← Chapters

အခန်း ၉၂

Vol. 10 Ch. 92

အခန်း ၉၂

Vol. 10 Ch. 92

အခန်း (၉၂) ရှို့ဆယ်လက်ဖက်ရည်ဆိုင်… သူတို့က စီးပွားဖက်တွေ ဖြစ်သွားတာပဲ

ထဲကျူး၏ ဒန်တျန် မှာ အပြည့်အဝ ပြန်လည်ကောင်းမွန်လာခြင်း မရှိသေးပေ။ ထို့ကြောင့် ယခုအချိန် တွင် သူသည် သာမန်လူတစ်ယောက်မျှသာ ဖြစ်သည်။ သူသည် တစ်ညလုံး မအိပ်ဘဲ နေခဲ့သော်လည်း မည်သို့ကြောင့် မျက်လုံးပွင့်နေသနည်းဟု လင်းဖန် စဉ်းစားမရဖြစ်နေပြန်သည်။

သို့သော်လည်း ထဲကျူး၏ ဦးခေါင်းပေါ်ရှိ သန်စွမ်းစိုပြည်နေသော အပင်ငယ်လေးများကို မြင်လိုက်ရ သောအခါ လင်းဖန် ချက်ချင်း နားလည်သွားသည်။ ၎င်းမှာ သူ၏ "ခေါင်းပေါ်တွင် အစိမ်းရောင်သန်း နေခြင်း" (ဖောက်ပြန်ခံရခြင်း) ကို စိုးရိမ်ပူပန်နေသောကြောင့် ဖြစ်ပေလိမ့်မည်။

“စိတ်မပူပါနဲ့ ထဲကျူးရာ... မင်းရဲ့ ဒန်တျန် ပြန်ကောင်းသွားတာနဲ့ မင်းခေါင်းပေါ်က ဆေးပင်တွေက အလိုလို ပျောက်သွားမှာပါ။ အဲဒီအခါကျရင် အရင်လို နက်မှောင်တဲ့ ဆံပင်တွေ ပြန်ပေါက်လာပါလိမ့် မယ်…။”

ယခုအချိန်တွင် ထဲကျူးသည် လင်းဖန်၏ စကားကို မယုံကြည်နိုင်တော့ပေ။ သူသည် ထုံပေပေဖြင့် "အင်း" ဟု တစ်ချက်သာ ပြန်ထူးပြီး ဘာမှ ထပ်မပြောတော့ဘဲ ဆိုင်တံခါးပြင်ပသို့သာ ငေးကြည့်နေ တော့သည်။ သူ၏ အကြည့်များတွင် ရံဖန်ရံခါ အားကျစိတ်များ အရိပ်ထင်နေတတ်သည်။ လမ်းသွား လမ်းလာများ၏ နက်မှောင်သော ဆံပင်များကို ကြည့်ပြီး အားကျနေခြင်း ဖြစ်ပေလိမ့်မည်။

ထဲကျူး၏ အခြေအနေကို ကြည့်ပြီး လင်းဖန်သည် အပြင်သို့ ခဏ ထွက်ရန် ဆုံးဖြတ်လိုက်သည်။ သူ့ကို ကိုယ်ပိုင်အချိန်ပေးပြီး စိတ်ဓာတ်ပြန်လည် ပြုပြင်နိုင်ရန် လွှတ်ထားပေးလိုက်ခြင်းဖြစ်သည်။ လင်းဖန် သည် ထဲကျူးကို ဆိုင်စောင့်ရန် မှာကြားပြီးနောက် မြို့တော်၏ လမ်းမများပေါ်တွင် လှည့်လည် သွားလာ နေတော့သည်။

သူသည် အပျော်သက်သက် လျှောက်သွားနေခြင်း မဟုတ်ပေ။ လမ်းသွားလမ်းလာများကို သူ၏ ကုန်ပစ္စည်းများအကြောင်း ကြော်ငြာရန် ကြိုးစားနေခြင်းဖြစ်သည်။ မြို့တော်၏ လမ်းမတိုင်းသည် အလွန်စည်ကားလှသည်။ လမ်းဘေးဝဲယာတွင် ဆိုင်ခန်းများစွာ ရှိနေပြီး လူများမှာလည်း မပြတ် ဝင်ထွက်သွားလာလျှက်ရှိနေသည်။

