← Chapters

အခန်း ၁၂၉

Vol. 13 Ch. 129

အခန်း ၁၂၉

Vol. 13 Ch. 129

အခန်း (၁၂၉) ညီမလေး လဲ့ယန်၊ အရေးကြီးတယ်။ အမြန်လာခဲ့…

ကျောက်စုန်းအန်း စကားပြောနေစဉ် သူ၏မျက်လုံးများက ဘေးရှိ ထဲကျူးထံသို့ ရောက်သွားသည်။ ထဲကျူးသည် အစပိုင်းကဲ့သို့ မိမိကို ပြန်လည် မချေပတော့သည်ကို မြင်သောအခါ သူသည် စိတ်ထဲမှ ကျေနပ်သွားမိသည်။ ဤသည်က ကောင်းသော လက္ခဏာပင်၊ ထဲကျူးသည် အစကကဲ့သို့ အငြိုး အတေး မကြီးတော့ကြောင်း သက်သေပြနေခြင်းပင်မဟုတ်ပါလား။

ကျောက်စုန်းအန်း၏ ခန့်မှန်းချက်မှာ မှန်ကန်သည်ဟု ဆိုရပေလိမ့်မည်။ ခေတ္တမျှ စိတ်အေးသွားပြီး နောက် ထဲကျူး၏ စိတ်ထဲမှ နာကျည်းမှုများမှာ အတော်ပင် လျော့ပါးသွားခဲ့ပြီ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူသည် မိဘမဲ့အဖြစ် အချိန်အတော်ကြာ နေထိုင်ခဲ့ရသည်မှာ သူတို့ကို အပြစ်တင်၍ မရပေ။ အားကိုးမရသော အဖေတစ်ယောက် ရှိနေခြင်းကသာ အဓိက အကြောင်းရင်း ဖြစ်သည်။ သူ၏အဖေ သည် ကိုယ်တိုင်ပင် ဘဝကို ဖြုန်းတီးပစ်ခဲ့သူ ဖြစ်ရာ ထဲကျူးအနေဖြင့် မည်သူ့ကို အပြစ်တင်ရပါမည် နည်း။

ခေတ္တမျှ စကားပြောဆိုပြီးနောက် ကျောက်စုန်းအန်းနှင့် သူ၏အဖော်တို့သည် နှုတ်ဆက်၍ ထွက်ခွာ သွားကြလေသည်။ လင်းဖန်သည်လည်း သူတို့ကို ဇွတ်မဆွဲထားတော့ဘဲ နောက်တစ်ကြိမ် ပိတ်ကြမ်း အိတ်ထဲ ထည့်ကာ အပြင်သို့ ပို့ဆောင်ပေးလိုက်လေတော့သည်။

လူများကို ပို့ဆောင်ပြီးနောက် လင်းဖန်သည် ထဲကျူးအား ဆိုင်ကို ဆက်စောင့်ခိုင်းထားခဲ့ပြီး သူကိုယ် ​တိုင်မှာမူ သန့်စင်ရာမြေအတွင်းသို့ ပြန်ဝင်ခဲ့လေသည်။ ကျောက်စုန်းအန်း ပေးခဲ့သော သိုလှောင် လက်စွပ်ကြီးမှာ သူ့ကို စောင့်ကြိုနေသည် မဟုတ်ပါလား။

သူတို့ပေးလိုက်သော လက်ဆောင်မှာ အတော်ပင် များပြားလှသည်။ သူ၏ ကျင့်ကြံမှုကို ပေါင်းစည်းခြင်း အဆင့်အထိ တိုက်ရိုက် မြှင့်တင်ရန် လုံလောက်ရုံတင်မကဘဲ ပိုလျှံနေသေးသည်ပင်။

"အသုံးမကျတဲ့ကောင်... ငါ့အကောင့်ထဲကို ပေါင်းစည်းခြင်းအဆင့်အထိ ငွေဖြည့်ပေးစမ်း…။"

[အလတ်စား စိတ်ဝိညာဉ်ကျောက်တုံး (၂) သန်း ဖြည့်သွင်းပြီးပါပြီ၊ ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် အလယ်အလတ်သို့ မြှင့်တင်လိုက်ပါပြီ။]

