← Chapters

အခန်း ၁၃၀

Vol. 13 Ch. 130

အခန်း ၁၃၀

Vol. 13 Ch. 130

အခန်း (၁၃၀) ကာမအားတိုးဆေးလုံး အလုံး (၅၀) လား။ ငါတို့တော့ သွားပြီ…

ဤဘေးထွက်ဆိုးကျိုးအကြောင်းကို ကြားလိုက်ရသောအခါ လီလဲ့ယန်သည် သူမ၏ ဆံနွယ်များကို ကာကွယ်ရန် အလိုလိုပင် လက်နှစ်ဖက်ဖြင့် ခေါင်းကို အုပ်လိုက်မိသည်။

"စီနီယာအစ်ကို လင်း... ကျွန်မကတော့ ကျွန်မရဲ့ ကျင့်ကြံခြင်း ပါရမီကို တော်တော်လေး ကျေနပ်နေပါပြီ ရှင့်။ တခြားလူတွေကိုပဲ ပါရမီမြှင့်တင်ဖို့ အခွင့်အရေး ပေးလိုက်ပါတော့…။"

လီလဲ့ယန်၏ ငြင်းဆိုမှုအပေါ် လင်းဖန် လုံးဝ မအံ့ဩပေ။ ထိုစဉ် လင်းဖန်သည် လီလဲ့ယန်ကို ထိပ်ပြောင် ရမည့် ဒုက္ခမှ ကယ်တင်နိုင်မည့် နည်းလမ်းတစ်ခုကို ရုတ်တရက် တွေးမိသွားသည်။

"ညီမလေး လဲ့ယန်... ငါ့မှာ အကြံတစ်ခု ရှိတယ်။ ငါ မင်းအတွက် ဆံပင်တုတစ်ခု လုပ်ပေးမယ်၊ အဲ့ဒါဆို ရင် ဆံပင်တွေ ပြန်မပေါက်ခင်အထိ အဲ့ဒါနဲ့ ဖုံးထားလို့ ရတာပေါ့…။"

လင်းဖန်၏ အကြံမှာ အတော်ပင် ကောင်းမွန်လှသော်လည်း လီလဲ့ယန်ကတော့ စိတ်ထဲတွင် ဝေခွဲမရ ဖြစ်နေဆဲပင်။ ဤအချိန်တွင် သူမ၏ စိတ်ထဲ၌ တိုက်ပွဲတစ်ခု ပြင်းထန်စွာ ဖြစ်ပွားနေတော့သည်။

*ငါသာ ထိပ်ပြောင်သွားရင် စီနီယာအစ်ကို လင်းအပေါ် ငါ့ရဲ့ အထင်ကြီးစရာ ပုံရိပ်တွေ ပျက်ကုန်မှာပေါ့*

*ဒါပေမဲ့ ငါ့ရဲ့ ပါရမီကို မမြှင့်တင်ဘူးဆိုရင် စီနီယာအစ်ကို လင်းရဲ့ ကျင့်ကြံမှုအဆင့်ကို မှီဖို့က အဝေးကြီး လိုနေဦးမှာပဲ…*

ဤအချိန်တွင် လီလဲ့ယန်သည် လင်းဖန်၏ ကျင့်ကြံမှုမှာ ပေါင်းစည်းခြင်းအဆင့် သို့ ရောက်ရှိနေပြီဖြစ် ကြောင်း မသိရှာသေချေ။ သူမအနေဖြင့် ပါရမီကို မည်မျှပင် မြှင့်တင်ပါစေဦးတော့၊ စနစ်ပိုင်ရှင်ဖြစ် သော ဤ 'လူချမ်းသာ ကျင့်ကြံသူ' ကိုတော့ မည်သို့မျှ မှီနိုင်မည် မဟုတ်ပေ။

ပြင်းထန်သော စိတ်ကူးတိုက်ပွဲအပြီးတွင် လီလဲ့ယန် နောက်ဆုံး ဆုံးဖြတ်ချက် ချလိုက်သည်။

"စီနီယာအစ်ကို လင်း... ကျွန်မ ဆုံးဖြတ်လိုက်ပါပြီ ရှင့်။ ကျွန်မရဲ့ ပါရမီ တိုးတက်လာမယ်ဆိုရင်တော့ ကျွန်မရဲ့ ဂူဗိမာန်ထဲမှာပဲ အောင်းနေပြီး အပြင်မထွက်တော့ဘူးပေါ့…။"

