အခန်း ၁၁၈
Vol. 12 Ch. 118
အခန်း (၁၁၈) ထယ်ကျူး ဘယ်ရောက်သွားတာလဲ
ကံကောင်းစွာပင် သူမသည် အချိန်မီ သတိထားမိသွားပြီး လက်ကို အမြန်ပြန်ရုပ်လိုက်သည်။ ဤမြင်ကွင်းက သူ၏ ခန့်မှန်းချက် မှန်ကန်ကြောင်း လင်းဖန်ကို သိရှိစေခဲ့သည်။
*ဒီနှင်တံကို သုံးတဲ့သူက ကျောက်မင်ရွှီရဲ့ ဇနီးဖြစ်ပုံရတယ်…။*
"ကျေးဇူးတင်ပါတယ် ဆိုင်ရှင်လင်း။ ဒီအဆင့်(၃) လျှပ်စီးနှင်တံအတွက် စိတ်ဝိညာဉ်ကျောက်တုံး ဘယ်လောက်ကျမလဲ မေးပါရစေ…။"
ဝယ်ယူရသည့် ရည်ရွယ်ချက်ကို သိရှိပြီးနောက် လင်းဖန်သည် စျေးပိုတောင်းရန် တုံ့ဆိုင်းမနေတော့ပေ။
"တာအိုရဲဘော် ကျောက်... ဒီနှင်တံကို သန့်စင်ရတဲ့ လုပ်ငန်းစဉ်က ရှုပ်ထွေးတဲ့အတွက် စျေးနှုန်းကလည်း နည်းနည်းတော့ ကြီးပါတယ်။ အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး (၂၀,၀၀၀) ကျပါမယ်။"
ဤစျေးနှုန်းသည် လက်ရှိ လင်းဖန်အတွက် သမုဒ္ဒရာထဲမှ ရေတစ်စက်မျှသာဖြစ်သည်။ သို့သော် အဆင့် (၃) မှော်လက်နက်တစ်ခုအတွက်ကတော့ အတော်လေး များပြားသော ပမာဏဖြစ်သည်။ အဆင့်(၃)နှင့် အောက်ရှိ မှော်ရတနာများအကြား စျေးနှုန်းကွာဟချက်သည် တကယ်တမ်းတွင် ထိုမျှလောက် မကြီးမား ပေ။
ေအဆင့်(၄) သို့ ရောက်ရှိသွားမှသာ စျေးနှုန်းက သိသိသာသာ မြင့်တက်သွားမည်ဖြစ်သည်။
စျေးနှုန်းကို ကြားပြီးနောက် ချမ်းသာကြွယ်ဝသော ကျောက်မင်ရွှီသည် စျေးမဆစ်တော့ဘဲ ချက်ချင်းပင် ငွေပေးချေကာ ပစ္စည်းကို ယူလိုလေသည်။
"ဒီအဆင့်(၃) မှော်လက်နက်ကို လက်ဆောင်ပေးလို့ ကျေးဇူးတင်ပါတယ် ဖေဖေ…။"
အရောင်းအဝယ် ပြီးဆုံးသည်နှင့် တစ်ပြိုင်နက် ကျောက်မုန်ယာက ဖခင်ဖြစ်သူထံသို့ ဝမ်းသာအားရ လက်ဖြန့်တောင်းလိုက်သည်။ လျှပ်စီးငါးချက် နှင်တံကို သူမထံသို့ တောင်းနေပုံရသည်။
"ဖယ်စမ်းပါ... သမီးလို ရွှေအမြုတေအဆင့်ရှိတဲ့သူက အဆင့်(၃) မှော်လက်နက်ကို သုံးတာက အလဟဿ ဖြစ်ပါတယ်။ ဒီတစ်ခုကို နောက်မှသုံးဖို့ အဖေ သိမ်းထားလိုက်မယ်…။"
ထိုစကားကို ကြားသောအခါ ကျောက်မုန်ယာ၏ မျက်နှာပေါ်တွင် စိတ်ပျက်သွားသည့် အမူအရာ ချက်ချင်း ပေါ်လာသည်။
