အခန်း ၁၂၁
Vol. 13 Ch. 121
အခန်း (၁၂၁) ပိတ်ကြမ်းအိတ်။
"စီနီယာ.. ဒါတွေအကုန်လုံးက မင်းသားရဲ့ အမိန့်တွေပါ….။"
"ကျွန်တော်က အမိန့်ကို နာခံရုံရတဲ့သူသက်သက်ပါ။ ကျေးဇူးပြုပြီး ကျွန်တော့အသက်ကို ချမ်းသာပေး ပါ စီနီယာ…။"
တစ်ဖက်လူ၏ ဝန်ခံစကားကို ကြားသောအခါ လင်းဖန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ…၊ မင်းက ငါ့ကို လွှတ်ပေးပါလို့ မပြောခဲ့တာ ကံကောင်းသွားတယ်။ မဟုတ်ရင် မင်း ဒီကနေ ထွက်သွားနိုင်မှာ မဟုတ်ဘူး…။"
လင်းဖန်၏စကားကြောင့် ထိုကျင့်ကြံသူမှာ လုံးဝ ဇဝေဇဝါ ဖြစ်သွားရသည်။
*သူက စိတ်ထဲမှ တွေးလိုက်မိသည်။ အသက်ကို ချမ်းသာပေးတာနဲ့ လွှတ်ပေးတာ ဘာကွာလို့လဲ..။*
အကယ်၍သာ သူတွေးနေသည်ကို လင်းဖန် သိခဲ့လျှင် သေချာပေါက် ပြောပြမိမည် ဖြစ်သည်။ ကွာခြား ချက်က အလွန်ကြီးမားလှသည်။
လင်းဖန်ဆိုသည်မှာ မြင်းများကို လွတ်လပ်စွာ ပြေးလွှားခွင့်ပေးတတ်သူမျိုး မဟုတ်ပေ။ ထို့ကြောင့် မည်သူ့ကိုမျှ အလွတ်ပေးလိုက်မည် မဟုတ်ချေ။ သို့သော် လင်းဖန်က သူ့ကိုယ်သူ ကြင်နာတတ်သူ တစ်ယောက်ဟု မှတ်ယူထားသောကြောင့် တစ်စုံတစ်ယောက်၏ အသက်ကိုတော့ ချမ်းသာပေး နိုင်သည်ဟု ခံစားမိသည်။
"မင်းရဲ့မင်းသားဆိုတာက ဘယ်လို အဆင့်အတန်းမျိုးလဲ…။"
အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရသဖြင့် ထိုကျင့်ကြံသူသည် မည်သည့်အရာကိုမျှ ဖုံးကွယ်မထားဝံ့ဘဲ အမြန်ပင် အကုန်ဖွင့်ပြောလိုက်လေသည်။
"ကျွန်တော့ရဲ့မင်းသားက သုန်ယွဲ့အင်ပါယာ၊ ယွမ်မင်းသားရဲ့ သားတော် ကျောက်ရွှင်းပါ..."
