အခန်း ၁၂၄
Vol. 13 Ch. 124
အခန်း (၁၂၄) ငါက လူပျိုစစ်စစ်ကြီးဟ
သို့သော် လင်းဖန် မေးခွန်းမမေးနိုင်ခင်မှာပင်...
မောက်မာလှသော ကျောက်ရွှင်းက နှာခေါင်းရှုံ့ကာ အေးစက်စက် အသံဖြင့် ပြောလိုက်သည်။
"ဟွန့်… မေးသာမေးစမ်းပါ၊ ငါသာ မင်းကို အမှန်အတိုင်း ဖြေခဲ့ရင် ငါ့အရှုံးလို့ပဲ သတ်မှတ်လိုက်မယ်…။"
တစ်ဖက်လူ၏ ပူးပေါင်းချင်စိတ်မရှိသော အမူအရာကို မြင်သော် လင်းဖန် စိတ်ပျက်သွားမိသည်။
"ဟူး... ဒီလိုပဲ ဖြစ်လာမယ်ဆိုတာ ငါ သိသားပဲ…။"
လင်းဖန်သည် သက်ပြင်းတစ်ချက်ချရင်း 'လျှပ်စီးငါးချက် မိုးကြိုးနှင်တံ' ကို ထုတ်ယူလိုက်သည်။ ကျောက်ရွှင်းကို ထိုနှင်တံဖြင့် ရိုက်ရန် ပြင်လိုက်စဉ် တစ်ခုခုကို ရုတ်တရက် သတိရသွားဟန်ဖြင့်-
"ဟေ့ ထဲကျူး... မင်းက ဒီကိစ္စမှာ တကယ့်နစ်နာသူပဲဥစ္စာ၊ မင်းကိုယ်တိုင်ပဲ သူ့ကို ဆုံးမလိုက်ပါလား…။"
ထိုသို့ပြောပြီးနောက် သူသည် မှော်လက်နက်ကို ထဲကျူးထံသို့ ကမ်းပေးလိုက်သည်။ ထဲကျူး၏ မျက်လုံးများ တောက်ပသွားပြီး စိတ်လှုပ်ရှားစွာဖြင့် မှော်လက်နက်ကို လက်ခံလိုက်သည်။
"ဟားဟား... ကျေးဇူးတင်ပါတယ် အရှင်၊ ကျွန်တော့်ကို သူ့ကို ကောင်းကောင်းလေး ပညာပေးခွင့်ပြုပါ …။"
ထို့နောက် သူသည် မိုးကြိုးနှင်တံကို ကျောက်ရွှင်းထံသို့ အရှိန်ပြင်းပြင်းဖြင့် လွှဲရိုက်လိုက်သည်။ လျှပ်စစ်စီးကြောင်းများ တဖြန်းဖြန်း နှင့်အတူ 'ဖြောင်း' ခနဲ မြည်သံ ထွက်ပေါ်လာသည်။ ရိုက်ချက်မိ သွားသော ကျောက်ရွှင်းမှာ တစ်ကိုယ်လုံး တုန်ခါသွားပြီး အဆက်မပြတ် အော်ဟစ်လေတော့သည်။
"အား... အား... အား... အား..."
