← Chapters

အခန်း ၈၅

Vol. 9 Ch. 85

အခန်း ၈၅

Vol. 9 Ch. 85

အခန်း (၈၅) အင်မော်တယ်ချုပ်နှောင်ကြိုးက ထိန်းမရသိမ်းမရ ဖြစ်သွားတာလား

ကုန်ကြမ်းအများစုမှာ လီယွမ်ဖေးနှင့် အခြားသူများဆီမှ လက်ဆောင်ရထားသည့် ပစ္စည်းများဖြစ်ပြီး ကျန်ရှိသည်မှာ သွေးမိစ္ဆာဂိုဏ်းကို တိုက်ခိုက်မှုများအတွင်း သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုပစ္စည်းအများစုမှာ သုံးစွဲပြီးသွားပြီဖြစ်သဖြင့် ကုန်ကြမ်းအသစ်များ မည်သို့ရယူရမည်ကို လင်းဖန် စဉ်းစားရတော့မည်။

အင်မော်တယ်တိမ်တိုက်ဂိုဏ်းသည် အင်အားကြီးမားသော ဂိုဏ်းကြီးဖြစ်သဖြင့် ၎င်းတို့ထံတွင် ကုန်ကြမ်းပစ္စည်းများ ပေါများလှပေလိမ့်မည်။ ထိုအချက်ကို တွေးမိရင်း လင်းဖန်သည် နောင်တွင် အင်မော်တယ်တိမ်တိုက်ဂိုဏ်းနှင့် အရောင်းအဝယ်ပြုလုပ်ရန် လမ်းစဖော်သည့်အနေဖြင့် လီလဲ့ယန်အား မှော်ရတနာများကို ဆက်လက်ပြသရန် ဆုံးဖြတ်လိုက်သည်။

"ဂျူနီယာညီမလေး လဲ့ယန်... ငါ့ဆီမှာ နောက်ထပ် ရတနာတစ်ခု ရှိသေးတယ် ပြမယ်နော်…."

ပြောပြီးသည်နှင့် လင်းဖန်သည် စနစ်ဟင်းလင်းပြင်ထဲမှ နောက်ထပ် အဆင့် (၃) မှော်ရတနာတစ်ခု ဖြစ် သည့် အင်မော်တယ်ချုပ်နှောင်ကြိုး ကို ထုတ်ယူလိုက်သည်။ ထိုကြိုးကို မြင်သည်နှင့် လီလဲ့ယန်က ချက်ချင်း မှတ်မိသွားသည်။

"ဟယ်... ဒါက အင်မော်တယ်ချုပ်နှောင်ကြိုးပဲ။ စီနီယာအစ်ကိုလင်းက တကယ့်ကို ထူးချွန်တာပဲ အစ်ကိုလင်း လုပ်ထားတဲ့ကြိုးက စီနီယာအစ်ကိုချီကိုင် တဲ့ကြိုးထက် အများကြီး ပိုလှတယ်….။"

လီလဲ့ယန်၏ စကားကြောင့် လင်းဖန်မှာ ဆွံ့အသွားရသည်။ ဓားပျံက လှတာကတော့ ဟုတ်ပါပြီ ဒါပေမဲ့ ဒီအင်မော်တယ်ချုပ်နှောင်ကြိုးကတော့... ကြည့်ရတာ စီနီယာအစ်ကိုချီရဲ့ မှော်ရတနာအဆင့် ကြိုးနဲ့ ဘာမှမထူးခြားပါဘူး။ ဘယ်နေရာကများ လှနေလို့ပါလဲ။ သို့သော် တစ်ဖက်လူက မြှောက်ပင့်ပေးထား သဖြင့် လင်းဖန်လည်း ပြန်လည်ချီးကျူးလိုက်ရသည်။

"ဂျူနီယာညီမလေး လဲ့ယန်က အမြင်စူးရှတာပဲ။ ဒီအင်မော်တယ်ချုပ်နှောင်ကြိုးကလည်း အဆင့် (၃) မှော်ရတနာပဲ။ သူက အခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတွေကိုတောင် ချည်နှောင်ထားနိုင် တယ်….။"

ပြောပြောဆိုဆိုဖြင့် လင်းဖန်သည် အင်မော်တယ်ချုပ်နှောင်ကြိုးကို လီလဲ့ယန်ထံ လှမ်း၍ ကမ်းပေး လိုက်သည်။

