက်လာသည်။

"စီနီယာအစ်ကိုလင်း... ရော့။ ဒါကို မကြာခင် မှော်ရတနာအဖြစ် ပြန်သန့်စင်လို့ ပြီးမှာ မဟုတ်လား….။"

လီလဲ့ယန်၏ လက်ရှိအခြေအနေကို မြင်လိုက်ရသောအခါ လင်းဖန်မှာ ခဏတာ မိန်းမောသွား သော်လည်း ချက်ချင်းပင် စိတ်ကို ပြန်ထိန်းလိုက်ရသည်။

"အဟမ်း... ဂျူနီယာညီမလေး လဲ့ယန် အဆောင်တစ်ခုကို မှော်ရတနာအဖြစ် အဆင့်မြှင့်ဖို့ဆိုတာ အဲလောက်မလွယ်ဘူးကွ ခဏတော့ စောင့်ရလိမ့်မယ်…."

"ညီမလေး... မလောဘူးဆိုရင် ဟိုးဘက်မှာ ခဏသွားနားနေလိုက်လေ….။"

လိမ်ညာပြီး ပြောလိုက်ပြီးနောက် လင်းဖန်သည် လီလဲ့ယန်၏ မျက်နှာကို စိုက်ကြည့်နေမိသည်။ သူ၏ အတွေးများကို သူမရိပ်မိသွားမှာ စိုးရိမ်နေမိခြင်းဖြစ်သည်။ သို့သော် လီလဲ့ယန်မှာ တခါတရံ အလွန်ပင် ရိုးအလွန်းလှသဖြင့် လင်းဖန်၏ စကားကို အပြည့်အဝ ယုံကြည်သွားလေသည်။

"ကျွန်မ မလောပါဘူး။ အခုလည်း အရမ်းညနက်နေပြီဆိုတော့ ဒီည ဒီဈေးကွက်ထဲမှာပဲ နားလိုက် တော့မယ်…။"

"ဒီနေရာက ပတ်ဝန်းကျင်က အင်မော်တယ်တိမ်တိုက်ဂိုဏ်း ထဲက ကျွန်မရဲ့ ကျင့်ကြံခြင်းဂူထက် အများကြီး ပိုသာယာတယ်…။"

ထိုစကားကို ကြားသောအခါ လင်းဖန်က မျက်ခုံးတစ်ချက် ပင့်လိုက်ရင်း ချက်ချင်း ထောက်ခံလိုက် သည်။

"ဟုတ်တာပေါ့ အဲဒါ အမှန်ပဲ။ ငါလည်း ဒီမှာပဲ ခဏခဏ လာအိပ်တာ။ ဒီညလည်း မင်း သတင်းမပို့ခင်က အိပ်ဖို့ ပြင်နေတာ အခုတော့ အဖော်ရတာပေါ့….။"

စကားပြောနေရင်းပင် လင်းဖန်သည် ထုတ်လုပ်ရေးအဖွဲ့ဆေးမီးဖို ကို ဆင့်ခေါ်လိုက်ပြီး ရင်စီးအဆောင် နှင့် သန့်စင်ရေး ပစ္စည်းအချို့ကို ထည့်လိုက်သည်။

"အော်... ဒါနဲ့ ဂျူနီယာညီမလေး လဲ့ယန် မင်း စောစောက အလောတကြီး ထွက်သွားလို့ အပိုအဝတ် အစား (ရင်စီး) ယူသွားဖို့ မေ့ကျန်ခဲ့တယ်လေ…"

ပြောပြောဆိုဆိုဖြင့် လင်းဖန်သည် စောစောက ထုတ်ပေးရန် အချိန်မရလိုက်သော ရင်စီးကို လီလဲ့ယန်ထံ ကမ်းပေးလိုက်သည်။ သို့သော် လီလဲ့ယန်က တစ်ချက်ကြည့်ရုံသာ ကြည့်ပြီး လက်မခံခဲ့ပေ။