[အလတ်စား စိတ်ဝိညာဉ်ကျောက်တုံး (၃) သန်း ဖြည့်သွင်းပြီးပါပြီ၊ ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် နှောင်းပိုင်းသို့ မြှင့်တင်လိုက်ပါပြီ။]

[အလတ်စား စိတ်ဝိညာဉ်ကျောက်တုံး (၄) သန်း ဖြည့်သွင်းပြီးပါပြီ၊ ပေါင်းစည်းခြင်းအဆင့် အစော ပိုင်းသို့ တက်လှမ်းသွားပါပြီ။]

[ဂုဏ်ယူပါတယ် ပိုင်ရှင်၊ ပိုင်ရှင်ဟာ ပေါင်းစည်းခြင်းအဆင့်သို့ ရောက်ရှိသွားပြီဖြစ်လို့ လုပ်ဆောင်ချက် အသစ်တွေကို ဖွင့်ပေးလိုက်ပါပြီ။]

"ဟော... မမျှော်လင့်ဘဲ နောက်ထပ် အံ့ဩစရာတစ်ခု ရပြန်ပြီပေါ့…။"

လင်းဖန် စနစ်ကို စစ်ဆေးကြည့်လိုက်သောအခါ လုပ်ဆောင်ချက်အသစ် ထပ်တိုးလာသော ပစ္စည်း နှစ်ခုမှာ 'ထုတ်လုပ်ရေးအဖွဲ့ဆေးမီးဖို' နှင့် 'ဟင်းလင်းပြင်သားရဲတဲ' တို့ ဖြစ်နေပြန်သည်။ သူသည် ချက်ချင်းပင် တစ်ယောက်တည်း ရေရွတ်လိုက်မိသည်။

"ဘာဖြစ်တာလဲ..။ ခရမ်းရွှေနတ်နဂါးထီး၊ သုံးခြေထောက်ရွှေကျီးစက်ဘီးနဲ့ ကမ္ဘာပေါင်းများစွာ ရတနာ သေတ္တာတွေကတော့ ဘာသံမှ မကြားရပါလား…။"

သို့သော် လင်းဖန် အံ့ဩသွားရသည်မှာ စနစ်က သူ၏ ရေရွတ်သံကို အမှန်တကယ် ပြန်ဖြေလိုက် ခြင်းပင်။

[ပိုင်ရှင်... လုပ်ဆောင်ချက်အသစ်တွေ ထွက်ပေါ်လာတာဟာ အဓိကအားဖြင့် ပိုင်ရှင်ရဲ့ အသုံးပြုမှုနှုန်း အပေါ် မူတည်ပါတယ်။]

[ဆေးမီးဖိုနဲ့ တဲကို ဒီအတောအတွင်း အသုံးအများဆုံး ဖြစ်ခဲ့တာမို့ သူတို့က သဘာဝအတိုင်း ပိုမြန်မြန် အဆင့်တက်လာတာပါ။]

[ဒါကြောင့် နောက်နောင်ကျရင် တခြားပစ္စည်း သုံးခုကိုလည်း များများ သုံးပေးပါဦး။]

ထိုစကားကို ကြားသော် လင်းဖန် ဆွံ့အသွားရသည်။ အမှန်တော့ သူသည် ကျန်ရှိသော ရတနာသုံးခုကို သုံးရန် သိပ်မလိုအပ်သေးပေ။ သို့သော် စနစ်က ထိုသို့ ပြောလာသည် ဖြစ်သဖြင့် နောင်တွင် ပို၍ သုံးပေး ရပေလိမ့်မည်။ ထိုရတနာ သုံးခုကလည်း သူ့ကို တစ်စုံတစ်ရာသော မှော်အစွမ်းများ ပေးနိုင်ကောင်း ပေးနိုင်လိမ့်မည် မဟုတ်ပါလား။