လီလဲ့ယန်သည် ကြိုးကို ဝမ်းသာအားရ လက်ခံလိုက်သည်။ သူမက ကြိုးကို လေ့လာရန် စိတ်ဝိညာဉ် စွမ်းအား ကို ထည့်သွင်းလိုက်ရုံရှိသေးသည် မမျှော်လင့်ထားသော ဖြစ်ရပ်တစ်ခု ဖြစ်ပွားတော့သည်။ လက်ထဲရှိ အင်မော်တယ်ချုပ်နှောင်ကြိုးမှာ ရုတ်တရက် အပြင်သို့ ပျံထွက်သွားပြီး သူမဘေးရှိ လင်းဖန် ကို သွားရောက်ချည်နှောင်လိုက်လေတော့သည်။

နှစ်ယောက်သား နီးကပ်စွာရပ်နေခြင်းဖြစ်သဖြင့် လင်းဖန်မှာ မရှောင်နိုင်လိုက်ဘဲ ကြိုးဖြင့် ချက်ချင်း အတုပ် ခံလိုက်ရသည်။ ကြိုးနှင့် အချည်ခံရပြီးနောက်မှ လင်းဖန်သည် ဤကြိုး၏ ဘေးထွက်ဆိုးကျိုးကို သတိရသွားတော့သည်။

အင်မော်တယ်ချုပ်နှောင်ကြိုး (မြည်းတံဆိပ်): အဆင့် (၃) မှော်ရတနာ

ဘေးထွက်ဆိုးကျိုး: အနီးအနားတွင် မိမိနှစ်သက်သော ဆန့်ကျင်ဘက်လိင်တစ်ဦး ရှိနေပါက ထိုသူကို ပစ်မှတ်အဖြစ် အလိုအလျောက် သတ်မှတ်ပြီး ချည်နှောင်လိမ့်မည်။

ဤသည်က ဘေးထွက်ဆိုးကျိုးကြောင့် ဖြစ်မှန်း သိသွားပြီးနောက် လင်းဖန်က လီလဲ့ယန်ကို အားကိုး ရာမဲ့စွာ ကြည့်လိုက်သည်။

"ဂျူနီယာညီမလေး လဲ့ယန်... ဒီအင်မော်တယ်ချုပ်နှောင်ကြိုးကို ငါမရှိတဲ့ အချိန်ကျမှ သုံးသင့်တယ်နော်"

လင်းဖန် ကြိုးနှင့် အတုပ်ခံလိုက်ရသဖြင့် ကြောင်အမ်းအမ်း ဖြစ်နေသော လီလဲ့ယန်သည် လင်းဖန်၏ စကားကြောင့် သတိပြန်ဝင်လာခဲ့သည်။

"အာ... ဟုတ်ကဲ့ ကျွန်မ နားလည်ပါပြီ။ အခုချက်ချင်း ပြန်သိမ်းလိုက်မယ်နော်….။"

ပြောပြီးသည်နှင့် သူမက ကြိုးကို ပြန်ဖြည်ရန် စိတ်ဝိညာဉ်စွမ်းအားကို သုံးလိုက်သည်။ သို့သော် ကြိုးက ပြေမသွားသည့်အပြင် ပို၍ပင် ရှည်ထွက်လာကာ သူမကိုပါ ပတ်ချည်လိုက်တော့သည်။

"အို... စီနီယာအစ်ကိုလင်း ဘာဖြစ်သွားတာလဲဟင်…..။"

လီလဲ့ယန်၏ အာမေဍိတ်သံနှင့်အတူ ကြိုးမှာ သူမကိုပါ ပတ်ကာ လင်းဖန်ရှိရာသို့ ဆွဲခေါ်သွားပြီး ၎င်းတို့ နှစ်ဦးကို တင်းတင်းကျပ်ကျပ် ပူးကပ်ချည်နှောင်လိုက်လေတော့သည်။

ဤအကွက်ကတော့ လင်းဖန်၏ စိတ်ထဲတွင် "တကယ့်ကို လန်းတယ်ဟေ့" ဟု အော်မိလိုက်စေသည်။

လီလဲ့ယန်၏ သံသယရှိသော အကြည့်ကို မြင်သောအခါ သူမက တမင်တကာ လုပ်ခြင်းမဟုတ် နိုင်ကြောင်း လင်းဖန် နားလည်လိုက်သည်။ ခဏတာ တုံ့ဆိုင်းသွားပြီးနောက် သူ ရှင်းပြလိုက်သည်။