ဤမျှ စည်ကားသော ဆိုင်များကို ကြည့်ပြီး မိမိဆိုင်၏ ခြောက်ကပ်နေသော အခြေအနေကို တွေးမိကာ လင်းဖန် ဘယ်နေရာမှာ မှားနေသလဲဟု စဉ်းစားမရ ဖြစ်နေသည်။ မကြာမီတွင် လင်းဖန်သည် ဆိုင် တစ်ဆိုင်ကို မြင်လိုက်ရပြီး စီးပွားရေး လာတော့မည်ဟု ခံစားလိုက်ရသည်။ အကြောင်းမှာ ဆိုင်ရှေ့တွင် အလွန်လှပသော နတ်မိမယ်လေးတစ်ဦး ရပ်နေသောကြောင့်ပင်။

သူမကို မြင်လိုက်ရုံနှင့် သူမတွင် အလွန် လေးလံသော "ဝန်ထုပ်ဝန်ပိုး" များရှိနေပြီး မိမိ၏ ရင်စီး အတွင်းခံကို အသည်းအသန် လိုအပ်နေသည်ဟု လင်းဖန် တွေးလိုက်မိသည်။

“နတ်မိမယ်လေး... ရင်စီးလေး ဝယ်ချင်ပါသလား။ ကျွန်တော်က နတ်မိမယ်လေးနဲ့ အကိုက်ညီဆုံး ဖြစ် မယ့် ထိပ်တန်းအဆင့် ရင်စီးကို ကိုယ်တိုင် တိုင်းထွာ ချုပ်လုပ်ပေးနိုင်ပါတယ်…။”

လမ်းပေါ်တွင် ရပ်နေသော ထိုနတ်မိမယ်လေးသည် လင်းဖန်၏ စကားကို ကြားသောအခါ စိတ်ဝင်စား သွားသည့်ပုံရလေသည်။

“အို... ရှင်က ကျွန်မရဲ့ လိုအပ်ချက်အတိုင်း သီးသန့် ချုပ်ပေးမှာလား။ အထဲကို ဝင်ပြီး အသေးစိတ် ဆွေးနွေးကြမလား…။”

တစ်ဖက်လူ၏ စကားကို ကြားသောအခါ လင်းဖန် အလွန် ဝမ်းသာသွားပြီး အရောင်းအဝယ် ဖြစ်တော့ မည်ဟု ထင်လိုက်သည်။

“ကျွန်တော် လုပ်တဲ့ ရင်စီးက အသက်အန္တရာယ်ကနေ ကာကွယ်ပေးနိုင်ရုံတင်မကဘူး နတ်မိမယ်လေးရဲ့ ထူးကဲတဲ့ အလှအပ စွမ်းအားတွေကိုလည်း လုံလုံခြုံခြုံ ဖုံးကွယ်ပေးနိုင်မှာပါ…။”

လင်းဖန်သည် စကားပြောရင်း ထိုနတ်မိမယ်လေးနောက်သို့ လိုက်၍ ဆိုင်ထဲသို့ လိုက်ဝင်သွားတော့ သည်။ ခဏအကြာတွင် လင်းဖန်သည် မျက်စ်မျက်နှာပျက်လျက်ဖြင့် ဆိုင်ထဲမှ ပြန်ထွက်လာခဲ့သည်။

အရောင်းအဝယ် ဖြစ်သည်မှာတော့ အမှန်ပင်။ သို့သော် အရောင်းအဝယ် လုပ်လိုက်သူမှာ ထိုနတ်မိမယ် လေးသာ ဖြစ်သည်။ ထိုအခါမှ လင်းဖန်သည် ဆိုင်၏ ဆိုင်းဘုတ်ကို မော့ကြည့်လိုက်မိသည်။

ဆိုင်းဘုတ်ပေါ်တွင် "ရှို့ဆယ်လက်ဖက်ရည်ဆိုင်" ဟု ရေးထားသော စာလုံးကြီး (၄) လုံးကို မြင်လိုက် ရသောအခါ လင်းဖန် အလွန် စိတ်ပျက်သွားပြီး ရေရွတ်လိုက်သည်။

“ဒီကျင့်ကြံခြင်း ကမ္ဘာမှာတောင် ဒီလို နေရာမျိုး ရှိနေတာလား။ ဟူး... လောကကြီးတော့ ပျက်စီးနေပြီပဲ။ လက်ဖက်ရည် တစ်ခွက်ကို စိတ်ဝိညာဉ်ကျောက်တုံး (၁၀၀) တဲ့လား။ ဘယ်လို လက်ဖက်ရည်မို့လို့ ဒီလောက်တောင် ဈေးကြီးနေရတာလဲ…။”

