← Chapters

အခန်း ၁၁၁

Vol. 12 Ch. 111

အခန်း ၁၁၁

Vol. 12 Ch. 111

အခန်း (၁၁၁) ဒါက အင်မော်တယ်ဘုံလား။ ငါက အင်မော်တယ်တစ်ပါး ဖြစ်သွားပြီလား။

ဒီအရှက်မရှိတဲ့ ကောင်နှစ်ကောင်ကို သူ၏ သန့်စင်ရာမြေထဲသို့ ခေါ်သွင်းသင့်၊ မသင့် သူ စဉ်းစားနေမိ ပြီဖြစ်၏။

လမ်းတစ်ဝက်အရောက်တွင် လင်းဖန် ရုတ်တရက် ရပ်တန့်လိုက်သည်။ လောလောဆယ်တွင် ပို၍ သင့်တော်သော လူမရှိတော့ကြောင်း သူ သတိပြုမိသွားသည်။

*ဒီကောင်နှစ်ကောင်က နည်းနည်းတော့ စိတ်ပျက်စရာကောင်းပေမယ့် သူတို့ကိုသာ စည်းရုံးလိုက်နိုင် မယ်ဆိုရင် ငါတို့ရဲ့ သန့်စင်ရာမြေထဲက လူဦးရေက ချက်ချင်းကို နှစ်ဆတိုးသွားမှာပဲလေ…။*

ထိုသို့တွေးမိပြီးနောက် လင်းဖန်သည် ပြန်ထိုင်လိုက်သည်။

"မင်းတို့နှစ်ယောက်ပြောခဲ့တာတွေကို ပြန်ပြင်ပြောဖို့ အခွင့်အရေးတစ်ကြိမ် ငါ ပေးမယ်…။"

လင်းဖန်၏ အမူအကျင့်နှင့် လေသံကြောင့် သူတို့နှစ်ယောက်သည် တစ်ခုခု မှားယွင်းစွာ ပြောဆိုမိသွား ကြောင်း သတိပြုမိသွားလိုက်ကြ၏။

ခဏတာ စဉ်းစားပြီးနောက် ကျန်းလုံက အရင်စတင်၍ပြောဆိုလိုက်သည်။

"စီနီယာ... ငါက နောက်နေတာပါ။ ငါ့ရဲ့ အိပ်မက်က ချမ်းသာကြွယ်ဝပြီး စိတ်ဝိညာဉ်ကျောက်တုံးတွေ အများကြီး အများကြီး ပိုင်ဆိုင်ချင်တာပါ…။"

ကျန်းလုံ၏ စကားကို ကြားသောအခါ ကျောက်ဟူလည်း အခြေအနေကို နားလည်သွားပြီး ချက်ချင်း ပင် ထောက်ခံလိုက်သည်။

"ငါလည်း အဲဒီလိုပဲ…။"

ဒီတစ်ကြိမ်တွင်တော့ သူတို့၏ အဖြေများနှင့် ပတ်သက်၍ လင်းဖန်သည် အနည်းငယ် ကျေနပ်သွား ချေပြီ။

"ဒါမှပေါ့ကွ။ စိတ်ဝိညာဉ်ကျောက်တုံးတွေသာ ရှိမယ်ဆိုရင် မင်းတို့က ရှို့ဆယ် လက်ဖက်ရည်ဆိုင်ကို သွားပြီး လက်ဖက်ရည်သောက်ရင်း အဲဒီမှာ နတ်သမီးအမျိုးမျိုးကို ရှာတွေ့နိုင်တာပေါ့…။"

"စိတ်ဝိညာဉ်ကျောက်တုံးတွေကို အမြန်ဆုံး ဘယ်လိုရနိုင်မလဲဆိုတာ မင်းတို့ သိလား…။"

ထိုမေးခွန်းကို စဉ်းစားပြီးနောက် သူတို့နှစ်ယောက်သည် မတူညီသော အဖြေများကို ပေးခဲ့ကြသည်။

ပထမဆုံး ဖြေဆိုသူမှာ ကျောက်ဟူဖြစ်သည်။

"စီနီယာ... သွားပြီး လုယူလိုက်တာက အမြန်ဆုံးနည်းလမ်းပါပဲ…။ "