ထဲကျူးမှာ ထိုမြင်ကွင်းကို ကြည့်ပြီး အားရပါးရ ရယ်မောလိုက်သည်။
"ဟားဟားဟား... အား... အား... သွားပြီ…။"
သူ၏ ရယ်သံမှာ ရုတ်တရက် ရပ်တန့်သွားပြီးနောက် အော်ဟစ်သံက အစားထိုးဝင်ရောက်လာသည်။ ထဲကျူး၏ ကျင့်ကြံမှုမှာ နိမ့်ပါးလွန်းသဖြင့် မိုးကြိုးဒဏ်ကို မခံနိုင်ပေ။ ထို့ကြောင့် မိုးကြိုးနှင်တံ၏ နိဒါန်း တွင် ပါရှိသော "အားပျော့သော လျှပ်စစ်စီးကြောင်း" ဆိုသည်မှာပင် သူ့အတွက်တော့ ထုံကျင်သွားစေ ရန် လုံလောက်လှသည်။
ဤအချိန်ရောက်မှသာ လင်းဖန်သည် အဘယ်ကြောင့် သူ့ကို ရိုက်ခိုင်းသည်ကို သူ နားလည်သွားတော့ သည်။ တစ်ဖန် ပြန်လည် အလှည့်စားခံလိုက်ရပြီဖြစ်သဖြင့် ထဲကျူး တစ်ယောက် စိတ်ထဲမှ နိဂုံးချုပ် လိုက်မိသည်။
*အရှင်နောက်ကို လိုက်ရင်တော့ သုံးရက်ဆက်တိုက် ကံဆိုးမိုးမှောင်ကျတာတွေနဲ့ပဲ တိုးနေတော့မှာပဲ*
ကံကောင်းထောက်မစွာဖြင့် လျှပ်စစ်ရှော့ခ်ဖြစ်မှုမှာ မြန်မြန်ဆန်ဆန်ပင် ပျောက်ကွယ်သွားသည်။ လျှပ်စစ်ဒဏ် ငြိမ်သွားသည်နှင့် လူနှစ်ဦး၏ အော်ဟစ်သံများလည်း စဲသွားတော့သည်။ ထဲကျူး၏ နာကြည်းနေသော အမူအရာကို လျစ်လျူရှုကာ လင်းဖန်က ကျောက်ရွှင်းကို တစ်ဖန် ပြန်မေးလိုက် သည်။
"မင်း အခုရော ပြောဖို့ အစီအစဉ် ရှိပြီလား….။"
သို့သော် လင်းဖန် အံ့ဩသွားရသည်မှာ ကျောက်ရွှင်းက ခေါင်းမာဆဲ ဖြစ်နေခြင်းပင်။
"ဟားဟား... ဒါပဲလား…။ ဒီလောက်လေးနဲ့ ငါ့ကို ခြောက်လို့ရမယ် ထင်နေလား ဆက်လုပ်စမ်းပါဦး…။"
လင်းဖန် အမိန့်မပေးရသေးခင်မှာပင် နာကြည်းနေသော ထဲကျူးက မောက်မာလှသော ကျောက်ရွှင်းကို ဆက်တိုက် ရိုက်နှက်လေတော့သည်။
"အား... "
နာကျင်စွာ အော်ဟစ်သံများမှာ တစ်ဖန် ပြန်လည် ထွက်ပေါ်လာပြန်သည်။ ကျောက်ရွှင်း၏ မျက်နှာကို ကြည့်ရသည်မှာ နာကျင်နေခြင်းထက် ထူးဆန်းသော ခံစားချက်တစ်ခုခုကို ရနေသကဲ့သို့ပင်...။
လင်းဖန် တစ်ယောက်တည်း ရေရွတ်လိုက်မိသည်။
'သုန်ယွဲ့က ကျောက်မိသားစုဝင်တွေ အကုန်လုံးမှာ ဒီလို ထူးထူးဆန်းဆန်း ဝါသနာတွေ ရှိနေကြတာ လား…။'
'ကျောက်မုန်းယာရဲ့ မိဘတွေလည်း ဒီလိုပဲ၊ အခု ကျောက်ရွှင်းကလည်း ဒီလိုပဲလား…။'
သို့သော် ထဲကျူး၏ မျက်နှာတွင်ပါ စိတ်လှုပ်ရှားနေသော အရိပ်အယောင်များ မြင်လိုက်ရသောအခါ လင်းဖန် တစ်ယောက် စိတ်မသက်မသာ ဖြစ်လာခဲ့သည်။
