← Chapters

အခန်း ၁၁၃

Vol. 12 Ch. 113

အခန်း ၁၁၃

Vol. 12 Ch. 113

အခန်း (၁၁၃) လီယွမ်ဖေး၏ တောင်းဆိုချက်

လင်းဖန်၏ စကားများက လီယွမ်ဖေး၏ စိတ်ထဲတွင် မေးခွန်းတစ်ခု ချက်ချင်း ဖြစ်ပေါ်လာစေသည်။

"ဟင်းလင်းပြင် သန့်စင်ရာမြေ... အဲဒါက ဘယ်လိုနေရာမျိုးလဲ။ အဲဒါက ရှောင်လင်းတို့ မိသားစု ဒါမှ မဟုတ် ဂိုဏ်းရဲ့ အင်အားစု တစ်ခုခုလား…။"

"ဟီးဟီး... အဲဒါက ဦးလေးလီ အရင်က ရောက်ဖူးတဲ့ မြင့်မြတ်သောနယ်မြေလေးပါ။ နာမည်ကို ဟင်းလင်းပြင် ဈေးကွက်ကနေ ဟင်းလင်းပြင် သန့်စင်ရာမြေလို့ ငါ ပြောင်းလိုက်တာ။ အဲဒါက အနာဂတ် မှာ ငါ့ရဲ့ အင်အားစုအသစ်အတွက် အခြေစိုက်စခန်း ဖြစ်လာမှာလေ…။"

လင်းဖန်၏ ရှင်းပြချက်ကို ကြားသောအခါ လီယွမ်ဖေး ရုတ်တရက် နားလည်သွားသည်။

"ဪ... အဲဒီနေရာကိုး။ ဒါပေမဲ့ အဲဒီမှာ စိတ်ဝိညာဉ်စွမ်းအင် သိပ်သည်းဆ အရမ်းမြင့်တယ်ဆိုပေမယ့် မင်း ခုနက ပြောသလောက် အဆင့်တော့ မဟုတ်သေးပါဘူး…။"

"ဦးလေးလီ... ဒီမြင့်မြတ်သောနယ်မြေက ငါ့ရဲ့ ကျင့်ကြံမှုအဆင့်နဲ့အတူ အဆင့်တက်လာတာလေ။ ဦးလေး အဲဒီကို ရောက်တုန်းက ငါက ရွှေအမြုတေအဆင့်ပဲ ရှိသေးတာ။ အခု ငါက ဟင်းလင်းပြင် သန့်စင်ခြင်းအဆင့်ကို ရောက်နေပြီဆိုတော့ အလိုလိုပဲ အရင်ကနဲ့ မတူတော့ဘူးပေါ့…။"

ထိုစကားကို အတည်ပြုရန်အတွက် လင်းဖန်သည် လီယွမ်ဖေးနှင့် လီလဲ့ယန်တို့ကို ဟင်းလင်းပြင် သန့်စင်ရာမြေသို့ လည်ပတ်ရန် ဖိတ်ခေါ်လိုက်သည်။ သူတို့သုံးယောက် ဟင်းလင်းပြင် သန့်စင်ရာမြေ ထဲသို့ ဝင်ရောက်သွားပြီးနောက်။

လီယွမ်ဖေးသည် အလွန်ကြွယ်ဝသိပ်သည်းလှသော စိတ်ဝိညာဉ်စွမ်းအင်များကို ချက်ချင်းပင် ခံစားလိုက်ရသည်။

*ဒီနေရာမှာသာ အချိန်အကြာကြီး နေမယ်ဆိုရင် ဝက်တစ်ကောင်တောင်မှ အင်မော်တယ်အဖြစ် တက်လှမ်းသွားနိုင်လောက်တယ်…။*

ဒီနေရာက သူ ပထမဆုံးအကြိမ် ရောက်ခဲ့တုန်းကထက် အများကြီး ပိုကျယ်ဝန်းလာတယ်ဟုလည်း ခံစားလိုက်ရလေသည်။

ထို့နောက် လီယွမ်ဖေး၏ စိတ်ထဲတွင် အတွေးတစ်ခု ရုတ်တရက် ပေါ်လာသည်။

"ရှောင်လင်း... ဦးလေးလီမှာ အကူအညီတောင်းစရာလေး တစ်ခုရှိတယ်။ ဒီနေရာမှာ ကျင့်ကြံဖို့အတွက် နေရာအနည်းငယ်လောက် ဦးလေး ဝယ်လို့ရမလား…။"