ကျောက်ဟူ၏ စကားကြောင့် လင်းဖန်ထံမှ ချီးကျူးလိုသော အကြည့်တစ်ချက် ချက်ချင်း ထွက်ပေါ် လာသည်။ မထင်မှတ်ထားဘဲ ပုံမှန်အားဖြင့် အနည်းငယ် တုံးအဟန်ရှိသော ကျောက်ဟူက သူနှင့် အတွေးတူနေခဲ့လေသည်။

ကျောက်ဟူသည် ဟင်းလင်းပြင် သန့်စင်ရာမြေက မဖြစ်မနေ လိုချင်သောသူ ဖြစ်သည်။ သူတို့အနေဖြင့် ဤကဲ့သို့သော ပါရမီရှင်တစ်ယောက်ကို လက်လွတ်ခံ၍ မဖြစ်နိုင်ပေ။

ကျောက်ဟူ ဖြေဆိုပြီးနောက် သူ၏ဘေးတွင် ရပ်နေသော ကျန်းလုံကလည်း စကားဆိုလာခဲ့သည်။

"စီနီယာ... ငါထင်တာက ခင်ဗျား တည်ဆောက်ထားတဲ့ အင်အားစုက ပိုကြီးမားလေ၊ ပိုက်ဆံရှာနိုင်တဲ့ နှုန်းက ပိုမြန်လေပဲလို့ ထင်တယ်…။"

လင်းဖန်သည် ကျန်းလုံ၏ အဖြေကို အလွန်ကျေနပ်သွားသည်။ အကြောင်းမှာ သူ၏ စကားများမှ တစ်ဆင့် သူတို့နှစ်ယောက်ကို သူနှင့်ပူးပေါင်းရန် အလွယ်တကူ စည်းရုံးနိုင်သောကြောင့်ဖြစ်သည်။

"မင်းတို့နှစ်ယောက်လုံး ပြောတာ မှန်ပါတယ်။ အထူးသဖြင့် ကျန်းလုံပေါ့။ အဲဒီ ကြီးမားတဲ့ အင်အားစု ကြီးတွေ ငွေရှာတဲ့နှုန်းက မင်းတို့ စိတ်ကူးကြည့်လို့ရနိုင်တဲ့ အတိုင်းအတာထက်တောင် ကျော်လွန် နေတာ…။"

"တကယ်လို့ မင်းတို့အတွက် အစွမ်းထက်တဲ့ အင်အားစုတစ်ခုထဲ ဝင်ရောက်ပြီး ချမ်းသာကြွယ်ဝမှု တွေကို အမြန်ဆုံးစုဆောင်းပြီး ထျန်းယွမ်တိုက်ကြီးရဲ့ အရင်းအမြစ်တွေကို သိမ်းပိုက်နိုင်မယ့် အခွင့် အရေးတစ်ခု ရှိလာမယ်ဆိုရင် မင်းတို့ ဆန္ဒရှိလား…။"

ထိုစကားကို ကြားသောအခါ ကျန်းလုံနှင့် ကျောက်ဟူတို့၏ မျက်လုံးများ အရောင်လက်သွားသည်။

ဒါက ထယ်ကျူး ပြောခဲ့တဲ့ သတင်းကောင်းပဲ ဖြစ်ရမယ်။

"စီနီယာ... ငါ ဆန္ဒရှိပါတယ်…။"

"ငါလည်း ဆန္ဒရှိပါတယ်…။"

သူတို့နှစ်ယောက်သည် အလွန် ပြတ်သားစွာ ဖြေဆိုလိုက်ကြသည်။

သူတို့ကဲ့သို့သော လွတ်လပ်သည့် ကျင့်ကြံသူများသည် အလွန်ဆုံး အင်အားကြီးမားသော အဖွဲ့အစည်း များအတွက် အလုပ်လုပ်ပေးရုံသာရှိပြီး ထိုအဖွဲ့အစည်းများထဲသို့ ဝင်ရောက်ခွင့်ရသည်ဟု မသတ်မှတ် နိုင်ပေ။ မည်သို့ပင်ဆိုစေကာမူ သူတို့၏ ယခင် အရည်အချင်းများအရဆိုလျှင် ထိုအင်အားကြီး အဖွဲ့ အစည်းများက သူတို့ကို လိုချင်မည် မဟုတ်ပေ။