"ကောင်းပြီလေ... သမီးရဲ့ အဆင့်(၁) နှင်တံကိုရော... အခု ပြန်ပေးလို့ရပြီလား…။"
"ပြန်ပေးမယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ ဖေဖေ သမီးကို စိတ်ဝိညာဉ်ကျောက်တုံးတွေ ပေးထားတယ် မဟုတ်ဘူးလား။ ကိုယ့်ဘာသာကိုယ် ဝယ်လိုက်လေ။ အဲဒီတစ်ခုက ကျိုးသွားပြီ…။"
ကျောက်မင်ရွှီ၏ စကားကို ကြားသောအခါ လင်းဖန်၏ မျက်နှာမှာ အလိုအလျောက် ရှုံ့မဲ့သွားလေ၏။
*ဘယ်လိုလုပ် မကျိုးဘဲနေမှာလဲ။ အဲဒါက အဆင့်(၁) မှော်လက်နက်လေ။ မင်းလို ဟင်းလင်းပြင်သန့်စင် ခြင်းအဆင့် ကျင့်ကြံသူကို သုံးမယ်ဆိုရင် သေချာပေါက် ခံနိုင်ရည်ရှိမှာ မဟုတ်ဘူးပေါ့..။*
*ဒါပေမဲ့ အဆင့်(၁) မှော်လက်နက်တစ်ခု ကျိုးသွားဖို့ဆိုတာ တိုက်ပွဲက မယုံနိုင်လောက်အောင် ပြင်းထန်ခဲ့တာ ဖြစ်ရမယ်…။*
*ဒီအဆင့်(၃) လျှပ်စီးနှင်တံကရော တစ်ဖက်လူရဲ့ လက်ထဲမှာ ဘယ်လောက်ကြာကြာ ခံနိုင်မလဲ မသိ ဘူး…။*
ထိုသို့တွေးမိပြီးနောက် အနာဂတ်တွင် လျှပ်စီးငါးချက် နှင်တံများကို ပိုမိုသန့်စင်သင့်သည်ဟု လင်းဖန် ရုတ်တရက် ခံစားလိုက်ရသည်။
အဘယ်ကြောင့်ဆိုသော် ဤလျှပ်စီးငါးချက် နှင်တံသည် အချို့သော အခြေအနေများအောက်တွင် သုံးစွဲကုန်ပစ္စည်းတစ်ခု ဖြစ်လာနိုင်သောကြောင့်ဖြစ်သည်။
*ဒါ အရမ်းကောင်းတာပဲ။ ထူးဆန်းပြီး ပုံမှန်မဟုတ်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခု ထပ်တိုးလာပြန်ပြီ…။*
နောက်ထပ် စီးပွားရေးအခွင့်အလမ်းတစ်ခု ရရှိသွားသောကြောင့် လင်းဖန်သည် ထိုစုံတွဲအပေါ် ပို၍ ဖော်ရွေလာခဲ့သည်။ ထို့နောက် ကျောက်မုန်ယာထံ ရောင်းချမည့် အဆင့်(၂) လျှပ်စီးနှင်တံအတွက်လည်း လင်းဖန်က စျေးအများကြီး မတောင်းခဲ့ပေ။ အရောင်းအဝယ် ပြီးစီးပြီးနောက် သူတို့၏ လမ်းညွှန်မှုဖြင့် လင်းဖန်သည် နောက်ဆုံးတွင် ကောင်စီခန်းမသို့ ရောက်ရှိသွားခဲ့သည်။
သူတို့သည် အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့သော ကျောက်မိသားစု၏ ဘိုးဘေးနှင့်လည်း တွေ့ဆုံ ခဲ့ကြသည်။ ကျောက်မိသားစု ဘိုးဘေးနှင့် ဆွေးနွေးမှု အကြောင်းအရာသည် လီမိသားစုနှင့် အများကြီး မကွာခြားလှပေ။