လီယွမ်ဖေး၏ စကားကြောင့် လင်းဖန် အံ့အားသင့်သွားသည်။

ထိုသို့ဖြစ်ရခြင်းမှာ လီယွမ်ဖေး၏ တောင်းဆိုမှုက သူ့ကို အခက်တွေ့စေ၍ မဟုတ်ပေ။ ယင်းအစား သူ လျစ်လျူရှုထားမိသော ငွေရှာသည့် နည်းလမ်းတစ်ခုကို ရုတ်တရက်သတိရသွားသောကြောင့်ဖြစ်သည်။

*ကျင့်ကြံဖို့နေရာတွေ ရောင်းမယ်ဆိုတဲ့ အကြံဉာဏ်ကို အရင်က ငါ ဘာလို့ မတွေးမိခဲ့ပါလိမ့်…။*

*ဒါက ဘာရင်းနှီးမြှုပ်နှံမှုမှမပါဘဲ အလကားနီးပါး အမြတ်ထွက်စေမယ့် ပြီးပြည့်စုံတဲ့ အရောင်းအဝယ် တစ်ခုပဲ…။*

ထိုသို့တွေးမိပြီးနောက် လင်းဖန်သည် သူ့ကို အလင်းပြပေးခဲ့သော လီယွမ်ဖေးအား ကျေးဇူးတင်ရန် ဆုံးဖြတ်လိုက်သည်။

"ဦးလေးလီ... ဒီနေရာအနည်းငယ်အတွက်နဲ့ ငါတို့ ဆက်ဆံရေးမှာ ဝယ်ဖို့ကိစ္စတွေ ပြောနေစရာ မလိုပါ ဘူး။ ဦးလေး လွှတ်ချင်တဲ့သူကိုသာ လွှတ်လိုက်ပါ…။"

လင်းဖန်က သူ၏ တောင်းဆိုချက်ကို သဘောတူလိုက်သည်ကို ကြားသောအခါ လီယွမ်ဖေး အလွန် စိတ်လှုပ်ရှားသွားသည်။

"ရှောင်လင်း... ကျေးဇူးအများကြီးတင်ပါတယ်။ ငါတို့ အပြင်ထွက်ပြီး ဂိုဏ်းတည်ထောင်ပြီးသွားရင် မင်းက ငါတို့ဂိုဏ်းရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော် အမြဲတမ်း ဖြစ်နေမှာပါ…။"

လီယွမ်ဖေး၏ စကားကြောင့် လင်းဖန်မှာ သံသယဖြစ်သွားသည်။

"ဦးလေးလီ... အရင်တုန်းက ဦးလေးတို့အားလုံးက အင်မော်တယ်တိမ်တိုက်ဂိုဏ်းကို ပြန်လာချင်ခဲ့ ကြတာ မဟုတ်ဘူးလား။ အခု အင်မော်တယ်တိမ်တိုက်ဂိုဏ်းကို ပြန်ရောက်နေပြီဆိုမှ ဘာလို့ ကိုယ်ပိုင် အင်အားစုကို သွားတည်ထောင်တော့မှာလဲ…။"

လင်းဖန်၏ မေးခွန်းကို ကြားသောအခါ လီယွမ်ဖေး၏ အပြုံးက အနည်းငယ် မှေးမှိန်သွားသည်။ ထို့ နောက် လီယွမ်ဖေး သက်ပြင်းချကာ ဇာတ်ကြောင်းတစ်ခုလုံးကို လင်းဖန်အား ပြောပြလိုက်သည်။

"ဟူး... အဓိကကတော့ ချင်းယွင်ဂိုဏ်းက တပည့် နှစ်ရာလောက်ကြောင့်ပါပဲ…။"

"ရိုးရိုးသားသားပြောရရင် သူတို့ကို အင်မော်တယ်တိမ်တိုက်ဂိုဏ်းကို ခေါ်လာတာက သူတို့အတွက် ကောင်းမယ်လို့ ထင်ခဲ့မိတဲ့ ငါ့ရဲ့ အသိဉာဏ်တိမ်မှုကြောင့်ပါ…။"