ယခု သူတို့အတွက် အစွမ်းထက်သော အင်အားစုတစ်ခု၏ အဖွဲ့ဝင်ဖြစ်လာရန် အခွင့်အရေး ရရှိနေပြီ ဖြစ်ရာ ဘယ်လိုလုပ်ပြီး ငြင်းဆန်နိုင်မည်နည်း။

သူတို့နှစ်ယောက် သဘောတူလိုက်သည်ကို မြင်သောအခါ လင်းဖန်သည် အချိန်ထပ်မဖြုန်းတော့ဘဲ ချက်ချင်းပင် ဖိတ်ခေါ်လိုက်သည်။

"ရိုးရိုးသားသား ပြောရရင် ငါ့ရဲ့ နောက်ကွယ်မှာ အစွမ်းထက်တဲ့ အင်အားစုတစ်ခု ရှိတယ်။ ဟင်းလင်း ပြင် သန့်စင်ရာမြေလို့ ခေါ်တယ်…။"

"ဟင်းလင်းပြင် သန့်စင်ရာမြေက လက်ရှိမှာ လူသစ်စုဆောင်းနေတယ်။ ဟင်းလင်းပြင် သန့်စင်ရာမြေကို ကိုယ်စားပြုပြီး ငါတို့နဲ့ ပူးပေါင်းဖို့ မင်းတို့ကို ငါ တရားဝင် ဖိတ်ခေါ်ပါတယ်…။"

ကျန်းလုံနှင့် ကျောက်ဟူတို့သည် "ဟင်းလင်းပြင် သန့်စင်ရာမြေ" ဟူသော စကားလုံးကြောင့် သိသိ သာသာပင် လန့်ဖျန့်သွားကြလေသည်။

သူတို့နှစ်ယောက်သည် မယုံကြည်နိုင်စွာဖြင့် မေးလိုက်ကြသည်။

"စီ…စီနီယာ... ဒါ တကယ်ပဲ အဆင်ပြေပါ့မလား…။"

"ငါတို့ကို အခုလို အထင်ကြီးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ။ ငါတို့က အနာဂတ်မှာ ဟင်းလင်းပြင် သန့်စင်ရာမြေအတွက်ဆိုရင် မီးထဲရေထဲကိုတောင် ရဲရဲဝံ့ဝံ့ ဖြတ်သန်းပေးပါ့မယ်…။"

သူတို့၏ စကားများကို ကြားသောအခါ လင်းဖန် ပြုံးလိုက်သည်။

"ကောင်းပြီ၊ အခု မင်းတို့ ငါနဲ့အတူ သစ္စာဆိုပြီး ဟင်းလင်းပြင် သန့်စင်ရာမြေကို တရားဝင် ဝင်ရောက်ကြ တာပေါ့"

သူတို့နှစ်ယောက်သည် ပိုမိုကြီးမား အစွမ်းထက်လာအောင် ကြိုးစားပြီး ဂုဏ်ကျက်သရေအသစ်များကို သန့်စင်သွားမည်ဟု သစ္စာဆိုပြီးနောက် လင်းဖန်သည် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

"သွားပြီး ထယ်ကျူးကို ခေါ်လာခဲ့။ အခု မင်းတို့ သန့်စင်ရာမြေထဲ ဝင်ပြီးပြီဆိုတော့ မင်းတို့ရဲ့ အိမ်သစ်နဲ့ ရင်းနှီးသွားအောင် အဲဒီကို ငါ ခေါ်သွားပြီး ပြပေးမယ်…။"

ဟင်းလင်းပြင် သန့်စင်ရာမြေ၏ အသေးစိတ် အချက်အလက်များကို မသိရှိကြသေးသော သူတို့နှစ်ဦး သည် စိတ်လှုပ်ရှားစွာဖြင့် ထယ်ကျူးကို ခေါ်ရန် ဆိုင်ထဲသို့ ပြေးဝင်သွားကြလေသည်။ သူတို့ ပြေးသွား ရင်းပင် အနာဂတ်အကြောင်းကို ဆက်တိုက် စိတ်ကူးယဉ်နေမိကြသည်။

