← Chapters

အခန်း ၈၇

Vol. 9 Ch. 87

အခန်း ၈၇

Vol. 9 Ch. 87

အခန်း (၈၇) ကောက်ရိုးဖိနပ်နဲ့ ချီစုဆောင်းခြင်းဆေးလုံး

မြို့တော်ရဲ့ လမ်းမများပေါ်တွင် မယုံနိုင်စရာကောင်းသော အရှိန်နှုန်းနဲ့ ပြေးလွှားနေသည်ကို သိလိုက် ရသော လုံခြုံရေးကင်းလှည့်အဖွဲ့များသည် ချက်ချင်းပင် လိုက်လံဖမ်းဆီးကြတော့သည်။ ကံဆိုးသည်က သူတို့ကိုယ်တိုင်သည်လည်း မြို့တော်၏ မပျံသန်းရ စည်းကမ်းကို လိုက်နာရသူများဖြစ်သောကြောင့် အရှိန်အဟုန်ပြင်းလှသော လင်းဖန်နဲ့ သူ၏အဖော်ကို မှီနိုင်ခဲ့ခြင်းမရှိပေ။

တခြားရွေးချယ်စရာမရှိတော့သည့်အဆုံးမှာတော့ သူတို့သည် လူအင်အားသုံးသော နည်းဗျူဟာကို ပြောင်းလဲလိုက်ပြီး မြို့တော်အတွင်းမှာရှိသော ကင်းလှည့်အဖွဲ့အသီးသီးကို ဆက်သွယ်ကာ ကြားဖြတ် ဖမ်းဆီးရန် အရေးပေါ် ညွှန်ကြားချက်ထုတ်လိုက်တော့သည်။

"အဖွဲ့ (၃) ... ရန်သူက မင်းတို့ဘက်ကို ဦးတည်နေတယ်။ အတားအဆီးတွေချပြီး ကြားဖြတ်ဖမ်းဖို့ ပြင်ဆင်ထားကြပါ….။"

"အဖွဲ့ (၃) က လက်ခံရရှိပါတယ်။ ပုရွက်ဆိတ်တစ်ကောင်တောင် ကျော်မသွားနိုင်အောင် အတားအဆီး တွေ အခုပဲ ပြင်ဆင်လိုက်ပါ့မယ်... ။"

အဖွဲ့ (၃) က မက်ဆေ့ချ်ကို လက်ခံရရှိရုံပဲ ရှိသေးသည် လင်းဖန်နဲ့ ကျောက်ဖေးတို့က ဝူး ခနဲ အသံနဲ့ အတူ သူတို့ဘေးကနေ လျှပ်ခနဲ ဖြတ်ကျော်သွားကြလေပြီ။

"အဖွဲ့ (၅) ... သူတို့ မင်းတို့ဆီ လာနေပြီ။ အချိန်မဆွဲနဲ့ ချက်ချင်းတားလိုက်တော့….။"

"အဖွဲ့ (၅) က မက်ဆေ့ချ်ကို လက်ခံရရှိပါတယ် ဒါပေမဲ့ ခင်ဗျား ပြောနေတဲ့အချိန်မှာပဲ သူတို့က ဒီကို ကျော်သွားပြီ….။"

ကင်းလှည့်အဖွဲ့ဝင် အများအပြား ချထားသော်လည်း မြို့တော်ကင်းလှည့်အဖွဲ့သည် အရှိန်ပြင်းပြင်းနဲ့ ပြေးနေသည့် လူနှစ်ယောက်ကို တားဆီးနိုင်ခြင်း မရှိခဲ့ပေ။ ကံကောင်းထောက်မစွာနှင့်ပင် အချိန်အနည်း ငယ် ကြာပြီးသည့်နောက်၌ ကျောက်ဖေး၏ ခြေဆီများ ကုန်ခမ်းသွားခဲ့ပြီး နိုက်ထရိုဂျင် အရှိန်မြှင့်တင်မှု ကလည်း အလိုအလျောက် ရပ်တန့်သွားခဲ့လေသည်။