"ရပါတယ်ရှင်၊ ကျွန်မလည်း အနားယူတော့မှာဆိုတော့ အဲဒါတွေ မဝတ်ထားလည်း ဖြစ်ပါတယ်။ စီနီယာ အစ်ကို မှော်ရတနာ သန့်စင်လို့ ပြီးမှပဲ ဝတ်လိုက်တော့မယ်…။"

တစ်ဖက်လူက မဝတ်ချင်မှတော့ လင်းဖန်လည်း ဘာမှ ထပ်မပြောတော့ဘဲ ရင်စီးကို သိမ်းလိုက်ပြီး နောက် စကားလမ်းကြောင်း လွှဲလိုက်သည်။

"မှော်ရတနာ အဆင့်မြှင့်ဖို့က အချိန်နည်းနည်း ကြာဦးမယ်။ အားနေတာဆိုတော့ မင်းကို အဆင့်မြင့် မှော်ရတနာတစ်ခု ပြရမလား…"

လင်းဖန်၏ စကားကြောင့် လီလဲ့ယန်၏ မျက်လုံးများ တောက်ပသွားသည်။

"အဆင့်မြင့်မှော်ရတနာဟုတ်လား… ဘယ်လိုရတနာမျိုးလဲဟင်… စီနီယာအစ်ကို ဆေးလုံးအသစ်တွေ ထပ် သန့်စင် ထားလို့လား…"

လီလဲ့ယန်၏ ခန့်မှန်းချက်ကို လင်းဖန်က ပြုံး၍ ခေါင်းခါပြလိုက်သည်။

"ရှားပါးဆေးလုံးတွေ အများကြီး သန့်စင်ထားတာတော့ အမှန်ပဲ ဒါပေမဲ့ အဲဒီဆေးလုံးတွေက မင်း အတွက် သိပ်မသင့်တော်သေးဘူး။ ငါ ပြချင်တာက ဒါပဲ…။"

ပြောပြောဆိုဆိုဖြင့် လင်းဖန်သည် စနစ်ဟင်းလင်းပြင်ထဲမှ အဖြူရောင်ဓားသွား တစ်လက်ကို ထုတ်ယူ လိုက်သည်။ ပစ္စည်းရှားပါးမှုနှင့် အခြားအခက်အခဲများကြောင့် ဤအဖြူရောင်ဓားသွားမှာ လင်းဖန်၌ ရှိသမျှထဲတွင် တစ်လက်တည်းသော အဆင့် (၃) မှော်ရတနာဖြစ်ပြီး အခြေတည်စိတ်ဝိညာဉ် အဆင့် ကျင့်ကြံသူကိုပင် ယှဉ်နိုင်စွမ်းရှိလေသည်။

ဓားသွား၏ အဆင်းသဏ္ဌာန်မှာ အလွန်ပင် ကျော့ရှင်းလှသဖြင့် လီလဲ့ယန်က မြင်မြင်ချင်းပင် သဘောကျ သွားတော့သည်။

"ဝါး... ဒီပျံသန်းဓားက အရမ်းလှတာပဲ။ ဒါက မှော်ရတနာလား… နှမြောစရာပဲ ကျွန်မက ရွှေအမြုတေ အဆင့်ကို မရောက်သေးတော့ ဒါကို အသုံးမပြုနိုင်သေးဘူး….။"

လီလဲ့ယန်က ကိုယ်တိုင် မစမ်းသပ်နိုင်သဖြင့် စိတ်ပျက်နေစဉ်မှာပင် လင်းဖန်က သူမကို အံ့အားသင့် စေမည့် စကားကို ပြောလိုက်သည်။

"ဟဲဟဲ... ရွှေအမြုတေအဆင့်ရောက်မှ သုံးလို့ရတာဆိုရင် ဒါက သာမန်မှော်ရတနာပဲ ဖြစ်မှာပေါ့ အဆင့်မြင့်မှော်ရတနာ လို့ ခေါ်နိုင်ပါဦးမလား…"

"ဒီအဖြူရောင်ဓားသွားကို ရွှေအမြုတေအဆင့် မရောက်သေးရင်တောင် သုံးလို့ရတယ်ကွ…."