*ဒါက သန့်စင်ရာမြေတဲ့... ကျုံးကျိုးမှာပဲ ဒီလို အထွတ်အထိပ် အင်အားစုမျိုး ရှိတယ်လို့ ပြောကြ တာလေ…။*

*ငါတို့လည်း သန့်စင်ရာမြေရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာတော့မှာလား…။*

*ဒါဆိုရင် ငါတို့က တခြားလူတွေရဲ့ မောက်မာတဲ့ အပြုအမူတွေကို သည်းခံစရာ မလိုတော့ဘူးပေါ့။ အပြင်ထွက်တဲ့အခါ သန့်စင်ရာမြေရဲ့ တပည့်တွေကို ဘယ်သူက မျက်နှာမပေးဘဲ နေရဲမှာလဲ…။*

ခဏအကြာတွင် ကျန်းလုံနှင့် ကျောက်ဟူတို့သည် ခြံနောက်ဘက်သို့ ထယ်ကျူးကို ခေါ်ဆောင်လာခဲ့ ကြသည်။ သူတို့သုံးယောက်၏ မတူညီသော မျက်နှာအမူအရာများကို ကြည့်ရင်း လင်းဖန်သည် ဖြည်းညင်းစွာ ပြောလိုက်သည်။

"ကောင်းပြီ… အားလုံးစုံသွားပြီ။ အခု ဒီမှာရှိနေတဲ့သူတွေက ငါတို့ ဟင်းလင်းပြင် သန့်စင်ရာမြေရဲ့ လက်ရှိအဖွဲ့ဝင် အားလုံးပဲ…။"

"မင်းတို့ အရမ်းကြီး အံ့သြမသွားရအောင် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားလို့ရဖို့ ငါတို့ ဟင်းလင်းပြင် သန့်စင်ရာမြေရဲ့ အခြေစိုက်စခန်းဆီ အရင်ဆုံး ခေါ်သွားပေးမယ်…။"

လင်းဖန်၏ စကားကို ကြားသောအခါ သန့်စင်ရာမြေ၏ အခြေအနေကို နားမလည်သေးသော ကျန်းလုံ သည် ချက်ချင်းပင် သံသယဝင်သွားသည်။

"စီနီယာ... အဖွဲ့ဝင်အားလုံးဆိုတဲ့ အဓိပ္ပာယ်က အရှေ့ဘက်ဒေသမှာရှိတဲ့ အဖွဲ့ဝင်အားလုံးကို ပြောတာ လား…။"

လင်းဖန် ရှင်းပြပြီးနောက် ကျန်းလုံနှင့် ကျောက်ဟူတို့မှာ ယခင်က ထယ်ကျူးကဲ့သို့ပင် လုံးဝ မှင်တက် ဆွံ့အသွားခဲ့ကြသည်။ လင်းဖန်သည် သူတို့၏ ကြောင်တောင်တောင် ဖြစ်နေသော အမူအရာများကို လျစ်လျူရှုထားလိုက်သည်။

လင်းဖန်သည် ဟင်းလင်းပြင် တိုကင် သုံးခုကို ထုတ်ယူကာ သူတို့ထံ ကမ်းပေးလိုက်သည်။

"ကဲ... ကြောင်မနေကြနဲ့တော့၊ ဒီတိုကင်ကို ယူလိုက်ကြ…။"

"ဒါက ငါတို့ ဟင်းလင်းပြင် သန့်စင်ရာမြေရဲ့ ဟင်းလင်းပြင် တိုကင်ပဲ။ ဒီတိုကင်ရှိရင် မင်းတို့ ဘယ်နေရာ မှာပဲ ရောက်နေရောက်နေ သန့်စင်ရာမြေဆီကို ချက်ချင်း ပြန်လာလို့ရတယ်…။"

"ပြီးတော့ ငါတို့ရဲ့ ဟင်းလင်းပြင် သန့်စင်ရာမြေက တကယ်ကို ဘယ်လို မှော်ဆန်တဲ့ နေရာမျိုးလဲဆိုတာ ငါ ပြပေးမယ်…။"

