← Chapters

အခန်း ၉၀

Vol. 9 Ch. 90

အခန်း ၉၀

Vol. 9 Ch. 90

အခန်း (၉၀) ပြန်လည်ရှင်သန်ခြင်းဆေးလုံး၏ ဘေးထွက်ဆိုးကျိုးများ

လင်းဖန်၏ စကားကြောင့် လျူဘန်ရှန်းမှာ အတော်လေး ကြောင်အမ်းအမ်း ဖြစ်သွားရလေသည်။ သို့သော် သူ၏ စေတနာက အလွဲကြီး လွဲသွားမှန်း သူ ချက်ချင်း ရိပ်မိလိုက်သည်။

"ညီငယ်လေး... စိတ်မပူပါနဲ့။ ဂေါင်မိသားစုက ငါတို့လျူမိသားစုကြောင့် မင်းရဲ့ဆိုင်ကို စော်ကားမိတာ ဆိုတော့ သူတို့ပေးဖို့ ကျန်တဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေကို ငါတို့ လျူမိသားစုကပဲ တာဝန်ယူပြီး လျော်ကြေးပေးပါ့မယ်…။"

လျူဘန်ရှန်းက လျော်ကြေးပေးရန် ကိုယ်တိုင် တာဝန်ယူလိုက်သဖြင့် လင်းဖန် အပျော်ကြီးပျော်သွား သည်။ မူလကဆိုလျှင် ဂေါင်မိသားစုထံမှ လျော်ကြေးရရန် အချိန်အတော်ကြာ စောင့်ရဦးမည် ဖြစ် သည်။ ယခုမူ အချိန်ကုန် သက်သာသွားပြီ မဟုတ်ပါလား။ ဂေါင်မိသားစု သုတ်သင်ခံလိုက်ရခြင်းက တကယ်ကို ကောင်းသွားခြင်းပင်။

"စီနီယာ... ဒါမျိုးတော့ မလုပ်သင့်ပါဘူး။ ဂေါင်မိသားစုက ကျွန်တော့်ကို စိတ်ဝိညာဉ်ကျောက်တုံးတွေ ရော တခြား ပစ္စည်းမျိုးစုံရော အများကြီး ပေးဖို့ ကျန်နေတာလေ…။"

လင်းဖန်၏ စကားကို ကြားသောအခါ လျူဘန်ရှန်းက ကြိုတင်ပြင်ဆင်ထားပုံရသော သိုလှောင်လက်စွပ် တစ်ကွင်းကို ချက်ချင်း ထုတ်ပေးလိုက်သည်။

"ညီငယ်လေး... ဒီထဲမှာ အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သန်းနဲ့ လက်နက်နဲ့ ဆေးလုံးသန့်စင်တဲ့ ပစ္စည်းတချို့ ပါပါတယ်။ ဒါက မင်းကို စိတ်ကျေနပ်စေနိုင်ပါ့မလားတော့မသိဘူး…။"

ထိုအခိုက်တွင် လင်းဖန်သည် တစ်ဖက်လူ ပေးအပ်လာသော သိုလှောင်လက်စွပ်ကို ကြည့်ပြီး အလွန် အမင်း စိတ်လှုပ်ရှားသွားမိသည်။ တုံ့ဆိုင်းမနေတော့ဘဲ ချက်ချင်း လက်ခံလိုက်တော့၏။

*အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သန်းတောင်လား… ဒါဆိုရင် ငါ့ကို ဟင်းလင်းပြင် သန့်စင်ခြင်းအဆင့် ရောက်အောင် ကူညီပေးနိုင်မှာပဲ…။*

ဤကျောက်တုံးပမာဏမှာ လျူမိသားစုကဲ့သို့သော မိသားစုကြီးတစ်ခုအတွက် ဘာမှမဟုတ်သော် လည်း သူတို့၏ စုဆောင်းထားသမျှ အကုန်လုံးကိုတော့ ပေးလိမ့်မည် မဟုတ်ချေ။

လင်းဖန်တွင် အတိဒုက္ခအဆင့် အစောင့်အရှောက်ရုပ်သေး ရှိနေသော်လည်း လျူမိသားစု၏ နောက်ကွယ်တွင် သုန်ယွဲအင်ပါယာ၏ တော်ဝင်မိသားစု ရှိနေသေးသည်။ သူတို့သည် အခြေအမြစ် မရှိသော ဂေါင်မိသားစုနှင့် မနှိုင်းယှဉ်သာပေ။