သူ၏ ရှင်းပြချက်မှတစ်ဆင့် လင်းဖန်သည် တစ်ဖက်လူ၏ ကိုယ်ရေးရာဇဝင်ကို သိရှိသွားလေသည်။
ကံကောင်းသည်မှာ ၎င်းတို့သည် တော်ဝင်မိသားစုဝင်များ ဖြစ်ကြသော်လည်း သုန်ယွဲ့အင်ပါယာ နန်းတော်တွင် နေထိုင်ခြင်း မရှိပေ။
*အဲ့ဒီမှာ အတိဒုက္ခအဆင့် ကျင့်ကြံသူတွေ ဒါမှမဟုတ် တော်ဝင်မိသားစု နောက်ခံတွေ မရှိလောက်ဘူး မဟုတ်လား။*
"ပြန်သွားပြီး မင်းရဲ့သခင်ကို သွားပြောလိုက်။ နောက်သုံးရက်နေရင် ငါကိုယ်တိုင် ဖြေရှင်းချက်တောင်းဖို့ သူ့ဆီ လာခဲ့မယ်လို့…။"
"အကယ်လို့ ကျိုးကြောင်းဆီလျော်တဲ့ ရှင်းပြချက် မရဘူးဆိုရင် သူက သုန်ယွဲ့ တော်ဝင်မိသားစုက ဖြစ်နေပြီး သူ့နောက်ကွယ်မှာ အတိဒုက္ခအဆင့် ကျင့်ကြံသူ ရှိနေရင်တောင်မှ ငါ သူ့ကို အသက်ချမ်းသာ ပေးမှာ မဟုတ်ဘူး…။"
လင်းဖန်က အပြင်ပန်းတွင် သုံးရက်ဟု ပြောခဲ့သော်လည်း စိတ်ထဲတွင်တော့ တိတ်တဆိတ် ကြံစည် နေမိသည်။
*ဟီးဟီး.. နောက်တာပါ။ ငါ ဒီညပဲ သွားပြီး မင်းတို့ကို လုံးဝ အငိုက်ဖမ်းပစ်မယ်…။*
*ငါ့လူကို ပြန်ပေးဆွဲရဲတဲ့ ဘယ်သူ့ကိုမဆို ငါ ပြန်ပြီး ပြန်ပေးဆွဲပစ်မယ်…။*
လင်းဖန်က နဂိုကတည်းက ဤကိစ္စကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်လိမ့်မည်ဟု မျှော်လင့်ထားခဲ့သည်။ သို့သော်လည်း တစ်ဖက်လူက အလွန်မောက်မာကာ သူတို့၏ဆိုင်တံခါးဝသို့ပင် အလျင်အမြန်လာ ရောက် ရန်စနေခဲ့ကြခြင်ပင် ။ သူတို့ဘက်မှ ပြန်မချေပနိုင်ဘူးဆိုလျင် ယုတ္တိမတန်ရာ ကျပေလိမ့်မည်။
သေချာသည်က အရေးအကြီးဆုံးမှာ လင်းဖန်သည် တစ်ဖက်လူ နေထိုင်ရာနေရာက သူ၏အပေါ် ကြီးမားသော ခြိမ်းခြောက်မှုမျိုး မပေးနိုင်ကြောင်းကို သိရှိထားပြီး ဖြစ်သည်။
လင်းဖန်၏စကားကို ကြားသောအခါ ထိုကျင့်ကြံသူက အလျင်အမြန် ခေါင်းညိတ်ကာ ကျေးဇူးတင် စကားကို အလျင်အ ပြောလိုက်လေသည်။
"ကျွန်တော့အသက်ကို ချမ်းသာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ။ ကျွနတော် ဒီသတင်း စကားကို သေချာပေါက် ပါးလိုက်ပါ့မယ်…။။"
ထိုသို့ပြောပြီးနောက် ကျင့်ကြံသူက ထွက်သွားရန် လှည့်လိုက်သည်။ သို့သော် သူ ခြေလှမ်းလှမ်းလိုက် ချိန်မှာပင် လင်းဖန်၏အသံက ကျောဘက်မှ ထပ်ထွက်လာပြန်သည်။
"ခဏနေဦး…။"
လင်းဖန်၏စကားကို ကြားလိုက်ရသောအခါ သူသည် လန့်ဖြတ်သွားသော ငှက်တစ်ကောင်ပမာ အေးခဲ တောင့်တင်းသွားတော့သည်။