လီလဲ့ယန်၏ အတွေးမှာ တကယ်ပင် ကောင်းမွန်လှသည်ဟု ဆိုရပေမည်။ တစ်ဖက်လူက ရုတ်တရက် သဘောပေါက်သွားသည်ကို မြင်သဖြင့် လင်းဖန်လည်း အတော်ပင် ဝမ်းသာသွားသည်။ သူသည်လည်း မိမိ၏ ညီမလေး လဲ့ယန်ကို နောင်တစ်ချိန် ကျင့်ကြံခြင်းလမ်းစဉ်တွင် ပိုမိုမြင့်မားသော အဆင့်သို့ ရောက်စေချင်သည် မဟုတ်ပါလား။ ပါရမီမြှင့်တင်ပေးခြင်းမှာ သူမကို ကူညီရန် အကောင်းဆုံးသော နည်းလမ်းပင် ဖြစ်သည်။

"ညီမလေး လဲ့ယန် သဘောပေါက်သွားတာ ကောင်းတာပေါ့…။"

"ကဲ... မင်းဘာသာ မင်း ကြိုက်တဲ့ ဆေးပုလင်းကို တစ်လုံး ရွေးလိုက်တော့။ ဒီပုလင်းတွေထဲမှာ ဆေး တွေ အကုန်ရှိတယ်…။"

ပြောရင်းနှင့် လင်းဖန်သည် စနစ်သိုလှောင်ခန်းထဲမှ ပြန်လည်ရှင်သန်ခြင်း ဆေးလုံး ပုလင်းအားလုံးကို ထုတ်လိုက်သည်။ လင်းဖန် သတိမထားမိလိုက်သည်မှာ သူ၏ ခေတ္တမျှ ပေါ့ဆမှုကြောင့် အခြားသော ဆေးပုလင်းတစ်လုံးမှာ ဤပြန်လည်ရှင်သန်ခြင်း ဆေးပုလင်းများကြားထဲတွင် ရောပါသွားခြင်းပင်။

စားပွဲပေါ်ရှိ ဆေးပုလင်း အလုံးပေါင်း ဒါဇင်ဝက်ခန့်ကို ကြည့်ရင်း လီလဲ့ယန်က တစ်လုံးကို အရင် ကောက်ကိုင်လိုက်သည်။

"စီနီယာအစ်ကို လင်း... ဒီဆေးတွေက အရည်အသွေး မတူလို့လား …။ ဘာလို့ ရွေးခိုင်းရတာလဲ…။"

ထိုစကားကြောင့် လင်းဖန်က ပြုံးရင်း ပြန်ဖြေသည်။

"ဟားဟား... အရည်အသွေးကတော့ အတူတူပါပဲ၊ ဒါပေမဲ့ ပါရမီ ဘယ်လောက်အထိ တက်လာမလဲ ဆိုတာ ကတော့ ကိုယ့်ရဲ့ ကံတရားအပေါ်မှာပဲ မူတည်လိမ့်မယ်။ အဲ့ဒါကြောင့် ညီမလေးနဲ့ ရေစက်ပါတဲ့ ဆေးလုံးကို ကိုယ့်ဘာသာကို ရွေးခိုင်းလိုက်တာပေါ့…။"

လီလဲ့ယန်က "အော်..." ဟု ရေရွတ်ကာ ဆေးပုလင်းများကို တစ်လုံးချင်း စမ်းကြည့်နေသည်။ သူမ နောက်ထပ် ဆေးပုလင်းတစ်လုံးကို ကောက်ကိုင်လိုက်စဉ်မှာပင် ယခင်ကိုင်ခဲ့သော ပုလင်းများနှင့် မတူဘဲ ထူးခြားနေသည်ကို သတိပြုမိသွားသည်။

"ဟင်... ဒီပုလင်းက အရင်ပုလင်းတွေထက် ပိုလေးသလိုပဲ။ ဒါက ကျွန်မနဲ့ ရေစက်ပါတဲ့ ပုလင်းများလား မသိဘူး…။"

လီလဲ့ယန်၏ စကားကြောင့် လင်းဖန်သည် သူမလက်ထဲမှ ပုလင်းကို ဇဝေဇဝါဖြင့် လှမ်းကြည့်လိုက် သည်။

"အလေးချိန် မတူဘူး ဟုတ်လား…။ မဖြစ်နိုင်တာ၊ ပုလင်းတိုင်းမှာ ဆေးအလုံး (၂၀) စီပဲ ပါတာလေ…။"