ဂေါင်မိသားစု ပျက်စီးသွားခြင်းကို တော်ဝင်မိသားစုက ဂရုစိုက်ခြင်းမရှိနိုင်သော်လည်း အဆင့် (၈) မိသားစုကြီးတစ်ခုကို သုတ်သင်လိုက်မည်ဆိုလျှင်တော့ အခြေအနေက လုံးဝခြားနားသွားပေလိမ့်မည်။ လင်းဖန်သည် ဤကျောက်တုံးများနှင့်အတူ ပါလာသည့် မရေမတွက်နိုင်သော ကုန်ကြမ်းပစ္စည်းများ ကြောင့် အတော်လေး စိတ်ကျေနပ်နေပြီ ဖြစ်သည်။

"စီနီယာက တကယ်ကို ကြင်နာတတ်တာပဲ။ ဒီလက်စွပ်ကို ကျွန်တော် မယူသင့်ပေမဲ့ ဂေါင်မိသားစု ကလည်း လွန်လွန်းလို့လေ။ ကျွန်တော့်ဆိုင်က အကူလေးရဲ့ ကျင့်ကြံမှုကိုပါ ဖျက်ဆီးပစ်ခဲ့တာ။ အဲဒါ ကြောင့် သူ့ရဲ့ ဒန်တျန် ကို ပြန်ပြုပြင်ဖို့ ဆေးလုံးသန့်စင်နိုင်အောင်လို့ သူတို့ဆီကနေ အတင်းတောင်းခဲ့ ရတာပါ…။"

လင်းဖန်နှင့် ခဏမျှ စကားစမြည် ပြောဆိုပြီးနောက် လျူဘန်ရှန်း ထွက်ခွာသွားလေတော့သည်။ သူ၏ ဒီနေ့လာရခြင်း ရည်ရွယ်ချက်မှာ အငြိုးအတေးများကို ပြေပျောက်စေရန် လျော်ကြေးပေးဖို့ ဖြစ်သည်။ ယခု ပန်းတိုင်ရောက်ပြီ ဖြစ်သောကြောင့် သူ ဆက်မနေလိုတော့ပေ။ အဘယ်ကြောင့်ဆိုသော် လင်းဖန် ၏ ဘေးတွင် နှုတ်ဆိတ်စွာ ရပ်နေသော အတိဒုက္ခအဆင့် ကျင့်ကြံသူ (ရုပ်သေး) က သူ့ကို စိတ်မသက် မသာ ဖြစ်စေသောကြောင့်ပင်။

လျူဘန်ရှန်း ထွက်သွားပြီးနောက် လင်းဖန်က ထဲကျူး ကို ဆိုင် ခေတ္တစောင့်ခိုင်းလိုက်ပြီး နောက်ဖေးသို့ အပြေးအလွှား ပြန်သွားခဲ့သည်။ ထို့နောက် သူသည် သိုလှောင်လက်စွပ်အတွင်းရှိ ပစ္စည်းများကို စတင် စစ်ဆေး လေတော့သည်။

သိုလှောင်လက်စွပ်ထဲတွင် အပြည့်ရှိနေသော အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သန်းကို ကြည့်ပြီး လင်းဖန် အလွန်ရင်ခုန်စိတ်လှုပ်ရှားနေမိသည်။ သူသည် ကျောက်တုံးများနှင့် တခြားကုန်ကြမ်းများကို စနစ်၏သိုလှောင်ခန်းထဲသို့ အမြန်ရွှေ့လိုက်သည်။

အံ့ဩစရာကောင်းသည်မှာ တစ်ဖက်လူ ပေးခဲ့သော ကုန်ကြမ်းများထဲတွင် ပြန်လည်ရှင်သန်ခြင်း ဆေးလုံး သန့်စင်ရန် လိုအပ်သော ဆေးဖက်ဝင်အပင်များ ပါဝင်နေခြင်းပင်။

၎င်းမှာ တိုက်ဆိုင်မှုလား သို့မဟုတ် တစ်ဖက်လူက ကြိုတင်စီစဉ်ထားသလား ဆိုသည်ကိုတော့ မသိရ ပေ။ ဤပစ္စည်းများကို မြင်သည်နှင့် လင်းဖန် အချိန်မဆွဲတော့ဘဲ ဆေးလုံးနှင့် မှော်လက်နက်များကို စတင်သန့်စင်လေတော့သည်။ ပထမဆုံး သန့်စင်ရမည်မှာ ထဲကျူး လိုအပ်နေသော ပြန်လည်ရှင်သန် ခြင်းဆေးလုံးပင် ဖြစ်သည်။

