အခန်း ၁၁၆
Vol. 12 Ch. 116
အခန်း (၁၁၆) သန့်စင်ရာမြေ၏ ကျင့်ကြံခြင်း နေရာများ စတင်ရောင်းချခြင်း
မသေချာသော်လည်း လီယွမ်ဖေးနှင့် အခြားသူများမှာ ဤရလဒ်ကြောင့် အလွန်အံ့အားသင့်ကာ ဝမ်းသာ နေကြပြီဖြစ်သည်။
"အဆင့်(၆) အရည်အချင်းဆိုတာ အင်မော်တယ်တိမ်တိုက်ဂိုဏ်းမှာတောင်မှ အရမ်းထူးချွန်တယ်လို့ သတ်မှတ်လို့ရတယ်…။"
"ဟုတ်တယ်၊ အဲဒီကလေးတွေမှာ ဒီလိုပါရမီမျိုးသာ အရင်ကတည်းက ရှိခဲ့မယ်ဆိုရင် အင်မော်တယ် တိမ်တိုက်ဂိုဏ်းမှာ အဲဒီလောက် အထင်သေးခံရမှာ မဟုတ်ဘူး..။"
"အင်းလေ... သေချာတာပေါ့ သူတို့ရဲ့ ထင်မြင်ချက်တွေက အရေးမကြီးတော့ပါဘူး…။"
"မှန်တယ်။ ဒီက ကျင့်ကြံဖို့ ပတ်ဝန်းကျင် အနေအထားနဲ့ဆိုရင် သူတို့က ငါတို့ကို ပြန်လာဖို့ တောင်းပန် ရင်တောင်မှ ငါတို့က ပြန်သွားမှာ မဟုတ်ဘူး…။"
သူတို့၏ အမူအရာများကို ကြည့်ရသည်မှာ သူတို့သုံးယောက်သည် ဂိုဏ်း၏ တပည့်များအဖြစ် အထင် အမြင်သေးခံရခြင်းနှင့် ပတ်သက်၍ စိတ်ခုနေကြဆဲဖြစ်ကြောင်း ထင်ရှားသည်။
လင်းဖန်ကတော့ ပြုံးရုံသာပြုံးနေပြီး ဘာမှထပ်မပြောတော့ပေ။
"ဦးလေးလီ... ဆေးဘက်ဝင်အပင်တွေ စုဆောင်းဖို့ တာဝန်ကို ဦးလေးဆီ အပ်လိုက်မယ်နော်…။"
"ဆေးဘက်ဝင်အပင်တွေ ဝယ်ဖို့ စိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့ ပတ်သက်ရင်တော့ ငါ့ဆီမှာ သိပ်အများ ကြီး မရှိတော့ဘူး။ ဒါပေမဲ့ လိုအပ်တဲ့ ပမာဏအတွက် ငါ ဆေးလုံးတချို့ကို ရောင်းချပြီး ဖြည့်ပေးနိုင် ပါတယ်…။"
ထိုစကားကို ကြားသောအခါ လီယွမ်ဖေးနှင့် အခြားနှစ်ယောက်က ငြင်းဆန်သည့်အနေဖြင့် လက်ကာပြ လိုက်ကြလေသည်။
"သန့်စင်ရာမြေ သခင်က မြှောက်ပြောလွန်းပါပြီ။ သန့်စင်ရာမြေ သခင်ကို ဘယ်လိုလုပ်ပြီး စိတ်ဝိညာဉ် ကျောက်တုံးတွေ စိုက်ထုတ်ခိုင်းလို့ ဖြစ်ပါ့မလဲ။ နှစ်တွေကြာလာတာနဲ့အမျှ ငါတို့မှာလည်း စုဆောင်း ထားတာလေးတွေ ရှိပါတယ်…။"
