← Chapters

အခန်း ၉၉

Vol. 10 Ch. 99

အခန်း ၉၉

Vol. 10 Ch. 99

အခန်း (၉၉) ကျင့်ကြံခြင်းလောကမှာလည်း အိမ်မွေးတိရစ္ဆာန် မွေးတတ်ကြတာလား?

လျူမိသားစုဝင်များ၏ အမြင်တွင်မူ လျူချွမ်းဖုမှာ မြို့တော်အတွင်း၌သာ ရှိနေဦးမည်မှာ သေချာပေ သည်။ အကြောင်းမှာ ဤမြို့တော်ကြီးအတွင်း၌ အလွန်အစွမ်းထက်သော အစီရင်အတားစီးများနှင့် ကန့်သတ်ချက်များ ရှိနေသောကြောင့် ဖြစ်သည်။ 'ကောင်းကင်ယံပျံဝဲဝတ်ရုံ' ၏ စွမ်းအားသည် အံ့မခန်း ဖြစ်သော်လည်း မြို့တော်၏ အစီရင်အတားကို ဖောက်ထွက်ရန်အတွက်မူ အသုံးမဝင်နိုင်ဟု သူတို့ တွေးထားကြသည်။

တစ်ချိန်တည်းမှာပင် အဆင့် (၁) နှင့် (၂) အဖြူရောင်ဓားသွားများကို သန့်စင်ပြီးသွားသော လင်းဖန်သည် လည်း စိတ်အပန်းဖြေရန်အတွက် ဆိုင်ပြင်သို့ လမ်းလျှောက်ထွက်လာခဲ့သည်။ ဆိုင်ပြင်သို့ ခြေလှမ်း လှမ်းလိုက်သည်နှင့် လင်းဖန်သည် လမ်းမပေါ်တွင် လူအချို့က ပုံတူကားချပ်များကို ကိုင်ဆောင်ကာ တစ်ဦးပြီးတစ်ဦး လိုက်လံ မေးမြန်းနေသည်ကို တွေ့လိုက်ရသည်။ ဤမြင်ကွင်းက လင်းဖန်၏ စပ်စုချင် စိတ်ကို ချက်ချင်းပင် နှိုးဆွလိုက်တော့သည်။

"လူပျောက်ကြေညာချက်လား…။ ကြည့်ရတာတော့ မဟုတ်သလိုပဲ။ ရာဇဝတ်သားကို လိုက်ဖမ်းနေတာ လား မသိဘူး…။"

စပ်စုချင်စိတ် ပြင်းပြနေသော လင်းဖန်သည် အနားသို့ အပြေးအလွှား သွားကာ မေးမြန်းလိုက်သည်။

"တာအိုမိတ်ဆွေ... ခင်ဗျားကိုင်ထားတဲ့ ပုံတူက အရေးကြီးတဲ့ ရာဇဝတ်သားတစ်ယောက်ရဲ့ ပုံလား။ သူ ဘာဥပဒေကို ချိုးဖောက်ထားလို့လဲ…။"

ထို လျူမိသားစု တပည့်သည် လင်းဖန်ကို မမှတ်မိပေ။ ထို့ကြောင့် သူတို့ကို ခွေးလိုက်ရှာခိုင်းနေရခြင်း၏ တရားခံမှာ ရှေ့တွင်ရှိနေသော လင်းဖန်ဖြစ်ကြောင်း သူ မသိနိုင်ပေ။ လင်းဖန်၏ မေးခွန်းကို ကြားသော အခါ ထိုတပည့်က ပြန်လည် စုံစမ်းမေးမြန်းလိုက်သည်။

"တာအိုမိတ်ဆွေ... ကျွန်တော်တို့ လျူမိသားစုရဲ့ အရေးကြီးတဲ့ ခွေးတစ်ကောင် ပျောက်သွားလို့ပါ။ ဒီပုံ ထဲက ခွေးပါပဲ။ အကယ်၍ ခင်ဗျားအနေနဲ့ တစ်နေရာရာမှာ တွေ့ခဲ့ရင် ကျွန်တော်တို့ လျူမိသားစုကို သတင်းပေး ပေးပါဦး။ ကျွန်တော်တို့ဘက်က ဆုလာဘ် အမြောက်အမြား ပေးပါ့မယ်…။"