"ဂျူနီယာညီမလေး လဲ့ယန်... ဒီအင်မော်တယ်ချုပ်နှောင်ကြိုးက အစွမ်းထက်ပေမဲ့ ဘေးထွက်ဆိုးကျိုး လေးတော့ ရှိတယ် အဲဒါကတော့ အနီးအနားမှာ ခင်မင်မှု ရှိတဲ့သူတွေကို အလိုအလျောက် ချည်နှောင် လိုက်တာပဲ…"

ပိုပြီး အရှက်မရစေရန် လင်းဖန်သည် "နှစ်သက်သည်" ဟူသော စကားလုံးအစား "ခင်မင်မှုရှိသည်" ဟူ သော စကားလုံးဖြင့် အစားထိုးလိုက်ရာ ရှင်းပြရသည်မှာ ပို၍ လွယ်ကူသွားသည်။ တစ်စုံတစ်ဦး အပေါ် ခင်မင်မှုရှိခြင်းက ဘာမှထူးခြားမှုမရှိသော်လည်း "နှစ်သက်သည်" ဟူသော စကားမှာ သိသာလွန်းလှ သည်။

လင်းဖန်၏ ရှင်းပြချက်ကို ကြားသောအခါ လီလဲ့ယန်၏ မျက်နှာလေး အနည်းငယ် နီမြန်းသွားသည်။ သူမနှင့် ကပ်လျက် အချည်ခံထားရသော လင်းဖန်မှာ အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရ သည်။ သူမ၏ အမူအရာကိုသာမက လင်းဖန် ခေါင်းငုံ့ကြည့်လိုက်မည်ဆိုပါက...

အဟမ်း… လင်းဖန်၏ ဖြူစင်သော စနစ်ဟင်းလင်းပြင်ထဲတွင် ရင်စီးအဆောင်မှာ ထုတ်လုပ်ရေးအဖွဲ့ ဆေးမီးဖိုထဲတွင် ရှိနေဆဲဖြစ်ရာ...

"ဒီဆိုးကျိုးကနေ ဘယ်လို ပြန်ဖြေရမလဲဟင်… ဒီအတိုင်း ဘယ်လောက်ကြာကြာ နေရမှာလဲဟင်…။"

လီလဲ့ယန်၏ မေးခွန်းကြောင့် ငေးနေသော လင်းဖန် သတိပြန်ဝင်လာသည်။ ခဏ စဉ်းစားပြီးနောက် သူ ဖြေလိုက်သည်။

"မင်းမှာရှိတဲ့ စိတ်ဝိညာဉ်စွမ်းအားတွေ ကုန်သွားမှပဲ ဒီကြိုးက ပြေသွားလိမ့်မယ်…။"

"သိပ်တော့ မကြာလောက်ပါဘူး၊ မင်းက အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်မှာပဲ ရှိသေးတာ လေ။ စွမ်းအားတွေကို တမင်တကာ ထပ်မဖြည့်ဘူးဆိုရင် မှော်ရတနာကို ကြာကြာ ထိန်းထားနိုင်မှာ မဟုတ်ဘူး…။"

လင်းဖန်၏ စကားကို ကြားသောအခါ လီလဲ့ယန်က "အော်" ဟု ညည်းလိုက်ပြီးမှ တစ်ခုခုကို သတိရသွား သည်။

"အာ... ဒါဆို စိတ်ဝိညာဉ်စွမ်းအားက တောက်လျှောက် ပြန်ဖြည့်နေရင်ကော….။"

လီလဲ့ယန်၏ စကားကြောင့် လင်းဖန် ကြောင်သွားသည်။ ထို့နောက် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက် မိသည်။

*ဟုတ်သားပဲ... ဒါက ငါ့ရဲ့ ကိုယ်ပိုင်နယ်မြေ ဟင်းလင်းပြင်ဈေးကွက်လေ။ ဒီမှာက စိတ်ဝိညာဉ်ချီစွမ်း အား သိပ်သည်းမှုက အရမ်းမြင့်တာ။ ဘာမှမလုပ်ဘဲ ရပ်နေရင်တောင် ချီစွမ်းအားတွေက ခန္ဓာကိုယ်ထဲ ကို အလိုအလျောက် စီးဝင်နေမှာပဲ….။*