"ဟုတ်တယ်၊ အဆိုးဆုံးအခြေအနေဆိုရင်တောင် ဆရာ့ဆီကနေ ငါတို့ သွားတောင်းလို့ရတယ်။ သူက ချမ်းသာပြီး အင်အားကြီးတော့ ဒီလောက်လေးအတွက် နှမြောနေမှာ မဟုတ်ပါဘူး…။"
"မှန်ပါတယ်။ သန့်စင်ရာမြေ သခင်က အများကြီး ပေးထားပြီးပါပြီ။ ဒီကိစ္စသေးသေးလေးကို ငါတို့ကို သာ လွှဲထားလိုက်ပါ…။"
သူတို့သုံးယောက်က စိတ်ဝိညာဉ်ကျောက်တုံးများနှင့် ပတ်သက်၍ ဆွေးနွေးခြင်းကို တားဆီးလိုက် သောအခါ လင်းဖန်သည် အစကတော့ ငြင်းဆန်ချင်ခဲ့သည်။ ဘာပဲဖြစ်ဖြစ် ဒီတပည့်တွေက သန့်စင်ရာ မြေထဲ ဝင်လာခဲ့ပြီဆိုတော့ ဒီစိတ်ဝိညာဉ်ကျောက်တုံးတွေအတွက် သူကပဲ ပေးသင့်တာပေါ့။
ကံမကောင်းစွာဖြင့် သူ၏လက်ထဲတွင် စိတ်ဝိညာဉ်ကျောက်တုံး များများစားစား မရှိတော့ပေ။ ထို့ကြောင့် ခဏမျှ တုံ့ဆိုင်းနေပြီးနောက် သူတို့သုံးယောက်၏ ဆုံးဖြတ်ချက်ကို သူ သဘောတူလိုက် ရတော့သည်။
သို့သော် ဤသည်က အဆုံးသတ်မဟုတ်သေးပေ။ သူတို့သုံးယောက်က ဆေးဘက်ဝင်အပင်များကို စိတ်ဝိညာဉ်ကျောက်တုံးများဖြင့် ဝယ်ယူရန် တာဝန်ယူပြီးနောက် သိုလှောင်လက်စွပ် အများအပြားကို ထုတ်ယူလိုက်ကြသည်။
"သန့်စင်ရာမြေ သခင်... ဒါတွေက ငါတို့ဂိုဏ်းက အရင်က စုဆောင်းထားတဲ့ အရင်းအမြစ်တချို့ပါ…။"
"အင်မော်တယ်တိမ်တိုက်ဂိုဏ်းကနေ ငါတို့ ထွက်ခွာမယ်ဆိုတဲ့ အကြံအစည်ကို သိသွားပြီးနောက် ပြီးခဲ့တဲ့ ရက်အနည်းငယ်က ဆရာပေးလိုက်တဲ့ အရင်းအမြစ်တချို့လည်း ပါပါတယ်…။"
"အများစုကတော့ လက်နက်သန့်စင်တဲ့ ပစ္စည်းတွေနဲ့ ဆေးဘက်ဝင်အပင်တွေပါ။ ဒါတွေကို သန့်စင်ရာ မြေသခင်ဆီ လွှဲပြောင်းပေးအပ်ပါရစေ…။"
တစ်ဖက်လူက စိတ်ဝိညာဉ်ကျောက်တုံးများနှင့် အရင်းအမြစ်များကိုပါ ထောက်ပံ့ပေးနေသည်ကို မြင်သောအခါ လင်းဖန် အလွန်အမင်း ဝမ်းသာသွားခဲ့သည်။
"ဒါက... ခင်ဗျားတို့..."