လင်းဖန်သည် ပုံတူကားချပ်ကို အနားကပ်၍ ကြည့်လိုက်သောအခါ ဆွံ့အသွားတော့သည်။ လူပျောက် ရှာနေသည်ဟု ထင်ထားသော်လည်း တကယ်တမ်းတွင်မူ ခွေးပျောက်လိုက်ရှာနေခြင်း ဖြစ်သည်။

*ကျင့်ကြံခြင်းကမ္ဘာက လူတွေကလည်း အိမ်မွေးတိရစ္ဆာန် မွေးတတ်ကြတာလား…*

မည်သို့ပင်ဆိုစေ သူတို့ပေးမည့် ဆုလာဘ်မှာ အတော်အတန် များနိုင်သည်ကို တွေးမိသောအခါ လင်းဖန် သည် ကူညီရှာဖွေပေးရန် ဆုံးဖြတ်လိုက်သည်။ ဤကဲ့သို့သော ငွေရှာမည့် အခွင့်အရေးမျိုးကို သူ လက်လွတ်ခံမည် မဟုတ်ပေ။

"ကောင်းပါပြီ... ငါတွေ့ခဲ့ရင် ခင်ဗျားတို့ဆီ သတင်းပို့လိုက်ပါ့မယ်။ ဒါနဲ့ လျူမိသားစုဆိုတာ... ဘယ်လျူ မိသားစုလဲ…။"

ထိုအခါမှသာ လင်းဖန်သည် တစ်ဖက်လူ ပြောဆိုနေသော လျူမိသားစုကို သတိပြုမိသွားသည်။

*လျူချွမ်းဖု၏ မိသားစုများ ဖြစ်နေမလား…*

အကယ်၍ ထိုသို့သာဆိုလျှင် သူတို့အတွက် သေချာပေါက် ရှာပေးရမည်ဖြစ်သည်။ လျူမိသားစုမှာ ချမ်းသာပြီး ဩဇာအာဏာကြီးမားသဖြင့် ဆုလာဘ်မှာလည်း မနည်းလှပေ။

"ဒီအနားမှာ တခြား နာမည်ကြီး လျူမိသားစု ရှိသေးလို့လား..။ ကျွန်တော်တို့က အဆင့် (၈) မိသားစု ဖြစ်တဲ့ လျူမိသားစုပေါ့…။"

တစ်ဖက်လူ၏ အဖြေကို ကြားလိုက်ရသောအခါ လင်းဖန်သည် ထိုသူမှာ လျူချွမ်းဖု၏ မိသားစုဝင် ဖြစ်ကြောင်း အတည်ပြုနိုင်သွားသည်။

"ကောင်းပါပြီ... ခွေးရှာနေတာကို ငါ မနှောင့်ယှက်တော့ပါဘူး။ သဲလွန်စ တစ်ခုခု တွေ့တာနဲ့ လျူမိသားစု ကို သတင်းပို့လိုက်ပါ့မယ်…။"

ထို့နောက် လင်းဖန်သည် ဆိုင်သို့ ပြန်လာကာ ကျန်းလုံနှင့် ကျောက်ဟူတို့ကိုပါ အတူတူ ဝိုင်းရှာခိုင်းရန် ကြံရွယ်လိုက်သည်။ လူများလေ ရှာတွေ့နိုင်ခြေ ပိုများလေ မဟုတ်ပါလား။ ထိုငွေကို သူ ရအောင် ယူမည်ဟု ဆုံးဖြတ်ထားခဲ့သည်။

" ကျန်းလုံ၊ ကျောက်ဟူ... ပိုက်ဆံရှာရလွယ်တဲ့ အလုပ်တစ်ခု ရှိတယ်။ ငါနဲ့ လိုက်ခဲ့ကြ ရလာတဲ့ အမြတ် ကို မင်းတို့ကိုလည်း ခွဲပေးမယ်…။"

လင်းဖန်၏ ညွှန်ကြားချက်ကို ကြားသောအခါ ကျန်းလုံနှင့် ကျောက်ဟူမှာ တုံ့ဆိုင်းသွားကြသည်။

"စီနီယာ... ကျွန်တော်တို့ ဒီပုံစံကြီးနဲ့ အပြင်ထွက်ပြီး လူတွေနဲ့ တွေ့ဖို့ဆိုတာက အဆင်မပြေလောက်ဘူး ထင်ပါတယ်…။"