*ဘာတွေ ဖြစ်ကုန်တာလဲ….။ ထဲကျူးပါ ရောဂါကူးသွားတာလား….။*
ထိုသို့ တွေးမိသည်နှင့် လင်းဖန်သည် သူတို့နှစ်ဦးထံမှ ခပ်ဝေးဝေးသို့ ချက်ချင်း နောက်ဆုတ်လိုက်သည်။ လင်းဖန်၏ အမူအရာကို မြင်သော် သတိပြန်ဝင်လာသော ထဲကျူးက သိလိုစိတ်ဖြင့် မေးလိုက်သည်။
"ဘာ... ဘာဖြစ်လို့လဲ အရှင်…။"
"အာ... ဘာမှမဖြစ်ပါဘူး၊ မင်းရဲ့ စွမ်းဆောင်ရည်ကို အနှောင့်အယှက် ဖြစ်မှာစိုးလို့ပါ…။"
ထိုသို့ပြောပြီးနောက် လင်းဖန်က နောက်ထပ် ခြေလှမ်းအနည်းငယ် ထပ်ဆုတ်လိုက်ပြန်သည်။ ထဲကျူး မှာ လင်းဖန်၏ စကားကို မသင်္ကာသော်လည်း ဆက်လက်၍ နှင်တံကို လွှဲရိုက်နေတော့သည်။
နားထဲတွင် အသံဗလံများ ကြားနေရစဉ် လင်းဖန်က ကျောက်ရွှင်းကို မည်သို့ ပြောလာအောင် လုပ်ရ မည်လဲဟု စဉ်းစားနေခဲ့သည်။
*ဟူး... ငါက အရမ်း ကြင်နာတတ်တဲ့သူဆိုတော့ ရက်စက်တဲ့ နှိပ်စက်နည်းတွေကို မစဉ်းစားတတ်ဘူး ဖြစ်နေတယ်…။*
*မထိရောက်လှတဲ့ နည်းလမ်းလေးတွေပဲ စမ်းကြည့်ရတော့မှာပေါ့၊ ဘာဖြစ်လာမလဲ ကြည့်ကြတာပေါ့… *
အဖြေတစ်ခု ရလာပြီးနောက် လင်းဖန်က ထဲကျူး၏ လုပ်ရပ်ကို တားလိုက်လေသည်။
"ထဲကျူး... မင်း သွားပြီး ဝက်တစ်ကောင်လောက် ဖမ်းခဲ့စမ်း၊ ခွေးဆိုလည်း ရတယ်။ ဘာမှမရှိရင်လည်း ကြုံရာ သတ္တဝါတစ်ကောင်ကောင်ပဲ ဖြစ်ဖြစ် ဖမ်းခဲ့…။"
လင်းဖန်၏ အမိန့်ကို ကြားသော် ထဲကျူး ကြောင်သွားသည်။
"အရှင်... ဝက်ကို ဘာလုပ်ဖို့လဲဗျ…။"
လင်းဖန်က တိုက်ရိုက်ပင် ရှင်းပြလိုက်သည်။
"ငါ့မှာ ကာမအားတိုးဆေး တစ်ပုလင်း ရှိတယ်။ ဖော်စပ်ပြီးကတည်းက အာနိသင် မစမ်းရသေးဘူး။ ဒီနေ့ အားနေတာနဲ့ စမ်းသပ်ကြည့်ရအောင်လို့…။"
လင်းဖန်က အဘယ်ကြောင့် ရုတ်တရက် ဆေးစမ်းချင်ရသလဲဆိုသည်ကို သူတို့ နားမလည်ကြ သော်လည်း ထဲကျူးကတော့ လင်းဖန် ခိုင်းသည်ကို အရင်လုပ်ရန် ပြင်လိုက်သည်။
"ဟုတ်ကဲ့ အရှင်... ဒါဆို ကျားတစ်ကောင်၊ မတစ်ကောင်၊ နှစ်ကောင် ဖမ်းခဲ့ရမလား…။"
လင်းဖန်က ခေါင်းခါရင်း ပြောလိုက်သည်။
"နှစ်ကောင် မလိုဘူး၊ တစ်ကောင်ဆို ရပြီ။ ဒီမှာ အသင့်သုံးဖို့ စမ်းသပ်ခံပစ္စည်း ရှိနေတာပဲ မဟုတ် ဘူးလား…။"