လင်းဖန် စကားမဆုံးမီ လီယွမ်ဖေးနှင့် အခြားနှစ်ယောက်က ဆက်ပြောလိုက်ကြသည်။
"သန့်စင်ရာမြေ သခင်... ကျေးဇူးပြုပြီး မငြင်းပါနဲ့။ ဘာပဲဖြစ်ဖြစ် ဒီပစ္စည်းတွေက ငါတို့အတွက် အသုံး မဝင်ပါဘူး…။"
"ဟုတ်တယ်၊ သန့်စင်ရာမြေ သခင်ရဲ့ ဆေးသန့်စင်တဲ့ အရည်အချင်းနဲ့ လက်နက်သန့်စင်တဲ့ စွမ်းရည်တွေ နဲ့ဆိုရင် ဒီအရင်းအမြစ်တွေက ငါတို့ရဲ့ သန့်စင်ရာမြေ ချဲ့ထွင်မှုကို အရှိန်မြှင့်တင်ပေးနိုင်ပါလိမ့်မယ်…။"
"မှန်တယ် သန့်စင်ရာမြေကြီး ကြီးထွားလာရင် သန့်စင်ရာမြေရဲ့ အဖွဲ့ဝင်တွေဖြစ်တဲ့ ငါတို့လည်း သဘာဝ ကျကျ အကျိုးခံစားခွင့် ရမှာပဲလေ…။"
လင်းဖန်က ငွေကိုချစ်သော်လည်း သူသည် လိမ်လည်လှည့်ဖြားမှု၊ လူသတ်မှု၊ ဓားပြတိုက်မှုများဖြင့် ရရှိလာသော ငွေကြေးမျိုးကိုသာ အဓိက သဘောကျလေ၏။ လက်ဆောင်အနေဖြင့် ပေးလာသော ငွေများကို လက်ခံရသည်မှာ လင်းဖန်အတွက် အနည်းငယ် နေရခက်စေသည်ပင်။
သို့သော် တစ်ဖက်လူက ထိုသို့ပြောလာပြီးဖြစ်ရာ လင်းဖန်က ထပ်မံငြင်းဆန်နေပါက အနည်းငယ် ဟန်ဆောင်လွန်းရာကျမည်ဟု ခံစားလိုက်ရသည်။
"ကောင်းပြီလေ... ဒါဆိုရင်လည်း သန့်စင်ရာမြေကို ကိုယ်စားပြုပြီး ငါ လက်ခံလိုက်ပါမယ်…။"
"သန့်စင်ရာမြေအတွက် ခင်ဗျားတို့ရဲ့ ပံ့ပိုးကူညီမှုတွေကို ငါ သေချာပေါက် မှတ်တမ်းတင်ထားပါ့မယ်…။"
"ဒီအရင်းအမြစ်တွေကို သန့်စင်ရာမြေရဲ့ ရတနာတိုက်ထဲကို တိုက်ရိုက် ထည့်သွင်းထားလိုက်မယ်…။"
ရတနာတိုက်ဟု ပြောလိုက်မှ သန့်စင်ရာမြေတွင် ရတနာတိုက် မရှိသေးကြောင်း လင်းဖန် ရုတ်တရက် သတိရသွားသည်။
သို့သော် ဤသည်မှာ ခက်ခဲသောကိစ္စ မဟုတ်ပေ။ သန့်စင်ရာမြေအတွင်းရှိ ရေအနီးတစ်ဝိုက်တွင် နေရာတစ်ခုရှာပြီး သိုလှောင်ရုံတစ်ခု တည်ဆောက်လိုက်ရုံသာဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ လင်းဖန်သည် ဤမြင့်မြတ်သောနယ်မြေအတွင်းရှိ ပကတိ အကြွင်းမဲ့ အုပ်စိုးသူဖြစ်သည်။
အခြားအင်အားစုများနှင့်မတူဘဲ သူတို့၏ ရတနာတိုက်များအတွက် အလွှာပေါင်းများစွာရှိသော အကာ အကွယ်များကို ချမှတ်ထားရန် မလိုအပ်ပေ။
လင်းဖန်သည် တုံ့ဆိုင်းနေခြင်းမရှိဘဲ လီယွမ်ဖေးတို့နှင့်အတူ သန့်စင်ရာမြေအတွင်း အဆောက်အအုံ အမျိုးမျိုး တည်ဆောက်ရန် စတင်စီစဉ်တော့သည်။ အင်အားစုတစ်ခုဖြစ်လာပြီဆိုတော့ သေချာပေါက် လက်ချည်းသက်သက်ကြီး ဖြစ်နေလို့တော့ မရဘူးလေ။
မြင့်မြတ်သော ရတနာတိုက်၊ ကောင်စီခန်းမ၊ ပံ့ပိုးကူညီမှု မျှော်စင်၊ ကျင့်ကြံခြင်းအခန်းနှင့် အခြားဌာန များ၊ အဆောက်အအုံများသည် မရှိမဖြစ် လိုအပ်သေးသည်။ ထိုအဆောက်အအုံများ တည်ဆောက် ခြင်းကို တောင်ထွတ်သုံးခုမှ တပည့်များထံ တာဝန်ပေးအပ်လိုက်ကြသည်။
တောင်ထွတ်သုံးခုပေါ်ရှိ တပည့်များ စုစုပေါင်းက ခုနစ်ရာကျော်ခန့်ရှိသောကြောင့် ပင်မခန်းမကို တည်ဆောက်ရန် လူများစွာ လိုအပ်မည်မဟုတ်ပေ။ ဆောက်လုပ်ရေးပစ္စည်းများနှင့် ပတ်သက်၍ မြင့်မြတ်သောနယ်မြေအတွင်းမှ တိုက်ရိုက် ရယူနိုင်လေသည်။
ဤလူခုနစ်ရာကျော်၏ ကြိုးစားအားထုတ်မှုဖြင့် ငါ ယုံကြည်တာကတော့...