မြှောက်ထားသော ခြေထောက်ကိုပင် ဆက်မလှမ်းဝံ့တော့ဘဲ လေထဲတွင်သာ ရပ်တန့်ထားလိုက်ရသည်။
"မင်းရဲ့အဖော်ကိုပါ ခေါ်သွား။ မင်းတို့ကို ဒီမှာ အိပ်ခွင့်မပေးနိုင်ဘူး…။"
ထိုစကားကို ကြားမှသာ ကျင့်ကြံသူသည် သက်ပြင်းချနိုင်သွားသည်။
"နားလည်ပါပြီ ကျွန်တော် သူ့ကို အခုချက်ချင်း ခေါ်သွားပါ့မယ်…။"
ထိုသို့ပြောပြီးနောက် သူက ပိတ်ကြမ်းအိတ်တစ်လုံးကို ထုတ်ယူလိုက်ကာ မြေပြင်ပေါ်ရှိ သူ၏ 'အဖော်' ကို ကောက်ယူရန် ပြင်လိုက်သည်။ လက်ဝါးအရွယ်အစားခန့်သာရှိသော ထိုအိတ်ငယ်လေးကို မြင်လိုက် ရသဖြင့် လင်းဖန် အံ့သြသွားသည်။
*ဒါက သိုလှောင်အိတ်လား။ အခုခေတ် သိုလှောင်အိတ်တွေက လူတွေကိုပါ ထည့်လို့ရနေ ပြီလား…။*
သို့သော်လည်း ထိုအိတ်လေး ထွက်ပေါ်လာမှုက လင်းဖန်ကို သူ မေ့လုနီးပါးဖြစ်နေသော အရေးကြီးကိစ္စ တစ်ခုကို ရုတ်တရက် သတိရသွားစေသည်။
သူတို့ရဲ့ သိုလှောင်လက်စွပ်တွေကို သိမ်းယူဖို့ မေ့နေခဲ့တာပဲ။
"သူ့ရဲ့ သိုလှောင်လက်စွပ်နဲ့ မင်းရဲ့လက်စွပ်ကို ထားခဲ့…။"
"ဒီဟာတွေကို ငါ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုအတွက် လျော်ကြေးအဖြစ် သတ်မှတ်လိုက်မယ်…။"
ထိုကျင့်ကြံသူမှာ လင်းဖန်၏စကားကို မလွန်ဆန်ဝံ့ပေ။
ထိုသူက သိုလှောင်လက်စွပ် နှစ်ကွင်းကို ကောင်တာပေါ်သို့ အလျင်အမြန် တင်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူ၏ 'အဖော်' ကို အမြန်ဆုံး ထည့်ပိုးကာ ဤနေရာမှ ထွက်သွားရန် တွေးနေခဲ့ သည်။
"နေဦး မင်း ငါ့ကို လှည့်စားဖို့ ကြိုးစားနေတာလား။ အဲဒီ သိုလှောင်အိတ်ကိုပါ ထားခဲ့စမ်း…။"
လင်းဖန်၏စကားကို ကြားသောအခါ ကျင့်ကြံသူ၏ မျက်နှာက အခက်တွေ့သွားလေသည်။
"စီနီယာ.. ဒါက သိုလှောင်အိတ် မဟုတ်ပါဘူး။ လူတွေကို ထည့်ဖို့အတွက် သုံးတာပါ။ အထဲမှာ ဘာမှ မရှိပါဘူး ခင်ဗျာ…။"
လူများကို ထည့်သွင်းနိုင်သည်ဟု ကြားလိုက်ရသဖြင့် လင်းဖန် စိတ်ဝင်စားသွားသည်။
"ဘာလို့ အိတ်ထဲထည့်နေမှာလဲ..။ သူ့ကို ဒီအတိုင်းသာ ထမ်းသွားလိုက်။ အိတ်ကို ငါ့ဆီ ထားခဲ့..။"
သူ ဘာမှမလုပ်တတ်တော့သော်လည်း လင်းဖန်အား ပြန်လည်မချေပဝံ့ပေ။ သူက အိတ်ကို ကောင်တာ ပေါ် ချက်ချင်းတင်လိုက်ပြီးနောက် မြေပြင်ပေါ်မှ သူ၏ 'အဖော်' ကို ထမ်းကာ ထွက်သွားလေတော့ သည်။