ထိုစကားကို ကြားသော် ထဲကျူး၏ မျက်လုံးများ အံ့ဩလွန်း၍ ပြူးထွက်သွားသည်။ ဘေးတွင် ရှိနေ သော ကျောက်ရွှင်းမှာလည်း အလွန်အမင်း ကြောက်လန့်သွားသဖြင့် စကားပင် မပြောနိုင်တော့ပေ။ ထဲကျူးက တုန်တုန်ရင်ရင်ဖြင့် ပြန်မေးလိုက်သည်။
"ဟုတ်... ဟုတ်ကဲ့ပါ အရှင်၊ ကျွန်တော် အခုပဲ ဝက်မကြီးတစ်ကောင် သွားရှာလိုက်ပါ့မယ်…။"
သို့သော် ထဲကျူး မထွက်ခွာမီ လင်းဖန်က ထပ်ပြောလိုက်သည်။
"ကျား၊ မ ခွဲခြားနေဖို့ မလိုပါဘူး ဝက်အထီးဆိုရင်လည်း အဆင်ပြေပါတယ်….။"
ထိုစကားကြောင့် ထဲကျူးမှာ ကြက်သေသေသွားပြီး ကျောက်ရွှင်းမှာမူ သူတို့၏ စကားဝိုင်းကို နားထောင်ရင်း သတိပြန်ဝင်လာခဲ့သည်။ သူသည် တုန်လှုပ်ချောက်ချားစွာဖြင့် အလျင်အမြန် ပြောလေ တော့သည်။
"ငါ... ငါပြောမယ်… အကုန်ပြောပြပါ့မယ်…။"
တစ်ဖက်လူက အလျင်အမြန် ပူးပေါင်းလာသည်ကို မြင်သော် လင်းဖန်က ဝက်ဖမ်းရန် ပြင်နေသော ထဲကျူးကို တားလိုက်သည်။ ထို့နောက် သူတို့ သုံးဦးမှာ တစ်ဦးကိုတစ်ဦး ကြောင်တောင်တောင်ဖြင့် ကြည့်နေမိကြသည်။ တိတ်ဆိတ်မှု အတန်ကြာပြီးနောက် လင်းဖန်က စိတ်မရှည်စွာဖြင့် ပြောလိုက် သည်။
"ဘာတွေ ကြောင်ကြည့်နေတာလဲ…။ ပြောလေ… ဒါမှမဟုတ် ဆေးအာနိသင်ကို စမ်းကြည့်ချင်လို့လား။"
လင်းဖန်၏ စကားကြောင့် ကျောက်ရွှင်းမှာ တစ်ချက် မှင်တက်သွားပြီး-
"ဘာ... ဘာကို ပြောရမှာလဲ…။ မင်းမှ မမေးသေးတာ…။"
ထိုစကားကြောင့် လင်းဖန် ဇဝေဇဝါ ဖြစ်သွားပြီး ထဲကျူးကို လှည့်ကြည့်လိုက်သည်။
"အော်... ငါ မမေးရသေးဘူးလား… ငါ မေးပြီးပြီ ထင်လို့….။"
ထဲကျူးက ခဏမျှ စဉ်းစားပြီး ပြန်ဖြေသည်။
"အရှင်... မမေးရသေးဘူး ထင်တယ်…။"
ထဲကျူး၏ စကားကြောင့် လင်းဖန် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။
"မင်းကလည်း ဘာလို့ ငါ့ကို သတိမပေးတာလဲ။ ငါက ဒီမှာ အကြာကြီး ရပ်စောင့်နေတာ၊ အချိန်တွေ ကုန်တာပေါ့…။"
ရုတ်တရက် အပြစ်တင်ခံလိုက်ရသဖြင့် ထဲကျူးက ဝမ်းနည်းပက်လက်ဖြင့် ပြန်ပြောသည်။
"ကျွန်တော်က အရှင် မေးခွန်းကို စဉ်းစားနေတယ် ထင်လို့ပါ၊ ဘယ်သူက သိမှာလဲ...။"
ထဲကျူးကို အပြစ်တင်၍ မရမှန်း သိလိုက်သဖြင့် လင်းဖန်က ကျောက်ရွှင်းဘက်သို့ လှည့်လိုက်သည်။
"ဒါ မင်းအမှားပဲ။ ငါ မေးခွန်းမေးမလို့ ပြင်နေတုန်း မင်းက နှာခေါင်းရှုံ့ပြီး ကြားဖြတ်ပြောလို့ မေးခွန်း ပျောက်သွားတာ…။"