နောက်မှ လိုက်ပါလာသော ကျောက်မုန်ယာမှာလည်း မြင့်မြတ်သောနယ်မြေအတွင်းရှိ စိတ်ဝိညာဉ် စွမ်းအင် သိပ်သည်းဆကို ကိုယ်တွေ့ခံစားမည့်သူ ဖြစ်လာခဲ့သည်။ မြင့်မြတ်သောနယ်မြေထဲမှ ပြန်ထွက် လာသော ကျောက်မုန်ယာ၏ အံ့အားသင့်နေသည့် အမူအရာကို မြင်ပြီးနောက် ကျောက်မိသားစု ဘိုးဘေးသည် ချက်ချင်းပင် ဆုံးဖြတ်ချက်ချကာ လီမိသားစုထက်ပင် ပိုများပြားသော ကျင့်ကြံမှုနေရာ များကို ဝယ်ယူလိုက်လေသည်။
လင်းဖန် သိထားသော မိသားစုများအားလုံးထဲတွင် ကျောက်မိသားစုသည် အချမ်းသာဆုံးဖြစ်သည်။ သူတို့မျိုးနွယ်စုမှ ကျင့်ကြံသူများ၏ စွမ်းဆောင်ရည်က အလုံးစုံအားဖြင့် အကောင်းဆုံး မဟုတ်သော် လည်း သူတို့၏ နောက်ခံက အစွမ်းထက်လှပေသည်။
ဒီအကြောင်းကို လင်းဖန် အရင်က ကြားဖူးခဲ့သည်။ ကျောက်မိသားစုသည် သုန်ယွဲ့နိုင်ငံ၏ တော်ဝင် မိသားစုနှင့် ရင်းနှီးသော ဆက်ဆံရေးရှိသည်ဟု ကြားဖူးလေသည်။
သုန်ယွဲ့နိုင်ငံ၏ တော်ဝင်မိသားစုဝင်များ၏ မျိုးရိုးအမည်မှာ ကျောက် ဖြစ်သည်။ ပြီးတော့ သူ့ရှေ့ မှာ ရှိနေတဲ့ ကျောက်မိသားစုက အရှေ့ယွဲ့ တော်ဝင်မိသားစုရဲ့ ကျောက်မိသားစုပါပဲ။ သို့သော် ဤသည်မှာ ကျောက်မိသားစု ဘိုးဘေးသည် သုန်ယွဲ့နိုင်ငံ၏ တော်ဝင်မိသားစုမှ ဆင်းသက်လာသည်ဟု မဆိုလိုပေ။
ယင်းအစား တော်ဝင်မိသားစုမှ ဆင်းသက်လာသူမှာ သူ၏ ဇနီးဖြစ်သူပင်ဖြစ်သည်။
သူ့မျိုးရိုးအမည်က တိုက်တိုက်ဆိုင်ဆိုင် ကျောက် ဖြစ်နေသော်လည်း သူ၏ မိသားစု လက်ရှိအခြေအနေ အထိ ကြီးထွားလာရခြင်းမှာ အဓိကအားဖြင့် သူ၏ ဇနီးဖြစ်သူ၏ ကြိုးပမ်းအားထုတ်မှုကြောင့် သာဖြစ်သည်။
ထို့ကြောင့် ကျောက်မိသားစုသည် သုန်ယွဲ့နိုင်ငံ၏ တော်ဝင်မိသားစုနှင့် တူညီသော ကျောက်မိသားစုဖြစ် သည်ဟု ဆိုခြင်းမှာ လုံးဝမှန်ကန်ပေသည်။ ကျောက်မိသားစုနှင့် စီးပွားရေးကိစ္စများ ပြီးစီးပြီးနောက် လင်းဖန်သည် လျူမိသားစုနှင့် အခြားမိသားစုများထံသို့ သွားရောက်လည်ပတ်ခဲ့သည်။
အခြားမည်သူမျှ ကျောက်မိသားစုလောက် ရက်ရောခြင်းမရှိသော်လည်း လင်းဖန်မှာ အတော်လေး အကျိုးအမြတ် ရရှိခဲ့လေသည်။ ကျင့်ကြံမှုနေရာ တစ်သုတ်ကို ရောင်းချပြီးနောက် လင်းဖန်သည် ဆောက်လုပ်ရေးလုပ်ငန်းများကို ကြီးကြပ်ရန် ဟင်းလင်းပြင် သန့်စင်ရာမြေသို့ အလျင်အမြန် ပြန်လာ ခဲ့သည်။