နှစ်မိနစ်ခန့်အကြာတွင် ထုတ်လုပ်ရေးအဖွဲ့ဆေးမီးဖိုမှ "ဒင်" ဆိုသည့် အသံနှင့်အတူ ပြန်လည်ရှင်သန် ခြင်းဆေးလုံး သန့်စင်ခြင်းသည်ပြီးစီးသွားခဲ့သည်။ ဤမီးဖို၏ သဘာဝကို ကောင်းကောင်းသိသဖြင့် လင်းဖန်သည် ဆေးလုံး၏ အာနိသင်ကို ချက်ချင်း စစ်ဆေးလိုက်သည်။

ပြန်လည်ရှင်သန်ခြင်းဆေးလုံး (မြည်းတံဆိပ်) - အဆင့် (၅) ဆေးလုံး

အာနိသင် (၁): ကျင့်ကြံသူ၏ ပျက်စီးသွားသော အခြေခံအုတ်မြစ်ကို ပြန်လည်ပြုပြင်ပေးနိုင်သည်။ တောမီးလောင်သော်လည်း အမြစ်မသေဘဲ နွေဦးလေပြေကြောင့် ပြန်လည်ပေါက်ဖွားလာသော မြက်ပင်များကဲ့သို့ပင်။

အာနိသင် (၂): အသုံးပြုသူ၏ ကျင့်ကြံမှု ပါရမီကို မြှင့်တင်ပေးနိုင်ပြီး ထူးခြားသော ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ရရှိရန် အလားအလာ ရှိသည်။

ဘေးထွက်ဆိုးကျိုး: သောက်သုံးပြီးနောက် ခန္ဓာကိုယ်ရှိ အမွှေးအမျှင်များသည်လည်း တောမြက်ပင်များ ကဲ့သို့ပင် ပြန်လည်ရှင်သန်ခြင်း ဖြစ်စဉ်ကို ကြုံတွေ့ရလိမ့်မည်။

လင်းဖန်သည် ဆေးလုံးကို ကြည့်ပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။

"တော်သေးတာပေါ့… ဒီဆေးလုံးရဲ့ ဘေးထွက်ဆိုးကျိုးက လေလည်တာတို့၊ ဝမ်းသွားတာတို့ မဟုတ်လို့။ မဟုတ်ရင် ထဲကျူးကို ဆိုင်ထဲမှာ တိုက်ရဲမှာ မဟုတ်ဘူး…။"

ဤတစ်ကြိမ်တွင် ပြန်လည်ရှင်သန်ခြင်းဆေးလုံး အလုံး (၂၀) ထွက်လာရာ ထဲကျူးအတွက် တစ်လုံးဆို လျှင် လုံလောက်ပြီ ဖြစ်သည်။ ကျန်နေသော တစ်ဆယ့်ကိုးလုံးကို ရောင်းရန် နည်းလမ်းရှာရပေဦးမည်။

လီယွမ်နှင့် တခြားသူငယ်ချင်းများကို မြို့တော်တွင် အခြေခံအုတ်မြစ် ပျက်စီးနေသူများ ရှိ၊ မရှိ မေးမြန်း ရမည်။ တကယ်လို့ လိုအပ်တဲ့သူ မရှိခဲ့လျင်တောင် လိုအပ်ချက် ကို ကိုယ်တိုင် ဖန်တီးယူရပေလိမ့်မည်။ အပင်ပန်းခံ သန့်စင်ထားသော ဆေးလုံးများကိုတော့ အလကား အဖြစ်မခံနိုင်ပေ။

ထို့နောက် လင်းဖန်သည် ဆိုင်ထဲသို့ ဝင်သွားကာ ဆေးလုံးတစ်လုံးကို ထဲကျူးအား ကမ်းပေးလိုက်သည်။

"ထဲကျူး... မင်းရဲ့ ဒန်တျန်ကို ပြန်ပြုပြင်ပေးမယ့် ဆေးလုံးကို ငါ သန့်စင်ပေးလိုက်ပြီ။ မြန်မြန်သောက် လိုက်….။"