မကြာမီအချိန်အတွင်း ဟင်းလင်းပြင် သန့်စင်ရာမြေသည် ပုံမှန်ဂိုဏ်းတစ်ခု၏ ဌာနချုပ်နှင့် ဆင်တူလာ မည်ဖြစ်သည်။
နောက်ရက်အနည်းငယ်အတွင်း လီယွမ်ဖေးနှင့် သူ၏အဖော်နှစ်ယောက်တို့သည် ကျုံးကျိုးတွင် ဆေးဘက်ဝင်အပင်များကို စုဆောင်းခဲ့ကြလေသည်။
တစ်ချိန်တည်းမှာပင် တပည့်များကလည်း ဟင်းလင်းပြင် သန့်စင်ရာမြေကို တည်ဆောက်ရာတွင် အလုပ်များနေကြသည်။
လင်းဖန်မှာလည်း သဘာဝကျကျပင် အားမနေခဲ့ပေ။
စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများနှင့် အခြားကိစ္စရပ်များကို ဆွေးနွေးရန်အတွက် ပြီးခဲ့သည့်ရက် အနည်းငယ်အတွင်း သူသည် မိသားစုအမျိုးမျိုးထံသို့ သွားရောက်လည်ပတ်နေခဲ့သည်။
သူ၏အစီအစဉ်မှာ အရှေ့ဘက်ဒေသ၌ စီးပွားရေးကို အရင်ချဲ့ထွင်ပြီးရင် ကျုံးကျိုးကို သွားပြီး အဲဒီက စီးပွားရေး တိုးတက်ဖို့ အာရုံစိုက်လုပ်ဆောင်ရန်ဖြစ်သည်။ ထိုသို့လုပ်ဆောင်ရခြင်း၏ အကြောင်းရင်းမှာ အလွန်ရိုးရှင်းလှပေသည်။
တစ်ဖက်တွင် ကျုံးကျိုးသည် ထျန်းယွမ်တိုက်ကြီး၏ အင်အားကြီးမားသော အချက်အချာနေရာဖြစ်ပြီး ၎င်း၏ စည်ကားဖွံ့ဖြိုးမှုမှာ အခြားဒေသလေးခု ပေါင်းထားသည်နှင့်ပင် ယှဉ်၍မရနိုင်သောကြောင့်ဖြစ် သည်။
အခြားတစ်ဖက်တွင်မူ ဟင်းလင်းပြင် သန့်စင်ရာမြေ၏ လက်ရှိအဖွဲ့ဝင်များကြောင့်ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် လီယွမ်ဖေးနှင့် သူ၏အဖွဲ့မှာ လင်းဖန်ကဲ့သို့ လွတ်လပ်စွာ သွားလာနိုင်သည့် စွမ်းရည်မျိုး မရှိပေ။ ဟင်းလင်းပြင် သန့်စင်ရာမြေမှ သူတို့ထွက်ခွာပြီးနောက် သူတို့အားလုံး ကျုံးကျိုးတွင် ပေါ်လာ မည်ဖြစ်သည်။
ထို့ကြောင့် ဟင်းလင်းပြင် သန့်စင်ရာမြေသည် အနာဂတ်တွင် ကျုံးကျိုး၌သာ အဓိကထား၍ ဖွံ့ဖြိုး တိုးတက်သင့်သည်။
မြို့တော်ရှိ လီမိသားစုသည် လင်းဖန် ပထမဆုံး သွားရောက်လည်ပတ်ခဲ့သော မိသားစုဖြစ်သည်။ လင်းဖန် လီမိသားစုသို့ ရောက်သောအခါ လီမိသားစု၏ ခေါင်းဆောင်ဖြစ်သူ လီဒယ်ဟိုင်က ကိုယ်တိုင် ကိုယ်ကျ လာရောက်ကြိုဆိုခဲ့သည်။