ယခင်က ဤနေရာများတွင် ကျင့်ကြံခြင်းအခန်းများကို တည်ဆောက်ခဲ့သည်။ သို့သော် တစ်ကြိမ် တည်းနှင့် နေရာများစွာ ရောင်းရမည်ဟု မမျှော်လင့်ထားခဲ့သောကြောင့် ယခုအထိ တည်ဆောက်ပြီး သော ကျင့်ကြံခြင်းအခန်းများမှာ မလုံလောက်သေးပေ။
ထို့ကြောင့် အခြားအဆောက်အအုံများ တည်ဆောက်ခြင်းကို လောလောဆယ် ရပ်ဆိုင်းထားရန် လင်းဖန်က သူတို့ကို ညွှန်ကြားလိုက်သည်။
ပထမဆုံးအနေဖြင့် လုံလောက်သော ကျင့်ကြံခြင်းအခန်းများကို ပြင်ဆင်ရမည်ဖြစ်သည်။
*သူတို့က ကျင့်ကြံဖို့ နေရာတွေကို ရောင်းနေတာဆိုတော့ ဝန်ဆောင်မှုက သေချာပေါက် ထိပ်တန်း အဆင့် ဖြစ်ဖို့လိုတာပေါ့။ ကျင့်ကြံခြင်းဆိုတာ အနှောင့်အယှက်ခံရရင် အလွန်အထိခိုက် လွယ်တဲ့ ကိစ္စမျိုးလေ…။*
*ဖောက်သည်တွေ လာပြီးတော့ ကွင်းပြင်ကြီးထဲမှာ တင်ပျဉ်ခွေထိုင်ပြီး ကျင့်ကြံလိမ့်မယ်လို့ ငါတို့ မျှော်လင့်ထားလို့ မရဘူး…။*
ကျင့်ကြံခြင်းအခန်း တည်ဆောက်ရန် ညွှန်ကြားပြီးနောက် လင်းဖန်သည် ဆိုင်သို့ ပြန်လာခဲ့သည်။
သို့သော် လင်းဖန်ကို အံ့အားသင့်စေသည်မှာ ဤအချိန်တွင် သူ၏ဆိုင်ထဲ၌ တစ်ယောက်မှ မရှိဘဲ လုံးဝ ဟာလာဟင်းလင်း ဖြစ်နေခြင်းဖြစ်သည်။ ကျန်းလုံနှင့် ကျောက်ဟူတို့ကို ကျင့်ကြံခြင်းအခန်း တည် ဆောက်ရန် ဟင်းလင်းပြင် သန့်စင်ရာမြေသို့ ခေါ်ယူထားခဲ့သည်။ သို့ပေမဲ့ ထယ်ကျူးကိုမသွားခိုင်းထား ပေ။
*ဆိုင်စောင့်ဖို့ သူ့ကို ငါ သေချာမှာထားခဲ့တာပဲ….။*
"ထူးဆန်းလိုက်တာ... ထယ်ကျူး ဒီကောင် ဘယ်ထွက်သွားတာလဲ…။"
"အလုပ်ချိန်အတွင်း ခိုးအိပ်နေတာများလား။ အဲဒါတော့ မဖြစ်နိုင်ပါဘူး…။"
ဆိုင်အနှံ့ ရှာဖွေပြီးနောက် မတွေ့သောအခါ လင်းဖန်သည် ဟင်းလင်းပြင် တိုကင်မှတစ်ဆင့် ထယ်ကျူး ထံသို့ ချက်ချင်း သတင်းစကား ပါးလိုက်သည်။
သို့သော် အချိန်အတော်ကြာ စောင့်ပြီးနောက်တွင်လည်း ထယ်ကျူးထံမှ အကြောင်းပြန်စာ မရရှိခဲ့ပေ။
"မဖြစ်နိုင်တာ... ထယ်ကျူးက နောက်ထပ် ပြဿနာတစ်ခုခုနဲ့ ကြုံတွေ့နေရပြန်တာလား…။"