ကျောက်ဖေးကို မှီသွားသော လင်းဖန်သည် ဖိနပ်ဖိုးမပေးဘဲ ထွက်ပြေးသောကြောင့် ဒေါသတကြီးနဲ့ အပြစ်တင်ဖို့ ပြင်လိုက်သေး၏။ သို့ပေမဲ့ ကျောက်ဖေး၏ ရုပ်ပျက်ဆင်းပျက် ဖြစ်နေသော ပုံစံကို မြင်လိုက်ရသောအခါမှာတော့ အပြစ်ပြောမည့် စကားလုံးများက လည်ချောင်းထဲမှာပင် ပျောက်ရှသွား ခဲ့ရတော့၏။

ယခုအချိန်မှာတော့ ကျောက်ဖေးသည် မြေပြင်ပေါ်၌ ခွေခွေလေး လဲကျနေခဲ့ချေပြီဖြစ်လေ၏။ တစ်ချိန် က သပ်ရပ်ခဲ့ခန့်ညားလှသော သူ၏ ဝတ်ရုံသည်လည်း အရှိန်ပြင်းပြင်း ပြေးလွှားရင်း တစ်ခုခုနဲ့ ငြိမိထား ပုံရပြီး စုတ်ပြတ်သတ်နေခဲ့၏။ ဖုန်မှုန့်တွေဖြင့် ပေကျံနေသော ကျောက်ဖေးသည် အရှိန်ကို မထိန်းချုပ် ခဲ့ပဲ အပြေးပြိုင်ပွဲအတွင်းမှာတင် သတိလစ်သွားခဲ့ပုံရလေသည်။

"သခင်လေးကျောက်... သတိထားဦးလေ ဒီမှာ အိပ်လို့မရဘူးလေ…။"

သတိလစ်နေသော ကျောက်ဖေးကို လင်းဖန်က မှော်ပညာသုံးပြီး နှိုးလိုက်တော့သည်။ သူ နိုးလာသော အခါ မျက်လုံးက ကြောင်တောင်တောင် ဖြစ်နေပြီး လမ်းပျောက်နေတဲ့ ပုံစံမျိုး ပေါက်နေတော့သည်။

ခဏလောက် မိန်းမောနေရာမှ ဖြစ်ပျက်ခဲ့သည်များကို ပြန်သတိရသွားပြီး မကျေမနပ်နဲ့ ပြောရှာလေ သည်။

"ဆိုင်ရှင်... ဒီနိုက်ထရိုဂျင် အရှိန်မြှင့်စနစ်က ကြာလွန်းတယ်ဗျာ ဘယ်လိုမှကို ရပ်လို့မရဘူး။ ပြီးတော့ ဒီစနစ်က အဖွင့်ပဲ ရှိပြီး အပိတ် မပါဘူးလား။ အလိုအလျောက် ရပ်သွားတဲ့အထိ စောင့်နေရတာ ရပ်မသွားမချင်း ဖိနပ်ကိုတောင် ချွတ်လို့မရဘူး….။"

သူ့ဆိုင်က ပစ္စည်းကို ကျောက်ဖေးက ချီးမွမ်းနေတယ်လို့ (သူ့ဘာသာ) ထင်မှတ်ပြီး လင်းဖန်က နှိမ့်ချတဲ့ လေသံနဲ့ ပြန်ဖြေလိုက်လေသည်။

"သခင်လေးကျောက်ကလည်း မြှောက်ပင့်လွန်းနေပါပြီ။ ဒါက သခင်လေးရဲ့ ခြေဆီအနံ့က အရမ်းပြင်း လို့ ဖြစ်မှာပါ။ သာမန်လူတွေရဲ့ ခြေဆီဆိုရင် နိုက်ထရိုဂျင် အရှိန်ကို ဒီလောက်အကြာကြီး မထိန်းထား နိုင်ပါဘူး။ ပြီးတော့ ဒါက ထွက်ပြေးတဲ့ နည်းစနစ်လေဗျာ ဘယ်နေရာမဆို ရပ်ချင်တိုင်း ရပ်လို့ရပါ့ မလား….။"