သို့သော် လင်းဖန်သည် လီလဲ့ယန် လက်ထဲမှ ဆေးပုလင်းကို မြင်လိုက်ရသည့် ခဏမှာပင် အကုန်လုံးကို နားလည်သွားတော့သည်။

*သွားပြီ… ဒါ ငါ အရင်က ဖော်စပ်ထားတဲ့ ကာမအားတိုးဆေးပုလင်း မဟုတ်လား…။*

အလေးချိန် မတူသည်မှာလည်း မဆန်းပေ၊ ၎င်းထဲတွင် ကာမအားတိုးဆေးလုံး အလုံး (၅၀) တိတိ ပါဝင်နေသည် မဟုတ်ပါလား။

"အဲ... ညီမလေး လဲ့ယန်၊ အဲ့ဒီပုလင်းက ပြန်လည်ရှင်သန်ခြင်း ဆေးလုံး မဟုတ်ဘူး။ ငါ အမှတ်မထင် မှားယူမိသွားတာ…။"

လီလဲ့ယန်က နားမလည်ဟန်ဖြင့် မေးလိုက်သည်။

"ပြန်လည်ရှင်သန်ခြင်း ဆေးလုံး မဟုတ်ဘူး ဟုတ်လား…။ ဒါဆို ဒါက ဘာဆေးလဲ။ အနံ့လေးကလည်း တော်တော် မွှေးတာပဲ…။"

လင်းဖန် စကားပြောနေစဉ်မှာပင် လီလဲ့ယန်သည် ဆေးပုလင်းကို ဖွင့်ကာ အနံ့ကို စတင် ရှူရှိုက်နေပြီ ဖြစ်သည်။ လီလဲ့ယန်ကို အန္တရာယ်မှ ကာကွယ်ရန်အတွက် လင်းဖန်သည် ဆေး၏ အမည်ကို တိုက်ရိုက် ပင် အော်ပြောလိုက်တော့သည်။

"ညီမလေး လဲ့ယန်... အနံ့မရှူနဲ့…။ အဲ့ဒါ ကာမအားတိုးဆေးတွေ အဆိပ်မိသွားဦးမယ် သတိထား…။"

သို့သော် လင်းဖန်၏ အော်ပြောလိုက်သော စကားကြောင့် လီလဲ့ယန်မှာ ပို၍ပင် လန့်သွားတော့သည်။

"ဟင်..."

လီလဲ့ယန်သည် ဆေး၏အမည်ကို ကြားလိုက်ရသည်နှင့်တပြိုင်နက် လန့်ဖြန့်သွားကာ လက်တုန်သွား သဖြင့် ဆေးပုလင်းမှာ သူမ၏ လက်ထဲမှ လွတ်ကျသွားလေတော့သည်။

"ဂလောက်... ခွမ်း…"

ဆေးပုလင်းမှာ ကြမ်းပြင်ပေါ်သို့ ကျကာ ကွဲအက်သွားတော့သည်။ ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲသွားသော ဆေးလုံးများကို ကြည့်ရင်း လီလဲ့ယန်က အားနာစွာဖြင့် ပြောရှာလေသည်။

"တောင်းပန်ပါတယ် စီနီယာအစ်ကို လင်း... ကျွန်မ လန့်သွားလို့ သေချာမကိုင်ထားမိလိုက်ဘူး….။"

ပြောပြောဆိုဆိုဖြင့် လီလဲ့ယန်သည် ကြမ်းပြင်ပေါ်မှ ဆေးလုံးများကို ကောက်ရန် ပြင်လိုက်လေသည်။ သို့သော် လင်းဖန်မှာမူ လှုပ်ပင်မလှုပ်နိုင်ဘဲ ထိတ်လန့်နေသော မျက်နှာဖြင့်သာ ရှိနေသည်။

အကြောင်းမှာ သူသည် တစ်ခုခုကို ရုတ်တရက် သတိရသွားသောကြောင့် ဖြစ်သည်။ ဤကာမအားတိုး ဆေးလုံးသည် 'အဆိပ်ငွေ့ဆေးလုံး' ကဲ့သို့ပင် သောက်ရန် မဟုတ်ဘဲ တိုက်ခိုက်ရန်အတွက် ပစ်ပေါက်ရ သည့် ဆေးလုံးမျိုးပင် ဖြစ်လေသည်။

ယခု ဤဆေးလုံးများ ကြမ်းပြင်ပေါ်သို့ ကျသွားပြီ ဖြစ်ရာ ၎င်းတို့ကို အသုံးပြုလိုက်သည်ဟု စနစ်က သတ်မှတ်လိုက်မည်လား….။