ထိုအတွေးကို ခေတ္တ ဘေးဖယ်ထားပြီးနောက် လင်းဖန်သည် ဟင်းလင်းပြင်တဲ၏ လုပ်ဆောင်ချက် အသစ်ကို စတင်စစ်ဆေးလိုက်သည်။

[ဟင်းလင်းပြင်တံခါး : သန့်စင်ရာမြေနှင့် ပြင်ပကမ္ဘာကို ဆက်သွယ်ထားသော တံခါးတစ်ခု။]

ဟင်းလင်းပြင်တံခါး၏ စွမ်းရည်မိတ်ဆက်ကို ဖတ်ပြီးနောက် လင်းဖန် ဇဝေဇဝါ ဖြစ်သွားသည်။

"ဒီလုပ်ဆောင်ချက်က ဘာအသုံးကျမှာလဲ။ ဒါကို 'ဟင်းလင်းပြင်တိုကင်' နဲ့လည်း လုပ်လို့ရတာပဲ မဟုတ်လား။၊ အဲ့ဒါက ပိုတောင် အဆင်ပြေသေးတယ်…။"

လင်းဖန်၏ ရေရွတ်သံကို ကြားသော် စနစ်က နောက်တစ်ကြိမ် ရှင်းပြလာခဲ့သည်။

[သူတို့က မတူပါဘူး၊ ဟင်းလင်းပြင်တံခါးကို 'ဟင်းလင်းပြင်တံဆိပ်' နဲ့ 'ကျောက်ချမှတ်' တို့ ပေါင်းစပ် ထားတဲ့ လုပ်ဆောင်ချက်လို့ မြင်လို့ရပါတယ်။]

[ဥပမာ - ပိုင်ရှင်က မြို့တော်ထဲက ဆိုင်ထဲမှာ ဟင်းလင်းပြင်တံခါးတစ်ခု တပ်ဆင်ထားလိုက်ရင် သန့်စင်ရာမြေထဲက လူတွေဟာ ဒီတံခါးကတစ်ဆင့် ဆိုင်ထဲကို ဝင်လာနိုင်မှာပါ။]

စနစ်၏ ရှင်းပြချက်ကို ကြားမှ လင်းဖန်သည် ဟင်းလင်းပြင်တံခါး၏ အသုံးဝင်ပုံကို နားလည်သွားတော့ သည်။ သို့သော် သူသည် တစ်ခုခုကို ချက်ချင်း သတိပြုမိသွားပြန်သည်။

"နေဦး... အဲ့ဒါကို ပိတ်ကြမ်းအိတ်နဲ့လည်း လုပ်လို့ရတာပဲ မဟုတ်လား…။"

[အဲ...]

သိသိသာသာပင် စနစ်မှာလည်း ထိုအချက်ကို သတိပြုမိသွားပုံရသည်။ လင်းဖန်သည် ဤအစွမ်းကို ရရှိထားပြီးသား ဖြစ်သည်။ ဤရှုထောင့်မှ ကြည့်လျှင်တော့ ဤလုပ်ဆောင်ချက်မှာ တကယ်ပင် ပိုက်ဆံ ဖြုန်းရာ ရောက်နေသည်ပင်။

ဤလုပ်ဆောင်ချက်၏ အသုံးဝင်ပုံကို သက်သေပြရန်အတွက် ဖြစ်ဟန်တူသည်၊ ခဏမျှ တိတ်ဆိတ် သွားပြီးနောက် စနစ်က ဆက်ပြောလာသည်။

[ပိုင်ရှင်... ဒါက မတူပါဘူး။ ဒီလုပ်ဆောင်ချက်ရှိရင် သန့်စင်ရာမြေထဲက လူတွေဟာ ပိုင်ရှင် လိုက်ပို့ ပေးစရာ မလိုတော့ဘဲ သူတို့ဘာသာ သွားလာနိုင်မှာပါ။]

[ဒါ့အပြင် နောင်တစ်ချိန်မှာ သန့်စင်ရာမြေထဲက လူတစ်ယောက်ယောက်ဟာ ထဲကျူးလိုမျိုး အန္တရာယ်နဲ့ ကြုံလာခဲ့ရင် သူတို့ဟာ သန့်စင်ရာမြေထဲမှာ ခိုလှုံပြီးတာနဲ့ မူလတည်နေရာကို ပြန်ရောက်သွားမှာ အတွက် စိတ်ပူစရာ မလိုတော့ပါဘူး။]