"ဒါပေမဲ့ နောက်ပိုင်းမှာ သူတို့က အရှေ့ဘက်ဒေသမှာတုန်းကလောက် မပျော်ရွှင်ကြတော့ဘူးလို့ ငါ ခံစား လာရတယ်။ အားလုံးက ကြောက်ရွံ့တွန့်ဆုတ်နေကြတယ်…။"

"ဒီအခြေအနေကို သတိထားမိပြီးနောက်မှာ သူတို့နဲ့ ငါ စကားပြောကြည့်တော့ ဒီကိုရောက်လာ ကတည်းက သူများအိမ်မှာ ကပ်နေရသလို အမြဲခံစားနေရတယ်လို့ ငါ့ကို ပြောကြတယ်…။"

"အဲဒီအချိန်ကျမှပဲ ငါ နည်းနည်း တစ်ကိုယ်ကောင်းဆန်သွားခဲ့ပြီဆိုတာ ငါ သိလိုက်ရတယ်…။"

"ငါက အင်မော်တယ်တိမ်တိုက်ဂိုဏ်းမှာ ကြီးပြင်းလာတာဆိုတော့ သဘာဝကျကျပဲ ငါ့အိမ်လို့ ခံစား ရပေမယ့် သူတို့အတွက်ကတော့ အဲဒီလို မဟုတ်ဘူးလေ…။"

ထိုစကားကို ကြားသောအခါ လင်းဖန် အနည်းငယ် နားလည်သွားလေသည်။

မှန်ပေသည်။ သူ့လိုပင် သူသည်လည်း ထျန်းယွမ်တိုက်ကြီးအပေါ် မိမိအိမ်ဟူသော ခံစားချက်မျိုး မရှိကြသေးပေ။

"ဦးလေးလီက သူတို့အတွက်နဲ့ ပိုကောင်းတဲ့ အခွင့်အရေးတွေရှိတဲ့ အင်မော်တယ်တိမ်တိုက်ဂိုဏ်းကို တောင် စွန့်ခွာဖို့ ဆန္ဒရှိနေတာပဲ။ ဦးလေးရဲ့ သစ္စာစောင့်သိမှုကို ငါ တကယ် လေးစားပါတယ်…။"

လင်းဖန်၏ ချီးကျူးစကားကို ကြားသောအခါ လီယွမ်ဖေးက ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

"အင်း... သူတို့အားလုံးကို ငါကိုယ်တိုင် ပြုစုပျိုးထောင်လာခဲ့တာဆိုတော့ ငါ့ကလေးတွေလို ဖြစ်နေပါ ပြီ…။"

"အင်မော်တယ်တိမ်တိုက်ဂိုဏ်းနဲ့ ယှဉ်ရင် အရင်က ချင်းယွင်ဂိုဏ်းမှာ သူတို့ ရယ်ရယ်မောမော နောက်ပြောင်နေကြတဲ့ ပုံစံလေးတွေကို ငါ ပိုလွမ်းတယ်…။"

"ဘယ်လိုပဲဖြစ်ဖြစ် အင်မော်တယ်တိမ်တိုက်ဂိုဏ်းက ကြီးမားခိုင်မာတဲ့ မိသားစုကြီးတစ်ခုဆိုတော့ ငါ ဒီမှာ ရှိရှိ မရှိရှိ ဘာမှမထူးခြားပါဘူး။ ငါ ကြီးပြင်းလာခဲ့တဲ့ ဂိုဏ်းကြီး အခုထိ ရှိနေသေးတာကို တွေ့ရ သရွေ့ ငါ စိတ်အေးရပါပြီ…။"

"အခုကစပြီး ချင်းယွင်ဂိုဏ်းက ဒီကလေးတွေကို ခေါ်ပြီး ကျုံးကျိုးက ဝေးလံခေါင်ဖျားတဲ့ နေရာတစ်ခု မှာ ဖြည်းဖြည်းချင်း သွားပြီး တိုးတက်အောင် လုပ်တော့မယ်…။"