ပုံမှန်ဆိုလျှင် ဆေးလုံးများကို အသုံးပြုရန် စိတ်ဝိညာဉ်စွမ်းအားဖြင့် နှိုးဆွပေးရမည် ဖြစ်သော်လည်း လီလဲ့ယန်က ထိုသို့ မလုပ်ခဲ့ပေ။ သို့သော် ဤဟင်းလင်းပြင် သန့်စင်ရာမြေရှိ 'ခန္ဓာကိုယ်ထဲသို့ အတင်း တိုးဝင်နေသော' စွမ်းအားကြီးလှသည့် စိတ်ဝိညာဉ်စွမ်းအားများသည် ဆေးလုံးထဲသို့ အလိုအလျောက် တိုးဝင်သွားနိုင်သည် မဟုတ်ပါလား။

"ညီမလေး လဲ့ယန်... မလှုပ်နဲ့…။ ငါနဲ့အတူ အခန်းထဲကနေ အမြန်ထွက်ရအောင်…။"

လင်းဖန်သည် အခြေအနေ၏ စိုးရိမ်ရမှုကို သတိပြုမိပြီး စကားပြောလိုက်သည့် အချိန်မှာ ခဏလေးသာ ရှိသေးသော်လည်း...

နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ လီလဲ့ယန်က ဆေးလုံးများကို ကောက်ရန် ဆောင့်ကြောင့်ထိုင်လိုက်သည့် အချိန်မှာပင်...

ကြမ်းပြင်ပေါ်ရှိ ကာမအားတိုးဆေးလုံး အလုံး (၅၀) သည် ရုတ်တရက် ပေါက်ကွဲသွားလေတော့သည်။ ခဏလေးအတွင်းမှာပင် စိတ်ဝိညာဉ်စွမ်းအားများသည် ဆေးလုံးထဲသို့ ဝင်သွားပြီး ၎င်း၏ အာနိသင်ကို နှိုးဆွပေးလိုက်ခြင်းပင်။

အားလုံး သိကြသည့်အတိုင်း လင်းဖန်၏ ဆေးလုံးများသည် အလွန်ပင် အာနိသင် ပြင်းထန်လှသည်။ ယခု ဤအခန်းကျဉ်းလေးထဲတွင် အလုံး (၅၀) တိတိ တစ်ပြိုင်နက်တည်း ပေါက်ကွဲသွားခြင်း ဖြစ်ရာ... ၎င်း၏ အကျိုးသက်ရောက်မှုမှာ ပြောနေစရာပင် မလိုတော့ပေ။

ဆေးလုံးနှင့် အနီးဆုံးရှိနေသော လီလဲ့ယန်မှာ ပထမဆုံး ထိခိုက်သူ ဖြစ်သွားသည်။ သူမသည် ဆေး၏ အာနိသင်ကို မခုခံနိုင်တော့ဘဲ ထူးဆန်းသော အမူအရာများ စတင် ပြုမူလာတော့သည်။

လင်းဖန်သည်လည်း မသက်သာလှပေ၊ ခဏချင်းမှာပင် သူ၏ စိတ်အာရုံများ ဝေဝါးလာခဲ့သည်။ အကယ် ၍ သူသာ သူ၏ ပြင်းထန်လှသော စိတ်ဝိညာဉ် ခွန်အားဖြင့် စိတ်ခံစားမှုကို မထိန်းချုပ်ထားနိုင်ပါက သူသည်လည်း လီလဲ့ယန်ကဲ့သို့ ခဏချင်းမှာပင် စိတ်လွတ်သွားပေလိမ့်မည်။

ထိုအချိန်တွင် စနစ်၏ သတိပေးသံမှာ အချိန်ကိုက်ပင် ထွက်ပေါ်လာသည်။

[ပိုင်ရှင်... အဆိပ်ဖြေဆေးကို အမြန်သောက်ပါ၊ ပိုင်ရှင် ဒီဆေးရဲ့ အာနိသင်ကို မခုခံနိုင်တော့ပါဘူး။]

စနစ်၏ သတိပေးချက်ကို ကြားသော် လင်းဖန်သည် သူ၏ နောက်ဆုံးကျန်ရှိနေသော သတိလေးဖြင့် ဆေးလုံးတစ်လုံးကို လှမ်းယူလိုက်သည်။ သို့သော် သူ၏ သတိထဲတွင် အဆိပ်ဖြေဆေး၏ ဘေးထွက် ဆိုးကျိုးကို ရုတ်တရက် သတိရသွားပြန်သည်။