စနစ်၏ ဇွတ်ဖန်တီးထားသော လုပ်ဆောင်ချက်အပေါ် လင်းဖန်က ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။

"အဲ့လိုဆိုရင်တော့ တစ်ခုခုတော့ အသုံးဝင်မှာပေါ့…။"

ထို့နောက် လင်းဖန်သည် ဆေးမီးဖို၏ အသစ်တိုးလာသော လုပ်ဆောင်ချက်ကို ဆက်လက် ကြည့်ရှု လိုက်သည်။

[ပြောင်းလဲခြင်းလုပ်ဆောင်ချက် : စိတ်ဝိညာဉ်ကျောက်တုံးများကို ဆေးမီးဖိုထဲသို့ တိုက်ရိုက် ထည့်သွင်း ပြီး ဆေးသန့်စင်ရန် သို့မဟုတ် လက်နက်သန့်စင်ရန် လိုအပ်သော ကုန်ကြမ်းပစ္စည်းများအဖြစ် ပြောင်းလဲနိုင်သည်။]

ဆေးမီးဖိုတွင် တိုးလာသော လုပ်ဆောင်ချက်အသစ်ကို စဉ်းစားလေလေ လင်းဖန် တစ်ခုခု မှားနေ သည်ဟု ခံစားရလေလေပင်။

"ငတုံးစနစ်... ဒီလုပ်ဆောင်ချက်က နည်းနည်း ထူးဆန်းနေတယ်လို့ ငါ ခံစားရတယ်…။"

[ထူးဆန်းလို့လား..။ ဒါက အရမ်း အဆင်ပြေတဲ့ လုပ်ဆောင်ချက် မဟုတ်ဘူးလား။ ပိုင်ရှင်အနေနဲ့ ကုန်ကြမ်းတွေ လိုက်စုနေရတာ၊ ဝယ်နေရတာတွေ သက်သာသွားတာပေါ့။]

*တစ်ခုခုတော့ မဟုတ်တော့ဘူး၊ တစ်ခုခု အကြီးအကျယ် မှားနေပြီ…။*

"မင်းက ဒီလုပ်ဆောင်ချက်ကို သုံးပြီး မင်းရဲ့ စီးပွားရေးကို ချဲ့ထွင်နေတာလို့ ငါ အပြင်းအထန် သံသယ ဖြစ်မိတယ်။ အပြင်ပန်းကြည့်ရင်တော့ ကျောက်တုံးတွေကို သုံးပြီး ဆေးဖက်ဝင်အပင်တွေအဖြစ် ပြောင်းလဲတာပေါ့…။"

"တကယ်တမ်းကျတော့ ဒီဆေးမီးဖိုက ငွေရှင်းကောင်တာပဲ၊ ငါထည့်လိုက်တဲ့ ကျောက်တုံးတွေက မင်းဆီကနေ ကုန်ကြမ်းဝယ်လိုက်တဲ့ ပိုက်ဆံတွေ မဟုတ်လား…။"

[ပိုင်ရှင်ရယ်... အသေးစိတ်တွေကို ဂရုမစိုက်ပါနဲ့၊ အဆင်ပြေလား၊ မပြေဘူးလား ဆိုတာပဲ ပြောပါ။]

စနစ်၏ စကားကို ကြားရသောအခါ လင်းဖန်၏ ခန့်မှန်းချက်မှာ မှန်ကန်ကြောင်း သိလိုက်ရသည်။ ဤစနစ်သည် သူ့ဆီကနေ စီးပွားရေး ရှာရန် တကယ်ပင် တတ်နိုင်လှသည်။

*ဘာလို့ သူတို့က ဒီလိုမျိုးတွေ အမြဲ လုပ်နေကြရတာလဲ…*

သို့သော် စနစ် ပြောသည်မှာလည်း မမှားပေ၊ ၎င်းက သူ့အတွက် အရာရာကို ပို၍ အဆင်ပြေစေသည်မှာ အမှန်ပင်။