လင်းဖန် ကမ်းပေးသော တိုကင်ကို ကြည့်ရင်း သူ၏ စကားများကို ကြားပြီးနောက်။ သူတို့သုံးယောက် သည် နားမလည်နိုင်သော အမူအရာများ ထပ်မံဖြစ်ပေါ်လာပြန်သည်။ သံသယဖြစ်နေသော မျက်နှာထား များဖြင့် သူတို့သုံးယောက်သည် တိုကင်ကို အသက်သွင်းလိုက်ကြသည်။

သူတို့ဘာမျှ မတုံ့ပြန်နိုင်မီမှာပင် ရုတ်တရက် နတ်ပြည်သို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ကြရသည်။

"ဟင်းလင်းပြင် သန့်စင်ရာမြေကနေ ကြိုဆိုပါတယ်။ အခုကစပြီး ဒါက မင်းတို့ရဲ့ အိမ်ပဲ…။"

ပတ်ဝန်းကျင် အနေအထားကို ကြည့်ရှုရင်း အလွန်ကြွယ်ဝသိပ်သည်းလှသော စိတ်ဝိညာဉ်စွမ်းအင်များ ကို ခံစားလိုက်ရသည်။ ထိုအခိုက်အတန့်တွင် ဟင်းလင်းပြင် သန့်စင်ရာမြေ၌ လူလေးယောက်သာ ရှိသည်ကို ကြားခဲ့ရစဉ်က ခံစားခဲ့ရသော စိတ်ပျက်မှုမျိုး သူတို့သုံးယောက်ထံ၌ မရှိတော့ပေ။ သူတို့၏ ရင်ထဲတွင် ကြီးမားလှသော ဝမ်းသာပျော်ရွှင်မှုများက ပြည့်လျှံသွားခဲ့သည်။

"ဘုရားရေ... ဒါက အင်မော်တယ်ဘုံလား။ ငါ... ငါက အင်မော်တယ်တစ်ပါး ဖြစ်သွားပြီလား…။"

"ဒီလောက်သိပ်သည်းတဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေနဲ့ဆိုတော့ ဒီနေရာကို ထိပ်တန်းအဆင့် စိတ်ဝိညာဉ် ကျောက်တုံးတွေနဲ့ တည်ဆောက်ထားတာများလား…။"

"ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့ တည်ဆောက်ထားတဲ့ နေရာဆိုရင်တောင် ဒါနဲ့ ယှဉ်လို့ မရနိုင်ပါဘူး…။"

သူတို့သုံးယောက်သည် သူတို့ရှေ့ရှိ မြင်ကွင်းကို ကြည့်ကာ အံ့သြတကြီး ရေရွတ်ရင်း တစ်ယောက်တစ် ပေါက် မှတ်ချက်ချနေကြသည်။ သူတို့သုံးယောက်၏ မျက်နှာပေါ်ရှိ အံ့အားသင့်နေသော အမူအရာများ ကို မြင်သော်လည်း လင်းဖန်မှာ မအံ့သြခဲ့ပေ။

အကြောင်းမှာ သူ ထွက်ခွာသွားခဲ့သော ရက်အနည်းငယ်အတွင်း ဤကောင်းချီးပေးခံရသော မြင့်မြတ် နယ်မြေရှိ စိတ်ဝိညာဉ်စွမ်းအင် သိပ်သည်းဆသည် အဆင့်သစ်တစ်ခုအထိ မြင့်တက်လာလိမ့်မည်ဟု သူ ကိုယ်တိုင်လည်း မျှော်လင့်ထားခဲ့သောကြောင့်ဖြစ်သည်။ ဤသည်မှာ သူ၏ ကျင့်ကြံမှုအဆင့်က ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်သို့ အလိုအလျောက် တက်လှမ်းသွားသောကြောင့် ဖြစ်ရပေမည်။

"ကဲ... မင်းတို့သုံးယောက် ငါတို့ ဟင်းလင်းပြင် သန့်စင်ရာမြေရဲ့ ပတ်ဝန်းကျင်ကို ကျေနပ်ကြရဲ့လား…။"