သူတို့နှစ်ယောက် အပြန်အလှန် ချီးကျူးနေကြတုန်းမှာပင် သူတို့ကို အကြာကြီး လိုက်လံဖမ်းဆီးနေရ သော မြို့တော် ကင်းလှည့်အရာရှိများ ရောက်လာကြတော့သည်။ ခေါင်းဆောင်ဖြစ်သူက သက်ပြင်း အရှည်ကြီး ချလိုက်ပြီး သူတို့နှစ်ယောက်ကို ဖမ်းဆီးကြောင်း ကြေညာလိုက်လေတော့သည်။

"ခင်ဗျားတို့နှစ်ယောက် မြို့တော်လမ်းမတွေပေါ်မှာ အရှိန်ပြင်းပြင်း မောင်းနှင်ပြီး မြို့ရဲ့ စနစ်တကျရှိမှုကို ပြင်းပြင်းထန်ထန် နှောင့်ယှက်ခဲ့ကြတယ်။ ဒါကြောင့် အခု ဥပဒေအရ ဖမ်းဆီးလိုက်ပြီ၊ ငါတို့နောက်ကို လိုက်ခဲ့ကြ…။"

လင်းဖန်နှင့် သူ့အဖော်မှာ ငြင်းဆိုစရာ မရှိသောကြောင့် လက်ဖက်ရည်သောက်ဖို့ (အဖမ်းခံဖို့) ဖိတ်ခေါ် တာကို ကြည်ကြည်ဖြူဖြူပဲ လက်ခံလိုက်ကြရလေသည်။ ထို့နောက်မှာတော့ ဒဏ်ငွေ အမြောက်အမြား ပေးဆောင်ပြီးမှ ပြန်လည်လွတ်မြောက်လာခဲ့ကြလေသည်။

ကျောက်ဖေးက လင်းဖန်အတွက်ပါ ဒဏ်ငွေကို စိုက်ထုတ်ပေးလိုက်သောအခါမှာတော့ လင်းဖန်၏ ကျောက်ဖေးအပေါ် ထားသော သဘောထားက သိသိသာသာကြီး ကောင်းမွန်သွားခဲ့၏။ သူက ကျောက်ဖေးကို ဆိုင်ထဲကို ခေါ်သွားပြီး တခြားပစ္စည်းများကိုပါ စိတ်အားထက်သန်စွာနဲ့ ဆက်လက် မိတ်ဆက်ပေးလေတော့သည်။

"ဆိုင်ရှင်... ခင်ဗျားဆိုင်မှာ ဆေးလုံးတွေလည်း ရောင်းတာ တွေ့တယ်။ ငါနဲ့ သင့်တော်မယ့် ဆေးလုံးမျိုး ရှိလား….။"

ကျောက်ဖေး၏ မေးခွန်းကို ကြားသောအခါ လင်းဖန်က တစ်ဖက်လူ၏ ရွှေအမြုတေအဆင့် ကျင့်ကြံ မှုကို ကြည့်ပြီး အသေးစားအားဖြည့်ဆေးလုံး ကို ချက်ချင်း ထုတ်ပြလိုက်လေသည်။

"သခင်လေးကျောက်... သိလား ကျုပ်ဆီမှာ သခင်လေးကို စိတ်ကျေနပ်စေမယ့် ဆေးလုံးတစ်မျိုး ရှိတယ်။ ဒီ အသေးစားအားဖြည့်ဆေးလုံး ကို စမ်းကြည့်ပါလား။ ဒါက ဒဏ်ရာတွေကို ပျောက်ကင်းစေ ရုံတင်မကဘဲ စိတ်ဝိညာဉ်စွမ်းအားကိုပါ ပြန်လည်ဖြည့်တင်းပေးနိုင်တာ…။"