သို့သော်လည်း လင်းဖန်သည် သူ လက်ဖက်ရည်တစ်ခွက်သာ သောက်ခဲ့မိသည်ကို ကံကောင်းသည်ဟု မှတ်ယူလိုက်သည်။ မဟုတ်လျှင် စိတ်ဝိညာဉ်ကျောက်တုံး (၁၀၀) ထက်မက ဆုံးရှုံးသွားပေလိမ့်မည်။

တစ်ချိန်တည်းမှာပင် သူသည် ထိုနတ်မိမယ်လေးအား ရင်စီးအတွင်းခံ ရောင်းရန် ကြိုးစားခဲ့ခြင်းမှာ မည်မျှ မှားယွင်းခဲ့ကြောင်း နားလည်သွားသည်။ သူမတို့သည် သူမတို့၏ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ် အလှဖြင့် စီးပွားရေး ရှာနေသူများ ဖြစ်သည်။ ထိုအလှကို ဖုံးကွယ်ရန် သူမတို့ မည်သို့ ဆန္ဒရှိပါ့မည်နည်း။

“ဒီ စိတ်ဝိညာဉ်ကျောက်တုံး (၁၀၀) အရှုံးကို ဒီအတိုင်း လွှတ်မပေးနိုင်ဘူး။ တစ်နေ့နေ့မှာ ပြန်ရအောင် လုပ်ရမယ်…။”

လင်းဖန်သည် "လှကသော လက်ဖက်ရည်ဆိုင်" ဆိုင်းဘုတ်ကို ကြည့်ရင်း အကြံတစ်ခု ရသွားသည်။

“ငါ ရင်စီးတော့ ရောင်းလို့ မရဘူး၊ ဒါပေမဲ့ ဒီဆိုင်က ငါ့ရဲ့ 'အဆာရှောင်ဆေး' ကိုတော့ စိတ်ဝင်စားမှာ သေချာတယ်။ တစ်နေ့ကျရင် သူတို့နဲ့ စီးပွားရေးကိစ္စ လာပြောရမယ်…။”

'အဆာရှောင်ဆေး' ၏ အရသာရှိလှသော ဘေးထွက်ဆိုးကျိုးမှာ ဤ "ရှို့ဆယ်လက်ဖက်ရည်ဆိုင် " ကဲ့သို့ နေရာမျိုးနှင့် အလွန် လိုက်ဖက်ပေသည်။ စီးပွားရေး အကွက်အမြင်ကို အတည်ပြုပြီးနောက် လင်းဖန် သည် ထိုနေရာတွင် ကြာကြာ မနေတော့ဘဲ ဆက်၍ လျှောက်သွားလိုက်သည်။

အခု လောလောဆယ်တွင် ဆုံးရှုံးသွားသော ကျောက်တုံး (၁၀၀) ကို ပြန်ရရန်မှာ အရေးကြီးဆုံးဖြစ် သည်။

လင်းဖန်သည် သားကောင်ကို လိုက်ရှာနေစဉ် အပြာရောင် ဝတ်ရုံဝတ်ထားသော ကျင့်ကြံသူတစ်ဦး သုတ်သုတ်ဖြင့် သွားနေသည်ကို တွေ့လိုက်ရသည်။ လင်းဖန် ချက်ချင်း အနားသို့ တိုးသွားပြီး လျှို့ဝှက် သော လေသံဖြင့် မေးလိုက်သည်။

“မိတ်ဆွေ... ဓားကြီး တစ်လက်လောက် လိုချင်သလား…။”

လမ်းပိတ်ခံလိုက်ရသော အပြာရောင်ဝတ်စုံနှင့် ကျင့်ကြံသူမှာ ဇဝေဇဝါ ဖြစ်သွားပြီး ပြန်မေးလိုက်သည်။

“ဘာဓားလဲ…။”