သူ၏ 'အဖော်' ကို ဆိုင်ထဲမှ ထမ်းထုတ်လာပြီးနောက် ထိုကျင့်ကြံသူသည် သူ၏အသက် လွတ်မြောက် ရေးအတွက် အသည်းအသန် ထွက်ပြေးလေတော့သည်။
လူသူကင်းမဲ့ပြီး ခေါင်ဖျားသော နေရာတစ်ခုသို့ ရောက်ပြီးနောက်။ သူ ထမ်းလာခဲ့သော 'အဖော်' သည် မီးလုံးအဆောင်တစ်ခုတည်းဖြင့် ချက်ချင်းပင် ပြာကျသွားလေတော့သည်။
ထိုအချိန်တွင် ဟင်းလင်းပြင် ဆိုင်အတွင်း၌မူ လင်းဖန်က သူ၏ တိုက်ပွဲဝင်သိမ်းဆည်းရမိသော ပစ္စည်း များကို စတင်စစ်ဆေးနေလေသည်။
လူနှစ်ယောက်၏ သိုလှောင်လက်စွပ်များကို စစ်ဆေးပြီးနောက် လင်းဖန်က ပိတ်ကြမ်းအိတ်ပေါ်သို့ အာရုံရောက်သွားလေသည်။
"ဒီကမ္ဘာမှာ သိုလှောင်အိတ်တွေအပြင် လူတွေကိုထည့်တဲ့ သိုလှောင်အိတ်တွေပါ ရှိနေလိမ့်မယ်လို့ ငါ လုံးဝ ထင်မထားခဲ့ဘူး…။"
ဤသိုလှောင်အိတ်သည် အများဆုံး လူနှစ်ယောက် သုံးယောက်လောက်ပဲ ထည့်လို့ရနိုင်ခြင်းဖြစ်သည်။ သို့တိုင်အောင် လင်းဖန်အတွက်တော့ အတော်လေး အသုံးဝင်နေခဲ့သေးသည်။ သူတို့၏ ဟင်းလင်းပြင် သန့်စင်ရာမြေသည် သန့်စင်ရာမြေရှိ အဖွဲ့ဝင်များအား ၎င်းတို့၏ တိုကင်ပြားများဖြင့် လွတ်လပ်စွာ ဝင်ထွက်ခွင့် ပြုထားသော်လည်း။ အပြင်သို့ ထွက်ပြီးနောက် မူလနေရာသို့သာ ပြန်လည်ရောက်ရှိနိုင် ခြင်းက အားနည်းချက်တစ်ခု ဖြစ်နေခဲ့သည်။
ယင်းကြောင့် ကျုံးကျိုး မှ အဖွဲ့ဝင်များသည် ကျုံးကျိုးတွင်သာ ကန့်သတ်ခံထားရပြီး၊ အရှေ့ဘက်ဒေသမှ အဖွဲ့ဝင်များသည်လည်း အရှေ့ဘက်ဒေသတွင်သာ ကန့်သတ်ခံထားရသည်။ ကျောက်ချမှတ် လုပ်ဆောင် ချက်ဖြင့် လွတ်လပ်စွာ သွားလာနိုင်သော်လည်း အခြားအဖွဲ့ဝင်များကိုမူ မိမိနှင့်အတူ ခေါ်ဆောင်သွား၍ ယခုမူ ဤသိုလှောင်အိတ်ကို ရရှိလာပြီဖြစ်၍ အခြေအနေက ကွဲပြားသွားခဲ့ပြီဖြစ်၏။
*ငါ သိုလှောင် ရေးအိတ်ကို သုံးပြီး ကျုံးကျိုးထဲကို လူအချို့ အလွယ်တကူ ခေါ်သွားလို့ ရပြီ…။*
*အဲဒီနောက် ဟင်းလင်းပြင် သန့်စင်ရာမြေကနေတစ်ဆင့် ဒီမြို့တော်ကို ရောက်တဲ့အခါ သူတို့ကို ပြန်ထုတ်ပေးလိုက်လို့ရတယ်…။*
ဤနည်းဖြင့် ကျုံးကျိုးမှ အရှေ့ဘက်ဒေသ၏ မြို့တော်ဆီသို့ ချက်ချင်းဆိုသလို ပြောင်းရွှေ့နိုင်ပေလိမ့် မည်။