ပြောပြောဆိုဆိုနဲ့ လင်းဖန်က ကျောက်ဖေးကို စမ်းကြည့်ရန် ဆေးလုံးတစ်လုံး ကမ်းပေးလိုက်လေသည်။ လင်းဖန်ရဲ့ ညွှန်းဆိုမှုကို စိတ်ဝင်စားသွားသော ကျောက်ဖေးသည်လည်း တွေဝေမနေဘဲ ဆေးလုံးကို ပါးစပ်ထဲ ထည့်လိုက်လေတော့သည်။ ခဏအကြာမှာတော့ ဆေးအာနိသင်ကို ခံစားလိုက်ရသော ကျောက်ဖေးက အံ့သြတကြီးနဲ့ ရေရွတ်မိတော့သည်။

"တကယ်ကို အံ့သြဖို့ကောင်းတာပဲ… အဆင့် (၁) အသေးစားအားဖြည့်ဆေးလုံးက ဒီလောက်အာနိသင် ရှိမယ်လို့ မထင်ထားဘူး။ ဒါက တကယ်ကို မျက်စိပွင့်သွားစေတာပဲ။ ဆိုင်ရှင်... ဒီဘေးက ပုလင်းထဲ ကရော ဘာဆေးလုံးလဲ။"

ကျောက်ဖေး ညွှန်ပြတဲ့ စင်ပေါ်က ချီစုဆောင်းခြင်းဆေးလုံး ပုလင်းကို ကြည့်ပြီး လင်းဖန်က စိတ်ထဲ ကနေ သက်ပြင်းချလိုက်မိသည်။

"ဒါက ချီစုဆောင်းခြင်းဆေးလုံးပါ။ သာမန်ဆေးလုံးတွေထက် အဆပေါင်းများစွာ အာနိသင်ထက်မြက် ပေမဲ့ နှမြောဖို့ကောင်းတာက သခင်လေးကျောက်က သုံးလို့မရတော့တာပဲ…။"

လင်းဖန်ရဲ့ လေသံထဲမှာ စိတ်ပျက်မှုများ ရောယှက်နေခဲ့၏။ မြို့တော်ကို ရောက်ကတည်းက လင်းဖန် ချီစုဆောင်းခြင်းဆေးလုံး တစ်လုံးမှ ရောင်းရခြင်းမရှိသေးပေ။ သူက ဤဆေးလုံးသည် ရောင်းကောင်း လိမ့်မည်ဟု ထင်ထားခဲ့သော်လည်း ကံဆိုးစွာနှင့်ပင် မြို့တော်မှာ ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်နဲ့မှ ဆုံခဲ့ရခြင်းမရှိသေးပေ။ ပခစ္စည်းတွေက အများကြီးရှိနေခဲ့ပြီး ရောင်းမထွက်ခြင်းက လင်းဖန်ကို တော်တော်လေး စိတ်ပူစေခဲ့သည်။

ရုတ်တရက် လင်းဖန်ရဲ့ မျက်လုံးများ တောက်ပသွားပြီး အကြံတစ်ခု ရသွားခဲ့သည်။ သူက စနစ်ကို စိတ်ဝိညာဉ်စွမ်းအားဖြင့် လှမ်းမေးလိုက်၏။

"ဟေ့ ငကြောင်... ချီစုဆောင်းခြင်းဆေးလုံးနဲ့ ကောက်ရိုးဖိနပ်ကို ပေါင်းစပ်လိုက်ရင် အလားအလာ ရှိမယ်လို့ မင်းထင်လား…။"

[? ? ?]