“မိတ်ဆွေ... ကျွန်တော့်မှာ အင်မတန် အစွမ်းထက်တဲ့ ဓားမှော်လက်နက် ရှိတယ်။ ဒါကို တစ်ဖက်လူ အပေါ် သုံးလိုက်တာနဲ့ အဲဒီလူက မင်းရှေ့မှာ ချက်ချင်း ဒူးထောက်လာပြီး မင်း စေခိုင်းသမျှ လုပ်ရမှာပဲ။ မင်း သဘောကျနေတဲ့ နတ်မိမယ်လေးအပေါ် သုံးလိုက်မယ်ဆိုရင်... ဟဲဟဲ…။”

လင်းဖန်၏ စကားကို ကြားသောအခါ ထိုကျင့်ကြံသူမှာ စိတ်ဝင်စားသွားပုံရသည်။

“တကယ်လား... ဘယ်လောက် ပေးရမလဲ…။”

တစ်ဖက်လူ စိတ်ဝင်စားသည်ကို မြင်သောအခါ လင်းဖန်သည် ပထမအဆင့် 'အဖြူရောင်ဓားသွား' ကို ထုတ်ပြလိုက်ပြီး...

“မိတ်ဆွေ... ငါတို့ လမ်းမှာ ဆုံရတာ ကံတရားပဲ။ အနိမ့်စား စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်းနဲ့ တစ်ရာ ပဲ ပေးပါ ဒီဓားကြီးကို မင်း ယူသွားလို့ ရပြီ…။”

လင်းဖန်၏ ဈေးနှုန်းကို ကြားလိုက်ရသောအခါ ထိုကျင့်ကြံသူမှာ စကားတစ်ခွန်းသာ ပြောပြီး လှည့်ထွက်သွားတော့လေသည်။

“စိတ်မရှိပါနဲ့ သွားပြီဗျာ…။”

အရောင်းအဝယ် ပျက်တော့မည်ကို မြင်သဖြင့် လင်းဖန်က တစ်ဖက်လူကို ဆွဲထားလိုက်ပြီး...

“ဟေး... မိတ်ဆွေ မသွားပါနဲ့ဦး။ ဈေးက ညှိလို့ ရပါတယ်။ ဟို ကျောက်တုံး တစ်ရာကိုတော့ လျှော့ပေး လိုက်ပါ့မယ်…။”

လင်းဖန်၏ "ဈေးလျှော့ပေးခြင်း" ကို ကြည့်ပြီး ထိုကျင့်ကြံသူမှာ ဆွံ့အသွားသည်။

“ငါ့မှာ ကျောက်တုံး (၁၀၀) လိုနေတာ မဟုတ်ဘူး တစ်သိန်း လိုနေတာကွ…၊ ငါ အခု မြို့လယ်က သိုင်းပြိုင်ကွင်းကို သွားရမှာ အဲဒီမှာ ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေ ယှဉ်ပြိုင်ကြမလို့။ မင်း တခြားလူကိုပဲ သွားရောင်းတော့…။”

ထိုသို့ ပြောပြီးနောက် ထိုကျင့်ကြံသူသည် လင်းဖန်၏ လက်ကို ခါထုတ်ကာ ရှေ့သို့ ဆက်သွားတော့ သည်။ သို့သော် လင်းဖန်သည် တစ်ဖက်လူ ပြောသွားသော ယှဉ်ပြိုင်ပွဲအကြောင်းကို ကြားလိုက်ရ သောအခါ စိတ်ဝင်စားသွားသည်။ ထို့ကြောင့် သူသည် ထိုကျင့်ကြံသူနောက်သို့ ဆက်လိုက်သွားပြန် သည်။

“မိတ်ဆွေ... ခင်ဗျား ပြောတဲ့ ယှဉ်ပြိုင်ပွဲက ဘာလဲ။ မြို့တော်ထဲမှာ တိုက်ခိုက်တာကို တားမြစ်ထားတာ မဟုတ်ဘူးလား…။”

လင်းဖန် လိုက်လာသည်ကို မြင်သောအခါ ထိုကျင့်ကြံသူက လမ်းလျှောက်ရင်း ခပ်ပေါ့ပေါ့ပင် ရှင်းပြ လိုက်သည်။

“မင်း မြို့တော်ကို ရောက်တာ မကြာသေးဘူး ထင်တယ်။ မြို့တော်ထဲမှာ ပုဂ္ဂလိက တိုက်ခိုက်တာကို ခွင့်မပြု ပေမဲ့ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် သိုင်းပြိုင်ကွင်းတွေကိုတော့ စီစဉ်ပေးထားတယ် လေ..။”