လီယွမ်ဖေး၏ ဆုံးဖြတ်ချက် မှန်သလား၊ မှားသလားဆိုသည်ကိုတော့ ပြောရန်ခက်ခဲပေသည်။ အင်မော် တယ်တိမ်တိုက်ဂိုဏ်းကဲ့သို့သော ဧရာမအင်အားကြီး ဂိုဏ်း၏ အထောက်အပံ့မပါဘဲ လီယွမ်ဖေးနှင့် ချင်းယွင်ဂိုဏ်း၏ တပည့်များအတွက် တိုးတက်မှုက သေချာပေါက် ကန့်သတ်ခံရမည်ဖြစ်သည်။

သို့သော်လည်း ကိုယ်နှင့်မဝင်ဆံ့သော အသိုင်းအဝိုင်းတစ်ခုထဲတွင် အတင်းအကျပ် နေထိုင်ရခြင်း ကလည်း ကောင်းသောအရာတော့ မဟုတ်ပေ။ သို့သော် လင်းဖန်ကတော့ လီယွမ်ဖေး၏ ရွေးချယ်မှုကို အပြည့်အဝ ထောက်ခံပေသည်။

သူ၏စိတ်ထဲတွင် ချင်းယွင်ဂိုဏ်းမှ လူများကို လူသစ်စုဆောင်းရန် အကြံတစ်ခု ပေါ်လာခဲ့သည်။သူ၏ ကိုယ်ပိုင် ဟင်းလင်းပြင် သန့်စင်ရာမြေတွင် လုပ်သားအင်အား အလွန်အမင်း လိုအပ်နေသည်မဟုတ်ပါ လား။

အင်မော်တယ်တိမ်တိုက်ဂိုဏ်းမှ ထွက်ခွာလာသော ချင်းယွင်ဂိုဏ်း၏ တပည့်များကလည်း အခြေချ နေထိုင်ရန် နေရာတစ်ခု လိုအပ်နေသည်။ဒီနှစ်ခုကို ပေါင်းစပ်လိုက်မယ်ဆိုရင် နှစ်ဦးနှစ်ဖက်စလုံးအတွက် အကောင်းဆုံး ဖြစ်မသွားချေဘူးလား။

ထိုအချက်ကို စိတ်ထဲထားကာ လင်းဖန်သည် သူ၏ အတွေးများကို လီယွမ်ဖေးအား တန်း၍ပင် ပြောပြလိုက်သည်။

"ဦးလေးလီ... အရင်တုန်းက ငါတို့ရဲ့ မဟာမိတ်ဖွဲ့မှုက အခုထိ အကျုံးဝင်သေးရဲ့လား မသိဘူး…။"

ဟင်းလင်းပြင်သားရဲတဲကို မြင့်မြတ်သောနယ်မြေအဖြစ် ပထမဆုံး အဆင့်မြှင့်တင်ခဲ့စဉ်က လင်းဖန် သည် လီယွမ်ဖေးနှင့် အခြားသူများနှင့် မဟာမိတ်ဖွဲ့ရန် ဆွေးနွေးခဲ့ဖူးလေသည်။လီယွမ်ဖေးသည်လည်း သဘာဝကျကျပင် ဤကိစ္စကို မေ့မသွားခဲ့ပေ။

လင်းဖန် ရုတ်တရက် ထိုကိစ္စကို ပြန်လည်အစပျိုးလိုက်သည်ကို ကြားသောအခါ သူမသည် နားမလည် နိုင်သော အမူအရာဖြင့် လင်းဖန်ကို ကြည့်လိုက်သည်။

"ရှောင်လင်း... ငါတို့ရဲ့ မဟာမိတ်ဖွဲ့မှုကို ငါ သေချာပေါက် မှတ်မိတာပေါ့…။"

လီယွမ်ဖေး၏ မျှော်လင့်တကြီး ကြည့်နေသော အကြည့်ကို မြင်သောအခါ လင်းဖန်သည် သူ့ကို ဆက်ပြီး စိတ်လှုပ်ရှားအောင် မထားတော့ပေ။

"ငါတို့က မဟာမိတ်တွေဖြစ်နေပြီဆိုတော့ အနာဂတ်မှာ ဒီထက်ပိုပြီး ရင်းနှီးအောင် လုပ်ကြရင် မကောင်း ဘူးလား…။"