ထိုစကားကို ကြားသည်နှင့် လီလဲ့ယန်၏ မျက်နှာတွင် အံ့ဩဝမ်းသာသော အရိပ်အယောင်များ ချက်ချင်း ပေါ်လာသည်။

"တကယ်လား… ကျွန်မ စမ်းကြည့်မယ်နော်…"

ချက်ချင်းပင် သူမသည် လင်းဖန်ထံမှ ဓားကိုယူကာ စိတ်ဝိညာဉ်စွမ်းအားများကို ထည့်သွင်းလိုက်သည်။ မိမိနှင့် ဓားကြားတွင် ဆက်နွှယ်မှု ရှိသွားပြီဟု ခံစားလိုက်ရသည်နှင့် လီလဲ့ယန်သည် ဓားကို ပျံသန်းခိုင်း ကြည့်ရန် မအောင့်နိုင်တော့ပေ။

တစ်ဖက်လူ ပျော်ရွှင်နေသည်ကို ကြည့်ပြီး လင်းဖန်က နောက်ထပ် လက်ဆောင်အကြီးကြီးတစ်ခု ထပ်ပေးလိုက်ပြန်သည်။

"ဂျူနီယာညီမလေး လဲ့ယန်... ပစ္စည်းရှားပါးလို့ ငါ ဒီအဆင့် (၃) အဖြူရောင်ဓားသွားကို တစ်လက်ပဲ သန့်စင်နိုင်ခဲ့တာ။ ဒါကို မင်း ရွှေအမြုတေအဆင့်ကို တက်လှမ်းနိုင်တော့မယ့် အထိမ်းအမှတ် လက်ဆောင်အဖြစ် ငါ ပေးလိုက်မယ်…"

"တကယ်လား… စီနီယာအစ်ကိုလင်းက အရမ်းကြင်နာတာပဲ။ ကျေးဇူးအများကြီးတင်ပါတယ်ရှင်…"

လင်းဖန်က ဓားကို လက်ဆောင်ပေးလိုက်သည်ဟု ကြားလျှင် လီလဲ့ယန်မှာ ပျော်လွန်းသဖြင့် ကခုန်နေ တော့သည်။ စိတ်လှုပ်ရှားလွန်းသဖြင့် သူမသည် လင်းဖန်ကို အားရပါးရ ပြေးဖက်လိုက်မိသည်။

ထိုအခိုက်အတန့်တွင် လင်းဖန်သည် နီးကပ်သော ထိတွေ့မှုကြောင့် ခန္ဓာကိုယ်တစ်ခုလုံး ထူးဆန်းသော ခံစားချက်တစ်ခု ပျံ့နှံ့သွားသလို ခံစားလိုက်ရသည်။ ကံကောင်းထောက်မစွာဖြင့် လီလဲ့ယန်မှာ အနည်း ငယ် ရှက်သွေးဖြာသွားကာ ချက်ချင်း ပြန်ခွာလိုက်သည်။

"ဆောရီးပါ စီနီယာအစ်ကို... ကျွန်မ အရမ်းစိတ်လှုပ်ရှားသွားလို့။ ကျွန်မ တိုက်မိတာ နာသွားလားဟင်"

"အဟမ်း... ရပါတယ်။ ငါ့ခန္ဓာကိုယ်က သန်မာပါတယ်၊ ဒီလောက် တိုက်မိတာက ဘာမှမဖြစ်ပါဘူး…။"

လင်းဖန် ဘာမှမဖြစ်သည်ကို မြင်မှ လီလဲ့ယန်သည် သူမရရှိထားသော ဓားအသစ်ဖြင့် ဆက်လက် လေ့ကျင့်နေတော့သည်။

[ဟား... အဆင့် (၃) မှော်ရတနာဆိုတာ စိတ်ဝိညာဉ်ကျောက်တုံး ဘယ်လောက်တောင် ရောင်းလို့ရလဲ သိလား။ အဲဒါကို ဒီအတိုင်း အလကားပေးလိုက်တယ်ပေါ့…ပိုင်ရှင်က ငါ့အပေါ်မှာကျတော့ ဘယ်တုန်း က အဲဒီလို ရက်ရောဖူးလို့လဲ ငါ့ကိုလည်း ကျောက်တုံးလေးတွေ ပေးဦးလေ..]