၎င်းကို ကြားသောအခါ လင်းဖန်သည် စီးပွားရေး အခွင့်အလမ်းကြီးကို ရှာဖွေတွေ့ရှိလိုက်သလို ခံစား လိုက်ရသည်။ နှစ်ဖက် တိုက်ခိုက်ကြသောအခါ မိမိ၏ ကုန်ပစ္စည်းများကို ရောင်းချရန် အကောင်းဆုံး အချိန်ပင် မဟုတ်ပါလား။ ဒေါသကြောင့် မျက်ကွယ်နေသော ကျင့်ကြံသူများသည် မိမိတို့၏ တိုက်ခိုက် ရေးစွမ်းအားကို မြှင့်တင်ပေးနိုင်မည့် အခွင့်အရေးကို ငြင်းပယ်ကြမည် မဟုတ်ပေ။

ဤသို့ တွေးမိသည်နှင့် လင်းဖန်သည် သူ၏ သုံးဘီးဆိုင်ကယ်ကို ချက်ချင်း ထုတ်လိုက်ပြီး မြို့လယ်ရှိ သိုင်းပြိုင်ကွင်းဆီသို့ အမြန် နင်းသွားလေတော့သည်။ ကျန်ရစ်ခဲ့သော အပြာရောင်ဝတ် ကျင့်ကြံသူမှာ လင်းဖန်၏ အရှိန်ကို ကြည့်ပြီး မှင်သက်ကျန်ရစ်ခဲ့သည်။

“တောက်... ရက်စက်လိုက်တာ ငါ့ကိုတောင် တစ်ခါတည်း တင်ခေါ်မသွားဘူး…။”

မကြာမီတွင် လင်းဖန်သည် သိုင်းပြိုင်ကွင်း တည်ရှိရာ နေရာကို ရှာတွေ့သွားသည်။ လင်းဖန် ရောက်သွား သောအခါ ပြိုင်ကွင်းထက်တွင် ရွှေအမြုတေအဆင့် ကျင့်ကြံသူ နှစ်ဦးသည် တရားထိုင်နေကြသည်ကို တွေ့ရသည်။ သူတို့သည် တိုက်ပွဲအတွက် အကောင်းဆုံး အခြေအနေသို့ ရောက်ရန် ပြင်ဆင်နေကြပုံ ရလေသည်။

ပြိုင်ကွင်းပတ်ပတ်လည်တွင် လူများစွာ ပြည့်နှက်နေပြီး သူတို့ တိုက်ခိုက်ကြမည့်အချိန်ကို စောင့်ဆိုင်း နေကြသည်။ ဤမြင်ကွင်းမှာ လင်းဖန်ကို အလွန် ပျော်ရွှင်စေခဲ့သည်။ တစ်ခုခု ရောင်းမထွက်လျှင်တောင် ပရိသတ်များကို ကြော်ငြာ၍ ရသေးသည် မဟုတ်ပါလား။

လင်းဖန်သည် ပြိုင်ကွင်းအနီးသို့ တိုးဝှေ့ဝင်ရောက်သွားပြီးနောက် ဘေးလူများ၏ ပြောစကားများမှ တစ်ဆင့် ပြိုင်ပွဲဝင် နှစ်ဦး၏ အခြေအနေကို သိလိုက်ရသည်။ ထိုကျင့်ကြံသူ နှစ်ဦးသည် နတ်မိမယ်လေး တစ်ဦးကို အပြိုင်အဆိုင် သဘောကျနေကြသဖြင့် မနာလိုဖြစ်ပြီး တိုက်ခိုက်ကြခြင်း ဖြစ်သည်ဟု ဆိုကြ သည်။ ဤပြိုင်ပွဲတွင် နိုင်သူကသာ ထိုနတ်မိမယ်လေးအား လိုက်ခွင့်ရမည် ဖြစ်သည်။

လင်းဖန်မှာ ထိုလူနှစ်ယောက်၏ အပြုအမူကို အလွန် နားမလည်နိုင် ဖြစ်နေသည်။ "ရှို့ဆယ်လက်ဖက် ရည်ဆိုင်" မှာ နတ်မိမယ်လေးတွေ ဒီလောက် များနေတာကို ဘာဖြစ်လို့ တစ်ယောက်တည်းအတွက်နဲ့ ဒီလောက်အထိ အသေအလဲ တိုက်နေကြရတာပါလဲ။

All Chapters