စနစ်ဆီက မေးခွန်းသင်္ကေတများကို မြင်လိုက်ရသောအခါ လင်းဖန်က ချက်ချင်းပဲ ရှင်းပြလိုက်လေ သည်။

"စဉ်းစားကြည့်လေ ကောက်ရိုးဖိနပ်ရဲ့ နိုက်ထရိုဂျင်စနစ်က ခြေဆီနံ့နဲ့ အလုပ်လုပ်တယ်ဆိုရင် လေလည် တဲ့အနံ့နဲ့ရော အလုပ်မလုပ်နိုင်ဘူးလား….။"

[! ! !]

"ချီစုဆောင်းခြင်းဆေးလုံးကို သောက်ပြီးရင် ခဏခဏ လေလည်မှာလေ။ အဲဒီအချိန်မှာ ကောက်ရိုးဖိနပ် ရဲ့ နိုက်ထရိုဂျင်စနစ်ကို သုံးလိုက်မယ်ဆိုရင်...။"

"ဝိုး... ဒါက တကယ့်ကို အံ့မခန်းပဲ… ဒီနှစ်ခုကို ပေါင်းလိုက်ရင် အင်ဂျင်တစ်လုံးလိုမျိုး ပိုမြန်ပြီး ပိုခံလာမှာ မဟုတ်ဘူးလား…။"

လင်းဖန်၏ စကားကို ကြားပြီးနောက် စနစ်က ခဏလောက် တိတ်ဆိတ်နေခဲ့ပြီးမှ ပြန်ပြောလာခဲ့သည်။

[ပိုင်ရှင်... ကျွန်တော်တို့ ပုံမှန်အတိုင်းလေးပဲ လုပ်လို့မရဘူးလား။]

စနစ်၏ပြောစကားကြောင့် လင်းဖန် ဒေါသထွက်သွားပြီး ပြန်ဟောက်လိုက်၏။

"မင်းက ငါ့ကို ပုံမှန်မဟုတ်ဘူးလို့ ပြောရဲတယ်ပေါ့ ဟုတ်လား…။ မင်းကအရင် ပုံမှန်မဟုတ်တာ မဟုတ် ဘူးလား…။ မင်းပေးထားတဲ့ ဆေးမီးဖိုကနေ ထွက်လာတဲ့ ပစ္စည်းတွေထဲမှာ တစ်ခုတလေကများ ပုံမှန် ရှိနေလို့လား…။ ငါက ဒီထူးထူးဆန်းဆန်း ပစ္စည်းတွေကို ရောင်းရအောင် ဉာဏ်ထုတ်နေတာကို မင်းက လာဝေဖန်နေသေးတယ်...။"

[အိုး... ကျွန်တော် မှားသွားပါတယ် ပိုင်ရှင် စိတ်မဆိုးပါနဲ့တော့။ ပိုင်ရှင် ကြိုက်သလိုသာ လုပ်ပါ။]

စနစ်က အမှားကိုဝန်ခံလိုက်သောအခါမှာတော့ လင်းဖန်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ဆက်မပြော တော့ပေ။ သို့ပေမဲ့ စနစ်က သူ့အကြံကို ငြင်းပယ်ခြင်း မရှိသောကြောင့် လေလည်ခြင်း ကို ခြေဆီနံ့ နေရာမှာ အစားထိုးခြင်းက အလုပ်ဖြစ်နိုင်သည်ဟု သူယူဆလိုက်သည်။

ဤသည်က လင်းဖန်ကို အလွန်ပျော်ရွှင်သွားစေခဲ့သည်ပင်။ ဘာလို့လဲဆိုတော့ ချီစုဆောင်းခြင်းဆေးလုံး တွေ ရောင်းမထွက်မှာကို စိတ်ပူစရာ မလိုတော့ဘူးလေ။

*ကောက်ရိုးဖိနပ်နဲ့ ဆေးလုံးကို တွဲဖက်ရောင်း လိုက်ရင် နောင်မှာ အရောင်းသွက်မှာ သေချာတယ်။ ဒီကောက်ရိုးဖိနပ်က ကားတစ်စီးလိုဆိုရင် ချီစုဆောင်းခြင်းဆေးလုံးက ဓာတ်ဆီလိုပဲပေါ့…။*