ယုတ္တိတန်တန် စဉ်းစားကြည့်မည်ဆိုလျှင် လင်းဖန်၏ ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် ကျင့်ကြံမှုအရ မဟာယာနအဆင့်ရှိသူတစ်ယောက်က သူ့ကို လာရောက်ကြိုဆိုခြင်းမှာ အလွန်အကျွံ တုံ့ပြန်မှုတစ်ခု ဖြစ်နေသည်။ သို့သော်လည်း သူ့တွင် အတိဒုက္ခအဆင့် ကိုယ်ရံတော်တစ်ယောက် ရှိနေမှတော့ ဘယ်သူက သူတို့ကို အပြစ်တင်နိုင်မည်နည်း။
လီဒယ်ဟိုင်သည် ကိုယ်တိုင်ကိုယ်ကျ မတွေ့မြင်ခဲ့ရသော်လည်း လျူဘန်ရှန်းက ထိုကဲ့သို့သော ကိစ္စ မျိုးကို လိမ်ပြောမည်မဟုတ်ဟု သူ ယုံကြည်ပေသည်။
ထို့ကြောင့် ပြေးလွှားခြင်း ပြိုင်ပွဲမှာပဲဖြစ်ဖြစ်၊ အခုတွေ့ဆုံမှုမှာပဲဖြစ်ဖြစ် လင်းဖန်နဲ့က တိုက်တိုက်ဆိုင် ဆိုင် တွေ့ဆုံမှုတစ်ခုပင်။ လီဒယ်ဟိုင်သည် လင်းဖန်အကြောင်း စုံစမ်းထောက်လှမ်းဖို့ နည်းနည်းလေး တောင် မရဲခဲ့ချေ။
မည်သို့ပင်ဆိုစေ လျူဘန်ရှန်းတုန်းကကဲ့သို့ အတိဒုက္ခအဆင့် ကျင့်ကြံသူတစ်ယောက်၏ ဖိနှိပ်မှုကို သူ မခံစားချင်ခဲ့ချေ။ ထို့ကြောင့် တစ်ဖက်လူထံမှ မည်သည့် ရန်လိုမှုကိုမျှ မခံစားရသဖြင့် လင်းဖန်၏ အတိဒုက္ခအဆင့် ကိုယ်ပွားရုပ်သေးသည်လည်း ထွက်ပေါ်မလာခဲ့ပေ။
"ဆိုင်ရှင်လင်း... ငါတို့ ထပ်တွေ့ကြပြန်ပြီနော်။ ဒီနေ့ ဘာကိစ္စများရှိလို့ လာတာလဲ သိလို့ရမလား…။"
လင်းဖန် ထိုင်လိုက်သည်နှင့် တစ်ပြိုင်နက် လီဒယ်ဟိုင်သည် လိုရင်းကိုသာ တိုက်ရိုက်ပြောကာ လင်းဖန်၏ ခရီးစဉ် ရည်ရွယ်ချက်ကို မေးမြန်းလိုက်သည်။
"စီနီယာလီ... ဒီနေ့ ငါ လာရတဲ့ ရည်ရွယ်ချက်က လီမိသားစုအတွက် အခွင့်အရေးတစ်ခု ယူလာပေး တာပါ…။"
လင်းဖန်၏ စကားများက လီဒယ်ဟိုင်၏ စိတ်ဝင်စားမှုကို နိုးဆွပေးလိုက်သည်။ လင်းဖန်၏ ဆိုင်မှ ပစ္စည်းများသည် သူ့အတွက် သိပ်အသုံးမဝင်သော်လည်း သူကတော့ အတော်လေး စိတ်ဝင်စား နေဆဲဖြစ်သည်။
အထူးသဖြင့် ပြန်လည်ရှင်သန်ခြင်း ဆေးလုံးသည် သူ၏ မျိုးဆက်ဖြစ်သော လီယွမ်၏ ကျင့်ကြံမှုအရည် အချင်းကို အဆင့်(၆)အထိ တိုက်ရိုက် မြှင့်တင်ပေးနိုင်ခဲ့သည်။
မှန်ပေသည်။ လီချွမ်းသည် ပြိုင်ပွဲတွင် သူအနိုင်ရခဲ့သော ပြန်လည်ရှင်သန်ခြင်း ဆေးလုံးကို သူ၏ညီငယ် လီယွမ်အား ပေးခလေသည်။
သူက ညီငယ်အပေါ် အတော်လေး တင်းကျပ်ပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် သူ၏ အရင်းအချာ ညီလေး ပင်မဟုတ်ပါလား။ ထို့ကြောက့် သူ၏ ကျင့်ကြံမှုကလည်း အရမ်းနောက်ကျကျန်ရစ်နေတာမျိုး သူမ မလိုလားခြင်းပင်။