*ဒီလိုနည်းနဲ့ ကျုံးကျိုးက ငါ့ရဲ့တပည့်တွေကို အရှေ့ဘက်ဒေသမှာရှိတဲ့ ငါ့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို စီမံခန့်ခွဲဖို့ စီစဉ်ပေးလို့ရပြီ…။*
အရှေ့ဘက်ဒေသရှိ လူအင်အား မလုံလောက်မှု ပြဿနာသည်လည်း အလိုလို ဖြေရှင်းပြီးသား ဖြစ် သွားလေသည်။
*ဒီသိုလှောင်အိတ်ထဲက နေရာလွတ်က သေးလွန်းနေတာလေးကတော့ နှမြောစရာပဲ…။*
*ဟင်.. ငါ ဒါကို ပြန်ပြီး သန့်စင်လိုက်လို့ ရတာပဲ။ နေရာလွတ်ကို ပိုကျယ်သွားအောင် လုပ်နိုင်လောက် တယ်…။*
ထိုအတွေးဖြင့် လင်းဖန်သည် ဟင်းလင်းပြင် သန့်စင်ရာမြေအတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွား လေသည်။
လင်းဖန်က ထုတ်လုပ်ရေးအဖွဲ့ဆေးမီးဖိုကို ဟင်းလင်းပြင် သန့်စင်ရာမြေ အတွင်း၌ နေရာချလိုက်သည်။ သူတို့သည် ဆေးလုံးများ နှင့် မှော်ပစ္စည်းများကို သန့်စင်ရန်အတွက် သီးသန့်စက်ရုံတစ်ခုကိုပင် တည်ဆောက်ခဲ့ကြသေးသည်။
*ဒီစက်ရုံက ငါ ဆေးလုံးတွေနဲ့ မှော်ရတနာတွေကို အဆက်မပြတ် သန့်စင်ထုတ်လုပ်မယ့် နေရာ ဖြစ်လာလိမ့်မယ်…။*
*ပစ္စည်းတွေ ပို့ဆောင်ဖို့အတွက် ထုတ်လုပ်မှုလိုင်းက အလုပ်သမားတချို့ကို တာဝန်ပေးထားရမယ်..။*
ဆေးမီးဖိုပုံတူပွားများစွာဖြင့် ဤစက်ရုံသာ တရားဝင် စတင်လည်ပတ်သွားပါက ၎င်း၏ ထုတ်လုပ်မှု စွမ်းရည်မှာ အလွန်တရာ ကြောက်မခန်းလိမ့်မခန်း ဖြစ်လာမည်မှာ အသေအချာပင်။ ထုတ်လုပ်ရေးအဖွဲ့ ဆေးမီးဖိုဆီသို့ ရောက်သောအခါ လင်းဖန်က သိုလှောင်အိတ်ကို မီးဖိုအတွင်းသို့ တုံဆိုင်းမှုမရှိဘဲ ထည့်လိုက်လေတော့သည်။
သို့သော်လည်း အထောက်အကူပြု ပစ္စည်းများ ထည့်သွင်းရမည့် အချိန်ရောက်သောအခါ လင်းဖန်က ဘာထည့်ရမှန်းမသိ ဖြစ်သွားလေသည်။
*ဒီသိုလှောင်အိတ်ကို ဘာပစ္စည်းနဲ့ လုပ်ထားတာပါလိမ့်။ အထဲကို တစ်ခုခု ထည့်ပေးသင့်လား…။*
ခဏမျှ စဉ်းစားပြီးနောက် လင်းဖန်၌ ရုတ်တရက် အကြံဉာဏ်တစ်ခု ရသွားလေသည်။
*ဒီသိုလှောင်အိတ်နဲ့ ဟင်းလင်းပြင် သန့်စင်ရာမြေမှာ တူညီချက်တစ်ခု ရှိတယ်။ နှစ်ခုလုံးက သက်ရှိ လူတွေကို ထည့်သွင်းသိုလှောင်ထားနိုင်တာပဲ…။*
*ဟင်းလင်းပြင် တိုကင်ပြားကို ဟင်းလင်းပြင် သန့်စင်ရာမြေက ထုတ်လုပ်ထားတာဆိုတော့ ကုန်ကြမ်း ပစ္စည်းအနေနဲ့ သုံးလို့ရနိုင်လောက်တယ် မဟုတ်လား…။*