ထိုကဲ့သို့တွေးပြီးသည်နှင့် လင်းဖန်က သူ၏ ပထမဆုံး ကောက်ရိုးဖိနပ်ဖောက်သည် ကျောက်ဖေးကို ကြည့်ပြီး မျက်လုံးများအရောင်တောက်ပစွာနှင့် ချီစုဆောင်းခြင်းဆေးလုံးကို စတင် ကြော်ငြာလေ တော့သည်။

"သခင်လေးကျောက်... စောစောက ကျုပ် စကားမှားသွားလို့ပါ။ တကယ်တော့ ဒီချီစုဆောင်းခြင်း ဆေးလုံးက သခင်လေးအတွက် အရမ်းအသုံးဝင်မှာ….။"

ထိုစကားကို ကြားလိုက်ရသော ကျောက်ဖေးသည် ကြောင်သွားခဲ့လေသည်။

*ဘာတွေ ဖြစ်ကုန်တာလဲ… စောစောလေးကမှ သုံးလို့မရဘူးပြောပြီး အခုမှ ဘာလို့ သုံးလို့ရတယ် ပြန်ပြောနေတာလဲ….။*

ကျောက်ဖေး၏ မျက်နှာကို ကြည့်ပြီး လင်းဖန်က ချက်ချင်းပင် ရှင်းပြလိုက်လေသည်။

"သခင်လေးကျောက်... ဒီကောက်ရိုးဖိနပ်မှာ နိုက်ထရိုဂျင် အရှိန်မြှင့်စနစ် ပါတယ်မလား.. အကယ်၍ သခင်လေးရဲ့ ခြေဆီနံ့ ကုန်သွားလို့ နိုက်ထရိုဂျင် မထွက်တော့ရင် ဒီချီစုဆောင်းခြင်းဆေးလုံးကို သောက် လိုက်ရုံပဲ။ ဒါက နိုက်ထရိုဂျင်ကို အမြန်ပြန်ဖြည့်ပေးနိုင်တဲ့အပြင် ခြေဆီထက်တောင် ပိုအာနိသင်ရှိဦး မှာ…။"

ဤရှင်းပြချက်ကို ကြားရသည်အထိ ကျောက်ဖေးက နားမလည်နိုင်သေးပေ။

"ဟင်... အဲဒါက ဘာကို ဆိုလိုတာလဲ…။"

"ဟား..ဟား... သခင်လေးကျောက် မသိသေးလို့ပါ။ ကျုပ်ရဲ့ ချီစုဆောင်းခြင်းဆေးလုံးက ခန္ဓာကိုယ်ထဲက အညစ်အကြေး လေတွေကို စွန့်ထုတ်ပေးတဲ့ အာနိသင်ရှိတယ်။ ဆေးသောက်ပြီးရင် ခန္ဓာကိုယ်ရဲ့ နောက် ဘက်ပိုင်းကနေ လေတွေ တရစပ် ထွက်လာလိမ့်မယ်။ အဲဒီလေတွေက နိုက်ထရိုဂျင် အရှိန်မြှင့်ဖို့အတွက် အကောင်းဆုံး စွမ်းအင်တွေပဲပေါ့….။"

လင်းဖန်၏ ယဉ်ယဉ်ကျေးကျေး ရှင်းပြချက်ကို ကြားလိုက်ရသော ကျောက်ဖေးခမျာ မျက်နှာလေး ရှုံ့မဲ့သွားရရှာတော့သည်။

သူစိတ်ထဲမှာ တွေးလိုက်မိသည်ကတော့

*ဘုရားရေ... နောက်ဘက်ကနေ လေတွေထွက်တာ ဆိုတာ လေလည်တာ ကို ပြောတာ မဟုတ်လား… အဲဒါကိုတောင် တော်တော်လေး စာသားလှလှလေး သုံးပြီး ပြောနိုင်လွန်းတယ်….။*

All Chapters