လင်းဖန်၏ မလိုအပ်ဟု ထင်ရသော မေးခွန်းကို ကြားသောအခါ သူတို့သုံးယောက် အလျင်အမြန် ခေါင်းညိတ်ပြလိုက်ကြသည်။

"ငါတို့ အရမ်းကျေနပ်ပါတယ် စီနီယာ။ နောင်ကျရင် ငါတို့ ဒီကိုလာပြီး မကြာခဏ ကျင့်ကြံလို့ ရနိုင် မလား…။"

လင်းဖန်သည် သူတို့၏ တောင်းဆိုမှုကို သဘာဝကျကျပင် ငြင်းပယ်မည် မဟုတ်ပေ။

"ဒါပေါ့ ရတာပေါ့။ ဒါပေမဲ့ မင်းတို့က သန့်စင်ရာမြေထဲ ဝင်လာပြီဆိုတော့ အကျိုးခံစားခွင့်တွေကို ရယူနေတဲ့အချိန်မှာ သန့်စင်ရာမြေရဲ့ တိုးတက်မှုအတွက်လည်း မင်းတို့ဘက်က အထောက်အကူပြု ပေးရမယ်…။"

ထိုသို့ပြောပြီးနောက် လင်းဖန်သည် ခဏရပ်ကာ သူတို့သုံးယောက်ကို ကြည့်လိုက်သည်။

လင်းဖန်က သူတို့၏ တာဝန်ဝတ္တရားများအကြောင်း ပြောတော့မည်ကို သူတို့သုံးယောက် သိရှိသော ကြောင့် ချက်ချင်းပင် အလေးအနက်ထားလိုက်ကြသည်။ သုံးယောက်သား သေချာအာရုံစိုက် နားထောင်နေသည်ကို မြင်သောအခါ လင်းဖန်သည် အလွန်ကျေနပ်သွားပြီး ဆက်ပြောလိုက်သည်။

"မင်းတို့ မြင်တဲ့အတိုင်းပဲ ငါတို့ရဲ့ သန့်စင်ရာမြေကို တည်ထောင်ထားတာ ရက်အနည်းငယ်ပဲ ရှိသေး တော့ ပါရမီရှင်တွေ အလွန်လိုအပ်နေတယ်။ ဒါကြောင့် အခုကစပြီး လူသစ်စုဆောင်းဖို့တာဝန်ကို မင်းတို့ တာဝန်ယူရမယ်…။"

"မင်းတို့မှာ ပစ်မှတ်ထားတဲ့သူ ရှိလာပြီဆိုရင် မင်းတို့ဆိုခဲ့တဲ့ သစ္စာစကားကို သူတို့ကို လိုက်ဆိုခိုင်းလိုက် ရုံနဲ့ အဖွဲ့ထဲကို ဝင်ရောက်စေလို့ရပြီ…။"

လင်းဖန်၏ စကားကို ကြားသောအခါ သူတို့သုံးယောက် အလျင်အမြန် ခေါင်းညိတ်လိုက်ကြသည်။

"စိတ်မပူပါနဲ့ ဆိုင်ရှင်... ငါက သန့်စင်ရာမြေထဲကို လူတွေ ပိုများလာအောင် သေချာပေါက် ခေါ်လာခဲ့ ပါ့မယ်…။"

"စီနီယာ... ငါတို့ မိသားစုကြီးတစ်ခုအတွက် အလုပ်လုပ်ပေးတုန်းက တူညီတဲ့အလုပ်မျိုး လုပ်တဲ့ သူငယ်ချင်းအများကြီးနဲ့ တွေ့ခဲ့ရတယ်။ သူတို့ကိုရော ငါတို့ ခေါ်လာလို့ရမလား…။"

ထိုစကားကို ကြားပြီးနောက် လင်းဖန် ခေါင်းညိတ်ပြလိုက်သည်။

"ဒါပေါ့... လူသားဖြစ်သရွေ့ ငါတို့ အကုန်လက်ခံတယ်။ ဒါပေမဲ့ သတ်မှတ်ချက်အနေနဲ့ သူတို့က သစ္စာဆို ရမယ်ဆိုတာတော့ အသေချာပဲပေါ့…။"

All Chapters