လီယွမ်၏ ယခင်အရည်အချင်းနှင့် ပတ်သက်၍ သူသည် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် အစောပိုင်းမှာသာ ရှိနေသည်ဟူသော အချက်ကို ကြည့်ခြင်းအားဖြင့် သိနိုင်သည်။
လီမိသားစုကဲ့သို့ အဆင့်(၈) မိသားစုကြီးတစ်ခု၏ ကြီးမားလှသော အရင်းအမြစ်များဖြင့်ပင် သူသည် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်သို့သာ ရောက်ရှိနိုင်ခဲ့ခြင်းက သူ၏ အရည်အချင်း မည်မျှ ညံ့ဖျင်းကြောင်း ပြသနေသည်ပင်။
လီချွမ်းက ပြန်လည်ရှင်သန်ခြင်း ဆေးလုံးကို လီယွမ်အား ပေးလိုက်ခြင်းက လီမိသားစုမှ လူတိုင်းကို လီချွမ်းအပေါ် အနည်းငယ် ကျေးဇူးတင်ကြွေးတင်သွားသလို ခံစားရစေသည်။ ထို့ကြောင့် လင်းဖန်က အခွင့်အရေးတစ်ခု လာပေးသည်ဟု ပြောသောအခါ လီဒယ်ဟိုင် ပထမဆုံး တွေးမိသည်မှာ ပြန်လည်ရှင် သန်ခြင်း ဆေးလုံးပင်ဖြစ်သည်။
သူသည် မျှော်လင့်တကြီး မျက်နှာထားဖြင့် လင်းဖန်အား ချက်ချင်းပင် မေးလိုက်သည်။
"အို... အခွင့်အရေးတစ်ခု။ ဆိုင်ရှင်လင်းဆီမှာ နောက်ထပ် ပြန်လည်ရှင်သန်ခြင်း ဆေးလုံးများ ရှိနေလို့ လား…။"
တစ်ဖက်လူ၏ မျှော်လင့်တကြီး ဖြစ်နေသော အမူအရာကို မြင်သောအခါ လင်းဖန်က ခေါင်းခါလိုက် သည်။
သူ့မှာ ပြန်လည်ရှင်သန်ခြင်း ဆေးလုံးတွေ ရှိနေဆဲဖြစ်ပြီး အနာဂတ်မှာလည်း ထပ်ရှိလာဦးမှာပါ။ ဒါပေမဲ့ သူက ဒီလိုဆေးမျိုးကို အမြောက်အမြား သေချာပေါက် ရောင်းချမှာတော့ မဟုတ်တော့ချေ။ အရင်က ပြေးလွှားခြင်းပြိုင်ပွဲမှာ ပြောခဲ့သလိုပင် အဲဒါကို လေလံပွဲကနေတစ်ဆင့် ရောင်းချသွားမည်ပင်။
သူ့ရဲ့ ဟင်းလင်းပြင် သန့်စင်ရာမြေက သူ့လူတွေအတွက်သာ သူက အများအပြား အသုံးပြုသွားမည်ပင်။
"ပြန်လည်ရှင်သန်ခြင်း ဆေးလုံးတွေက အနာဂတ်မှာ ထပ်ရှိလာမှာပါ။ စီနီယာလီ လေလံပွဲသတင်း ကိုသာ စောင့်နေလိုက်ပါ။ ဒီနေ့ ငါ ပြောချင်တာက နောက်ထပ် အခွင့်အရေး တစ်မျိုးအကြောင်းပါ..။"
တစ်ဖက်လူ၏ မျက်နှာပေါ်ရှိ စိတ်ပျက်မှုနှင့် နားမလည်နိုင်သော အမူအရာကို မြင်သောအခါ လင်းဖန် သည် သူတို့ကို ဆက်ပြီး စိတ်လှုပ်ရှားအောင် မထားတော့ရန် ဆုံးဖြတ်လိုက်သည်။
"စီနီယာလီရဲ့ မိသားစုက မြင့်မြတ်သောနယ်မြေတစ်ခုအတွက် နေရာလိုအပ်ပါသလား မသိဘူး..။"