ထိုသို့တွေးမိသည်နှင့် လင်းဖန်သည် ဆက်လက်တုံဆိုင်းမနေတော့ဘဲ ဟင်းလင်းပြင် တိုကင်ပြားတစ်ခု ကို ထုတ်ယူကာ ဆေးမီးဖိုထဲသို့ တိုက်ရိုက် ပစ်ထည့်လိုက်လေတော့သည်။ စိတ်ဝိညာဉ်ကျောက်တုံး အချို့ကိုပါ ထည့်ပြီးနောက် သိုလှောင်အိတ်အား ပြန်လည်သန့်စင်ခြင်း လုပ်ငန်းစဉ် စတင်သွားခဲ့သည်။
ထိုသိုလှောင်အိတ်သည် အထူးပြုလုပ်ထားခြင်းကြောင့်လား သို့မဟုတ် အသုံးပြုထားသော ပစ္စည်း များက ထူးခြားနေ့ခြင်းကြောင့်လားတော့ မသိပေ။ ဤသန့်စင်ခြင်းလုပ်ငန်းစဉ်သည် အချိန်အတော်ကြာ ယူခဲ့ရလေသည်။
နာရီဝက်ခန့် စောင့်ဆိုင်းပြီးနောက် ထုတ်လုပ်ရေးအဖွဲ့ဆေးမီးဖိုက နောက်ဆုံးတွင် "ဒင်" ဟူသော အသံ မြည်လာခဲ့လေသည်။
သန့်စင်ခြင်း အောင်မြင်သွားကြောင်း မြင်လိုက်ရသဖြင့် လင်းဖန်သည် အသစ်စက်စက် သိုလှောင် အိတ်ကို အမြန်ထုတ်ယူလိုက်သည်။ ထိုအချိန်တွင် သိုလှောင်အိတ်သည် ပိတ်ကြမ်းရောင်စစ်စစ်ပင် ဖြစ်နေဆဲဖြစ်ကာ လက်ဝါးအရွယ်အစားခန့်သာ ရှိနေ သေးသည်။
အိတ်၏ လုပ်ဆောင်ချက်များကို နားလည်ချင်စိတ် ပြင်းပြနေသဖြင့် လင်းဖန်သည် စိတ်ဝိညာဉ်ကျောက် တုံးများ ဖြုန်းတီးမိမည်ကို ဂရုမစိုက်နိုင်တော့ပေ။
သူက အိတ်၏ အချက်အလက်များကို စစ်ဆေးရန် စနစ်၏ ထောက်လှမ်းခြင်း လုပ်ဆောင်ချက်ကို အသုံးပြုလိုက်သည်။
[ ပိတ်ကြမ်းအိတ် (မြည်းတံဆိပ်)- အထူးမှော်လက်နက် အမျိုးအစား။]
[မူလလုပ်ဆောင်ချက်- မိမိထက် ကျင့်ကြံမှုအဆင့်နိမ့်ပြီး ပြန်လည်ခုခံနိုင်စွမ်း မရှိသူများကို ဖမ်းယူနိုင် သည်။]
[တိုးတက်လာသော လုပ်ဆောင်ချက်- ပြန်လည်ခုခံရန် ရည်ရွယ်ချက် မရှိသော မည်သည့် သက်ရှိကိုမဆို သိမ်းဆည်းနိုင်သည်။ ]
၎င်းကို မြင်လိုက်ရသောအခါ လင်းဖန် အလွန်တရာ ဝမ်းသာသွားသည်။
ဤတိုးတက်လာသော လုပ်ဆောင်ချက်တွင် ကျင့်ကြံမှုအဆင့် ကန့်သတ်ချက်များ မရှိတော့သည့်အပြင် လူများကိုသာ ဖမ်းယူနိုင်သည်ဟူသော ကန့်သတ်ချက်များလည်း မရှိတော့ပေ။
အရေးကြီးဆုံးမှာ ခုခံနိုင်စွမ်းမရှိခြင်းဆိုသည့် အခြေအနေမှ ခုခံရန် တွေးတောခြင်းမရှိသူဟူသော အခြေအနေသို့ ပြောင်းလဲသွားခြင်းဖြစ်သည်။ စကားလုံးအနည်းငယ်မျှသာ ကွာခြားသော်လည်း ခြားနားချက်က ကြီးမားလှပေသည်။
ထိုမျှမကသေးပေ။ လင်းဖန် ဆက်ကြည့်လိုက်သောအခါ လုပ်ဆောင်ချက် အသစ်များကို အလိုလို တွေ့ရှိသွားလေတော့သည်။