ပစ္စည်းတွေသုံးပြီး ကုန်ဆုံးသွားတဲ့ အရှိန်ထက် ပြန်ဖြည့်တဲ့ အရှိန်က ပိုမြန်နေသေးသည်ပင်။ ဒီအတိုင်း ဆိုရင်တော့ လီလဲ့ယန် စွမ်းအားကုန်ဖို့ အချိန်တော်တော် စောင့်ရဦးမည်။

"အင်း... ဒီဈေးကွက်ထဲမှာဆိုရင်တော့ အပြင်ကထက် ကုန်ဖို့ ပိုကြာနိုင်တယ် ဒါပေမဲ့ ကိစ္စမရှိပါဘူး။ နောက်ဆုံးတော့ ကုန်သွားမှာပါပဲ စိတ်ရှည်ရှည်နဲ့ စောင့်ကြတာပေါ့…။"

ထိုစကားကို ကြားသောအခါ လီလဲ့ယန်က ခေါင်းငြိမ့်လိုက်သည်။

"ဟုတ်ကဲ့... အဲဒီနည်းပဲ ရှိတာကိုး…"

နှစ်ယောက်သား အလွန်နီးကပ်စွာ ရပ်နေသဖြင့် လီလဲ့ယန် ခေါင်းငြိမ့်လိုက်သောအခါ သူမ၏ ဦးခေါင်း ​မှာ လင်းဖန်၏ ခေါင်းနှင့် မတော်တဆ ထိမိသွားလေသည်။

ကျန်ရှိနေသော အချိန်များတွင် နှစ်ဦးစလုံး စကားမပြောဖြစ်ကြတော့ပေ။ တိတ်ဆိတ်နေစဉ်မှာပင် လင်းဖန်၏ စနစ်က တစ်ခုခု ပြောရန် ပြင်လိုက်သည်။

[ပိုင်ရှင်... ဘာလို့ ဒီလောက်တောင် ထုံအတာလဲ… ဒါက ဖြေရှင်းရတာ အရမ်းလွယ်တဲ့ ကိစ္စပဲလေ… ပိုင်ရှင်က ဒီဈေးကွက်ရဲ့ သခင်ပဲ ပိုင်ရှင်အနေနဲ့...]

"ပါးစပ်ပိတ်ထား၊ သူများကိစ္စထဲ ဝင်မပါနဲ့လို့ ငါ ပြောထားတယ်နော်…။"

စနစ်၏ စကားမဆုံးခင်မှာပင် လင်းဖန်က ဖြတ်ဟောက်လိုက်သည်။

[ငါက မင်း ဒဏ်ရာရမှာစိုးလို့ သတိပေးမလို့ဟာကို အခု ဘာမှ ပြောခွင့်မပေးတော့ဘူး။ ဒါ့အပြင် ဒီအင်မော်တယ်ချုပ်နှောင်ကြိုးမှာ အသုံးပြုသူကိုပါ ချည်တဲ့ ဆိုးကျိုး မရှိပါဘူး။ သူမက တမင် တကာ...]

စနစ် စကားမဆုံးသေးမီမှာပင် လင်းဖန်သည် စနစ်၏ အသံကို ပိတ် လိုက်တော့သည်။

ထို့ကြောင့် ဟင်းလင်းပြင်ဈေးကွက်ကြီး တစ်ခုလုံး လုံးဝ တိတ်ဆိတ်သွားတော့သည်။ လင်းဖန်နှင့် လီလဲ့ယန်မှာ မတ်တပ်ရပ်ရသည်မှာ ပင်ပန်းလာပုံရသဖြင့် နေရာမှာတင် လှဲချလိုက်ကြသည်။ မကြာမီ မှာပင် နှစ်ယောက်သား အိပ်ပျော်သွားကြတော့သည်။