"ဒါကို သောက်ပြီးရင် မင်း ပြန်ပြီး ကျင့်ကြံနိုင်မှာဖြစ်သလို မင်းရဲ့ ကျင့်ကြံခြင်း ပါရမီကလည်း ပိုကောင်း လာလိမ့်မယ်…။"

ထိုအခိုက်တွင် ထဲကျူးသည် လင်းဖန်၏ လက်ထဲက ဆေးလုံးကို ကြည့်ပြီး အံ့အားသင့်ကာ မှင်သက် နေမိသည်။

"ဆိုင်ရှင်... ဆိုင်ရှင်က ဒီလောက်တောင် မြန်တာလား…။"

လင်းဖန်က သူ့အတွက် ဆေးလုံးသန့်စင်ပေးမည်ဟု အစောကတည်းက ပြောထားသော်လည်း ၎င်းမှာ အချိန်အတော်ကြာမှ ဖြစ်လာမည့်ကိစ္စဟု သူ ထင်ထားခဲ့သည်။ ဆိုင်တွင် အဆင့် (၁) ဆေးလုံးများသာ ရောင်းနေသဖြင့် လင်းဖန်၏ ဆေးသန့်စင်မှုအဆင့်မှာ သိပ်မမြင့်လှဟု သူ ယူဆခဲ့ခြင်း ဖြစ်သည်။ ယခုမူ အဆင့် (၅) ဆေးလုံးကိုတောင် သန့်စင်နိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ…။

တစ်ဖက်တွင်မူ လင်းဖန်မှာ ထဲကျူး၏ စကားကို ကြားပြီး မျက်နှာကြီး ပြာနှမ်းသွားလေသည်။

"ထဲကျူး... မင်းက ဘာကို ဆိုလိုတာလဲ… ငါက ဘယ်မှာ မြန်လို့လဲ…။"

သို့သော် ထဲကျူးကမူ လင်းဖန်၏ စကားနောက်ကွယ်က အဓိပ္ပာယ်ကို နားမလည်ဘဲ ပြန်ဖြေသည်။

"ဆိုင်ရှင်က နောက်ဖေးထဲ ဝင်သွားပြီး ခဏလေးနဲ့ ပြန်ထွက်လာတာလေ။ အဲဒါ မြန်တာ မဟုတ်ဘူး လား…"

ထဲကျူး၏ စကားများမှာ ပို၍ အဓိပ္ပာယ်လွဲလာသဖြင့် လင်းဖန်သည် မျက်စိပျက်မျက်နှာပျက်နှင့်ပင် သူ၏ ပါးစပ်ကို ပိတ်ရန် ဆေးလုံးကို အတင်း ထိုးထည့်ပေးလိုက်တော့သည်။

"မြန်မြန်သောက်စမ်း… စကားတွေ အများကြီး ပြောမနေနဲ့တော့…။"

ဆေးသောက်ပြီး မကြာမီမှာပင် ထဲကျူးသည် သူ၏ ဒန်တျန်နေရာမှ နာကျင်မှုကို ခံစားလိုက်ရသည်။ ပျက်စီးနေသော ဒန်တျန်မှာ ပြန်လည်ပြုပြင်မခံရသည့်အပြင် တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားတော့ သည်။ နောက်ဆုံးတွင် သူ၏ ဒန်တျန် တည်ရှိမှုကိုပင် သူ မခံစားရတော့ချေ။

ဤအခြေအနေကြောင့် ထဲကျူး ထိတ်လန့်သွားကာ ချက်ချင်း မေးလိုက်သည်။

"ဆိုင်ရှင်... ကျွန်တော် ဘာလို့ ဒန်တျန်ကို မခံစားရတော့တာလဲ…။"

လင်းဖန်က ဤအခြေအနေကို ကြိုတင်ခန့်မှန်းထားပြီးသား ဖြစ်သည်။

"ထဲကျူး... ပြန်လည်ရှင်သန်ခြင်းဆေးလုံးရဲ့ အာနိသင်က မူလဒန်တျန်ကို အကုန်ဖယ်ရှားပြီး အသစ် တစ်ခု ပြန်ရှင်သန်လာစေတာ။ စိတ်မပူပါနဲ့…။"

လင်းဖန်၏ ရှင်းပြချက်ကို ကြားမှ ထဲကျူး စိတ်အေးသွားရသည်။ ခုနက သူ အလွန်အမင်း ထိတ်လန့် သွားသည်ကို ပြန်တွေးမိပြီး ရှက်ကိုးရှက်ကန်းနှင့် ခေါင်းကို ကုတ်နေလိုက်မိသည်။