(ဤဆေး၏ ဘေးထွက်ဆိုးကျိုးမှာ ခန္ဓာကိုယ် အရွယ်အစား ပြန်လည် သေးငယ်သွားခြင်း/ ကလေးဘဝ ပြန်ရောက်သွားခြင်း ဖြစ်သည်)။

"မဖြစ်ဘူး... ငါ အဆိပ်ဖြေဆေးရဲ့ ဘေးထွက်ဆိုးကျိုးကို မခံစားချင်ဘူး…။"

"ဒါ့အပြင် ဒါက ကာမအားတိုးဆေးလုံး အလုံး (၅၀) တောင်ကွ။ ဆေးအာနိသင် ပြေဖို့အတွက် အဆိပ် ဖြေဆေး ဘယ်နှစ်လုံးတောင် သောက်ရမှာလဲ…။"

*အဆိပ်ဖြေဆေး တစ်လုံးတည်းရဲ့ ဘေးထွက်ဆိုးကျိုးတောင် ဒီလောက် ကြောက်စရာကောင်းတာ၊ အများကြီး သောက်ရရင်တော့ ငါ့ဘဝ သွားပြီပေါ့...။*

ထိုသို့ တွေးမိသည်နှင့် လင်းဖန် တုန်ခါသွားကာ ဆက်ပြီးပင် မစဉ်းစားရဲတော့ပေ။

[ဒါပေမဲ့ ပိုင်ရှင်သာ အဆိပ်ဖြေဆေး မသောက်ရင် ဒီနေ့ ပိုင်ရှင်ရဲ့ လူပျိုစစ်စစ် ဘဝကြီး ဆုံးရှုံးသွားလိမ့် မယ်နော်။]

စနစ်က မည်သို့ပင် ဖျောင်းဖျစေကာမူ လင်းဖန်ကတော့ ခိုင်ခိုင်မာမာ ငြင်းဆိုလိုက်သည်။

"ဟက်... ငါကတော့ ကလေး ပြန်ဖြစ်ရတာထက် လူပျိုစစ်စစ် ဘဝကို ဆုံးရှုံးရတာက ပိုကောင်းတယ်လို့ ထင်တယ်။ ကလေးနဲ့ လူကြီး၊ ငါကတော့ ဒုတိယတစ်ခုကိုပဲ ရွေးမှာပဲ…။"

ပြောရင်းနှင့် လင်းဖန်သည် အဆိပ်ဖြေဆေးကို ထုတ်ကာ လီလဲ့ယန်ကို တိုက်ရန် ပြင်လိုက်သည်။ သူ၏ ကိစ္စကိုတော့ သူဘာသာ သူ အဆင်ပြေအောင် ဖြေရှင်းနိုင်သော်လည်း လီလဲ့ယန်ကိုတော့ အဆိပ်ဖြေ ဆေး တိုက်ရပေလိမ့်မည်။

သို့သော် လင်းဖန်သည် လီလဲ့ယန်ကို ဆေးတိုက်ရန် ပြင်လိုက်သည့် ခဏမှာပင်...

သတိလွတ်နေပြီဖြစ်သော လီလဲ့ယန်သည် သူမဘေးနားရှိ လင်းဖန်၏ တည်ရှိမှုကို ခံစားမိသွားပြီး နောက် ရုတ်တရက် လင်းဖန်ကို အတင်းအကျပ် ဖက်တွယ်လိုက်တော့သည်။

"ဟာ... သွားပြီ…။ မဟုတ်ဘူး... မဟုတ်ဘူး လာမနောက်နဲ့ဦးလေ…။"

သိထားရမည်မှာ လင်းဖန်သည်လည်း ဤအချိန်တွင် ဆေး၏ အာနိသင်ကို ခံစားနေရခြင်း ဖြစ်သည်။ သူသည် သူ၏ စိတ်ဝိညာဉ်ခွန်အားဖြင့်သာ ဆေးရှိန်ကို ခေတ္တ ထိန်းထားနိုင်ခြင်း ဖြစ်သည်။ သို့သော် လီလဲ့ယန်၏ ရုတ်တရက် ပွေ့ဖက်လိုက်မှုကြောင့် သူ၏ နောက်ဆုံးကျန်ရှိနေသော စိတ်ဝိညာဉ်ခွန်အား လေးမှာလည်း ခဏချင်းမှာပင် ပျောက်ကွယ်သွားတော့သည်။

[ဟိုက်... သွားပါပြီ… ဒါကတော့ တကယ့်ကို ဒုက္ခပါပဲ။]

All Chapters