"ဦးလေးလီက ဂိုဏ်းကို ပြန်လည်တည်ဆောက်တော့မှာ မဟုတ်ဘူးလား။ အဲဒီဂိုဏ်းကို ငါ့ရဲ့ ဟင်းလင်း ပြင် သန့်စင်ရာမြေထဲမှာပဲ ဘာလို့ မတည်ဆောက်တာလဲ…။"

"ဒီလိုလုပ်လိုက်မယ်ဆိုရင် ဦးလေးလီနဲ့ ချင်းယွင်ဂိုဏ်းအတွက် လုံခြုံရေးကို စိတ်ပူစရာ မလိုတော့ ဘူးလေ…။"

"ပြီးတော့ လက်ရှိမှာ လူအင်အား လိုအပ်နေတဲ့ ငါ့ရဲ့ ဟင်းလင်းပြင် သန့်စင်ရာမြေအတွက်လည်း ချင်းယွင်ဂိုဏ်းက တာအိုရဲဘော်ရဲဘက်တွေကို အကူအညီတောင်းလို့ ရတာပေါ့…။"

"ဒါက နှစ်ဦးနှစ်ဖက် အကျိုးရှိစေတဲ့ ကိစ္စမဟုတ်ဘူးလား…။"

ဤနေရာသို့ ရောက်သောအခါ လင်းဖန်သည် လီယွမ်ဖေး၏ မျက်နှာပေါ်ရှိ အမူအရာကို သေချာစွာ အကဲခတ်နေလိုက်သည်။ လီယွမ်ဖေးသည် အတွေးနက်နေပြီး ချက်ချင်း အဖြေမပေးသည်ကို သူ သတိပြုမိလိုက်သည်။ ခဏကြာသည်အထိ အဖြေမရသောအခါ လင်းဖန်သည် တစ်ဖက်လူ၏ စိုးရိမ် ပူပန်မှုများကို ပြေပျောက်စေရန် ရည်ရွယ်၍ ဆက်ပြောလိုက်သည်။

"ဦးလေးလီ... ငါက ချင်းယွင်ဂိုဏ်းကို သိမ်းပိုက်လိုက်မှာကို စိုးရိမ်နေစရာ မလိုပါဘူး…။"

"ငါ့ရဲ့ ဟင်းလင်းပြင် သန့်စင်ရာမြေက ဂိုဏ်းတွေ၊ မိသားစုတွေနဲ့ မတူဘူး။ ပိုက်ဆံရှာဖို့အတွက် တည်ထောင်ထားတဲ့ အဖွဲ့အစည်းတစ်ခု သက်သက်ပါပဲ…။"

လင်းဖန်၏ ဆက်တိုက်ပြောဆိုမှုများကြောင့် နောက်ဆုံးတွင် လီယွမ်ဖေး စဉ်းစားခန်းမှ ရပ်တန့် သွားလေသည်။

"ရှောင်လင်း... မင်းအတွက်တော့ ငါ လုံးဝ စိတ်မပူပါဘူး။ ခုနက ရုတ်တရက် အတွေးတစ်ခု ဝင်လာလို့ ဒါပေမဲ့ အဲဒါကို ငါ ပြောသင့် မပြောသင့် စဉ်းစားနေတာ…။"

လင်းဖန်၏ မျက်လုံးများထဲမှ မေးခွန်းထုတ်နေသော အကြည့်ကို မြင်သောအခါ လီယွမ်ဖေးသည် ခဏမျှ တုံ့ဆိုင်းသွားပြီးမှ နောက်ဆုံးတွင် စကားစပြောလိုက်သည်။

"ငါ သူတို့ကိုခေါ်ပြီး ဟင်းလင်းပြင် သန့်စင်ရာမြေကို လာဝင်မယ်ဆိုရင် မင်း သူတို့ကို လက်ခံပေး မှာလား…။"

လီယွမ်ဖေး၏ စကားကြောင့် လင်းဖန် အံ့အားသင့်သွားသည်။

*နေပါဦး... ခုနကပဲ သူများအိမ်မှာ ကပ်မနေချင်ဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား။ ဘာဖြစ်လို့ အခု အင်အားစုတစ်ခုထဲကို ဝင်ရောက်ချင်နေရတာလဲ…။*