လင်းဖန်သည် မလိုက်ချင်သော ပုံစံဖြစ်နေသည့် သူတို့နှစ်ဦးကို ကြည့်ကာ စကားပြောရန် ပြင်လိုက် သည်။ ထိုအချိန်တွင် သူတို့နှစ်ဦး၏ ခေါင်းပေါ်ရှိ အစိမ်းရောင်ဆံပင်များကို မြင်လိုက်ရသောအခါ လင်းဖန်၏ စိတ်ထဲတွင် ရုတ်တရက် အသိတစ်ခု ဝင်လာတော့သည်။

*ဟာ... သွားပြီ။ လျူချွမ်းဖုက ဝတ်ရုံကို ယူပြီး အိမ်ပြန်သွားတာ မကြာသေးဘူး၊ လျူမိသားစုက ခွေးပျောက်လိုက်ရှာနေပြီ။ ဒါဆို အဲဒီခွေးက ကောင်းကင်ယံပျံဝဲဝတ်ရုံ ရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် ဖြစ်မှာပဲ…။*

*အဲဒီခွေးက ခွေးမဟုတ်ဘူး... လူကနေ ပြောင်းလဲသွားတာပဲ…။*

ဤဖြစ်နိုင်ခြေကို စဉ်းစားမိပြီးနောက် လင်းဖန်သည် ခွေးလိုက်ရှာပြီး ငွေရှာမည့် အစီအစဉ်ကို စွန့်လွှတ် လိုက်တော့သည်။ အကယ်၍ သူ ထင်သည့်အတိုင်းသာဆိုလျှင် လျူမိသားစု ခွေးပျောက်ရခြင်း၏ တရားခံမှာ သူကိုယ်တိုင်ပင် ဖြစ်သည်။ သူကိုယ်တိုင် သွားရှာပြီး ဆုလာဘ် တောင်းရမည်မှာ အတော် လေးကို အရှက်ရစရာ ကောင်းလှပေသည်။

အချည်းနှီး အချိန်ကုန်မည့် အလုပ်မျိုးကို သူ ဘယ်တော့မှ မလုပ်ပေ။

"အေးလေ... မင်းတို့ ဆိုင်ကိုပဲ ဆက်စောင့်နေကြတော့။ ဒီအလုပ်က သိပ်မလွယ်ဘူးဆိုတာ ငါ အခုမှ သတိရလို့... မလုပ်တော့ဘူး…။"

လင်းဖန်က သူတို့ကို အပြင်မထွက်ခိုင်းတော့သဖြင့် ကျန်းလုံနှင့် ကျောက်ဟူမှာ သက်ပြင်းချနိုင်သွား ခဲ့ကြသည်။ ကျန်းလုံက လင်းဖန်ကို ကျေးဇူးတင်စကားပင် တန်းပြောလိုက်သည်။

"ကျွန်တော်တို့ရဲ့ အခြေအနေကို နားလည်ပေးလို့ ကျေးဇူးတင်ပါတယ် စီနီယာ။ ကျွန်တော်တို့သာ ဒီပုံစံနဲ့ လမ်းပေါ် ထွက်သွားရင် လူတွေရဲ့ အာရုံစိုက်မှုကို တော်တော်လေး ခံရမှာ သေချာတယ်…။"

ကျန်းလုံ၏ ထိုစကားမှာ လင်းဖန်၏ အာရုံကို ချက်ချင်း ဖမ်းစားသွားတော့သည်။

"ဟင်… လူတွေရဲ့ အာရုံစိုက်မှုကို ခံရမယ် ဟုတ်လား။ ဟာ... ဒီလို ကောင်းမွန်တဲ့ အကြံဉာဏ်ကို ငါ ဘာလို့ အရင်က မစဉ်းစားမိတာလဲ…။"

လင်းဖန် ရုတ်တရက် စိတ်လှုပ်ရှားသွားသည်ကို မြင်သောအခါ ကျန်းလုံ၊ ကျောက်ဟူနှင့် ထဲကျူးတို့မှာ မကောင်းသော အငွေ့အသက်ကို ခံစားလိုက်ရသည်။ မျှော်လင့်ထားသည့်အတိုင်း လင်းဖန်က ပြော လိုက်တော့သည်။

"လာကြ... မင်းတို့ သုံးယောက်စလုံး ဆိုင်ရှေ့မှာ သွားရပ်လိုက်ကြ…။"