"ကောင်းပြီ... ဒီတစ်ခါတော့ ငါ အပြစ်မတင်တော့ပါဘူး…။"

[ပိုင်ရှင်က တကယ်ကို ရက်ရောတာပဲ။]

သူသည် စနစ်၏ မြှောက်ပင့်စကားကို လျစ်လျူရှုလိုက်သည်။ အခု လုပ်ဆောင်ချက်တွေကို စစ်ဆေး ပြီးပြီ ဖြစ်သဖြင့် အလုပ်စရန် အချိန်တန်ပြီ။ သန့်စင်ရာမြေရှိ အဖွဲ့ဝင်များ၏ ပါရမီကို မြှင့်တင်ပေးရန် စီစဉ်ထားသော 'ပြန်လည်ရှင်သန်ခြင်း ဆေးလုံး' များကို မဖော်စပ်ရသေးပေ။ အကြောင်းမှာ လွန်ခဲ့သော ရက်ပိုင်းက လီယွမ်ဖေးတို့အဖွဲ့သည် ကုန်ကြမ်းများစွာ မစုဆောင်းနိုင်ခဲ့သောကြောင့် ဖြစ်သည်။

ထို့ကြောင့် ပါရမီမြှင့်တင်ရေး အစီအစဉ်ကို အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ရသည်။ ယခုအခါ ဆေးမီးဖိုတွင် ပြောင်းလဲခြင်းလုပ်ဆောင်ချက် ရှိလာပြီ ဖြစ်သဖြင့် လင်းဖန် ထပ်မံ မစောင့်ဆိုင်းချင်တော့ပေ။

ဟင်းလင်းပြင် သန့်စင်ရာမြေ၏ ထုတ်လုပ်ရေး အဆောက်အအုံအတွင်းသို့ ဝင်ပြီးနောက် လင်းဖန်သည် ဆေးဖော်စပ်ခြင်းကို စတင်လိုက်သည်။ သူသည် ပြန်လည်ရှင်သန်ခြင်း ဆေးလုံး တစ်သုတ်ကို ဖော်စပ် ပြီးစီးသည့် အချိန်တွင်မူ ညနေပင် စောင်းနေပြီ ဖြစ်သည်။

"ဟားဟား... ဒီဆေးလုံး တစ်သုတ်နဲ့ဆိုရင် ဟင်းလင်းပြင် သန့်စင်ရာမြေမှာ နောင်ကျရင် ကျင့်ကြံခြင်း ပါရမီရှင်တွေ အများကြီး ရှိလာတော့မှာပဲ…။"

"ဒါပေမဲ့ ဒီဆေးလုံးရဲ့ ဘေးထွက်ဆိုးကျိုးက နည်းနည်း..."

"ကျင့်ကြံသူ အမျိုးသားတွေကတော့ ကိစ္စမရှိပေမဲ့ အမျိုးသမီးတွေကတော့ ခဏတဖြုတ် ထိပ်ပြောင် သွားမှာကို လက်ခံနိုင်ဖို့ ခက်လိမ့်မယ် ထင်တယ်…။"

လင်းဖန်သည် သန့်စင်ရာမြေရှိ အမျိုးသမီး ကျင့်ကြံသူများကို စဉ်းစားလိုက်သောအခါ ပထမဆုံး မြင်ယောင်လာသူမှာ လီလဲ့ယန် ပင် ဖြစ်သည်။ တစ်ဖက်လူ၏ ကိုယ်ပေါ်ရှိ အမွှေးအမျှင်များ အားလုံး ပျောက်ကွယ်သွားမည့် အဖြစ်ကို တွေးမိသည်နှင့် လင်းဖန် တစ်ကိုယ်လုံး တုန်လှုပ်သွားမိသည်။

"မဖြစ်ဘူး... မဖြစ်ဘူး၊ ညီမလေး လဲ့ယန်ကိုတော့ ထိပ်ပြောင်ခွင့် မပေးနိုင်ဘူး…။"