ဘယ်သူ့အမှားလဲဆိုသည်ကို ဆုံးဖြတ်ပြီးနောက် လင်းဖန်က မေးခွန်းစမေးတော့သည်။
"ပြောစမ်း... အင်း... ဘာပြောရမှာလဲ…။"
"အော်... သိပြီ၊ မင်းက ဘာဖြစ်လို့ ထဲကျူးကို ပြန်ပေးဆွဲရတာလဲ…။"
ထိုမေးခွန်းကို ကြားသော် ကျောက်ရွှင်း တုံ့ဆိုင်းသွားသည်။ သို့သော် ဝက်မကြီး (သို့မဟုတ်) ဝက်ထီး ကြီး၏ ခြိမ်းခြောက်မှုအောက်တွင် သူသည် အမှန်အတိုင်း ပြောရန် ဆုံးဖြတ်လိုက်တော့သည်။
"ငါနဲ့ သူက သွေးသားတော်စပ်တယ်လို့ ပြောရင် မင်း ယုံမလား…။"
ထိုစကားကြောင့် လင်းဖန်မှာ ထဲကျူးကို အံ့ဩတကြီး ကြည့်လိုက်မိသည်။ ထဲကျူးမှာလည်း အလွန် အမင်း ထိတ်လန့်သွားပုံရလေသည်။
"အရှင်... ကျွန်တော်... ကျွန်တော်က လူပျိုစစ်စစ်ကြီးပါ။ ကျွန်တော် ဘယ်မိန်းကလေးနဲ့မှ မအိပ်ဖူး ပါဘူး…။"
ထဲကျူး၏ စကားကြောင့် လင်းဖန် စကားပင် ဆက်မပြောနိုင်တော့ပေ။
*မင်းက ဘာတွေ လျှောက်ပြော နေတာလဲ…။ သွေးသားတော်စပ်တယ်ဆိုဦးတော့၊ မင်းတို့ အသက် တွေကို ကြည့်ဦး၊ သူက မင်းထက် အရင် လူ့လောကထဲ ရောက်နေတာလေ…*
ဘေးတွင် ရှိနေသော ကျောက်ရွှင်းမှာလည်း ထဲကျူး၏ စကားကြောင့် အတော်ပင် စိတ်ပျက်သွား ပုံရသည်။
"မင်းနဲ့ သူနဲ့က..."
ကျောက်ရွှင်းသည် ဆဲရေးရန် ပြင်လိုက်သော်လည်း သူ၏ အခြေအနေနှင့် သွေးသားတော်စပ်မှုကို ငဲ့ကွက်ကာ အချိန်မီ ထိန်းလိုက်သည်။ ၎င်းကို မြင်သော် လင်းဖန်က အခြေအနေကို ထိန်းညှိရန် ဝင်ပြောလိုက်သည်။
"ကဲ... ဆက်ပြောပါဦး၊ မင်းတို့က ဘယ်လို သွေးသားတော်စပ်တာလဲ…။"
လင်းဖန်၏ မေးခွန်းကို ကြားပြီးနောက် ကျောက်ရွှင်းက ထဲကျူးကို အေးစက်စက် တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
"ငါသာ မမှားဘူးဆိုရင်... သူ့အဖေကို ငါက 'ဒုတိယဦးလေး' လို့ ခေါ်ရမှာပဲ…။"
ထိုစကားကို ကြားသော် ထဲကျူးက သံသယဖြင့် ရေရွတ်လိုက်သည်။
"ဟေ... "
သို့သော် ကျောက်ရွှင်းက ထိုအသံကို သူ့အား လှောင်ပြောင်နေသည်ဟု ထင်မှတ်သွားသည်။ 'ဒုတိယ ဦးလေး' ဟု ခေါ်သည်ကို လက်ခံသည့်ဟန်ဖြင့် ထူးလိုက်သည်ဟု သူ ယူဆလိုက်ခြင်းပင်။ ထိုကဲ့သို့ အကြိမ်ကြိမ် အလှောင်ခံရခြင်းကို သူ မည်သို့ သည်းခံနိုင်မည်နည်း။ သူ၏ လက်ရှိ အခြေအနေကိုပင် မေ့လျော့သွားကာ ထဲကျူးထံသို့ ချက်ချင်း ပြေးဝင်သွားတော့သည်။