"မင်းတို့ရဲ့ အခုပုံစံနဲ့ဆိုရင် ငါတို့ဆိုင်ကို ဖောက်သည်တွေ အများကြီး လာအောင် ဆွဲဆောင်နိုင်မှာ သေချာတယ်…။"

လင်းဖန်၏ စကားကို ကြားသောအခါ သုံးယောက်စလုံး၏ မျက်နှာမှာ ညှိုးငယ်သွားတော့သည်။ တစ်ချိန်တည်းမှာပင် ထဲကျူးနှင့် ကျောက်ဟူသည် ကျန်းလုံကို အံကြိတ်ကာ စိုက်ကြည့်လိုက်ကြသည်။ သူတို့၏ မျက်လုံးများက "ဒီလို အကြံဆိုးကြီး ပေးမိတာ မင်းအမှားပဲ" ဟု ပြောနေသကဲ့သို့ပင်။

ကျန်းလုံမှာလည်း သူ မရည်ရွယ်ဘဲ ပြောမိသည့်အတွက် အလွန် နောင်တရနေမိသည်။ လင်းဖန်က ဤ ကဲ့သို့ အကြံရသွားလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။ သို့သော် လင်းဖန်က အမိန့်ပေးပြီးပြီဖြစ်ရာ သူတို့မှာ ဆိုင်အကူများပီပီ စိတ်မပါသော်လည်း ဆိုင်ရှေ့သို့ ထွက်သွားကြရလေတော့သည်။ ကံကောင်း သည်မှာ သူတို့ သုံးယောက် အတူတူရှိနေသဖြင့် အနည်းငယ်တော့ ရှက်ရသက်သာသည်။

လင်းဖန်၏ အကြံမှာ တကယ်ပင် အလုပ်ဖြစ်ခဲ့သည်။ ထဲကျူးနှင့် သူ၏ သူငယ်ချင်းနှစ်ဦး ဆိုင်ရှေ့တွင် ရပ်နေပြီးနောက် လမ်းသွားလမ်းလာများ၏ အာရုံစိုက်မှုကို အကြီးအကျယ် ရရှိခဲ့လေသည်။ ဆိုင်ရှေ့ရှိ ထိုအစိမ်းရောင်ဆံပင်နှင့် လူသုံးဦးကို မကြည့်ဘဲ ကျော်သွားနိုင်သူဟူ၍ မရှိသလောက်ပင်။

စပ်စုချင်စိတ် ပြင်းပြသူများသည် ဆိုင်ထဲသို့ ဝင်လာကြပြီးနောက် လင်းဖန်၏ အရောင်းအဝယ် နည်း လမ်းများဖြင့် ပစ္စည်းများကို ဝယ်ယူသွားကြတော့သည်။ ထိုနေ့တွင် လင်းဖန်၏ အရောင်း အဝယ်မှာ အလွန်ပင် ကောင်းမွန်ခဲ့သည်။ မှာယူမှု အသေးစားလေးများသာ ဖြစ်သော်လည်း ဖောက်သည် အရေ အတွက်မှာမူ အလွန်ပင် များပြားလှသည်။

"ဟားဟား... ငါ့မှာ တကယ်ကို စီးပွားရေးအမြင် ရှိတာပဲ…။"

"နှမြောစရာပဲ... ဒီအကြံကို စောစောကတည်းက စဉ်းစားမိခဲ့ရင် ကောင်းမှာ…။"

တစ်နေ့တာ ကုန်ဆုံးသွားသော်လည်း ထဲကျူးတို့ သုံးယောက်မှာတော့ ဆိုင်ပိတ်ချိန်ကိုသာ မျှော်လင့် နေကြတော့သည်။

နောက်တစ်နေ့ နံနက်တွင် မြို့တော်ရှိ လျူမိသားစု၏ အိမ်ရှေ့ဂိတ်တံခါးသို့ အဝတ်စတစ်ခု ခြုံထားသော ခွေးနက်လေးတစ်ကောင်မှာ အမောတကောဖြင့် ရောက်ရှိလာသည်။ အသေအချာ ကြည့်လိုက် ပါက ထိုခွေးမှာ ပြီးခဲ့သည့်ရက်က ကောင်းကင်ယံပျံဝဲဝတ်ရုံ ကြောင့် ခွေးအဖြစ် ပြောင်းလဲသွားသော လျူချွမ်းဖုပင် ဖြစ်သည်။