စနစ်၏ စကားသံက အတွေးထဲတွင် ပေါ်လာသည်။ လေသံထဲတွင် မနာလိုဖြစ်နေသည့် အရိပ်အယောင် များပင် ပါနေသေးသည်။ လင်းဖန်က စနစ်၏ စကားကို အဖက်မလုပ်ဘဲ ပြုံးလိုက်သည်။

"မင်းက ဘာမှနားမလည်ပါဘူး။ ဒီနေ့ ငါ ဒီအဆင့် (၃) အဖြူရောင်ဓားသွားကို ပေးလိုက်တာက နောင်တစ်ချိန်မှာ ပိုကြီးမားတဲ့ အကျိုးအမြတ်တွေ ရလာဖို့အတွက်ပဲ…။"

"မင်း ရင်းနှီးမြှုပ်နှံမှုနဲ့ အကျိုးအမြတ်အကြောင်း နားလည်လား…။ လူမှုဆက်ဆံရေးဆိုတာကိုကော သိရဲ့လား… ဒါတွေတောင် မသိဘဲနဲ့ မင်းကိုယ်မင်း ကုန်သည်စနစ် လို့ ခေါ်နေသေးတယ်လား…။"

[? ? ? ?]

စနစ်က ကြောင်တောင်တောင် ဖြစ်သွားသဖြင့် လင်းဖန်က စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။

"ဂျူနီယာညီမလေး လဲ့ယန်က အခု ဘယ်မှာရှိနေတာလဲ.. အဲဒါ ကျုံးကျိုးက အဆင့် (၉) ဂိုဏ်းကြီးလေ၊ အဲဒီမှာ စိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့ ပစ္စည်းတွေက ပေါမှပေါ…။"

"ဂျူနီယာညီမလေး လဲ့ယန်က ဒီအဖြူရောင်ဓားသွားကို အင်မော်တယ်တိမ်တိုက်ဂိုဏ်းထဲမှာ ကိုင်ပြ လိုက်တာနဲ့ အားလုံးက သတိထားမိကြမှာပဲ…။"

"ဒီမှော်ပစ္စည်းကို ငါလုပ်တယ်ဆိုတာ သိသွားရင် သူတို့တွေ ငါ့ဆီလာပြီး မဝယ်ကြပေဘူးလား… အဲဒီ ကနေရမယ့် အမြတ်က ဒီအဆင့် (၃) မှော်ပစ္စည်း တစ်လက်တည်းထက် အများကြီး ပိုများမှာပေါ့….။"

[၆၆၆ ပါပဲ (တကယ်တော်တယ်)... ပိုင်ရှင် ဒီမိန်းကလေးကို စွဲလန်းသွားလို့ ပိုင်ရှင်ဆီမှာရှိတဲ့ တစ်လက် တည်းသော ဓားကို ပေးလိုက်တယ်လို့ ထင်နေတာ]

လင်းဖန်က ပြန်မဖြေဘဲ ခပ်ပြုံးပြုံးသာ နေလိုက်သည်။ ထို့နောက် ဓားကို စမ်းသပ်နေသော လီလဲ့ယန်ကို ဓား၏ အစွမ်းများအကြောင်း ဆက်လက် ရှင်းပြလေသည်။

"ဂျူနီယာညီမလေး လဲ့ယန်... ဒီအဖြူရောင်ဓားသွားရဲ့ ထူးခြားချက်က ရွှေအမြုတေအဆင့်အောက် ကျင့်ကြံသူတွေ သုံးလို့ရတာ တစ်ခုတည်း မဟုတ်ဘူးနော်"