*သူ့ရဲ့ ကျင့်ကြံမှု ပျက်စီးသွားတာ သိပ်တောင်မကြာသေးဘူး၊ အခု ပြဿနာတွေနဲ့ ထပ်ရင်ဆိုင်နေရ ပြန်ပြီလား…။*
သူ ပြဿနာတွေနဲ့ ကြုံတွေ့ရတဲ့ အကြိမ်အရေအတွက်က သူ့ရဲ့ နာမည် 'ကျောက်ဖျင်အန်း' (ဘေးကင်း ချမ်းသာခြင်း) နဲ့ တကယ်ကို မလိုက်ဖက်ချေ။ ထယ်ကျူး နောက်ထပ် ပြဿနာတစ်ခုနှင့် ကြုံတွေ့နေရ သည်ဟု လင်းဖန် ခံစားရသော်လည်း သူ၏ လုံခြုံရေးအတွက်တော့ မစိုးရိမ်ပေ။
တစ်ဖက်တွင် အသိအမှတ်ပြု စာလိပ်နှင့် ထယ်ကျူးကြားရှိ ချိတ်ဆက်မှုမှာ တည်ရှိနေဆဲဖြစ်ရာ သူ အသက်ရှင်နေသေးကြောင်း သက်သေပြနေသည်။ အခြားတစ်ဖက်တွင် အချိန်မရွေး ဟင်းလင်းပြင် သန့်စင်ရာမြေထဲသို့ ဝင်ရောက်နိုင်သော ဟင်းလင်းပြင် တိုကင်ရှိနေသဖြင့် ထယ်ကျူးသည် အခြေ အနေကို အလွယ်တကူ ပြောင်းလဲနိုင်ပေသည်။
လွန်ခဲ့သော နာရီဝက်ခန့်က အချိန်သို့ ပြန်သွားကြည့်ကြပါစို့။
လင်းဖန် သန့်စင်ရာမြေထဲသို့ ဝင်ရောက်ပြီး များမကြာမီမှာပင်...လင်းဖန်၏ ဟင်းလင်းပြင်ဆိုင်သို့ ဖောက်သည်သုံးယောက် ရုတ်တရက် ရောက်လာခဲ့သည်။ အဖွဲ့ကို ဦးဆောင်လာသော လူငယ်မှာ ခမ်းနားသော ဝတ်စုံကို ဝတ်ဆင်ထားပြီး သာမန်လူမဟုတ်ကြောင်း ထင်ရှားစွာ ပြသနေသည်။
အခြားလူနှစ်ယောက်က သူ၏ဘေးတစ်ဖက်တစ်ချက်စီတွင် လိုက်ပါလာပြီး သူ၏ ကိုယ်ရံတော်များ အဖြစ် ဆောင်ရွက်နေကြောင်း သိသာပေသည်။ ဧည့်သည်ဝင်လာသည်ကို သတိပြုမိသည်နှင့် တစ်ပြိုင် နက် ထယ်ကျူးသည် နှုတ်ဆက်ရန် ချက်ချင်း ပြင်ဆင်လိုက်သည်။
"ဟင်းလင်းပြင်... ကို ကြိုဆိုပါတယ်…။"
ထယ်ကျူး စကားမဆုံးမီ ကိုယ်ရံတော်နှစ်ယောက်ထဲမှ တစ်ယောက်က ရုတ်တရက် တိုက်ခိုက် လာခဲ့ သည်။ တစ်ဖက်လူ၏ ရုပ်သွင်ကိုပင် သေချာမမြင်လိုက်ရဘဲ ထယ်ကျူး သတိလစ်သွားခဲ့၏။
ထယ်ကျူးကို သတိလစ်သွားအောင် လုပ်ပြီးနောက် ကိုယ်ရံတော်က လက်ဖဝါးအရွယ်အစားရှိသော ပိုက်ဆံအိတ်တစ်လုံးကို ထုတ်ယူလိုလေသည်။ သူ၏ လှုံ့ဆော်မှုကြောင့် ပိုက်ဆံအိတ်သည် ဟသွားပြီး ထယ်ကျူးကို အတွင်းသို့ သိမ်းယူလိုက်သည်။
ထို့နောက် လက်ဖဝါးအရွယ်အစားသို့ ပြန်လည် ကျုံ့ဝင်သွားတော့သည်။
ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက် သူတို့သုံးယောက်သည် ဟင်းလင်းပြင်ဆိုင်ထဲမှ စကား တစ်ခွန်းမျှ မဆိုဘဲ ကမန်းကတန်း ထွက်ခွာသွားကြလေတော့သည်။
များမကြာမီ ထိုအလျင်လိုနေသော လူသုံးယောက်သည် မြို့တော်၏ အတွင်းပိုင်းရှိ သုန်ယွဲ့နိုင်ငံ တော်ဝင်မိသားစု၏ နေအိမ်ဧရိယာသို့ ရောက်ရှိလာခဲ့သည်။ သူတို့သုံးယောက်သည် အလွန်ခမ်းနား ကြီးကျယ်သော အိမ်တော်တစ်ခုအတွင်းသို့ ဝင်ရောက်သွားကြလေသည်။
အိမ်တော်အတွင်းရှိ မည်သူမဆို အဖွဲ့ကို ဦးဆောင်လာသော လူငယ်ကို မြင်သည်နှင့် တစ်ပြိုင်နက် ရိုသေ စွာဖြင့် ချက်ချင်း အရိုအသေပေးကြသည်။ ဤလူငယ်သည် သုန်ယွဲ့နိုင်ငံ၏ တော်ဝင်မိသားစုတွင် အဆင့်အတန်း မြင့်မားသူတစ်ဦး ဖြစ်ရပေမည်။
သူတို့သုံးယောက်သည် လူသူကင်းမဲ့သော အိမ်လေးတစ်လုံးသို့ ရောက်ရှိလာခဲ့သည်။ ထယ်ကျူးကို သိမ်းဆည်းခဲ့သော ကိုယ်ရံတော်သည် သူ့ကို တိုက်ရိုက် ပြန်ထုတ်ပေးလိုက်သည်။ ထယ်ကျူးမှာ သတိ လစ်နေဆဲဖြစ်ပြီး အခန်းကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသည်။
"အရှင်မင်းသား... သူ့ကို ဘယ်လို စီစဉ်ရမလဲ…။"
ကိုယ်ရံတော်၏ မေးခွန်းကို ကြားပြီးနောက် သပ်ရပ်စွာ ဝတ်ဆင်ထားသော လူငယ်သည် ခဏမျှ စဉ်းစားလိုက်သည်။
"သူ့ကို ဒီမှာပဲ အရင် ပိတ်လှောင်ထားလိုက်။ ဆုံးဖြတ်ချက် မချခင် ငါ့ခမည်းတော်ဆီကနေ အရင်ဆုံး ခွင့်ပြုချက် သွားတောင်းလိုက်ဦးမယ်…။"
ထိုသို့ပြောပြီးနောက် လူငယ်သည် လှည့်ထွက်သွားလေသည်။
လူငယ်ပြောသည်ကို ကြားပြီးနောက် ကိုယ်ရံတော်တစ်ယောက်က တံခါးကိုပိတ်ကာ အစီအရင်တချို့ကို ချမှတ်လိုက်လေသည်။ ထို့နောက် တံခါးဝတွင် အစောင့်ချထားလိုက်၏။ အခြားကိုယ်ရံတော်မှာမူ လူငယ်နှင့်အတူ ထွက်ခွာသွားခဲ့လေသည်။
သိပ်မကြာမီမှာပင် သတိလစ်နေသော ထယ်ကျူးသည် မူးဝေစွာဖြင့် နိုးလာခဲ့သည်။ စိမ်းသက်နေသော ပတ်ဝန်းကျင်ကို မြင်သောအခါ ထယ်ကျူး မထိတ်လန့်ခဲ့ပေ။ အခန်း၏ အနေအထားကို အကဲခတ် ပြီးနောက် နောက်ထပ် တုံ့ဆိုင်းနေခြင်းမရှိဘဲ သူသည် ဟင်းလင်းပြင် တိုကင်ကို ထုတ်ယူလိုက်လေ တော့သည်။