ဝတ်ရုံ၏ ပုန်းကွယ်ခြင်း စွမ်းရည်မှာ အလွန်ကောင်းမွန်လှသဖြင့် သူ ထွက်ပြေးသွားစဉ်က မည်သူမျှ ရှာမတွေ့ခဲ့ပေ။ လိုက်လံ ရှာဖွေနေကြသော လျူမိသားစု တပည့်များပင် သူ့ကို ရှာမတွေ့ခဲ့ကြပေ။

ယခုအချိန်တွင် လျူချွမ်းဖုမှာ တစ်ကိုယ်လုံး ဖုန်တောထဲတွင် လူးလာခဲ့သကဲ့သို့ ပေရေနေတော့သည်။ သူသည် မိသားစုထံ ပြန်မရောက်ခင်အထိ အတော်ပင် ဆင်းရဲပင်ပန်းစွာ ဖြတ်သန်းခဲ့ရပုံ ရသည်။ မြို့တော်အတွင်း၌သာ ရှိနေခဲ့သော်လည်း မြို့တော်၏ ကျယ်ဝန်းမှုမှာ သာမန်ခွေးတစ်ကောင်အတွက်မူ အလွန်ပင် ကြီးမားလှသည်။

သူ ဘယ်လောက်အထိ ဝေးဝေးကို ထွက်ပြေးခဲ့မိသည်ကို သူကိုယ်တိုင်ပင် မသိတော့ပေ။ သူ သိသည်မှာ ထွက်ပြေးခြင်းကို ရပ်တန့်လိုက်ပြီးနောက် လမ်းကို အနိုင်နိုင် ရှာကာ ပြန်လာခဲ့ရခြင်း ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် သူ၏ ဆင်းရဲဒုက္ခများမှာ အဆုံးသတ်သွားပြီဖြစ်ပြီး မိသားစုထံသို့ ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ခွေးအဖြစ် ပြောင်းလဲနေသော လျူချွမ်းဖုသည် အမြီးကို လှုပ်ယမ်းကာ မိသားစုဝင်ပေါက်သို့ လျှောက် သွားစဉ်မှာပင်... ဂိတ်တံခါးရှိ အစောင့်နှစ်ဦးက သူ့ကို လှမ်းမြင်သွားသည်။ ထိုအစောင့်နှစ်ဦးမှာ လျူမိသားစုဝင်များ မဟုတ်ဘဲ အငှားအစောင့်များသာ ဖြစ်ကြသည်။ ထို့ကြောင့် ခွေးရှာရန် တာဝန် မပေးထားသော ထိုအစောင့်နှစ်ဦးသည် ခွေးနက်လေးကို မြင်သည်နှင့် စတင် မောင်းထုတ်လေ တော့သည်။

"ဒီခွေးလေခွေးလွင့်က ဘယ်က ရောက်လာတာလဲ…။ သွား..သွားစမ်း…။"

"ဟေ့... မမောင်းနဲ့ဦး။ ငါတို့ တစ်ညလုံး အစောင့်ကျထားတာ... ဒီခွေးကို သတ်စားလိုက်ရင် အားရှိ သွားမှာပဲ…။"

"ဟာ... ဒီလို သာမန်ခွေးအသားက ဘာစားလို့ကောင်းမှာလဲ။ ကြည့်စမ်း... ပိန်ခြောက်နေတာပဲ၊ အသား လည်း ရှိမှာ မဟုတ်ဘူး…။"

"ပိန်ပိန်၊ ဝဝ အသားပဲလေကွာ။ အမြည်းလုပ်စားလို့ ရတာပဲ။ မနေ့ညက တစ်ညလုံး မိသားစုဝင်တွေ အဝင်အထွက်များနေလို့ ငါ ခိုးပြီးတောင် နားလို့ မရခဲ့ဘူး…။"

"အေးလေ... အဲဒါလည်း ဟုတ်တာပဲ။ ခွေးပျောက်ရှာနေတယ်ဆိုပြီး သူတို့တွေ ဘာတွေ ဖြစ်နေမှန်းကို မသိဘူး…။"

ပြောပြောဆိုဆိုနှင့်ပင် ထိုအစောင့်နှစ်ဦးမှာ လျူချွမ်းဖု (ခွေး) ကို ဖမ်းဆီးရန်အတွက် လျှောက်လာကြ လေတော့သည်...။

All Chapters