လင်းဖန်၏ စကားကြောင့် လီလဲ့ယန်မှာ စိတ်ဝင်တစားဖြင့် ဓားဖြင့် ကစားနေသည်ကို ရပ်ကာ လင်းဖန် အနားသို့ တိုးလာခဲ့သည်။

"ဒီဓားကို အဖြူရောင်ဓားသွား လို့ ခေါ်ရတဲ့ အကြောင်းရင်းကတော့ သူ့မှာ (၁၀၀%) ဓားသွားကို လက်ဗလာနဲ့ ဖမ်းစုပ်စေနိုင်တဲ့ အစွမ်း ရှိလို့ပဲ…။"

"မင်း ဒီဓားနဲ့ တစ်ဖက်လူကို ခုတ်လိုက်တာနဲ့ အဲဒီလူက မင်းရှေ့မှာ ချက်ချင်း ဒူးထောက်ကျလာပြီး ဓားသွားကို လက်နှစ်ဖက်နဲ့ အသာတကြည် ဖမ်းပေးရလိမ့်မယ်။ ဒီအဆင့် (၃) ဓားက နတ်ဘုရားအသွင် ပြောင်းခြင်းအဆင့် ကျင့်ကြံသူတွေအပေါ်မှာတောင် အကျိုးသက်ရောက်မှု ရှိတယ်….။"

လင်းဖန်၏ ရှင်းပြချက်ကို နားထောင်ပြီး လီလဲ့ယန်၏ မျက်လုံးများ တောက်ပလာကာ လင်းဖန်ကို အကြည့်တစ်မျိုးဖြင့် ကြည့်လိုက်သည်။

"တကယ်ပဲ အဲဒီလောက် အစွမ်းထက်တာလားဟင်….။"

တစ်ဖက်လူ၏ မဟုတ်မဟတ် ကြံစည်ချင်သည့် အကြည့်ကို မြင်သောအခါ လင်းဖန်က အမြန်တား လိုက်ရသည်။

"အဟမ်း... တကယ်ပေါ့… ဒါပေမဲ့ ငါ့ကိုတော့ လာမစမ်းနဲ့ဦး။ ဂိုဏ်းကို ပြန်ရောက်မှ တခြားလူတွေကို စမ်းကြည့်လိုက်…။"

"အော်... ဟုတ်ကဲ့ပါ ဒါဆို ပြန်ရောက်မှပဲ စမ်းတော့မယ်…။"

ပြောပြီးသည်နှင့် လီလဲ့ယန်က ဓားကို သူမ၏ သိုလှောင်အိတ်ထဲသို့ ထည့်လိုက်လေသည်။

လီလဲ့ယန်က သိုလှောင်အိတ်ကိုသာ သုံးနေရသေးသည်ကို မြင်သောအခါ လင်းဖန်သည် သိုလှောင် လက်စွပ်များကို သန့်စင်ပေးရန် စဉ်းစားလိုက်မိသည်။ သို့သော် သိုလှောင်လက်စွပ် သွန်းလုပ်ရန် ပစ္စည်းများမှာ ရရန်မလွယ်ကူပေ။

စနစ်ဆိုင်ထဲတွင် ထိုပစ္စည်းများ ရှိသော်လည်း ဈေးနှုန်းမှာ အလွန်ကြီးလှသဖြင့် လင်းဖန်က ပိုက်ဆံ မသုံး ချင်သေးပေ။ သေချာစဉ်းစားကြည့်လျှင် လင်းဖန်သည် ယခင်က သန့်စင်ခဲ့သော ဆေးလုံးများနှင့် မှော်ရတနာများအတွက် ကုန်ကြမ်းပစ္စည်းများကို ဝယ်ယူခဲ့ဘူးသည်မှာ အလွန်ရှားလှပေသည်။

All Chapters