သို့သော် ထိုသို့ ပြောသော်လည်း လင်းဖန်သည် လီလဲ့ယန်ကို ဘေးထွက်ဆိုးကျိုးအကြောင်း ကြိုတင် အသိပေးရန် ဆုံးဖြတ်လိုက်သည်။ သူမကိုယ်တိုင် ပြန်လည်ရှင်သန်ခြင်း ဆေးလုံးကို သောက်၊ မသောက် ဆုံးဖြတ်ပါစေ။ ကျန်ရှိသော သန့်စင်ရာမြေ အဖွဲ့ဝင်များကိုတော့ ဆေးသောက်ပြီးမှသာ ပြောပြတော့ မည်ဖြစ်သည်။

ထိုအတွေးနှင့်အတူ လင်းဖန်သည် လီလဲ့ယန်ထံသို့ သတင်းပို့ကာ သူမကို လာတွေ့ရန် ခေါ်လိုက်သည်။

"ညီမလေး လဲ့ယန်... အရေးကြီးတယ်၊ အမြန်လာခဲ့ပါဦး…။"

သတင်းရသည်နှင့် လီလဲ့ယန်သည် လင်းဖန်နှင့် ချိန်းဆိုထားသော အခန်းသို့ မကြာမီပင် ရောက်ရှိလာ ခဲ့လေသည်။

"စီနီယာအစ်ကို လင်း... ဘာတွေ အဲ့လောက်တောင် အရေးကြီးနေလို့လဲ ….။"

လီလဲ့ယန်၏ လှပလှသော ဆံနွယ်ရှည်ကြီးကို ကြည့်ရင်း သူမ ထိပ်ပြောင်သွားမည့် ပုံရိပ်ကို လင်းဖန် စိတ်ကူးကြည့်၍ မရပေ။

"ညီမလေး လဲ့ယန်... ငါ့မှာ သတင်းကောင်းတစ်ခုနဲ့ သတင်းဆိုးတစ်ခု ရှိတယ်။ မင်း ဘယ်ဟာကို အရင် ကြားချင်လဲ…။"

လီလဲ့ယန်က ဇဝေဇဝါဖြင့် မေးလိုက်သည်။

"သတင်းကောင်းကို အရင် ပြောပြပါဦး …။"

သတင်းကောင်း ဖြစ်သဖြင့် လင်းဖန်၏ မျက်နှာတွင် အပြုံးများ ဝေနေသည်။

"ဟားဟား... သတင်းကောင်းကတော့ ပါရမီကို မြှင့်တင်ပေးနိုင်တဲ့ ပြန်လည်ရှင်သန်ခြင်း ဆေးလုံးကို ငါ ဖော်စပ်ပြီးပြီ ဆိုတာပဲ…။"

လင်းဖန်၏ စကားအဆုံးတွင် လီလဲ့ယန်က သတင်းဆိုးမှာ ဘာဖြစ်မည်ကို ချက်ချင်း ခန့်မှန်းမိသွားသည်။ လင်းဖန်၏ ဆေးဖော်စပ်မှုအကြောင်း သူမ သိထားသည်မှာ ဤသတင်းဆိုးသည် ဆေး၏ ဘေးထွက်ဆိုး ကျိုးကြောင့်သာ ဖြစ်ရပေမည်။

"စီနီယာအစ်ကို လင်း... ဒီဆေးရဲ့ ဘေးထွက်ဆိုးကျိုးက ဘာများလဲ…"

လီလဲ့ယန်က ဘေးထွက်ဆိုးကျိုးကို ခန့်မှန်းမိသွားသည်ကို မြင်သော် လင်းဖန် မအံ့ဩတော့ပေ။

"အင်း... ညီမလေးက တကယ်ကို ထက်မြက်တာပဲ။ ဒီဆေးရဲ့ ဘေးထွက်ဆိုးကျိုးကတော့ မင်းရဲ့ တစ်ကိုယ်လုံးက အမွှေးအမျှင်တွေ အကုန်လုံး အသစ်ပြန်ပေါက်လာမှာပဲ….။"

All Chapters