နောက်တစ်နေ့ မနက်တွင် လင်းဖန် အပျင်းကြောဆန့်ရင်း နိုးလာသည်။ လင်းဖန် နိုးလာချိန်တွင် အင်မော်တယ်ချုပ်နှောင်ကြိုးမှာ စိတ်ဝိညာဉ်စွမ်းအားများ ကုန်ဆုံးသွားသဖြင့် အလိုအလျောက် ပြေလျော့နေသည်ကို တွေ့ရသည်။ သို့သော် လီလဲ့ယန်မှာမူ လင်းဖန်ကို ခေါင်းအုံးသဖွယ် တင်းတင်း ကျပ်ကျပ် ဖက်ထားနေဆဲပင်။

လင်းဖန်၏ လှုပ်ရှားမှုကြောင့် လီလဲ့ယန်သည် အိပ်ချင်မူးတူးဖြင့် မျက်လုံးဖွင့်လာသည်။ အခြေအနေကို မြင်သည်နှင့် လီလဲ့ယန်သည် လင်းဖန်ထံမှ ချက်ချင်း ခွာလိုက်သည်။ ခဏတာ တိတ်ဆိတ်သွားပြီးနောက် လင်းဖန်က စတင် စကားပြောလိုက်သည်။

"အဟမ်း... ဂျူနီယာညီမလေး လဲ့ယန် မင်းရဲ့ ရင်စီးမှော်ရတနာက အခုဆို သန့်စင်လို့ ပြီးလောက်ပြီ သွားဝတ်လိုက်တော့လေ….။"

ပြောပြီးနောက် လင်းဖန်သည် ထုတ်လုပ်ရေးအဖွဲ့ဆေးမီးဖိုထဲမှ အဆင့် (၂) မှော်ရတနာ ရင်စီးကို ထုတ် ပေးလိုက်သည်။ ကုန်ကြမ်းရှားပါးသဖြင့် အဆင့် (၂) အထိသာ သွန်းလုပ်နိုင်သော်လည်း ယခင်ထက် အစွမ်းများစွာ ပိုကောင်းလာခဲ့ပြီ ဖြစ်သည်။

လီလဲ့ယန်က လင်းဖန်ထံမှ ရင်စီးကို ယူကာ "အင်း" ဟု တိုးတိုးလေး ညည်းရင်း အမြန်ထွက်သွားသည်။ မကြာမီတွင် သူမသည် ရင်စီးကို လဲလှယ်ပြီး လင်းဖန်အနားသို့ ပြန်ရောက်လာသည်။ သူမက လင်းဖန် ကို နှုတ်ဆက်ပြီးနောက် ထွက်ခွာသွားလေတော့သည်။

လင်းဖန်လည်း ဆက်နေရန် အကြောင်းမရှိသဖြင့် နောက်ဖေးရှိ မိမိ၏ အခန်းသို့ ချက်ချင်း ပြန်လာခဲ့ သည်။ သူ နောက်ဖေးမှ ဆိုင်ထဲသို့ ဝင်လာသောအခါ ထဲကျူး ကဆိုင်တံခါးဖွင့်ပြီး အတွင်း၌ ထိုင်နေ သည်ကို တွေ့လိုက်ရသည်။

"ထဲကျူး... မင်း နေမကောင်းသေးဘူးလေ သွားနားဦး။ ဒီနေ့ ဆိုင်ကို ငါပဲ စောင့်လိုက်မယ်…။"

မျက်နှာ အနည်းငယ် ဖြူဖျော့နေသေးသော ထဲကျူးသည် လင်းဖန်၏ အသံကို ကြားလျှင် ချက်ချင်း လှည့်ကြည့်လာခဲ့သည်။

"ဆိုင်ရှင်... ရပါတယ် ကျွန်တော် အခု နေကောင်းနေပါပြီ….။"

ထဲကျူး၏ စကားကြောင့် လင်းဖန်လည်း ထပ်မတားတော့ပေ။

"ဒါဆိုလည်း ပြီးရော... မင်းရဲ့ ဒန်ထျန် အတွက်တော့ စိတ်မပူနဲ့ဦး….။"

"ငါ ဆေးဖက်ဝင်အပင်တွေ ရတာနဲ့ မင်းအတွက် ပြန်လည်မွေးဖွားခြင်းဆေးလုံး သန့်စင်ပေးမယ်။ အဲဒီ အခါကျရင် မင်းရဲ့ ဒန်ထျန်က ပြန်ကောင်းလာပြီး ကျင့်ကြံခြင်းကို ပြန်စနိုင်မှာပါ….။"

All Chapters