"ဦးလေးလီ... ငါ့ဘက်ကတော့ ဘာမှကန့်ကွက်စရာ မရှိပါဘူး။ ဒါပေမဲ့ ချင်းယွင်ဂိုဏ်းက တပည့်တွေက ရော ဆန္ဒရှိပါ့မလား…။"

ထိုစကားကို ကြားသောအခါ လီယွမ်ဖေး၏ မျက်နှာသည် ရုတ်တရက် အနည်းငယ် ရှက်ရွံ့သွားဟန် ရှိ၏။

"ရှောင်လင်း... တကယ်တော့ သူတို့ကို အင်မော်တယ်တိမ်တိုက်ဂိုဏ်းကနေ ခေါ်ထုတ်သွားချင်တဲ့ နောက် ထပ် အရေးကြီးတဲ့ အကြောင်းရင်းတစ်ခု ရှိသေးတယ်…။"

"မင်းသိတဲ့အတိုင်းပဲ ချင်းယွင်ဂိုဏ်းက တပည့်တွေအားလုံးက အရှေ့ဘက်ဒေသက ဝေးလံခေါင်ဖျားတဲ့ နေရာလေးကနေ ငါကိုယ်တိုင် စုဆောင်းခဲ့တာဆိုတော့ သူတို့ထဲမှာ အရည်အချင်းပိုင်းနဲ့ ပတ်သက်ရင် ထူးထူးချွန်ချွန် ပြောင်မြောက်တဲ့သူ တစ်ယောက်မှ မပါဘူး…။"

"အင်မော်တယ်တိမ်တိုက်ဂိုဏ်းက အဆင့်(၉) ဂိုဏ်းဖြစ်တဲ့အတွက် သူတို့ရဲ့ အရည်အချင်းတွေနဲ့ ဂိုဏ်း ဝင်ခွင့် သတ်မှတ်ချက်တွေကို မပြည့်မီဘူးလေ…။"

"ငါ့ဆရာကြောင့် အင်မော်တယ်တိမ်တိုက်ဂိုဏ်းမှာ သူတို့ကို နေခွင့်ပေးမယ်ဆိုရင်တောင် တန်ဖိုးထား ခံရမှာ မဟုတ်ဘဲ အလွန်ဆုံး အပြင်စည်းက အစွန်အဖျား တပည့်တွေအဖြစ်ပဲ သတ်မှတ်ခံရမှာ…။"

"ဒါ့အပြင် သူတို့မှာ ပါရမီမရှိတဲ့အတွက် အင်မော်တယ်တိမ်တိုက်ဂိုဏ်းက တချို့တပည့်တွေရဲ့ အထင် အမြင်သေးမှုတွေကို ရှောင်လွှဲလို့မရဘဲ ရင်ဆိုင်နေရတယ်။ ဒါကြောင့်..."

လီယွမ်ဖေးသည် ထိုနေရာတွင် ရပ်လိုက်ပြီး ဆက်မပြောတော့ပေ။

တစ်ဖက်လူ ဘာကိုဆိုလိုချင်သည်ကို လင်းဖန် နားလည်သွားသည်။ ဂိုဏ်းကြီးလေလေ အတွင်းပိုင်း ယှဉ်ပြိုင်မှုက ပိုမိုပြင်းထန်လေလေဖြစ်ပြီး သဘာဝကျကျပင် အထင်အမြင်သေးမှု အဆင့်အတန်းစနစ် အမျိုးမျိုးကို ဖြစ်ပေါ်စေသည်ပင်။

အရှေ့ဘက်ဒေသ၏ ဝေးလံခေါင်ဖျားသော နေရာများမှ လာသည့် ဤကျင့်ကြံသူများကို ရင်ဆိုင်ရသည့် အခါ အချို့လူများက အထင်အမြင်သေးသော သဘောထားမျိုး ပြသမည်မှာ ရှောင်လွှဲ၍မရနိုင်သော ကိစ္စဖြစ်သည်။

ချင်းယွင်ဂိုဏ်း၏ ငြိမ်းချမ်းသော ပတ်ဝန်းကျင်နှင့် ယဉ်ပါးနေသော တပည့်များသည် အင်မော်တယ်တိမ် တိုက်ဂိုဏ်း၏ ပတ်ဝန်းကျင်နှင့် ဘယ်လိုလုပ်၍ အသားကျနိုင်ပါမည်နည်း။

All Chapters