"ဆိုင်ရှင်ကလည်း... ကျွန်တော်က ဒါမျိုး တစ်ခါမှ မကြုံဖူးတော့ အတွေ့အကြုံ မရှိလို့ပါ….။"

သို့သော် ထဲကျူး ခေါင်းကုတ်ပြီး လက်ကို ပြန်ချလိုက်သောအခါ သူ၏ လက်ထဲတွင် ဆံပင်အချို့ ပါလာ သည်ကို တွေ့လိုက်ရသည်။ သူ ကုတ်လိုက်သည့် နေရာတွင် ဦးရေပြားမှာ ကွက်ပြီး ပြောင်နေလေပြီ။ ဤ မမျှော်လင့်ထားသော အခြေအနေကြောင့် ထဲကျူး တစ်ဖန် ထိတ်လန့်သွားပြန်သည်။

သို့သော် ခုနက သူ၏ လူပြိန်းအမူအရာကို ပြန်သတိရသွားပြီး ထဲကျူးသည် တည်ငြိမ်ယောင်ဆောင်ကာ ရယ်လိုက်သည်။

"ဟားဟား... ဆိုင်ရှင် ကျွန်တော် ဆံပင်တချို့ ကျွတ်သွားတာပဲ။ ဒါက ပုံမှန်ပဲ မဟုတ်လား…။"

ထဲကျူး၏ လက်ထဲက ဆံပင်များကို ကြည့်ပြီး ဘေးထွက်ဆိုးကျိုး စတင်နေပြီမှန်း လင်းဖန် သိလိုက် သည်။ သူ၏ နှုတ်ခမ်းထောင့်လေး အနည်းငယ် တွန့်သွားသော်လည်း ထဲကျူး စိတ်အေးအောင် ပြန်ပြော လိုက်သည်။

"ဟားဟား... ဟုတ်တာပေါ့ ဒါက ပုံမှန်ဖြစ်စဉ်တစ်ခုပဲ။ လူတိုင်း ဒန်တျန် ပြန်ပြုပြင်တဲ့အခါ ဒါမျိုး ကြုံရ တတ်ပါတယ်…။"

ထိုစကားကို ကြားမှ ထဲကျူး၏ အပြုံးမှာ ပိုပြီး သဘာဝကျသွားလေသည်။

"ဟားဟား... ဆံပင် နည်းနည်းပါးပါး ကျွတ်တာ ဘာမှမဖြစ်ပါဘူး။ ကျွန်တော့်မှာ ဆံပင်တွေ အများကြီး ရှိတာပဲ ပြန်ဖုံးထားလိုက်ရင် ဘယ်သူမှ မသိနိုင်ပါဘူး…။"

ထိုသို့ပြောပြီး ထဲကျူးသည် ကျန်ရှိနေသော ဆံပင်များကို ဆံပင်ကွက်နေသည့် နေရာသို့ ပြန်ဖုံးရန် ပြင် လိုက်သည်။ သို့သော် သူ ဆံပင်ကို သပ်ချလိုက်သည့် အခါတိုင်း ဆံပင်များမှာ အစုလိုက်အပြုံလိုက် ထပ်မံ ကျွတ်ထွက်လာခဲ့ပြန်လေသည်။

ထဲကျူး၏ ခေါင်းပေါ်တွင် ထူထဲသော ဆံပင်များကြား၌ ကွက်လပ်နှစ်ခု ပေါ်လာရာ ကြည့်ရသည်မှာ ထိပ်ပြောင်နေသော လူလတ်ပိုင်း အမျိုးသားတစ်ဦးနှင့် တူနေတော့သည်။ ထဲကျူးသည် သူ၏ လက်ထဲမှ အသစ်စက်စက် ကျွတ်ထွက်လာသော ဆံပင်များကြီးကို ကြည့်ပြီး မှင်သက်သွားရရှာသည်။

မယုံကြည်နိုင်လောက်အောင် ဖြစ်နေသော ထဲကျူးသည် သူ၏ ဆံပင်များကို တစ်မျှင်ချင်း ထပ်သပ် ကြည့်နေမိသည်။

မကြာမီအချိန်အတွင်းမှာပင် ထဲကျူး၏ ကြိုးစားအားထုတ်မှုကြောင့် သူသည် ကတုံးပြောင်ပြောင် ကောင်လေးတစ်ဦး ဖြစ်သွားလေတော့သည်။

All Chapters